← Chapters

အခန်း (၁၉၃)

Vol. 20 Ch. 193

အခန်း (၁၉၃)

Vol. 20 Ch. 193

အခန်း။ ၁၉၃

ကျားမလေး၏ မျက်ဝန်းများ အံ့အားသင့်သလို ဝိုင်းစက်သွားသည်။

“ဒါပေါ့ ကိုကိုရွှီရဲ့! ဒီ အာကာသပိုင်းဖြတ်ချက်ကို ဖန်တီးနိုင်အောင် ညီမကို ကူညီပေးခဲ့တာ ကိုကိုကိုယ်တိုင်ပဲလေ! အား!”

“ကိုကိုက ဘာလို့ ဒါရဲ့ စွမ်းအားကို သံသယဝင်နေရတာလဲ?”

“အာကာသပိုင်းဖြတ်ချက်ဆိုတာ လုံးဝကို အနှိုင်းမဲ့တာ! ရွှေရောင်မျှော်စင်လေးရဲ့ လွှမ်းခြုံမှုအောက်မှာ ရှိသမျှအရာအားလုံးရဲ့ တည်နေရာနဲ့ အာကာသကို ညီမ ထိန်းချုပ်နိုင်တယ်။ ရန်သူ့ခန္ဓာကိုယ်ကို အပိုင်းပိုင်းပြတ်သွားအောင် ခွဲထုတ်ပစ်ဖို့ဆိုတာ သဘာဝကျကျ ဖြစ်နိုင်တာပဲလေ။ ဒါပေမဲ့ ဒါက ညီမရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ မျှော်စင်ရဲ့ စွမ်းအားက အလွန်မြင့်မားနေဖို့ လိုသလို၊ လုံလောက်တဲ့ သွေးစွမ်းအင်လည်း ရှိဖို့ လိုအပ်တာပေါ့...”

“ဒါပေမဲ့ ညီမက ကိုယ့်ထက်အဆင့်မြင့်တဲ့သူကိုတောင် ကျော်ပြီး တိုက်ခိုက်နိုင်မှာနော်!”

ကျားမလေးသည် ကလေးတစ်ယောက်ကဲ့သို့ ဖြူစင်ကာ ကူးစက်တတ်သော အပြုံးမျိုးဖြင့် ပြုံးပြလိုက်ရာ ရွှီရန်မှာလည်း မရယ်ဘဲ မနေနိုင်တော့ပေ။

“ဒါက ငါကိုယ်တိုင် ဖန်တီးထားတဲ့ မှော်အတတ်ပဲ ဖြစ်နေပါစေဦး... ငါ့ရဲ့ နားလည်မှုကို အမြဲတမ်း ပြန်လည်ပြင်ဆင်နေရမယ်။ ဘာတစ်ခုမှ မပြောင်းလဲဘဲ တည်ရှိမနေဘူးလေ”

“ဒါပေမဲ့ နင့်ရဲ့ အာကာသပိုင်းဖြတ်ချက်ကို ငါ အကြမ်းဖျင်းတော့ နားလည်သွားပြီ။ ဆိုလိုတာက နင့်ရဲ့ မျှော်စင်လေးအတွင်းက အာကာသကို ပိုပြီး တိတိကျကျ ထိန်းချုပ်နိုင်ဖို့ လိုအပ်တာပဲ။ တစ်ဖက်မှာလည်း နင့်ရဲ့ သွေးစွမ်းအင်နဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု ပိုမြင့်လေလေ ရန်သူ့အပေါ် ဖိနှိပ်နိုင်စွမ်းက ပိုပြီး လွှမ်းမိုးလာလေလေပဲ မဟုတ်လား?”

