← Chapters

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

​အခန်း ၈၇ - မကောင်းမှုကို အပြစ်ပေးခြင်း

​ရုန်းရင်းဆန်ခတ် ဖြစ်နေသည်ကို မြင်သောအခါ ဖန်ချန်က

“အဲဒီ ဝိညာဉ်ကျားဂိုဏ်း ရဲ့ နောက်ခံက ဘာလဲ”

ဟု မေးလိုက်သည်။

​“အလကား အလေအလွင့်တွေ စုထားတဲ့ ဂိုဏ်းငယ်လေးတစ်ခုပါ သူတို့ဆီမှာ ချီစုစည်းခြင်းနယ်ပယ် ( ပညာရှင် အနည်းငယ်ပဲ ရှိပါတယ် ပုံမှန်ဆိုရင် အတိုးချေးစားပြီး အမြတ်ထုတ်တတ်ကြတာပါ အခု ကောင်းကင်ဓားအိမ်တော် ပျက်စီးသွားတာကို မြင်တော့မှ ကြွေးလာတောင်းရဲတာပေါ့”

ဟု ဟွမ်ဖူကျဲ့က ခပ်ပေါ့ပေါ့ ပြန်ဖြေသည်။

​သူ ရှင်းပြနေစဉ်မှာပင် ဝိညာဉ်ကျားဂိုဏ်းနှင့် ထိုလူများကြားတွင် ပဋိပက္ခ စတင်ဖြစ်ပွားနေပြီ ဖြစ်သည်။

​အဋ္ဌမမြောက် ညီအစ်ကို ချန်သည်လည်း အလျှော့ပေးမည့်သူ မဟုတ်ဘဲ သူ၏လက်အောက်တွင် လူအချို့ ရှိနေသည်။ သို့သော် ကံမကောင်းစွာဖြင့် သူတို့သည် ဝိညာဉ်ကျားဂိုဏ်းကို ယှဉ်နိုင်စွမ်း မရှိကြပေ။

​“ညီအစ်ကိုတို့... ဒီပြင်ပလူတွေ ငါတို့ကို လာနှိပ်စက်တာကို ဘယ်လိုကြည့်နေနိုင်ကြတာလဲ ဒီနေ့ ဝိညာဉ်ကျားဂိုဏ်းက ငါ့ကို လာပြဿနာရှာတယ်ဆိုရင်၊ နောင်ကျရင် မင်းတို့အားလုံးကိုလည်း လာနှောင့်ယှက်ကြမှာပဲ!”

ဟု အဋ္ဌမမြောက် ညီအစ်ကို ချန်က အော်ဟစ်လိုက်သည်။

​ပတ်ဝန်းကျင်ရှိ ချန်မိသားစုဝင်များ လှုပ်လှုပ်ရွရွ ဖြစ်လာသည်ကို မြင်သောအခါ ဝိညာဉ်ကျားဂိုဏ်း ခေါင်းဆောင်က နှာခေါင်းရှုံ့ကာ စာတောင်တန်းများဆီသို့ ညွှန်ပြလိုက်သည်။

“ကြည့်စမ်း အခု ကောင်းကင်ဓားအိမ်တော်မှာ ရဲရင့်သောဓားစောင့်တပ်တွေ ကင်းစောင့်နေတာ ငါသာ အသံနည်းနည်း ပေးလိုက်ရင် သူတို့ ဆင်းလာပြီး စုံစမ်းတော့မှာ ငါက ငွေချေးရဲမှတော့ ပြန်တောင်းဖို့လည်း မကြောက်ဘူးဟေ့”

​လူအုပ်ကြီး တိတ်ဆိတ်သွားပြီး အဋ္ဌမမြောက် ညီအစ်ကို ချန်၏ မျက်နှာမှာလည်း တည်ကြည်သွားသည်။

ထိုကဲ့သို့သော ဂိုဏ်းစတားများသည် ပုံမှန်အားဖြင့် ရဲရင့်သောဓားစောင့်တပ်နှင့် အဆက်အသွယ် ရှိတတ်ကြသည်။

ဝိညာဉ်ကျားဂိုဏ်းနှင့် စောင့်တပ်တို့ကြား မည်မျှအထိ ပတ်သက်မှုရှိသည်ကို မသေချာသော်လည်း သူတို့ စွန့်စားခြင်း မပြုရဲကြပေ။

အကယ်၍ ရဲရင့်သောဓားစောင့်တပ်ကသာ ဝိညာဉ်ကျားဂိုဏ်းဘက်က ပါနေလျှင် မည်သူက အကျိုးဆက်ကို ခံနိုင်မည်နည်း။

၎င်းမှာ ရိုးရိုး ကိုယ်ခံပညာဂိုဏ်း မဟုတ်ဘဲ ရဲရင့်သောဓားစောင့်တပ် ဖြစ်သည်။ သူတို့သည် စောင့်တပ်သား ထောင်သောင်းချီကို ထိန်းချုပ်ထားပြီး သူတို့၏ တပ်မှူး လှုပ်ရှားမှုတိုင်းသည် တောင်ပိုင်းမသေမျိုးပြည်နယ် တစ်ခုလုံးကို တုန်လှုပ်စေနိုင်သည် မဟုတ်ပါလား

​လူတိုင်း ဆွံ့အသွားသည်ကို မြင်သောအခါ ဂိုဏ်းခေါင်းဆောင်က လှောင်ပြုံးပြုံးကာ အမိန့်ပေးလိုက်သည်။

“လူတစ်ယောက် သွားပြီး အဋ္ဌမမြောက် ညီအစ်ကို ချန်နဲ့ ကျန်တဲ့သူတွေပေါ်ကို ဆီလောင်းလိုက်စမ်း”

​“ဟုတ်ကဲ့”

​ဝိညာဉ်ကျားဂိုဏ်းသားများသည် ဆီပုံးများကို သယ်လာပြီး အဋ္ဌမမြောက် ညီအစ်ကို ချန်၊ သူ၏ မိသားစုဝင်များနှင့် နောက်ကွယ်မှ အိမ်တော်ကြီးပေါ်သို့ လောင်းချလိုက်ကြတော့သည်။

​“အဋ္ဌမမြောက် ညီအစ်ကို ချန် မင်း တကယ်ပဲ ငွေစင် သုံးထောင်ကို မဆပ်ချင်ဘူးလား”

ဝိညာဉ်ကျားဂိုဏ်း ခေါင်းဆောင်သည် မီးခြစ်ကို ထုတ်ကာ လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

​“မင်း တော်တော် ရက်စက်တာပဲ...”

