အခန်း (၆၃-၆၄)
Vol. 7 Ch. 63-64
အခန်း ၆၃ - လနစ်မြုပ်ရွှေ
“စစ်သူကြီးဖန်”
ဖန်ချန် ခန်းမထဲသို့ လှမ်းဝင်လာသည်ကို မြင်သောအခါ လီမောင်ချိုင်သည် သူ့ထံသို့ အပြေးအလွှား လာရောက်နှုတ်ဆက်သည်။
“ကျွန်တော်မျိုး လီမောင်ချိုင်၊ စစ်သူကြီးဖန်ကို ဂါရဝပြုပါတယ်”
“သူဌေးလီ အားနာစရာတွေ မလိုပါဘူး ကျေးဇူးပြုပြီး ထိုင်ပါဦး”
ဟု ဖန်ချန်က နေရာညွှန်ပြရင်း ပြောလိုက်သည်။ သူသည် အိမ်ရှင်နေရာတွင် ဝင်ထိုင်လိုက်ပြီး ဖန်ချင်းယောင်ကို ပြုံးပြလိုက်သည်။
“သခင်မလေးဖန် ကရုဏာဂေဟာ ကိစ္စတွေ ဘယ်လိုရှိလဲ တစ်စုံတစ်ယောက်က ဆက်သွယ်လာသေးလား”
ဖန်ချင်းယောင်က စိတ်ရှုပ်ထွေးနေသော မျက်နှာထားဖြင့် ခပ်ဖွဖွ ခေါင်းငြိမ့်ပြသည်။
“တရားရေးဝန်ကြီးဌာနက အရာရှိတစ်ယောက် ရောက်လာပြီး ကရုဏာဂေဟာရဲ့ ပိုင်ဆိုင်မှု စာချုပ်ကို ကျွန်မဆီ လွှဲပေးခဲ့ပါတယ် အခုဆိုရင် ကျွန်မက အဲဒီဂေဟာရဲ့ ပိုင်ရှင် အစစ်အမှန် ဖြစ်သွားပါပြီ စာချုပ်ပေါ်မှာလည်း ကျွန်မရဲ့ နာမည်ကို ရေးထိုးထားပြီးသားပါ”
သူမသည် ဖန်ချန်ကို တကယ်ပင် လေးစားသွားမိသည်။ ဌာနကြီး ခြောက်ခုထဲမှ တစ်ခုဖြစ်သော တရားရေးဝန်ကြီးဌာနကိုပင် ပူးပေါင်းဆောင်ရွက်စေပြီး ကရုဏာဂေဟာကို သူမလက်ထဲ ထည့်ပေးနိုင်ခဲ့သည်။
မြို့တော်အတွင်းရှိ လူမည်မျှသည် ထိုကဲ့သို့သော ဩဇာအာဏာမျိုးနှင့် ယှဉ်နိုင်မည်နည်း
ဖန်ချန်က ခေါင်းငြိမ့်ကာ ပြုံးလိုက်သည်။
“ကောင်းပါတယ် မင်းက စိတ်နှလုံး ကောင်းမွန်တဲ့သူတစ်ယောက်ဆိုတာ ငါ သိပြီးသားပါ နောင်ကျရင် မိဘမဲ့တွေနဲ့ မုဆိုးမတွေအတွက် ကရုဏာဂေဟာဟာ ခိုလှုံရာ အိမ်ဂေဟာလေး ဖြစ်လာမှာပါ”
“စစ်သူကြီးဖန် စိတ်ချပါ ကျွန်တော်တို့ရဲ့ ပျံသန်းနေသောနဂါး ကုန်သည်ကြီးများအသင်း ကလည်း မြို့တော်က ကရုဏာဂေဟာတွေအတွက် တစ်နှစ်ကို ငွေစင်ငါးထောင် တိတိ ထောက်ပံ့ပေးဖို့ စီစဉ်ထားပါတယ်”
ဟု လီမောင်ချိုင်က ကြားဖြတ် ပြောလိုက်သည်။
၎င်းကို ကြားသောအခါ ဖန်ချန်၏ မျက်လုံးများ လင်းလက်သွားသည်။ သူသည် လီမောင်ချိုင်ဘက် လှည့်ကာ လက်သီးဆုပ် ဂါရဝပြုလိုက်သည်။
“သူဌေးလီကလည်း စိတ်ထားကောင်းသူ တစ်ယောက်ဖြစ်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး ငွေစင်ငါးထောင်ဆိုရင် အခက်အခဲ တော်တော်များများကို ဖြေရှင်းပေးနိုင်မှာပါ”
“ဒါက ကျွန်တော် လုပ်သင့်လုပ်ထိုက်တဲ့ အရာပါ”
လီမောင်ချိုင်က ခေါင်းကို ထပ်တလဲလဲ ငြိမ့်ရင်း ပြန်ဖြေသည်။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက ဆက်ပြောသည်
“စစ်သူကြီးဖန် ကျွန်တော် ဒီနေ့ လာတာ လက်ဆောင် အနည်းအကျဉ်းလည်း ပါပါတယ် ဒါကို ကျွန်တော့်ရဲ့ စေတနာအဖြစ် လက်ခံပေးပါဦး”
ဖန်ချန်က ခေါင်းခါလိုက်သည်။
“လက်ဆောင်တွေ မလိုပါဘူး၊ ပြန်ယူသွားလိုက်ပါ စောစောကလည်း လူအများကြီး လက်ဆောင်တွေနဲ့ လာကြပေမဲ့ ကျွန်တော် တစ်ခုမှ လက်မခံခဲ့ဘူးခင်ဗျားရဲ့ စေတနာကို သိရတာနဲ့တင် လုံလောက်ပါပြီ”
ဖန်ချန်က လက်ဆောင်များကို လက်ခံရန် အစီအစဉ်မရှိသည်ကို မြင်သောအခါ လီမောင်ချိုင်မှာ ပျာပျာသလဲ ဖြစ်သွားပြီး ဖန်ချင်းယောင်ကို အကူအညီတောင်းသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
ဖန်ချင်းယောင်က ခပ်ချိုချို ပြုံးလျက် ဝင်ပြောပေးသည်
“စစ်သူကြီးဖန် သူဌေးလီ ပြင်ဆင်လာတဲ့ လက်ဆောင်တွေထဲမှာ ထူးခြားတဲ့ လက်နက်တစ်ခု ပါဝင်ပါတယ် စစ်သူကြီး တစ်ချက်လောက် ကြည့်ပေးရင် ကောင်းမလားလို့”
“ဟုတ်ပါတယ်... ဟုတ်ပါတယ် တခြား လက်ဆောင်တွေကို လက်မခံရင်တောင် ရပါတယ် အဲဒါတွေက သာမန် ပစ္စည်းတွေမို့ စစ်သူကြီးရဲ့ အဆင့်အတန်းနဲ့ မလိုက်ဖက်ပါဘူး ဒါပေမဲ့ ဒီလက်နက်ကိုတော့ တစ်ချက်လောက် ကြည့်ပေးပါ လွန်ခဲ့တဲ့ သုံးနှစ်က ကျွန်တော်တို့ရဲ့ မန်နေဂျာတစ်ယောက် ယူလာပေးခဲ့တာပါ။ ဒါက တကယ့်ကို ထူးခြားတဲ့ အရာပါ!”