ရွှီရန်က ဆက်လက်၍ အနှစ်သာရကို ထောက်ပြလိုက်သည်။

“ပထမတစ်ခုက တိကျမှု ဒုတိယတစ်ခုကတော့ အားအင်အစစ်အမှန်ပေါ့”

ကျားမလေးသည် စိတ်အားထက်သန်စွာဖြင့် ထောက်ခံလိုက်သည်။ သူမ၏ ရွှေရောင်မျက်ဝန်းများက တောက်ပနေပြီး ရွှီရန်ကို ကြည်ညိုလေးစားသည့် အကြည့်များဖြင့် ကြည့်နေသည်။

“ကိုကိုရွှီပဲ တကယ်တော်တယ်! ကိုကို ဖော်ပြလိုက်တာက အရမ်းကို တိကျလွန်းတယ်!”

ရွှီရန်က သူမကို လက်တွေ့ကျကျ လမ်းညွှန်လိုက်သည်။

“အင်း... တကယ်လို့ ထိန်းချုပ်မှု တိကျမှုကို မြှင့်တင်ချင်တယ်ဆိုရင်တော့ ဝီရိယရှိရှိ လေ့ကျင့်ရမယ်။ အကြိမ်တစ်သောင်း၊ အကြိမ်တစ်သိန်းလောက်အထိ လေ့ကျင့်ရမယ်။ ဇွဲရှိလျှင် ဆန်ရင်းခဲမှ အပ်ဖြစ်သည် ဆိုသလိုပေါ့။ သွေးစွမ်းအင်နဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု တိုးဖို့အတွက်ကတော့ အချိန်ယူပြီး စုဆောင်းရမှာ”

ထို့နောက် ရွှီရန်က စူးစမ်းသော အကြည့်ဖြင့် မေးလိုက်သည်။

“နောက်တစ်ခုက... နင် အာကာသပိုင်းဖြတ်ချက်ကို သုံးတဲ့အခါ လက်ကို ဝှေ့ယမ်းပြနေဖို့ မလိုဘူး မဟုတ်လား။ ဒီစွမ်းရည်ကို အသက်သွင်းဖို့ လက်မြှောက်ပြီး ပိုင်းဖြတ်တဲ့ ပုံစံမျိုး လုပ်ပြနေစရာ မလိုဘူးမလား?”

ကျားမလေးသည် ကသိကအောက်ဖြင့် ရယ်လိုက်မိသည်။

“ဟုတ်... ဟုတ်ကဲ့၊ တကယ်တော့ မလိုပါဘူး။ ကိုကိုရွှီ ဓားဝှေ့ယမ်းတာကို မြင်ရတာ အရမ်းမိုက်လို့ ညီမက လိုက်လုပ်ကြည့်တာပါ”

ရွှီရန်က လက်ကာပြလိုက်ပြီး ပြတ်သားစွာ သတိပေးလိုက်သည်။

“နောက်ဆိုရင် အဲဒီလို မလိုအပ်တဲ့ အပိုအလုပ်တွေ မလုပ်နဲ့၊ အချိန်ကုန်တယ်။ နင့်ရဲ့ အာကာသပိုင်းဖြတ်ချက်က စိတ်နဲ့တင် အသက်သွင်းလို့ ရနေတာပဲဟာ ဘာလို့ ရန်သူကို ပြင်ဆင်ဖို့ အချိန်ပေးနေမှာလဲ? နင် ရူးနေတာလား?”

ကျားမလေးသည် သူမ၏အမှားကို နားလည်သွားပြီး လိမ္မာသောကလေးတစ်ယောက်ကဲ့သို့ ခေါင်းညိတ်ပြလိုက်တော့သည်။ သူမသည် အခြားသူများရှေ့တွင် ကြံ့ခိုင်သန်စွမ်းသော ပါရမီရှင်တစ်ဦး ဖြစ်သော်လည်း ရွှီရန်၏ရှေ့တွင်မူ လိမ္မာသော ညီမလေးတစ်ယောက်ကဲ့သို့သာ ဖြစ်နေသည်။

“ကောင်းပြီလေ။ ငါ့နောက် လိုက်ခဲ့ ကျင့်စဉ်တစ်ခုယူဖို့ ရတနာတိုက်ဆီ သွားကြစို့”

