← Chapters

အခန်း (၁၉၁)

Vol. 20 Ch. 191

အခန်း (၁၉၁)

Vol. 20 Ch. 191

အခန်း။ ၁၉၁

ကျားမလေး၏ ရွှေရောင်မျက်ဝန်းအစုံမှာ ရေခဲမုန့်ကို မြင်ယောင်နေပုံပင်။ ကျူးယွီဟန်က အားအင်ချည့်ခိုင်စွာဖြင့် တစ်စုံတစ်ရာ ပြောဆိုရန် ဟန်ပြင်လိုက်သော်လည်း ပြန်လည်ငြိမ်သက်သွားခဲ့၏။

ကျားမလေးက မျက်လုံးလေး ကစားလိုက်ရင်း “ယွီဟန်... နင့်အမေကို ရေခဲမုန့်တွေ အများကြီး ဝယ်ခိုင်းပြီး ငါ့အတွက် နေ့တိုင်း နည်းနည်းစီ ခိုးယူလာပေးပါလား”

ကျူးယွီဟန်က မောပန်းစွာဖြင့် ခေါင်းခါပြလိုက်သည်။

“မရပါဘူးဟာ ငါ့အမေက အန်တီချန်နဲ့ သတင်းချင်း ဖလှယ်နေတာ။ နင် ဘာလုပ်လုပ် သူတို့ချက်ချင်း သိသွားမှာ”

ကျားမလေးခမျာ ခေါင်းလေး ငိုက်စိုက်ကျသွားတော့သည်။

“ဟူး... ထားလိုက်ပါတော့။ ဒီနေ့တော့ ကိတ်မုန့်အကြောင်း မပြောတော့ဘူး”

သူမသည် စကားလမ်းကြောင်း လွှဲလိုက်တော့သည်။ စကားလမ်းကြောင်း မလွှဲပါက သူမ ပို၍ပင် ဗိုက်ဆာလာတော့မည်ပင်။

“ဒါနဲ့... ကိုကိုရွှီရန်ရဲ့ ကပ်ဘေးပေါင်းစုံ မီးလျှံက တကယ်ကို အံ့ဩဖို့ကောင်းတာနော်။ ငါသာ အဲဒီမီးလျှံတွေကို အများကြီး စုပ်ယူနိုင်ရင် ငါ့ရဲ့လက်သီးတွေနဲ့တင် ရန်သူအားလုံးကို ဘုန်း ဘုန်း ဆိုပြီး အနိုင်တိုက်ပွဲဝင်ပြမှာ”

ကျားမလေး၏ ကပ်ဘေးပေါင်းစုံ မီးလျှံ အပေါ် တပ်မက်မှုမှာ ကိတ်မုန့်လေးများအပေါ် တပ်မက်မှုနှင့် ထပ်တူပင်။ ကျူးယွီဟန်မှာမူ အားဖြည့်အချိုရည်ကို တမြုံ့မြုံ့ သောက်သုံးနေ

ရင်း ကပ်ဘေးပေါင်းစုံ မီးလျှံ အကြောင်း ကြားလိုက်ရသည်နှင့် မသိစိတ်မှ တုန်ရင်သွားရသည်။

“အဲဒီမီးလျှံက အရမ်း အရမ်းကို အန္တရာယ်များတာနော်။ နင် လျှောက်မလုပ်နဲ့ ကိုကိုရွှီရန် ခွင့်ပြုမှ ဖြစ်မှာ”

သူမ ပုံကြီးချဲ့ပြောဆိုနေခြင်း မဟုတ်ပေ။ အဆိုပါ မီးလျှံ၏ အန္တရာယ်မှာ အလွန်မြင့်မားပြီး ရှင်သန်နိုင်ခြေမှာ ကုဋေတစ်သန်းတွင် တစ်ယောက်ပင် ရှိနိုင်ရန် ခဲယဉ်းသော အခြေအနေမျိုးပင်။

ကျားမလေးက သူမ၏ ရွှေရောင်မျက်ဝန်းလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း “ငါလည်း သိပါတယ်။ အန္တရာယ်မများရင် ကိုကိုရွှီရန်က ငါ့ကို သုံးခိုင်းမှာပေါ့။ ကိုကိုရွှီရန်က ငါ့အပေါ် အရမ်းကောင်းတာ။ အန္တရာယ်မရှိဘူးဆိုရင် သူက ငါ့ကို ဘာမဆို သင်ပေးချင်တာ ဟိဟိ”