ဟု လီမောင်ချိုင်က တိုက်တွန်းလိုက်သည်။
လက်နက်တစ်ခု ဟုတ်လား ဖန်ချန် စိတ်ဝင်စားသွားသည်။
အပြင်ဘက်တွင် နားထောင်နေကြသော ဟွမ်စီဟိုင်၊ ရွှီဂီ နှင့် ထျဲမ တို့လည်း စူးစမ်းလိုသော အကြည့်များဖြင့် အချင်းချင်း ကြည့်လိုက်ကြသည်။
ထိုလက်နက်မှာ တစ်ခုခု ထူးခြားနေရမည်။
အကယ်၍ သာမန် လက်နက်သာ ဖြစ်ပါက လီမောင်ချိုင်သည် ဖန်အိမ်တော်သို့ ယူလာရန် အားထုတ်နေမည် မဟုတ်ပေ။
“ဒါဆိုရင်လည်း ကျွန်တော် တစ်ချက် ကြည့်လိုက်ပါ့မယ်”
ဖန်ချန်က ပြုံးလျက် ပြောလိုက်သည်။
လီမောင်ချိုင်က အလျင်အမြန် ထရပ်ကာ အပြင်တွင် စောင့်နေသော သူ၏ အစေခံများကို ခေါ်လိုက်သည်။
မကြာမီတွင် ရထားလုံးတစ်စီး ဝင်းထဲသို့ ဖြည်းညှင်းစွာ ဝင်လာသည်။ ထိုရထားလုံး၏ ဘီးများက မြေကြီးထဲသို့ နက်ရှိုင်းစွာ နစ်ဝင်သွားသည်ကို ကြည့်ခြင်းအားဖြင့် အတွင်း၌ အလွန်လေးလံသော အရာတစ်ခု ပါဝင်နေကြောင်း သိသာလှသည်။
“ဘာတွေ ဖြစ်နေတာလဲ”
ဖန်ချန်းယူက သူ၏ ဝှီးချဲကို တွန်းကာ ရောက်လာသည်။
အနီးအနားရှိ အစောင့်အကြပ်များစွာကလည်း စပ်စုချင်သဖြင့် အနားသို့ တိုးလာကြသည်။
“ရထားလုံးထဲမှာ ဘာပါတာလဲ ရွှေတွေ အပြည့်ထည့်ထားတာလား ဘာလို့ ဒီလောက် လေးနေရတာလဲ”
ဖန်ချန်းယူက အံ့ဩတကြီး မေးလိုက်သည်။
လီမောင်ချိုင်က အလျင်အမြန် ရှင်းပြသည်
“အားလုံးပဲ ရထားလုံးထဲမှာ လက်နက်တစ်ခု ပါပါတယ် ကျွန်တော်တို့ အသင်းရဲ့ မန်နေဂျာတစ်ယောက် ရခဲ့တာပါ ဒီလက်နက်ရဲ့ အထူးခြားဆုံး အချက်ကတော့ သူ့ရဲ့ အလေးချိန်ပါပဲ”
“အလေးချိန်”
ဖန်ချန်က ရေရွတ်လိုက်သည်။
သူက ရှေ့သို့ လှမ်းကာ လိုက်ကာကို လှန်ကြည့်လိုက်ရာ ရထားလုံးထဲတွင် နဂါးပုဆိန်တုတ် တစ်ချောင်းမှလွဲ၍ ဘာမှမရှိသည်ကို တွေ့လိုက်ရသည်။
ထိုလက်နက်မျိုးမှာ မဟာရှတွင်သာမက ကုဟယ်နှင့် ယီကျိုးတို့တွင်ပါ အသုံးများသော လက်နက်ဖြစ်သည်။
သူတို့၏ ခြေလျင်စစ်သည်များကို ပုံမှန်အားဖြင့် ထိုလက်နက်မျိုး တပ်ဆင်ပေးလေ့ရှိသည်။
၎င်းမှာ ကြိမ်လုံးနှင့် ဆင်တူသော်လည်း ရှည်လျားကာ အနားသတ်များ မပါရှိဘဲ အမြောင်းလေးခု ပါဝင်သည်။
မဟာရှတွင် သုံးသော နဂါးပုဆိန်တုတ်များနှင့် ကွာခြားချက်မှာ ၎င်း၏ အရွယ်အစားပင် ဖြစ်သည်။
မဟာရှတွင် သုံးသော အချောင်းများမှာ လေးပေခန့်သာ ရှည်သော်လည်း ထိုအချောင်းမှာ အနည်းဆုံး ခြောက်ပေခန့် ရှည်လျားသည်။
“နဂါးပုဆိန်တုတ် တစ်ချောင်းလား”
လူတိုင်း ဝိုင်းကြည့်လိုက်ကြပြီး လက်နက်ကို မြင်သောအခါ ဇဝေဇဝါ ဖြစ်သွားကြသည်။
