← Chapters

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း ၅၅- ကရုဏာမဲ့သော ကရုဏာဂေဟာ

​“ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

ဒုတိယဝန်ကြီး ချင်တုန်းသည် သူ့ဘာသာသူ တိုးတိုးလေး ရေရွတ်ရင်း မျက်လုံးများမှာ ကြောင်တောင်တောင် ဖြစ်နေသည်။

နောက်တစ်စက္ကန့်တွင် သူ သတိပြန်ဝင်လာပြီး သူ၏ပါးစပ်ကို အမြန်ပိတ်လိုက်သည်။

အကယ်၍ ဖန်ချန်သာ ကြားသွားပါက သူ ယနေ့ထက်ပို၍ အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။

​ဘေးနားတွင် ဂေဟာမှူးမှာလည်း မျက်နှာဖြူလျော်နေပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ သို့သော် နောက်ဆုံးတွင်တော့ မျက်မမြင် စစ်သူကြီး သူ့ကို သတိမထားမိပါစေနှင့်ဟု ဆုတောင်းရင်း တိတ်တိတ်လေးသာ နေနေရန် ဆုံးဖြတ်လိုက်သည်။

​“ကရုဏာဂေဟာမှာ ကရုဏာတရားဆိုတာ မရှိဘူးပဲ...”

ဖန်ချန်က လှောင်ပြောင်လိုက်သည်။ ထို့နောက် သူသည် တာအိုဆရာထံသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး လက်ကို ခပ်ဖွဖွ ဝှေ့ယမ်းလိုက်ရုံဖြင့် တာအိုဆရာနှင့် သီလရှင်မလေးတို့ကို ချည်ထားသော ကြိုးများကို ဖြတ်တောက်ပစ်လိုက်သည်။

​ချင်တုန်းသည် မည်သည့်အသံမှ မထွက်စေရန် ပါးစပ်ကို ပိတ်ထားပြီး ဝင်းအတွင်းမှ တိတ်တဆိတ် ထွက်ပြေးရန် ကြိုးစားနေသည်။

အကယ်၍ ဖန်ချန်သာ သူ့ကို သတိထားမိသွားပါက သူ့ကို အသက်ချမ်းသာပေးမည် မဟုတ်ကြောင်း သူ အခိုင်အမာ ယုံကြည်ထားသည်။

​နောက်တစ်စက္ကန့်တွင် အနောက်ကျားတပ်ရင်း မှ ဒုတိယတပ်မှူး ယူးလုံချန် ဦးဆောင်သော စစ်သည်အုပ်စုသည် ဝင်းအတွင်းသို့ အပြေးအလွှား ဝင်ရောက်လာကြသည်။

​“ဗိုလ်ချုပ်ယူ သူတို့ကို ဖမ်းဆီးလိုက်ပါ”

ဟု ဖန်ချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

​“ဟုတ်ကဲ့”

ယူလုံချန်းက ခါးသီးစွာ ပြုံးလျက် ဖြေကြားလိုက်သည်။ သူသည် ဘာမေးခွန်းမှ မမေးရဲဘဲ ဂေဟာမှူးနှင့် လူမိုက်များကို ချက်ချင်း ဖမ်းဆီးရန် စစ်သည်များကို အမိန့်ပေးလိုက်သည်။

ခုခံသူများကိုမူ ထိုနေရာမှာပင် သတ်ပစ်လိုက်ကြသည်။

​တာအိုဆရာသည် ဖန်ချန်ကို သံသယအပြည့်ဖြင့် စိုက်ကြည့်နေသည်။

​“စစ်သူကြီးဖန်”

အချည်ခံထားရသည်မှာ လွတ်သွားသည်နှင့် ဖန်ချင်းယောင်သည် ဖန်ချန်၏ ဘေးသို့ ချက်ချင်း ပြေးလာတော့သည်။ သူမ၏ အစေခံမလေးမှာလည်း သူမနောက်တွင် ကပ်ပါလာသည်။

​ဖန်ချန်၏ မျက်နှာတွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာသည်။

“သခင်မလေးဖန်... ဒီရက်ပိုင်းမှာ မင်းရဲ့ ကံတရားက သိပ်မကောင်းလှဘူးပဲ”

​ထိုစကားကို ကြားသောအခါ ဖန်ချင်းယောင်မှာ ခါးသီးစွာ ပြုံးရုံသာ တတ်နိုင်သော်လည်း သူမ ထိုအကြောင်းကို အကြာကြီး မတွေးနေပေ။

ဖန်ချန်သည် ကရုဏာဂေဟာ၏ မကောင်းမှုများကို ယခင်ကတည်းက သိနေသလား ဆိုသည်ကိုသာ သူမ ပို၍ သိချင်နေမိသည်။

​“စစ်သူကြီးဖန်”

ယူလုံချန်း၏ အသံ ရုတ်တရက် ဟိန်းထွက်လာသည်။

“ဒါ... ဒုတိယဝန်ကြီး ချင်တုန်း မဟုတ်လား”

ထိုသို့ပြောရင်း သူသည် မျက်နှာဖြူလျော်နေသော ချင်တုန်းကို ဖန်ချန်၏ ရှေ့သို့ ဆွဲခေါ်လာခဲ့သည်။

“ဒုတိယဝန်ကြီး ချင်ကိုပါ စစ်သူကြီး ခေါ်ထားတာလား”

​ချင်တုန်းမှာ စိတ်ထဲမှ ကျိန်ဆဲမိတော့သည်။

အခြေအနေက ထ်ုသို့ ဖြစ်လာမှတော့ သူ တတ်နိုင်သမျှ လိမ်ညာပြောဆိုရန်သာ ဆုံးဖြတ်လိုက်သည်။ သူသည် မျက်နှာကို တည်လိုက်ပြီး

“ငါ ဒီနေ့ ဒီကိုလာတာ အလှူလုပ်ဖို့နဲ့ မိဘမဲ့ကလေးတွေကို လာကြည့်ဖို့ပါ...”

