← Chapters

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

​အပိုင်း (၂၉) - လုံးဝကို အဓိပ္ပာယ်မရှိတာ

​အိမ်ရှေ့မင်းသားသည် နတ်မိမယ်ယွီ ကို သူမ၏ ထိုင်ခုံသို့ ခေါ်ဆောင်သွားရာ လူတိုင်းမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားကြသည်။

၎င်းမှာ ကဗျာဝိုင်း စတင်တော့မည်ဟူသော အချက်ပြမှုဖြစ်ပြီး သူတို့ကိုယ်ပိုင် လက်ရာများကို ထုတ်ပြကာ တစ်ညတွင်းချင်း နာမည်ကျော်ကြားလာရန် အားခဲနေကြသည်။

​ထိုင်ခုံတွင် နေရာယူပြီးနောက် အိမ်ရှေ့မင်းသားသည် ဖန်ချန် ကို ခပ်ပေါ့ပေါ့လေး ကြည့်ကာ ပြုံးလိုက်သည်။

"နတ်စစ်သူကြီးဖန် ဒီနေ့ ဘယ်လိုအကြောင်းကြောင့် ဒီကို ရောက်လာတာလဲ"

​ဖန်ချန် မဖြေခင်မှာပင် ထောင်ယွီ က ကြားဖြတ်ဖြေဆိုလိုက်သည်။

"အိမ်ရှေ့မင်းသား နတ် စစ်သူကြီးဖန်က ကဗျာနဲ့ စာပေတွေရဲ့ နက်နဲတဲ့ အရသာကို ခံစားကြည့်ချင်လို့ ဖြစ်မှာပေါ့ဗျာ။"

​အိမ်ရှေ့မင်းသားက သိသာထင်ရှားသောအချက်ကို အခုမှ သတိပြုမိသွားသကဲ့သို့ ခေါင်းညိတ်လိုက်သည်။

"ကောင်းတာပေါ့ နတ်စစ်သူကြီးဖန်အနေနဲ့ နန်းတွင်းထဲ ခြေမချရတော့ဘူး စစ်တပ်ကို မဦးဆောင်ရတော့ဘူး ဆိုရင်တောင် သိုင်းပညာကို စွန့်လွှတ်ပြီး စာပေပညာကို လေ့လာလိုက်စားခြင်းအားဖြင့် မဟာရှ ရဲ့ ဂုဏ်ရောင်ကို ထွန်းတောက်စေနိုင်ပါသေးတယ် နတ် စစ်သူကြီးဖန်က သိုင်းပညာမှာ ပါရမီထူးသူ ဖြစ်ပေမဲ့ စာပေဘက်ကို ကူးပြောင်းလိုက်မယ်ဆိုရင်လည်း ခင်ဗျားတို့အားလုံးထက် နိမ့်ကျနေမှာ မဟုတ်ပါဘူး"

​"အိမ်ရှေ့မင်းသား အရှင်က သားသတ်သမားတစ်ယောက် ကဗျာစပ်တာကို မြင်ဖူးလို့လား"

ဟု ရဲ့ချင်ဟဲ က လှောင်ပြောင်လိုက်သည်။

သူ၏ စကားကြောင့် ပရိသတ်ကြားတွင် ရယ်မောသံများ ဆူညံသွားခဲ့သည်။

နတ်မိမယ်ယွီ၏ မျက်မှောင်များမှာ မသိမသာ ကြုတ်သွားသည်။

သူမသည် ရယ်မောခဲ့သူများ၏ အမည်ကို မှတ်သားထားလိုက်ရာ ထောင်ယွီနှင့် ရဲ့ချင်ဟဲ၏ အမည်များမှာ ထိပ်ဆုံးက ပါဝင်နေသည်။

​ဖန်ချန်က သူ၏ လက်များကို လေထဲတွင် ဂရုမစိုက်သလို ဝှေ့ယမ်းပြလိုက်သည်။

"ငါက ကဗျာနဲ့ စာပေကို လာပြီး ခံစားကြည့်တာပါ၊ ပျင်းစရာကောင်းတဲ့ စကားတွေ လာပြောနေတာ မဟုတ်ဘူး စတင်လိုက်တာက ပိုကောင်းမယ် ထင်တယ်။"

​လူအုပ်ကြီး၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားသည်။

​အိမ်ရှေ့မင်းသားက ပြုံးလိုက်ပြီး လူအုပ်ကြီးကို မိန့်ကြားလိုက်သည်။

"ဒီနေ့ ကဗျာဝိုင်းရဲ့ ခေါင်းစဉ်က 'စစ်ပွဲများချုပ်ငြိမ်းရာ' ဖြစ်ပါတယ် ဒီနေ့ ကဗျာဝိုင်းကို ဘယ်သူက အရင်ဆုံး စတင်ပေးမလဲ"

သူ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူတစ်ယောက်မှာ ရှေ့သို့ ချက်ချင်း တိုးထွက်လာသည်။

​သူသည် ကြိုတင်ပြင်ဆင်ထားသော ကဗျာတစ်ပုဒ်ကို ရွတ်ဆိုပြရာ ပရိသတ်ထံမှ လက်ခုပ်သံများနှင့် ချီးမွမ်းသံများ ထွက်ပေါ်လာသည်။

​"ပြဇာတ်ကနေတာပဲ"

ဟု ဖန်ချန်က အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။ သို့သော် သူက ချက်ချင်းပင် ပြုံးပြကာ လက်ခုပ်တီးလိုက်ပြီး သူ၏ အကြည့်မှာ အိမ်ရှေ့မင်းသား၏ နောက်လိုက်များကို မသိမသာ အကဲခတ်နေသည်။

​စစ်ပွဲရပ်တန့်ရေး ကဗျာများ တစ်ပုဒ်ပြီးတစ်ပုဒ် ထွက်ပေါ်လာသည်နှင့်အမျှ ကဗျာဝိုင်း၏ အရှိန်အဟုန်မှာ အထွတ်အထိပ်သို့ ရောက်ရှိလာသည်။