အဋ္ဌမမြောက် ညီအစ်ကို ချန်၏ မျက်နှာ ဖြူလျော့သွားပြီး နှုတ်ခမ်းများ တုန်ရီနေသည်။

“ငါ့လက်ထဲမှာ ငွေစင် သုံးထောင် အဆင်သင့် မရှိဘူး”

​ဝိညာဉ်ကျားဂိုဏ်း ခေါင်းဆောင်က ကောက်ကျစ်စွာ ပြုံးလိုက်သည်။

“ဒါဆိုရင် ကတိကဝတ်စာချုပ်မှာ လက်မှတ်ထိုးလိုက်လေ၊ တစ်နှစ်ခွဲအတွင်း ပြန်ဆပ်ပေါ့။”

​ဟွမ်ဖူကျဲ့သည် ဆက်ကြည့်မနေနိုင်တော့ဘဲ အေးစက်စွာ နှာခေါင်းရှုံ့ရင်း မြင်းပေါ်မှ ခုန်ဆင်းလိုက်သည်။ သူသည် ဝိညာဉ်ကျားဂိုဏ်း ခေါင်းဆောင်၏ ဘေးတွင် ကျဆင်းလာပြီး သူ၏လက်ထဲမှ မီးခြစ်ကို ဆွဲယူကာ သူ့ကို ဘေးသို့ ကန်ထုတ်လိုက်တော့သည်။

​ဝိညာဉ်ကျားဂိုဏ်းသားများ မှင်တက်သွားကြသည်။

​“မင်းက ဘယ်သူလဲ ဝိညာဉ်ကျားဂိုဏ်းကို ဘယ်လိုတောင် တိုက်ခိုက်ရဲတာလဲ”

​“ကောင်းကင်ဓားအိမ်တော် ပျက်စီးသွားတာကို အခွင့်ကောင်းယူပြီး အနိုင်ကျင့်နေတာလား ထွက်သွားစမ်း ငါ မင်းတို့ကို နောက်တစ်ခါ ထပ်မမြင်ချင်တော့ဘူး”

ဟု ဟွမ်ဖူကျဲ့က အေးစက်စွာ သတိပေးလိုက်သည်။

​မြေပြင်မှ ပြန်ထရပ်ရင်း ဂိုဏ်းခေါင်းဆောင်က မျက်လုံးမှေးကာ မေးလိုက်သည်။

“မင်းက ဘယ်သူလဲ။ နာမည် ပြောစမ်း။”

​“နက်နဲ့သောဓားဂိုဏ်း က ဟွမ်ဖူကျဲ့ ပဲ။”

ဟွမ်ဖူကျဲ့သည် သူ့ကို အေးစက်စက် ကြည့်လိုက်သည်။

“ငါ့နာမည်ကို သေချာမှတ်ထားပါ ငါ့ကို ရှာချင်ရင် နက်နဲသောဓားဂိုဏ်းမှာ ငါ စောင့်နေမယ် မင်းတို့နဲ့ စာရင်းရှင်းဖို့ အချိန်မရွေး အသင့်ပဲ။”

​“ဟာ”

လူအုပ်ကြီးမှာ အံ့သြတကြီး အသံထွက်ကုန်ကြသည်။ ဝိညာဉ်ကျားဂိုဏ်းသားများမှာ ကြောက်လန့်သွားကြပြီး ခေါင်းဆောင်၏ မျက်နှာမှာလည်း ဖြူဖျော့သွားသည်။

အခြားတစ်ဖက်တွင်မူ ချန်မိသားစုဝင်များ၏ မျက်လုံးထဲတွင် ဟွမ်ဖူကျဲ့အပေါ် ရန်လိုမှုနှင့် မကျေနပ်မှုများ ပေါ်လာသည်။

​ကောင်းကင်ဓားအိမ်တော်ကို နက်နဲသောဓားဂိုဏ်းက သတ်ဖြတ်ချေမှုန်းခဲ့သည်ဟူသော ကောလာဟလများ ရှိနေသည် မဟုတ်ပါလား။

​“ဒါဆို ခင်ဗျားက လျှပ်စီးဓားဟွမ်ဖူကျဲ့ ပေါ့”

(ခုနှစ်ခွင်ဓားဂိုဏ်းကို နက်နဲသောဓားဂိုဏ်း အဖြစ် ပြောင်းပါမယ်နော်)

​ဝိညာဉ်ကျားဂိုဏ်း ခေါင်းဆောင်သည် စိတ်ကို ပြန်ထိန်းကာ အသံကို တည်ငြိမ်အောင် လုပ်ပြီး ပြောလိုက်သည်။

“ခင်ဗျား ဖြစ်နေရင်တောင်မှ ဒီကိစ္စမှာ ဝင်ပါဖို့ အခွင့်အရေး မရှိဘူး ကျွန်တော့်ကို ရဲရင့်သောဓားစောင့်တပ်က အရာရှိတွေကို ခေါ်ခိုင်းပြီး ရှင်းခိုင်းဖို့အထိ မလုပ်ပါနဲ့ ကြွေးဆပ်ရတာက သဘာဝပဲလေ ဒါက လောကနိယာမပဲ”

