← Chapters

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

​အခန်း ၅၉- ဝန်ခံချက်

​“တပ်မှူးရှောင် ကျွန်တော် အဲဒီနေ့က ဒုတိယဝန်ကြီးချင်ကို တွေ့ခဲ့ရုံနဲ့ သူပျောက်ဆုံးသွားတာမှာ ကျွန်တော့်မှာ တာဝန်ရှိတယ်လို့ မဆိုလိုပါဘူး သူက အလျင်အမြန် ထွက်သွားတာပါ သူဘယ်ရောက်နေသလဲဆိုတာ ကျွန်တော် မသိပါဘူး”

ဟု ဖန်ချန်က ခပ်ဖျော့ဖျော့ ပြုံးလျက် ပြောလိုက်သည်။

​ရှောင်ရှန့်ချဲ့၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားသည်။

ချင်တုန်း ပျောက်ဆုံးမှုတွင် ဖန်ချန် ပါဝင်ပတ်သက်နေသည်ဟု သူ၏ အာရုံက ညွှန်ပြနေသော်လည်း ဒုတိယအဆင့် အရာရှိကြီးတစ်ဦးကို ဖန်ချန်က ဘာကြောင့် အရေးယူရသလဲဆိုသည့် အကြောင်းရင်းကိုမူ သူ စဉ်းစားမရ ဖြစ်နေသည်။

လွန်ခဲ့သော နှစ်များက ပျောက်ဆုံးသွားသည့် ထိုအစေခံမလေးကြောင့်ပဲ တကယ် ဖြစ်နိုင်မလား

​ထိုစဉ် ပဉ္စမမင်းသားက ရုတ်တရက် ဝင်ပြောသည်။

“အရှင်မင်းမြတ် စစ်သူကြီးဖန်ရဲ့ စကားက ယုတ္တိရှိတယ်လို့ ကျွန်တော် ယုံကြည်ပါတယ် သူတို့နှစ်ဦး ဝန်ကြီးချင် မပျောက်ဆုံးခင်မှာ ဆုံခဲ့ရုံနဲ့ သူ့ကို ပြန်ပေးဆွဲတယ်လို့ ကျွန်တော်တို့ အလွယ်တကူ စွပ်စွဲလို့ မရပါဘူး။”

သူသည် လက်သီးဆုပ် ဂါရဝပြုကာ ဧကရာဇ်ကို ရိုသေစွာ လျှောက်တင်လိုက်သည်။

“စစ်ကြီးဖန်မှာ ဝန်ကြီးချင်နဲ့ အရင်က ဘာရန်ငြိုးမှ မရှိပါဘူး အဆင့်မြင့် အရာရှိတစ်ဦးကို အန္တရာယ်ပြုပြီး ဥပဒေချိုးဖောက်ရလောက်အောင် သူ ဘာလို့ စွန့်စားမှာလဲ”

​“ပဉ္စမမင်းသား ပြောတာလည်း အချက်ကျသားပဲ”

​အရာရှိများသည် တစ်ဦးနှင့်တစ်ဦး တိုးတိုးတိတ်တိတ် ဆွေးနွေးရင်း သူတို့၏ အမြင်များကို ဖလှယ်နေကြသည်။

​ထိုအချိန်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ကြားဖြတ်ပြောလိုက်သည်။

“ပဉ္စမမင်းသား မင်းသားရဲ့ စကားတွေက လုံးဝတော့ မမှန်သေးဘူးနော်”

ဟု ဆိုသည်။

သူသည် ထောက်ယွီ နှင့် ရုပ်ချင်းဆင်သည်။ သူကား ယဉ်ကျေးမှုဝန်ကြီး ထောက်မင်ရှန့် ဖြစ်ပြီး ချင်တုန်း၏ တိုက်ရိုက် အထက်လူကြီး ဖြစ်သည်။

​ထောက်မင်ရှန့်သည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး ဧကရာဇ်ထံ ဦးညွှတ်ကာ ရိုသေစွာ လျှောက်တင်သည်။ သူသည် မတ်တပ်ရပ်လိုက်ပြီး

“အရှင်မင်းမြတ် ဖန်ချန်ဟာ ချီအမြုတေနယ်ပယ် ကျင့်ကြံသူ တစ်ယောက်ပါ ဒီလိုလူမျိုးတွေဟာ အမြဲတမ်း ဘာကန့်သတ်ချက်မှမရှိဘဲ ပြုမူတတ်ကြပြီး စည်းကမ်းတွေကိုလည်း ခဏခဏ ချိုးဖောက်တတ်ကြပါတယ်။”

​“လွန်ခဲ့တဲ့ ငါးနှစ်က သုံးလောတောင်တန်း မှာ သူ အရေးနိမ့်ခြင်း မခံရခင်က သူရဲ့ အပြုအမူတွေဟာ အဲဒါကို သက်သေပြနေပါတယ် သူဟာ အရမ်းကို မဆင်မခြင် ပြုမူတတ်ပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်ခဲ့ပါဘူး သူ စိတ်ဆိုးလာရင် အဆင့်မြင့် အရာရှိတွေရဲ့ သားသမီးတွေကိုတောင် ချန်လှပ်မထားခဲ့ပါဘူး”

​ထိုသို့ပြောပြီးနောက် ထောက်မင်ရှန့်သည် ခဏမျှ ရပ်တန့်လိုက်သည်။ ထို့နောက် အိမ်ရှေ့မင်းသားကို တစ်ချက်ကြည့်ကာ

“အခု အိမ်ရှေ့မင်းသား ဖြစ်မလာခင်တုန်းကတောင် ဖန်ချန်ရဲ့ ပါးရိုက်ခြင်းကို ခံခဲ့ရဖူးပါတယ် ဒါကြောင့် ဖန်ချန်ရဲ့ မာနကြီးမှုနဲ့ဆိုရင် ယဉ်ကျေးမှု ဒုတိယဝန်ကြီးကို အန္တရာယ်ပြုဖို့ ကြိုးစားတာဟာ လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး မြို့တော်က မိသားစုကြီး အများအပြားဟာ သူ့ရဲ့ ရဲတင်းမှုကို သက်သေခံပေးနိုင်ပါတယ်”