မည်သူမှ ဖန်ချန် ရှိနေသည်ကို ဂရုမစိုက်ကြတော့ပေ။ အားလုံးက အိမ်ရှေ့မင်းသား၏ အသိအမှတ်ပြုမှုကို ရရှိရန်သာ အာရုံစိုက်နေကြသည်။

​'သူ့နောက်လိုက်တွေ အားလုံးက သိုင်းသမားတွေပဲ၊ အသန်မာဆုံးဆိုတဲ့ သူတောင် ချီပေါက်ကွဲခြင်းအဆင့် ရဲ့ ထိပ်ဆုံးမှာပဲ ရှိသေးတယ်။ ဝိညာဉ်သွေးဂိုဏ်း နဲ့ ပတ်သက်တဲ့ အရိပ်အယောင်တော့ မတွေ့ရသေးဘူး၊ ဒါပေမဲ့...'

ဖန်ချန် တွေးလိုက်ရင်း သူ၏ မျက်လုံးများတွင် သဘောကျသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

​သူ၏ လူများမှာ စတင် လှုပ်ရှားနေပြီဖြစ်သည်။ ထိုနေ့ မကုန်ဆုံးမီတွင် တာအိုဆရာနှင့် အိမ်ရှေ့မင်းသားကြား ဆက်နွှယ်မှုကို သူ ဖော်ထုတ်နိုင်လိမ့်မည်။

အကယ်၍ အိမ်ရှေ့မင်းသားမှာ ဝိညာဉ်သွေးဂိုဏ်းနှင့် အမှန်တကယ် ပတ်သက်နေပါက ၎င်းမှာ လုံးဝကို အခြားကိစ္စတစ်ခု ဖြစ်သွားလိမ့်မည်။

​"မြင်းစီးသူရဲကောင်းတွေ တောင်ထိပ်ပေါ် တက်လှမ်း သစ္စာရှိဝိညာဉ် သောင်းချီရဲ့ အရိုးတွေက သုံးလောကတောင်မှာ မြှုပ်နှံ အတိတ်က အောင်မြင်မှုတွေဟာ စစ်ပွဲတွေကြားမှာ ပျောက်ကွယ် ကျန်ရစ်တာက မိသားစုဝင်တွေရဲ့ အင်္ကျီလက်ကို စိုရွှဲစေတဲ့ မျက်ရည်တွေသာ"

​"တကယ့်ကို ကောင်းတဲ့ ကဗျာပဲ"

​"မဟာရှရဲ့ ထိပ်တန်းပညာရှိနဲ့ တကယ်ကို ထိုက်တန်ပါတယ် သူတို့ရဲ့ မိသားစုတွေနဲ့ ဘယ်တော့မှ ပြန်မဆုံနိုင်တော့တဲ့ သစ္စာရှိဝိညာဉ်တွေရဲ့ ငိုကြွေးသံကို ငါ ကွက်ကွက်ကွင်းကွင်း မြင်ယောင်နေမိတယ်"

​"ထောင်ညီနောင်... မင်းသာ အနာဂတ်မှာ ရာထူးတက်လာရင် မဟာရှကို စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆီ ခေါ်ဆောင်သွားနိုင်မှာ အသေအချာပဲ နှစ်ပေါင်းတစ်ရာ စစ်မဖြစ်ခဲ့တဲ့ ငါတို့ ကုဟယ် ပြည်နယ်လိုမျိုးပေါ့"

​ထောင်ယွီ၏ ကဗျာအတွက် လူအုပ်ကြီးမှာ မဆုံးနိုင်သော ချီးမွမ်းသံများနှင့်အတူ လက်ခုပ်တီးလိုက်ကြသည်။

သူတို့မှာ မရေမတွက်နိုင်သော သစ္စာရှိဝိညာဉ်များ ဝမ်းနည်းဖွယ် သေဆုံးခဲ့ရသည့် သုံးလောတောင် တိုက်ပွဲကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသလို ခံစားနေရသည်။

​ထောင်ယွီက ခပ်ဖွဖွ ရယ်မောလိုက်ရင်း သူ၏ လက်ထဲမှ ယပ်တောင်ကို ခါယမ်းကာ ဖန်ချန်ကို ကြည့်လိုက်သည်။

သူ၏ ကဗျာမှာ ဖန်ချန်ကို ဗြောင်ကျကျ ပုတ်ခတ်ထားခြင်း ဖြစ်သည်။

​မူလက ပရိသတ်မှာ ဖန်ချန် ရှိနေသည်ကို မေ့လျော့နေကြသော်လည်း ကဗျာကို ကြားပြီးနောက်တွင်မူ သူတို့၏ ခေါင်းများကို လှည့်ကာ ဖန်ချန်ကို နာကျည်းမှု၊ စိတ်ပျက်မှုနှင့် မထီမဲ့မြင်ပြုသည့် အကြည့်များဖြင့် စိုက်ကြည့်လိုက်ကြသည်။

​နတ်ဘုရားမရှောင်းမှာ အံ့အားသင့်သွားသည်။

သူမသည် ဖန်ချန်ကို လှမ်းကြည့်လိုက်ရာ သူမ၏ မျက်လုံးများတွင် မျှော်လင့်ချက်အရိပ်အယောင်များ ပေါ်လာသည်။ သူ နောက်ထပ် ဘာလုပ်မလဲ

​ထောင်ယွီ ရွတ်ဆိုခဲ့သည့် ကဗျာမှာ ဖန်ချန်၏ ရှေ့မှောက်တွင်ပင် အပြစ်တင်မှု၊ မထီမဲ့မြင်ပြုမှုနှင့် လှောင်ပြောင်မှုများ ပြည့်နှက်နေသည်မှာ သိသာလှသည်။