ဟု ပြောလိုက်သည်။

​ဖန်ချင်းယောင်နှင့် အစေခံမလေးမှာ မှင်တက်သွားကြသည်။

“ဒုတိယဝန်ကြီး ဟုတ်လား”

တရားမျှတပုံရသော ဤလူမှာ မဟာရှအင်ပါယာ၏ ဝန်ကြီးတစ်ဦး ဖြစ်နေသည်လား

​“ဝန်ကြီးချင်. ကျွန်တော် ခင်ဗျားနောက်ကို ဒီအထိ တစ်ောက်လျှောက် လိုက်လာခဲ့တာပါ ငွေလှူဖို့နဲ့ ကလေးတွေကို ကြည့်ဖို့ လာတာ သေချာရဲ့လားဒါနဲ့... သခင်မလေးဖန်တို့လည်း အသက်ရှင်နေကြတုန်းပဲနော်”

ဟု ဖန်ချန်က ခပ်ဖျော့ဖျော့ ပြုံးရင်း ပြောလိုက်သည်။

​“ရှင့်... ရှင်က ယုတ်မာတဲ့ လူစားပဲ ရှင်က ကျွန်မတို့ သခင်မလေးကို စော်ကားဖို့ လုပ်ခဲ့တာ”

ဖန်ချင်းယောင်၏ အစေခံမလေးသည် ချင်တုန်းအပေါ် သူမ၏ ဒေါသကို စကားလုံးများဖြင့် အားမနာတမ်း ပေါက်ကွဲလိုက်တော့သည်။

​ယူးလုံချန်း၏ မျက်နှာထား ပြောင်းလဲသွားပြီး အမူအရာ မှောင်ကျသွားသည်။ ဖန်ချန် သူ့ကို ခေါ်လိုက်ကတည်းက ကောင်းတဲ့ကိစ္စ မဟုတ်မှန်း သူ သိထားပြီးသားပင်

​ချင်တုန်းသည် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဖြစ်ပြီး ဒုတိယအဆင့်ရှိသော အဆင့်မြင့် အရာရှိကြီး တစ်ဦးဖြစ်သည်။ သူ၏ အဆင့်အတန်းကို လျှော့တွက်၍ မရပေ။

​“သူမက ကုန်သည်သမီး တစ်ယောက်ပဲ၊ သူမရဲ့ စကားတစ်လုံးတည်းနဲ့ ဧကရာဇ်မင်းမြတ်က ယုံမှာ မဟုတ်ဘူး စစ်သူကြီးဖန် ကျွန်တော်တို့ကြားမှာ ဘာရန်ငြိုးမှ မရှိပါဘူး။ ဘာလို့ ဒီလောက်အထိ လုပ်နေရတာလဲ”

ချင်တုန်း၏ မျက်နှာထား ပြောင်းလဲသွားပြီး တိုးတိုးလေး ကပ်ပြောလိုက်သည်

“ကျွန်တော့်ကို အသက်ချမ်းသာပေးရင် စစ်သူကြီးကို နောင်ကျရင် ကျွန်တော် အစွမ်းကုန် ပြန်ကူညီပါ့မယ်”

​ဖန်ချန်က သူ့ကို အရေးမစိုက်ပေ သူသည် ယူလုံချန်းကို ကြည့်ကာ

“ဗိုလ်ချုပ်ယူး ဒီလူတွေကို အသက်ရှင်လျက် ထားဖို့ မလိုတော့ဘူး သူတို့ကို အခုချက်ချင်း ကွပ်မျက်လိုက်ပါ”

ဟု ပြောလိုက်သည်။

​ကွပ်မျက်လိုက်ပါ ဟုတ်လား

​ယူးလုံချန်းသည် အနည်းငယ် မှင်တက်သွားသည်။

သူ ခဏမျှ တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် သူ၏ စစ်သည်များကို ကွပ်မျက်ရန် အမိန့်ပေးလိုက်သည်။ ကရုဏာဂေဟာမှ လူများမှာ ခေါင်းဖြတ် အသတ်ခံလိုက်ရသဖြင့် အော်ဟစ်သံများ လေထဲတွင် ပြည့်နှက်သွားသည်။

​၎င်းကို မြင်လိုက်ရသောအခါ ချင်တုန်းမှာ သေလောက်အောင် ထိတ်လန့်သွားသည်။ သူ၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားပြီး တုန်တုန်ယင်ယင် ဖြစ်လာတော့သည်။

​“သတ်ဖြတ်လိုစိတ်တွေ ပြင်းထန်လှချည်လား”

ဘေးနားမှ တာအိုဆရာ၏ မျက်နှာမှာ တည်ကြည်သွားပြီး သီလရှင်မလေးကို နောက်သို့ အနည်းငယ် ဆွဲလိုက်သည်။

​သီလရှင်မလေးသည် သူမ၏လက်ကို ဆွဲထားသည်ကို သတိပြုမိသွားကာ ရှက်သွေးဖြာသွားပြီး လက်ကို အမြန်ခါချလိုက်သည်။

​ဖန်ချင်းယောင်သည် အခြေအနေကို တည်ငြိမ်စွာ ကြည့်နေသော်လည်း သူမ၏ အစေခံမလေးမှာမူ ထိတ်လန့်တကြား ငေးကြည့်နေမိသည်။ သူမသည် ဖန်ချန်ကိုပင် မော့မကြည့်ရဲတော့ပေ။

​“စစ်သူကြီးဖန် အားလုံးကို ရှင်းလင်းပြီးပါပြီ ဘာတွေ ဖြစ်ခဲ့သလဲဆိုတာ ကျွန်တော့်ကို ရှင်းပြပေးလို့ ရမလား ဝန်ကြီးချင်ကတော့...”

