အခန်း (၅၃-၅၄)
Vol. 6 Ch. 53-54
အခန်း ၅၃- လီတောက်ယဲ့
"နာမည်ကျော် ရဟန်းတော်ကြီးက တကယ်တော့ ဝိညာဉ်သွေးဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေတာပဲ တာအိုဆရာရွှယ်နဲ့ အဘွားကျင်းဟွားတို့လို အရိပ်ထဲမှာ ပုန်းအောင်းနေတာမျိုး မဟုတ်ဘဲ ဆရာသခင်ရွှီက လူပုံအလယ်မှာ ပေါ်ပေါ်ထင်ထင် လှုပ်ရှားနေခဲ့တာ"
"သူက အင်ပါယာထဲကို ရောက်လာပြီး သူ့နာမည်ကို လူသိများအောင် လုပ်ခဲ့တယ် ငါ့ရဲ့ မိဘတွေတောင် ငါ့ရဲ့ ကျင့်ကြံခြင်းကို ပြန်ရဖို့ နည်းလမ်းရှာရင်း သူ့ကို သွားတွေ့ခဲ့ကြသေးတယ် "
ဖန်ချန်၏ မျက်နှာမှာ တည်တံ့လေးနက်သွားပြီး စိတ်မသက်မသာ ဖြစ်လာသည်။
သူ၏ မဟာ ရှ လျှို့ဝှက်အစောင့်တပ်ယယများသည် မြို့တော်တွင် နှစ်ပေါင်းများစွာ လှုပ်ရှားနေခဲ့သော်လည်း ထိုလူများကို မည်သူမည်ဝါဖြစ်ကြောင်းကို မဖော်ထုတ်နိုင်ခဲ့ကြပေ။
အကယ်၍ ထိုစဉ်က ဆရာသခင်ရွှီသည် သူ၏ မိဘများကို ရန်မူခဲ့မည်ဆိုလျှင် သူသည်လည်း တားဆီးနိုင်စွမ်း ရှိခဲ့မည် မဟုတ်ပေ။
"ဆရာသခင်ရွှီ ကျွန်တော်တို့ ဘာလုပ်သင့်သလဲ သူတို့က ကျွန်တော်တို့ကို ပစ်မှတ်ထားနေတာများလား အထူးသဖြင့် ဖန်ချန်က..."
ချင်တုန်းက စိုးရိမ်တကြီးဖြင့် သူ၏လက်များကို ပွတ်သပ်ရင်း မေးလိုက်သည်။
"ဖန်ချန် ဟုတ်လား"
ဆရာသခင်ရွှီက လှောင်ပြုံး ပြုံးလိုက်သည်။
"သူက သွားမပေါက်သေးတဲ့ သိုးပေါက်စလေး တစ်ကောင်ပါပဲ မင်းက ဘာလို့ သူ့ကို ကြောက်နေရတာလဲ သူ့မိဘတွေက သူ့အတွက် ဆေးရှာနေတာ ဒီလောက်တောင် ကြာလှပြီ"
" တစ်ခါကဆို သူ့ကျင့်ကြံခြင်း ပြန်ရဖို့ နည်းလမ်းရှာရင်း ငါ့ဆီတောင် လာခဲ့ကြသေးတယ် အဲဒီတုန်းက ငါ သူတို့ကို အလွယ်လေး ကူညီပေးလို့ ရခဲ့ပေမဲ့ အခုတော့ သူတို့က သူ့အတွက် နတ်ဆေးတစ်မျိုးမျိုး ရှာတွေ့သွားပုံရတယ်"
"ဆရာသခင် ဒီပြဿနာကို ကျွန်တော့်ကို ရှင်းခွင့်ပေးပါ အကယ်၍ ဖန်ချန်ကို ဖယ်ရှားလိုက်ရင် ကျွန်တော် ဘာမဆို လွတ်လွတ်လပ်လပ် လုပ်လို့ရသွားပြီ အခု သူက ကျွန်တော့်ကို သံသယဝင်နေပြီလို့ ထင်ရတယ်"
ဟု ချင်တုန်းက အကြံပြုသည်။
"ကျင်းဟွားက မင်းအိမ်က အစေခံမလေးတွေကို ဆေးဖက်ဝင်အစာတွေလို သဘောထားပြီး မဆင်မခြင် လုပ်ခဲ့တာကိုး အဲဒါကြောင့် ကိစ္စတွေ အများကြီး ဖြစ်လာတာ ဒါပေမဲ့ ကံကောင်းတာက ငါတို့ ဘာမှ ကြောက်စရာ မလိုပါဘူး"
" ငါတို့ကို တကယ် ပစ်မှတ်ထားနေတဲ့ ကျင့်ကြံသူတွေ ရှိ၊ မရှိ ဆိုတာကိုပဲ အတည်ပြုဖို့ လိုတယ် ဖန်ချန်အတွက်ကတော့ သူ့ကို သတ်လိုက်လို့ ဘာအကျိုးမှ မရှိဘူး သူ့ကို အသက်ရှင်လျက် ထားတာက ငါတို့ရဲ့ အစီအစဉ်တွေအတွက် ပိုတောင် အဆင်ပြေစေနိုင်သေးတယ်"
ဟု ဆရာသခင်ရွှီက အေးစက်စွာ ပြောလိုက်သည်။
ခဏအကြာတွင် သူက ဂေဟာမှူးကို ကြည့်လိုက်သည်။
"အဲဒီလူကို ခေါ်လာခဲ့ ဒုတိယဝန်ကြီးချင်အတွက် ငါတို့ ပြင်ထားတဲ့ လက်ဆောင်လေးကို ပြရအောင် ကရုဏာဂေဟာမှာ သူနေရတာ နည်းနည်း ပျင်းနေလောက်ပြီ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းအောင် လုပ်ပေးလိုက်ရအောင်"
"ဟုတ်ကဲ့"
ဂေဟာမှူးက ခေါင်းငြိမ့်ကာ ထွက်သွားသည်။
ချင်တုန်း၏ မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။
"ဆရာသခင်... ခင်ဗျား ဘာလုပ်မလို့လဲ..."
