အခန်း (၂၁-၂၂)
Vol. 3 Ch. 21-22
အပိုင်း (၂၁) - မွေးရာပါ နတ်ဘုရားခွန်အား
"မင်းတို့ထဲက တစ်ယောက်ယောက်က နောက်ထပ်တစ်ခွန်း ထပ်ပြောရဲရင် အကုန်လုံးကို သတ်ပစ်မယ်"
ထိုလူသန်ကြီးသည် မျက်လုံးများ နီမြန်းလျက် ထောင်စောင့်များဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ အကြည့်ထဲမှ လူသတ်ငွေ့အရှိန်အဝါမှာ ပြင်းထန်လှသည်။
သူ ထိုမျှ ဒေါသထွက်နေသည်ကို မြင်သောအခါ ထောင်စောင့်များမှာ ခြေထောက်များပင် မခိုင်တော့ပေ။
"အဘိုးကြီးဟွမ် ငါ့ဘာသာငါ ဝင်လာတာပါ သူတို့နဲ့ ဘာမှမဆိုင်ဘူး"
ဖန့်ချန် က ပြုံးလျက် သူ့ကို စိတ်အေးအောင် ဖျောင်းဖျလိုက်သည်။
သူ၏ ထိုလက်အောက်ငယ်သားဟောင်းမှာ လွန်ခဲ့သော ငါးနှစ်ကအတိုင်းပင် ဘာမှမပြောင်းလဲသေးပေ။
ထောင်ထဲတွင် နေခဲ့ရသော နှစ်များမှာ သူသည် ဝိတ်မကျသွားဘဲ ယခင်ကထက်ပင် ကြွက်သားများ ပိုမို ထွားကျိုင်းလာပုံရသည်။
သူသည် ဟွမ်စီဟိုင် ဖြစ်သည် သူသည် သိုင်းပညာကို တစ်ခါမျှပင် မလေ့ကျင့်ဖူးသော သာမန်လူတစ်ယောက် ဖြစ်သော်လည်း ချီထိန်းချုပ်ခြင်းအဆင့် ပညာရှင်တစ်ဦးနှင့် ယှဉ်နိုင်သော မွေးရာပါ နတ်ဘုရားခွန်အားကို ပိုင်ဆိုင်ထားသူဖြစ်သည်။
သူသည် တစ်ချိန်က ဖန့်ချန်၏ လက်အောက်ရှိ နဂါးစစ်သူကြီး လေးဦးအနက် တစ်ဦး ဖြစ်ခဲ့သည်။
လွန်ခဲ့သော ငါးနှစ်က ကြေကွဲဖွယ် တိုက်ပွဲအတွင်း နဂါးစစ်သူကြီး လေးဦးအနက် သုံးဦး သေဆုံးခဲ့ပြီး ဟွမ်စီဟိုင်မှာမူ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သည်။
သူသည် အခက်အခဲများကြားမှ အသက်ရှင်ကျန်ရစ်ခဲ့ပြီး နာလန်ထူ ခြောက်လပင် မကြာခဲ့ပေ။
ထို့အပြင် သူ၏ ခန္ဓာကိုယ်တွင် အတွင်းဒဏ်ရာ လက္ခဏာများ လုံးဝ မကျန်ရှိခဲ့ခြင်းမှာ မယုံနိုင်စရာပင်။
"သခင်ကြီး ကျွန်တော် "
ဖန်ချန်က သူ၏စကားကို ဖြတ်ပြောလိုက်သည်။
"ငါက မင်းရဲ့ သခင်ကြီး မဟုတ်တော့ဘူး နောက်ဆိုရင် ငါ့ကို သခင်လေး လို့ပဲ ခေါ်တော့"
"သခင်လေး ကျွန်တော် ဒီမှာ ငြိမ်ငြိမ် နေသရွေ့ သူတို့က သခင်လေး ကို ဘာမှမလုပ်ဘူးလို့ ကျွန်တော့်ကို ကတိပေးခဲ့တာ သူတို့ ကျွန်တော့်ကို လိမ်ခဲ့တာပဲ"
ဟွမ်စီဟိုင်က သူ၏ မျက်လုံးထဲမှ ဒေါသများကို မထိန်းနိုင်ဘဲ ဖန့်ချန်ကို စိုက်ကြည့်နေသည်။
"ဘာ"
"ဒါကြောင့် စစ်သူကြီးဟွမ်က ဒီနှစ်တွေမှာ ဒီထဲမှာပဲ နေနေတာလား"
အကျဉ်းသားများမှာ မှင်တက်သွားကြသည်။
ဟွမ်စီဟိုင်ကို သူ၏ ဆန္ဒမပါဘဲ အတင်းအကျပ် ပိတ်လှောင်ထားရန် မဖြစ်နိုင်ကြောင်း သူတို့ သိထားသော်လည်း သူ ထိုမျှ ငြိမ်ဝပ်နေရသည့် အကြောင်းရင်းမှာ ထိုကဲ့သို့သော သဘောတူညီချက်ကြောင့် ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
"သူတို့ မင်းကို မလှည့်စားခဲ့ပါဘူး ပြီးခဲ့တဲ့ ငါးနှစ်ပတ်လုံး ဘယ်သူမှ ငါ့ကို ဒုက္ခမပေးခဲ့ဘူး"
ဟု ဖန့်ချန်က ပြုံးလျက် ထောက်ပြလိုက်သည်။
ပြီးခဲ့သော ငါးနှစ်အတွင်း လူများစွာမှာ သူကြောင့် နာကျင်မှုနှင့် ဆင်းရဲဒုက္ခများကို အောင့်အီးသည်းခံခဲ့ကြရသည်။
ထျဲမ မှာ တစ်ဦးအပါအဝင်ဖြစ်ပြီး ဟွမ်စီဟိုင်မှာလည်း အခြားတစ်ဦးဖြစ်သည်။