​ဟွမ်ဖူကျဲ့ မှင်တက်သွားသည်။ တစ်ဖက်လူက သူ့ကို မကြောက်လန့်ဘဲ ပြန်ပြောရဲလိမ့်မည်ဟု သူ မထင်ထားပေ။

ပိုက်ဆံ၏ ဆွဲဆောင်မှုမှာ အမှန်တကယ်ပင် အစွမ်းထက်လှပေသည်။ တပ်မှူးကျွယ်သည် ယခု တောင်ပေါ်တွင် ရှိနေနိုင်ကြောင်း တွေးမိသောအခါ သူ ချက်ချင်း ပြုံးလိုက်သည်။

“ကောင်းပြီလေ... အခုပဲ သွားခေါ်လိုက်ဦး”

​ဝိညာဉ်ကျားဂိုဏ်း ခေါင်းဆောင်သည် ဟွမ်ဖူကျဲ့အနား တိုးလာပြီး အသံတိုးတိုးဖြင့် ပြောသည်။

“လျှပ်စီးဓား ကျွန်တော်တို့ နောက်ကွယ်မှာ ရဲရင့်သောဓားစောင့်တပ်က အရာရှိတချို့ ရှိနေတယ်။ ခင်ဗျား ကျွန်တော်တို့ မျက်နှာကို နည်းနည်းလောက် ထောက်ထားသင့်တယ် မဟုတ်လား”

​ဟွမ်ဖူကျဲ့က ပြုံးရုံသာ ပြုံးရင်း

“မြန်မြန် သွားခေါ်လိုက်စမ်းပါ”

ဟု ဆိုလိုက်သည်။

​ဂိုဏ်းခေါင်းဆောင်၏ မျက်နှာ ပျက်သွားသည်။ သူသည် သူ၏နောက်လိုက်များကို မျက်ရိပ်ပြလိုက်ရာ လူတစ်ယောက်သည် တောင်ပေါ်သို့ အပြေးအလွှား တက်သွားတော့သည်။

​လက်ဖက်ရည်တစ်အိုး ကျိုသည့်အချိန်ခန့် အကြာတွင် မြင်းခွာသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

လူတိုင်း လှည့်ကြည့်လိုက်သောအခါ ကျွယ်ပန်းရှီ သည် တပ်ကြပ်များ၊ ရဲရင့်သောဓားစောင့်တပ်ဖွဲ့ဝင်များနှင့် စစ်သား ရာပေါင်းများစွာကို ဦးဆောင်ကာ ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။

​လူတိုင်း အသက်ရှူမှားကုန်ကြသည်။

​“ဒါ တပ်မှူးကျွယ် မဟုတ်လား”

​လူအချို့သည် ကျွယ်ပန်းရှီကို မှတ်မိသွားကြသည်။

​ဝိညာဉ်ကျားဂိုဏ်း ခေါင်းဆောင်မှာမူ သတိပြန်ဝင်လာပြီးနောက် အလွန် ဝမ်းသာသွားတော့သည်။

ရဲရင့်သောဓားစောင့်တပ်မှ အရာရှိများက တပ်မှူးကျွယ် ကိုယ်တိုင်ကို ခေါ်လာနိုင်လိမ့်မည်ဟု သူ မထင်ထားပေ။

အစကတော့ ထိုအရာရှိများက တောင်ပိုင်းမသေမျိုးပြည်နယ်၏ နံပါတ်တစ်ပညာရှင် ဟွမ်ဖူကျဲ့ကို ယှဉ်နိုင်ပါ့မလားဟု သူ စိုးရိမ်နေခဲ့သည်။ သို့သော် အခု တပ်မှူးကျွယ် ရောက်လာပြီဆိုမှတော့ ဟွမ်ဖူကျဲ့ဆိုတာ ဘာများလဲ။

​တောင်ပိုင်းပြည်နယ် ကိုးခုတွင် ကိုယ်ခံပညာလောကနှင့် နန်းတွင်းအာဏာသည် တစ်ဦးနှင့်တစ်ဦး ပဋိပက္ခ မဖြစ်ရန် စည်းကမ်းရှိသည်။

သို့သော် ဟွမ်ဖူကျဲ့တစ်ဦးတည်းသာလျှင် ကျွယ်ပန်းရှီသည် ဖန်ချန်ကို ကြိုဆိုရန် တောင်ပေါ်မှ တမင် ဆင်းလာခြင်းဖြစ်ကြောင်း သိနေသည်။

​ဝိညာဉ်ကျားဂိုဏ်း ခေါင်းဆောင်သည် လူအုပ်ထဲမှ ပြေးထွက်သွားကာ တပ်မှူးကျွယ်နှင့် အခြားသူများကို လက်သီးဆုပ် ဂါရဝပြုလိုက်သည်။

“လေးစားရတဲ့ အရာရှိမင်းတို့ အဋ္ဌမမြောက် ညီအစ်ကို ချန်က ကြွေးဆပ်ဖို့ ငြင်းဆန်နေပါတယ် အဲဒါကို လျှပ်စီးဓားက ဝင်ပြီး ရှေ့နေလိုက်ပေးနေလို့ပါ”

​သူ စကားမဆုံးခင်မှာပင် တပ်မှူးကျွယ်က သူ့ကို မြေပြင်ပေါ်သို့ ကန်ချလိုက်သည်။ ရဲရင့်သောဓားစောင့်တပ်ဖွဲ့ဝင် အနည်းငယ်က သူ့ကို ခဏမျှ ကြည့်ပြီးနောက် လျစ်လျူရှုလိုက်ကြသည်။

​တပ်မှူးကျွယ်သည် သူ၏လူများကို ဦးဆောင်ကာ ဖန်ချန်၏ ရှေ့သို့ ရောက်လာသည်။ သူသည် မြင်းပေါ်မှ ဆင်းကာ လက်သီးဆုပ် ဂါရဝပြုရင်း

“ကျွန်တော်မျိုး ဂါရဝပြု...”