ဟု ဆိုသည်။

​ထိုစကားကြောင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။

​အရာရှိများသည် ထောက်မင်ရှန့် ပြောသော ဖြစ်ရပ်ကို သိကြသည်။ လက်ရှိ အိမ်ရှေ့မင်းသား ရာထူးကို မပေးအပ်မီ မင်းသားများထဲတွင် တတိယမင်းသားမှာ အဆင့်အတန်း အမြင့်ဆုံး ဖြစ်ခဲ့သည်။ လက်ရှိ အိမ်ရှေ့မင်းသားသည် တစ်ခါက ဖန်ချန်၏ ပါးရိုက်ခြင်းကို ခံခဲ့ရဖူးသည်။

ထိုစဉ်က သူသည် စကားတစ်လုံးတောင် မဟဝံ့ခဲ့ပေ။ လွန်ခဲ့သော ငါးနှစ်၊ သုံးလောတောင်တန်းတွင် ဖန်ချန် အရေးနိမ့်သွားသည့် အချိန်ကျမှသာ သူသည် တရားဝင် အိမ်ရှေ့မင်းသား ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

​အိမ်ရှေ့မင်းသား၏ မျက်နှာမှာ မည်သည့် ခံစားချက်မှ မရှိဘဲ တည်ငြိမ်နေသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖန်ချန်၏ စော်ကားမှုကို သူ မေ့သွားသည့်အလားပင်။

​“ဝန်ကြီးထောက်ခင်ဗျားက ရာဇဝတ်မှုခင်းတွေအကြောင်း တကယ် ဘာမှမသိတာပဲ ခင်ဗျား အခုပြောခဲ့တဲ့ စကားတစ်လုံးချင်းစီတိုင်းက ခန့်မှန်းချက်တွေပဲ ခင်ဗျားရဲ့ အခြေအမြစ်မရှိတဲ့ ထင်မြင်ချက်တွေအပေါ် အခြေခံပြီး ကျွန်တော့်ကို မတရားစွပ်စွဲချင်တာလား ကောင်းပြီလေ ခင်ဗျား မှားသွားခဲ့ရင် အဲဒီအတွက် ပေးဆပ်ရမယ့် တန်ဖိုးကို ခင်ဗျား အဆင်သင့်ပြင်ထားရဲ့လား”

ဖန်ချန်က နှာခေါင်းရှုံ့လျက် ထောက်မင်ရှန့်ကို စိန်ခေါ်လိုက်သည်။

​တောက်မင်ရှန့်၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။ သူက ဖန်ချန်ကို အေးစက်စွာ ကြည့်လိုက်ပြီး

“ဖန်ချန် မင်းက အရှင်မင်းမြတ်ရဲ့ ရှေ့မှာ ငါ့ကို ခြိမ်းခြောက်နေတာလား မင်း ဘာလုပ်မှာလဲ ငါ့ကို တိုက်ခိုက်မှာလား တိုက်ခိုက်ချင်ရင် လာလေ ငါက ကိုယ်ခံပညာရှင် တွေကို မကြောက်ဘူး”

သူသည် တစ်လှမ်း ရှေ့တိုးလိုက်ပြီး မကြောက်မရွံ့ပုံစံ ဖမ်းလိုက်သည်။

​ဘေးမှ ကြည့်နေသူများသည် ထောက်မင်ရှန့်၏ သတ္တိကို ချီးကျူးမိကြသည်။

ချီအမြုတေ နယ်ပယ် ကျင့်ကြံသူတစ်ဦးကို လူသိရှင်ကြား ရန်စရန်မှာ ထူးခြားသော သတ္တိ လိုအပ်သည်။ သူတို့သာဆိုလျှင် ဤသို့ လုပ်ရဲကြမည် မဟုတ်ပေ။

​အကယ်၍ ဖန်ချန်သာ ဒေါသပေါက်ကွဲပြီး လူသတ်ခဲ့လျှင်တောင် သူ၏ ချီအမြုတေ နယ်ပယ် ကျင့်ကြံသူဟူသော ထူးခြားသည့် အဆင့်အတန်းကြောင့် သူသည် အသက်နှင့် ပြန်ပေးဆပ်ရန် မလိုအပ်နိုင်ပေ

​“ဝန်ကြီးထောက် သူ့ကို ထပ်ပြီး မဆွပေးပါနဲ့တော့ သူက စစ်ပွဲပေါင်းများစွာ တိုက်ခဲ့တဲ့သူပါ သူ့အသက်က ငယ်ပေမဲ့ သူက လူအ မဟုတ်ဘူး ဒီလိုမျိုး သူနဲ့ သွားပြီး ကလိမ်ကကျစ် မကျဖို့ မလိုပါဘူး”

ဟု ဘေးနားမှ မုတ်ဆိတ်ဖြူနှင့် လူကြီးတစ်ဦးက ဝင်ပြောလိုက်သည်။

​အခြေအနေကို စောင့်ကြည့်နေသူတိုင်း အလွန်အမင်း အံ့ဩသွားကြသည်။

ဝန်ကြီးချုပ် လီကော်ကျူးတောင်မှ ယခုမှ စကားပြောလိုက်သည့် ထိုလူကြီးကို မကြည့်ဘဲ မနေနိုင် ဖြစ်သွားသည်။

​သူကား ကျန်းယွီရှူး ဖြစ်သည်။

​သူသည် ဧကရာဇ် သုံးဆက်တိုင်အောင် အမှုထမ်းခဲ့သူ ဖြစ်သည်။

သူသည် တရားရေးဝန်ကြီး ဖြစ်သည်။ သူသည် စစ်တပ်နောက်ခံ ရှိသူဖြစ်ပြီး တစ်နည်းမဟုတ် တစ်နည်းဖြင့် တရားရေးဝန်ကြီး ရာထူးသို့ ရောက်ရှိလာကာ အမှုပေါင်းများစွာကို ဖြေရှင်းခဲ့သူ ဖြစ်သည်။