ဟု ယူးလုံချန်းက မေးလိုက်သည်။

​ချင်တုန်းက ယူးလုံချန်းကို ကြည့်လိုက်သည်။ ထိုလူသည် ဘာဖြစ်နေမှန်းပင် မသိသော်လည်း ဖန်ချန်၏ အမိန့်ကို အတိအကျ နာခံနေသည်လား တကယ့်ကို မယုံနိုင်စရာပင်

​“အခုလိုပဲ ကြေညာလိုက်ပါ ကရုဏာဂေဟာဟာ အပေါ်ယံမှာတော့ မိဘမဲ့တွေနဲ့ မုဆိုးမတွေကို ကူညီပေးနေပေမဲ့ တကယ်တမ်းမှာတော့ လူကုန်ကူးမှုနဲ့ ခိုးမှုတွေကို လုပ်ဆောင်နေတာ ဖြစ်တယ် ဒါကို အနောက်ကျားတပ်ရင်းက သိရှိသွားလို့ ဝင်ရောက် စီးနင်းခဲ့တာလို့ပဲ ပြောလိုက်ပါ ကျန်တာတွေကိုတော့ ခင်ဗျား မသိတာ ပိုကောင်းပါတယ်”

ဟု ဖန်ချန်က အေးဆေးစွာ ပြောလိုက်သည်။

​“ဒါဆိုလည်း... ကောင်းပါပြီ”

ယူးလုံချန်းက ထူးဆန်းသော အမူအရာဖြင့် ခေါင်းငြိမ့်လိုက်သည်။

​“စစ်သူကြီးဖန်”

ချင်တုန်းက အလျင်အမြန် ကြားဖြတ်ပြောသည်

“ကျွန်တော် အခုနက ပြောတာကို စဉ်းစားပေးပါဦး...”

​“လောလောဆယ် စကားမပြောဘဲ နေစမ်းပါ”

ဖန်ချန်က အေးစက်စွာ ပြောလိုက်သည်။

​ချင်တုန်းသည် သူ၏ ရင်ထဲတွင် အလွန်အမင်း မလုံမလဲ ဖြစ်လာကာ ပါးစပ်ပိတ်သွားတော့သည်။

ဖန်ချင်းယောင်၏ အစေခံမလေးသည် ဖန်ချန်က သူ့ကို လွှတ်ပေးလိုက်မည်ကို စိုးရိမ်သဖြင့် စကားပြောရန် ပြင်လိုက်သော်လည်း အနောက်ကျားတပ်ရင်းမှ စစ်သည်တစ်ဦး သတင်းပို့ရန် ရောက်လာသဖြင့် တုန့်ဆိုင်းသွားသည်။ ထိုစစ်သည်၏ မျက်နှာမှာ ဖြူလျော်နေပြီး တတ်နိုင်သမျှ အမြန်ဆုံး ပြေးလာခြင်း ဖြစ်သည်။

​“စစ်သူကြီးဖန်၊ ဗိုလ်ချုပ်ယူး... ကျွန်တော်တို့ အလောင်းတွေ အများကြီး ရှာတွေ့ထားပါတယ်”

​“သွားကြည့်ကြတာပေါ့”

ဖန်ချန်၏ မျက်လုံးများ မှေးကျသွားသည်။

​မကြာမီတွင် သူတို့သည် ဝင်းအတွင်းရှိ ရှေးဟောင်းရေတွင်းတစ်တွင်း အနားသို့ ရောက်ရှိလာကြသည်။

ရေတွင်းအတွင်း၌ အသက်အရွယ်စုံ၊ ကျားမစုံ အလောင်းများစွာမှာ တစ်ခုပေါ်တစ်ခု ထပ်လျက် ရှိနေကြသည်။

သူတို့၏ မျက်နှာများမှာ သေခါနီးတွင် အလွန်အမင်း နှိပ်စက်ညှဉ်းပန်းခံခဲ့ရသည့်အလား ကြောက်မက်ဖွယ် ကောင်းလှသည်။

​“ ငါလိုးမ ဝိညာဉ်သွေးဂိုဏ်း သူတို့ရဲ့ ဘိုးဘေးဘီဘင်တွေကအစ ကျိန်စာသင့်ပါစေ”

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ တာအိုဆရာသည် မအောင့်နိုင်ဘဲ ဆဲရေးလိုက်တော့သည်။

​သီလရှင်မလေး၏ မျက်နှာမှာ ဖြူလျော်သွားပြီး

“အမိတ္တဘုရား “

ဟု တိုးတိုးလေး ရေရွတ်ရင်း တရားတော်များကို ရွတ်ဖတ်နေတော့သည်။

​ယူးလုံချန်းသည် ဖန်ချန်ကို မှင်တက်ကာ ကြည့်လိုက်သည်။

“ဒါ... ဒါတွေက ဘယ်လိုဖြစ်ရတာလဲ”

​ချင်တုန်းသည် အပြစ်ရှိသလို ခံစားနေရသည်။ သူသည် သူ၏အပြစ်ကို ဖုံးကွယ်ရန်အတွက် ရေတွင်းထဲသို့ ကြည့်ကာ အံ့ဩသွားသည့်အလား ဟန်ဆောင်လိုက်ပြီး ဒေါသတကြီး ရေရွတ်လိုက်သည်

“ဒီနေရာက ဒီလောက်အထိ ယုတ်မာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”

​ဖန်ချင်းယောင်နှင့် အစေခံမလေးတို့မှာ မျက်နှာများ ဖြူလျော်နေပြီး အကြိမ်အနည်းငယ် အော့အန်မိကြသည်။ ချင်တုန်း၏ စကားကို ကြားသောအခါ သူတို့က သူ့ကို အံ့ဩတကြီး စိုက်ကြည့်မိကြသည်။

​ဒီလောက်အထိ အရှက်မရှိတဲ့ လူစားမျိုး တကယ်ပဲ ရှိနေတာလား

​“ဒီလူတွေဟာ ဆရာသခင် ရွှီဟွေ့ရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတာပါ”

ဟု ဖန်ချန်က အေးစက်စွာ ပြောလိုက်သည်။

“သူတို့အားလုံးဟာ ဒီဂေဟာက မိဘမဲ့တွေပဲ သူတို့က မိဘမဲ့တွေ ဖြစ်နေတဲ့အတွက် သူတို့ သေသွားရင်တောင် ပျောက်ဆုံးသွားတာကို ဘယ်သူမှ သတိမထားမိကြဘူး”