​ဖန်ချန်က လက်ယမ်းကာ သူ့စကားကို ဖြတ်လိုက်သည်။

“တော်ပြီ အဓိကအချက်ကိုပဲ ပြော။”

​ကျွယ်ပန်းရှီသည် အခြေအနေကို ရိပ်မိလိုက်သဖြင့် ချက်ချင်း တိုးတိုးလေး မေးလိုက်သည်။

“ဒီမှာ တစ်ယောက်ယောက်က ပြဿနာရှာနေတယ်လို့ ကြားလို့ပါ”

​အဋ္ဌမမြောက် ညီအစ်ကို ချန်နှင့် ပတ်ဝန်းကျင်ရှိ ချန်မိသားစုဝင်များမှာ ဖန်ချန်ရှိရာဘက်သို့ အံ့သြတကြီး လှည့်ကြည့်လိုက်ကြသည်။

​တပ်မှူးကျွယ် ကိုယ်တိုင် မြင်းပေါ်ကဆင်းပြီး ဂါရဝပြုရလောက်အောင် ဒီလူက ဘယ်လောက်တောင် အရေးကြီးတဲ့သူလဲ။ မြို့တော်က လာတဲ့လူလား

​ဝိညာဉ်ကျားဂိုဏ်း ခေါင်းဆောင်မှာမူ တစ်ခုခု မှားနေပြီဆိုသည်ကို နောက်ဆုံးတွင် သဘောပေါက်သွားသည်။

သူ၏နောက်လိုက်များမှာလည်း အလွန် ကြောက်လန့်သွားကြပြီး ပါးစပ်ပိတ်ကာ ခေါင်းငုံ့၍ သူတို့၏ ဖိနပ်များကိုသာ စိုက်ကြည့်နေကြတော့သည်။

​ဖန်ချန်က ပြုံးလိုက်သည်။

“တပ်မှူးကျွယ် တောင်ဘက်ဒေသက နည်းနည်းတော့ ရှုပ်ထွေးတယ်ဆိုတာ ကျွန်တော် သိပါတယ်ဂိုဏ်းပေါင်းစုံ ရှိနေတော့ ကိုယ်ခံပညာရှင် အမြောက်အမြားကို ထိန်းချုပ်ရတာ မလွယ်ဘူး မဟုတ်လား”

​“ဟုတ်ပါတယ်... ဟုတ်ပါတယ်ခင်ဗျာ”

ကျွယ်ပန်းရှီက အကြိမ်ကြိမ် ခေါင်းညိမ့်သည်။

​ဖန်ချန်၏ အပြုံးက ပိုမိုကျယ်ပြန့်လာသည်။

“ဂိုဏ်းတိုင်းမှာ သူ့စည်းကမ်းနဲ့သူ ရှိကြတာပဲ။ ဥပမာ ကောင်းကင်ဓားအိမ်တော်၊ နက်နဲသောဓားဂိုဏ်းတို့လို နေရာမျိုးတွေက ကိုယ်ခံပညာလောကရဲ့ စည်းစနစ်ကို ထိန်းသိမ်းပေးကြတယ် သူတို့က သာမန်လူတွေကို အကြောင်းမဲ့ နှိပ်စက် အနိုင်ကျင့်မှာ မဟုတ်ဘူး မဟုတ်လား ဒါပေမဲ့ ဒီလို ဂိုဏ်းငယ်လေးတွေနဲ့ လူမိုက် ဂိုဏ်းအချို့ကတော့ အဲဒီစည်းကမ်းတွေကို နားမလည်ကြဘူး ထင်တယ် ဒီ ဝိညာဉ်ကျားဂိုဏ်းကိုပဲ ကြည့်လေ သူတို့က အတိုးကြီးစားပြီး သူတစ်ပါးရဲ့ ပိုက်ဆံကို ကပ်ပါးကောင်လို စုပ်ယူနေကြတာ တောင်ပိုင်းမသေမျိုးပြည်နယ်အနေနဲ့ ပြည်သူလူထုရဲ့ မကျေနပ်ချက်တွေကို ကာကွယ်ဖို့ ဒီလိုလုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးပြီး ပိတ်ပင်သင့်တယ်။ ဒီသတင်းသာ မြို့တော်ကို ရောက်သွားရင် ခင်ဗျားအတွက် မကောင်းဘူးနော်”

​“ကျွန်တော်မျိုး ဘာလုပ်ပေးရမလဲ..”

ဟု ကျွယ်ပန်းရှီက မေးလိုက်သည်။

​ဖန်ချန်၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသည်။

“မကောင်းမှုကို အပြစ်ပေးဖို့ဆိုရင် ခင်ဗျား လုပ်သင့်တာကို လုပ်ရမှာပေါ့ သတ်သင့်တဲ့သူကို သတ်ပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းလိုက်ပါ”

​ကျွယ်ပန်းရှီ၏ မျက်လုံးများ အနည်းငယ် မှေးကျသွားသည်။

“နားလည်ပါပြီခင်ဗျာ။”

​ရဲရင့်သောဓားစောင့်တပ်ဖွဲ့ဝင် အများအပြားမှာ တည်ကြည်သော မျက်နှာထားများ ရှိနေကြပြီး သူတို့၏ အကြည့်များမှာ မသက်မသာ ဖြစ်နေကြသည်။

