အခန်း (၇၃-၇၄)
Vol. 8 Ch. 73-74
အခန်း ၇၃ - ပူးပေါင်းကြံစည်မှုအား ဖော်ထုတ်ခြင်း
မိမိကြောင့် အခြေအနေများ ထိုမျှအထိ ဆိုးရွားသွားသည်ကို မြင်လိုက်ရသောအခါ နတ်သမီးယွီ၏ မျက်လုံးများထဲတွင် ထိတ်လန့်ရိပ်များ ဖြတ်ပြေးသွားသည်။ အမှားတစ်ခုခု လုပ်မိထားသော ကလေးငယ်တစ်ဦးကဲ့သို့ သူမက
“သခင်လေး... ကျွန်မ... ကျွန်မ မသိခဲ့လို့ပါ...”
ဟု ဆိုသည်။
“ဒါက မင်းနဲ့ ဘာမှမဆိုင်ပါဘူး။ ငါ လှေပေါ်တက်လာကတည်းက သူ ငါ့ကို ပစ်မှတ်ထားပြီးသားပါ။ သူက တစ်ခုခုကို အကြောင်းပြပြီး လက်ဦးမှုယူဖို့ အကွက်ချောင်းနေတာပဲ”
ဟု ဖန်ချန်က ခပ်ဖျော့ဖျော့ ပြုံးလျက် ပြောလိုက်သည်။ ထိုစကားကို ကြားရသောအခါ ယွမ်ကျန်းနှင့် အခြားသူများမှာ အံ့အားသင့်သွားကြသည်။ ဖန်ချန်သည် ထိုနယ်စား၏ အစစ်အမှန် အထောက်အထားကို အစကတည်းက သိနေခဲ့သလော
ရဲ့ချင်းဟဲမှာ အသက်ပြင်းပြင်း ရှူလိုက်မိသည်။ နယ်စားကြီးကိုယ်တိုင်က အတူတူ ပျော်ပါးချင်သည်ဟု ဆိုကာ ကျောက်စိမ်းမသေမျိုးလှေသို့ သွားရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သူ ရုတ်တရက် သတိရသွားသည်။
ရဲ့ချင်းဟဲက လှေတစ်စင်းလုံးကို ဘွတ်ကင်လုပ်ရန် ပြောစဉ်ကပင် ဧည့်သည်တွေ မရှိလျှင် မပျော်ဖို့ကောင်းဟု ဆိုကာ သူက ငြင်းပယ်ခဲ့သည်။
ထိုဧည့်သည်များမှာ အရာရှိများ မဟုတ်ကြသော်လည်း မြို့တော်တွင် ဩဇာရှိသူများ ဖြစ်ကြရာ သူတို့အားလုံး တစ်ပြိုင်နက် သတ်ဖြတ်ခံရလျှင် မြို့တော်တွင် ပရမ်းပတာများ ဖြစ်ကုန်တော့မည် ဖြစ်သည်။
အရာအားလုံးကို ဆက်စပ်ကြည့်လိုက်သောအခါ ရဲ့ချင်းဟဲသည် နယ်စားကြီးရှန်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။ ထိုအရာအားလုံးမှာ... သူ၏ အစစ်အမှန် ရည်ရွယ်ချက်များလား
သို့သော် သူ အမှန်တကယ် နားမလည်နိုင်သည်မှာ နယ်စားကြီးရှန်းသည် အဘယ်ကြောင့် ထိုကဲ့သို့ လုပ်ရသနည်း ဟူသောအချက်ပင်။
၎င်းမှာ မဟာရှကို အကြီးအကျယ် ထိခိုက်စေနိုင်သော်လည်း အခြေခံအုတ်မြစ်ကို လှုပ်ခါနိုင်မည် မဟုတ်ပေ။ ထို့ပြင် ထိုကဲ့သို့ ပြုမူပြီးနောက် သူသည်လည်း မြို့တော်မှ ပြန်လည်ထွက်ခွာရန် ခဲယဉ်းသွားပေလိမ့်မည်။
သူ၏ ဇဝေဇဝါဖြစ်မှုကို ရိပ်မိသကဲ့သို့ နယ်စားကြီးရှန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“လုံတုရဲ့ မြင်းစီးစစ်သည် တစ်သိန်းဟာ မြို့တော်ရဲ့ ပတ်ဝန်းကျင်မှာ ပြန့်ကျဲပြီးသားပါ စစ်ရေးဗျူဟာမှာ လှည့်ဖြားခြင်းက အရေးကြီးဆုံးပဲစစ်ကြေညာစာတမ်းကို ထုတ်ပြန်ပြီးမှ စစ်တိုက်တဲ့သူဟာ လူအ မျိုးပဲ”
မြို့တော်ပတ်လည်မှာ လုံတုမြင်းစီးစစ်သည် တစ်သိန်း ပြန့်ကျဲနေတာလား
အားလုံးမှာ တပြိုင်နက်တည်း အသက်ရှူမှားသွားကြသည်။
ရွှီဂီပင်လျှင် လက်ရှိအခြေအနေကို ဖန်ချန် မည်သို့ ကိုင်တွယ်မည်ကို မသိသဖြင့် စိုးရိမ်တကြီး ကြည့်လိုက်မိသည်။
တကယ်လို့ နယ်စားကြီးရှန်း ပြောသည်မှာ အမှန်ဖြစ်ပါက မဟာရှသည် ဆိုးရွားသော အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ အနည်းငယ် မှားယွင်းသွားပါက ရန်သူသည် မြို့တော်အတွင်းသို့ပင် ချဉ်းနင်းဝင်ရောက်လာနိုင်ပေသည်။
နယ်စားကြီးရှန်းက ပြုံးလိုက်သည်။
“မဟာရှမှာ ငါ တစ်ဦးတည်းသော သတိထားရတဲ့သူက မင်းပဲ ဖန်ချန် ဒါပေမဲ့ ငါက မင်းလိုပဲ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက ကျီအမြုတေအဆင့်ကို တက်လှမ်းခဲ့တာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ ငါက နောက်တစ်ဆင့် ထပ်တက်နိုင်ခဲ့ပေမဲ့ မင်းကတော့ မူလနေရာမှာပဲ ရပ်တန့်နေခဲ့တယ် မင်းရဲ့ ကျင့်ကြံခြင်းက ငါ့အောက်မှာပဲ ရှိနေတုန်းပဲ ဒါ့အပြင် ငါ့မှာ နယ်စားကြီးတွေရဲ့ လက်အောက်က ချီထိန်းချုပ်ခြင်းနယ်ပယ် အထွတ်အထိပ်က ပညာရှင် ၁၀ ယောက် ရှိနေသေးတယ်။ ပြောစမ်းပါဦး ဖန်ချန်... မင်း ဒီအခြေအနေကို ဘယ်လို ကိုင်တွယ်မလဲ”
“မင်းရဲ့ ပန်းတိုင်က ငါ့ကို သတ်ဖို့လား”
ဖန်ချန်က ပြုံးလျက် မေးသည်။
“မင်းကို သတ်နိုင်တာကတော့ အကောင်းဆုံး ရလဒ်ပေါ့။ ဒါပေမဲ့ မသတ်နိုင်ရင်တောင် အနည်းဆုံးတော့ မင်းကို ဒီမှာ အချိန်ဆွဲထားနိုင်တယ်”
နယ်စားကြီးရှန်းက ရယ်မောလျက် သူ၏ နားကို ညွှန်ပြလိုက်သည်။
“သေသေချာချာ နားထောင်ကြည့်စမ်း...”