သူသည် လက်ရှိ ရာထူးကို အဆင့်ဆင့် တက်လှမ်းလာခဲ့သူ ဖြစ်သည်။

သူ၏ အတွေ့အကြုံများမှာ အလွန်ပေါများလှသည်ဟု ဆိုရမည်! သို့သော် ကျန်းယွီရှူးသည် နန်းတွင်းရေးရာများမှ အနားယူနေသည်မှာ ကြာပြီဖြစ်သည်။

သူသည် မနက်ခင်း ညီလာခံကိုသာ တက်ရောက်ပြီး ကျန်အချိန်များတွင် အေးဆေးစွာ နေထိုင်တတ်သူ ဖြစ်သည် ထို့ကြောင့် သူက ဖန်ချန်ဘက်မှ ကာကွယ်ပြောဆိုပေးသည်ကို မြင်ရသဖြင့် လူအများ အံ့ဩနေကြခြင်း ဖြစ်သည်။

​တောက်မင်ရှန့်မှာ ကျန်းယွီရှူးကို ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်လိုက်မိသည်။

​ဧကရာဇ်က ပြုံးလိုက်သည်။

“ဝန်ကြီးကျန်း ဝန်ကြီးရဲ့ ထင်မြင်ချက်က ဘယ်လိုရှိလဲ”

​“စစ်သူကြီးဖန် ပြောသလိုပါပဲ သူ့အပေါ် စွပ်စွဲချက်တွေအတွက် ခိုင်လုံတဲ့ အထောက်အထား မရှိပါဘူး ဒါကြောင့် တခြားအကြောင်းအရာတွေကို ဆက်ဆွေးနွေးဖို့ ကျွန်တော် အကြံပြုချင်ပါတယ်”

ဟု ကျန်းယွီရှူးက ဧကရာဇ်ကို ဂါရဝပြုရင်း ပြောလိုက်သည်။

​“တခြား ဘာအကြောင်းအရာတွေ ဆွေးနွေးဖို့ ကျန်သေးလို့လဲ”

လူအုပ်ကြီးမှာ အံ့ဩသွားကြသည်။

သူ ဆိုလိုတာက သူတို့အားလုံး၏ အကြည့်များသည် အိမ်ရှေ့မင်းသား၏ ဘေးတွင် ထိုင်နေသော ကျိုးရှို့ထံသို့ တညီတညွတ်တည်း ရောက်သွားကြသည်။ ဟုတ်သားပဲ... ကျိုးရှို့၏ ကိစ္စကို ရှင်းရဦးမည်။

​“အရှင်မင်းမြတ်... ကျွန်တော့်လက်ထဲမှာ အမှုမှတ်တမ်း အချို့ ရှိပါတယ် အဲဒါတွေကတော့ မြို့တော်က အဆင့်မြင့် အရာရှိတော်တော်များများ ကရုဏာဂေဟာတွေမှာ လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေရဲ့ မှတ်တမ်းတွေပါ”

ကျန်းယွီရှူးသည် ထူထဲသော စာအုပ်တစ်အုပ်ကို ထုတ်ပေးလိုက်ရာ မိန်းမစိုး ‘ယူး’ က ဧကရာဇ်ထံသို့ အမြန် ဆက်သလိုက်သည်။

​ရုတ်တရက်ပင် အရာရှိ အတော်များများ၏ မျက်နှာထားမှာ ပုံမှန်မဟုတ် ဖြစ်သွားကြသည်။

​ထောက်မင်ရှန့်သည် ကျန်းယွီရှူးကို တစ်ချက်ကြည့်လိုက်ပြီးနောက် အမြဲလိုလို ပြုံးနေသော ဖန်ချန်ကို စိုက်ကြည့်လိုက်သည်။ သူ၏ ရင်ထဲတွင် မကောင်းသော အငွေ့အသက်များ ခံစားလိုက်ရသည်။

​ဧကရာဇ်သည် စာရွက်စာတမ်းများကို ဖတ်ရှုပြီးနောက် သူ၏ မျက်နှာထားမှာ ခက်ထန်သွားပြီး စာအုပ်ကို ဒေါသတကြီး ပိတ်လိုက်ကာ ကျန်းယွီရှူးဘက် လှည့်လိုက်သည်။

“ဒါတွေက အမှန်ပဲလား”

​“အထောက်အထားတွေက ခိုင်လုံပါတယ် ဒုတိယဝန်ကြီးချင်ဟာ လက်ရှိမှာ တရားရေးဝန်ကြီးဌာနရဲ့ ထောင်ထဲမှာ ရှိနေပါတယ် သူ အားလုံးကို ဝန်ခံခဲ့ပြီးပါပြီယ လွန်ခဲ့တဲ့ နှစ်တွေအတွင်း သူဟာ တခြားသူတွေနဲ့ ပူးပေါင်းပြီး ကရုဏာဂေဟာကို သုံးပြီး မကောင်းတဲ့ လုပ်ရပ်တွေ လုပ်ခဲ့ပါတယ် ဒါ့အပြင် နာမည်ကျော် ဆရာသခင် ရွှီဟွေ့ဟာ မိစ္ဆာကျင့်ကြံသူ တစ်ယောက် ဖြစ်နေတာကိုလည်း တွေ့ရှိရပါတယ် “

“မကြာသေးခင် နှစ်တွေအတွင်းမှာ ကရုဏာဂေဟာမှာ ဆင်းရဲသား ဝိညာဉ်ပေါင်းများစွာဟာ သူ့လက်ချက်နဲ့ သေဆုံးခဲ့ရပါတယ် အဲဒီ အလောင်းတွေကိုလည်း တရားရေးဝန်ကြီးဌာနဆီ ယူဆောင်လာခဲ့ပြီးပါပြီ”