​“ရွှီဟွေ့ ဆရာသခင်... ဆရာသခင် ရွှီဟွေ့ကို ပြောတာလား”

ယူးလုံချန်းက အာမေဍိတ်သံဖြင့် မေးသည်။

“သူ ဒီမှာ ရှိနေတာလား”

​တာအိုဆရာက ဝင်ပြောလိုက်သည်

“အေးလေ... အပြင်မှာ မီးလောင်ထားတဲ့ အရိုးပုံကြီးက သူပေါ့”

​ယူးလုံချန်းသည် သူ ဝင်လာစဉ်က မြင်ခဲ့ရသော ပြာပုံကြီးကို ရုတ်တရက် သတိရသွားသည်။ ၎င်းမှာ ထိုနာမည်ကျော် ရဟန်းတော် ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

​ဒါ့အပြင်... အဲဒါတွေ အားလုံးက သူ့လက်ချက်ဆိုရင်...

​ယူးလုံချန်း၏ မျက်နှာတွင် ဒေါသရိပ်များ ပေါ်လာသည်။

“အဲဒီ မိစ္ဆာရဟန်းက ဘယ်လို မိစ္ဆာနည်းစနစ်တွေကို ကျင့်ကြံနေတာလဲ”

​“ဒီကိစ္စတွေကို အများပြည်သူ သိအောင် လောလောဆယ် မလုပ်ပါနဲ့ဦး လူတွေ ထိတ်လန့်ကုန်မှာ စိုးရတယ် ဗိုလ်ချုပ်ယူး... ခင်ဗျား ဘာလုပ်ရမလဲဆိုတာ သိမှာပါ”

ဟု ဖန်ချန်က ပြောလိုက်သည်။

​ရှိနေသူအားလုံးမှာ အနည်းငယ် အံ့ဩသွားကြသော်လည်း မည်သူမှ စစ်သူကြီး၏ စကားကို မငြင်းရဲကြပေ။

​ယူးလုံချန်းက ခေါင်းငြိမ့်ပြသည်။

“ကျွန်တော် နားလည်ပါပြီ”

ခဏအကြာတွင် သူသည် ချင်တုန်းကို တစ်ချက်ကြည့်ကာ မေးလိုက်သည်

“စစ်သူကြီးဖန် ဒီကိစ္စမှာ ဒုတိယဝန်ကြီး ချင်တုန်းက ဘယ်လို ပါဝင်ပတ်သက်နေတာလဲ”

​“ငါ ဒီကိစ္စမှာ မပါဝင်ပါဘူး”

ချင်တုန်းက အလျင်အမြန် ငြင်းဆိုလိုက်သည်။

​သူပြောသည်မှာ တစ်ဖက်ကကြည့်လျှင် မှန်နေပေသည်။ အဆုံးမှာတော့ သူသည် ကျင့်ကြံနည်းများကိုပင် မသိပေ။ သူက ဘယ်လိုလုပ်ပြီး အဲဒီကိစ္စတွေမှာ ပါဝင်နိုင်မှာလဲ

​ဒါပေမဲ့... သူပြောတာက လုံးဝ မှန်ကန်နေတာတော့ မဟုတ်ပါဘူး။ အဆုံးမှာတော့ အစကတည်းက ဒီမိဘမဲ့တွေကို ဒီပို့ခဲ့တာက သူကိုယ်တိုင်ပဲ မဟုတ်လား...

​“ဗိုလ်ချုပ်ယူး ခင်ဗျား အပြင်ထွက်ပြီး လုပ်စရာရှိတာတွေ သွားလုပ်တော့ ဒီမှာရှိတဲ့ မိဘမဲ့ကလေးတွေရဲ့ ဝိညာဉ်တွေကိုလည်း ကောင်းမွန်စွာ ဖြေသိမ့်ပေးဖို့ မမေ့ပါနဲ့ဦး”

ဟု ဖန်ချန်က ပြောလိုက်သည်။

​ခဏမျှ စဉ်းစားပြီးနောက် သူက ထပ်ပြောသည်

“သခင်မလေးဖန်တို့နဲ့ အခြားလူတွေကိုပါ တစ်ခါတည်း ခေါ်သွားလိုက်ပါ သူတို့ တော်တော်လေး ထိတ်လန့်သွားကြပြီ၊ ခင်ဗျားရဲ့ စစ်သည်တွေကို သူတို့အပေါ် ရိုင်းရိုင်းစိုင်းစိုင်း မလုပ်ဖို့လည်း မှာထားလိုက်ပါ”

​“ဟုတ်ကဲ့ပါ...”

ယူးလုံချန်းက ခပ်ဖွဖွ ခေါင်းငြိမ့်ပြလိုက်သည်။

​ဖန်ချင်းယောင်သည် သူမအနေဖြင့် ထိုကိစ္စတွင် ဝင်ရောက်စွက်ဖက်၍ မရမှန်း သိသဖြင့် ဖန်ချန်ကို ဦးညွှတ်နှုတ်ဆက်ပြီးနောက် ယူးလုံချန်းနောက်သို့ လိုက်၍ ဝင်းအတွင်းမှ ထွက်သွားတော့သည်။

​ယခုအခါ ဝင်းအတွင်း၌ ဖန်ချန်၊ ချင်တုန်း၊ တာအိုဆရာနှင့် သီလရှင်မလေးတို့သာ ကျန်ရစ်တော့သည်။

​ဖန်ချန်၏ မျက်နှာတွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာပြီး သူက မေးလိုက်သည်

“ဒုတိယဝန်ကြီး ချင်တုန်း... ဝိညာဉ်သွေးဂိုဏ်းအကြောင်း ခင်ဗျား ဘယ်လောက်အထိ သိထားသလဲ”