ထိုခဏမှာပင် ဝိညာဉ်ကျားဂိုဏ်း ခေါင်းဆောင်သည် ဘာဖြစ်တော့မည်ကို သဘောပေါက်သွားသည်။

သူ၏ မျက်နှာမှာ အလွန်အမင်း ဖြူဖျော့သွားပြီး တစ်ကိုယ်လုံးမှ ချွေးအေးများ စီးကျလာသည်။ သူသည် အားအင်ကုန်ခမ်းကာ မြေပြင်ပေါ်သို့ ခွေကျလုနီးပါး ဖြစ်သွားတော့သည်။

​ထိုကိစ္စမှာ ဖန်ချန်အတွက် သာမန် ကိစ္စလေးတစ်ခုသာ ဖြစ်ပြီး သူ ထပ်ပြီး စဉ်းစားမနေတော့ပေ။

​ထို့နောက် ဖန်ချန်သည် တပ်မှူးကျွယ်နှင့် အခြားသူများနှင့်အတူ တောင်ပေါ်သို့ တက်လှမ်းသွားတော့သည်။

​သူတို့ ထွက်သွားပြီးနောက် အဋ္ဌမမြောက် ညီအစ်ကို ချန်သည် ဝိညာဉ်ကျားဂိုဏ်း ခေါင်းဆောင်နှင့် သူ၏နောက်လိုက်များကို ညွှန်ပြကာ အားရပါးရ ရယ်မောလိုက်တော့သည်။

“မင်းတို့ရဲ့ ကောင်းစားတဲ့နေ့တွေ ကုန်ဆုံးသွားပြီဟေ့”

​ထိုဂိုဏ်းသားများ ပြန်လည် တုံ့ပြန်ရန် မပြင်နိုင်ခင်မှာပင် ရဲရင့်သောဓားစောင့်တပ်က ဦးဆောင်သည့် စစ်သားများသည် သူတို့ကို လူအများရှေ့တွင် ချက်ချင်း ဖမ်းဆီးကာ ခေါ်ဆောင်သွားကြတော့သည်။

​အခန်း ၈၈ - ပုံတူရေးဆွဲခြင်း

​တောင်ပေါ်တက်ရာလမ်းမှာ လုံခြုံရေး အလွန်တင်းကျပ်လှပြီး ခြေလှမ်းဆယ်လှမ်းတိုင်းတွင် ကင်းစောင့်တစ်ယောက် ရှိနေသည်။ ကောင်းကင်ဓားအိမ်တော်၏ တံခါးဝတွင် ရဲရင့်သောဓားစောင့်တပ်သား အမြောက်အမြားကို တွေ့ရသည်။ တပ်မှူးကျွယ်နှင့် ဖန်ချန်ကို မြင်သောအခါ သူတို့က အမြန်ပင် ဦးညွှတ်နှုတ်ဆက်ကြသည်။

​“စစ်သူကြီးဖန် တောင်ပိုင်းမသေမျိုးပြည်နယ်မှာ ဒီလောက်ဆိုးရွားတဲ့ လူသတ်ပွဲမျိုး မကြုံရတာ နှစ်အတော်ကြာပါပြီ ဒီဖြစ်ရပ်က အလွန်ရက်စက်လွန်းတာကြောင့် ကျွန်တော် ဒီနေရာကို ချိပ်ပိတ်ထားဖို့ အမိန့်ပေးခဲ့တာပါ”

ဟု ကျွယ်ပန်းရှီက အသံတိုးတိုးဖြင့် ပြောသည်။

​ဖန်ချန်က ခေါင်းညိမ့်ကာ

“ကောင်းတယ်”

ဟု ချီးကျူးလိုက်သည်။ ထို့နောက် သူသည် သီလရှင်မလေး ချင်းဟဲကို လှမ်းကြည့်လိုက်ရာ သူမ၏ မျက်နှာမှာ ဖြူလျော့နေပြီး နဖူးတွင်လည်း ချွေးစက်များ ထွက်နေသည်ကို တွေ့လိုက်ရသည်။

​“အထဲမှာ ဝိညာဥ်တွေ အများကြီး ရှိနေတာလား”

ဖန်ချန်က တိုးတိုးလေး မေးလိုက်သည်။

​၎င်းကို ကြားသောအခါ ကျွယ်ပန်းရှီက သူ့ကို မေးသည်မှတ်ပြီး ဇဝေဇဝါ ဖြစ်သွားသည်။ ခြောက်ကပ်နေတဲ့ အလောင်းတွေပဲ ရှိတဲ့နေရာမှာ ဘာဆူညံသံ ရှိမှာမို့လို့လဲ.

​ သီလရှင်မလေး ချင်းဟဲကမူ ခေါင်းညိမ့်ကာ

“ဟုတ်ပါတယ်”

ဟု ပြန်ဖြေသည်။

​“သွားကြည့်ကြရအောင်”

ဖန်ချန်က ဦးဆောင်ကာ ကောင်းကင်ဓားအိမ်တော်ထဲသို့ ဝင်လာခဲ့သည်။

​ဟွမ်ဖူကျဲ့သည် ဖန်ချန်နှင့်မတူဘဲ ထိုနေရာသို့ အကြိမ်ပေါင်းများစွာ ရောက်ဖူးသူ ဖြစ်ရာ ထိညဝမ်းနည်းဖွယ် မြင်ကွင်းမှာ သူနှင့် မစိမ်းလှပေ။

သို့သော် မည်မျှပင် မြင်ဖူးသည်ဖြစ်စေ ကြောက်ရွံ့မှုက သူ့ကို လွှမ်းမိုးနေဆဲဖြစ်ပြီး မြင်မြင်ချင်းမှာပင် မျက်နှာ ဖြူလျော့သွားတော့သည်။

​သူတို့ အထဲသို့ ဝင်လိုက်သည်နှင့် ပြန့်ကျဲနေသော အလောင်းခြောက်ပုံကြီးကို တွေ့လိုက်ရသည်။

အလောင်းများသည် အသတ်ခံရစဉ်က အနေအထားအတိုင်းပင် ရှိနေကြပြီး မည်သူမှ ရွှေ့ပြောင်းထားခြင်း မရှိပေ။