​နတ်မိမယ်ယွီသည် ထောင်ယွီကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ထောင်ယွီက သူမ သူ့ကို အာရုံစိုက်နေသည်ကို သတိပြုမိသွားပြီး သူမကို ပြန်ကြည့်ကာ ပြုံးပြလျက် ခေါင်းညိတ်ပြလိုက်သည်။

​သူသည် သူကိုယ်သူ ကျေနပ်နေသည်။

သူ၏ ကဗျာက သူမကို စွဲမက်သွားစေသည်ဟု သူ ယူဆလိုက်သည်။

​"နတ်မိမယ်ယွီ ထောင်ညီနောင်ရဲ့ ကဗျာကို ဘယ်လိုမြင်လဲ"

အိမ်ရှေ့မင်းသားက ခပ်တိုးတိုး ပြုံးလျက် မေးလိုက်သည်။

​"ကျွန်တော်ရဲ့ ကဗျာအပေါ် အမြင်လေးကို ပြောပြပေးပါဦး နတ်မိမယ်ယွီ"

ထောင်ယွီကလည်း ရိုသေစွာဖြင့် လက်အုပ်ချီကာ တောင်းဆိုလိုက်သည်။

​"ရှင့်ရဲ့ ကဗျာက..."

နတ်မိမယ်ယွီက စကားပြောရန် တုံ့ဆိုင်းနေသကဲ့သို့ ခေတ္တ စဉ်းစားနေသည်။

​ထောင်ယွီ၏ ကဗျာအပေါ် သူမ၏ ဝေဖန်မှုကို ကြားရန် လူတိုင်းက မျှော်လင့်တကြီး စောင့်စားနေကြသည်။

နတ်မိမယ်ယွီ၏ ပါဝင်မှုနှင့် ဝေဖန်ချက်သာ ရရှိပါက ဤကဗျာဝိုင်းမှာ အကြီးအကျယ် နာမည်ကြီးသွားမည်မှာ သေချာသည်။

​ခဏမျှ တိတ်ဆိတ်သွားပြီးနောက် နတ်မိမယ်ယွီက အလေးအနက် ပြန်ဖြေလိုက်သည်။

"ဒီကဗျာက... လုံးဝကို အဓိပ္ပာယ်မရှိတာပဲ "

​လူအုပ်ကြီးမှာ ခေတ္တမျှ မှင်တက်သွားကြသည်။

သူတို့အားလုံး အံ့အားသင့်သွားကြပြီး တစ်ယောက်ကို တစ်ယောက် ဇဝေဇဝါဖြင့် ကြည့်လိုက်ကြသည်။

​သူတို့ နားကြားမှားတာလား ဒါမှမဟုတ် နတ်မိမယ်ယွီက စကားမှားသွားတာလား

​ချီးမွမ်းစကားကို မျှော်လင့်နေသည့် ထောင်ယွီမှာ မျက်နှာတွင် သွေးမရှိတော့သလို ဖြူလျော့သွားပြီး တောင့်ခဲသွားသည်။

အိမ်ရှေ့မင်းသား၏ မျက်နှာထားပင် ပြောင်းလဲသွားသည်။

ကံကောင်းထောက်မစွာဖြင့် သူက တည်ငြိမ်မှုကို ထိန်းထားနိုင်ပြီး အေးဆေးစွာ ပြောလိုက်သည်။

"နတ်မိမယ်ယွီ... ဘာကို ဆိုလိုတာလဲ ထောင်ယွီရဲ့ ကဗျာက စစ်ပွဲရဲ့ ဝမ်းနည်းမှုတွေကို အပြည့်အဝ ဖော်ပြထားပြီး ဒီနေ့ရဲ့ ခေါင်းစဉ်နဲ့လည်း ကွက်တိကျတယ်လို့ ကျွတော်ယုံကြည်ပါတယ်"

​"အိမ်ရှေ့မင်းသား ကျွန်မက အမြင်ကျယ်တဲ့သူ မဟုတ်ပါဘူး စစ်ပွဲကို ရှောင်လွှဲတာက အကောင်းဆုံးရလဒ်ဆိုတာကိုလည်း သိပါတယ် ဒါပေမဲ့ မဟာရှဟာ အခုအချိန်မှာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာပါ ဒီလိုမျိုး စိတ်ကူးယဉ်ဆန်တဲ့ အတွေးတွေဟာ ရန်သူတွေ အသုံးချနိုင်မယ့် အားနည်းချက် ဖြစ်သွားမှာကို ကျွန်မ စိုးရိမ်မိပါတယ်။ ကျွန်မတို့ မဟာရှပြည်သူတွေဟာ ရန်သူတွေကို ထိပ်တိုက် ရင်ဆိုင်သင့်ပါတယ်"

"စစ်မြေပြင်မှာဆိုရင် ကျွန်မတို့ဟာ မိစ္ဆာတစ်ကောင်လို ရက်စက်ရမယ် ဓားတွေကို မြဲမြဲဆုပ်ကိုင်ပြီး ရန်သူတွေကို ခေါင်းဖြတ်၊ သူတို့ရဲ့ စစ်တပ်တွေကို ချေမှုန်းပစ်ရမယ်။"

နတ်မိမယ်ယွီက ခပ်ပါးပါး ပြုံးပြီး ဆက်ပြောသည်။

"ဒီလို လုပ်မှသာ ရန်သူတွေက ကျွန်မတို့ကို အလေးထားလာမှာဖြစ်ပြီး ကျူးကျော်ဖို့ မဝံ့ရဲကြမှာပါ အဲဒီအခါမှသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောတဲ့ ခေတ်တစ်ခေတ်ကို တည်ဆောက်နိုင်မှာပါ"

​နတ်မိမယ်ယွီ၏ အသံထွက်ပေါ်လာပြီးနောက် ခေတ္တမျှ တိတ်ဆိတ်သွားသည်။

​နတ်ဘုရားမရှောင်းသည် နတ်မိမယ်ယွီက ထိုကဲ့သို့သော အရာများကို ရှင်းရှင်းလင်းလင်း နားလည်ထားသည်ကို အံ့ဩနေမိသည်။