ရထားဘီးများ မြေထဲနစ်ဝင်သွားအောင် လေးလံစေသည်မှာ တုတ်တစ်ချောင်းတည်းပင် ဖြစ်သည်။
“စစ်သူကြီးဖန် ဒီလက်နက်ဟာ သာမန်မဟုတ်ပါဘူး အပြင်ပန်းက သာမန်လို့ ထင်ရပေမဲ့ သူ့ရဲ့ အလေးချိန်ကတော့ မယုံနိုင်စရာပါပဲ အဲဒီတုန်းက မန်နေဂျာဟာ ချီပေါက်ကွဲခြင်းအဆင့် အဆင့်မြင့် ပညာရှင် လေးယောက်ရဲ့ အကူအညီနဲ့မှ ဒါကို ပြန်သယ်လာနိုင်တာပါ သူတို့ လေးယောက်ပေါင်းမှ ဒါကို မနိုင်တနိုင် ရွှေ့ပြီး ရထားလုံးပေါ် တင်ခဲ့ရတာပါ”
ဟု လီမောင်ချိုင်က အမြန်ရှင်းပြသည်။
“ တကယ်လို့ တစ်စုံတစ်ယောက်က ဒါကို သုံးနိုင်မယ်ဆိုရင် သူဟာ စစ်မြေပြင်မှာ ဘယ်သူမှ တားမရတဲ့သူ ဖြစ်လာပါလိမ့်မယ်”
ထိုလက်နက်မှာ အလွန်လေးလံသည်ဟု ကြားသောအခါ ဟွမ်စီဟိုင်က အထင်သေးသော အကြည့်ဖြင့်
“တကယ်ပဲ အဲဒီလောက် ထူးဆန်းလို့လား”
ဟု မေးလိုက်သည်။
ဖန်ချန်က ပြုံးလိုက်သည်။
“စီဟိုင် မင်း တစ်ချက်လောက် စမ်းကြည့်ပါလား”
ဟွမ်စီဟိုင်က ရယ်မောလိုက်သည်။
“ကောင်းပါပြီ သခင်လေး... သေချာကြည့်ထားနော်”
သူသည် ရထားလုံးပေါ်သို့ ခုန်တက်ကာ နဂါးပုဆိန်တုတ်ကို လှမ်းဖမ်းလိုက်သည်။
ထျဲမ နှင့် ရွှီဂီ တို့ကလည်း ဘေးမှ ကြည့်နေကြသည်။
ဖန်အိမ်တော် အစောင့်အကြပ်များကလည်း သေချာမြင်ရရန် လည်ပင်းရှည်ကြည့်နေကြသည်။
ထိုစဉ်မှာပင် သတင်းကြားသဖြင့် ဖန်ကျစ်ရွယ် ရှောင်းနတ်သမီးနှင့် ချင်းဟဲတို့လည်း အပြေးအလွှား ရောက်လာကြသည်။
ဖန်ချန်က သူတို့ကို တစ်ချက်ကြည့်ကာ
“သူတို့ သုံးယောက်က ဘယ်လိုလုပ်ပြီး အတူတူ ရှိနေတာလဲ”
ဟု တွေးတောမိလိုက်သည်။
ဖန်ချင်းယောင်က ထိုအမျိုးသမီး သုံးဦးကို လှမ်းကြည့်လိုက်ပြီး
“လှလိုက်တဲ့ သီလရှင်မလေးပဲ ဟိုအစေခံမလေးကလည်း တော်တော်လေး ချောတာပဲ အင်း... ဟိုတစ်ယောက်ကတော့ စစ်သူကြီးဖန်ရဲ့ ညီမလေး ဖန်ကျစ်ရွှယ် ထင်တယ်”
ထိုအချိန်တွင် ဟွမ်စီဟိုင်သည် နဂါးပုဆိန်တုတ်ကို ဖမ်းကိုင်ကာ မလိုက်သောအခါ အားစိုက်ရသဖြင့် အားခနဲ အော်လိုက်သည်။ ရထားလုံးမှာ ထိုဖိအားကို မခံနိုင်တော့ဘဲ ချက်ချင်း ပျက်စီးသွားတော့သည်။
ဟွမ်စီဟိုင်၏ မျက်နှာမှာ နီမြန်းနေပြီး သူသည် ထိုလက်နက်ကို အကြိမ်အနည်းငယ် ဝေ့ယမ်းလိုက်သည်။
ရှူး...
လီမောင်ချိုင် အသက်ရှူမှားသွားသလို သူ ခေါ်လာသော အစေခံများလည်း ထိတ်လန့်သွားကြသည်။
လီမောင်ချိုင်၏ မျက်လုံးများတွင် လေးစားရိပ်များ ဖြတ်ပြေးသွားသည်။
“နဂါးစစ်သူကြီးဆိုတဲ့အတိုင်းပါပဲ...”