ရွှီရန်က ပြောလိုက်ရာ ကျားမလေးသည် ဝမ်းသာအားရဖြင့် ရှေ့မှ ပြေးထွက်သွားတော့သည်။

မကြာခင်မှာပင် သူတို့နှစ်ဦးသည် ရတနာတိုက်သို့ ရောက်ရှိသွားကြသည်။ ရတနာတိုက် တာဝန်ခံသည် ရွှီရန်ကို မြင်သည်နှင့် အလွန် လေးစားမိတယ်ဟူသော စကားကိုသာ ဆိုနိုင်တော့သည်။ ရက်ပေါင်းများစွာ ကြာသည်အထိ မည်သူမျှ မလုပ်ဆောင်နိုင်သော ကျင့်စဉအသစ်တစ်ခုကို ၂ ရက်အတွင်း ဖန်တီးခဲ့သည့် ရွှီရန်၏ ပါရမီသည် လူတိုင်းကို တုန်လှုပ်စေခဲ့သည်။ ဤသည်မှာ ကမ္ဘာသစ်တစ်ခုကို လမ်းဖွင့်ပေးလိုက်သကဲ့သို့ပင်။

တကယ့်ကို ထိတ်လန့်စရာကောင်းတဲ့ ပါရမီပဲ။

"ဒီကလေးက ငါ့ရဲ့ ကမ္ဘာ့အမြင်ကို ထပ်ပြီး ရိုက်ချိုးဦးမလို့လား?"

တာဝန်ခံသည် ရွှီရန်ကို တစ်ချက်ကြည့်ရှုပြီးနောက် သူ့အား အတင်းအကျပ် ဆွဲခေါ်လာသည့် ကျားမလေးကို ကြည့်လိုက်သည်။ ကျားမလေးသည် တာဝန်ခံအတွက်မူ အမှတ်ရစရာ ကလေးမလေးတစ်ဦး ဖြစ်၏။ သူမသည် ဘယ်သောအခါမျှ အားလျှော့ခြင်းမရှိဘဲ စွမ်းအင်များ အမြဲပြည့်ဝနေသည့်အပြင် ဝမ်းနည်းစရာဟူသည် ဘာမှန်းမသိသော မီးတောက်ကလေးတစ်ဦးနှင့်ပင် တူလှသည်။

“ကျန်းလျူလီ ရှစ်နှစ်ပြည့်ပြီလား။ သွေးစွမ်းအင်ကျင့်စဉ် သင်ယူတော့မလို့လား။ ဘယကျင့်စဉ်ကို ရွေးချယ်မှာလဲ”

တာဝန်ခံက မေးမြန်းလိုက်ရာ ကျားမလေးက လက်ကလေးထောင်၍ ဝမ်းသာအားရ အော်

လိုက်သည်။

“နတ်ဘုရားတစ်ပိုင်းကျင့်စဉ်ပါ”

တာဝန်ခံက မျက်ခုံးပင့်လိုက်ရင်း “သိပြီ ငါ့နောက် လိုက်ခဲ့ကြ”ဟု ပြေ ကာ သေတ္တာအတွင်းမှ သော့တွဲတစ်ခုကို ထုတ်ယူ၍ ကျင့်စဉ်များ သိမ်းဆည်းထားသည့် လျှို့ဝှက်ခန်းဆီသို့ ရွှီရန်နှင့် ကျားမလေးကို ခေါ်ဆောင်သွားတော့သည်။

“ဝါး... ရွှေရောင်လိပ်ခွံတွေ အများကြီးပဲ!”

ကျားမလေးက အံ့အားသင့်စွာ ပြောလိုက်သောအခါ တာဝန်ခံက စိတ်ရှည်လက်ရှည် ရှင်းပြသည်။

“ဒါတွေက ကောင်းကင်ဘုံစိတ်ဝိညာဉ်လိပ်တွေရဲ့ အခွံတွေလေ။ အလင်းဓာတ်ရှိပြီး အဆိပ်အတောက်ကင်းတဲ့ ပုံဆောင်ခဲသားရဲတွေပေါ့။ သူတို့မှာ မှော်စွမ်းအားတွေ ရှိတယ်...”