ယခုအခါ သူတို့ကို ချည်နှောင်ထားသော အရာအားလုံးကို သူ ရိုက်ချိုးပစ်ရန် ဆုံးဖြတ်ထားပြီးပြီ။
"သခင်လေး ဒါဆိုရင် ဘာလို့ ဒီကို ရောက်လာတာလဲ ဒါ လီဟွာဖုန်း လုပ်တာလား တောက်! အဲဒီခွေးကောင်ကို ကျွန်တော် သတ်ပစ်မယ်"
ဟွမ်စီဟိုင်က သူ၏ လက်သီးများကို တင်းတင်းဆုပ်ကာ ဟိန်းဟောက်လိုက်သည်။
ထောင်စောင့်များမှာ ကျောရိုးထဲအထိ စိမ့်သွားကြသည်။
ဟွမ်စီဟိုင်၏ အမြင်တွင် ဗျူရို၏ ဒုတိယအကြီးအကဲမှာ ဘာမှမဟုတ်ဘဲ အချိန်မရွေး သတ်ဖြတ်နိုင်သော ကြက်ကလေးတစ်ကောင်မျှသာ ဖြစ်နေသည်ကိုး။
"ပြီးခဲ့တဲ့ ရက်အနည်းငယ်မှာ ငါ ချင်းစုန်းအင်ပါယာက သိုင်းသမား တော်တော်များများကို သတ်ခဲ့တယ် ဒါကြောင့် ဒီအခြေအနေကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ သူတို့ စဉ်းစားနေတုန်း ငါ့ကို ဒီမှာ လာပိတ်ထားတာပေါ့"
ဟု ဖန်ချန်က ပြောလိုက်သည်။
"ငါတို့ မတွေ့ဖြစ်တာ ငါးနှစ်တောင် ရှိပြီဆိုတော့ ဒီအခွင့်အရေးကို သုံးပြီး မင်းဆီ လာလည်လိုက်တာ"
သူ၏စကားကို ကြားသောအခါ အကျဉ်းသားများမှာ အံ့အားသင့်သွားကြသည်။
ချင်းစုန်းနိုင်ငံက သိုင်းသမား တော်တော်များများကို သတ်ခဲ့တယ် ဟုတ်လား ဖန့်ချန်က သုံးကလောကတောင် တိုက်ပွဲအပြီးမှာ မျက်စိကွယ်ပြီး ဒုက္ခိတ ဖြစ်သွားတာ မဟုတ်ဘူးလား
"သခင်လေး သခင်လေးရဲ့ ကျင့်စဉ်က"
နောက်ဆုံးတွင် ဟွမ်စီဟိုင်မှာ စိတ်အေးသွားပြီး ဖန့်ချန်ကို အနီးကပ် စစ်ဆေးကြည့်လိုက်သည်။
"အင်း၊ ငါ့ရဲ့ ကျင့်စဉ်တွေ ပြန်ရလာပြီ"
ဖန်ချန်က ပြုံးလျက် ခေါင်းညိတ်ပြသည်။
ဟွမ်စီဟိုင်မှာ ခဏမျှ မှင်တက်သွားပြီးနောက် အလွန်အမင်း ဝမ်းသာအားရဖြင့် "
ဟားဟားဟား"
ဟု အော်ဟစ်ကာ ရယ်မောတော့သည်။
ဘယ်လိုသတင်းကောင်းမျိုးလဲ သူ ဒီထဲမှာ ကြာကြာနေစရာ မလိုတော့ဘူး
"နတ်စစ်သူကြီး ဖန့်ရဲ့ ကျင့်စဉ်တွေ ပြန်ရလာပြီတဲ့လား"
“ဒါကြောင့်လည်း ဗျူရိုက လူတွေ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အတော်လေး ကယောက်ကယက် ဖြစ်နေကြတာကိုး”
"ကောင်းကင်ကြီးတော့ ပြောင်းလဲတော့မှာပဲ"
ထောင်အတွင်း၌ တိုးတိုးတိတ်တိတ် ပြောဆိုသံများ ဖုံးလွှမ်းသွားသည်။
"ငါက နန်းတော်နဲ့ နောက်ထပ် မပတ်သက်တော့ဖို့ စဉ်းစားထားတယ် မင်း ဒီကနေ ထွက်လာတဲ့အခါ ငါ့နောက်ကို ဆက်လိုက်ချင်တယ်ဆိုရင် စစ်သူကြီး ရာထူးတော့ ငါ မပေးနိုင်ဘူးနော်"
ဟု ဖန့်ချန်က ပြောလိုက်သည်။
"သခင်လေး စစ်သူကြီးဖြစ်ရတာ ဘာကောင်းလို့လဲ သခင်လေးက နောင်ကျရင် မုန့်ပဲရောင်းရောင်း ကျွန်တော်ကတော့ ဂျုံနယ်ပေးမယ့်သူ ဖြစ်နေမှာပဲ"
ဟု ဟွမ်စီဟိုင်က ပြောကာ အားရပါးရ ရယ်မောလိုက်သည်။
စစ်သူကြီးတစ်ဦး၏ ပါးစပ်မှ ထိုကဲ့သို့ ထူးဆန်းသော စကားများ ထွက်လာသည်ကို ကြားသောအခါ လူတိုင်းသည် ဟွမ်စီဟိုင်ကို ကြည့်ကာ မျက်နှာပျက်သွားကြသည်။
ဟွမ်စီဟိုင်ကဲ့သို့ 'ချီထိန်းချုပ်ခြင်းအဆင့်' နှင့် ညီမျှသော ပညာရှင်၊ ငါးနှစ်ပတ်လုံး မိမိဆန္ဒအလျောက် ထောင်ထဲတွင် နေခဲ့သောသူ၊ ထောင်စောင့်၊ ဒုတိယအကြီးအကဲ သို့မဟုတ် ဗျူရိုတစ်ခုလုံးကိုပင် အဖက်မလုပ်သောသူက ဖန့်ချန်၏ မုန့်ဆိုင်လေးမှာ ဂျုံနယ်ပေးဖို့ ဆန္ဒရှိနေသည်တဲ့လား! လူတိုင်း၏ မျက်နှာမှာ တစ်စထက်တစ်စ ပို၍ ထူးဆန်းလာတော့သည်