"ဝန်ကြီးချင်... ငါတို့ ဝိညာဉ်သွေးဂိုဏ်းအတွက် အစွမ်းကုန် ကြိုးစားပေးပါ၊ ငါတို့ မင်းကို မတရား မလုပ်ပါဘူး"
ဆရာသခင်ရွှီက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီးနောက် လှည့်ကာ အတွင်းဘက်ဝင်းထဲသို့ ပြန်ဝင်သွားသည်။
မကြာမီမှာပင် ဖန်ချင်းယောင်နှင့် သူမ၏ အစေခံမလေးတို့သည် ကြိုးဖြင့် အချည်ခံထားရလျက် ချင်တုန်းရှေ့သို့ ခေါ်ဆောင်ခြင်း ခံလိုက်ရသည်။
"ရှင်တို့ ဘာလုပ်ကြမလို့လဲ ဂေဟာမှူးဟဲ ဒါက ဘာသဘောလဲ"
ဖန်ချင်းယောင်၏ မျက်နှာမှာ ဒေါသကြောင့် နီရဲနေပြီး အော်ဟစ်လိုက်သည်။
"ဝန်ကြီးချင် ဝန်ကြီး သူမကို သဘောကျနေတယ်ဆိုတာ ကျွန်တော် သိပါတယ် သူမကို ဝန်ကြီးနဲ့အတူ ရက်အနည်းငယ်လောက် အဖော်ပြုခိုင်းလိုက်မယ် ဒီမှာ နေရတာ ပျင်းဖို့ မကောင်းတော့ဘူးပေါ့"
ဂေဟာမှူးဟဲက ဖန်ချင်းယောင်၏ ကန့်ကွက်မှုများကို လျစ်လျူရှုကာ ချင်တုန်းကို ပြုံးလျက် ပြောလိုက်သည်။
ချင်တုန်းသည် ဖန်ချင်းယောင်ကို ကြည့်ကာ ခဏမျှ တည်ငြိမ်သယောင် ဟန်ဆောင်နေသော်လည်း ခဏအကြာတွင် မုတ်ဆိတ်ကို ပွတ်ရင်း ခေါင်းငြိမ့်လိုက်သည်။
"ဒါဆိုလည်း ခင်ဗျားတို့ကို ဒုက္ခပေးရဦးမှာပဲ ဒီအစေခံမလေးကလည်း ဆွဲဆောင်မှု ရှိသားပဲ သူမကိုပါ တစ်ခါတည်း ခေါ်သွားလိုက်မယ်"
"ဝန်ကြီးချင်"
ဖန်ချင်းယောင်သည် ချင်တုန်းကို မယုံနိုင်စွာ ကြည့်လိုက်သည်။ အစက တရားမျှတပုံရသော ထိုလူလတ်ပိုင်းသည် ဂေဟာမှူးနှင့် ပူးပေါင်းနေသည်ကိုး သူက သူတို့ကို စော်ကားဖျက်ဆီးရန် ရည်ရွယ်နေခြင်း ဖြစ်သည်
"သခင်မလေးဖန် မင်းရဲ့ ကံကြမ္မာကိုပဲ အပြစ်တင်လိုက်ပါ အချိန်မတော် ဒီကို လာခဲ့မိတာကိုး"
ချင်တုန်းက ခပ်ဖျော့ဖျော့ ပြုံးလျက် ပြောလိုက်သည်။
"ဂေဟာမှူးဟဲ. အခန်းဆီကို လမ်းပြပေးပါဦး"
ဂေဟာမှူးဟဲက ပြုံးလိုက်ပြီး သူ၏ လက်အောက်ငယ်သားများကို ဖန်ချင်းယောင်နှင့် အစေခံမလေးအား အနီးရှိ အခန်းတစ်ခုသို့ ခေါ်သွားရန် အချက်ပြလိုက်သည်။
ချင်တုန်းကလည်း ဝတ်ရုံစကို ခါလိုက်ပြီး နောက်မှ လိုက်သွားခဲ့သည်။
ဖန်ချန်၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု လက်သွားသည်။
သူသည် သူ၏ ဝိညာဉ်ကို ပြန်ခေါ်ရန် ပြင်လိုက်စဉ်မှာပင် တံတိုင်းပေါ်မှ ခုန်ချလာသော လူနှစ်ဦးကို မြင်လိုက်ရသည်။
"သူတို့ကို အခုချက်ချင်း လွှတ်လိုက်စမ်း"
ပတ်ဝန်းကျင်မှ လူများမှာ အံ့အားသင့်သွားပြီး လှည့်ကြည့်လိုက်ရာ မီးခိုးရောင် ဝတ်ရုံဝတ် တာအိုဆရာတစ်ဦးနှင့် ဖြူစင်နုနယ်သော သီလရှင်မလေးတစ်ဦး ပေါ်လာသည်ကို တွေ့လိုက်ရသည်။
"ဘယ်သူက ဒီမှာ လာပြီး ရမ်းကားရဲတာလဲ"
ဂေဟာမှူးဟဲ၏ မျက်နှာ မှောင်ကျသွားသည်။ ချင်တုန်းကမူ မှတ်မိမည်ကို ကြောက်သဖြင့် သူ၏ မျက်နှာကို ဝတ်ရုံစဖြင့် အမြန်ဖုံးကာ လူအုပ်နောက်သို့ ပုန်းလိုက်သည်။
"ကယ်ကြပါဦး! ကယ်ကြပါဦး!"