​ထိုစကားကို ကြားသောအခါ ချင်တုန်း၏ မျက်လုံးများသည် တစ်ဖက်သို့ လွှဲသွားပြီး တိတ်ဆိတ်သွားသည်။

တာအိုဆရာက ချက်ချင်းပင် ဝင်ဟောက်လိုက်တော့သည်။

“ဘာကို ဟိုကြည့်ဒီကြည့် လုပ်နေတာလဲ လိမ်ဖို့အတွက် စဉ်းစားနေတာလား”

​ချင်တုန်း၏ မျက်နှာ တောင့်တင်းသွားသည်။

ထိုနေရာတွင် သူ့ကို မြင်နိုင်သော လူနှစ်ဦး ကျန်နေသေးသည်ကို သူ လုံးဝ မေ့သွားခဲ့သည်။

​

အခန်း ၅၆- မင်း တစ္ဆေတွေ ထပ်တွေ့ပြန်ပြီလား

​“ဒုတိယဝန်ကြီးချင် စကားမပြောခင် သေချာစဉ်းစားသင့်တယ်နော်”

ဟု ဖန်ချန်က အေးဆေးစွာ ပြောလိုက်သည်။

​ချင်တုန်းက သွားကြိတ်ကာ လေသံနှိမ့်၍ ပြောသည်

“စစ်သူကြီးဖန် ခင်ဗျား ဝိညာဉ်သွေးဂိုဏ်းအကြောင်း သိထားမှတော့ သူတို့လုပ်သမျှကို မျက်စိမှိတ်ပေးထားသင့်တယ်ဆိုတာ သိမှာပါ သူတို့ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားတွေက ခင်ဗျား စိတ်ကူးထားတာထက် ကျော်လွန်ပါတယ် အကယ်၍ သူတို့ကိစ္စထဲ ဝင်ပါမယ်ဆိုရင် ခင်ဗျားတို့ ဖန်မိသားစုတစ်ခုလုံး ကပ်ဘေးဆိုးကြီးနဲ့ ကြုံရလိမ့်မယ်”

​တာအိုဆရာက စဉ်းစားဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။

“မှန်တယ် ဝိညာဉ်သွေးဂိုဏ်းက အရမ်းအစွမ်းထက်တယ် သူတို့မှာ ကြောက်စရာကောင်းတဲ့ ကျင့်ကြံသူတွေ အများကြီးရှိတယ်လို့ ကောလာဟလတွေ ရှိတယ်”

​“ဝန်ကြီးချင် ခင်ဗျား အသက်ရှင်ချင်ရင် ကျွန်တော့်မေးခွန်းတွေကိုပဲ ဖြေပါ မဆိုင်တာတွေ လျှောက်မပြောနဲ့”

ဟု ဖန်ချန်က ခပ်ဖျော့ဖျော့ ပြုံးရင်း ပြောလိုက်သည်။

​ချင်တုန်း၏ မျက်နှာထား ပြောင်းလဲသွားသည်။

“စစ်သူကြီးဖန် ကျွန်တော် ကရုဏာဂေဟာအကြောင်းပဲ သိတာပါ ခင်ဗျား ကျွန်တော့်ကို စွပ်စွဲချင်ရင် ဧကရာဇ်မင်းမြတ်ဆီမှာ သွားပြီး တိုင်တန်းနိုင်ပါတယ်”

​ထို့နောက် တစ်ခုခုကို သတိရသွားဟန်ဖြင့် သူက လှောင်ပြုံးပြုံးလိုက်သည်။

“ကျွန်တော် ဘာမတရားမှုကိုမှ မလုပ်ခဲ့ဘူး ဒီရေတွင်းထဲက အလောင်းတွေအားလုံးက ဆရာသခင်ရွှီဟွေ့ရဲ့ လက်ချက်တွေပဲ ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး ကျွန်တော် ဒီနေ့ ဒီကိုလာတာ ငွေလှူဖို့ပဲ ခင်ဗျားက ရဲရင့်သော ဓားစောင့်တပ် ကိုပဲ ခေါ်ခေါ်၊ မဟာတောက်ပမှုဗျူရို ကိုပဲ ခေါ်ခေါ် ကျွန်တော်က အပြစ်မရှိတဲ့အတွက် ဘာမှကြောက်စရာ မလိုဘူး”

​တာအိုဆရာမှာ မှင်တက်သွားသည်။

ဒီလူက ဘယ်လိုတောင် အရှက်မရှိရတာလဲ ဝိညာဉ်သွေးဂိုဏ်းက ကျင့်ကြံသူတွေနဲ့ သူ ပူးပေါင်းနေတာကို သူကိုယ်တိုင် မြင်ခဲ့တာ မဟုတ်လား။

ပြီးတော့ သူက မိန်းကလေးနှစ်ယောက်ကိုပါ စော်ကားဖို့ ကြံစည်ခဲ့သေးသည်။

​ဖန်ချန်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

“ဝန်ကြီးချင် ခင်ဗျားက ယဉ်ကျေးမှု ဒုတိယဝန်ကြီး ဖြစ်နေလို့ ကျွန်တော့်မှာ အာဏာပိုင်တွေဆီ တိုင်တန်းဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိဘူးလို့ ထင်နေတာလား”

​“ဒါဆိုရင်ကော ခင်ဗျား ဘာလုပ်နိုင်မှာလဲ ခင်ဗျားရဲ့ စစ်သူကြီးဆိုတဲ့ ဘွဲ့က ဂုဏ်ထူးဆောင်ဘွဲ့ တစ်ခုသက်သက်ပဲ ခင်ဗျားမှာ ရာထူးလည်း မရှိဘူး၊ အလုပ်လည်း မရှိဘူး ကျွန်တော့်ကို စစ်ဆေးမေးမြန်းဖို့ အရည်အချင်းတောင် မရှိဘူး”

ဟု ချင်တုန်းက ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည်။

​ယခုအခါ သူသည် အရာရှိဘဝဖြင့် နှစ်ပေါင်းများစွာ စုဆောင်းခဲ့သော ယုံကြည်မှုကို ပြသနေပြီး အရင်ကလို အညံ့ခံသည့် အမူအရာ မရှိတော့ပေ။

