← Chapters

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

​အပိုင်း (၂၃) - အတားအဆီးများနှင့် ရင်ဆိုင်ရခြင်း

​နောက်တစ်နေ့။

​ဖန်ချန် သည် သူ၏စုတ်တံကို ညင်သာစွာ ချလိုက်သည်။

​သူ ပြဿနာတစ်ခုကို သတိပြုမိသွားသည် အဆုံးမှာတော့ သူအသုံးပြုနေသည့် ဝံပုလွေမွေးစုတ်တံ၊ မင်နှင့် အဝါရောင်အဆောင်စက္ကူတို့မှာ သာမန်ပစ္စည်းများသာ ဖြစ်သည်။

ထိုပစ္စည်းများသည် ဝိညာဉ်ချီ ကို အတိုင်းအတာတစ်ခုအထိသာ ထိန်းထားနိုင်ပြီး ကန့်သတ်ချက် ရှိနေသည်။

သူ၏ ကျင့်ကြံခြင်းအဆင့် တက်လှမ်းလာသော်လည်း သူပြုလုပ်သည့် အဆောင်များ၏ စွမ်းအားမှာ ယခင်အတိုင်းသာ ရှိနေသေးသည်။

​ခရမ်းရောင်လျှပ်စီးအဆောင်ရဲ့ စွမ်းအားဟာ ချီသန့်စင်ခြင်းအဆင့် ၁၂ ဆင့်မှာရှိတဲ့ ကျင့်ကြံသူတွေကိုတောင် ခြိမ်းခြောက်နိုင်ရမှာ။

ဒါပေမဲ့ အခု ငါလုပ်တဲ့အဆောင်တွေက အဲဒီအဆင့်နဲ့ အဝေးကြီး ဝေးနေသေးတယ်။ သုံးတဲ့ ကုန်ကြမ်းပစ္စည်းတွေရဲ့ အရည်အသွေးကြောင့် ဖြစ်မယ်။

​မဟာရှ အင်ပါယာတွင် မသေမျိုးကျင့်ကြံသူများ မရှိဟု ထင်ရသော်လည်း ၎င်းမှာ ဝိညာဉ်ပစ္စည်းများလုံးဝမရှိဟု မဆိုလိုပေ။

​သူ့အတွက် ပိုမိုအရည်အသွေးကောင်းမွန်သော စုတ်တံများ၊ မင်နှင့် အဆောင်စက္ကူများ လိုအပ်နေသည်။

​"ဖြစ်နိုင်တာက ဒါတွေကို ရှာဖို့ တစ်ယောက်ယောက်ကို စီစဉ်ခိုင်းသင့်တယ်"

ဟု ဖန်ချန်က တစ်ကိုယ်တည်း ရေရွတ်ကာ သင့်တော်မည့်သူကို စဉ်းစားနေမိသည်။

မဟာရှ လျှို့ဝှက်အစောင့်တပ် ထဲတွင် စီးပွားရေးလုပ်ငန်းရှင်များစွာ ရှိသော်လည်း သူတို့တွင် ဝိညာဉ်ပစ္စည်းများကို ခွဲခြားနိုင်သည့် ဝိညာဉ်ချီ မရှိကြပေ။

​ရုတ်တရက် အတွေးတစ်ခု ဝင်လာသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက လျှို့ဝှက်အစောင့်တပ်ထံမှ ရရှိခဲ့သော ထူးဆန်းသည့် အစီရင်ခံစာတစ်ခုကို သူ သတိရသွားသည်။

ထိုစဉ်က ဖြစ်ရပ်များမှာ ထူးဆန်းလှသော်လည်း ထိုအချိန်က ကိစ္စများနှင့် မသက်ဆိုင်သဖြင့် သူ သိပ်ဂရုမစိုက်မိခဲ့ပေ။

သို့သော် အသေအချာ ပြန်စဉ်းစားကြည့်လျှင် ထိုအရာများသည် မသေမျိုးကျင့်ကြံသူများ၏ လောကနှင့် ဆက်စပ်နေနိုင်ပေသည်။

​အချိန်ပေးပြီး အဲဒါတွေကို တစ်ခေါက် ပြန်ကြည့်ရမယ် ဟု သူ တွေးလိုက်သည်။

​ထောင်ခန်းအပြင်ဘက်တွင် ထောင်စောင့်သည် ဖန်ချန်ကို ရှုပ်ထွေးသော မျက်နှာထားဖြင့် ကြည့်နေသည်။

"နတ်စစ်သူကြီး ဖန် "

​"အစည်းအဝေးက ဘာထူးလဲ"

ဖန်ချန်က ပြုံးလျက် မေးလိုက်သည်။

​သူတို့ ဆုံးဖြတ်ချက်ချရန် ဖန်ချန်က တစ်ရက်တိတိ အချိန်ပေးခဲ့သည်။

ဘယ်လိုပဲဖြစ်ဖြစ် ရလဒ်တစ်ခုတော့ ထွက်လာသင့်ပြီ မဟုတ်ပါလား။

​"ဗျူရိုအကြီးအကဲ နန်းတော်ကနေ သတင်းရလိုက်ပြီ အရှင်မင်းကြီးက ခင်ဗျားကို တွေ့ချင်နေတယ်"