ဟွမ်စီဟိုင်သည် ထိုတုတ်ကို မနိုင်ရုံတင်မက အကြိမ်အနည်းငယ်ပင် ဝေ့ယမ်းနိုင်ခဲ့သည် မဟုတ်လား
ဖန်ချန်က ပြုံးလျက်
“ဘယ်လို ခံစားရလဲ”
ဟု မေးလိုက်သည်။
ဟွမ်စီဟိုင်၏ မျက်နှာမှာ အလွန်နီမြန်းနေသည်။ သူ စကားပြန်ပြောရန် ကြိုးစားလိုက်စဉ်မှာပင် ရုတ်တရက် အင်အားကုန်ခမ်းသွားကာ လက်နက်ကို မထိန်းနိုင်တော့ပေ။
လက်နက်သည် မြေပေါ်သို့ ဘုန်းခနဲ ကျသွားရာ မြေကြီးပင် တုန်ခါသွားသည်ကို လူတိုင်း ခံစားလိုက်ရသည်။
“ဟားဟား...”
ရွှီဂီ က ရယ်မောလိုက်သည်။
ထျဲမ ၏ မျက်နှာပေါ်တွင်လည်း အပြုံးခပ်ဖျော့ဖျော့ ပေါ်လာသည်။
ဟွမ်စီဟိုင်ပင် လျှင်မြန်စွာ မသုံးနိုင်လျှင် သူတို့အတွက်လည်း မဖြစ်နိုင်ပေ။
ဖြစ်နိုင်သည်မှာ သူတို့၏ သခင်ဖြစ်သူ ချီအမြုတေအဆင့် ပညာရှင်သာလျှင် ထိုလက်နက်ကို သုံးနိုင်ပေလိမ့်မည်။
“စစ်သူကြီးဖန် အဆင့်မြင့် ကိုယ်ခံပညာရှင် တစ်ယောက်အနေနဲ့ စစ်သူကြီးကတော့ ဒါကို သုံးနိုင်မှာပါ”
ဟု လီမောင်ချိုင်က လက်သီးဆုပ်ကာ ပြောသည်။
“ဒီလက်နက်က တကယ်ကို ထူးခြားဆန်းပြားတာပဲ သူဌေးလီ ခင်ဗျား ဒါကို ကျွန်တော့်ကို တကယ် ပေးချင်တာလား”
ဟု ဖန်ချန်က မေးလိုက်သည်။
“ဒါက ကျွန်တော့်အတွက်တော့ ဘာမှ အသုံးမကျပါဘူး တကယ်လို့ ရန်သူတွေလက်ထဲ ရောက်သွားရင် မဟာရှ ပြည်သူတွေအတွက် အန္တရာယ် ရှိနိုင်ပါတယ် ဒါကြောင့် စစ်သူကြီး အနေနဲ့ ဒီလက်ဆောင်ကို မငြင်းပါနဲ့ဦး စစ်သူကြီး မသုံးချင်ရင်တောင် ဖန်အိမ်တော်မှာပဲ သိမ်းထားပေးပါ”
ဟု လီမောင်ချိုင်က ရှင်းပြသည်။
ရှောင်းနတ်သမီးမှာ ထိတ်လန့်သွားမိသည်။ သူမ ရှေ့မှ လက်နက်ကို ကြည့်ကာ အံ့ဩနေမိသည်။ တကယ်လို့ ဖန်ချန်သာ ထိုလက်နက်ကို ရရှိသွားပါက ၎င်းမှာ ချင်းစုန်အင်ပါယာအတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာပေလိမ့်မည်။
“ဒီအရာက...”
ချင်းဟဲက ထိုနဂါးပုဆိန်တုတ်ကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
သူမသည် ထိုလက်နက်မှ ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအင်ကို ခံစားနေရသည်။
တကယ်လို့ ၎င်းတွင် ဝိညာဉ်စွမ်းအင် တကယ်ရှိနေပါက ၎င်းမှာ ကျင့်ကြံသူများ အသုံးပြုသော ရတနာတစ်ခု ဖြစ်နေပေလိမ့်မည်
ထိုစဉ် မီးခိုးရောင် ဝတ်စုံဝတ်ထားသော လီတောက်ယဲ့ သည် ချင်းဟဲ၏ ဘေးတွင် ရုတ်တရက် ပေါ်လာသည်။
သူက နဂါးပုဆိန်တုတ်ကို လက်ညှိုးထိုးကာ မှတ်ချက်ပေးလိုက်သည်
“မဟာရှမှာ ဒီလိုအရာမျိုး ရှိလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး ဒါက လနစ်မြုပ်ရွှေ နဲ့ သွန်းလုပ်ထားတဲ့ ရတနာပဲ ကြည့်ရတာ အနည်းဆုံး ဝိညာဉ်တံဆိပ် ၁၂ ခုလောက် ရှိမယ်ထင်တယ် တကယ့်ကို ကောင်းမွန်တဲ့ လက်နက်ပဲ”
အခန်း ၆၄ - ထိတ်လန့်ဖွယ်ရာ စွမ်းအား
သီလရှင်မလေး ချင်းဟဲက သူ့ကို အံ့ဩတကြီး ကြည့်ကာ မေးလိုက်သည်
"ရှင် ဘာလို့ ဒီမှာ ရှိနေသေးတာလဲ"
"သေချာပြန်စဉ်းစားကြည့်တော့ မင်းကို ဒီမှာ တစ်ယောက်တည်း ထားခဲ့ရမှာ စိတ်မချလို့ပါ မင်းက ငါနဲ့အတူ မဟာရှကို လာခဲ့တာပဲလေ တကယ်လို့ မင်းသာ ဒီမှာ တစ်ခုခုဖြစ်သွားရင် မင်းရဲ့ဆရာကို ငါ ဘယ်လိုမျက်နှာပြရမလဲ ဒါကြောင့် မင်းနဲ့အတူ ဒီမှာနေပြီး တိုက်ပွဲဝင်ဖို့ ငါ ဆုံးဖြတ်လိုက်တယ်"