အခုအချိန်မှာ အားနည်းချက်ပြလိုက်လျှင် ပြဿနာများစွာ ကြုံရလိမ့်မည်ကို သူ သိသည်။ သူ၏ တင်းမာမှုက ဖန်ချန်ကို နောက်ဆုတ်သွားစေပြီး သူ့ကို လွှတ်ပေးလိမ့်မည်ဟု သူ မျှော်လင့်နေခြင်း ဖြစ်သည်။

​“ကျွန်တော် သိသလောက်တော့ မဟာရှအင်ပါယာထဲမှာ ဝိညာဉ်သွေးဂိုဏ်းက ကျင့်ကြံသူ ၇ ယောက် ရှိတယ် အဲဒီထဲက ၃ ယောက်ကတော့ ကျွန်တော့်လက်ထဲမှာ သေသွားပြီ ကျန်တဲ့ ၄ ယောက်ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းနဲ့ သူတို့ရှိနေတဲ့ နေရာတွေကို ပြောပြပါ ပြီးတော့ ခင်ဗျားလိုပဲ ဝိညာဉ်သွေးဂိုဏ်းနဲ့ ပူးပေါင်းနေတဲ့ မဟာရှက လူတွေအကြောင်းကိုလည်း ပြောပြပါ ခင်ဗျား ပြောပြမယ်ဆိုရင် ခင်ဗျားရဲ့ အသက်ကို ချမ်းသာပေးဖို့ ကျွန်တော် စဉ်းစားပေးမယ်”

ဟု ဖန်ချန်က အေးဆေးစွာ ပြောလိုက်သည်။

​“စစ်သူကြီးဖန်. ကျွန်တော် အခုနက ပြောတာကို နားမလည်ဘူးလား ကျွန်တော်က ချင်တုန်း... ယဉ်ကျေးမှု ဒုတိယဝန်ကြီးဗျ”

ချင်တုန်းက အားကိုးတကြီးဖြင့် အော်ပြောလိုက်သည်။

​“ထျဲမ သူ့ကို ခေါ်သွားလိုက် မင်း ဝံပုလွေတပ်မတော်မှာတုန်းက သင်ခဲ့တဲ့ နည်းလမ်းတွေကို သုံးပြီး သူသိသမျှ အကုန်ထွက်လာအောင် လုပ်လိုက်စမ်း သူ မွေးတဲ့နေ့ကစလို့ အခုအထိ အကြောင်းစုံကို ငါ သိချင်တယ်”

ဟု ဖန်ချန်က အမိန့်ပေးလိုက်သည်။

​“ဟုတ်ကဲ့”

ချင်တုန်း၏ နောက်ကွယ်တွင် ထျဲမ ရုတ်တရက် ပေါ်လာပြီး သူ့ကို သတိလစ်အောင် ရိုက်လိုက်ကာ ထမ်းပိုး၍ ခေါ်ဆောင်သွားတော့သည်။

​တာအိုဆရာက ဖန်ချန်ဘက် လှည့်ကာ မေးလိုက်သည်

“ကျွန်တော် ခင်ဗျားကို ဘယ်လို ခေါ်ရမလဲ”

​ဖန်ချန်က ခေါင်းကို အနည်းငယ် စောင်းကာ တာအိုဆရာကို စိုက်ကြည့်လိုက်သည်။

ဖန်ချန်၏ မီးခိုးဖြူရောင် မျက်လုံးများကို စိုက်ကြည့်ရင်း တာအိုဆရာသည် မအောင့်နိုင်ဘဲ သူ၏လက်ကို ဖန်ချန်၏ မျက်နှာရှေ့တွင် ယမ်းပြလိုက်မိသည်။

​“ကျွန်တော် မျက်မမြင်ဖြစ်နေတာက ဘာမှ မမြင်ရဘူးလို့ ဆိုလိုတာ မဟုတ်ဘူးနော်”

ဟု ဖန်ချန်က ပြုံးလျက် ပြောလိုက်သည်။

​တာအိုဆရာမှာ ထိုစကားကြောင့် အနည်းငယ် အနေခက်သွားပြီး ဆက်လက်၍ မရိုမသေ မလုပ်ဝံ့တော့ပေ။

အဆုံးမှာတော့ ထိူလူသည် ဝိညာဉ်သွေးဂိုဏ်း ကျင့်ကြံသူကို သတ်ခဲ့သူ မဟုတ်လား သူ၏ စွမ်းရည်မှာ မသေးလှပေ။

​“ကျွန်တော့်ကို တောက်ယဲ့ လို့ပဲ ခေါ်ပါ”

ဟု တာအိုဆရာက မိတ်ဆက်လိုက်သည်။

​“တောက်ယဲ့”

ဖန်ချန်၏ မျက်နှာ အနည်းငယ် ထူးဆန်းသွားသည်။

​၎င်းကို မြင်သောအခါ လီတောက်ယဲ့က အနေခက်စွာ ရှင်းပြသည်

“ကျေးဇူးပြုပြီး နားမလည်မလွဲပါနဲ့ အဲဒါ ကျွန်တော့်ရဲ့ နာမည်အရင်းပါ နာမည်အပြည့်အစုံက လီတောက်ယဲ့ ပါ ရှစ်ထောင့်ဗေဒင်ဂိုဏ်း က လာတာပါ။”

ထို့နောက် သူက တရားတော်များ ရွတ်ဖတ်နေသော သီလရှင်မလေးကို ညွှန်ပြကာ ပြောလိုက်သည်

“သူမကတော့ သီလရှင်မလေး ချင်းဟဲ ပါ၊ ခရီးသွားရင်း ဆုံခဲ့တဲ့ ကျွန်တော့်ရဲ့ မိတ်ဆွေရင်းပါ။ ကျွန်တော်တို့ အတူတူ အခက်အခဲတွေကို ဖြတ်ကျော်ခဲ့ကြလို့ သံယောဇဉ် တော်တော်နက်ပါတယ်”