ဟု ထောင်စောင့်က အသိပေးလိုက်သည်။

ထို့နောက် သူက ရဲမက်များကို ထောင်တံခါးဖွင့်ရန် ညွှန်ကြားလိုက်သည်။

​ရုတ်တရက် ဟွမ်စီဟိုင် ၏ အသံကြီး ထောင်အတွင်း ဟိန်းထွက်လာသည်။

"သခင်လေး... နောက်မှ ကျွန်တော့်ကို လာခေါ်မှာလား"

​"မင်း ဒီမှာ ငါးနှစ်တောင် နေခဲ့တာပဲ နောက်ထပ် ရက်နည်းနည်းလောက် ထပ်စောင့်လိုက်ပါဦး"

ဟု ဖန်ချန်က ရယ်မောကာ ပြန်ပြောလိုက်သည်။

ထို့နောက် ထောင်စောင့်၏ လမ်းပြမှုဖြင့် ဖန်ချန်သည် အကျဉ်းထောင်အတွင်းမှ ထွက်လာခဲ့သည်။

​အပြင်ဘက်တွင် မိန်းမစိုးယူ နှင့် ယူလုံချန်း တို့မှာ စောင့်နေကြသည်မှာ အတော်ကြာပုံရသည်။

​ယူလုံချန်းမှာ အလွန်အမင်း စိတ်ဓာတ်ကျနေသည့်ပုံပေါ်ပြီး ဖန်ချန်ကို မြင်သောအခါ စကားပြောရန် တုံ့ဆိုင်းနေသည်။

​“နတ်ဘစစ်သူကြီး ဖန် ခင်ဗျားကို နန်းတော်ဆီ ပြန်ခေါ်လာဖို့ ကျွန်တော် အမိန့်ရထားပါတယ် ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ”

ဟု မိန်းမစိုးယူက ရိုသေစွာ ပြောလိုက်သည်။

​"ကျေးဇူးပါပဲ"

ဖန်ချန်က ပြန်ဖြေသည်။

​ထောင်စောင့်သည် သူတို့ကို ဗျူရိုအပြင်ဘက်အထိ လိုက်လံပို့ဆောင်ပေးသည်။

သူတို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း သူ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဖန်ချန် ထောင်ထဲမှာ ကြာကြာနေလေလေ သူ ခံစားရသော ဖိအားက ပိုကြီးလေလေ ဖြစ်သည်။

​"နတ် စစ်သူကြီး ဖန် အရှင်မင်းကြီးက ကျွန်တော်တို့ကို အပြစ်ပေးလိမ့်မယ်လို့ ထင်လား"

ဟု ယူလုံချန်းက ဖန်ချန်အနားသို့ တိုးကာ တိုးတိုးလေး မေးလိုက်သည်။

​မိန်းမစိုးယူက ထိုစကားကို ကြားသွားပုံရသော်လည်း ဘာမှ ဝင်မပြောပေ။

ယူလုံချန်းကိုပါ ခေါ်လာရန်မှာလည်း ဧကရာဇ်၏ အမိန့်ပင် ဖြစ်သည်။ အဆုံးမှာတော့ ဖန်ချန်က ချင်းစုန်းသိုင်းသမားတွေကို သတ်ဖို့ အမိန့်ပေးခဲ့ချိန်မှာ ယူလုံချန်းက လက်တွေ့သတ်ဖြတ်သူ အဖြစ် ပါဝင်ခဲ့သည် မဟုတ်ပါလား။

​"ငါတို့ သတ်လိုက်တဲ့သူတွေက ချင်းစုန်းအင်ပါယာက သိုင်းသမားတွေပဲ ဧကရာဇ်က ငါတို့ကို ဘာလို့ အပြစ်ပေးရမှာလဲ မစိုးရိမ်နဲ့"

ဟု ဖန်ချန်က အာမခံလိုက်သည်။

​'သူက ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် ယုံကြည်မှု ရှိနေရတာလဲ'

ဟု ယူလုံချန်းက ဇဝေဇဝါ ဖြစ်နေမိသည်။

​ယခုအချိန်တွင် သူ၌ ရှေ့ဆက်တိုးရန်မှတစ်ပါး အခြားနည်းလမ်း မရှိတော့ပေ။

ထိုနေ့က သူသည် စိတ်လိုက်မာန်ပါဖြစ်ပြီး ဖန်ချန်နောက်လိုက်ကာ ချင်းစုန်းသိုင်းသမားများကို သတ်ဖြတ်ခဲ့သည်။ ထိုတာဝန်ယူမှုမှ ရှောင်လွှဲ၍ မရနိုင်တော့ပေ။

​မကြာမီ သူတို့ နန်းတော်တံခါးရှေ့သို့ ရောက်လာကြသည်။ ယူလုံချန်းက ရုတ်တရက် အော်ဟစ်လိုက်သည်

"ဟိုမှာ မြို့စားမင်းလီ နဲ့ တခြားလူတွေ မဟုတ်လား"

​လူတစ်စုမှာ နန်းတော်တံခါးရှေ့တွင် ဒူးထောက်နေကြသည်။ ထိုအုပ်စုထဲတွင် အမျိုးသား၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများ ပါဝင်ပြီး သူတို့ထဲတွင် ဆံပင်ဖြူဖြူနှင့် အဘွားအိုတစ်ဦးမှာ တုန်တုန်ရင်ရင်ဖြင့် ပါဝင်နေသည်။

​ရုတ်တရက် တစ်စုံတစ်ယောက်က ဖန်ချန်ကို မြင်သွားပြီး အော်ဟစ်လေတော့သည်

"လူသတ်သမား ဖန်ချန် ရောက်လာပြီ"

​လူသတ်သမား

​ယူလုံချန်းသည် လီဟွမ် ကို ချက်ချင်း သတိရသွားသည်။ ထိုနေ့က ချင်းစုန်းအဆင့်မြင့်အကယ်ဒမီတွင် လီဟွမ်လည်း ရှိနေခဲ့သည်။ ထိုနေ့မှစ၍ သူ့ကို လုံးဝ မတွေ့ရတော့ပေ။ ဒါဆိုရင် သူက...