ဖန်ချင်းယောင်၏ အစေခံမလေးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"မြန်မြန်... သခင်မလေးကို ကယ်ပေးကြပါ"
"မကြောက်နဲ့ ငါ လီတောက်ယဲ့ ကိုယ်တိုင် ရောက်လာပြီဆိုမှတော့ မင်းတို့ သခင်မလေးရော မင်းကိုပါ ငါ သေချာပေါက် ကယ်ထုတ်ပေးမယ်"
ဟု ထိုတာအိုဆရာက ဂုဏ်ယူစွာ ကြေညာလိုက်သည်။
ထို့နောက် သူက သီလရှင်မလေးဘက် လှည့်ကာ
"တွေ့လား သီလရှင်မလေး ငါ ပြောသားပဲ ငါ့ရဲ့ဗေဒင်ပညာ က အလကား မဟုတ်ပါဘူး ဒီနေရာမှာ တကယ်ပဲ တစ်ခုခု ထူးဆန်းနေတာပဲ"
"မြန်မြန်... သူတို့ကို ကယ်ပေးပါဦး"
သီလရှင်မလေးက ထိတ်လန့်တကြား ထစ်ထစ်အအဖြင့် ပြောလိုက်သည်။
"ကယ်ရမှာပေါ့... ဒါပေမဲ့ ငါ့ကို ကတိတစ်ခု ပေးရမယ်။ သူတို့ကို ကယ်ပြီးရင် နောင်ကျရင် ငါနဲ့အတူ နှစ်ကိုယ်တူ ကျင့်ကြံခြင်း လုပ်ရမယ်"
တာအိုဆရာက တဟဲဟဲ ရယ်မောလိုက်သည်။
သီလရှင်မလေးမှာ ချက်ချင်းပင် ရှက်သွေးဖြာသွားပြီး ဘာပြန်ပြောရမှန်း မသိဖြစ်ကာ
"အရင်ဆုံး... အရင်ဆုံး ကယ်လိုက်ပါဦး..."
ဟုသာ ပြောနိုင်တော့သည်။
"ကောင်းပြီ... ငါ့ရဲ့ စွမ်းအားကို ကြည့်ထားလိုက်"
တာအိုဆရာက အားရပါးရ ရယ်မောပြီးနောက် သစ်သားဓားတစ်လက်ကို ထုတ်ကာ လူအုပ်ထံသို့ ညွှန်ပြလိုက်ရာ ထိုဓားမှာ လေထဲသို့ ပျံတက်သွားပြီး တိုက်ခိုက်တော့သည်။
ဂေဟာမှူးနှင့် အခြားလူများမှာ ထိတ်လန့်သွားကြသည်။ ဒါ ဘယ်လို နည်းစနစ်မျိုးလဲ ဖန်ချင်းယောင်နှင့် အစေခံမလေးတို့ကမူ ဝမ်းသာသွားကြသည်။
ထိုတာအိုဆရာသည် ထူးခြားသော စွမ်းရည်ရှိပုံရသည်။ သူတို့ ကယ်တင်ခြင်း ခံရတော့မည်
"ဝန်ကြီးချင်... ကြည့်လိုက်ဦး၊ ငါ ပြောတဲ့အတိုင်း ငါတို့ကို ပစ်မှတ်ထားတဲ့ ကျင့်ကြံသူတွေ ရောက်လာပြီပဲ အင်း... ဒါပေမဲ့ အဆင့် ၂ နဲ့ အဆင့် ၃ ချီသန့်စင်ခြင်းနယ်ပယ် လောက်နဲ့ အဘွားကျင်းဟွားတို့၊ တာအိုဆရာရွှယ်တို့ကို သူတို့ ဘယ်လိုများ ကိုင်တွယ်နိုင်ခဲ့တာလဲ"
ဆရာသခင်ရွှီက စဉ်းစားရင်း သူ၏ လက်ဝါးကို ရှေ့သို့ မြှောက်လိုက်ရာ ရွှေရောင် သပိတ်တစ်လုံး ပျံထွက်သွားသည်။ ထိုသပိတ်သည် သစ်သားဓားနှင့် ထိတွေ့လိုက်သည်နှင့် ဓားကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေသည်။
ထိုရွှေရောင်သပိတ်ပေါ်တွင် ဝိညာဉ်တံဆိပ် ခုနစ်ခု ပေါ်လာပြီး ဆရာသခင်ရွှီ၏ လက်ထဲသို့ ဖြည်းညှင်းစွာ ပြန်ရောက်လာသည်။
"ဝိညာဉ်တံဆိပ် ခုနစ်ခု"
တာအိုဆရာသည် ပါးစပ်မှ သွေးများ ထွက်လာပြီး မယုံနိုင်သော မျက်နှာထားဖြင့် ကြည့်နေမိသည်။
သူသည် မြေပြင်ပေါ်ရှိ ကျိုးပဲ့နေသော သစ်သားဓားကို ကြည့်ကာ စိတ်ပျက်အားလျော့စွာ ရေရွတ်လိုက်သည်
"ငါ့ရဲ့ ရတနာလေး ငါ့ရဲ့ အဖိုးနဲ့ အဖွားကို အတင်းပူဆာပြီးမှ ရခဲ့တာကို..."