"စစ်သူကြီးဟွမ်၊ ပြီးခဲ့တဲ့ နှစ်တွေမှာ ခင်ဗျားကို ကျွန်တော် လေးလေးစားစား ဆက်ဆံခဲ့သလို စားကောင်းသောက်ဖွယ်တွေလည်း စီစဉ်ပေးခဲ့တာပဲ အနည်းဆုံးတော့ ကျွန်တော့်မျက်နှာကို ထောက်ထားသင့်ပါတယ်"
ဟု ဆူညံသံများကြောင့် အပြေးအလွှား ရောက်လာသော ထောင်စောင့်က ပြောလိုက်သည်။
သူသည် ဟွမ်စီဟိုင်ကို ရှုပ်ထွေးသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။
"အဘိုးကြီးဟဲ ငါက မင်းကို အရှက်ခွဲချင်လို့ မဟုတ်ပါဘူး ဒါပေမဲ့ မင်း ငါ့ သခင်လေး ကို ဒီထဲ ထည့်တော့မယ်ဆိုရင် အနည်းဆုံးတော့ ငါ့ကို ကြိုပြောသင့်တာပေါ့ ငါ့သခင်လေးကသာ ရှင်းမပြရင် ခုနက မင်းရဲ့ ဦးခေါင်းခွံကို ငါ ရိုက်ခွဲပစ်လိုက်ပြီ"
ဟု ဟွမ်စီဟိုင်က ထောင်စောင့်ကို တည်တည်တံ့တံ့ ပြောလိုက်သည်။
ထောင်စောင့်မှာ မျက်နှာ ပျက်သွားသည်။
ငါးနှစ်ကြာသွားသော်လည်း ဟွမ်စီဟိုင်သည် ဖန့်ချန်အပေါ် ထိုမျှအထိ သစ္စာရှိနေဆဲဖြစ်ကြောင်း သူ မထင်ထားမိပေ။
"ခင်ဗျားရဲ့ သခင်လေးကလည်း အခြေအနေကို ရှင်းပြပြီးပြီဆိုတော့ ခင်ဗျားရဲ့ ထောင်ခန်းထဲကို ပြန်ဝင်လို့ ရမလား"
ဟု ထောင်စောင့်က ယဉ်ကျေးစွာ မေးလိုက်သည်။
"နေဦး ငါ့ရဲ့ ပစ္စည်းတွေကို ယူလာပေးပြီး ငါ့အတွက် သီးသန့်အခန်းတစ်ခန်း စီစဉ်ပေးဦး"
ဟု ဖန့်ချန်က ကြားဖြတ်ပြောလိုက်သည်။
"ငါ့သခင် ေပြောတာ ကြားလား"
ဟွမ်စီဟိုင်က ဟောက်လိုက်သည်။
ထောင်စောင့်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။ သူက ဖန့်ချန်ကို ကြည့်ကာ
"ခင်ဗျားရဲ့ လူတွေ ဗျူရိုအပြင်မှာ ရှိနေသလား" ဟု မေးလိုက်သည်။
ဖန်ချန်က ခေါင်းညိတ်ပြသည်။
"ခဏစောင့်ပါ"
ထောင်စောင့်သည် လှည့်ထွက်သွားတော့သည်။
မဟာတောက်ပမှာ ဗျူရို အပြင်ဘက်
ရွှီဂီသည် ထုပ်ပိုးထားသော အထုပ်တစ်ခုကို ကိုင်လျက် တိတ်ဆိတ်စွာ ရပ်နေသည်။
သူသည် အတွေးထဲတွင် နစ်မျောနေပုံရသော်လည်း တကယ်တမ်းမှာမူ ထိုနေရာ၏ အနေအထားကို လျှို့ဝှက်စွာ အကဲခတ်နေခြင်း ဖြစ်သည်။
“ငါ့မှာ ချီပေါက်ကွဲခြင်းအဆင့် သိုင်းသမား ၁၀ ယောက်နဲ့ ချီစုစည်းခြင်းအဆင့် သိုင်းသမား ၅၀ သာ ရှိမယ်ဆိုရင် ဒီဗျူရိုတစ်ခုလုံးကို တစ်နာရီအတွင်းမှာပဲ မြေလှန်ပစ်လို့ ရတယ် အဲဒီနောက် ထောင်ဆီကို ရောက်အောင်သွားပြီး”
ရုတ်တရက် အံ့အားသင့်သွားသော အော်ဟစ်သံတစ်ခုက သူ၏ အတွေးကို ဖြတ်တောက်လိုက်သည်။
"ဟင် ဒါ လေမုန်တိုင်းဓားသမား ရွှီဂီ မဟုတ်လား"
ထောင်စောင့်မှာ မယုံကြည်နိုင်သော မျက်နှာထားဖြင့် ကြည့်နေသည်။
မကြာသေးမီနှစ်များအတွင်း မြို့တော်တွင် နာမည်ကျော်ကြားလာသော လေမုန်တိုင်းဓားသမား ရွှီဂီ သည်လည်း ဖန့်ချန်၏ လက်အောက်ငယ်သား ဖြစ်နေသည်ကိုး
ထို့အပြင် ခုနက ရွှီဂီ ၏ တစ်ကိုယ်တည်း ရေရွတ်နေသံကိုလည်း သူ ကြားလိုက်ရသေးသည်။
ဒီလူ... ဗျူရိုကို တိုက်ခိုက်ဖို့ စဉ်းစားနေတာလား ဒါက နတ်စစ်သူကြီး ဖန့်ရဲ့ အလိုကျပဲလား ထောင်စောင့်မှာ ထိုအတွေးကြောင့် ခြေထောက်များပင် မခိုင်ချင်တော့ပေ။
"မင်းက ဗျူရိုကလား ငါ့သခင်လေးက လွှတ်လိုက်တာလား"