ကျန်းယွီရှူးက ပြုံးလိုက်သည်။

“စစ်သူကြီးဖန်က ဒါကို တိုက်တိုက်ဆိုင်ဆိုင် ဖော်ထုတ်ပေးခဲ့တာပါ၊ ကျွန်တော် လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက သံသယဖြစ်နေတဲ့ ကိစ္စတွေကို ဖြေရှင်းပေးလိုက်သလိုပါပဲ”

​ရှောင်ရှန့်ချဲ့၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွားသည်။ ခေါင်းဆောင်လျိုမှာလည်း မျက်နှာ ဖြူလျော်သွားသော်လည်း ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းလိုက်သည်။

သူသည် ဖန်ချန်ကို တိတ်တဆိတ် ခိုးကြည့်လိုက်သည်။ ဖန်ချန်က သူ့ကို ဂရုမစိုက်သလို မြင်ရသောအခါမှ သူ သက်ပြင်းချနိုင်တော့သည်။

​ကျန်းယွီရှူး၏ စကားများက နန်းတွင်းတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။

​ချင်တုန်းကို တရားရေးဝန်ကြီးဌာနက ဖမ်းဆီးထားတာ ဟုတ်လား

​ဆရာသခင် ရွှီဟွေ့က မိစ္ဆာအတတ်တွေ ကျင့်နေတာလား

​ကရုဏာဂေဟာမှာ အလောင်းတွေ ရှိနေတာလား

​အချို့သော အရာရှိများသည် သူတို့၏ စူးစမ်းလိုစိတ်ကို မထိန်းနိုင်ဘဲ ဖြစ်ပျက်နေသမျှကို မေးမြန်းနေကြတော့သည်။

​ရုတ်တရက် ဧကရာဇ်သည် ရှေ့မှ စားပွဲကို လက်ဝါးဖြင့် ရိုက်လိုက်ရာ အားလုံး တိတ်ဆိတ်သွားကြသည်။

​“ဝန်ကြီးကျန်း ဒီအမှုကို ခုနစ်ရက်အတွင်း အပြီးသတ် စစ်ဆေးပြီး ငါ့ကို ရှင်းပြချက် ပေးစေချင်တယ်”

ဟု ဧကရာဇ်က အေးဆေးစွာ မိန့်ကြားလိုက်သည်။

​“အမိန့်တော်အတိုင်း ဆောင်ရွက်ပါ့မယ်”

ကျန်းယွီရှူးက ပြန်လည် လျှောက်တင်လိုက်ရာ သူ၏ ဝေဝါးနေသော မျက်လုံးများတွင် စူးရှသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။

​အချို့သော အရာရှိများသည် ချင်တုန်းကို တရားရေးဝန်ကြီးဌာနက ထိန်းသိမ်းထားလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။

အစောပိုင်းက ချင်တုန်း ပျောက်ဆုံးမှုအတွက် ဖန်ချန်ကို သံသယဖြစ်ခဲ့သူတိုင်းမှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားကြသည်။

​သို့သော် လူတိုင်းက ထိုသို့ မတွေးကြပေ။ ကျန်းယွီရှူး၏ ရုတ်တရက် ဝင်ပါလာမှုကြောင့် အလွန်အမင်း အံ့ဩနေသူများလည်း ရှိသည်။

သူတို့သည် ဖန်ချန်က သူတို့ကို ပါးရိုက်ရန်အတွက် အရာအားလုံးကို ကြိုတင် စီစဉ်ထားခြင်း ဖြစ်မည်ဟုပင် သံသယဖြစ်နေကြသည်။

​“ချင်တုန်းရဲ့ ကိစ္စကိုတော့ လောလောဆယ် ဒီမှာပဲ ရပ်လိုက်ရအောင်”

ကျိုးရှို့က ရုတ်တရက် ပြောလိုက်သည်။ “မဟာရှအင်ပါယာအနေနဲ့ ကျွန်တော့်ကို ဖြစ်ပျက်ခဲ့တာတွေအတွက် ရှင်းပြချက် ပေးရမယ့် အချိန်ရောက်ပြီ”

​ဧကရာဇ်က လက်ဝှေ့ယမ်းလိုက်သည်။

“ဖန်ချန်... သူ့ကို တောင်းပန်လိုက်ပါ ဒါဆို ဒီကိစ္စကိုလည်း အဆုံးသတ်လိုက်ကြတာပေါ့”

​“တောင်းပန်ရမယ် ဟုတ်လား

“ ကျိုးရှို့၏ မျက်လုံးများတွင် ဒေါသရိပ်များ လက်သွားသည်။

“အရှင်မင်းမြတ် ကျွန်တော့်ရဲ့ စစ်သည်တွေ အများကြီး သေကျေခဲ့ရတာပါ တောင်းပန်စကား တစ်ခွန်းတည်းနဲ့ ဒီကိစ္စကို ပြီးသွားစေချင်တာလား”

​ထိုစဉ် ဖန်ချန်က ရုတ်တရက် ဝင်ပြောလိုက်ရာ သူ၏ စကားများက လူတိုင်းကို အံ့ဩသွားစေသည်။

“ဟုတ်ကဲ့ အရှင်မင်းမြတ် ကျွန်တော်တို့ သူ့ကို ရှင်းပြချက်တစ်ခု ပေးရပါလိမ့်မယ်”

​ကျိုးရှို့က ဖန်ချန်ကို အထင်သေးစွာ ကြည့်လိုက်သည်။ အချို့သော အရာရှိများသည် ဖန်ချန် တကယ်ပဲ တောင်းပန်မည်လားဟု စူးစမ်းနေကြစဉ် သူ၏ နောက်ထပ် စကားများကြောင့် သူတို့ အားလုံး မှင်တက်သွားကြသည်။