စကားပြောနေစဉ်မှာပင် တောက်... တောက်... ဆိုသော ခြေသံလေးများ ထွက်ပေါ်လာသည်။ ရွှီရန်မှာ သူတို့နှစ်ဦး၏ နောက်ကွယ်သို့ မည်သည့်အချိန်ကတည်းက ရောက်ရှိနေသည်မသိ။ ရင်းနှီးနေသော ခြေသံကို ကြားလိုက်ရသည်နှင့် ကျားမလေးက ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်ပြီး သူမ၏ ရွှေရောင်မျက်ဝန်းလေးများတွင် အပြုံးရိပ်များ ယှက်သန်းသွားတော့သည်။

“ကိုကိုရွှီရန် ဘယ်တွေသွားနေတာလဲ။ ညီမတို့ တိုက်ပွဲကိုတောင် လာမကြည့်ဘူး”

ရွှီရန်: “ကိစ္စလေးတွေ ရှိလို့ပါ”

ကျားမလေးက စပ်စုသောလေသံဖြင့် “ပန်းခြံထဲက ထွက်သွားတာလား။ ရေခဲမုန့်ရော ပါသေးလားဟင်”

ရွှီရန်က လက်နှစ်ဖက်ကို ဘေးသို့ ဖြန့်ပြလိုက်ရင်း “မပါဘူး။ အန်တီချန်က နင်စားဖို့ လုံးဝခွင့်မပြုပါနဲ့ဆိုပြီး အထူးမှာကြားထားလို့”

ကျားမလေးခမျာ ခေါင်းလေး ပြန်ငိုက်ကျသွားပြန်သည်။

“တစ်ဘူးတည်းတောင် မရဘူးလားဟင်”

ရွှီရန်က မရယ်ဘဲ မနေနိုင်တော့ပေ “မရဘူးလေ စိတ်မကောင်းပါဘူး”

ကျားမလေးမှာ စက္ကန့်အနည်းငယ်မျှ စူပုတ်နေသော်လည်း ချက်ချင်းဆိုသလိုပင် အားအင်များ ပြန်လည်ပြည့်ဝလာကာ “ဘယ်သူနိုင်လဲ ခန့်မှန်းကြည့်ပါဦး”

ရွှီရန်က ကျားမလေးကို တစ်ချက်ကြည့်လိုက်ပြီး “နင်သာ ရှုံးမယ်ဆိုရင် ဒီလောက် တက်ကြွနေပါ့မလား။ နင်နိုင်တာ သေချာပါတယ်”

ကျားမလေး၏ အနိုင်လိုချင်စိတ်မှာ အလွန်ပြင်းထန်လှသည်။ သူမသာ ရှုံးနိမ့်ခဲ့ပါက မြင်မကောင်းလောက်အောင် စိတ်ဓာတ်ကျနေမည် ဖြစ်၏။ ရှေ့တွင် ရေခဲမုန့်တစ်ဘူး လာချပေးလျှင်ပင် စားချင်စိတ် ရှိမည်မဟုတ်ပေ။

ကျားမလေးက တက်ကြွလန်းဆန်းသော အပြုံးလေးဖြင့် “ဒါပေမဲ့ ယွီဟန်က အခု အရမ်း အရမ်းကို အစွမ်းထက်လာပြီနော်။ ညီမရဲ့ မျှော်စင်လေးကို မသုံးရင် သူ့ကို မနိုင်တော့ဘူး”

ရွှီရန်က ချီးကျူးလိုက်သည်။

“မဆိုးဘူး မဆိုးဘူး။ နင်က ရှစ်နှစ်တောင် မပြည့်သေးဘူးလေ။ ရှစ်နှစ်ပြည့်သွားရင်တော့ နင့်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အဆပေါင်းများစွာ တိုးတက်လာမှာပါ”

ကျားမလေးက လက်ကို ခါးထောက်လိုက်ရင်း “၃၉ ရက်ပဲ လိုတော့တယ်။ ညီမ ရှစ်နှစ်

ပြည့်လို့ အသွင်ပြောင်းလဲမှု ပြီးဆုံးသွားတာနဲ့ ကိုကို့ကို လာစိန်ခေါ်မှာနော်”

ကြည့်ရသည်မှာ ဤကောင်မလေးသည် ရက်များကို တစ်ရက်ချင်း သေချာရေတွက်နေပုံရသည်။

ရွှီရန်က အပြုံးလေးဖြင့် ခေါင်းကို ခပ်ဖွဖွယမ်းလိုက်ပြီး သူ၏ အကြည့်များက ကျူးယွီဟန်ဆီသို့ ရောက်ရှိသွားသည်။ ရွှီရန်၏ အကြည့်ကို ခံစားမိသည်နှင့် ကျူးယွီဟန်က ခေါင်းတစ်ချက် မော့ကြည့်ပြီးနောက် ချက်ချင်းပင် ပြန်လည်ငုံ့သွားတော့သည်။

ရွှီရန်က ကျူးယွီဟန်ကို ပေါ့ပေါ့ပါးပါးပင် အားပေးလိုက်သည်။

"ကျားမလေးနဲ့ အပြန်အလှန် ယှဉ်နိုင်တယ်ဆိုကတည်းက ဒီနေ့ နင့်ရဲ့ တိုးတက်မှုက အံ့မခန်းပဲလို့ ပြောလို့ရတယ်"

ကျူးယွီဟန်၏ မျက်နှာပေးမှာ ရေပြင်ကဲ့သို့ နူးညံ့တည်ငြိမ်နေသည်။

“ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ်...”