​“ညီအစ်ကိုလီ ခင်ဗျား ဝိညာဉ်သွေးဂိုဏ်းအကြောင်း အများကြီး သိထားသလား”

ဟု ဖန်ချန်က စဉ်းစားဟန်ဖြင့် မေးလိုက်သည်။

​“အခုနက လူပြောတာလည်း အမှန်တရား အချို့ ပါပါတယ် ဝိညာဉ်သွေးဂိုဏ်းနဲ့ မပတ်သက်တာ အကောင်းဆုံးပဲ ဂိုဏ်းကြီးတွေတောင် သူတို့ကို အမြစ်ပြတ်အောင် လုပ်ဖို့ ခက်ခဲကြတယ်”

ဟု လီတောက်ယဲ့က လေးနက်သော မျက်နှာထားဖြင့် ပြောသည်။

“ဒီမှာ ဝိညာဉ်သွေးဂိုဏ်း ကျင့်ကြံသူတွေ ရှိမှန်းသာ သိရင် ကျွန်တော် ဒီနေရာကို ခြေတောင် နင်းမှာ မဟုတ်ဘူး”

​“ကျွန်တော့်ကို ရှင်းပြပေးပါဦး ညီအစ်ကိုလီ”

ဟု ဖန်ချန်က ဆိုသည်။

​လီတောက်ယဲ့သည် ဖန်ချန်ကို တစ်ချက်ကြည့်ကာ ခဏမျှ စဉ်းစားပြီးနောက် လေးနက်စွာ ပြောပြသည်

“ကျွန်တော်လည်း ဝိညာဉ်သွေးဂိုဏ်းအကြောင်း အနည်းအကျဉ်းပဲ သိတာပါ သူတို့က အရမ်း လျှို့ဝှက်တယ်၊ တပည့်တွေလည်း အများကြီးပဲ သူတို့ရဲ့ သွေးဝိညာဉ်ဆေးလုံး တွေကို ဖော်စပ်ဖို့အတွက် သူတို့တပည့်တွေကို အင်ပါယာကြီးတွေဆီ လွှတ်ပြီး ပဋိပက္ခတွေ ဖြစ်အောင် လုပ်ခိုင်းတယ်သာမန်လူတွေရဲ့ သွေးအဆီအနှစ်တွေကို သုံးပြီး မိစ္ဆာဆေးလုံးတွေ ဖော်စပ်ကြတာ”

ထို့နောက် သူက တစ်ခုခုကို သတိရသွားဟန်ဖြင့် သိချင်စိတ်ဖြင့် မေးလိုက်သည်

“ဒါနဲ့ ခင်ဗျားက ဘယ်ဂိုဏ်းကလဲ ဘယ်လိုလုပ်ပြီး ဒီ အဆင့်(၉) အင်ပါယာကို ရောက်နေရတာလဲ”

​ဖန်ချန်က ပြုံးလိုက်သည်။

“ကျွန်တော်က လေလွင့်ကျင့်ကြံသူ တစ်ယောက်ပါ မူလကတည်းက မဟာ ရှအင်ပါယာက လူပါပဲ ကျွန်တော်က တခြား ဘယ်သွားရမှာလဲ”

​လီတောက်ယဲ့၏ စကားများကြောင့် ဖန်ချန်သည် ဝိညာဉ်သွေးဂိုဏ်းအကြောင်းကို ပိုမို သိရှိလာရသည်။

ထိုဂိုဏ်းမှာ သူ ထင်ထားသည်ထက်ပင် ပို၍ အစွမ်းထက်ပုံရပြီး အဆင့်(၆) အင်ပါယာများတွင်ပင် ခြေရာများ ရှိနေသည်။

မဟာရှတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့စဉ်က ဖန်ချန်သည် အဆင့်(၆)၊ အဆင့်(၇) အင်ပါယာများအကြောင်းကို လေ့လာရန် ကြိုးစားခဲ့ဖူးသည်။ သူသည် ထိုနိုင်ငံများနှင့် မဟာရှအကြား ကွာခြားချက်များကို အမြဲ သိလိုခဲ့သည်။

​သို့သော် အဆင့်(၆)အင်ပါယာများမှာမူ လျှို့ဝှက်ချက်များဖြင့် ဖုံးလွှမ်းနေပြီး သူ ဘယ်လောက် ကြိုးစားရှာဖွေပါစေ ဘာသတင်းအချက်အလက်မှ မရရှိခဲ့ပေ။

​“ဘာ ခင်ဗျားက ဒီကလူ ဟုတ်လား”

လီတောက်ယဲ့မှာ အံ့ဩသွားပြီး မယုံနိုင်သော လေသံဖြင့် ပြောသည်

“အဆင့်(၉)အင်ပါယာက ကျင့်ကြံသူဆိုတာ တကယ်ကို ရှားပါတယ် ဒါ့အပြင် ခင်ဗျားရဲ့ ကျင့်ကြံခြင်းကလည်း မနိမ့်လှဘူးပဲ”

သူက ခဏမျှ ရပ်တန့်သွားပြီးနောက် ဆက်ပြောသည်

“ဘာပဲဖြစ်ဖြစ် ဝိညာဉ်သွေးဂိုဏ်း ကိစ္စတွေထဲ မပါတာ အကောင်းဆုံးပဲ သူတို့ သွေးဝိညာဉ်ဆေးလုံးတွေ အလုံအလောက် ရပြီဆိုရင် ထွက်သွားကြလိမ့်မယ် အမှန်အတိုင်း ပြောရရင် ဝိညာဉ်သွေးဂိုဏ်းရဲ့ ကြောက်စရာကောင်းမှုက စိတ်ကူးလို့တောင် မရဘူးအဆင့်(၁)အင်ပါယာတွေမှာတောင် ဝိညာဉ်သွေးဂိုဏ်းရဲ့ အစွမ်းထက် ကျင့်ကြံသူတွေ ရှိတယ်လို့ ကောလာဟလတွေ ရှိတယ်”