​ဖန်ချန်က ရယ်မောရင်း ကျန်းယွီရှူးဘက် လှည့်ကာ မေးလိုက်သည်

“ဝန်ကြီးကျန်း ကျွန်တော် မေးခွန်းတစ်ခု မေးပါရစေ အကယ်၍ တစ်ယောက်ယောက်က ကျွန်တော်တို့ မဟာရှအင်ပါယာက ကုန်သည် သံတမန်အဖွဲ့ကို အပျော်သဘောနဲ့ သတ်ဖြတ်ခဲ့မယ်ဆိုရင် အဲဒီလူကို ဘယ်လို ပြစ်ဒဏ်မျိုး ပေးသင့်သလဲ”

အခန်း ၆၀ - ကွပ်မျက်စေ

​ထာဝရငြိမ်းချမ်းရေးခန်းမ အတွင်းရှိ အရာရှိကြီးများသာမက ဧကရာဇ်ကိုယ်တိုင်ပင်လျှင် မျက်မှောင်ကြုတ်သွားခဲ့သည်။

​ ထောက်မင်ရှန့် နှင့် အိမ်ရှေ့မင်းသားတို့မှာလည်း တည်ကြည်သော မျက်နှာထားများ ဖြစ်သွားကြသည်။

​နန်းတွင်းရှိ လူတိုင်းမှာ အဖြစ်အပျက်ကို သိရှိထားကြသော်လည်း လူအနည်းငယ်၏ အသက်အတွက်နှင့် လုံတုအင်ပါယာ နှင့် ပဋိပက္ခဖြစ်ရန် မစွန့်စားဝံ့ကြပေ။

လက်ရှိတွင် မဟာရှအင်ပါယာသည် ချင်းစုန်အင်ပါယာ ၏ ကျူးကျော်မှုကို ရင်ဆိုင်နေရသည်။ အခြားအင်ပါယာများသည် သူတို့ကြားတွင် ကြားခံနယ်မြေများအဖြစ် တည်ရှိနေရမည် ဖြစ်သည်။

အကယ်၍ ထိုအင်ပါယာများနှင့် ရန်သူဖြစ်ပြီး ကြားခံနယ်မြေများကို ဆုံးရှုံးရမည်ဆိုပါက ၎င်းမှာ သူတို့အတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်လာလိမ့်မည်။

​"ဥပဒေအရဆိုရင်တော့ သူ့ကို ကွပ်မျက်သင့်တာပေါ့"

ဟု ဝန်ကြီးကျန်းယွီရှု က သူ၏ မုတ်ဆိတ်ကို သပ်ရင်း ပြုံးလျက် ပြောလိုက်သည်။

​ဖန်ချန်က ဧကရာဇ်ဘက်သို့ လှည့်ကာ မေးလိုက်သည်

"အရှင်မင်းမြတ်... နယ်စားကြီးကျိုးကို ဘယ်လို အပြစ်ပေးသင့်တယ်လို့ ထင်ပါသလဲ"

​ကျိုးရှို့က ဖန်ချန်ကို လက်ညှိုးထိုးကာ လှောင်ပြောင်ရယ်မောလိုက်သည်။

"ဒီလို အသေးအဖွဲ ကိစ္စလေးနဲ့ မင်းက ငါ့ကို တကယ်ပဲ အရေးယူတော့မလို့လား မင်း ရူးသွားပြီလား အကယ်၍ ငါ့ရဲ့ လုံတုအင်ပါယာက မင်းတို့ကို စစ်ကြေညာလိုက်ရင် မင်းတို့ဟာ အင်ပါယာ နှစ်ခုရဲ့ ပူးပေါင်းစွမ်းအားကို ရင်ဆိုင်ရလိမ့်မယ် ကုဟယ် နဲ့ ယီကျိုး အင်ပါယာတွေတောင်မှ အခွင့်အရေးရရင် ဝင်ပါလာနိုင်သေးတယ် မင်းတို့ရဲ့ ဂရိတ်ရှက ဒါကို တောင့်ခံနိုင်ပါ့မလား"

​"နယ်စားကြီးကျိုး စိတ်မပူပါနဲ့"

လီကော်ကျူးက ရှေ့သို့ လှမ်းထွက်လာပြီး ကျိုးရှို့ကို ဖျောင်းဖျလိုက်သည်။ ထို့နောက် သူက ဖန်ချန်ကို ကြည့်ကာ မျက်မှောင်ကြုတ်လျက်

"စစ်သူကြီးဖန် ဒီကိစ္စကို ပိုပြီး မကြီးထွားပါစေနဲ့တော့"

ဟု ဆိုသည်။

​ထောက်မင်ရှန့်ကလည်း ဝင်ပြောသည်

"ဖန်ချန် မင်းသာ လုံတုအင်ပါယာနဲ့ ရန်ငြိုးဖွဲ့လိုက်ရင် မဟာရှအင်ပါယာဟာ ဘယ်လောက်အထိ အကျပ်အတည်း ဆိုက်သွားမလဲဆိုတာ မင်း သိရဲ့လား"

​အိမ်ရှေ့မင်းသားသည် ဧကရာဇ်ထံ ဦးညွှတ်ကာ

"ခမည်းတော် ကျေးဇူးပြုပြီး ပြန်လည် စဉ်းစားပေးပါ"

ဟု လျှောက်တင်သည်။

​အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိ အများအပြားကလည်း သူတို့၏ သဘောထားများကို ထုတ်ဖော်ကြသည်။ ထိုဝန်ကြီးများထဲတွင် ဖန်အုပ်စု ဟု ခေါ်သော အုပ်စုဝင်ဟောင်းများပင် ပါဝင်နေသည်။