“တကယ့်ကို အထင်ကြီးစရာပဲ။ ရွေးချယ်ပွဲပြိုင်ပွဲအတွင်းမှာ ကပ်ဘေးပေါင်းစုံ မီးလျှံ သုံးစက်ကို နင် ဆက်ပြီး အသုံးချလို့ရတယ်”

“ဒါနဲ့... ငါပေးထားတဲ့ သွေးစွမ်းအင်ကျင့်စဉ်ကိုရော နင် တတ်မြောက်သွားပြီလား?”

ကျူးယွီဟန်က အားနည်းသော လေသံဖြင့် ခေါင်းညိတ်ပြသည်။

“သင်ယူပြီးပါပြီ အဲဒါက တကယ့်ကို အရမ်း အရမ်းကို အသုံးဝင်တာပဲ”

ရွှီရန်က ရုတ်တရက် သတိရသွားသည်။

“ဩော်... ကြည့်ရတာ ငါလေ့ကျင့်နေတဲ့ အတောအတွင်းမှာ နင် သင်ယူလိုက်တာပဲ ဖြစ်မယ်။ တော်တယ် တကယ့်ကို အထင်ကြီးစရာပဲ”

ရွှီရန်က ကျူးယွီဟန်ကို ထပ်တလဲလဲ ချီးကျူးနေသည်ကို မြင်သောအခါ

ကျားမလေးမှာ ပါးဖောင်းဖောင်းလေးဖြင့် မနာလိုသလို ကြည့်နေတော့သည်။

“ကိုကိုရွှီရန်... ဘာလို့ ညီမကိုကျတော့ အရမ်းတော်တယ်လို့ မပြောရတာလဲ?”

ရွှီရန်က ပြုံးပြီး ကျားမလေး၏ ခေါင်းကို ပုတ်ပေးလိုက်သည်။

“အေးပါ အေးပါ... နင်လည်း အရမ်းတော်ပါတယ်”

ကျားမလေးက ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။

“ဟီးဟီး... ကိုကိုရွှီရန် ညီမရော ဘယ်တော့လောက်ဆို ကပ်ဘေးပေါင်းစုံ မီးလျှံ ကို သုံးလို့ရမလဲဟင်?”

ရွှီရန်က အလေးအနက် စဉ်းစားလိုက်သည်။

“မသေချာသေးဘူး။ ခဏလောက် ထပ်စောင့်ဦး။ နင့်ရဲ့ အခြေအနေက ယွီဟန်နဲ့ မတူဘူးလေ။ နင့်မှာ သူမလိုမျိုး ကောင်းကင်ဘုံပေး စွမ်းရည်မှ မရှိတာ”

ကျားမလေးမှာ အနည်းငယ် စိတ်ပျက်သွားသည်။

“ဩော်... နှမြောစရာကြီးပဲ...”

ရွှီရန်က ရုတ်တရက် မျက်နှာတည်လိုက်ပြီး “နှမြောစရာ ဟုတ်လား။ နင် အာကာသပိုင်းဖြတ်

ချက်ကိုရော တတ်ပြီလား။ လောဘပဲ ကြီးမနေနဲ့ဦး။ ကပ်ဘေးပေါင်းစုံ မီးလျှံ အကြောင်း မစဉ်းစားခင် အာကာသပိုင်းဖြတ်ချက် ကို အရင်တတ်အောင် လုပ်ဦး!”

ဒုက္ခပါပဲ။

ကျားမလေးမှာ လည်ပင်းလေး ပုသွားပြီး ကျူးယွီဟန်၏ နောက်တွင် ချက်ချင်း မျက်နှာဝှက်

လိုက်တော့သည်။

“ဟိဟိ ယွီဟန်... နင်က အနံ့လေး မွှေးနေတာပဲ”

ကျူးယွီဟန် “...”