တစ်ဖက်တွင်မူ အိမ်ရှေ့မင်းသားမှာ သိသိသာသာ မကျေမနပ် ဖြစ်သွားသည်။

သူ ဖိတ်ကြားခဲ့သည့် နတ်မိမယ်ယွီက စစ်ပွဲကို ထောက်ခံလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ထားသည့် ပွဲတစ်ခုတွင် သူမက ဆန့်ကျင်ဘက် ပြောလိုက်ခြင်းမှာ သူ့မျက်နှာကို ဗြောင်ကျကျ ဖြတ်ရိုက်လိုက်ခြင်းနှင့် တူနေသည်။

​သို့သော် သူမ၏ မြို့တော်အတွင်းရှိ ကျော်ကြားမှုကြောင့် သူမကို ဗြောင်ကျကျ ဆူပူရန်မှာ မဖြစ်နိုင်ပေ။

​"တကယ်လို့ အဲဒီလိုဆိုရင်... သေဆုံးသွားတဲ့သူတွေအတွက် ဘယ်သူ့မှာ တာဝန်ရှိလဲ ဒဏ်ရာရခဲ့တဲ့ စစ်သည်တွေအတွက်ရော"

ဟု ထောင်ယွီက ဖန်ချန်ကို စိုက်ကြည့်ရင်း ခပ်တိုးတိုး မေးလိုက်သည်။

​နတ်မိမယ်ယွီက သူ့ကို ကြည့်ကာ ပြောလိုက်သည်။

"ရန်သူတွေ ကျူးကျော်လာလို့ ငါတို့ ပြည်သူတွေ အသတ်ခံရတဲ့အခါကျရင် ရှင့်မှာ တာဝန်ရှိမှာလား"

​ပညာရှိအများစုမှာ နက်နက်ရှိုင်းရှိုင်း စဉ်းစားသွားကြသည်။

​ကုဟယ်၊ လုံတူး နှင့် ယီကျိုး အင်ပါယာများမှ ပညာရှိများသည် မဟာရှမြို့တော်မှ ပညာရှိများနှင့် မိတ်ဆွေဖွဲ့ရန် ပျော်စရာအဖြစ် လာရောက်ခဲ့ကြခြင်း ဖြစ်သည်။

ထိုကဲ့သို့ မြင်ကွင်းမျိုးကို တွေ့ရလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။

​အမျိုးသမီးတစ်ဦးက ပါးစပ်ဖွင့်ကာ ပြောလိုက်သည်။

"နတ်မိမယ်ယွီ မင်းရဲ့ စကားတွေက လမ်းမှားနေပြီ မဟာရှက စစ်မတိုက်ချင်ဘူးဆိုရင် ရန်သူတွေကလည်း အလိုအလျောက် ရှိလာမှာ မဟုတ်ဘူး ဒါက ကုဟယ်က နှစ်ပေါင်းတစ်ရာ ငြိမ်းချမ်းရေးကို ဘယ်လို ထိန်းသိမ်းထားလဲဆိုတာပဲ"

ထို့နောက် သူမက အိမ်ရှေ့မင်းသားကို ကြည့်လိုက်သည်။

"အိမ်ရှေ့မင်းသား... အရှင်ဖိတ်ထားတဲ့ အမျိုးသမီးက ဒီကဗျာဝိုင်းရဲ့ အငွေ့အသက်ကို ညစ်နွမ်းအောင် လုပ်နေပုံရတယ်"

​ယခု စကားပြောလိုက်သည့် အမျိုးသမီးမှာ သာမန်လူမဟုတ်ပေ။

သူမသည် ကုဟယ်အင်ပါယာ၏ နံပါတ်တစ် တော်ဝင်မျိုးနွယ်စု ဖြစ်သော လုံ မိသားစုမှ တပည့်တစ်ဦး ဖြစ်သည်။

ကုဟယ်နှင့် မဟာ ရှကြား သတ္တုကုန်သွယ်မှုများကြောင့် သူမ လုံဟွေရှင်း သည် မဟာရှရှိ ကိစ္စရပ်များကို တာဝန်ယူထားသူ ဖြစ်သည်။

​နတ်မိမယ်ယွီသည် လုံဟွေရှင်းကို တစ်ချက်ကြည့်ကာ ခဏမျှ ပြုံးပြလိုက်သည်။ သူမ၏ မျက်လုံးများမှာ အေးစက်နေပြီး ငြင်းခုံရန် ဆန္ဒမရှိပေ။

​မထင်မှတ်ဘဲ ဖန်ချန်က လုံဟွေရှင်းကို ကြည့်ကာ ပြောလိုက်သည်။

"ကုဟယ်ရဲ့ နိုင်ငံသားတွေက သန်းဂဏန်းလောက်ပဲ ရှိတာပါ၊ အများစုကလည်း ဝေးလံခေါင်သီတဲ့ ဆင်းရဲတဲ့ ဒေသတွေမှာ နေကြတာ မင်းတို့ဆီမှာ သတ္တုတွင်းတွေ အများကြီး ရှိပေမဲ့ ဘေးကင်းလုံခြုံမှုအတွက်ဆိုပြီး အဲဒီထဲက ခုနစ်ဆယ်ရာခိုင်နှုန်းကို အဆင့်(၈) အင်ပါယာတစ်ခုဆီ နှစ်တိုင်း ပေးနေရတာလေ။ အဲဒါကြောင့်ပဲ မင်းတို့က နှစ်ပေါင်းတစ်ရာ ငြိမ်းချမ်းရေးကို ရနေတာ"