​သူ၏ မျက်နှာမှာ ချက်ချင်း ပျက်သွားပြီး ဖန်ချန်ကို မယုံကြည်နိုင်စွာ လှည့်ကြည့်လိုက်သည်။

သူ လီဟွမ်ကိုပါ သတ်လိုက်တာတော့ မဟုတ်ပါဘူးနော် လီဟွမ်ရဲ့ အဒေါ်က ဧကရာဇ် အချစ်ဆုံး မိဖုရားတွေထဲက တစ်ယောက်လေ

​"ဖန်ချန် မင်း ငါတို့ လီမိသားစုအပေါ် ဘာရန်ငြိုးတွေ ရှိနေလို့လဲ ငါ့သားအပေါ် ဘာလို့ ဒီလောက် ရက်စက်ရတာလဲ ငါ့ရဲ့ မျိုးဆက်ကို ဘာလို့ အဆုံးသတ်ပစ်ရတာလဲ"

မြို့စားမင်းလီသည် ဝုန်းခနဲ ထရပ်လိုက်ပြီး ဖန်ချန်ကို အငြိုးအတေးကြီးစွာ စိုက်ကြည့်လိုက်သည်။

​"သား... အဲဒါ ဖန်ချန်လား"

ဆံပင်ဖြူနှင့် အဘွားအိုမှာ မတ်တပ်ရပ်ကာ တုန်ယင်နေသော လက်ချောင်းများဖြင့် ဖန်ချန်ကို ညွှန်ပြလိုက်သည်။

မြို့စားမင်းလီက ခေါင်းညိတ်ပြရာ သူမ၏ မျက်လုံးထဲတွင် အမုန်းတရားများ ပြည့်နှက်သွားသည်။

​"ငါ့မြေးကို ဘာလို့ သတ်တာလဲ ငါ မင်းကို သတ်မယ်"

အဘွားအိုသည် သူ၏ လက်ကိုင်တုတ်ကို မြှောက်ကာ ဖန်ချန်ထံသို့ ပြေးဝင်လာသည်။😁

ဘေးနားရှိလူများက သူမကို မတားသည့်အပြင် သူတို့၏ မျက်လုံးထဲတွင် ကျေနပ်သည့် အရိပ်အယောင်များပင် ဖြတ်ပြေးသွားသည်

​နန်းတော်အတွင်းရှိ မျှော်စင်တစ်ခုပေါ်မှ လူနှစ်ဦးသည် ထို မြင်ကွင်းကို ကြည့်နေကြသည်။

"အိမ်ရှေ့မင်းသား ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ရမယ် ထင်လဲ ချင်းစုန်းက သိုင်းသမားတွေကို သတ်တာက ပြဿနာမရှိပေမဲ့ အခု လီဟွမ်ကို သတ်လိုက်ပြီဆိုတော့ မိဖုရားဖန်နဲ့ မြို့စားမင်းလီတို့က သူ့ကို အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး"

ဟု ရဲ့ချင်ဟဲ က ပြောလိုက်သည်။

​အိမ်ရှေ့မင်းသားသည် ဖန်ချန်နှင့် ထိုအဘွားအိုကို ကြည့်ကာ ပြုံးလိုက်သည်။ သူက နှာခေါင်းရှုံ့လျက်

"ဒီကိစ္စက ဖြေရှင်းရ မလွယ်ဘူး မြို့စားမင်းလီရဲ့ အမေက ငါ့ခမည်းတော်ရဲ့ နို့ထိန်း ဖြစ်ခဲ့ဖူးတာ ဖန်ချန်တော့ အကျပ်ရိုက်ပြီ သူသာ အဘွားကြီးကို ထိလိုက်ရင်တော့..."

သူ စကားကို မဆုံးဘဲ ရယ်မောလိုက်သည်။

​နန်းတော်တံခါးရှေ့တွင် လူများ ပိုမိုစုရုံးလာကြပြီး လီမိသားစုဝင်များသည်လည်း ၎င်းကို အခွင့်ကောင်းယူကာ ဖန်ချန်သည် အပြစ်မဲ့သူများကို ခွဲခြားမှုမရှိဘဲ သတ်ဖြတ်နေသည်ဟူသော သတင်းကို ဖြန့်ဝေနေကြသည်။

​သာမန်ပြည်သူများ ထိုစကားကို ကြားသောအခါ မယုံကြည်နိုင် ဖြစ်နေကြသည်။

​မိန်းမစိုးယူ မှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။

တစ်ဖက်တွင် မြို့စားမင်းလီ၏ မိခင်ဖြစ်ပြီး အခြားတစ်ဖက်တွင် ဖန်ချန် ဖြစ်နေသည်။ သူ ဘာပဲလုပ်လုပ် တစ်ဖက်ဖက်ကို အနှောင့်အယှက် ဖြစ်စေမည်မှာ အမှန်ပင်။