ဒုန်း... ဒုန်း...
မြို့တော်၏ အဓိက တံခါးကြီး ၄ ခု ဖြစ်သော မြောက်၊ တောင်၊ အရှေ့၊ အနောက် တို့မှ စည်တီးသံများ တပြိုင်နက်တည်း ထွက်ပေါ်လာသည်။
၎င်းမှာ ရန်သူများသည် မြို့တော်ကို ဝိုင်းရံထားပြီး အရပ်မျက်နှာ အားလုံးမှ တပြိုင်နက် တိုက်ခိုက်နေပြီ ဖြစ်ကြောင်း အချက်ပေးနေခြင်း ဖြစ်သည်။
အားလုံး၏ မျက်နှာထားများမှာ သိသိသာသာ ပြောင်းလဲသွားပြီး ရဲ့ချင်းဟဲပင်လျှင် နယ်စားကြီးရှန်းကို တုန်လှုပ်မှုနှင့် ဒေါသတို့ ရောယှက်နေသော အကြည့်ဖြင့် ကြည့်လိုက်သည်။
“မင်း... မင်းက အစကတည်းက ဆွေးနွေးဖို့ ရည်ရွယ်ချက် မရှိခဲ့ဘူးပဲ မဟာရှကို တိုက်ခိုက်ဖို့ မင်း ကြိုတင်ပြင်ဆင်ထားခဲ့တာပဲ”
နယ်စားကြီးရှန်းက ရယ်မောလိုက်သည်။
“မင်းတို့ရဲ့ အိမ်ရှေ့စံနဲ့ ဧကရာဇ်က တကယ့်ကို ရိုးအလွန်းတာပဲ ကျိုးရှို့ရဲ့ အဆင့်အတန်းက အလွန်မြင့်မားတယ် သူက မင်းတို့ မြေပေါ်မှာ သေသွားတာ။ာ ယအဲဒါကို မင်းတို့က ငါတို့နဲ့ ဆွေးနွေးချင်သေးတယ်လား အိပ်မက်ပဲ မက်နေလိုက်ပါ”
“ငါတို့တော့ သွားပြီ”
ဧည့်သည်အချို့မှာ မျက်နှာများ ဖြူလျော့သွားပြီး တိုးတိုးလေး ညည်းတွားနေကြသည်။ ဖန်ချန်ကိုယ်တိုင် ပါဝင်ကူညီခြင်း မပြုနိုင်ပါက မြို့တော်တံခါးများဆီမှ ထိုတိုက်ခိုက်မှုကို မဟာရှဘက်မှ ခုခံနိုင်စွမ်းမှာ အလွန်နည်းပါးလှသည်။
သို့သော် ယခုအခါ ဖန်ချန်ကို ချီထိန်းချုပ်နယ်ပယ် အထွတ်အထိပ်မှ ပညာရှင် ၁၀ ယောက်နှင့် ချီအမြုတေအဆင့် အလယ်အလတ်ရှိသူ တစ်ဦးက ဝိုင်းထားပြီ ဖြစ်သည်။
သူသည် ခေါင်းသုံးလုံး လက်ခြောက်ဖက် ရှိနေပါစေဦး မြို့တော်တံခါးများဆီသို့ သွားရောက်ကူညီရန် ခန္ဓာကိုယ် ခွဲနိုင်မည် မဟုတ်ပေ။
…
အရှေ့ဘက် မြို့တော်တံခါး၌
တာဝန်ကျနေသော စစ်သည် ရာပေါင်းများစွာသည် ဖန်ချန်ဟိုင် ဆီသို့ အပြေးအလွှား လာရောက် သတင်းပို့ကြသည်။
“ဗိုလ်ချုပ်ကြီးဖန်... အခြေအနေ မကောင်းတော့ဘူး လုံတုမြင်းစီးစစ်သည်တွေ မြို့တော်ကို တိုက်ခိုက်နေပါပြီ”
တံခါးရှေ့ရှိ မြေပြင်တွင် လုံတုမြင်းစီးစစ်သည်များမှာ ပင်လယ်ပြင်ကဲ့သို့ ပြည့်နှက်နေပြီး မြို့တံခါးကို ဖျက်ဆီးရန် လက်နက်ကိရိယာများဖြင့် မရပ်မနား တိုက်ခိုက်နေကြသည်။
မြို့ရိုးပေါ်သို့ ချိတ်များ ပစ်တင်လိုက်ကြပြီး စစ်သည်များသည် တံခါးကို ကျော်ဖြတ်ရန် မြို့ရိုးပေါ်သို့ တွားတက်လာကြသည်။
ရေတွက်၍မရနိုင်သော မြင်းစီးစစ်သည်များကို ရင်ဆိုင်နေရသော အရှေ့ဘက်မြို့တံခါးမှ စစ်သည် ရာဂဏန်းမှာ အလွန်ပင် အင်အားနည်းနေသကဲ့သို့ ခံစားနေရသည်။
သူတို့ လုပ်နိုင်သည်မှာ ကြိုးများကို အသုံးပြု၍ တက်လာသော စစ်သည်များကို အောက်သို့ ပြန်လည်တွန်းချရန်သာ ဖြစ်သည်။
ဖြစ်ပျက်နေသည်ကို မြင်လိုက်ရသောအခါ ဖန်ချန်ဟိုင်၏ မျက်နှာမှာ မည်းမှောင်သွားပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
သူသည် မြို့ရိုးပေါ်သို့ ခုန်တက်လာသော မြင်းစီးစစ်သည်များကို ဓားဖြင့် ခုတ်သတ်လိုက်သည်။ ထို့နောက် သူ၏ လက်အောက်ငယ်သားများကို အော်ဟစ် အမိန့်ပေးလိုက်သည်