ရွှီဂီက သူ့ကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။
ဒီလူက ဘာဖြစ်နေတာလဲ သရဲမြင်တဲ့အတိုင်းပဲ ဗျူရိုကလူတွေက ဒီလောက်တောင် သတ္တိနည်းကြတာလား
"ဟုတ်ပါတယ်"
ဟု ထောင်စောင့်က ခေါင်းညိတ်ပြသည်။
"ဒါဆို ဒါကို သခင်လေးဆီ ပေးလိုက်ပါ"
ဟု ရွှီဂီက ပြောကာ သူကိုင်ထားသော အထုပ်ကို ပေးလိုက်သည်။
"ကျွန်တော် အခုလို လုပ်ပေးနေတာကိုက စည်းကမ်းဖောက်နေတာပါ အဲဒီထဲမှာ ဘာပါလဲဆိုတာတော့ အနည်းဆုံး စစ်ဆေးခွင့်ပြုပါ"
ဟု ထောင်စောင့်က ရှင်းပြသည်။
"ကြည့်ချင်ရင် ကြည့်ပါ"
ရွှီကော်က ခေါင်းညိတ်သည်။
ထုပ်ပိုးမှုကို ဖွင့်ကြည့်လိုက်သောအခါ ထောင်စောင့်သည် ဝံပုလွေမွေးစုတ်တံ၊ မင် နှင့် အဝါရောင် အဆောင်စက္ကူအချို့ကို တွေ့လိုက်ရသည်။
သူ ဇဝေဇဝါ ဖြစ်သွားသည်။ ဖန့်ချန်က ထောင်ထဲမှာ ဒါတွေကို ဘာလုပ်မလို့လဲ
"သွားတော့ ဒါတွေကို ငါ့သခင်လေးဆီ ပို့လိုက် ငါ့ကိုတော့ လာမလှည့်စားနဲ့နော် သူ ဒါကို မရဘူးဆိုတာ ငါသိရင် မင်း လမ်းလျှောက်တဲ့အခါ မင်းရဲ့ ကျောပြင်ကို သတိထားဖို့သာ ပြင်ထားလိုက်"
ဟု ရွှီကော်က အေးစက်စွာ ပြောလိုက်သည်။
“ငါက ဗျူရိုရဲ့ ထောင်စောင့်မှန်း သိရက်နဲ့ မင်းက ငါ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့"
ထောင်စောင့်က ဒေါသတကြီး မေးလိုက်သည်။
“ဗျူရို ထောင်စောင့်ဖြစ်တော့ ဘာဖြစ်လဲ ငါ့မှာ ဆုံးရှုံးစရာ ဘာရှိလို့လဲ"
ရွှီဂီ က စိုက်ကြည့်ကာ ပြန်ပြောလိုက်သည်။
ထောင်စောင့်သည် ဘာမှထပ်မပြောတော့ဘဲ လှည့်ထွက်သွားသည်။
များမကြာမီ သူသည် ထောင်ထဲသို့ ပြန်ရောက်လာကာ ပစ္စည်းများကို ဖန့်ချန်ထံ ပေးလိုက်သည်။
"အဘိုးကြီးဟွမ်၊ မင်း ပြန်လို့ရပြီ"
ဟု ဖန့်ချန်က ပြောလိုက်သည်။
"သခင်လေး ၊ သခင်လေးရဲ့ သီးသန့်အခန်းဆီ လိုက်ပို့ပါရစေ"
ဟု ဟွမ်စီဟိုင်က ပြုံးပြလိုက်သည်။
မနှောင့်နှေးတော့ဘဲ ထောင်စောင့်သည် ဖန့်ချန်အတွက် သီးသန့်အခန်းတစ်ခန်း စီစဉ်ပေးလိုက်သည်။
သူတောင်းဆိုထားသည်ကို ရရှိသွားပြီဖြစ်ကြောင်း မြင်သောအခါ ဟွမ်စီဟိုင်သည်လည်း သူ၏ ထောင်ခန်းသို့ ပြန်သွားတော့သည်။
"နတ်စစ်သူကြီး ဖန့် ဗျူရိုကို တိုက်ခိုက်ဖို့ဆိုတာ မလိမ္မာတဲ့ ဆုံးဖြတ်ချက်ပါ ခင်ဗျား ပြန်စဉ်းစားလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
ဟု ထောင်စောင့်က ဖန့်ချန်ကို သတိပေးကာ ရှုပ်ထွေးသော မျက်နှာထားဖြင့် ထွက်ခွာသွားသည်။
ဗျူရိုကို တိုက်ခိုက်မယ် ဟုတ်လား
ဖန်ချန်မှာ ထိုစကားကြောင့် ခဏမျှ မှင်တက်သွားသည်။
သို့သော် သူသည် ထောင်စောင့်၏ နားမလည်နိုင်သော စကားများကို လျစ်လျူရှုကာ သူ၏ ပစ္စည်းများကို ပြင်ဆင်လိုက်သည်။
သူသည် ခရမ်းရောင် လျှပ်စီး အဆောင် အချို့ကို ထပ်မံပြုလုပ်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
ထို့အပြင် ထိုအချိန်အတွင်း သူ၏ ဒုတိယမြောက် မသေမျိုးသွေးကြော ကိုလည်း စုစည်းလိုနေသည်။
သူသာ အောင်မြင်သွားပါက အဆောင်၏ စွမ်းအားမှာလည်း လိုက်လျောညီထွေ တိုးတက်လာမည်မှာ အမှန်ပင် ဖြစ်သည်။
အပိုင်း (၂၂) - ချီသန့်စင်ခြင်းအဆင့် (၂) သို့ တက်လှမ်းခြင်း