​လက်ကိုင်တုတ်သည် ဖန်ချန်၏ ဦးခေါင်းကို ရိုက်မိတော့မည့် အချိန်မှာပင် ဖန်ချန်က သက်ပြင်းတစ်ချက် ချလိုက်သည်။

သူက လက်ကို ဝှေ့ယမ်းလိုက်ရာ လက်ကိုင်တုတ်မှာ နှစ်ပိုင်းကျိုးသွားပြီး အဘွားအိုမှာလည်း မီတာအနည်းငယ်အကွာသို့ လွင့်ထွက်သွားတော့သည်။

​သူမသည် မြေပြင်ပေါ်သို့ မျက်နှာဖြင့် မှောက်လျက် ကျသွားပြီး သူမ၏ သွားအချို့မှာ မြေပြင်ပေါ်သို့ လွင့်စင်သွားသည်။

​ဖန်ချန်သည် ထိုအဘွားအို၏ စရိုက်အမှန်ကို သိသည်။ လီဟွမ် ထိုမျှအထိ မောက်မာရဲခြင်းမှာ သူမ ကြောင့် ဖြစ်သည်။

အတိတ်တွင်မူ သူသည် အချက်အလက်များစွာကို ထည့်သွင်းစဉ်းစားပြီး နန်းတွင်းရှိ နိုင်ငံရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရသည်။

သို့သော် ယခုမူ ထိုကဲ့သို့သော အမှိုက်များကို သူ ဂရုမစိုက်တော့ပေ။

​ဖန်ချန်သည် သူ၏ လက်ကို ခါလိုက်ပြီး မျက်မှောင်အနည်းငယ် ကြုတ်ကာ နန်းတော်အတွင်းသို့ လျှောက်လှမ်းသွားသည်။

​မိန်းမစိုးယူမှာ မှင်တက်ကာ အကြာကြီး ရပ်နေမိသည်။

​မျှော်စင်ပေါ်တွင်မူ အိမ်ရှေ့မင်းသားနှင့် ယဲ့ချင်းဟယ်တို့ တစ်ဦးကိုတစ်ဦး လှည့်ကြည့်လိုက်ကြသည်။

​မြို့စားမင်းလီသည် အံ့အားသင့်နေရာမှ သတိဝင်လာပြီး သူ၏ မိခင်ထံသို့ အပြေးအလွှား သွားကြည့်သည်။ ခဏမျှ စစ်ဆေးပြီးနောက် သူ မြေပြင်ပေါ်သို့ ပြိုလဲကျသွားပြီး အော်ဟစ်လေတော့သည်

"သူမ သေသွားပြီ"

​လူအုပ်ကြီးမှာ အလွန်အမင်း ထိတ်လန့်သွားကြပြီး ဘာတွေ ဖြစ်ကုန်သနည်းဟု ဇဝေဇဝါ ဖြစ်သွားကြသည်။

​“ဖန်ချန်...”

အိမ်ရှေ့မင်းသားသည် ရဲ့ချင်ဟဲ ကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် လှည့်ကြည့်လိုက်သည်။

​ရဲ့ချင်ဟဲ သည် သူ၏ အံ့အားသင့်မှုကို ထိန်းချုပ်ကာ အော်ဟစ်လိုက်သည်

"မြို့စားမင်းလီ. ခင်ဗျားရဲ့ အမေက နေ့ခင်းကြောင်တောင် အသတ်ခံလိုက်ရတာနော်ခင်ဗျား ဘာလို့ အဲဒီမှာ ရပ်နေသေးတာလဲ”

​လူများ ထိုအော်သံကို ကြားသောအခါ နန်းတော်ဘက်သို့ အာရုံစိုက်လိုက်ကြသည်။ သို့သော် နန်းတော်အတွင်း အဆောက်အဦးများစွာ ရှိနေသဖြင့် ထိုအသံမှာ မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို ခွဲခြားရန် ခက်ခဲလှသည်။

​“ဟုတ်တယ်... ငါ့အမေအတွက် ငါ ကလဲ့စားချေရမယ်! ဖန်ချန်... မင်းကို ငါ သတ်မယ်”

မြို့စားမင်းလီ (လီချုံ) က ဟိန်းဟောက်ကာ ဖန်ချန်ထံသို့ ပြေးဝင်သွားတော့သည်။

​ရဲ့ချင်ဟဲက ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။

"မြို့စားမင်းလီ ကိုယ်တိုင် လှုပ်ရှားလာပြီဆိုတော့ ဖန်ချန် ဘယ်လို ကိုင်တွယ်မလဲ ကြည့်ရသေးတာပေါ့"

​အပိုင်း (၂၄) - ဧကရာဇ်၏ ဆုံးဖြတ်ချက်

​မြို့စားမင်းလီသည် ဒေါသတကြီးဖြင့် ဖန်ချန်ထံသို့ ပြေးဝင်လာသည်။

သူသည် "မင်းအသက်နဲ့ ပြန်ပေးဆပ်ရမယ်! ဒီခွေးကောင်"

ဟု အော်ဟစ်ကာ ဖန်ချန်၏ နားထင်ကို လက်သီးဖြင့် ထိုးနှက်ရန် ကြိုးစားလိုက်သည်။

​ဝုန်း!