သူ အလွန် စိတ်မကောင်း ဖြစ်နေသော်လည်း ယခုအချိန်မှာ ရတနာအတွက် ဝမ်းနည်းနေရမည့် အချိန် မဟုတ်ကြောင်း သူ သိသည်။
ဆရာသခင်ရွှီ၏ အရှိန်အဝါကြောင့် သူ၏ အမွေးအမျှင်များပင် ထောင်ထသွားရသည်။
သူသည် အနည်းဆုံး ချီသန့်စင်ခြင်းနယ်ပယ် အဆင့် ၅ ရှိသော ပြိုင်ဘက်နှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်
တာအိုဆရာသည် သီလရှင်မလေးကို ဆွဲကာ ထွက်ပြေးရန် ကြိုးစားသော်လည်း ရွှေရောင်သပိတ်က ထပ်မံ ပျံလာပြီး တာအိုဆရာကို ရိုက်ခတ်ကာ လွင့်ထွက်သွားစေသည်။
သူ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျသွားခဲ့သည်။ သီလရှင်မလေးမှာလည်း မလွတ်မြောက်ဘဲ သပိတ်ကြောင့် မှောက်ခုံ ပြုတ်ကျသွားခဲ့သည်။
ဖန်ချင်းယောင်နှင့် အစေခံမလေးတို့မှာ ထိုမြင်ကွင်းကို မှင်တက်ကာ ကြည့်နေမိကြသည်။
သူတို့ ကယ်တင်ရှင်ကို တွေ့ပြီဟု ထင်ခဲ့သော်လည်း ကယ်တင်ရှင်များမှာ ချက်ချင်းပင် ရှုံးနိမ့်သွားခဲ့သည်
ဖန်ချင်းယောင်သည် ခက်ခက်ခဲခဲ လှည့်ကြည့်လိုက်ရာ ဆရာသခင်ရွှီကို မယုံနိုင်စွာ စိုက်ကြည့်နေမိသည်။ မဟာရှ အင်ပါယာရှိ နာမည်ကျော် ရဟန်းတော်ကြီးက... သူတို့ထဲက တစ်ယောက် ဖြစ်နေတာလား
ခဏအကြာတွင် တာအိုဆရာနှင့် သီလရှင်မလေးတို့ပါ ကြိုးဖြင့် အချည်ခံလိုက်ရသည်။
"သီလရှင်မလေး ငါ မင်းကိုပါ ဒုက္ခပေးမိပြီထင်တယ်"
ဟု တာအိုဆရာက ဖြူလျော်သော မျက်နှာဖြင့် ပြောလိုက်သည်။
"ပြောစမ်း မင်းတို့ကို ဘယ်သူ စေလွှတ်လိုက်တာလဲ ငါ့ရဲ့ ဝိညာဉ်သွေးဂိုဏ်းကို ဘယ်သူက လာပြီး ရမ်းကားရဲတာလဲ မင်းတို့ နောက်ကွယ်ကလူတွေက သာမန်လူတွေတော့ မဟုတ်လောက်ဘူးနော်"
ဆရာသခင်ရွှီက သူတို့ထံ လျှောက်လာရင်း တည်ငြိမ်စွာ မေးလိုက်သည်။
ဝိညာဉ်သွေးဂိုဏ်း ထိုအမည်ကို ကြားလိုက်ရသည်နှင့် နှစ်ယောက်စလုံး တုန်လှုပ်သွားကြသည်။ အူတူတူ သီလရှင်မလေးပင်လျှင် ထိုအမည်၏ အဓိပ္ပာယ်ကို နားလည်သည်။
၎င်းမှာ ကျင့်ကြံခြင်းလောကတွင် အလွန် ရက်စက်ကြမ်းကြုတ်ပြီး မောက်မာလှသည်ဟု နာမည်ကြီးသော မိစ္ဆာဂိုဏ်းတစ်ခု ဖြစ်သည်။
ထိုအမည်မှာ ဖြောင့်မတ်သော ကျင့်ကြံသူများအတွက် အမြဲတမ်း ခေါင်းခဲစရာ ဖြစ်ခဲ့သည်။
"ဘာ ဝိညာဉ်သွေးဂိုဏ်း ဟုတ်လား ငါ တကယ် မသိခဲ့ပါဘူး ဒါက နားလည်မှု လွဲတာပါ ငါတို့အားလုံးက ကျင့်ကြံသူချင်းတွေပဲမို့ ငါတို့ကို လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"
ဟု တာအိုဆရာက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ဆရာသခင်ရွှီ၏ မျက်လုံးများတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
"ဝိညာဉ်သွေးဂိုဏ်း ဆိုတဲ့ နာမည်ကို ကြားတာနဲ့ မင်းရဲ့ သွေးနဲ့ ချီတွေက ရပ်တန့်လုနီးပါး ဖြစ်သွားပြီ ဘာလို့ ဆက်ပြီး ဟန်ဆောင်မနေတော့တာလဲ"
"စီနီယာ ကျွန်တော် မှားသွားပါပြီ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အသက်ချမ်းသာပေးပါ "