ဗျူရို၏ အဆင့်မြင့်အရာရှိများ စုဝေးရာခန်းမတွင် ဒုတိယအကြီးအကဲ လီဟွာဖုန်း နှင့်အတူ ဝါရင့်အရာရှိတစ်စု ထိုင်နေကြသည်။
သူတို့သည် ချင်းစုန်း အင်ပါယာမှ သေဆုံးသွားသော သိုင်းသမားတိုင်း၏ အချက်အလက်များ ပါရှိသည့် စာရွက်စာတမ်းပုံကြီးကို စစ်ဆေးနေကြခြင်း ဖြစ်သည်။
“သူတို့ သေသွားတာ ကောင်းတာပေါ့”
အကြီးပိုင်းတစ်ဦးက သူ၏မျက်လုံးထဲတွင် ကျေနပ်မှုများ ပြည့်နှက်လျက် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
ထိုစကားကြောင့် လူအများက သူ့ကို ထူးဆန်းစွာ စိုက်ကြည့်လိုက်ကြပြီးနောက် အေးစက်သောအသံတစ်ခု ဟိန်းထွက်လာသည်။
“ခင်ဗျားက သူတို့သေတာကို ဂုဏ်ပြုနေတာလား ဒါဟာ ငါတို့ မဟာရှ အတွက် ဘယ်လောက်အထိ ထိခိုက်နစ်နာစေမလဲဆိုတာ ခင်ဗျား သိရဲ့လား ချင်းစုန်းအင်ပါယာကသာ ဒါကို အကြောင်းပြပြီး ငါတို့ကို တိုက်ခိုက်လာရင် ငါတို့ ဘယ်လောက်ကြာကြာ ခံနိုင်ရည်ရှိမှာလဲ”
ထိုလူကြီးက ပြုံးလိုက်သည်။
“ဒုတိယအကြီးအကဲ ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာ အဲဒီသိုင်းသမားတွေ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေက မရေတွက်နိုင်အောင်ပဲ ဒီမှာကြည့် သူတို့အပေါ် တိုင်ချက်ဖွင့်ထားတဲ့ အမှုတွေက ပုံနေတာပဲ အခု နတ်စစ်သူကြီး ဖန့်က သူတို့ကို ရှင်းပစ်လိုက်ပြီဆိုတော့ ဒါတွေက ငါတို့အတွက် ပြဿနာ မဟုတ်တော့ဘူး”
“ချင်းစုန်းအင်ပါယာ ကိစ္စကတော့ ငါတို့ စိတ်ပူနေစရာ မလိုပါဘူး နတ်စစ်သူကြီး ဖန့် မှာ ကိုယ်ပိုင် အစီအစဉ် ရှိမှာပါ ဒါ့အပြင် အခု သူ့ရဲ့ ကျင့်စဉ်တွေ ပြန်ရလာပြီဆိုတော့ ငါတို့ မဟာရှအင်ပါယာက အရင်လို အကူအညီမဲ့နေတဲ့ အခြေအနေ မဟုတ်တော့ဘူး ”
လူတော်တော်များများကလည်း ထိုစကားကို ခေါင်းညိတ် ထောက်ခံကြသည်။
လီဟွာဖုန်း၏ မျက်နှာမှာ တည်ကြည်သွားသည်။
“ခင်ဗျား ဘာလို့ ဒီလိုတွေးလဲဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ လက်တွေ့ကတော့ ငါတို့ထင်သလို ဖြစ်မလာခဲ့ဘူး ဖန့်ချန် အင်အားအကောင်းဆုံး အချိန်မှာတောင် ရှုံးနိမ့်ခဲ့တာပဲ မဟာရှဟာ ချင်းစုန်းကို မယှဉ်နိုင်ဘူးဆိုတာ ရှင်းနေတာပဲ ဒီနေ့ အားလုံးကို ခေါ်လိုက်တာက ဖန့်ချန်ကို ဘယ်လို အပြစ်ပေးမလဲဆိုတာ ဆွေးနွေးဖို့ပါ”
“ ကျွန်တော့်ရဲ့ အကြံပြုချက်ကတော့ သူ့ကို ထောင်ထဲမှာ ရက်အနည်းငယ် ထားပြီးရင် ချင်းစုန်းအင်ပါယာဆီ ပို့ပေးလိုက်ဖို့ပဲ အဲဒီကျရင် သူတို့ဘာသာသူတို့ ကြိုက်သလို စီရင်ကြပါစေ အဲဒီလိုဆိုရင် သူတို့လည်း သူတို့ရဲ့ ဒေါသတွေကို အားရပါးရ ပေါက်ကွဲခွင့် ရသွားမယ်၊ ငါတို့လည်း ဒီရန်ကြွေးကနေ လွတ်မြောက်သွားမယ်”
လူတိုင်းက သူ့ကို အံ့အားသင့်စွာ စိုက်ကြည့်လိုက်ကြသည်။
ဖန့်ချန်ကို ချင်းစုန်းအင်ပါယာဆီ ပို့မယ် ဟုတ်လားသူတို့ ဘယ်လိုလုပ် ဒီလိုလုပ်ရဲတာလဲ
ထိုအချိန်တွင် တစ်စုံတစ်ယောက်က ခန်းမထဲသို့ အလျင်အမြန် ဝင်လာသည်။
“သခင်ကြီးတို့ အပြင်မှာ လူအုပ်ကြီး စုဝေးနေကြပါတယ်”
“ဖန်ချန်ကို လွှတ်ပေးဖို့ တောင်းဆိုနေကြတာလား”
ဟု လူကြီးက ချက်ချင်း မေးလိုက်သည်
“မဟုတ်ပါဘူး...”