ဟု လီတောက်ယဲ့က ပြတ်သားစွာ ကြေညာလိုက်သည်။
ထို့နောက် သူက ပတ်ဝန်းကျင်ရှိ လူများကို တစ်ချက်ကြည့်လိုက်သော်လည်း ဝိညာဉ်သွေးဂိုဏ်း အကြောင်းကိုမူ ထုတ်မပြောပေ အချို့သော အကြောင်းအရာများသည် သာမန်လူများကို မပြောပြဘဲ ထိန်ချန်ထားခြင်းက ပိုကောင်းသည်။
ဖန်ချန်းယူမှာ ကြောင်တောင်တောင် ဖြစ်သွားပြီး ဘေးရှိ အစောင့်များကို လှည့်မေးလိုက်သည်
"မင်းတို့ သူ့ကို အထဲပေးဝင်လိုက်တာလား"
၎င်းကို ကြားသောအခါ အစောင့်များမှာ အရှက်ရသဖြင့် မျက်နှာများ နီမြန်းသွားကြသည်။
ဖန်ချန်က ပြုံးလျက် လီတောက်ယဲ့ကို တစ်ချက်ကြည့်ကာ သူ၏ဦးလေးကို ရှင်းပြလိုက်သည်
"ဒုတိယဦးလေး ဒီလူရဲ့ စွမ်းရည်က ထူးခြားပါတယ် သာမန်လူတွေ သူ့ကို တားလို့မရဘူး"
ထို့နောက် သူက လီတောက်ယဲ့ဘက် လှည့်ကာ
"မိတ်ဆွေ ဒီလက်နက်ရဲ့ မူလအစကို ခင်ဗျား သိသလား"
လီတောက်ယဲ့က ခေါင်းငြိမ့်ပြသည်။
"သိတာပေါ့ ဒါကို လနစ်မြုပ်ရွှေ နဲ့ လုပ်ထားတာ ရတနာတွေ သွန်းလုပ်ရာမှာ သုံးတဲ့ အဆင့်မြင့် ကုန်ကြမ်းတစ်ခုပဲ"
သူက နဂါးပုဆိန်တုတ်ကို ကြည့်လိုက်သည်။
"ခင်ဗျား မခံစားရဘူးလား ဒါက အနည်းဆုံး ဝိညာဉ်တံဆိပ် ၁၂ ခုပါတဲ့ တန်ဖိုးရှိတဲ့ ရတနာပဲနည်းနည်းတော့ နှမြောဖို့ကောင်းတာက သာမန်ကျင့်ကြံသူတွေတောင် လနစ်မြုပ်ရွှေနဲ့ လုပ်တဲ့လက်နက်တွေကို မသုံးနိုင်ကြဘူး ဘာလို့လဲဆိုတော့ သူက ဝိညာဉ်စွမ်းအင် တစ်ခုတည်းပေါ်မှာပဲ အခြေမခံလို့ပဲ၊ အသုံးပြုမယ့်သူမှာ အားကောင်းတဲ့ ဝိညာဉ်အာရုံ ရှိဖို့လည်း လိုအပ်တယ်။"
သူ ရှင်းပြနေရင်း အတွေးတစ်ခု ဝင်လာသော်လည်း ချက်ချင်းပင် မျက်နှာပျက်သွားကာ နှမြောတသစွာ သက်ပြင်းချလိုက်သည်။ သူ ခိုးသွားရင်တောင် သုံးလို့မှ မရတာ
ချီသန့်စင်ခြင်းနယ်ပယ် အဆင့် ၁၂ က ပညာရှင်ပင်လျှင် သူတို့၏ ဝိညာဉ်အာရုံက သတ်မှတ်ချက်နှင့် မကိုက်ညီပါက ထိုလက်နက်ကို အသုံးမပြုနိုင်ပေ။
"ညီအစ်ကိုဖန် ကျွန်တော့်အကြံကတော့ ဒါကို ရောင်းလိုက်တာ ပိုကောင်းမယ် ဒီလက်နက်က အရမ်းတန်ဖိုးရှိတယ်"
ဟု လီတောက်ယဲ့က ဖန်ချန်ကို မျက်စိတစ်မှိတ်ပြရင်း ပြောလိုက်သည်။
'တန်ဖိုးရှိသည်' ဟု သူ ဆိုလိုသည်မှာ ဝိညာဉ်ကျောက်တုံးများစွာ ရနိုင်သည်ကို ဆိုလိုခြင်းဖြစ်သည်။
ရှောင်းနတ်သမီး ၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားပြီး လီတောက်ယဲ့ကို စိုက်ကြည့်နေသည်။ ထို့နောက် ချင်းဟဲကို လှည့်ကြည့်လိုက်ရာ သူမ၏ မျက်နှာထားမှာ တဖြည်းဖြည်း ထူးဆန်းလာသည်။
"ရတနာ... ဝိညာဉ်စွမ်းအင်..."
ဟု သူမ တိုးတိုးလေး ရေရွတ်လိုက်မိသည်။
ဖန်ချန်သည် နဂါးပုဆိန်တုတ်အနားသို့ ချဉ်းကပ်သွားပြီး မယူရန် ပြင်လိုက်သည်။
"ဒီလို ကောင်းမွန်တဲ့ လက်နက်ကို ရောင်းလိုက်ရင် နှမြောစရာကြီး ဖြစ်မှာပေါ့"
၎င်းကို မြင်သောအခါ လီတောက်ယဲ့က လက်ယမ်းပြလိုက်သည်။ "
ညီအစ်ကိုဖန် ခင်ဗျားရဲ့ ကျင့်ကြံခြင်းအဆင့်ကို ကျွန်တော် လေးစားပေမဲ့ ဒါကိုတော့ ခင်ဗျား မနိုင်လောက်ဘူး ဒဏ္ဍာရီတစ်ခု ရှိတယ် လနစ်မြုပ်ရွှေကို လနစ်မြုပ်အင်ပါယာ လို့ခေါ်တဲ့ နိုင်ငံတစ်ခုကပဲ ထုတ်လုပ်တာတဲ့ အဲဒီနိုင်ငံက ကျင့်ကြံသူတွေက မွေးရာပါ အားကောင်းတဲ့ ဝိညာဉ်အာရုံတွေ ပိုင်ဆိုင်ထားကြလို့ ဒီလက်နက်မျိုးကို သူတို့ပဲ သုံးနိုင်ကြတာ..."