​စကားပြောရင်း သူ၏ အသံမှာ ပြင်းထန်သွားသည်။

"ဒါပေမဲ့ မင်းတို့လို မှူးမတ်တွေနဲ့ သူဌေးတွေက ဘာမှ ပူစရာမလိုဘဲ ကောင်းကောင်းမွန်မွန် နေထိုင်နေကြပေမဲ့ မင်းတို့ အုပ်ချုပ်မှုအောက်က သာမန်ပြည်သူတွေဟာ ငတ်ပြတ်နေကြရတယ်ဆိုတာ မင်းသိလား ဒါဆို ငါ့ကို ပြော၊ သာယာဝပြောမှု မရှိတဲ့ ငြိမ်းချမ်းရေးက ဘာအတွက် အသုံးကျမှာလဲ"

​အပိုင်း (၃၀) - နဂါးမြို့တော်ရဲ့ စစ်သူကြီး ရှိနေသရွေ့

​ဖန်ချန် ၏ စကားများကြောင့် လူတိုင်း၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားသည်။

​ကုဟယ် အင်ပါယာမှ ပညာရှိများ၏ မျက်နှာတွင် မကျေနပ်မှုနှင့် စိတ်အနှောင့်အယှက်ဖြစ်မှုများ ပေါ်လာပြီး အထူးသဖြင့် လုံဟွေရှင်း ၏ မျက်နှာမှာ အလွန်ပင် ပျက်ယွင်းသွားသည်။

​မဟာရှ မှ ပညာရှိများသည် ကုဟယ်၏ လက်ရှိအခြေအနေကို အနည်းငယ်သာ သိကြသည်။

ကုဟယ်ရှိ လူတိုင်းမှာ စာသင်ကြားခွင့် သို့မဟုတ် စစ်တပ်ထဲဝင်ခွင့် မရကြသည်ကိုပင် သူတို့ မသိကြပေ။

​ကုဟယ်တွင် သာမန်ပြည်သူများသည် တစ်သက်လုံး သတ္တုတွင်းလုပ်သားများအဖြစ်သာ ရှင်သန်ရပြီး သူတို့၏ သားသမီး မြေးမြစ်များမှာလည်း ထိုလမ်းစဉ်အတိုင်းသာ လိုက်ကြရသည်။

မျိုးနွယ်စုကြီးများမှ တပည့်များသာလျှင် ကြွယ်ဝချမ်းသာသော ဘဝတွင် မွေးဖွားလာကြခြင်း ဖြစ်သည်။

သူတို့က အကောင်းဆုံး အစားအသောက်နှင့် အဝတ်အထည်များကို ခံစားနေကြစဉ် သာမန်ပြည်သူများမှာမူ အသက်ရှင်ရပ်တည်ရန် ရုန်းကန်နေကြရသည်။

သူတို့သာလျှင် အင်ပါယာ၏ တင်းကြပ်လှသော လူမှုအဆင့်အတန်း လှေကားထစ်ကို တက်လှမ်းခွင့် ရှိကြသည်။

​ကုဟယ်အင်ပါယာရှိ သိုင်းပညာလမ်းစဉ်ကိုပင် ထိုမျိုးနွယ်စုကြီးများက အခိုင်အမာ ထိန်းချုပ်ထားကြသည်။ သာမန်ပြည်သူများ မည်မျှပင် ပါရမီထူးစေကာမူ သိုင်းပညာ လေ့လာသင်ယူခွင့် မရှိပေ။

​မှူးမတ်မျိုးနွယ်များက သူတို့အောက်ရှိ သာမန်ပြည်သူများ တိုးတက်နိုင်မည့် လမ်းစမှန်သမျှကို ပိတ်ဆို့ထားကြခြင်း ဖြစ်သည်။

​“မင်းက ဘယ်လို အရည်အချင်းမျိုး ရှိလို့ ဒီလောက် မောက်မာနေရတာလဲ အကယ်၍ မဟာရှကလည်း မင်းတို့လိုပဲ သာမန်ပြည်သူတွေကို စွန့်လွှတ်ပြီး အဆင့်မြင့်အင်ပါယာတစ်ခုဆီ နှစ်တိုင်း လက်ဆောင်တွေ ဆက်သနေမယ်ဆိုရင်... ချင်းစုန်း က ငါတို့ကို အခုလို ခြေဖျက်နိုင်ပါဦးမလား”

ဖန်ချန်က ပြုံးလိုက်သည်။

​လုံဟွေရှင်း၏ မျက်နှာမှာ ဖြူလျော့သွားပြီး သူမက အော်ဟစ်လိုက်သည်။

“ဖန်ချန်... နင့်ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို တော်လိုက်တော့ ကုဟယ်က ပြည်သူတွေ ငတ်ပြတ်နေတယ်လို့ မင်းကို ဘယ်သူပြောလဲ”

​“စိတ်ကူးယဉ်မနေစမ်းပါနဲ့ မျက်စိမမြင်တဲ့သူတောင် အမှန်တရားကို မြင်နိုင်ပါတယ် လုံမိသားစုရဲ့ တပည့်တစ်ယောက်က ဘာလို့ ဒီလောက်တောင် အသိဉာဏ်နည်းနေရတာလဲ”

ဖန်ချန်က နှာခေါင်းရှုံ့လိုက်သည်။

“ငါတို့ ချင်းစုန်းအင်ပါယာနဲ့ တိုက်ခိုက်နေတာဟာ ငါတို့နိုင်ငံက ပြည်သူတွေ အနည်းဆုံးတော့ ထမင်းတစ်လုပ် စားနိုင်ဖို့နဲ့ ဆောင်းတွင်းမှာ နွေးနွေးထွေးထွေး နေနိုင်ဖို့အတွက်ပဲ နတ်မိမယ်ယွီ ပြောတာ မှန်တယ် လောကကြီးအကြောင်းနဲ့ ပြည်သူတွေအကြောင်း ဘာမှမသိတဲ့သူတစ်ယောက်က ကဗျာတွေအကြောင်း ဆွေးနွေးဖို့ ဘာအရည်အချင်း ရှိလို့လဲ”