သတင်းပို့သူက ထူးဆန်းသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“သူတို့က ကုဟယ် ၊ လုံတူး နဲ့ ယီကျိုး အင်ပါယာတွေက လာတဲ့သူတွေပါ ဖန့်ချန်က ချင်းစုန်းရဲ့ သိုင်းသမားတွေကို သတ်ခဲ့တဲ့အတွက် သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ သူတို့က တောင်းဆိုနေကြတာ ဒီကိစ္စကြောင့် သူတို့ အတော်လေး ထိတ်လန့်နေကြပြီး မြို့တော်ထဲမှာ လမ်းလျှောက်ဖို့တောင် မလုံခြုံသလို ခံစားနေရတယ်လို့ ပြောပါတယ်”
ကုဟယ်၊ လုံတူး နှင့် ယီကျိုးတို့မှာ မဟာရှနှင့် ကုန်သွယ်မှုပြုနေသော အခြား အဆင့်(၉) အင်ပါယာများ ဖြစ်ကြပြီး ၎င်းတို့၏ နိုင်ငံသားများစွာမှာ မြို့တော်တွင် နေထိုင်ကြသူများ ဖြစ်သည်။
“ဒီကိစ္စက သူတို့နဲ့ ဘာဆိုင်လို့လဲ”
လူကြီးက နှာခေါင်းရှုံ့လိုက်သည်။
“မဟုတ်ဘူး၊ ဘာလို့ မဆိုင်ရမှာလဲ”
လီဟွာဖုန်းက ထိုလူကြီးကို လှည့်ကြည့်လိုက်သည်။
“ကျောက်စစ်ရှင်း ခင်ဗျား သူတို့နဲ့ ချင်းစုန်းအင်ပါယာကြားက ဆက်ဆံရေးကို မေ့သွားပြီလား သူတို့ကြားမှာ နှစ်စဉ် ကုန်သွယ်မှု ပမာဏ အများကြီး ရှိနေတဲ့အတွက် အကျိုးစီးပွားချင်း ဆက်နွှယ်နေကြတာ အခု ဖန့်ချန်က ချင်းစုန်းကို ဒေါသထွက်အောင် လုပ်လိုက်ပြီဆိုတော့ သူတို့က ငါတို့ကို ဖိအားပေးလာရင် ဘာဖြစ်မလဲ သူတို့သာ ရန်လိုလာရင် ငါတို့ရဲ့ ကံကြမ္မာကတော့ ဆုံးဖြတ်ပြီးသားပဲ”
ထိုစကား၏ အကျိုးသက်ရောက်မှုကို နားလည်သွားသောအခါ ခန်းမအတွင်းရှိ လူတိုင်း၏ မျက်နှာများမှာ လေးနက်သွားကြသည်။
လီဟွာဖုန်း ပြောတာ မမှားပေ။ မဟာရှသည် အလွန်ပင် စိုးရိမ်ရသော အခြေအနေတွင် ရှိနေသည်။
အခြားအင်ပါယာများ ဝင်ပါလာပြီး ပြဿနာကို ပိုကြီးအောင် လုပ်လာမည်ကို မည်သူမျှ မလိုလားကြပေ။
“အိုး... ဗျူရိုအကြီးအကဲ ရောက်လာပြီ”
“ဗျူရိုအကြီးအကဲ။”
မြွေရုပ်ဒီဇိုင်းများ ထိုးထားသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး အေးအေးဆေးဆေး ဝင်လာသောအခါ လူတိုင်း မတ်တပ်ရပ် လိုက်ကြသည်။
သူက ခေါင်းအနည်းငယ် ညိတ်ပြကာ သူ၏ ထိုင်ခုံတွင် ထိုင်လိုက်ပြီးနောက်
“ဒီကိစ္စကို ဆွေးနွေးနေတာ တစ်ဝက်လောက်တောင် ရှိပြီ၊ ခင်ဗျားတို့ ဘာအဖြေထွက်လာပြီလဲ”
ဟု မေးလိုက်သည်။
“ဗျူရိုအကြီးအကဲ... ကျွန်တော့်အမြင်ကတော့ ဖန့်ချန်ကို ချင်းစုန်းအင်ပါယာဆီ လွှဲပေးရမယ်လို့ ထင်ပါတယ်”
လီဟွာဖုန်းက လက်သီးဆုပ်ကာ ပြောလိုက်သည်။
“ဟူး... တော်တော် ခေါင်းခဲစရာပဲ”
ဗျူရိုအကြီးအကဲက လူတိုင်းကို စိုက်ကြည့်ကာ သူ၏ နားထင်ကို ပွတ်လိုက်သည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက စကားစလိုက်သည်။
“ဖန့်ချန်ရဲ့ အနေအထားက မဟာရှမှာ အရမ်း ထူးခြားတယ် သူ့ရဲ့ ကျင့်စဉ်တွေသာ ပြန်မရခဲ့ရင်တော့ ငြိမ်းချမ်းရေးအတွက် သူ့ကို သူတို့ဆီ လွှဲပေးလို့ ရကောင်းရလိမ့်မယ် ဒါပေမဲ့ အခု သူ့ကျင့်စဉ်တွေ ပြန်ရနေပြီဆိုတော့ ငါတို့ ဘာတွေးနေလဲဆိုတာ အရေးမကြီးတော့ဘူး တကယ့် မေးခွန်းက ငါတို့ ပေးတဲ့ ဘယ်လို အပြစ်ပေးမှုကိုမဆို သူက လက်ခံပါ့မလား ဆိုတာပဲ”
ခန်းမအတွင်းရှိ လူတိုင်းမှာ အံ့အားသင့်သွားကြပြီး ထူးဆန်းသော မျက်နှာထားများ ဖြစ်ကုန်ကြသည်။ လီဟွာဖုန်းက ခဏမျှ တုံ့ဆိုင်းနေပြီးနောက် မေးလိုက်သည်။
“သူက... သူက အင်ပါယာရဲ့ အမိန့်ကို ဖီဆန်ရဲလိမ့်မယ်လို့ ထင်လို့လား”
“သူက ကြောက်တတ်တယ်လို့ ခင်ဗျား ထင်နေတာလား?