​သူတို့၏ မျက်နှာများမှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေပြီး ခန္ဓာကိုယ်များမှာလည်း ပုံပျက်ပန်းပျက် ဖြစ်နေသည်။

သွေးထွက်သံယို မြင်ကွင်းများကို ရိုးအီနေသည့် ယွမ်ကျန်းနှင့် သူ၏လူများပင်လျှင် ထိုမြင်ကွင်းကို မြင်သောအခါ ထိတ်လန့်သွားကြသည်။

သူတို့၏ မျက်နှာများ ဖြူလျော့သွားပြီး မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းကာ လက်များပင် တုန်ရီလာတော့သည်။

​သူတို့ကမှ စိတ်ဓာတ်ခိုင်မာသည်ဟု ဆိုရမည်။ ယွမ်ယုနှင့် ကျန်သည့် ဝန်ထမ်းများမှာမူ မြင်မြင်ချင်း ခေါင်းလွှဲလိုက်ကြပြီး အချို့မှာ ဒူးပေါ်လက်ထောက်ကာ အန်ထုတ်နေကြတော့သည်။

​အလောင်းခြောက်များမှာ ရေတွက်၍မရနိုင်အောင် နေရာအနှံ့ ရှိနေသည်။ အထူးသဖြင့် အမျိုးသမီး အလောင်းတစ်ခုမှာ အားလုံး၏ အာရုံကို ဆွဲဆောင်နေသည်။ သူမသည် ရင်ခွင်ထဲတွင် ကလေးငယ် နှစ်ယောက်ကို ပွေ့ပိုက်ထားသည်။

အငယ်လေးမှာ သူမ၏ ရင်ခွင်ထဲတွင်ဖြစ်ပြီး အကြီးလေးမှာ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်ခန့် ရှိမည်။

အားလုံးမှာ အလောင်းခြောက်များအဖြစ် ပြောင်းလဲနေကြပြီ။ အမျိုးသမီး၏ ဘေးတွင်မူ အမျိုးသားတစ်ဦး၏ အလောင်းရှိနေပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် နှိပ်စက်ခံထားရသော ဒဏ်ရာများစွာ ရှိနေသည်။

​“သူက ကောင်းကင်ဓားအိမ်တော်ရဲ့ သခင်လေးကတော်ပါ။ သူ့ဘေးကလူကတော့ သူမရဲ့ ခင်ပွန်း ချန်ရွှယ်ကျွင်း ပါ ရင်ခွင်ထဲက ကလေးနှစ်ယောက်ကတော့ သူတို့ရဲ့ သားသမီးတွေပေါ့”

ဟု ဟွမ်ဖူကျဲ့က တိုးတိုးလေး ပြောပြသည်။

“ညီအစ်ကို ရွှယ်ကျွင်းရဲ့ ကျင့်ကြံခြင်းက ချီထိန်းချုပ်ခြင်းနယ်ပယ် အစောပိုင်းအဆင့်မှာ ရှိပါတယ် ရန်သူကသာ အရမ်းမအားကောင်းခဲ့ရင် သူ သေချာပေါက် သူ့မိသားစုကို ခေါ်ပြီး ထွက်ပြေးနိုင်မှာပါ”

​ချီထိန်းချုပ်ခြင်းနယ်ပယ် ပညာရှင်ပင်လျှင် အသက်မချမ်းသာခဲ့ပေ။

ယွမ်ကျန်းတို့ အုပ်စုမှာ တုန်လှုပ်သွားကြသည်။ မည်သို့သော လူမျိုးက ထိုမျှ ရက်စက်သည့် လုပ်ရပ်မျိုးကို လုပ်နိုင်ရသနည်း

​ထိုအချိန်မှာပင် သူတို့သည် မြို့တော်ရှိ ကရုဏာဂေဟာ ရေတွင်းထဲတွင် တွေ့ခဲ့ရသည့် အလောင်းများကို သတိရသွားကြသည်။

ထိုအလောင်းများမှာလည်း ထိုကဲ့သို့ပင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေခဲ့သည် မဟုတ်ပါလား။ ထိုကိစ္စနှစ်ခုက ဆက်စပ်နေနိုင်သလား

​အားလုံးက ဖန်ချန်ကို လှည့်ကြည့်လိုက်ကြသည်။

လူတိုင်းက ယူလုံချန်း ဖော်ထုတ်ခဲ့သည်ဟု ထင်နေကြသော အမှုကို အမှန်တကယ် ဖော်ထုတ်ခဲ့သူမှာ ဖန်ချန်ဖြစ်ကြောင်း သူတို့ သိကြသည်။

မဟုတ်လျှင် ဒုတိယဝန်ကြီး ချင်တုန်း သည် အခုထိ လွတ်မြောက်နေဦးမည် ဖြစ်သည်။

​တစ်ဖက်တွင်မူ သီလရှင်မ‌လေး ချငဟဲသည် တစ်စထက်တစ်စ ပို၍ မျက်နှာဖြူလျော့လာသည်။

သူမ၏ ပတ်ဝန်းကျင်ရှိ ဝိညာဉ်များမှာ ယခုထိ နှိပ်စက်ခံနေရသကဲ့သို့ နာကျင်စွာ အော်ဟစ်ငိုကြွေးနေကြသည်။

​“မကြောက်နဲ့နော် ကလေးလေး... ဖေဖေနဲ့ မေမေ ဒီမှာ ရှိတယ် အိပ်လိုက်တော့... နိုးလာရင် အားလုံး ကောင်းသွားလိမ့်မယ်”

လှပခဲ့ဖူးသော အမျိုးသမီး ဝိညာဉ်လေးမှာ သူမ၏ ရင်ခွင်ထဲမှ ကလေးခြောက်လေးကို ထိုစကားများ ထပ်ခါတလဲလဲ ပြောရင်း နှစ်သိမ့်နေရှာသည်။