​ကျိုးရှို့သည် ဖန်ချန်ကို ကြည့်ကာ မာနကြီးသော အပြုံးတစ်ခု ပြုံးလိုက်သည်။

၎င်းမှာ မဟာရှအင်ပါယာ၏ လက်ရှိ အခြေအနေပင် ဖြစ်သည်။

ချီအမြုတေအဆင့် ကို ရောက်နေသော ကိုယ်ခံပညာရှင်ပင်လျှင် ထိုကဲ့သို့ ပြင်းထန်သော နောက်ဆက်တွဲ ပြဿနာများကို ရင်ဆိုင်ရသောအခါ အသုံးမဝင်တော့ပေ။

​"ငါ ခမင်းရဲ့ တောင်းပန်မှုကို မလိုချင်ဘူး မင်းရဲ့ အဲဒီ လက်အောက်ငယ်သား နှစ်ယောက်ကိုပဲ ခေါင်းဖြတ်ပေးလိုက်"

ဟု ကျိုးရှို့က လှောင်ပြောင်လိုက်သည်။

"ဒါမှမဟုတ်ရင် ငါ့လုံတုအင်ပါယာ က မင်းတို့ မဟာရှအင်ပါယာကို နိုင်ငံတကာစစ်ပွဲ ဆင်နွှဲဖို့ စိန်ခေါ်ပါလိမ့်မယ် အဲဒီအခါကျရင် အရေးမပါတဲ့ အသက်နှစ်ချောင်းတည်းတင် ဆုံးရှုံးမှာ မဟုတ်တော့ဘူး"

​"နိုင်ငံတကာစစ်ပွဲ"

ထိုစကားကြောင့် လူအများ၏ ရင်ခုန်သံများ မြန်သွားကြသည်။

နိုင်ငံတကာစစ်ပွဲ ဆိုသည်မှာ အင်ပါယာများအကြား ကျင်းပသော ပြိုင်ပွဲတစ်မျိုး ဖြစ်သည်။

နှစ်ဖက်စလုံးသည် သူတို့၏ စစ်အင်အားများကို စုစည်းကာ တိုက်ရိုက် ရင်ဆိုင်တိုက်ခိုက်ကြရခြင်း ဖြစ်သည်။ ၎င်းမှာ အငြင်းပွားမှုများကို အကြမ်းတမ်းဆုံးနှင့် အရှင်းလင်းဆုံး နည်းလမ်းဖြင့် ဖြေရှင်းခြင်းပင် ဖြစ်သည်။

နှစ်ဖက်စလုံးက သူတို့၏ စည်းကမ်းချက်များကို ချမှတ်ပြီးနောက် တိုက်ပွဲဝင်ကြရသည်။ ရှုံးနိမ့်သူမှာ ကြီးမားသော ဆုံးရှုံးမှုများကို ခံစားရမည် ဖြစ်သည်။

​လက်ရှိတွင် မဟာရှအင်ပါယာ၌ စစ်သည် အင်အား လေးသိန်းအောက်သာ ရှိတော့သည်။

လုံတုအင်ပါယာမှာမူ ထိုသို့ မဟုတ်ပေ။ သူတို့တွင် အမြဲတမ်း စစ်သည်အင်အား တစ်သန်းရှိသည်။

သူတို့တွင် ချီအမြုတေအဆင့် ပညာရှင် မရှိသော်လည်း ချီထိန်းချုပ်ခြင်းအဆင့် အထွတ်အထိပ်ရောက် ပညာရှင်များစွာ ရှိသည်။

ထိုပညာရှင် အရေအတွက်မှာ မဟာရှထက် များစွာ သာလွန်သည်။ အကယ်၍ စစ်ပွဲသာ ဖြစ်ပွားခဲ့လျှင် မဟာရှအတွက် အောင်နိုင်ခြေ အခွင့်အလမ်း သိပ်မရှိပေ။

​"ဖန်ချန် ဝံပုလွေတပ်မတော်က ဟွမ်စီဟိုင် နဲ့ ထျဲမ တို့က အဲဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာ မဟုတ်လား"

ဟု ဧကရာဇ်က ဖန်ချန်ကို ကြည့်ကာ အတည်ပြုချက် ရယူလိုက်သည်။

​"ထျဲမ"

​ရှောင်ရှန့်ချဲ့နှင့် အခြားလူအနည်းငယ်မှလွဲ၍ ကျန်လူတိုင်းမှာ အံ့ဩသွားကြသည်။

ချင်းစုန်အင်ပါယာ၏ ဝံပုလွေတပ်မတော်မှ အဆင့်မြင့် တပ်မှူးတစ်ဦးဖြစ်သူ ထျဲမသည် ဘာကြောင့် ဖန်ချန်၏ လက်အောက်ငယ်သား ဖြစ်နေရသနည်း

​"အရှင်မင်းမြတ် အရှင် ဒီကိစ္စကို ဘယ်လို ဖြေရှင်းဖို့ ရည်ရွယ်ထားပါသလဲ"

ဖန်ချန်က ပြုံးလျက် မေးလိုက်သည်။

​"ကျိုးရှို့ရဲ့ အကြံပြုချက်အတိုင်းပဲ သူတို့ကို မင်း လွှဲအပ်ပေးလိုက်မယ်ဆိုရင် မင်းအနေနဲ့ တောင်းပန်စရာ မလိုတော့ဘူး အဲဒီလိုဆိုရင် မင်းရဲ့ ဂုဏ်သိက္ခာကိုလည်း ထိန်းသိမ်းနိုင်သလို အင်ပါယာကိုလည်း ဘေးဒုက္ခကနေ ကယ်တင်နိုင်လိမ့်မယ်"

ဟု ဧကရာဇ်က သက်ပြင်းချရင်း ဆိုသည်။

​ဖန်ချန်က တည်ငြိမ်စွာပင် ပြောလိုက်သည်

"အကယ်၍ ကျွန်တော်တို့သာ သူတို့ရဲ့ စည်းကမ်းချက်တွေကို သဘောတူလိုက်မယ်ဆိုရင် အခြားအင်ပါယာတွေကလည်း ကျွန်တော်တို့ကို ပိုပြီး အနိုင်ကျင့်လာကြပါလိမ့်မယ် လွန်ခဲ့တဲ့ ငါးနှစ်တုန်းကဆိုရင် လုံတုအင်ပါယာရဲ့ နယ်စားကြီးတောင်မှ ကျွန်တော်တို့ အင်ပါယာရဲ့ စည်းကမ်းတွေကို လိုက်နာခဲ့ရတာပါ"