​မြို့စားမင်းလီသည် ရုတ်တရက် တုံ့ခနဲ ဖြစ်သွားပြီး မျက်နှာမှာ တောင့်တင်းသွားသည်။ သူသည် မိမိနဖူးကို လက်ဖြင့် စမ်းကြည့်လိုက်ရာ နွေးထွေးသော သွေးများ စီးကျနေသည်ကို တွေ့လိုက်ရသည်။

ဖန်ချန်၏ လက်ထဲတွင် သူ၏မိခင် ကိုင်ဆောင်ခဲ့သော ကျိုးနေသည့် လက်ကိုင်တုတ်တစ်ဝက်ကို မြင်လိုက်ရသောအခါ သူသည် မယုံကြည်နိုင်သလို စိုက်ကြည့်နေမိသည်။

​ရှူး... ကြည့်နေသူများမှာ ထိတ်လန့်တကြား အသက်ရှူအောင့်သွားကြသည်။

​ရဲ့ချင်ဟဲ မှာလည်း ထိုနေရာမှာပင် မှင်တက်နေပြီး ခေတ္တမျှ သတိပြန်မဝင်နိုင် ဖြစ်နေသည်။

​လူအုပ်ကြီးမှာ အံ့အားသင့်နေရာမှ သတိဝင်လာချိန်တွင် နတ်စစ်သူကြီး ဖန်က ကျိုးနေသော လက်ကိုင်တုတ်ဖြင့် မြို့စားမင်းကို နောက်ထပ်တစ်ကြိမ် ထပ်မံရိုက်နှက်လိုက်သည်ကို မြင်လိုက်ရသည်။

​ဝုန်း!

​မြို့စားမင်းလီ၏ မျက်လုံးများမှာ အဖြူရောင်ဖြစ်သွားပြီး လဲကျတော့မည့်အတိုင်း ယိုင်တိုင်တိုင် ဖြစ်သွားသည်။

​ဖန်ချန်သည် ခဏမျှ စဉ်းစားပြီးနောက် လက်ကိုင်တုတ်ကို မြှောက်ကာ နောက်ဆုံးတစ်ကြိမ် ထပ်မံရိုက်ချလိုက်ရာ ထိုလူသည် မြေပြင်ပေါ်သို့ ခွေခနဲ လဲကျသွားတော့သည်။

​၎င်းကို မြင်သောအခါ ဖန်ချန်သည် လက်ကိုင်တုတ်ကို ဘေးသို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ပြီး မိန်းမစိုးယူ ဘက်သို့ လှည့်ကာ

"ဒီလို အမှိုက်တွေကြောင့် နန်းတွင်းက ဒီလောက်အထိ ရှုပ်ပွနေတာပဲ မိန်းမစိုးယူ အဲဒီမှာ အရူးလို ရပ်မနေနဲ့တော့၊ ငါနဲ့အတူ နန်းတော်ထဲ လိုက်ခဲ့"

ဟု ပြောလိုက်သည်။

​"အာ... ဟုတ်ကဲ့ပါ..."

မိန်းမစိုးယူသည် အလျင်အမြန် ခေါင်းငုံ့ကာ ဖန်ချန်နောက်သို့ သုတ်ခြေတင် လိုက်ပါသွားတော့သည်။

​ဘေးနားရှိ မြို့စားမင်းလီ၏ ဆွေမျိုးများမှာမူ ပြန်လည်တုံ့ပြန်ရန် တစ်ခွန်းမျှပင် မဟရဲကြပေ။ သူတို့သည် ဘာလုပ်ရမှန်းမသိဘဲ ကြောင်အမ်းအမ်းဖြင့် ရပ်ကျန်ရစ်ခဲ့ကြသည်။

​

​ဧကရာဇ်၏ စာကြည့်ဆောင်အတွင်း။

​အေးဆေးတည်ငြိမ်နေသော ဖန်ချန်နှင့် မတူဘဲ ယူလုံချန်းမှာမူ တစ်ကိုယ်လုံး တောင့်တင်းနေပြီး အလွန်အမင်း စိုးရိမ်ပူပန်နေသည်။

​"မင်းတော့ တကယ်ကို လုပ်ချလိုက်တာပဲ"

ဟု ဧကရာဇ်က ခနဲ့တဲ့တဲ့ ပြောလိုက်သည်။

"ချင်းစုန်းအဆင့်မြင့်သိုင်းသင်တန်းကျောင်းကို တိုက်ခိုက်ဖို့ ဘယ်သူက မင်းကို အမိန့်ပေးလို့လဲမင်းလုပ်ရပ်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို သိရဲ့လား"

​ဧကရာဇ်က ဖန်ချန်ကို ငေါက်ငမ်းနေသည်ကို မြင်သောအခါ ယူလုံချန်းသည် ချက်ချင်း ဒူးထောက်လိုက်ပြီး အသံပင် မထွက်ရဲတော့ပေ။

​ဆန့်ကျင်ဘက်အနေဖြင့် ဖန်ချန်က အပြုံးဖျော့ဖျော့ဖြင့်

"အရှင်မင်းကြီး ချင်းစုန်းအဆင့်မြင့်သိုင်းသင်တန်းကျောင်းဆိုတာ မြို့တော်ထဲက ကင်ဆာကျိတ်တစ်ခုလိုပါပဲ သူတို့ဟာ နှစ်ပေါင်းများစွာအတွင်း အပြစ်မဲ့ပြည်သူများစွာကို ဒုက္ခပေးခဲ့ပါတယ်"