​“ဒီသတင်းက ခိုင်လုံရဲ့လား”

ဖန်ချန်၏ မျက်နှာ မှောင်ကျသွားသည်။

အဆင့်(၁) အင်ပါယာ ဟုတ်လား အလယ်ပိုင်းတိုက်ကြီး သည် အဆင့်(၁)အင်ပါယာ တစ်ခု ဖြစ်သည်။

ဝိညာဉ်သွေးဂိုဏ်းတွင် စီနီယာ ယွင်ဟယ် လိုမျိုး မိုင်ပေါင်း ထောင်ချီကို မျက်တောင်တစ်ခတ်အတွင်း ဖြတ်သန်းနိုင်သည့် ကြောက်စရာကောင်းသော တည်ရှိမှုများ ရှိနေနိုင်သလား

​“ကျွန်တော် ကိုယ်တိုင်တော့ မမြင်ဖူးပါဘူး ဒါပေမဲ့ ကောလာဟလတွေ ကြားတာပါ မီးမရှိဘဲ မီးခိုးမထွက်ပါဘူး ဝိညာဉ်သွေးဂိုဏ်းဟာ နှစ်ပေါင်းများစွာတိုင်အောင် ဘာလို့ အမြစ်ပြတ် မချေမှုန်းခံရတာလဲဆိုတာ စဉ်းစားကြည့်ရင် ခင်ဗျား နားလည်ပါလိမ့်မယ်”

ဟု လီတောက်ယဲ့က လက်ဝှေ့ယမ်းရင်း ပြောလိုက်သည်။

“ညီအစ်ကို ခင်ဗျား ဒီကိစ္စတွေထဲ မပါဖို့ ကျွန်တော် အကြံပေးချင်ပါတယ် ဝိညာဉ်သွေးဂိုဏ်းက ခင်ဗျားကို သတိမထားမိခင်မှာ ပုန်းရှောင်ဖို့ အနေသင့်တယ် ကျင့်ကြံခြင်းလမ်းစဉ်က မလွယ်ကူပါဘူး၊ အဆင့်(၉) အင်ပါယာလို နေရာမျိုးကနေ ကျင့်ကြံခြင်းလမ်းပေါ် ရောက်လာနိုင်တာဟာ ရှားပါးတဲ့ အခွင့်အရေးတစ်ခုပါ ဒီကိစ္စကြောင့် ခင်ဗျားရဲ့ အနာဂတ်ကို အဖျက်မခံပါနဲ့”

​“ကျွန်တော့် အင်ပါယာက လူတွေကို ဝိညာဉ်သွေးဂိုဏ်းက ကျင့်ကြံသူတွေ နှိပ်စက်ပြီး သူတို့ရဲ့ အသက်တွေကို သုံးပြီး ဆေးလုံးဖော်နေတာကို ကျွန်တော်က ဒီအတိုင်း ကြည့်နေရမှာလား”

ဖန်ချန်က လှောင်ပြောင်လိုက်သည်။

“တစ်ယောက်ယောက်ကတော့ တစ်ခုခု လုပ်ရမှာ မဟုတ်လား”

​“ဒါပေမဲ့ ခင်ဗျား ဘာလုပ်နိုင်မှာလဲ ခင်ဗျားရဲ့ ကျင့်ကြံခြင်းက မြင့်တယ်ဆိုဦးတော့ ခင်ဗျားက ချီသန့်စင်ခြင်းနယ်ပယ် မှာပဲ ရှိသေးတာ ဒီမှာရှိတဲ့ ဝိညာဉ်သွေးဂိုဏ်း တပည့်တွေရဲ့ အဆင့်က သိပ်မမြင့်ဘူး ဆိုပေမဲ့ ခင်ဗျားက အခြေခံတည်ဆောက်ခြင်းနယ်ပယ် ကို မရောက်မချင်း သူတို့ကို ယှဉ်ဖို့ မလွယ်ဘူး”

လီတောက်ယဲ့က မျက်မှောင်ကြုတ်လိုက်သည်။

​“တောက်ယဲ့ သူတို့ကို ကူညီပေးရအောင်”

သီလရှင်မလေး ချင်းဟဲက ရုတ်တရက် ဝင်ပြောလိုက်သည်။

​“သီလရှင်မလေး မင်း ရူးသွားပြီလား ဝိညာဉ်သွေးဂိုဏ်းကို ဆန့်ကျင်ချင်တာလား မင်းရဲ့ ကျင့်ကြံခြင်းက ချီသန့်စင်ခြင်းနယ်ပယ် အဆင့် ၂ ပဲ ရှိသေးတာကို မမေ့နဲ့ဦး သူတို့ နှာချေလိုက်ရုံနဲ့ မင်းကတော့ သွားပြီ”

လီတောက်ယဲ့က သူမကို အံ့ဩတကြီး စိုက်ကြည့်လိုက်သည်။

​“ဒါပေမဲ့ သူတို့က စစ်သူကြီးဖန်ကို ကူညီပေးဖို့ ကျွန်မကို အသနားခံနေကြတယ် သူဟာ မဟာရှအင်ပါယာရဲ့ နောက်ဆုံး မျှော်လင့်ချက်ပဲတဲ့ကျွန်မ သူတို့ကို ကတိပေးလိုက်ပြီ”

သီလရှင်မလေး၏ မျက်လုံးများမှာ အနည်းငယ် နီမြန်းလာသည်။

​“သူတို့က အသနားခံတယ် မင်း... မင်း တစ္ဆေတွေ ထပ်တွေ့ပြန်ပြီလား”

လီတောက်ယဲ့သည် သူ၏ အမွေးအမျှင်များ ထောင်ထသွားသလို ခံစားလိုက်ရပြီး ပတ်ဝန်းကျင်ကို ထိတ်လန့်တကြား လှည့်ကြည့်တော့သည်။

သူသည် မသိလိုက်ဘဲ ဖန်ချန်၏ အနားသို့ ပိုတိုးကပ်သွားခဲ့သည်။

All Chapters