​သီလရှင်မလေး ချင်းဟဲသည် ထိုမြင်ကွင်းကို မြင်သောအခါ သနားစိတ်ဝင်သွားပြီး ဗုဒ္ဓကျမ်းစာများကို တိုးတိုးလေး ရွတ်ဆိုပေးလိုက်သည်။

သူမ၏ ရွတ်ဖတ်သံနှင့်အတူ ရွှေရောင်အလင်းတန်းလေးများ ဝိညာဉ်များပေါ်သို့ ကျရောက်သွားပြီး သူတို့၏ နာကျင်ရှုံ့မဲ့နေသော မျက်နှာများမှာ တည်ငြိမ်အေးချမ်းသွားကြသည်။

​စစ်သူကြီးဖန်က သူတို့ကို ကောင်းရာသုဂတိ ရောက်အောင် ကူညီပေးဖို့ သူမကို သီးသန့် ခေါ်လာတာလား ဟု ကျွယ်ပန်းရှီက စိတ်ထဲမှ ရေရွတ်မိသည်။

​“ ချင်းဟဲ တရားခံရဲ့ ပုံပန်းသဏ္ဍာန်ကို သူတို့ကို မေးကြည့်ပေးပါ”

ဟု ဖန်ချန်က တိုးတိုးလေး ပြောလိုက်သည်။

ချင်းဟဲသည် ကျမ်းစာရွတ်ခြင်းကို ခဏရပ်ကာ အမျိုးသမီး အလောင်းအနားသို့ သွားပြီး ဒူးထောက်ထိုင်လိုက်သည်။

​၎င်းကို မြင်သောအခါ အားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ နတ်သမီးယွီပင်လျှင် ဘာတွေဖြစ်နေမှန်း ဇဝေဇဝါ ဖြစ်နေသည်။

​ကျွယ်ပန်းရှီကတော့ ချင်းဟဲနှင့် ဖန်ချန်ကို အံ့သြတကြီး ကြည့်နေမိသည်။ စစ်သူကြီးဖန်သည် အမှန်တကယ်ပင် ခန့်မှန်းရခက်သူဖြစ်ကြောင်း သူ ခံစားလိုက်ရသည်။

​ထိုအချိန်တွင် ဖန်ချန်က ကျွယ်ပန်းရှီကို ကြည့်ကာ မေးလိုက်သည်။

“မင်းရဲ့လူတွေထဲမှာ ပုံတူရေးဆွဲနိုင်တဲ့ ပညာရှင် ပါသလား”

​ကျွယ်ပန်းရှီ ခဏ မှင်တက်သွားသော်လည်း သူ မဖြေခင်မှာပင် ယွမ်ကျန်းက ကြားဖြတ်ဖြေလိုက်သည်။

“အရာရှိချန်က အဲဒီဘက်မှာ ကျွမ်းကျင်ပါတယ် စစ်သူကြီး”

​“စက္ကူနဲ့ မှင် ပြင်လိုက်”

ဟု ဖန်ချန်က အေးဆေးစွာ ပြောလိုက်သည်။

​ခဏအကြာတွင် အရာရှိချန်သည် အရှင်မ ချင်းဟဲ၏ ဘေးတွင် ထိုင်ကာ သူမ ပြောပြသမျှကို အသေးစိတ် ပုံဖော်တော့သည်။ မကြာမီမှာပင် ပုံတူတစ်ခု ထွက်ပေါ်လာသည်။

​ဖန်ချန်က ထိုပုံတူကို ယူကာ ချန်တာ ကို ကမ်းပေးလိုက်သည်။

“သေချာ ကြည့်စမ်း တစ်ခုခု မှတ်မိလားလို့”

​ချန်တာသည် ပုံတူကို ယူကာ အသေအချာ စစ်ဆေးပြီးမှ

“ကျွန်တော် သေချာတော့ မပြောရဲဘူး အဲဒီတုန်းက အဝေးကကြည့်ရတာဆိုတော့။ ဒါပေမဲ့ ဒီပုံက တရားခံနဲ့ တော်တော်လေး ဆင်တူပါတယ်”

ဟု ဖြေသည်။

​ထိုအခါမှ ကျွယ်ပန်းရှီသည် ချန်တာမှာ မျက်မြင်သက်သေဖြစ်ကြောင်း သိသွားတော့သည်။

သူသည် ရက်ပေါင်းများစွာ ရှာဖွေခဲ့သော်လည်း သဲလွန်စ မတွေ့ခဲ့ပေ။ သို့သော် တောင်ဘက်ဒေသကို ရောက်ခါစ ရှိသေးသည့် ဖန်ချန်က မျက်မြင်သက်သေကို ချက်ချင်း ရှာတွေ့ခဲ့သည်မှာ အံ့သြစရာပင်။

​ဖန်ချန်က ခေါင်းညိမ့်ပြကာ ပုံတူကို ပြန်ယူလိုက်သည်။ ချင်းဟဲသည် ကျန်ရှိနေသော ဝိညာဉ်များကို ကောင်းရာရောက်ရန် ဆက်လက် ရွတ်ဖတ်ပေးနေသည်။

​ဖန်ချန်သည် ထိုအမျိုးသမီးနှင့် ကလေးနှစ်ယောက်ကို ခဏမျှ စိုက်ကြည့်နေပြီးနောက် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