ဟု ပြောလိုက်သည်။

​"ငါက ဒါကို မသိဘူးလို့ မင်းထင်နေတာလား"

ဧကရာဇ်က အေးစက်စွာ ပြန်ပက်လိုက်သည်။

"ငါတို့ မဟာရှရဲ့ အခြေအနေက စိုးရိမ်ရတယ် မင်းရဲ့ ကျင့်စဉ်တွေ ပြန်ရလာပြီး သိုင်းပညာရှင်တစ်ယောက် ပြန်ဖြစ်လာတာ မှန်ပေမဲ့ အဲဒါက ဘာဖြစ်လဲ မင်းကိုယ်မင်း စစ်တပ်တစ်ခုလုံးစာလောက် အစွမ်းထက်တယ်လို့ ထင်နေတာလား လူတစ်သိန်းရှိတဲ့ 'ဝံပုလွေစစ်တပ်' ကို မင်းတစ်ယောက်တည်း ရင်ဆိုင်နိုင်မှာလား"

​"ငါတို့ မဟာရှဟာ စစ်အင်အား အတော်များများ ဆုံးရှုံးထားပြီးသား ဒီကိစ္စကြောင့် ချင်းစုန်းအင်ပါယာက ငါတို့ကို တိုက်ခိုက်လာရင် မင်း ဘယ်လို ကိုင်တွယ်မလဲ"

ဧကရာဇ်သည် ဖန်ချန်ကို စိုက်ကြည့်ကာ မေးလိုက်သည်။

​ယူလုံချန်းသည်လည်း ဖန်ချန်တွင် တကယ်ပဲ နောက်ဆက်တွဲအတွက် အစီအစဉ်ရှိမရှိ သိလိုသဖြင့် နားစွင့်နေမိသည်။

​"အရှင်မင်းကြီး စစ်သူကြီး ရှောင်းလန်း ရဲ့ စရိုက်ကို အရှင်မင်းကြီး သိပ်မသိသေးလို့ ဖြစ်ပါလိမ့်မယ် သူဟာ ရလဒ်ကို ရာနှုန်းပြည့် မသေချာမချင်း ဘယ်တော့မှ လှုပ်ရှားမှာ မဟုတ်ဘူး ကျွန်တော့်ရဲ့ လက်ရှိအခြေအနေအမှန်ကို သူ သေချာမသိသေးသရွေ့ မဟာရှကို ဘယ်တော့မှ စစ်မကြေညာရဲပါဘူး"

ဟု ဖန်ချန်က ပြုံးလျက် ပြောလိုက်သည်။

​ဧကရာဇ်က ဟောက်လိုက်သည်

"ဒါက မင်းရဲ့ အထင်ပဲလေ တကယ်လို့ တစ်ခုခု လွဲချော်သွားခဲ့ရင် မင်း တာဝန်ယူမှာလား"

​"ကျွန်တော် အပြည့်အဝ တာဝန်ယူပါ့မယ်"

ဖန်ချန်က ခေါင်းညိတ်သည်။

​"ကောင်းပြီ"

ဧကရာဇ်က ခေါင်းညိတ်လိုက်ပြီး

"ဒါပေမဲ့ မင်းရဲ့ မကြာသေးမီက လုပ်ရပ်တွေက တကယ်ကို မဆင်မခြင်နိုင်လွန်းတယ် ကုဟယ်၊ လုံတူး နဲ့ ယီကျိုး နိုင်ငံက လူတွေက ငါ့ရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြတာ ငါသာ သူတို့ကို သင့်တော်တဲ့ ရှင်းပြချက် မပေးနိုင်ရင် သူတို့ လက်လျှော့မှာ မဟုတ်ဘူး။ ငါတို့ မဟာရှဟာ ချင်းစုန်းနဲ့ သူသေကိုယ်သေ ဖြစ်နေရတဲ့ကြားထဲ သူတို့ကိုပါ ရန်မစနိုင်ဘူး"

​"အရှင်မင်းကြီး အမိန့်ပေးပါ ကျွန်တော် တသွေမတိမ်း လိုက်နာပါ့မယ်"

ဟု ဖန်ချန်က ပြောလိုက်သည်။

​"ဒီနေ့ကစပြီး မင်းရဲ့ဖခင် ဖန်ချန်းဟိုင်ကို ရာထူးသုံးဆင့် လျှော့ချမယ် သူဟာ အရှေ့ကျားတပ်ရင်း ရဲ့ ကျားတံဆိပ် ကို အပ်နှံရမယ် မင်းကိုတော့ တစ်သက်လုံး နန်းတွင်းကို ခြေမချဖို့နဲ့ စစ်သည်စုဆောင်းခြင်း မပြုဖို့ ပိတ်ပင်လိုက်တယ် ဒါဟာ သူတို့ရဲ့ ခွင့်လွှတ်မှုအတွက် ငါပေးခဲ့ရတဲ့ ကတိပဲ"

ဟု ဧကရာဇ်က တည်ငြိမ်စွာ ပြောကြားလိုက်သည်။

"မင်းမှာ ကန့်ကွက်စရာ ရှိသေးလား"