တာအိုဆရာသည် မျက်ရည်များ ဝဲလျက် အသနားခံ တောင်းပန်နေတော့သည်။
အခန်း ၅၄- ဗုဒ္ဓက မင်းကို ကယ်တင်လိမ့်မယ်လို့ ထင်နေတာလား
“ငါက ရဟန်းတစ်ပါး၊ မင်းက တာအိုဆရာတစ်ယောက် ဒါကို မင်းက ငါတို့ချင်း တူတူပါပဲလို့ ပြောနေတာလား”
ဆရာသခင် ရွှီဟွေ့က အဓိပ္ပာယ်ပါသော အပြုံးဖြင့် ပြုံးလိုက်သည်။
သူသည် ထိုသူတို့ကို ချက်ချင်း သတ်မပစ်သေးသည်မှာ သူတို့ထံမှ သတင်းအချက်အလက်များ ပိုမိုရယူလိုသောကြောင့်ဖြစ်သည်။
မည်သို့ပင်ဆိုစေ သူတို့၏ နိမ့်ပါးသော ကျင့်ကြံခြင်းအဆင့်ဖြင့် သူ့ကိုဖြစ်စေ၊ ကျင်းဟွားကိုဖြစ်စေ အန္တရာယ်ပေးရန်မှာ မဖြစ်နိုင်ပေ။
“ဗုဒ္ဓဘာသာနဲ့ တာအိုဘာသာဆိုတာ အနှစ်သာရအားဖြင့် သိပ်မကွာခြားပါဘူး ကျွန်တော် မလိမ်တမ်း ပြောရရင် စီနီယာ ကျွန်တော် တစ်ခါက ဗုဒ္ဓတရားရော တာအိုတရားရော နှစ်မျိုးလုံးကို ကျင့်ကြံဖို့ ကြိုးစားခဲ့ဖူးတယ် ဒါပေမဲ့ ဒီဘက်က သီလရှင်မလေးကတော့ နည်းနည်း ခေါင်းမာတယ်ဗျ”
ဟု တာအိုဆရာက အလျင်အမြန် ရှင်းပြလိုက်သည်။
သူ၏ ဘေးရှိ သီလရှင်မလေးမှာမူ ရှက်လွန်း၍ မျက်နှာတစ်ခုလုံး နီမြန်းနေတော့သည်။
အခုလို အချိန်မျိုးမှာ သူက ဘယ်လိုတောင် မဆီမဆိုင် စကားတွေ ပြောနေရတာလဲ.
“ဒီသီလရှင်မလေးက တကယ်ကို ရုပ်ရည်ချောမောတာပဲ”
ရွှီဟွေ့က သီလရှင်မလေးကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် ရမ္မက်ရိပ်တစ်ခု ဖြတ်ပြေးသွားသည်။ ထို့နောက် သူက တာအိုဆရာကို ကြည့်ကာ ပြောလိုက်သည်
“မင်း ငါ့ကို အမှန်အတိုင်း ပြောရင် ငါ မင်းကို လွှတ်ပေးမယ် မဟုတ်ရင်တော့ သူမနဲ့ နှစ်ပါးသွား ကျင့်ကြံမယ့်သူက ငါပဲ ဖြစ်လိမ့်မယ်”
မင်းက တကယ်ကို ဝိညာဉ်သွေးဂိုဏ်းက မိစ္ဆာတစ်ကောင်ပဲ။
ဗုဒ္ဓလမ်းစဉ်ကို ကျင့်ကြံနေပါပြီဆိုမှ ဒီလို ယုတ်မာတဲ့ အလုပ်တွေကို လုပ်ချင်နေသေးတယ် တာအိုဆရာက စိတ်ထဲမှ ကျိန်ဆဲနေသော်လည်း အပြင်ပန်းတွင်မူ ခါးသီးသော အပြုံးဖြင့်သာ
“စီနီယာ ကျွန်တော့်ကို သနားပါ စီနီယာ ဘာကို သိချင်နေလဲဆိုတာ ကျွန်တော် တကယ် မသိလို့ပါ”
“မင်းကတော့ နောင်တရ မရသေးဘူးပဲ ကောင်းပြီ မင်းကို မင်းရဲ့ တာအိုဘိုးဘေးတွေဆီ ပို့ပေးလိုက်မယ်”
ရွှီဟွေ့က ခပ်ဖျော့ဖျော့ ပြုံးလိုက်ရာ သူ၏ လက်ထဲမှ ရွှေရောင်သပိတ်သည် လေထဲသို့ ပျံတက်သွားပြီး တာအိုဆရာ၏ ခေါင်းပေါ်တွင် ဝဲနေတော့သည်။
အကယ်၍ ထိုသပိတ်သာ ကျလာပါက သူ၏ ခေါင်းမှာ ဖရဲသီးတစ်လုံးကဲ့သို့ ကွဲအက်သွားမည်မှာ မလွဲပေ။
“ဒါက ဘာနည်းစနစ်လဲ ဆရာသခင်ရွှီဟွေ့က... သူက ကိုယ်ခံပညာရှင် တစ်ယောက်လား”
ဖန်ချင်းယောင်သည် သူမရှေ့မှ အပြန်အလှန် တိုက်ခိုက်မှုများကို မှင်တက်ကာ ကြည့်နေမိသည်။
ယခင် တိုက်ခိုက်မှုမှာ ခဏတာမျှသာ ဖြစ်သော်လည်း သူတို့ ပြသခဲ့သည့် နည်းစနစ်များမှာ ထူးခြားလွန်းလှသည်။
ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေသော ထိုရွှေရောင်သပိတ်က ဘာလဲ ပြီးတော့ အဲဒါက လေထဲမှာ ဘယ်လိုလုပ် ပျံဝဲနေနိုင်ရတာလဲ