“အသက်နဲ့လဲပြီး ခုခံကြ စစ်ကူတွေ မကြာခင် ရောက်လာလိမ့်မယ်”
“ဟုတ်ကဲ့ပါ”
စစ်သည်များသည် သူတို့၏ နောက်ဆုံးထွက်သက်အထိ ခုခံရန် စိတ်ပိုင်းဖြတ်လိုက်ကြသည်။
ဖန်ချန်ဟိုင်သည် ကျရောက်လာသော မြားများကို ရှောင်တိမ်းရင်း မြို့ရိုးတစ်လျှောက်ကို ကြည့်လိုက်သည်။ မြို့ရိုးပေါ်သို့ တက်လာနိုင်သော မြင်းစီးစစ်သည်များကို မြင်တိုင်း သူက ပြေးသွားကာ သတ်ပစ်လိုက်သည်။ သို့သော် သူ၏ စိတ်ထဲတွင် ဒေါသများ တလိပ်လိပ် တက်လာမိသည်။
“သူတို့ရဲ့ မြင်းစီးစစ်သည် တစ်စိတ်တစ်ပိုင်းပဲ ဒီမှာ ရှိသေးတာ ဒီလောက်များတဲ့ လူတွေ ဘယ်သူမှ မသိဘဲ မဟာရှအတွင်းထဲကို ဘယ်လိုများ ဝင်ရောက်လာနိုင်တာလဲ”
လုံတုမြင်းစီးစစ်သည်များသည် မည်သူမျှ သတိမထားမိဘဲ မြို့တော်အထိ ရောက်ရှိလာနိုင်သည်ကို ဖန်ချန်ဟိုင် မယုံကြည်နိုင်ပေ။
၎င်းမှာ တစ်စုံတစ်ဦးက သူ၏ တာဝန်ကို လျစ်လျူရှုခြင်းကြောင့်သာ မဟုတ်ဘဲ မဟာရှအတွင်း၌ သစ္စာဖောက်တစ်ဦး ရှိနေခြင်းမှာ သေချာသလောက်ပင် ဖြစ်သည်
“သွား... ငါ့သားကို သွားအသိပေးဖို့ လူလွှတ်လိုက်”
ဟု ဖန်ချန်ဟိုင်က ရုတ်တရက် အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ”
စစ်သည်တစ်ဦးသည် ချက်ချင်းပင် လှည့်ထွက်သွားပြီး ပြေးသွားတော့သည်။
အခြားသော မြို့တံခါးများတွင်လည်း အရှေ့ဘက်တံခါးကဲ့သို့ပင် အခြေအနေဆိုးရွားနေသော်လည်း ကံကောင်းထောက်မစွာဖြင့် မြို့တော်၏ တုံ့ပြန်မှုမှာ မြန်ဆန်လှသဖြင့် အရှေ့ကျားတပ်ရင်းနှင့် အနောက်ကျားတပ်ရင်းမှ စစ်သည်များသည် သူတို့၏ သက်ဆိုင်ရာ မြို့တံခါးများဆီသို့ အပြေးအလွှား သွားရောက်နေကြပြီ ဖြစ်သည်။
သတင်းများသည် နန်းတော်သို့ မကြာမီ ရောက်ရှိသွားပြီး စစ်ဘက်၊ နယ်ဘက် အရာရှိများစွာသည် ဧကရာဇ်ထံသို့ သတင်းပို့ရန် နန်းတော်အတွင်းသို့ အလုအယက် ဝင်ရောက်လာကြသည်။
နန်းတွင်း စာကြည့်ဆောင်၌
ဧကရာဇ်၏ မျက်နှာမှာ ဝန်ကြီးချုပ် လီကော်ကျူး၊ စစ်ဝန်ကြီး ရဲ့တုန်းမင်နှင့် အခြား အဆင့်မြင့်အရာရှိများကို ကြည့်ရင်း မည်းမှောင်နေသည်။
“မင်းတို့အားလုံးဟာ အသုံးမကျတဲ့ အမှိုက်တွေပဲ လုံတုမြင်းစီးစစ်သည်တွေ မြို့တံခါးအထိ ရောက်လာတာကို မင်းတို့ တစ်ယောက်မှ ဘာလို့ သတိမထားမိကြတာလဲ မင်းတို့ ဘာတွေ လုပ်နေကြတာလဲ နန်းတော်က ပေးတဲ့ လစာတွေက ဝက်တွေကို ကျွေးဖို့အတွက်လား”
ဟု ဧကရာဇ်က အေးစက်သော လေသံဖြင့် ကြိမ်းမောင်းလိုက်သည်။
အရာရှိများ၏ မျက်နှာများတွင် အရှက်ရရိပ်များ ပေါ်လာသည်။
ဧကရာဇ်သည် ရှောင်စန့်ချဲ့ ဘက်သို့ လှည့်ကာ
“မင်းရဲ့ ရဲရင့်သောဓားစောင့်တပ်တွေကလည်း ဒါကို သတိမထားမိဘူးလား”
ဟု မေးလိုက်သည်။
ရှောင်စန့်ချဲ့သည် ချက်ချင်းပင် ဒူးထောက်လိုက်သည်။
“အရှင်မင်းကြီး... ကျွန်တော်မျိုး အပြစ်ရှိပါတယ်”
“မင်းမှာ အပြစ်ရှိတာ မှန်တယ်၊ ဒါပေမဲ့ မင်းကို နောက်မှ ငါ အရေးယူမယ်”