​"အတိတ်အကြောင်းတွေကို ဘာလို့ ပြောနေတာလဲ မင်းတို့ရဲ့ မဟာရှအင်ပါယာက အရင်လို မဟုတ်တော့ဘူး ဖန်ချန်... ဒါဟာ မင်းး ကိုယ်တိုင် ရှာတဲ့ ဘေးပဲ"

ဟု ကျိုးရှို့က ထပ်ခါတလဲလဲ လှောင်ပြောင်လိုက်သည်။

​"မဟာရှအင်ပါယာ ဟုတ်ပါတယ် ငါတို့ဟာ အရင်က မဟာရှအင်ပါယာ မဟုတ်တော့ပါဘူး"

ဖန်ချန်က ခပ်ဖွဖွ သက်ပြင်းချလိုက်သည်။

​လူတိုင်းက သူ အလျှော့ပေးတော့မည်ဟု ထင်နေစဉ်မှာပင် ဖန်ချန်သည် ဧကရာဇ်ကို ဦးညွှတ်ကာ ပြောလိုက်သည်

"အရှင်မင်းမြတ် ကျွန်တော့်ကို ခွင့်လွှတ်ပါ ကျွန်တော် ဒီနေ့ ကျိုးရှို့ကို အရေးမယူခဲ့ရင် အခြားအင်ပါယာတွေက ကျွန်တော်တို့ကို အထင်သေးကြပါလိမ့်မယ် ကျွန်တော်တို့ သူတို့နဲ့ စီးပွားရေး လုပ်လို့ ရမှာ မဟုတ်သလို ကျွန်တော်တို့ရဲ့ ပြည်သူတွေဟာလည်း သာမန် တိရစ္ဆာန်တွေလို အသတ်ခံနေရပါလိမ့်မယ်"

​သူ စကားပြောပြီးသည်နှင့် သူ၏ ကိုယ်ဟန်မှာ ဝေဝါးသွားပြီး မယုံနိုင်လောက်အောင် မြန်သော အရှိန်ဖြင့် ပြေးထွက်သွားသည်ကို လူတိုင်း မြင်လိုက်ရသည်။

သူသည် အံ့ဩတုန်လှုပ်နေသော ကျိုးရှို့၏ ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး

သူ့ကို ဖမ်းဆီးကာ မျက်တောင်တစ်ခတ်အတွင်း ထာဝရငြိမ်းချမ်းရေးခန်းမ မှ ပျောက်ကွယ်သွားတော့သည်။

​အချို့လူများက သူ့ကို တားဆီးရန် ကြိုးစားသော်လည်း သူတို့၏ အရှိန်မှာ မမှီပေ။ သူတို့ သတိဝင်လာချိန်တွင် ဖန်ချန်နှင့် ကျိုးရှို့မှာ မရှိတော့ပေ။

​ဧကရာဇ်မှာ အလွန်အမင်း ဒေါသထွက်သွားသည်။

"သူ့ကို တားကြစမ်း"

ဟု အော်ဟစ်ကာ အရာရှိများနှင့်အတူ ခန်းမအပြင်သို့ ပြေးထွက်သွားတော့သည်။

​"မင်း ဘယ်လိုများ လုပ်ရဲတာလဲ မဟာရှအင်ပါယာ ပျက်စီးသွားမှာကို မင်း မကြောက်ဘူးလား"

ကျိုးရှို့သည် ထိတ်လန့်ဒေါသထွက်စွာ အော်ဟစ်နေသည်။

​ဖန်ချန်မှာမူ မည်သည့် အမူအရာမှ မပြဘဲ ကျိုးရှို့ကို မကာ သွက်လက်သော ခြေလှမ်းများဖြင့် လျှောက်လှမ်းနေသည်။

သူ၏ ခြေလှမ်းတိုင်းမှာ သိသိသာသာ မြန်ဆန်လှသည်။ သူသည် လေပေါ်တွင် လမ်းလျှောက်နေသည့်အလား ခံစားရစေသည်။

၎င်းမှာ ခြေတစ်လှမ်းဖြင့် မိုင်ပေါင်းများစွာ ဖြတ်သန်းနိုင်သော ဒဏ္ဍာရီလာ စွမ်းရည်နှင့် ဆင်တူနေသည်။

​သူ့နောက်သို့ လိုက်လာသူများမှာ အဝေးတွင် ကျန်ရစ်ခဲ့ပြီး မကြာမီမှာပင် ဖန်ချန်သည် မြို့တော်၏ အစည်ကားဆုံး လမ်းမပေါ်သို့ ရောက်ရှိလာသည်။

ထိုနေရာတွင် လက်ဖက်ရည်ဆိုင်များ အရက်ဆိုင်များနှင့် ဆိုင်ခန်းများဖြင့် ပြည့်နှက်နေသည်။

လူအုပ်ကြီးမှာ စည်ကားလှသည်။ ကာဟယ်၊ ယီကျိုးနှင့် လုံတုအင်ပါယာများမှ လူများပင် လူအုပ်ကြားတွင် ရောနှောနေကြသည်။

​ရုတ်တရက် လူအုပ်ကြားမှ တစ်စုံတစ်ယောက်က ဖန်ချန်ကို မှတ်မိသွားပြီး အံ့ဩတကြီးဖြင့်

"ဒါ နတ်စစ်သူကြီးဖန် မဟုတ်လား"

ဟု လွှတ်ခနဲ ပြောလိုက်သည်။

​"စစ်သူကြီးဖန်က လူတစ်ယောက်ကို လက်ထဲမှာ မလာတာပဲ အဲဒါ ဘယ်သူလဲ"