“ဆရာသခင်ရွှီဟွေ့ ဒီမှာ ရှိသလား”
အသံတစ်ခု ဟိန်းထွက်လာသဖြင့် လူတိုင်း အံ့ဩသွားကြသည်။ အခုလို အချိန်မျိုးမှာ ဒီကို လာမိတဲ့သူက ဘယ်လောက်တောင် ကံဆိုးလိုက်သလဲ
ဒုတိယဝန်ကြီး ချင်သည် ရောက်လာသူကို မြင်လိုက်ရသောအခါ မျက်နှာပျက်သွားသည်။
ဆန့်ကျင်ဘက်အနေဖြင့် ဖန်ချင်းယောင်နှင့် သူမ၏ အစေခံမလေးမှာမူ အလွန်ဝမ်းသာသွားကြသည်။
သူတို့ အော်ဟစ်ရန် ပြင်လိုက်သော်လည်း တစ်စုံတစ်ယောက်က သူတို့၏ ပါးစပ်ကို ပိတ်ထားလိုက်သည်။
တာအိုဆရာသည် ရောက်လာသော လူငယ်မှာ မျက်မမြင်ဖြစ်နေသည်ကို မြင်သောအခါ သနားစိတ်ဝင်သွားပြီး လှမ်းအော်ပြောလိုက်သည်
“ဟေ့. လူကောင်လေး ဒီကနေ မြန်မြန် ထွက်သွားစမ်း ဒီနေ့ ဧည့်သည် မလက်ခံဘူး”
ထို့နောက် သူက ရွှီဟွေ့ဘက်သို့ လှည့်ကာ အခြေအနေကို ထိန်းရန် ပြုံးပြလိုက်သည်။
“စီနီယာ ကျွန်တော်တို့ ကိစ္စတွေက ဒီပြင်ပလူနဲ့ မဆိုင်ပါဘူး သူ့ကို လျစ်လျူရှုလိုက်ကြရအောင် စီနီယာ မြင်တဲ့အတိုင်း သူက မျက်မမြင်တစ်ယောက်ပါ၊ အရေးစိုက်နေဖို့ မတန်ပါဘူး”
ရွှီဟွေ့က အေးစက်စွာ ပြောလိုက်သည်
“ပါးစပ်ပိတ်ထားစမ်း”
တာအိုဆရာသည် ချက်ချင်းပင် ငြိမ်သွားတော့သည်။ ဖန်ချန်က သူ၏ စကားကို နားမထောင်ဘဲ ရှေ့သို့ ဆက်တိုးလာသည်ကို မြင်သောအခါ သူက စိတ်ထဲမှ ကျိန်ဆဲမိသည် တောက်ယ ငါ တတ်နိုင်သလောက် ကူညီပြီးပြီပဲ။
မင်းက ငရဲတံခါးကို အတင်းဝင်ချင်နေမှတော့ ငါ့ကို အပြစ်မတင်နဲ့တော့
“စစ်သူကြီးဖန် ငါ ကရုဏာဂေဟာမှာ ရှိနေတာကို မင်း ဘယ်လိုလုပ် သိတာလဲ”
ရွှီဟွေ့က ဖန်ချန်ထံသို့ လျှောက်သွားလိုက်သည်။
ဒုတိယဝန်ကြီး ချင်သည် ဖန်ချန်မှာ မျက်မမြင်ဖြစ်နေသည်ကို ရုတ်တရက် သတိရသွားသည်။
သူက မျက်မြင်ဖြစ်နေရင်တောင်မှ ဆရာသခင်ရွှီဟွေ့ ရှိနေတာကြောင့် သူ ကြောက်နေစရာ မလိုပေ။
ထို့ကြောင့် သူ၏ မျက်နှာပေါ်ရှိ တင်းမာမှုများမှာ အနည်းငယ် လျော့ပါးသွားသည်။
“ဒုက္ခပဲ စ်သူကြီးဖန် အန္တရာယ်ရှိနေပြီ”
ဖန်ချင်းယောင်၏ မျက်နှာမှာ ဖြူလျော်သွားသည်။
သူမသည် စကားပြောရန် အစွမ်းကုန် ကြိုးစားသော်လည်း တစ်စုံတစ်ယောက်က သူမ၏ ပါးစပ်ကို လက်ဖြင့် တင်းတင်းကျပ်ကျပ် ပိတ်ထားသည်။
ယခုအခါ သူမသည် သတိပေးဖို့ နေနေသာသာ အသက်ပင် ကောင်းကောင်း မရှူနိုင်တော့ပေ။ ရွှီဟွေ့က ဖန်ချန်ထံသို့ တစ်လှမ်းချင်း ချဉ်းကပ်သွားသည်ကို သူမက မတတ်သာဘဲ ကြည့်နေရုံသာ ရှိတော့သည်။
“ဆရာသခင်ရွှီဟွေ့ ဆရာသခင် ဒီမှာ ရှိနေတာ ကောင်းတာပေါ့ ဒီရက်ပိုင်းမှာ ကျွန်တော့်ရဲ့ ရင်ထဲမှာ ပြင်းထန်တဲ့ သတ်ဖြတ်လိုစိတ်တွေ လွှမ်းမိုးနေသလို ခံစားရလို့ ဆရာသခင်က လမ်းပြပေးစေချင်ပါတယ်”
ဖန်ချန်က ပြုံးလိုက်သည်။
“မင်း ချင်းစုန်းအဆင့်မြင့်သင်တန်းကျောင်းက ကိုယ်ခံပညာရှင်အားလုံးကို သတ်ပစ်ခဲ့တယ်လို့ ငါ ကြားတယ် ထောင်ပေါင်းများစွာသော သွေးတွေက မင်းရဲ့ လက်မှာ ပေကျံနေပြီ ဒီလောက် သတ်ဖြတ်မှုတွေက မင်းကို ခြောက်လှန့်နေမှာပေါ့ ဟုတ်တယ်မလား”