ဧကရာဇ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် ရဲ့တုန်းမင်ကို ကြည့်ကာ
“ဝန်ကြီးရဲ့ အခု အခြေအနေ ဘယ်လိုရှိလဲ”
ရဲ့တုန်းမင်၏ နဖူးမှ ချွေးစေးများ စီးကျလာသည်။ သူက ချွေးများကို သုတ်လိုက်ပြီး အလျင်အမြန် ပြောလိုက်သည်
“ကျွန်တော် စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးထားပြီးပါပြီ။ လုံတုက မြင်းစီးစစ်သည် တစ်သိန်းလောက် မြို့တော်ကို တိုက်ခိုက်နေပါတယ်”
“တစ်သိန်း”
ဝန်ကြီးတစ်ဦးမှာ မအောင့်နိုင်ဘဲ အော်ဟစ်လိုက်မိသည်။
“မြို့တော်တစ်ခုလုံးမှာ ငါတို့တပ်ဖွဲ့ဝင် ၇ သောင်း၊ ၈ သောင်းလောက်ပဲ ရှိတာလေ”
လွန်ခဲ့သော ၅ နှစ်က ရှုံးနိမ့်မှုကြောင့် မဟာရှ၏ စစ်အင်အားမှာ သိသိသာသာ လျော့နည်းသွားခဲ့သည်။
မြို့တော်ရှိ အရှေ့နှင့် အနောက်ကျားတပ်ရင်းများကို ပေါင်းလိုက်လျှင်ပင် စစ်သည် ၇ သောင်းခန့်သာ ရှိသည်။
ရဲရင့်သောဓားစောင့်တပ်များ၊ မဟာတောက်ပမှုဌာနမှ အရာရှိများနှင့် အခြား ကိုယ်ခံပညာရှင်များကို ထည့်သွင်းရေတွက်လျှင်ပင် ၈ သောင်း ပြည့်ရန် ခဲယဉ်းလှသည်။
ရန်သူသည် အင်အား တစ်သိန်းဖြင့် ကြိုတင်ပြင်ဆင်လာခြင်းမှာ သတင်းအချက်အလက်ကို အသေအချာ ရရှိထားခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် သူတို့တွင် နောက်ထပ် စစ်ကူများလည်း ရှိနေနိုင်သေးသည်။ မဟာရှသည် အောင်ပွဲကို မည်သို့ ဆုပ်ကိုင်နိုင်ပါမည်နည်း
“နယ်စားရှန်း ဘယ်မှာလဲ”
ဧကရာဇ်က တင်းမာသော အသံဖြင့် မေးလိုက်သည်။
“သူ့ကို အခုချက်ချင်း သွားဖမ်းကြစမ်း”
ရဲ့တုန်းမင်က သက်ပြင်းချလိုက်သည်။
“နယ်စားရှန်းက အခု ကျောက်စိမ်းမသေမျိုးလှေပေါ်မှာ ကျွန်တော့်သားနဲ့အတူ ရှိနေတာပါ...”
လုံတုက ထိုကဲ့သို့ စီစဉ်ထားခြင်းမှာ သူ၏သား ရဲ့ချင်းဟဲသည် ထောင်ချောက်အတွင်းသို့ သက်ဆင်းသွားပြီ ဖြစ်ကြောင်း ဖော်ပြနေသည်။
ထို့အပြင် ယခုအချိန်မှာ ညဦးပိုင်း ဖြစ်သဖြင့် မဟာရှမြစ်တစ်လျှောက်တွင် အရာရှိများနှင့် ဩဇာရှိသူများစွာ ရှိနေပေလိမ့်မည်။ သံတမန်အဖွဲ့၏ မြင်းစီးစစ်သည် ၃၀၀ မှာလည်း ထိုနေရာ၌ပင် ရှိနေသည်...။
ဧကရာဇ်က လှောင်ပြုံး ပြုံးလိုက်သည်။
“သွား... သူ့ကို ဖမ်းကြစမ်း သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ငါ မေးချင်တယ်”
“သတင်းပို့ပါတယ်”
ရုတ်တရက် ရဲရင့်သောဓားစောင့်တပ်သားတစ်ဦးသည် အခွင့်မတောင်းဘဲ စာကြည့်ဆောင်အတွင်းသို့ အပြေးအလွှား ဝင်ရောက်လာသည်။ သူက အလျင်အမြန် သတင်းပို့သည်
“အရှင်မင်းကြီး... မဟာရှမြစ်ကို တိုက်ခိုက်ခံနေရပါပြီ။ လုံတုသံတမန် နယ်စားရှန်းဆိုတာ တကယ်တော့ ရုပ်ဖျက်ထားတဲ့ နယ်စားကြီးရှန်းယွီ ဖြစ်နေပါတယ် သူက ချီအမြုတေအဆင့် ကိုယ်ခံပညာရှင် တစ်ယောက်ဖြစ်ပြီး အခု သူ့ရဲ့ လက်အောက်ငယ်သား ချီထိန်းချုပ်ခြင်းနယ်ပယ် အထွတ်အထိပ်က ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဖန်ချန်ကို ထောင်ဖမ်းထားပါတယ်”
ရောက်ရှိနေသော လူအားလုံး၏ မျက်နှာများတွင် သွေးဆုတ်ဖြူလျော့သွားတော့သည်။