​ယူလုံချန်းမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားပြီး ရင်တုန်သွားသည်။

ဖန်ချန်တောင် ဒီလောက် ပြင်းထန်တဲ့ အပြစ်ဒဏ် ရရင် သူ့အတွက်ကော ဘာဖြစ်မလဲ သူက ဖန်ချန်လို နတ်စစ်သူကြီး မဟုတ်ဘူးလေ 'အနောက်ကျားတပ်ရင်း' ရဲ့ ဒုတိယတပ်မှူး ရာထူးကိုကော သူ ဆက်ထိန်းနိုင်ပါ့မလား

​တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ဖန်ချန်က ကြားဖြတ်ပြောလိုက်သည်

"ဪ နောက်တစ်ချက်ရှိသေးတယ် နန်းတော်တံခါးဝမှာ မြို့စားမင်းလီရဲ့ မိသားစုနဲ့ ကျွန်တော် အဆင်မပြေမှုလေး နည်းနည်း ဖြစ်ခဲ့တယ်"

​ဧကရာဇ်က စိတ်မရှည်စွာ လက်ခါပြလိုက်သည်။

"အဲဒီလို အသေးအဖွဲကိစ္စတွေကို ငါ့ကို လာမပြောနဲ့ ငါ နောက်ဆုံးတစ်ခေါက် ထပ်မေးမယ် ငါ အခုပြောလိုက်တဲ့ အမိန့်ကို မင်း ကန့်ကွက်စရာ ရှိလား"

​"ကန့်ကွက်စရာ မရှိပါဘူး အရှင်မင်းကြီးရဲ့ အမိန့်အတိုင်း လိုက်နာပါ့မယ်"

ဖန်ချန်သည် တည်ငြိမ်သော မျက်နှာထားဖြင့် အလေးပြုလိုက်သည်။ သူ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှု လုံးဝ မတွေ့ရပေ။

​၎င်းကို မြင်သောအခါ ဧကရာဇ်၏ မျက်လုံးထဲတွင် မသိမသာ မရိုးမသား ဖြစ်မှုများ ဖြတ်ပြေးသွားသည်။ သူက လက်ခါပြပြန်ပြီး

"မင်း သွားနိုင်ပြီ"

ဟု ပြောလိုက်သည်။

​"ဟုတ်ကဲ့"

ဖန်ချန်က နှုတ်ဆက်ကာ ထွက်ခွာသွားသည်။

​ယူလုံချန်းမှာ ဇဝေဇဝါ ဖြစ်နေသည်။

ဒါနဲ့ပဲ ပြီးသွားပြီလား ဧကရာဇ်က သူ့ကို အပြစ်မပေးတော့ဘူးလား ဧကရာဇ်က အလုပ်ပြန်လုပ်နေသည်ကို မြင်သောအခါ သူသည် ဖန်ချန်နောက်မှ သုတ်သုတ်သုတ်သုတ် လိုက်ထွက်ခဲ့တော့သည်။

​"နတ်ဘစစ်သူကြီး ဖန်"

ဖန်ချန် တိတ်ဆိတ်နေသည်ကို မြင်သောအခါ ယူလုံချန်းက လှမ်းခေါ်လိုက်သည်။

​"အင်း"

ဖန်ချန်က သူ့ကို ပြုံးလျက် လှည့်ကြည့်သည်။

​'ခင်ဗျားက ဘယ်လိုဖြစ်ပြီး ပြုံးနိုင်သေးတာလဲ'

ဟု ယူလုံချန်းက တွေးမိသော်လည်း တိုးတိုးလေးသာ မေးလိုက်သည်

"နတ်စစ်သူကြီး ဧကရာဇ်က ခင်ဗျားကို တစ်သက်လုံး နန်းတွင်း ခြေမချရဘူးလို့ ပိတ်ပင်လိုက်တာလေ ခင်ဗျား စိတ်မကောင်း မဖြစ်ဘူးလား"

​ဖန်ချန်က ပေါ့ပေါ့ပါးပါးပင်

"ဘာလို့ ဖြစ်ရမှာလဲ ဒါ ငါဖြစ်ချင်တာနဲ့ ကွက်တိပဲလေ နန်းတွင်းရေးတွေမှာ ဝင်ပါရတာ တကယ်ကို ပင်ပန်းဖို့ကောင်းတယ် အိမ်မှာပဲ ကိုယ့်ဘာကိုယ် အေးအေးဆေးဆေး သခင်လေးတစ်ယောက်လို နေရတာက ပိုပျော်စရာကောင်းတယ်"

ဟု ပြန်ဖြေလိုက်သည်။

​ယူလုံချန်းသည် ဖန်ချန်၏ စကားထဲမှ ရိုးသားမှုကို ခံစားမိသောကြောင့် ပို၍ပင် မယုံနိုင် ဖြစ်သွားသည်။

အတိတ်က ဖန်ချန်သည် ထိုကဲ့သို့သော လူမျိုး မဟုတ်ခဲ့ပေ ထိုစဉ်က ဖန်ချန်သည် ငယ်ရွယ်သော်လည်း အလွန်ထက်မြက်ပြီး သြဇာကြီးမားသော နန်းရင်းဝန်လီကိုပင် ပြန်လှန်ယှဉ်ပြိုင်ခဲ့သူ ဖြစ်သည်။