“
ဗျူရိုအကြီးအကဲက နှာခေါင်းရှုံ့လိုက်သည်။
“ငါက မင်းသားတစ်ပါး ဖြစ်သလို ဗျူရိုရဲ့ အကြီးအကဲလည်း ဖြစ်တယ် ဒါပေမဲ့ ငါသာ သူ့ကို သွားပြီး ဆူပူကြည့်လိုက်ရင် ဖန့်ချန်က ငါ့ကို ပါးရိုက်ဖို့ နှစ်ခါ စဉ်းစားလိမ့်မယ်လို့ ခင်ဗျား ထင်သလား”
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ဗျူရိုအကြီးအကဲက ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ပြီး
“ကဲ... ဒါပဲ ဆုံးဖြတ်လိုက်မယ် ထပ်ပြီး ဆွေးနွေးနေစရာ မလိုတော့ဘူး ဒီကိစ္စကို ငါတို့ ဝင်မပါတော့ဘဲ ဖန့်ချန်ကိုပဲ သူ့ဘာသာသူ ကိုင်တွယ်ခိုင်းလိုက်ရအောင်။ ငါတို့ လုပ်စရာ ရှိတာတော့ လုပ်ပြီးပြီပဲ နောက်ထပ် ဘာဖြစ်မလဲဆိုတာ ငါတို့နဲ့ မဆိုင်တော့ဘူး”
ထိုသို့ပြောပြီးနောက် သူသည် ခန်းမထဲမှ ထွက်ခွာသွားတော့သည်။
“ဒုတိယအကြီးအကဲ... ကျွန်တော့်အကြံပြုချက်ကတော့ ခင်ဗျားလည်း ဒီကိစ္စမှာ ဝင်မပါတာ အကောင်းဆုံးပဲ။ ကိုယ့်ဘာကိုယ် ဒုက္ခမရှာတာ ပိုကောင်းပါလိမ့်မယ်။”
ကျောက်စစ်ရှင်းက လီဟွာဖုန်းကို ပြုံးပြကာ ခန်းမထဲမှ ထွက်သွားသည်။
လီဟွာဖုန်း၏ မျက်နှာမှာ ပိုမို ပျက်ယွင်းသွားတော့သည်။
အပြင်ဘက်တွင် ယွမ်ကျန်း သည် ကျောက်စစ်ရှင်းကို မြင်သောအခါ အပြေးအလွှား လျှောက်လာသည်။
“သခင်ကြီး အထက်လူကြီးတွေ ဘာပြောကြသလဲခင်ဗျာ”
“ဟဲဟဲ... မင်း ဖန့်ချန်ကို ဗျူရိုထဲအထိ ခေါ်လာနိုင်ခဲ့တာကတော့ မင်းတစ်သက်လုံး ကြွားလို့ရမယ့် ကိစ္စပဲ”
ဟု ကျောက်စစ်ရှင်းက ပြုံးလျက် ပြောလိုက်သည်
။ “အတွင်းမှာ ဘာဖြစ်ခဲ့လဲဆိုတာတော့ မင်း သိနေစရာ မလိုပါဘူး သွား... တခြားလူတွေကိုပါ ခေါ်လိုက် ငါ အခု စိတ်အတော်လေး ကြည်နေတယ် မဟာရှမြစ် ဘက်ကို သွားပြီး သီချင်းလေး ဘာလေး နားထောင်ကြရအောင်”
ယွမ်ကျန်းမှာ အလွန်အမင်း အံ့အားသင့်သွားသည်။
လွန်ခဲ့သော ငါးနှစ်က ရှုံးနိမ့်မှုအပြီးတွင် ကျောက်စစ်ရှင်းသည် ထိုကဲ့သို့သော နေရာမျိုးသို့ တစ်ခါမျှ ခြေမချခဲ့ပေ။
အဘယ်ကြောင့် ယခုကဲ့သို့ ရုတ်တရက် စိတ်ဝင်စားသွားရသနည်းဟု သူ တွေးတောနေမိသည်။
ထောင်အတွင်း၌ ရံဖန်ရံခါ မိုးကြိုးပစ်သံများ ဟိန်းထွက်နေသည်။
အတွင်းရှိ လူတိုင်းမှာ ဘာဖြစ်နေသနည်းဟု သိလိုသဖြင့် ထိတ်လန့်တုန်လှုပ်သော မျက်နှာများဖြင့် စုရုံးနေကြသည်။
ထောင်စောင့်များ၏ စကားများမှတစ်ဆင့် ဖန့်ချန်၏ ကျင့်စဉ်များ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်းနှင့် သူသည် ကြောက်မက်ဖွယ်ကောင်းသော သိုင်းပညာတစ်ရပ်ကို လေ့ကျင့်နေကြောင်း သူတို့ သိရှိသွားကြသည်။
ထိုပညာကို အသုံးပြုလိုက်သည်နှင့် မိုးကြိုးများ ပေါ်လာပြီး ရန်သူများမှာ မီးလောင်ကျွမ်းကာ ပြာဖြစ်သွားရသည်တဲ့ ချင်းစုန်းအဆင့်မြင့်သိုင်းသင်တန်းက ဆရာကြီး ရှောင်းထျန်းစီတောင်မှ ထိုဒဏ်ကြောင့် သေဆုံးခဲ့ရသည် မဟုတ်ပါလား
ထိုအချက်ကို သိလိုက်ရသောအခါ အကျဉ်းသားများသည် စတင် ထိတ်လန့်သွားကြသော်လည်း နောက်ပိုင်းတွင် ထိုအသံကိုပင် ယဉ်ပါးသွားကြသည်။