သူ စကားပြောနေတုန်းမှာပင် ဖန်ချန်သည် နဂါးပုဆိန်တုတ်ကို ဆုပ်ကိုင်ကာ ဖြည်းဖြည်းချင်း မလိုက်ပြီဖြစ်သည်။
၎င်းမှာ သူ ထင်ထားသလောက် မလေးလံပေ အရင်က သူ သုံးဖူးခဲ့သော သာမန်လက်နက်များထက်ပင် ကိုင်ရသည်မှာ ပို၍ အဆင်ပြေသလို ခံစားရသည်။
ဖန်ချန်က နဂါးပုဆိန်တုတ်ကို အလွယ်တကူ မလိုက်သည်ကို မြင်သောအခါ လီတောက်ယဲ့မှာ မှင်တက်သွားပြီး မယုံနိုင်သော အမူအရာများ မျက်နှာပေါ်တွင် ပေါ်လာသည်။
ဘာတွေဖြစ်နေတာလဲ ဒီရတနာမှာ လနစ်မြုပ်ရွှေတွေ အများကြီး ပါဝင်နေတာ သေချာပါလျက်နဲ့ သူက ဘယ်လိုလုပ် အသာလေး မနိုင်ရတာလဲ
ဒါဟာ ဖန်ချန်ရဲ့ ဝိညာဉ်အာရုံ စွမ်းအားက သူ ထင်ထားတာထက် အဆမတန် သာလွန်နေတာကြောင့်ပဲ ဖြစ်ရမယ် လူတစ်ယောက်ရဲ့ ဝိညာဉ်စွမ်းအားဟာ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ တိုက်ရိုက်အချိုးကျတာကြောင့် သူ့ရဲ့ အဆင့်ကတော့...
"စစ်သူကြီးဖန်ကတော့ တကယ့်ကို မဟာရှရဲ့ နံပါတ်တစ် ပညာရှင်ပါပဲ"
ဟု လီမောင်ချိုင်က လေးစားစွာ ဝန်ခံလိုက်သည်။
အမှန်ပင် ထိုလက်နက်မှာ ဖန်ချန်အတွက် သီးသန့် သွန်းလုပ်ထားသည့်အလား သူတစ်ယောက်တည်းသာ ထိုလက်နက်ကို သုံးနိုင်သည်။
ဘေးတွင် ရပ်နေသော ဟွမ်စီဟိုင်နှင့် အခြားသူများမှာမူ အံ့ဩပုံမရပေ။
သူတို့၏အမြင်တွင် ဖန်ချန်၏ စွမ်းရည်များသည် သူတို့၏ စိတ်ကူးစိတ်သန်းများကို ကျော်လွန်နေသည်မှာ ကြာပြီဖြစ်သောကြောင့် ထိုလက်နက်ကို မနိုင်ခြင်းမှာ မဆန်းတော့ပေ။
ဖန်ချန်းယူက ရယ်မောလိုက်သည်။
"ငါ့တူ ဖန်ချန်က တကယ်ကို အားကိုးရတာပဲ ခုနက ဒီလူက ဘာတွေ လာပြောနေတာလဲ ဘယ်သူ့ကို လာလိမ်နေတာလဲ"
ဖန်ချန်းယူ၏ လှောင်ပြောင်မှုကို ကြားရသောအခါ လီတောက်ယဲ့၏ မျက်နှာမှာ နီမြန်းလာသည်။
ချင်းဟဲကလည်း သူ့ကို လှည့်ကြည့်နေသည်ကို မြင်သောအခါ သူ မနေနိုင်ဘဲ ဆင်ခြေပေးလိုက်သည်
"ကျွန်တော်က ဒီတိုင်း ပေါ့ပေါ့ပါးပါး ပြောလိုက်တာပါ တကယ်လို့ လူတစ်ယောက်ရဲ့ ခွန်အားက လုံလောက်မယ်ဆိုရင် လနစ်မြုပ်ရွှေနဲ့ လုပ်ထားတဲ့ လက်နက်ကို မနိုင်မှာ မဟုတ်ပါဘူး ညီအစ်ကိုဖန်က အဲဒီလိုလူမျိုး ဖြစ်နေတာပဲ"
မည်သူမျှ သူ့ကို ဂရုမစိုက်တော့ဘဲ ဖန်ချန်၏ လက်ထဲမှ နဂါးပုဆိန်တုတ်ကိုသာ စိုက်ကြည့်နေကြသည်။
ဖန်ချန်က သူ၏ ဝိညာဉ်စွမ်းအင်ကို ထည့်သွင်းလိုက်သောအခါ ဝိညာဉ်တံဆိပ်များ တစ်ခုပြီးတစ်ခု တဖြည်းဖြည်း လင်းလက်လာသည်။
စုစုပေါင်း ဝိညာဉ်တံဆိပ် ၁၂ ခု ရှိပြီး ကြည့်ရသည်မှာ အလွန်ပင် ဆန်းကြယ်လှသည်။
ဖန်ချန်၏ မျက်နှာတွင် အပြုံးခပ်ဖျော့ဖျော့ ပေါ်လာသည်။ ထိုဝိညာဉ်ရတနာမှာ အချိန်အတော်ကြာ ပိုင်ရှင်ကင်းမဲ့နေခဲ့ခြင်း ဖြစ်သည်။