အခန်း ၇၄ - လုံတုမှ သူကောင်းမျိုး ယွီဟန်ကွမ်
ဖန်ချန်ဟာ မဟာရှရှမြစ်မှာ ပိတ်မိနေတာလား
နယ်စားရှန်းဆိုတာ တကယ်တော့ ရုပ်ဖျက်ထားတဲ့ နယ်စားကြီး ရှန်းယွီလား
ထိုသတင်းကြောင့် နန်းတွင်းစာကြည့်ဆောင်ရှိ လူတိုင်း မှင်တက်သွားကြသည်။
မဟာရှရဲ့ တစ်ဦးတည်းသော ချီအမြုတေအဆင့် ပညာရှင်ကို လုံတုမှ အခြားကာချီအမြုတေအဆင့် ပညာရှင်တစ်ဦးက ဟန့်တားထားသည်မှာ မကြားဖူးသော ကိစ္စပင် ဖြစ်သည်။
"လုံတုက ငါတို့နဲ့ ဆွေးနွေးဖို့ ဘယ်တုန်းကမှ ရည်ရွယ်ချက် မရှိခဲ့ဘူးပဲ"
ဧကရာဇ်၏ အသံမှာ အေးစက်စက်နှင့် ထူးခြားနေသည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုး လူတွေကို ဦးဆောင်ပြီး စစ်သူကြီးဖန်ချန်ကို အမြန်ဆုံး သွားရောက်ကူညီပါ့မယ်"
ဟု ရှောင်စန့်ချဲ့က လေးစားစွာ ဆိုသည်။
ဧကရာဇ်က ခေါင်းငြိမ့်ပြသည်။
"သွားတော့ ဖြစ်နိုင်ရင် ဖန်ချန်နဲ့ ပူးပေါင်းပြီး အဲဒီ ချီအမြုတေအဆင့် ပညာရှင်ကို ဖမ်းဆီးခဲ့ပါ"
ထိုသို့ပြောပြီးနောက် ရှောင်စန့်ချဲ့မှာ အမြန်ထွက်ခွာသွားတော့သည်။
ထို့နောက်တွင် နန်းတွင်းအစောင့်တပ်မှူး ယန်ပေ့ဟန် ဝင်လာသည်။ သူ၏ မျက်နှာမှာ လေးနက်နေပြီး ဧကရာဇ်ကို အစီရင်ခံသည်
"အရှင်မင်းကြီး... နန်းတော်ရဲ့ ကာကွယ်ရေးတွေကို အခိုင်အမာ ပြင်ဆင်ပြီးပါပြီ ဘယ်သူမှ မထိုးဖောက်နိုင်တဲ့ ခံတပ်ကြီးလို ခိုင်မာနေပါတယ် လုံတုမြင်းစီးစစ်သည်တွေတောင် လွယ်လွယ်နဲ့ ဝင်လို့ရမှာ မဟုတ်ပါဘူး"
သူ၏ လှုပ်ရှားမှုများမှာ အနည်းငယ် တောင့်တင်းနေပြီး ၎င်းမှာ သူ၏ ခြေထောက်ဒဏ်ရာ မပျောက်ကင်းသေးကြောင်း ဖော်ပြနေသည်။
သူသည် သူ၏ အတွင်းအားကို အသုံးပြု၍ ကိုယ့်ကိုယ်ကိုယ် ထိန်းထားခြင်း ဖြစ်သည်။ မြားနှစ်စင်းဖြင့် ခြေထောက်နှစ်ဖက်လုံး အဖောက်ခံထားရသော သာမန်ကိုယ်ခံပညာရှင်တစ်ဦးမှာ အနည်းဆုံး ဆယ်ရက်၊ သို့မဟုတ် လဝက်ခန့်အထိ အိပ်ရာပေါ်မှ ထနိုင်မည် မဟုတ်ပေ။
မမျှော်လင့်ဘဲ ဧကရာဇ်က သူ့ကို ကြိမ်းမောင်းလိုက်သည်
"နန်းတော်ကို ဘယ်သူက အခိုင်အမာ ပြင်ဆင်ခိုင်းလို့လဲ အကယ်လို့ လုံတုမြင်းစီးစစ်သည်တွေ မြို့တော်ကို ထိုးဖောက်ဝင်လာရင် ဒီနေရာကို ငါတို့ ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူး နန်းတွင်းအစောင့်တပ်တွေကို ယူပြီး မြို့တော်တံခါးမှာ သွားရောက်ခုခံစမ်း"
ရန်ပေ့ဟန်မှာ အံ့အားသင့်သွားသည်။
"အရှင်မင်းကြီး တကယ်လို့ ကျွန်တော်တို့ နန်းတော်ကို ဒီအတိုင်း ထားခဲ့ရင် အရှင်မင်းကြီးရဲ့ ဘေးကင်းလုံခြုံမှုက..."
ရဲ့တုန်းမင်နှင့် အခြားသူများကလည်း ဧကရာဇ်၏ ဘေးကင်းရေးအတွက် နန်းတော်တွင် အစောင့်အကြပ် အလုံအလောက် ထားသင့်ကြောင်း ဝိုင်းဝန်း အကြံပြုကြသည်။
"ဒါက အမိန့်ပဲ"
ယန်ပေ့ဟန်သည် ခေါင်းငြိမ့်ကာ ထွက်ခွာသွားရတော့သည်။
လီကော်ကျူးက သက်ပြင်းချလိုက်သည်။
"အရှင်မင်းကြီး တကယ်လို့ တစ်စုံတစ်ယောက်က ဒီအခြေအနေကို အခွင့်ကောင်းယူပြီး နန်းတော် ဟာကွက်ဖြစ်နေချိန်မှာ တိုက်ခိုက်လာရင်တော့..."