တာဝန်ခံ၏ စကားမဆုံးမီမှာပင် ကျားမလေး၏ မျက်လုံးများက တောက်ပသွားပြီး “အသားကရော စားလို့ကောင်းလားဟင်?” ဟု ရုတ်တရက် မေးမြန်းလိုက်တော့သည်။

တာဝန်ခံမှာ ခေတ္တမျှ ဆွံ့အသွားပြီးမှ “အဲ... မစားဖူးဘူးကွ။ ဒါပေမဲ့ ငါတို့ အခွံအတွက်သုံးတဲ့ လိပ်တွေက သက်တမ်း နှစ်ရာကျော်နေပြီဆိုတော့ အသားက တော်တော်မာနေလောက်ပြီ” ဟု ဖြေကြားလိုက်ရာ ကျားမလေးက စိတ်ပျက်လက်ပျက်ဖြင့် “နှမြောစရာကြီး...” ဟု ရေရွတ်လိုက်သည်။

ရွှီရန်က ကျားမလေး၏ နဖူးကို ခပ်ဖွဖွလေး တောက်လိုက်ရင်း “ဘာက နှမြောစရာလဲဟ။ တွေ့သမျှအရာအားလုံး လျှောက်စားနေရင် နင့်အတွက်ပဲ အန္တရာယ်ရှိလိမ့်မယ်” ဟု ဆူလိုက်တော့သည်။

ရွှီရန်သည် နတ်ဘုရားတစ်ပိုင်းကျင့်စဉ် ရေးထိုးထားသည့် လိပ်ခွံကို ကျားမလေး၏ ခေါင်းပေါ်သို့ အသာအယာ တင်ပေးလိုက်ပြီး “ကိုင်ထား လေ့ကျင့်ရေးခန်းဆီ သွားကြစို့။ ငါ နင့်ကို ရှင်းပြပေးမယ်။ နင် ဒါကို အမြန်ဆုံး တတ်မြောက်သွားအောင်လို့” ဟု တိုက်တွန်းလိုက်သည်။

ကျားမလေးသည် လိပ်ခွံကို တလေးတစား ကိုင်ဆောင်ကာ ရွှီရန်၏နောက်သို့ လိုက်ပါသွားတော့သည်။

"ယေး!"

ကျားမလေးသည် ခေါင်းပေါ်တွင် လိပ်ခွံလေးကို တင်ထားလျက် ရတနာတိုက်အတွင်းမှ ပျော်

ရွှင်စွာ ခုန်ပေါက်ထွက်သွားတော့သည်။ တာဝန်ခံက နောက်ကွယ်မှနေ၍ “အရမ်း မလောပါနဲ့ဦး။ ရတနာအရိုးတစ်ခုပါ ယူသွားဦး။ ကျင့်စဉ်ကို နားလည်သွားပြီဆိုရင် အဲဒီအရိုးပေါ်မှာ တစ်ခါ ပြန်ရေးထွင်းကြည့် ပြီးမှ လေ့ကျင့်မှုကို စမ်းသပ်။ တကယ်လို့ မအောင်မြင်သေးရင် အောင်မြင်တဲ့အထိ ထပ်ခါတလဲလဲ ပြန်ရေးထွင်းနေဦး” ဟု လှမ်း၍ သတိပေးလိုက်သည်။