ယခင်ပိုင်ရှင်၏ အမှတ်အသား သဲလွန်စများလည်း မရှိတော့ပေ။ ၎င်းက သူ့ကို အချိန်ကုန်သက်သာစေသည်။ သူသည် ထိုလက်နက်ကို ချက်ချင်းပင် စတင် သန့်စင်နိုင်ပြီဖြစ်သည်။
လီတောက်ယဲ့၏ မျက်လုံးများ တောက်ပသွားပြီး အကြံပေးလိုက်သည်
"ညီအစ်ကိုဖန် ဒါရဲ့ စွမ်းအားကို တစ်ချက်လောက် စမ်းကြည့်ပါလား"
ဝိညာဉ်တံဆိပ် ၁၂ ခုပါသော ရတနာ၏ စွမ်းအားကို သူ အလွန် သိချင်နေပုံရသည်။
"ဒီမှာတော့ မဖြစ်ဘူး ဒီမှာ စမ်းလိုက်ရင် ဖန်အိမ်တော်တစ်ခုလုံး ပြိုကျသွားနိုင်တယ် ခင်ဗျားနဲ့ ချင်းဟဲ ကျွန်တော်နဲ့အတူ တောင်ပေါ်ကို လိုက်ခဲ့ကြ"
"အကိုကြီး ကျွန်မလည်း လိုက်ချင်တယ်"
ဟု ဖန်ကျစ်ရွယ် က လွှတ်ခနဲ ပြောလိုက်သည်။
"မလိုက်ရဘူး အိမ်မှာပဲ ငြိမ်ငြိမ်လေး နေခဲ့"
ဟု ဖန်ချန်က ချက်ချင်း ငြင်းလိုက်သည်။ သူသည် ဖန်ကျစ်ရွှယ် ကို ထိုမျှ စောစီးစွာ ကျင့်ကြံခြင်းလောကနှင့် မထိတွေ့စေချင်သေးပေ။
နောင်တွင် အခွင့်အရေးရပါက သူမနှင့် သင့်တော်မည့် ကျင့်စဉ်တစ်ခုကို သူ ရှာပေးပါလိမ့်မည်။
ဂိုဏ်း၏ စည်းကမ်းချက်များကြောင့် သူသည် တာအိုသုံးထောင် အခြေခံကျင့်စဉ် ကို အခြားသူများအား သင်ကြားပေး၍ မရပေ။ ဝိညာဉ်သွေးကျမ်း မှာမူ မိစ္ဆာကျင့်စဉ်ဖြစ်သောကြောင့် ၎င်းကိုလည်း သူမအား မသင်ပေးနိုင်ပေ။
တစ်နာရီအကြာတွင်...
မြို့တော်တောင်ဘက် ဆင်ခြေဖုံးရှိ လူသူကင်းမဲ့သော တောင်ကုန်းတစ်ခုပေါ်တွင်။
ထျဲမ၊ ရွှီဂီ၊ ဟွမ်စီဟိုင်၊ လီတောက်ယဲ့နှင့် ချင်းဟဲတို့သည် ဧရာမ ကျောက်တုံးကြီးတစ်ခုရှေ့တွင် ရပ်နေသော ဖန်ချန်၏ နောက်တွင် မတ်တပ်ရပ်နေကြသည်။
ထိုကျောက်တုံးကြီးမှာ မီတာ ၃၀ ကျော် မြင့်မားပြီး တောင်ငယ်လေးတစ်ခုနှင့်ပင် တူလှသည်။ ထိုကျောက်တုံးကြီးနှင့် ယှဉ်လျှင် သူတို့မှာ ပုရွက်ဆိတ်လေးများကဲ့သို့ သေးငယ်လှသည်။
ဖန်ချန်သည် လက်ထဲမှ နဂါးပုဆိန်တုတ်ကို မကာ ခဏမျှ တွေဝေသွားပြီးနောက် ကျောက်တုံးကြီးကို ထိုတုတ်ဖြင့် ခပ်ဖွဖွလေး တို့လိုက်သည်။
ထိတ်လန့်ဖွယ်ရာ ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာသည်
သူ၏ ဝိညာဉ်စွမ်းအင် သိုလှောင်မှု ၃၀ မှ ၄၀ ရာခိုင်နှုန်းခန့်မှာ ချက်ချင်း လျော့နည်းသွားပြီး နဂါးပုဆိန်တုတ်သည် ထိုစွမ်းအင်ကို စုပ်ယူကာ အဆပေါင်းများစွာ မြှင့်တင်ပေးလိုက်သည်
နဂါးပုဆိန်တုတ်သည် တောင်ကုန်းကို ထိလိုက်သည်နှင့် တပြိုင်နက် တစ်တောင်လုံးသည် အမှုန့်ငယ်လေးများအဖြစ် ပြိုကွဲသွားကာ လေထဲတွင် လွင့်စင်ပျောက်ကွယ်သွားတော့သည်။ အသံပင် တစ်ချက်မျှ မထွက်လိုက်ပေ
ရှူး...
ထျဲမနှင့် ရွှီဂီတို့ အသက်ရှူမှားသွားကြသည်။
"ဝါး..."
ဟု ဟွမ်စီဟိုင်က အော်ဟစ်လိုက်မိသည်။
"အို..."
ချင်းဟဲမှာလည်း အံ့အားသင့်နေသည်။
"???"