ဧကရာဇ်က အေးအေးလူလူ ရယ်မောလိုက်သည်။
"ဒီလိုအချိန်မျိုးမှာ ဘယ်သူက မကောင်းတဲ့ စိတ်ထားမျိုး မွေးရဲမှာလဲ အများကြီး မတွေးပါနဲ့ တခြားကိစ္စ မရှိရင် မင်းတို့လည်း သွားလို့ရပြီ"
"ဟုတ်ကဲ့ပါ အရှင်မင်းကြီး"
အားလုံး ဦးညွှတ်ကာ စာကြည့်ဆောင်မှ ထွက်ခွာသွားကြသည်။
အလျင်အမြန် ထွက်ခွာသွားသော ရဲ့တုန်းမင်၏ မျက်နှာတွင် စိုးရိမ်ရိပ်များ ရှိနေသည်။
လီကော်ကျူးနှင့် အခြားသူများက ရဲ့တုန်းမင်သည် မဟာရှမြစ်ဆီသို့ သူ၏လူများနှင့် သွားတော့မည်ကို သိကြသည်။ အကြောင်းမှာ သူ၏သား ရဲ့ချင်းဟဲသည် ထိုနေရာ၌ နယ်စားကြီးရှန်းယွီနှင့် ရှိနေသောကြောင့် ဖြစ်သည်။
"ဝန်ကြီးချုပ်လီ ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ မြို့တော်က အင်အားလေးနဲ့ လုံတုမြင်းစီးစစ်သည်တွေကို ဘယ်လိုမှ မခုခံနိုင်ဘူး..."
"ဟုတ်ပါတယ် အရှင်မင်းကြီးကို မြို့တော်ကနေ အရင်ရှောင်တိမ်းဖို့၊ အခြေအနေ ငြိမ်သက်သွားမှ ပြန်လာဖို့ အကြံပြုသင့်သလား"
လီကော်ကျူးက ခေါင်းယမ်းလိုက်သည်။
"မင်းတို့ နားမလည်ကြသေးဘူးပဲ အရှင်မင်းကြီးသာ ထွက်သွားရင် မြို့တော်က ပိုပြီး အားနည်းသွားလိမ့်မယ် ငါတို့ ပညာတတ်တွေက အားနည်းတယ်၊ ဘာမှ သိပ်မကူညီနိုင်ဘူး ကံကြမ္မာအတိုင်းပဲ လွှတ်ထားလိုက်ကြစို့"
သူက လက်ကို နောက်ပစ်ကာ ထွက်သွားတော့သည်။
ဝန်ကြီးများသည် ထိုစကားကို ကြားသောအခါ လက်တွေ့ဘဝကို နားလည်သွားကြပြီး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သူတို့သည် အမှန်တကယ်ပင် ထိုအခြေအနေတွင် အသုံးမကျလှပေ။
ဖန်အိမ်တော်
ဖန်မိသားစုဝင် အားလုံးမှာ အဓိကခန်းမဆောင်တွင် စုဝေးနေကြပြီး လက်ရှိတွင် အစောင့်များ၏ ကာကွယ်မှုအောက်တွင် ရှိနေသည်။
ဖန်ချန်ဟိုင် မရှိသဖြင့် ဖန်ချန်၏ မိခင်က တာဝန်ယူထားသည်။ သူမသည် ထိတ်လန့်နေသော မိသားစုဝင်များနှင့် တပည့်များကို တည်ငြိမ်စွာ ကြည့်ကာ အားပေးစကား ဆိုသည်
"မကြောက်ကြပါနဲ့ လုံတုကလူတွေ အိမ်တော်ထဲကို လွယ်လွယ်နဲ့ မဝင်နိုင်ပါဘူး"
ထိုစကားကြောင့် ဖန်မိသားစုဝင် လူငယ်လေးများနှင့် တပည့်များမှာ တဖြည်းဖြည်း တည်ငြိမ်သွားကြသည်။ ရုတ်တရက် ခန်းမအပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်
"စစ်သူကြီးဖန်ချန် ဒီမှာ ရှိပါသလား"
ခဏအကြာတွင် စစ်သည်တစ်ဦးသည် အစေခံတစ်ဦး၏ လမ်းပြမှုဖြင့် ခန်းမအတွင်းသို့ ရောက်လာသည်။
ထိုစစ်သည်သည် ဖန်ချန်၏ မိခင်ကို မှတ်မိသဖြင့် မြေပြင်တွင် ဒူးတစ်ဖက်ထောက်ကာ အစီရင်ခံသည်
"သခင်မ... ဗိုလ်ချုပ်ကြီး ဖန်ချန်ဟိုင်က စစ်သူကြီးဖန်ချန်ကို အသိပေးဖို့ ကျွန်တော့်ကို လွှတ်လိုက်တာပါ။ လုံတုက မြို့တော်ကို တိုက်ခိုက်နေပါပြီ"
"ချန်အာ က အိမ်တော်မှာ မရှိဘူး"
ဟု ဖန်ချန်၏ မိခင်က တည်ငြိမ်စွာ ပြောသည်။
စစ်သည်မှာ အနည်းငယ် အံ့ဩသွားပြီး
"အိမ်တော်မှာ မရှိဘူး ဟုတ်လား"
ဟု မေးမိသည်။
ဖန်ကျစ်ရွှယ် လည်း အံ့ဩသွားပြီး အလျင်အမြန် မေးလိုက်သည်
"အမေ... အစ်ကိုက ဘယ်သွားတာလဲ"
ဖန်ချန်၏ မိခင်က သူမကို ပြန်မဖြေဘဲ ဟွမ်စီဟိုင် ကို ကြည့်ကာ မေးလိုက်သည်
"မင်းရဲ့ သခင်လေး ဘယ်သွားတာလဲ"