ရွှီရန်က ရတနာအရိုးကို လှမ်းယူလိုက်ရင်း တာဝန်ခံကို ကျေးဇူးတင်စကား ပြောလိုက်သည်။ တာဝန်ခံကမူ ကလေးများ၏ တက်ကြွမှုကို ကြည့်ကာ “ကြိုးကြိုးစားစား လေ့ကျင့်ကြ။ ရွေးချယ်ပွဲပြိုင်ပွဲမှာ အဆင့်ကောင်းကောင်း ရအောင်လုပ်ကြနော်” ဟု ဆုတောင်းပေးလိုက်၏။ ကျားမလေးကမူ သူမ၏ လက်သီးငယ်ကို ဝှေ့ယမ်းပြလျက် “လုပ်မှာပေါ့! သေချာပေါက် လုပ်မှာပါ!” ဟု တိုက်ပွဲဝင်စိတ်ဓာတ် အပြည့်ဖြင့် ကတိပြုလိုက်သည်။

အခြားတစ်ဖက်တွင်မူ ကျားမလေးသည် ရွှီရန်ကို လေ့ကျင့်ရေးခန်းဆီသို့ အတင်းအကျပ် ဆွဲခေါ်သွားတော့သည်။ သူမသည် ဤနေ့ကို လွန်ခဲ့သော နှစ်လကတည်းက တစ်ရက်ချင်း ရေတွက်စောင့်ဆိုင်းနေခဲ့ရသဖြင့် အလွန်ပင် စိတ်စောနေခြင်း ဖြစ်သည်။

“စနစ်တကျ ထိုင်လိုက်ဦး”

ရွှီရန်က ပြောလိုက်သောအခါ ကျားမလေးက “ထိုင်နေပါပြီရှင်” ဟု ပြောကာ တင်ပလ္လင်ခွေထိုင်လျက် ရွှေရောင်မျက်ဝန်းလေးများဖြင့် အလေးအနက် စိုက်ကြည့်နေတော့သည်။ သူမသည် ရတနာအရိုးကို ရွှီရန်၏ရှေ့တွင် အသေအချာ ကိုင်ထား၏။

ရွှီရန်က ကျင့်စဉ်ကို စတင်ရှင်းပြလိုက်သည်နှင့် တစ်ပြိုင်နက် ပညာရှိ၏ လမ်းညွှန်မှုဟူသော စွမ်းရည်အာနိသင်က ချက်ချင်း အသက်ဝင်လာတော့သည်။

[သင်သည် အခြားသူများကို လမ်းညွှန်ပြသပေးနေချိန်တွင် ၎င်းတို့ကို သိသိသာသာ တိုးတက်သွားစေရန် အခွင့်အလမ်းတစ်ခု ရှိသည်။ နားလည်နိုင်စွမ်း မြင့်မားသူများအပေါ်တွင် ပိုမိုထိရောက်မှုရှိသည်]

ဒုတိယမြောက် စွမ်းရည်စဉ်တန်း၏ မှော်စွမ်းရည်များသည် တကယ့်ကို အံ့မခန်း အာနိသင်ရှိလှသည်။ ယခင်က ကိုယ်ပျောက်အတတ်ကို တစ်လအတွင်း တတ်မြောက်ခဲ့သော ကျားမလေး၏ မြင့်မားလှသည့် နားလည်နိုင်စွမ်းနှင့် ရွှီရန်၏ ပညာရှိလမ်းညွှန်မှုတို့ ပေါင်းစပ်လိုက်သောအခါ သူမသည် ရွှီရန် သင်ကြားသမျှကို အကုန်လုံး လုံးဝဥဿုံ စုပ်ယူနိုင်သွားတော့သည်။

ရွှီရန်၏ စကားလုံးတိုင်းမှာ ကျားမလေး၏ စိတ်အာရုံထဲတွင် ရုပ်လုံးပေါ်လာပြီး ကျင့်စဉ်၏ နက်နဲသော အနှစ်သာရများကို သူမ အလွယ်တကူပင် သဘောပေါက်သွားသည်။ သူမ၏ ပတ်ဝန်းကျင်တွင်လည်း သွေးစွမ်းအင်များ ဖြည်းဖြည်းချင်း လှုပ်ခတ်လာပြီး အသွင်ပြောင်းလဲမှု၏ အစပျိုးခြင်းကို ပြသနေတော့သည်။

All Chapters