ထိုအချိန်က အရာရှိများစွာသည် ဖန်ချန်ကြောင့် ရာထူးရခဲ့ကြပြီး သူ၏ လက်အောက်ငယ်သားများမှာလည်း အလွန်များပြားလှသည်။

သူတို့အုပ်စုကို "ဖန်ဂိုဏ်း" ဟုပင် သီးသန့် ခေါ်ဝေါ်ခဲ့ကြသည် မဟုတ်ပါလား

​သို့သော် သုံးလောကတောင်၌ ရှုံးနိမ့်ပြီးနောက် ထိုဖန်ဂိုဏ်းသည် တစ်ညတည်းနှင့် ပြိုကွဲသွားခဲ့သည်။

​လူပေါင်းများစွာက ဖန်ချန်ကို ကျောခိုင်းသွားကြပြီး ဧကရာဇ်ထံသို့ သူ၏ အမှားများကို စာရင်းပြုစုကာ တိုင်တန်းခဲ့ကြသည်။

​ထို့ကြောင့် ကျင့်စဉ်တွေ ပြန်ရလာချိန်မှာ ဖန်ချန်အနေနဲ့ သူ၏ ရာထူးဟောင်းကို ပြန်လည်ရယူဖို့ ကြိုးစားလိမ့်မည်ဟု ယူလုံချန်းက ထင်မြင်ခဲ့ခြင်း ဖြစ်သည်။

သူသာ ဖန်ချန်နေရာမှာဆိုရင် သေချာပေါက် အဲဒီလို လုပ်မှာပဲ

​"သွားရအောင်"

ဖန်ချန်က လက်ဝှေ့ယမ်းကာ ယူလုံချန်းကို ခေါ်လျက် ဖန်အိမ်တော်သို့ ဦးတည်လိုက်သည်။

​သူသည် ယူလုံချန်း ၏ အတွေးကို ကောင်းကောင်း သိသည်။

သို့သော် အချို့ကိစ္စများကို ရှင်းပြမနေတော့သည်က ပိုကောင်းသည်။ သူ ဘယ်လောက်ပဲ ရှင်းပြရှင်းပြ ယူလုံချန်း နားလည်နိုင်လိမ့်မည် မဟုတ်ပေ။

​အတိတ်တွင်မူ သူသည် အာဏာကို တကယ်ပင် စွဲလမ်းခဲ့ဖူးသည်။ ပြည်သူများကို ကာကွယ်ရန် အဓိကထားခဲ့သော်လည်း ပိုမိုမြင့်မားသော ရာထူးအဆင့်အတန်းကို ရယူရန် သူ အမြဲ ကြိုးစားခဲ့သည်။

​သုံးလောကတောင်တွင် သူ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရခြင်းမှာ ချင်းစုန်းနိုင်ငံက ငှားရမ်းထားသော အဆင့်(၈)အင်ပါယာမှ ပညာရှင်ကြောင့် ဖြစ်သော်လည်း သူ၏ မောက်မာမှုကြောင့်လည်း ပါဝင်သည်။

သူ၏ မောက်မာမှုကြောင့် စစ်အင်အားအားလုံးကို တစ်နေရာတည်းတွင် စုစည်းမိခဲ့သည်။ ချင်းစုန်းအင်ပါယာကို တစ်ချက်တည်းနှင့် အမှုန့်ချေနိုင်မည်ဟု ထင်ခဲ့သော်လည်း အဆုံးတွင် စစ်သည်ပေါင်း သိန်းချီ၍ အသက်ဆုံးရှုံးခဲ့ရသည်။

​ထိုသစ္စာရှိသော ဝိညာဉ်ပေါင်းများစွာမှာ သုံးလောကတောင်အောက်တွင် မြှုပ်နှံခံထားရဆဲ ဖြစ်သည်။

၎င်းမှာ ဖန်ချန်၏ ရင်ထဲတွင် ငါးနှစ်တိုင်တိုင် ခံစားခဲ့ရသော ဝေဒနာနှင့် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုပင်။

​သူ့ကိုယ်သူ အကြိမ်ကြိမ် အပြစ်တင်ခဲ့ပြီး ရဲဘော်ရဲဘက်များ၏ အသက်အတွက် နောင်တအဆုံးမရှိ ဖြစ်ခဲ့ရသည်။ ကံမကောင်းစွာဖြင့် အတိတ်ကိုတော့ ပြန်ပြင်၍ မရနိုင်တော့ပေ။

​"အခု ငါလုပ်နိုင်တာက ငါ့ဘေးနားကလူတွေကို စောင့်ရှောက်ဖို့ မဟာရှကို ရန်သူတွေလက်က ကာကွယ်ဖို့ ပြီးတော့ မသေမျိုး တစ်ယောက် ဖြစ်လာဖို့ ကြိုးစားဖို့ပဲ"

ဟု ဖန်ချန်က ပြုံးလျက် တွေးလိုက်သည်။

​ယွမ်ဟယ် ကဲ့သို့သော ပုဂ္ဂိုလ်များသည် မိုင်ပေါင်းထောင်ချီကို စိတ်အလိုရှိသလို သွားလာနိုင်ကြသည်။ တစ်နေ့တွင် သူ၏ ကျင့်စဉ်များ ထိုအဆင့်ဆီသို့....

All Chapters