မိုးကြိုးသံ ကြားရတိုင်း သူတို့အတွက် ပို၍ပင် လုံခြုံသည်ဟု ခံစားလာရသည်။
“နတ်ဘစစ်သူကြီး ဖန့် ပိုပြီး အစွမ်းထက်လေလေ ငါတို့ မဟာရှအတွက် ပိုကောင်းလေလေပဲကောင်းကင်ကြီးက ငါတို့ကို တကယ် စွန့်ပစ်မထားပါဘူး”
“ငါတို့ မဟာရှနဲ့ ချင်းစုန်းအင်ပါယာကြားက စစ်ပွဲကတော့ ရှောင်လွှဲလို့ မရတော့ဘူး ဒီတိုက်ပွဲက ငါတို့အင်ပါယာရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးမှာပဲ သုံးလောကတောင် တိုက်ပွဲထက်တောင် ပိုပြီး ရက်စက်ကြမ်းကြုတ်မှာ သေချာတယ် နတ်စစ်သူကြီး ဖန့် ပိုပြီး အစွမ်းထက်လာလေလေ ငါတို့ အောင်နိုင်ခြေ ပိုများလေလေပဲ”
“ဟေး ထောင်စောင့်တွေ ခင်ဗျားတို့ နတ်စစ်သူကြီး ဖန့်ကို ဘယ်လောက်ကြာကြာ ပိတ်ထားဦးမှာလဲ သူ့ကို မြန်မြန်လွှတ်ပေးလိုက်စမ်းပါ သူက ငါတို့အတွက် ချင်းစုန်းအင်ပါယာကို နှိမ်နင်းပေးမယ့်သူပဲ”
အကျဉ်းသားများ၏ စကားကို ကြားသောအခါ ထောင်စောင့်များ၏ မျက်နှာတွင် ခါးသီးသော အပြုံးများ ပေါ်လာသည်။
သူတို့လည်း နတ်စစ်သူကြီးကို အမြန်ဆုံး လွှတ်ပေးချင်ကြသော်လည်း သူတို့တွင် ထိုကဲ့သို့သော ဆုံးဖြတ်ချက်ချနိုင်သည့် အာဏာ မရှိပေ
သူ၏ ထောင်ခန်းအတွင်း၌ ဖန့်ချန်သည် တိတ်ဆိတ်စွာပင် ခရမ်းရောင် လျှပ်စီးအဆောင် များကို ပြုလုပ်နေသည်။
သူ၏ စုတ်တံအရေးအသား တိုင်းမှာ ပြင်းထန်ပြီး အားမာန်ပါလှသည်။
အဆောင်တစ်ခု ပြုလုပ်ပြီးတိုင်း သူ၏ ပြုလုပ်နိုင်စွမ်း မြန်နှုန်း တိုးတက်လာသည်ကို သူ ခံစားရပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်ချီ များမှာလည်း အရေးအသား တစ်ချက်ချင်းစီတိုင်းတွင် ပိုမို အားကောင်း ကာ ထူထပ်လာသည်။
သူ၏ ဝိညာဉ်ချီ ပမာဏမှာ မသေမျိုးသွေးကြော ကို စတင် စုစည်းနိုင်ခဲ့သည့် နေ့ကထက် နှစ်ဆနီးပါး ရှိနေပြီ ဖြစ်သည်။
၎င်းမှာ ကုန်ခမ်းသွားပြီး ပြန်လည် ပြည့်ဖြည့်တိုင်း သူ၏ စွမ်းအင်သိုလှောင်မှု ပိုမို တိုးပွားလာသည်ကို ခံစားနေရသည်။
“ကျင့်ကြံရတာက ထင်သလောက် မခက်ဘူးပဲ...”
ဖန်ချန်က သူ၏ ဝံပုလွေမွေးစုတ်တံကို ချလိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်း လှည့်ပတ်နေသော စွမ်းအင်များကို ခံစားကြည့်လိုက်သည်။
သူ၏ ဝိညာဉ်ချီများကို ခံစားရင်း သူ၏ မျက်လုံးများတွင် အပြုံးဖျော့ဖျော့ ပေါ်လာသည်။
ရုတ်တရက် သူ၏ ခန္ဓာကိုယ်အတွင်းမှ အသံတစ်ခုကို သူ ခံစားလိုက်ရသည်။
၎င်းမှာ ဒုတိယမြောက် မသေမျိုးသွေးကြော ကို စုစည်းရန် အချိန်တန်ပြီဟူသော အချက်ပေးသံပင် ဖြစ်သည်။
သူ စိတ်နှစ်လိုက်သည်နှင့် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်ချီများမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာတော့သည်။
များမကြာမီမှာပင် ဖန်ပုံဆောင်ခဲကဲ့သို့ ကြည်လင်တောက်ပသော ဒုတိယမြောက် မျသမျိုးသွေးကြောတစ်ခုကို အောင်မြင်စွာ စုစည်းနိုင်ခဲ့သည်။
ထိုနည်းဖြင့် သူသည် ချီသန့်စင်ခြင်းအဆင့် ၏ ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။