ရွှီရန်က သက်ပြင်းတစ်ချက်ချရင်း ထိုမိန်းကလေးငယ် နှစ်ယောက်ကို ကြည့်လိုက်သည်။

“ယွီဟန်လေး... ကျားမလေးတို့နဲ့ များများ လေ့ကျင့်ပေးဖို့ မမေ့နဲ့ဦး။ မတူညီတဲ့ တိုက်ပွဲ အခြေအနေတွေကို ရွေးသားသွားအောင်လို့။ ပြီးတော့ နင့်ရဲ့ အရာခပ်သိမ်း ရပ်တန့်ခြင်းကိုလည်း အချိန်ကိုက် သုံးဖို့ မမေ့နဲ့။ ရန်သူကို တစ်စက္ကန့်ရဲ့ တစ်ဆယ်ပုံတစ်ပုံလောက်ပဲ တုံ့ဆိုင်းသွားအောင် လုပ်နိုင်ရင်တောင် တိုက်ပွဲရလဒ်ကို ပြောင်းလဲပစ်နိုင်တယ်ဆိုတာ မှတ်ထား”

ကျူးယွီဟန်က အားနည်းသောလေသံဖြင့်ပင် ခေါင်းညိတ်ပြသည်။

"ဟုတ်ကဲ့ပါ..."

ရွှီရန်: "ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစမ်းပါ။ စိတ်ဓာတ်ကို မြှင့်ထား"

ကျူးယွီဟန်က ခါးကို မတ်မတ်ဆန့်ထိုင်လိုက်ပြီး "ဟုတ်ကဲ့!"

"ကောင်းပြီ... ငါလည်း သွားလေ့ကျင့်တော့မယ်။ နင်တို့နှစ်ယောက်လည်း အနားယူကြဦး..."

ထိုသို့ပြောပြီးနောက် ရွှီရန်သည် လှည့်ထွက်သွားပြီး နေရာလွတ်တစ်ခုကို ရှာကာ စူပါပေါက်ကွဲအားပါသော ဓားချက် ဟကို စတင်လေ့ကျင့်တော့သည်။

ထို့နောက် အာရုံစိုက်လိုက်ပြီး ဓားကို ပိုင်းချလိုက်သည်။

သစ်ပင်ရိပ်အောက်တွင် ရွှီရန်၏ လှုပ်ရှားမှုများက သန့်ရှင်းသပ်ရပ်ပြီး လျှင်မြန်လှသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားရိပ်များက ဖြတ်ပြေးသွားသည်။ သူသည် ဓားထုတ်သည့် အရှိန်ကို အထွတ်အထိပ်သို့ ရောက်ရှိရန် မမောမပန်း ဆက်တိုက် လေ့ကျင့်နေခြင်းပင်။

လောကရှိ သိုင်းပညာအပေါင်းတွင် အရှိန်နှုန်းသည်သာ အနှိုင်းမဲ့စွမ်းအားဖြစ်သည်။

ဓားထုတ်သည့်အရှိန်သည် တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံမျှသာ ပိုမြန်နေလျှင်ပင် တစ်ခါတရံတွင် တိုက်ပွဲရလဒ်ကို ပြောင်းလဲစေနိုင်ပြီး သေခြင်းနှင့် ရှင်ခြင်းကို ပြောင်းပြန်လှန်ပစ်နိုင်သည်။

ပိုမြန်ရမယ်။

ပိုမြန်ရမယ်။

ပိုပြီး မြန်ရမယ်။

ရွှီရန်၏ မျက်ဝန်းများမှာ စိတ်အားထက်သန်မှုကြောင့် တောက်လောင်နေသည်။

[သင်သည် စူပါပေါက်ကွဲအားပါသော ဓားချက်ကို ဝီရိယရှိရှိ လေ့ကျင့်နေသည်။ လက်ရှိတိုးတက်မှု (အခြေခံအဆင့်): ၂၁၀၀/၁၀၀၀၀...]

ရွှီရန်သည် ဓားသိုင်းပညာရပ်တွင် ထူးခြားပြောင်မြောက်သော ပါရမီရှိကြောင်း သက်သေပြနေသည်။

နာရီဝက်အတွင်းမှာပင် နေ့စဉ်ရရှိမည့် တိုးတက်မှုအမှတ် +100 ပြည့်သွားခဲ့ပြီဖြစ်သည်။

"ပြီးပြီ။ နောက်ထပ် ကိုယ့်ကိုယ်ကိုယ် စည်းကမ်းထိန်းသိမ်းမှုအစီအစဉ်ကို ဆက်လုပ်ရမယ်"

ရွှီရန်သည် သူ၏ချွေးများကို သုတ်လိုက်ပြီး ဓားဦးဖျားကို ကလောင်တစ်ခုကဲ့သို့ အသုံးပြုကာ မြေပြင်ပေါ်တွင် သူကိုယ်တိုင်ပင် အဓိပ္ပာယ်မသိသည့် လျှို့ဝှက်ဆန်းကြယ် သင်္ကေတများကို စတင်ရေးထိုးတော့သည်။

နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ ကိစ္စမရှိပေ။ မှော်စွမ်းရည်၏ တိုးတက်မှုအမှတ် တက်လာနေသရွေ့ အားလုံးက အဆင်ပြေနေပြီဖြစ်သည်။

All Chapters