​ထိုစကားကို ကြားသောအခါ နတ်မိမယ်ယွီ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် ဝင်းလက်သွားပြီး ဖန်ချန်ကို ခိုးကြည့်လိုက်သည်။

သခင်ကလေး က လုံဟွေရှင်းကို ဗြောင်ကျကျ ဆူပူလိုက်ပြီး သူမဘက်က ရပ်တည်ပေးခဲ့သည့်အတွက် သူမ အလွန်ပင် ကျေနပ်သွားသည်။

သခင်လေးသည် လူအများ၏ အာရုံစိုက်ခံရခြင်းကို မနှစ်သက်သူဖြစ်ကြောင်း သူမ ကောင်းကောင်းသိသည်။

အခုလို ပြောလိုက်ခြင်းမှာ သူမအတွက် ရပ်တည်ပေးခဲ့ခြင်းသာ ဖြစ်သည်။

​အမျိုးသမီးတစ်ဦးဖြစ်သည့် နတ်ဘုရားမရှောင်းမှာမူ ယောက်ျားနှင့် မိန်းမကြားရှိ ကိစ္စရပ်များကို အထူးပင် အကဲခတ်မြန်သည်။

သူမ၏ အာရုံက တစ်ခုခု မရိုးသားကြောင်း သိလိုက်သည်။ သူမက ဖန်ချန်ကို တစ်ချက်ကြည့်ပြီးနောက် နတ်မိမယ်ယွီကို ကြည့်လိုက်သည်။

​နတ်မိမယ်ယွီကလည်း သူမ၏ အကြည့်ကို သတိပြုမိသွားပြီး နတ်ဘုရားမရှောင်းကို စူးစမ်းသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

သခင်လေးတွင် ကိုယ်ပိုင်အစေခံမိန်းကလေး မရှိကြောင်း သူမ သေချာပေါက် သိထားသည်။

သို့ဆိုလျှင် သူ၏ ဘေးတွင် ရပ်နေသော ထိုအမျိုးသမီးက မည်သူနည်း

သူမသည် အနည်းငယ် ခြိမ်းခြောက်ခံရသလို ခံစားလိုက်ရပြီး နတ်ဘုရားမရှောင်းကို ရန်လိုသော အကြည့်ဖြင့် ပြန်ကြည့်လိုက်သည်။

​“နတ်စစ်သူကြီးဖန် ဒါက ကဗျာဝိုင်း ဖြစ်တဲ့အတွက် လုံသခင်မလေးနဲ့ နတ်မိမယ်ယွီတို့ ကဗျာအပေါ် အနည်းငယ် ငြင်းခုံကြတာက ပုံမှန်ပါပဲ ဒါပေမဲ့ ခင်ဗျားက ကဗျာအကြောင်း အများကြီး မသိဘူးဆိုတော့ ဒီကိစ္စထဲမှာ ဝင်မပါတာက ပိုကောင်းမယ် ထင်တယ်”

ဟု ရဲ့ချင်ဟဲ က ကြားဝင် စေ့စပ်လိုက်သည်။

​လုံဟွေရှင်းနှင့် အခြားသူများ၏ မျက်နှာမှာ အလွန်ပင် မသက်မသာ ဖြစ်နေပြီး ချက်ချင်း ထွက်သွားချင်နေသည့် ပုံစံမျိုး ဖြစ်နေသည်။

သို့သော် လုံတူးနှင့် ယီကျိုးမှ ပညာရှိများက သူတို့ကို မထွက်သွားရန် ဝိုင်းဝန်း ဖျောင်းဖျလိုက်ကြသည်။

​ငြင်းခုံမှုမှာ နတ်မိမယ်ယွီက ကဗျာကို

“လုံးဝ အဓိပ္ပာယ်မရှိတာ”

ဟု ပြောဆိုခဲ့ခြင်းကြောင့် စတင်ခဲ့ခြင်း ဖြစ်သည်။

ကဗျာရှင်ဖြစ်သူ ထောင်ယွီသည် ဒေါသကို ထိန်းချုပ်ကာ ပြောလိုက်သည်။

“နတ်စစ်သူကြီးဖန် ခင်ဗျားက ကဗျာဝိုင်းရဲ့ ခေါင်းစဉ်ကို ဝေဖန်နေတာ ကြာလှပြီဆိုတော့ ခင်ဗျားမှာ ကျွန်တော်တို့ကို ဝေမျှပေးမယ့် ကဗျာတစ်ပုဒ်လောက် ရှိမလား”

​“ငါ့ကို ကဗျာရွတ်ခိုင်းတာလား အဲဒါက တကယ်ကို ခက်ခဲတဲ့ ကိစ္စပဲ ဒါပေမဲ့ ရှေးဟောင်းစာအုပ်တစ်အုပ်ထဲမှာ ငါ့ရင်ကို တုန်လှုပ်စေခဲ့တဲ့ ကဗျာတစ်ပုဒ်ကို ငါ ဖတ်ဖူးခဲ့တယ်။ အဲဒါကို အားလုံးအတွက် ငါ ရွတ်ပြရမလား”

ဟု ဖန်ချန်က ပြောလိုက်သည်။

​“ရွတ်ဆိုပါဦး”

ဟု အိမ်ရှေ့မင်းသားက တည်ငြိမ်စွာ ပြောလိုက်သည်။

​နတ်မိမယ်ယွီနှင့် နတ်ဘုရားမရှောင်း အပါအဝင် လူတိုင်း၏ အာရုံမှာ ဖန်ချန်ထံသို့ ကျရောက်သွားသည်။

သူတို့ သိထားသလောက်ဆိုလျှင် ဖန်ချန်သည် ကဗျာအကြောင်း ဘာမှမသိသလို ရှေးဟောင်းကဗျာစာအုပ်များကို ဖတ်ဖူးသူလည်း မဟုတ်ပေ။