ရွှီဟွေ့က ပြုံးလျက် မေးသည်။
၎င်းကို ကြားလိုက်ရသောအခါ တာအိုဆရာမှာ မှင်တက်သွားသည်။
ဒီကောင်က ဘယ်သူလဲ လူပေါင်း ထောင်ချီကို သတ်ခဲ့တယ် ဟုတ်လား သူကလည်း မိစ္ဆာလေး တစ်ကောင်များလား
သူ၏ ဘေးရှိ သီလရှင်မလေးမှာလည်း ထိတ်လန့်သွားသည်။ သူမရှေ့မှ လူငယ်လေးမှာ အလွန်ချောမောပြီး ယဉ်ကျေးသည့် အရှိန်အဝါရှိသည်။
သူက ကြည့်ရသည်မှာ လုံးဝ အန္တရာယ်မရှိပုံရသည်။
ဖန်ချန်က သက်ပြင်းတစ်ချက် ဖွဖွချလိုက်သည်။
“ဟုတ်ပါတယ် ညဆို အိပ်လို့တောင် မရပါဘူး”
“ဒါဆို မင်းအတွက် ငါ တရားတော်တစ်ခု ရွတ်ပေးပါရစေ ဗုဒ္ဓက မင်းရဲ့ အပြစ်တွေကို ဆေးကြောပေးနိုင်လိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်”
ဟု ရွှီဟွေ့က ပြောလိုက်သည်။
ဖန်ချန်၏ နောက်ထပ်စကားမှာ မျှော်လင့်မထားသော အရာဖြစ်နေသည်
“ကောင်းပြီလေ ဗုဒ္ဓက ကျွန်တော့်ရဲ့ အပြစ်တွေကို ဆေးကြောပေးနိုင်တယ်ဆိုရင် ဆရာသခင့်ရဲ့ အပြစ်တွေကိုရော ဆေးကြောပေးနိုင်မှာလား”
ရွှီဟွေ့၏ မျက်နှာမှာ ချက်ချင်း မှောင်ကျသွားသည်။ သူ တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း လျှပ်စီးတန်းများက သူ၏ အမြင်အာရုံကို ရုတ်တရက် လွှမ်းမိုးသွားသည်။
သူ ဘာဖြစ်သွားမှန်း မသိလိုက်မီမှာပင် သူသည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှာ မည်းတူးကာ မီးခိုးငွေ့များ ထွက်ပေါ်နေတော့သည်။
ပြင်းထန်လှသော လျှပ်စီးစွမ်းအားများသည် သူ၏ သွေးကြောများအတွင်းသို့ ရမ်းကားစွာ စီးဝင်သွားသည်။
သူသည် သူ၏ ဝိညာဉ်စွမ်းအင် ကို လုံးဝ အသုံးမပြုနိုင်တော့ပေ။
သူသည် မွေးကင်းစကလေးငယ် တစ်ဦးကဲ့သို့ ရုတ်တရက် အကူအညီမဲ့သွားခဲ့ရသည်
သူ၏ သနားစရာ အခြေအနေကို ကြည့်ရင်း ဖန်ချန်က စဉ်းစားလိုက်သည် တကယ်ပဲ ဝိညာဥ်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ခရမ်းရောင် လျှပ်စီးအဆောင်တွေက သာမန်ဟာတွေထက် အများကြီး ပိုစွမ်းတာပဲ။
အရင်က ငါလုပ်ခဲ့တဲ့ လက်မှတ်တွေက အနိမ့်စားတွေပဲ ရှိသေးတာ။ ဒါတွေကတော့ အလယ်အလတ်အဆင့် ဖြစ်ရမယ်။
ရွှီဟွေ့သည် အဘွားကျင်းဟွား သို့မဟုတ် တာအိုဆရာရွှယ်တို့ထက် အများကြီး ပိုအစွမ်းထက်သည်။
သူသည် အနည်းဆုံး ခှိသန့်စင်ခြင်းနယ်ပယ် အဆင့် ၅ သို့မဟုတ် အဆင့် ၆ တွင် ရှိနေနိုင်သည်။
သို့သော် အလယ်အလတ်အဆင့် လျှပ်စီးအဆောင်၏ စွမ်းအားကို သူ မခုခံနိုင်ခဲ့ပေ
၎င်းမှာ တာအိုသုံးထောင်ဂိုဏ်း ၏ ကြောက်မက်ဖွယ်ကောင်းသော အခြေခံကို ပြသနေခြင်းဖြစ်သည်။
သူတို့၏ အခြေခံစာအုပ်ထဲမှာပင် ထိုမျှ အစွမ်းထက်သော အဆောင်များကို ပြုလုပ်နည်း ပါရှိနေသည်။
လူတိုင်းမှာ သူတို့ရှေ့မှ မြင်ကွင်းကြောင့် မှင်တက်သွားကြသည်။
အထူးသဖြင့် ချင်တုန်းမှာ ခြေထောက်များ ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် ပြုတ်ကျသွားသည်။ သူသည် ဖန်ချန်ကို ထိတ်လန့်တကြား ကြည့်နေမိသည်။
“ဒါက...”