ဟွမ်စီဟိုင်က ခေါင်းကို ကုတ်ကာ
"ကျောက်စိမ်းမသေမျိုးလှေဆီ သွားတာပါ"
ဟု ဖြေသည်။
၎င်းကို ကြားရသောအခါ ဖန်ကျစ်ရွှယ်က ချက်ချင်း ဒေါသထွက်သွားသည်
"ဘာ အစ်ကိုက အဲဒီလိုနေရာမျိုးကို သွားတယ် ဟုတ်လား"
ဟွမ်စီဟိုင်က အလျင်အမြန် ရှင်းပြသည်
"တောင်ပိုင်းက ခုနစ်ခွင်လျှပ်စီးဓား ဟွမ်ဖူကျဲ့ မြို့တော်ကို ရောက်နေလို့ သခင်လေးက သူ့ကို ဧည့်ခံဖို့ သွားတာပါ"
"အခြေအနေကို ကြည့်ရင်တော့ ချန်အာ မကြာခင် ပြန်လာမှာပါ"
ဟု ဖန်ချန်၏ မိခင်က တိုးတိုးလေး ဆိုသည်။
"သခင်မ... ဖန်ချန် ပြန်လာမှာ မဟုတ်တော့ပါဘူး"
ဟု အသံတစ်သံ ထွက်ပေါ်လာပြီး လူရိပ်တစ်ခု ခန်းမအပြင်ဘက်တွင် ပေါ်လာသည်။ ထိုသူမှာ ဝတ်ရုံနက်ကို ဝတ်ဆင်ထားပြီး အလွန်ဖြူလျော်သော အသားအရေ၊ သွေးကဲ့သို့ နီမြန်းသော နှုတ်ခမ်းနှင့် မျက်လုံးအောက်တွင် မည်းနက်နေသော ကွင်းများ ရှိနေသည်။ သူသည် ဆယ်ရက်လောက် အိပ်မပျော်ထားသူနှင့် တူလှသည်။ သူ၏ ပုံစံမှာ လူများကို ကြက်သီးထစေနိုင်သည်။
ဟွမ်စီဟိုင်က မျက်မှောင်ကြုတ်ကာ
"မင်းက ဘယ်သူလဲ"
ဟု မေးလိုက်သည်။
ထိုသူက ခပ်ဖွဖွ ရယ်မောကာ ခန်းမအတွင်းသို့ အေးအေးလူလူ လျှောက်ဝင်လာသည်။
"လုံတုမှ သူကောင်းမျိုး ယွီဟန်ကွမ် ပါ"
ဟု သူက ဖြေသည်။ ထို့နောက် သူ၏ အကြည့်မှာ လူတိုင်းကို ဝေ့ကြည့်သွားပြီး နောက်ဆုံးတွင် ဟွမ်စီဟိုင်ထံ၌ ရပ်တန့်သွားသည်။
"မင်းက ဖန်ချန်ရဲ့ လက်အောက်က နဂါးစစ်သူကြီးလေးဦးထဲက တစ်ဦးဖြစ်တဲ့ ဟွမ်စီဟိုင် မဟုတ်လား ချီထိန်းချုပ်ခြင်း အထွတ်အထိပ်မှာ ရှိတဲ့ တခြား နဂါးစစ်သူကြီး သုံးဦးကတော့ သုံးလောကတောင်တန်း မှာ သေသွားကြပြီ။ ရယ်စရာကောင်းတာက ကိုယ်ခံပညာလည်း မတတ်ဘဲ မွေးရာပါ ခွန်အားပဲ ရှိတဲ့ မင်းကတော့ မဟာရှကို အသက်ရှင်လျက် ပြန်ရောက်လာနိုင်ခဲ့တာပဲတကယ့်ကို ဝမ်းနည်းစရာပဲ"
ယွီဟန်ကွမ်၏ မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခု ရှိနေသည်။
ဖန်ချန်၏ မိခင်က သူ့ကို စိုက်ကြည့်ကာ မေးလိုက်သည်
"ငါ့သား ပြန်မလာတော့ဘူးဆိုတာ ဘာကို ဆိုလိုတာလဲ"
"သခင်မ မသိသေးဘူးလား နယ်စားကြီး ရှန်းယွီ မြို့တော်ထဲကို ဝင်လာပြီလေ သူက ချီအမြုတေအဆင့် အလယ်အလတ်မှာ ရှိတဲ့ ကိုယ်ခံပညာရှင်တစ်ဦး စစ်သူကြီး ဖန်ချန်ထက် တစ်ဆင့် ပိုမြင့်တယ် သူက အခု မဟာရှမြစ်က ကျောက်စိမ်းမသေမျိုးလှေပေါ်မှာ ဖန်ချန်နဲ့အတူ ဝိုင်သောက်ရင်း ပျော်နေလောက်ပြီ"
"ဒါကြောင့် သူ ပြန်မလာတော့ဘူးဆိုတာက ဒီနေ့လည်း ပြန်မလာဘူး မနက်ဖြန်လည်း ပြန်မလာဘူး သဘက်ခါလည်း ပြန်မလာဘူးလို့ ဆိုလိုတာပါ နောင် အနာဂတ်မှာလည်း သူ့ကို မင်းတို့ ထပ်တွေ့ရမှာ မဟုတ်တော့ဘူး"
ယွီဟန်ကွမ်က ရယ်မောလိုက်သည်။ ထို့နောက် သူက ဆက်ပြောသည်
"အခု ဖန်ချန်ဟိုင်က မြို့တော်ကို စောင့်ကြပ်နေတယ်၊ ဖန်ချန်က မြစ်ဘက်မှာ ရှိနေတယ် ပြီးတော့ မိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင်ကလည်း နှစ်ပေါင်းများစွာကတည်းက လူမြင်ကွင်းက ပျောက်ကွယ်နေတာဆိုတော့ အခု ဖန်အိမ်တော်မှာ ဟွမ်စီဟိုင် တစ်ယောက်ပဲ ကျန်တော့တာပေါ့"