​ဖန်ချန်က သူ၏ မျက်လုံးများကို ခဏမျှ မှိတ်ကာ သူ၏ အတွေးများကို စုစည်းလိုက်သည်။ ထို့နောက် သူက ပြုံးလိုက်ပြီး အေးဆေးစွာ ရွတ်ဆိုလိုက်သည်။

​“ချင်း ခေတ်မှာ လမင်းက လင်းလက်ခဲ့တယ်၊ ဟန် ခေတ်မှာ နယ်စပ်တံခါးတွေကို ပိတ်ခဲ့တယ် မိုင်ပေါင်းသောင်းချီတဲ့ ခရီးရှည်မှာ ပြန်မလာနိုင်သူတွေ အများကြီးပဲ နဂါးမြို့တော်ရဲ့ ရဲရင့်သောစစ်သူကြီး သာ ရှိနေသရွေ့... ရန်သူ့မြင်းတပ်တွေ ယင်းရှန်း တောင်တန်းကို ဖြတ်ကျော်ဖို့ မဝံ့ရဲကြဘူး”

​သူ၏ အသံမှာ ဝိညာဉ်စွမ်းအင် ပါဝင်နေသဖြင့် လူတိုင်း၏ နားထဲတွင် ရှင်းရှင်းလင်းလင်း ပဲ့တင်ထပ်သွားသည်။

​လူအုပ်ကြီးမှာ ခဏမျှ စဉ်းစားနေကြသော်လည်း သူတို့ ခုနက ကြားလိုက်ရသည့် အရာကို နားမလည်နိုင် ဖြစ်နေကြသည်။

​သူတို့၏ မျက်နှာထားများ ပြောင်းလဲသွားပြီး ဖန်ချန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။

​“ချင်း ဆိုတာ ဘာလဲ ဟန် ကရော ဘယ်မှာလဲ”

​“ရန်သူ့မြင်းတပ်တွေဆိုတာက ဘာကို ဆိုလိုတာလဲ”

​“ရဲရင့်သောစစ်သူကြီး ဆိုတာက... သူ့ကိုယ်သူ ပြောတာလား”

​“တကယ်ကို ကောင်းတဲ့ ကဗျာပဲ!”

နတ်မိမယ်ယွီက မအောင့်နိုင်ဘဲ အော်ဟစ်လိုက်သည်။

​“ဒီကဗျာကို ငါ ရေးခဲ့တာ မဟုတ်ဘူး၊ မဟာရှနဲ့လည်း မသက်ဆိုင်ဘူး အားလုံးပဲ တစ်ထစ်ချ မတွေးလိုက်ကြပါနဲ့ဦး”

ဖန်ချန်သည် ပြုံးလျက် မတ်တပ်ရပ်လိုက်ပြီးနောက် ထွက်သွားတော့သည်။

​နှစ်ပေါင်း ၂၀ ကျော်ကြာ သူ ဖုံးကွယ်ထားခဲ့သော အတိတ်က အမှတ်ရစရာများမှာ သူ၏ စိတ်ထဲတွင် တစ်ကျော့ပြန် ပေါ်လာခဲ့ပြန်သည်။

​နတ်ဘုရားမရှောင်းသည် လေးနက်သော မျက်နှာထားဖြင့် သူ၏နောက်မှ လိုက်လာခဲ့သည်။

ကဗျာထဲမှ ရန်သူ့မြင်းတပ်များမှာ ချင်းစုန်းအင်ပါယာကို တင်စားထားခြင်း ဖြစ်သည်ဟု သူမ ခံစားလိုက်ရသည်!

​“အိမ်ရှေ့မင်းသား ကျွန်မ နေမကောင်းလို့ အရင်သွားခွင့်ပြုပါဦး”

နတ်မိမယ်ယွီသည်လည်း မတ်တပ်ရပ်ကာ နှုတ်ဆက်လိုက်သည်

အိမ်ရှေ့မင်းသားက သူမကို လိုက်ပို့ရန် လူလွှတ်ပေးမည်ဟု ဆိုသော်လည်း သူမက ယဉ်ကျေးစွာ ငြင်းဆန်ခဲ့သည်။

​ဖန်ချန်နှင့် နတ်မိမယ်ယွီတို့ နှစ်ဦးစလုံး ထွက်သွားခဲ့သော်လည်း သူတို့သည် ကဗျာဝိုင်း၏ အငွေ့အသက်ထဲတွင် တစ်စုံတစ်ခုကို ချန်ထားခဲ့ပုံရသည်။

လူအုပ်ကြီးမှာ တိတ်ဆိတ်သွားကြပြီး အချို့မှာ ဖန်ချန် ချန်ထားခဲ့သော ကဗျာကို တိုးတိုးလေး ရွတ်ဆိုနေကြသည်။

​ထောင်ယွီ၏ မျက်နှာမှာ စိမ်းဖျော့သွားသည်။ သူ တကယ်ကို အရှက်ရသွားခဲ့ပြီ။

သူ၏ ကဗျာကို နတ်မိမယ်ယွီက အဓိပ္ပာယ်မရှိဟု ပယ်ချခဲ့သော်လည်း ဖန်ချန်၏ ကဗျာမှာမူ ချီးမွမ်းခြင်း ခံခဲ့ရသည်။

​ရဲ့ချင်ဟဲ က ချောင်းတစ်ချက် ဟန့်လိုက်သည်။

“ဟင်း... အားလုံးပဲ သူပြောတာကို စိတ်ထဲ မထားကြပါနဲ့။ ဒီကဗျာကို သူကိုယ်တိုင် ရေးတာ မဟုတ်ဘူးလို့ သူ ပြောသွားတာပဲလေ”

​လူအုပ်ကြီးက သူ့ကို တိတ်ဆိတ်စွာ ကြည့်လိုက်ကြသည်။ သူ ရေးတာ မဟုတ်ဘူးလား ဒါပေမဲ့ အဲဒီကဗျာကို သူတို့ တစ်ခါမှ မကြားဖူးခဲ့ပါလား...