လီတောက်ယဲ့မှာမူ ဆွံ့အသွားတော့သည်။
ကျင့်ကြံသူများ ဖြစ်ကြသည့် လီတောက်ယဲ့နှင့် ချင်းဟဲတို့ပင် မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်နေကြသည်။
ခပ်ဖွဖွလေး တို့လိုက်ရုံနဲ့ တောင်ငယ်လေးတစ်ခုလုံး အမှုန့်ဖြစ်သွားတာလား ဒါ ဘယ်လို ထိတ်လန့်စရာကောင်းတဲ့ စွမ်းအားမျိုးလဲ တောင်ကိုတောင် ဒီလိုဖြစ်စေရင် တကယ့်လူတစ်ယောက်အပေါ် ကျရောက်သွားရင် ဘယ်လိုဖြစ်မလဲ
"ဒါ... ဒါက အရမ်းကြောက်ဖို့ကောင်းတယ် ဝိညာဉ်တံဆိပ် ၁၂ ခုပါတဲ့ ရတနာဆိုတာ တကယ့်ကိုပဲ ဒီစွမ်းအားမျိုးဆိုရင် အခြေခံတည်ဆောက်ခြင်းအဆင့် ပညာရှင်တွေကိုတောင် ခြိမ်းခြောက်နိုင်လိမ့်မယ် နှမြောစရာပဲ... နှမြောစရာပဲ ငါ ဘာလို့ ဒီလို ကံကောင်းမှုမျိုးနဲ့ မကြုံခဲ့ရတာလဲ..."
လီတောက်ယဲ့၏ မျက်နှာတွင် မကျေမနပ် ဖြစ်မှုများ ပြည့်နှက်နေသော်လည်း ထိုလက်နက်ကို သူ ပိုင်ဆိုင်ခဲ့လျှင်တောင် သုံးနိုင်မည်မဟုတ်ကြောင်း သူ နားလည်ပါသည်။
"ဒီရတနာရှိနေရင် စစ်သူကြီးဖန်အနေနဲ့ မဟာရှမှာရှိတဲ့ ဝိညာဉ်သွေးဂိုဏ်းက ကျင့်ကြံသူတွေကို ပိုပြီး အလွယ်တကူ ကိုင်တွယ်နိုင်တော့မှာပါ"
ဟု ချင်းဟဲက လီတောက်ယဲ့ကို မျက်စောင်းထိုးရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ဒါက တကယ့်ကို ကောင်းတဲ့အချက်ပဲ"
"ဟုတ်တယ်... ဟုတ်တယ်..."
လီတောက်ယဲ့က စိတ်မပါ့တပါဖြင့် ခေါင်းငြိမ့်ပြသည်။
ဝိညာဉ်သွေးဂိုဏ်း ဟုတ်လား အဲဒီလူတွေနဲ့ လုံးဝ မပတ်သက်တာကမှ အကောင်းဆုံးပဲ ချီသန့်စင်ခြင်း အဆင့်အတွက် ရည်ရွယ်တဲ့ ရတနာတောင် ဒီလောက်စွမ်းအား ရှိရင် အခြေခံတည်ဆောက်ခြင်း ဒါမှမဟုတ် ရွှေအမြုတေအဆင့် ပညာရှင်တွေ ပိုင်ဆိုင်တဲ့ ရတနာတွေက ဘယ်လောက်တောင် စွမ်းအားကြီးမလဲ ကောင်းကင်ကို လောင်ကျွမ်းစေပြီး ပင်လယ်ကို ဆူပွက်စေနိုင်တဲ့ စွမ်းအားတွေတောင် ရှိနိုင်တာပဲ
"ဒီရတနာကို ရရှိတဲ့အတွက် ဂုဏ်ယူပါတယ် သခင်လေး"
ဟု ဟွမ်စီဟိုင်က လက်သီးဆုပ် ဂါရဝပြုရင်း ပြောလိုက်သည်။
"ဒီလက်နက်ကို စစ်မြေပြင်အလယ်မှာ တစ်ချက်လောက် ဝေ့ယမ်းလိုက်ရုံနဲ့ လူဘယ်နှစ်ယောက်လောက် သေမလဲဆိုတာ စဉ်းစားကြည့်ပါဦး နောင်ဆိုရင် မဟာရှမှာ ဘယ်သူမှ ကျွန်တော်တို့ကို လာပြဿနာရှာရဲမှာ မဟုတ်တော့ဘူး"
ထျဲမနှင့် ရွှီဂီတို့၏ မျက်နှာတွင်လည်း ဝမ်းသာရိပ်များ ပေါ်နေသည်။ ဖန်ချန် ပို၍ အစွမ်းထက်လာလေလေ သူတို့ ပို၍ ပျော်ရွှင်လေလေ ဖြစ်သည်။
"ဒီလက်နက်က တကယ့်ရတနာပါပဲ ဒါပေမဲ့ လက်ရှိ ငါ့အတွက်တော့ စွမ်းအားက များလွန်းနေသေးတယ်"
ဟု ဖန်ချန်က သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်သည် ထိုလက်နက်ကို အကြိမ်ကြိမ် အသုံးပြုနိုင်ရန် လုံလောက်ခြင်း မရှိသေးကြောင်း သူ ကောင်းကောင်း သိထားသည်။
လောလောဆယ်တွင် ၎င်းကို အရေးပေါ်အခြေအနေသုံး ဝှက်ဖဲ အဖြစ်သာ ထားရှိရမည်။
သူ ချီသန့်စင်ခြင်း အဆင့် ၆ သို့မဟုတ် ၇ ရောက်မှသာ ထိုလက်နက်ကို စိတ်ကြိုက် အသုံးပြုနိုင်ပေလိမ့်မည်။
ထိုသို့ တွေးတောရင်း သူသည် နဂါးပုဆိန်တုတ်ကို သူ၏ သိုလှောင်လက်စွပ် ထဲသို့ ထည့်သိမ်းလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် သိုလှောင်လက်စွပ်ထဲတွင် အချိန်နှင့် အလေးချိန်ဟူသော သဘောတရား မရှိသောကြောင့် ထိုလေးလံလှသော လက်နက်ကို အလွယ်တကူ သယ်ဆောင်သွားနိုင်ပေသည်။