နောက်တစ်ယောက်က မေးလိုက်သည်။

​လူတိုင်းက ကျိုးရှို့ကို မမှတ်မိကြသော်လည်း လုံတုအင်ပါယာမှ ပညာရှိအချို့ကတော့ မှတ်မိကြသည်။

သူတို့မှာ ချက်ချင်းပင် ထိတ်လန့်သွားကြပြီး တစ်စုံတစ်ယောက်က ရှေ့သို့ ထွက်လာကာ အော်ပြောလိုက်သည်

"စစ်သူကြီးဖန် ကျွန်တော်တို့ လုံတုနိုင်ငံရဲ့ နယ်စားကြီးကို ခင်ဗျား ဘာလုပ်ဖို့ ကြံနေတာလဲ"

​လုံတုအင်ပါယာရဲ့ နယ်စားကြီး ဟုတ်လား

​မဟာရှ ပြည်သူများ၏ မျက်နှာတွင် စူးစမ်းလိုသော အကြည့်များ ပေါ်လာသည်။

သူတို့၏ ပထမဆုံး အတွေးမှာ ထိုနယ်စားကြီးသည် စစ်သူကြီးကို တစ်ခုခု စော်ကားမိ၍ ဖြစ်လိမ့်မည်ဟူ၍ ဖြစ်သည်။

​သတင်းများမှာ မြို့အနှံ့ အလျင်အမြန် ပျံ့နှံ့သွားသည်။

​မဟာတောက်ပမှုဗျိုရို မှ ရဲမက်များနှင့် ရဲရင့်သောဓားစောင့်တပ် မှ အစောင့်အကြပ်များ ရောက်ရှိလာသည်ကို မြင်သောအခါမှသာ တစ်ခုခု အကြီးအကျယ် မှားယွင်းနေပြီဖြစ်ကြောင်း ပြည်သူများ ခံစားလိုက်ရသည်။

ထို့နောက် မကြာမီမှာပင် နန်းတွင်း အရာရှိကြီးများ ပြေးလာကြပြီး ဧကရာဇ်ကိုယ်တိုင် ဦးဆောင်လာသည်ကို တွေ့လိုက်ရသည်။

​"ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ"

ပြည်သူတိုင်းသည် ချက်ချင်း ဒူးထောက်ကာ တညီတညွတ်တည်း အော်ဟစ်နှုတ်ဆက်ကြသည်။

​ဧကရာဇ်က တည်ကြည်သော မျက်နှာထားဖြင့် ခေါင်းငြိမ့်ပြကာ သူတို့ကို ထခိုင်းလိုက်သည်။ ထို့နောက် သူက ဖန်ချန်ကို လေးနက်စွာ စိုက်ကြည့်လိုက်သည်။

"ဖန်ချန် နယ်စားကြီးကျိုးကို အခုချက်ချင်း လွှတ်လိုက်စမ်း"

​"ဖန်ချန် မင်း ဧကရာဇ်ရဲ့ အမိန့်ကို ဖီဆန်နေတာပဲ မင်းကတော့ ကြီးလေးတဲ့ ပြစ်မှုကို ကျူးလွန်နေပြီ"

အိမ်ရှေ့မင်းသားက ဒေါသတကြီး အော်ဟစ်လိုက်သည်။

​"ဘာတွေ ဖြစ်ကုန်တာလဲ ဖန်ချန်က ကျိုးရှို့ကို ဘယ်လိုလုပ် ဖမ်းလိုက်တာလဲ"

ရုတ်တရက် ရဲချင်ဟဲ နှင့် ထောက်ယွီ တို့ကဲ့သို့ ပုဂ္ဂိုလ်များလည်း လူအုပ်ကြားတွင် ပေါ်လာသည်။

သူတို့သည် ညီလာခံသို့ တက်ရောက်ခွင့် မရှိသော်လည်း ယနေ့သည် ဖန်ချန်ကို စစ်ဆေးမည့်နေ့ ဖြစ်ကြောင်း သိထားကြသည်။

​သူတို့သည် သတင်းကို သီးသန့်သာ ကြားရမည်ဟု မျှော်လင့်ထားသော်လည်း ယခုအခါ စစ်ဆေးမှုမှာ လူအများရှေ့ လမ်းမပေါ်သို့ ရောက်ရှိလာခဲ့သည်။

​သူတို့သည် လူအုပ်ကြားရှိ သူတို့၏ ဖခင်များကို သတိပြုမိလိုက်သည်။ အကယ်၍ ဧကရာဇ်သာ ရှိမနေပါက သူတို့သည် အခြေအနေကို သိရှိရန် ဖခင်များထံသို့ ပြေးသွားကြမည်မှာ သေချာသည်။

​ဧကရာဇ်၏ အမိန့်ကို ဖီဆန်တာလား မဟာရှ ပြည်သူများ၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်မှုများ ပြည့်နှက်သွားသည်။

​နောက်ဆုံးတွင် ဖန်ချန်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြုကာ သူ၏ အသံကို မိုင်ပေါင်းများစွာအထိ ရောက်အောင် ဟိန်းထွက်စေလိုက်သည်။

"ဒီလူဟာ လုံတုအင်ပါယာရဲ့ နယ်စားကြီး ဖြစ်တယ်သူဟာ ငါတို့ မဟာရှအင်ပါယာက ကုန်သည်တွေကို အပျော်သဘောနဲ့ လိုက်လံ သတ်ဖြတ်ခဲ့သူပဲ သူဟာ နောင်တရခြင်း မရှိတဲ့အပြင် ငါတို့ အင်ပါယာရဲ့ ပြည်သူတွေကို သူ စိတ်ကြိုက် သတ်ဖြတ်နိုင်တဲ့ တိရစ္ဆာန်တွေလိုပဲ သဘောထားတယ် သူဟာ ဥပဒေကို ချိုးဖောက်ခဲ့လို့ သေဒဏ် ပေးခံရလိမ့်မယ်"

All Chapters