​“အားလုံးပဲ ဒီနေ့ရဲ့ ခေါင်းစဉ်က ‘စစ်ပွဲများချုပ်ငြိမ်းရာ’ ပါ၊ ဆက်လက် ဆွေးနွေးကြရအောင်”

ဟု အိမ်ရှေ့မင်းသားက မိန့်ကြားလိုက်သည်။

လူအုပ်ကြီးက ခေါင်းညိတ်ပြကြသော်လည်း ယနေ့ ကဗျာဝိုင်းမှာ လုံးဝ ပျက်စီးသွားပြီ ဖြစ်ကြောင်း အိမ်ရှေ့မင်းသား သိလိုက်သည်။

​သူသည် ဖန်ချန် ထွက်သွားသည့် ဘက်သို့ အေးစက်စက် ကြည့်လိုက်သည်။

​“နဂါးမြို့တော်ရဲ့ ရဲရင့်သောသူစစ်သူကြီး ရှိနေသရွေ့ ဟုတ်လား အဲဒီ နဂါးကြီး မရှိတော့မှသာ အကောင်းဆုံး ဖြစ်လိမ့်မယ်”

ဟု သူက တိုးတိုးလေး ရေရွတ်လိုက်သည်။

​မဟာရှမြစ်မှ ထွက်လာပြီးနောက် ဖန်ချန်သည် သူ မကြာခဏ သွားလေ့ရှိသော လက်ဖက်ရည်ဆိုင်သို့ သွားခဲ့သည်။ လမ်းတွင် နတ်ဘုရားမရှောင်းက အသံတိုးတိုးဖြင့် မေးလိုက်သည်။

“နင်ရဲ့ ကဗျာက မဟာရှနဲ့ ချင်းစုန်း အင်ပါယာတွေကို ရည်ညွှန်းတာလား”

​ဖန်ချန်က ခေါင်းခါပြလိုက်သည်။

“မဟုတ်ပါဘူး။ မင်းတို့ရဲ့ ချင်းစုန်းအင်ပါယာက ဒီကဗျာထဲက တင်စားချက်တွေကို ယှဉ်နိုင်ဖို့ အရည်အချင်း မရှိသေးပါဘူး”

​နတ်ဘုရားမရှောင်မှာ ဒေါသထွက်သွားသော်လည်း သူမက နှာခေါင်းရှုံ့လိုက်ပြီး အကြောင်းအရာကို ပြောင်းလိုက်သည်။

“ဒါနဲ့ မင်း ဘာလို့ ဒီနေ့ ကဗျာဝိုင်းကို သွားခဲ့တာလဲ မနေ့က တာအိုဆရာရဲ့ မည်သူမည်ဝါ ဖြစ်ကြောင်းကို စုံစမ်းဖို့ လူလွှတ်ထားပြီးပြီလား”

​“ဘာလို့ အလျင်စလို ဖြစ်နေရတာလဲ လက်ဖက်ရည်ဆိုင် ရောက်မှပဲ အေးအေးဆေးဆေး စကားပြောကြတာပေါ့။”

ဖန်ချန်က ပြုံးလိုက်သည်။

​မကြာမီ သူတို့ ရောက်ရှိသွားကြသည်။

​ဆိုင်ထဲရှိ လူများမှာ ဖန်ချန်ကို မြင်နေကျ ဖြစ်သဖြင့် မထူးဆန်းသော်လည်း ဖန်ချန် သိုင်းပညာ ပြန်ရပြီဟု သိထားကြသဖြင့် သူတို့၏ အပြုအမူများမှာ ပြောင်းလဲသွားသည်။

​“နတ်စစ်သူကြီးဖန်... လက်ဖက်ရည် ရပါပြီ။”

သူ နေရာယူပြီး မကြာမီမှာပင် ဆိုင်အစေခံတစ်ဦးက သူ အကြိုက်ဆုံး လက်ဖက်ရည်ကို လာချပေးသည်။ ထိုအစေခံသည် နတ်ဘုရားမရှောင်ကို တစ်ချက် လှမ်းကြည့်ပြီးနောက် ပြန်ထွက်သွားသည်။

​ဖန်ချန်က လက်ဖက်ရည်ခွက်ကို မလိုက်သောအခါ အောက်တွင် စာတိုလေးတစ်စောင်ကို တွေ့လိုက်ရသည်။

​နတ်ဘုရားမရှောင်း၏ စူးရှသော မျက်လုံးများက စာထဲတွင် ရေးထားသည်ကို မြင်သွားခဲ့သည်။

​လွန်ခဲ့တဲ့ ခြောက်နှစ်က တာအိုဆရာဟာ ပဉ္စမမင်းသား ရဲ့ စစ်တပ်နောက်ကနေ လိုက်ပါလာရင်း အိမ်ရှေ့မင်းသား ကျင်းပတဲ့ စားသောက်ပွဲမှာ ပေါ်လာခဲ့ဖူးပါတယ်။

​ပဉ္စမမင်းသား လောကကြီးကို စိတ်မဝင်စားဘဲ အေးအေးဆေးဆေး နေတတ်သူဟု လူသိများသော မင်းသား။

သူသည် ဗျူရို ၏ အကြီးအကဲလည်း ဖြစ်သည်။ သူက ဝိညာဉ်သွေးဂိုဏ်းနှင့် ပတ်သက်နေတာလား

​“သူ့မှာ တစ်ခုခု မရိုးသားတာ ရှိနေတယ် သူ့လက်အောက်မှာ ဒီလောက် အစွမ်းထက်တဲ့သူ ရှိနေပါလျက်နဲ့ ဘာလို့ ဧကရာဇ်မင်းမြတ်ကို အေးအေးဆေးဆေး အလုပ်အကျွေး ပြုနေတာလဲ”

ဟု နတ်ဘုရားမရှောင်းက ခပ်တိုးတိုး ပြောလိုက်သည်။

​

END.

All Chapters