တာအိုဆရာသည် မျက်လုံးများ ပြူးသွားပြီး သီလရှင်မလေးမှာလည်း အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေတော့သည်။
ဂေဟာမှူးမှာမူ ဘာလုပ်ရမှန်း မသိဖြစ်နေသည်။
အစွမ်းထက်လှပြီး ပြိုင်ဘက်ကင်းသည်ဟု ယူဆရသော ဆရာသခင် ရွှီဟွေ့သည် မျက်တောင်တစ်ခတ်အတွင်းမှာပင် ယခုလို အခြေအနေမျိုး ဖြစ်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ
သူသည် ဖန်ချန်ကို ကြည့်ကာ အသက်ပြင်းပြင်း ရှူလိုက်မိသည်။
ဒီလူက ဘယ်လောက်တောင် အစွမ်းထက်နေလို့ ဆရာသခင် ရွှီဟွေ့တောင် သူ့ကို မယှဉ်နိုင်ရတာလဲ
ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ဆရာသခင်ရွှီဟွေ့သည် ဖန်ချန်ကို အထင်အမြင်သေးစွာ ပြောဆိုနေသည်ကို သူ အကြိမ်ကြိမ် ကြားခဲ့ဖူးသည်။
ဖန်ချန်ကဲ့သို့ လူမျိုးသည် သာမန်လူသားများသာ အထင်ကြီးခံရသည့် သာမန်လူတစ်ယောက်ဟု သူ ယုံကြည်ခဲ့သည်။
ထိုနာမည်ကျော် စစ်သူကြီးသည် ဆရာသခင်ရွှီဟွေ့ရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်သင့်သည်... သို့သော် ယခု ဖြစ်ပျက်သွားသည့် အရာက သူ၏ အမြင်များကို အကုန် ပြောင်းလဲပစ်လိုက်ပြီဖြစ်သည်။
“ဒါဆို... မင်း ချင်းစုန်းသင်တန်းကျောင်းက လူတွေကို ဒီလို အဆောင်တွေ သုံးပြီး သတ်ခဲ့တာပေါ့ “
ရွှီဟွေ့သည် အဘွားကျင်းဟွားထက် အတွေ့အကြုံ ပိုရှိသဖြင့် အရာအားလုံးကို ချက်ချင်း နားလည်သွားသည်။
သူ မသိသည်မှာ ထိုအဆောက်များက ဘာအမျိုးအစားလဲနှင့် ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ပြင်းထန်သော စွမ်းအား ရှိနေရသလဲ ဆိုသည်ပင်။
“ဗုဒ္ဓလမ်းစဉ်ကို ဟန်ဆောင်ထားပြီး ကွယ်ရာမှာ ဒီလို အလုပ်တွေ လုပ်နေတာ ဆရာသခင်ရွှီဟွေ့ ဗုဒ္ဓက မင်းကို ကယ်တင်လိမ့်မယ်လို့ မင်း တကယ် ထင်နေတာလား”
ဖန်ချန်က အေးဆေးစွာ ပြောလိုက်သည်။
“စစ်သူကြီးဖန် မင်း ငါ့ရဲ့ နောက်ခံအကြောင်းကို အနည်းငယ်မျှ မသိဘဲနဲ့ ငါ့ကိစ္စထဲ ဝင်ပါနေတာပဲ ဒါက မဟာရှအင်ပါယာ တစ်ခုလုံးအတွက် ဘေးအန္တရာယ် ဖြစ်လာမှာကို မင်း မကြောက်ဘူးလား”
ရွှီဟွေ့သည် ခက်ခက်ခဲခဲ ပြောလိုက်ရသည်။
စကားတစ်လုံး ပြောလိုက်တိုင်း သူ၏ လည်ချောင်းထဲတွင် ဓားပေါင်း ထောင်ချီဖြင့် အလှီးခံရသလို ခံစားနေရသည်။ သူ စကားပြောတိုင်း ပါးစပ်မှ မီးခိုးငွေ့များ ထွက်လာသည်။
“မင်းက ဝိညာဉ်သွေးဂိုဏ်းကဆိုတာ ငါ သိပြီးသားပါ”
ဟု ဖန်ချန်က တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်း အဘွားကျင်းဟွားနဲ့ တာအိုဆရာရွှယ်ကို သတ်လိုက်တာလည်း မင်းပဲပေါ့”
ရွှီဟွေ့သည် နောက်ဆုံးတွင် အကြောင်းအရာ အားလုံးကို ဆက်စပ်မိသွားသည်။
ချင်တုန်း၏ သံသယမှာ မှားယွင်းမနေခဲ့ပါလား ဒီတစ်ခါမှာတော့ သူသည် ပုရွက်ဆိတ်တစ်ကောင်၏ စကားကို မယုံကြည်ခဲ့မိခြင်းမှာ အမှားကြီး မှားခဲ့ပြီဖြစ်သည်။
မဟုတ်ပါက သူသည် ဖန်ချန်၏ လက်ချက်ဖြင့် ယခုလို အလစ်အငိုက် အမိခံရမည် မဟုတ်ပေ။
ကြည့်ရတာ သူက ငါ့ကို မေးမြန်းဖို့အတွက် အသက်ချမ်းသာပေးထားပုံရတယ်။ ဒါက ငါ့အတွက် အခွင့်အရေးပဲ... ဟု သူက တိတ်တဆိတ် တွေးလိုက်သည်။
ထိုစဉ် သူက မော့ကြည့်လိုက်ရာ တောက်ပလှသော လျှပ်စီးတန်းတစ်ခု သူ၏ မျက်လုံးထဲသို့ ထပ်မံ ဝင်ရောက်လာပြန်သည်။
ခရမ်းရောင် လျှပ်စီးအဆောင်များ တစ်ခုပြီးတစ်ခု ရွှီဟွေ့ပေါ်သို့ ကျရောက်လာခဲ့သည်။ မကြာမီမှာပင် သူ၏ ခန္ဓာကိုယ်သည် အပိုင်းပိုင်းအစစ ဖြစ်သွားတော့သည်။