"ဒါကြောင့် နယ်စားကြီး ရှန်းယွီက မင်းတို့ကို သတ်ဖို့ ငါ့ကို ဒီလွှတ်လိုက်တာပဲ ကျေးဇူးပြုပြီး ငါ့ကို အလုပ်မရှုပ်စေဘဲ ပူးပေါင်းပေးကြပါ ငါက အမြန်ပြန်သွားပြီး ဒီသတင်းကို သူ့ဆီ ပို့ပေးရဦးမှာ အဲဒီအချိန်ကျရင် စစ်သူကြီးဖန်ချန်ရဲ့ မျက်နှာထားက တကယ့်ကို ကြည့်လို့ကောင်းမှာပဲ"
ခန်းမအတွင်းရှိ လူများမှာ ထိတ်လန့်သွားကြပြီး လက်နက်ကိုင် အစောင့်များမှာလည်း လူတိုင်းကို ဝိုင်းထားရုံမှလွဲ၍ ဘာမှ မတတ်နိုင်ကြပေ။
ယွီဟန်ကွမ်သည် ဟွမ်စီဟိုင် ရှိနေသည်ကို သိလျက်နှင့်ပင် လာရဲသည်မှာ သူသည် ချီထိန်းချုပ်ခြင်းနယ်ပယ် အဆင့်တွင် ရှိနေရမည် ဖြစ်သည်။
"မင်းတို့ နောက်ဆုတ်လိုက်ကြစမ်း သူက ချီထိန်းချုပ်ခြင်းနယ်ပယ် အထွတ်အထိပ်က ထိပ်တန်းပညာရှင်တစ်ဦးပဲ"
ဟု ဟွမ်စီဟိုင်က ရုတ်တရက် ပြောလိုက်သည်။
ယွီဟန်ကွမ်က ပြုံးလိုက်ပြီး သူ၏ မျက်လုံးများတွင် ကျေနပ်ရိပ်များ ဖြတ်ပြေးသွားသည်။
"မင်း ငါ့အကြောင်း ကြားဖူးတာလား ဒါဆိုရင်တော့ မင်းကို သတ်တဲ့အခါ သိပ်မနာကျင်အောင် မြန်မြန်ဆန်ဆန်ပဲ အဆုံးသတ်ပေးပါ့မယ်"
ဟွမ်စီဟိုင်က ခပ်ဖျော့ဖျော့ ပြုံးကာ လက်ကို မြှောက်လိုက်ပြီး ခရမ်းရောင် လျှပ်စီးအဆောင်အနိမ့်စား တစ်ခုကို ထုတ်လိုက်ရင်း ပြောလိုက်သည်
"ဝမ်းနည်းစရာပဲ... ဒီနေ့ သေရမှာက မင်းပဲ"
သူ့ဆီမှာ အလယ်အလတ်စား အဆောင်တွေ ရှိပေမဲ့ ချီထိန်းခြင်းနယ်ပယ် အထွတ်အထိပ်က ပညာရှင် တစ်ယောက်ကို သတ်ဖို့အတွက် အဲဒီလောက် အဖိုးတန်တဲ့ အရာကို သုံးရမှာ နှမြောစရာပင်။ သူ့သခင်လေးအတွက် အရင်းအမြစ်တွေကို ချွေတာရမည် မဟုတ်ပါလား။
ဂျိန်း!
မိုးခြိမ်းသံနှင့်အတူ လျှပ်စီးတန်းများ ထွက်ပေါ်လာပြီး ယွီဟန်ကွမ်ကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။
အစောပိုင်းက ခန့်ညားစွာ ရှိနေသော ယွီဟန်ကွမ်မှာ ခဏချင်းအတွင်းမှာပင် မီးသွေးတုံးကြီး တစ်တုံးအဖြစ် ပြောင်းလဲသွားတော့သည်။
သူ၏ ခန္ဓာကိုယ်မှ မီးခိုးဖြူများ ထွက်ပေါ်လာပြီး မျက်နှာမှာလည်း မှတ်မရအောင် ပျက်စီးသွားတော့သည်။
အားလုံးမှာ မှင်တက်သွားကြပြီး ကျောင်းထိုင်ဆရာမကြီး ချင်ဟဲက ခဏမျှ ကြောင်ကြည့်နေပြီးနောက် "အမိတာဘ" ဟု တိုးတိုးလေး ဆိုသည်။
သူမ၏ မျက်လုံးများသည် သူ၏ အလောင်းမှတစ်ဆင့် လေထဲရှိ တစ်နေရာသို့ ရောက်ရှိသွားပြီးနောက်
"မင်း စနောက်ဖို့ လူမှားသွားပြီ မြန်မြန်ပဲ နောက်ဘဝကို ကူးပြောင်းလိုက်ပါတော့..."
ဟု တိုးတိုးလေး ဆိုလိုက်သည်။
အစောင့်များမှာ ကြောင်ကြည့်နေဆဲ ဖြစ်သဖြင့် ဟွမ်စီဟိုင်က ကြိမ်းမောင်းလိုက်သည်
"ဘာတွေ ရပ်ကြည့်နေတာလဲ မြန်မြန် လမ်းပိတ်မနေအောင် ဒီအလောင်းကို ထင်းရူးခန်းထဲ သွားပစ်လိုက်ကြစမ်း"
ထို့နောက် သူသည် ဖန်ချန်၏ မိခင်ကို ကြည့်ကာ ပြောလိုက်သည်
"စိတ်အေးအေးထားပါ သခင်မ သခင်လေးက ဟိုမှာ ဘေးကင်းပါတယ် ရန်သူတွေက တွက်ချက်မှု မှားသွားကြတာပါ"
ဖန်ချန်၏ မိခင်သည် ဖန်ချန်ယူ နှင့် တစ်ချက် ကြည့်လိုက်ကြပြီးနောက် မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူမက ဟွမ်စီဟိုင်ကို ပြောလိုက်သည်
"စီဟိုင်... မင်း တကယ် ပင်ပန်းသွားပြီ"
ဟွမ်စီဟိုင်က အားရပါးရ ရယ်မောလိုက်သည်။
"ဟားဟား ဒါက ကျွန်တော့်ရဲ့ တာဝန်ပဲလေ"