“ငါတို့တွေ အပြင်က ရန်သူတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြတယ် စစ်မြေပြင်ကို သွားကြတဲ့သူတွေဟာ သူတို့ရဲ့ အကောင်းဆုံး လူပျိုအရွယ်တွေ၊ မိသားစုရဲ့ အားကိုးရာတွေပဲ သူတို့ တိုက်ပွဲဝင်ခဲ့တာဟာ အိမ်မှာ ကျန်ရစ်တဲ့ မယား၊ သားသမီးနဲ့ အိုမင်းတဲ့ မိခင်တွေ ငြိမ်းချမ်းစွာ နေနိုင်ဖို့အတွက်ပဲ သူတို့အားလုံးဟာ မြင့်မြတ်တဲ့ ရည်ရွယ်ချက်နဲ့ သေဆုံးခဲ့ကြတာ”

ဟု သူက ဆက်ပြောသည်။

“ငါ စစ်တပ်ကို ဦးဆောင်တုန်းက ကောင်းကင်ဓားအိမ်တော်က စစ်သည် ၁၀၇ ယောက် ပါခဲ့တယ်သူတို့အားလုံး သုံးလောကတောင် မှာ ကျဆုံးခဲ့ကြတယ် ဒါပေမဲ့ အခုတော့ သူတို့ ချစ်ရတဲ့သူတွေက ဒီလို ရက်ရက်စက်စက် အသတ်ခံလိုက်ရပြန်ပြီ ပြောစမ်း သူတို့ရဲ့ စတေးမှုတွေက တန်ရဲ့လား”

​သူ့စကားကို ကြားသောအခါ အားလုံး ဆွံ့အသွားကြသည်။ လူအများစုမှာ လက်သီးကို တင်းတင်းဆုပ်ထားကြပြီး သူတို့၏ မျက်လုံးများတွင် နာကျည်းရိပ်များ လျှပ်ခနဲ ပေါ်လာကြသည်။

​“စစ်သူကြီးဖန် ကျွန်တော်မျိုးကို ပုံတူကို ပေးကြည့်ပါလား ကျွန်တော် တရားခံကို မရရအောင် ရှာဖွေပြီး ကောင်းကင်ဓားအိမ်တော်အတွက် တရားမျှတမှု ရှာပေးပါ့မယ်”

ကျွယ်ပန်းရှီက ပြတ်ပြတ်သားသား ဆိုသည်။

​ချင်းဟဲက မတ်တပ်ရပ်ရင်း ပြန်ဖြေလိုက်သည်။

“တပ်မှူးရော၊ တပ်မှူးရဲ့ ရဲရင့်သောဓားစောင့်တပ်တွေရော ဒီလူကို ယှဉ်နိုင်မှာ မဟုတ်ဘူး ငါတို့ထဲမှာ သခင်လေး တစ်ယောက်တည်းပဲ သူ့ကို ကိုင်တွယ်နိုင်လိမ့်မယ်”

​အားလုံး အံ့သြသွားကြသည်။ ဖန်ချန် တစ်ယောက်တည်းပဲ ကိုင်တွယ်နိုင်မယ် ဟုတ်လားတရားခံက ချီအမြုတေအဆင့်ပညာရှင် ဖြစ်နေလို့လား

​ကျွယ်ပန်းရှီမှာ မှင်တက်သွားသည်။ အကယ်၍ တရားခံက ချီအမြုတေအဆင့် ပညာရှင်ဆိုလျှင် သူတို့အနေနှင့် ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း... ချီအမြုတေအဆင့်ဆိုတာ သတ်လို့မရတဲ့သူမှ မဟုတ်တာ။ အားလုံး စုပေါင်း တိုက်ခိုက်ရင် သတ်နိုင်မှာပဲ မဟုတ်လား

​“အားလုံး သွားကြပြီလား”

ဖန်ချန်က ချင်းဟဲကို မေးလိုက်သည်။

​သူမက အသာအယာ ခေါင်းညိမ့်ပြသည်။

​ထိုခဏမှာပင် ဝိညာဉ်စွမ်းအင်များ သူမ၏ ခန္ဓာကိုယ်ထဲသို့ ရုတ်တရက် စီးဝင်သွားပြီး သူမ၏ တတိယမြောက် မသေမျိုးသွေးကြော ကို ဖြစ်ပေါ်စေခဲ့သည်။

​ချီသန့်စင်ခြင်းနယ်ပယ် တတိယအဆင့်

​ကျင့်ကြံသူများသာ ဝိညာဉ်စွမ်းအင်ကို အာရုံခံနိုင်သဖြင့် အခြားသူများမှာ သူမ အဆင့်တက်သွားသည်ကို သတိမထားမိကြပေ။ ချင်းဟဲသည်လည်း စိတ်လှုပ်ရှားခြင်း မရှိဘဲ

“ငါ့ဆရာ ပြောခဲ့တာကို အခုမှ နားလည်တော့တယ်။ကျင့်ကြံခြင်း အဆင့်မြင့်လာလေလေ၊ စိတ်က ပိုပြီး တည်ငြိမ်အေးစက်လာလေလေ ဆိုတာကိုပေါ့”

ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။

​ဖန်ချန်က သူမစကားကို ခဏမျှ စဉ်းစားပြီးနောက် ကျွယ်ပန်းရှီဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်သည်။

“အလောင်းတွေကို ဒီမှာပဲ မြှုပ်နှံလိုက်တော့”

​ကျွယ်ပန်းရှီမှာ အံ့သြသွားပြီး

“ဒါပေမဲ့ စစ်သူကြီး တရားခံကို မဖမ်းမိသေးဘူးလေ”

​“သူ့ကို ဖမ်းမိခဲ့ရင်တောင် တရားသူကြီး ဒါမှမဟုတ် စစ်ဆေးမေးမြန်းမှုတွေ လိုမှာမဟုတ်ဘူး ငါ ကိုယ်တိုင်ပဲ သူ့ကို အဆုံးစီရင်မှာ ဖြစ်လို့ ဒီအလောင်းတွေကို သက်သေအဖြစ် သိမ်းထားစရာ မလိုတော့ဘူး”

ဟု ဖန်ချန်က အေးဆေးစွာ ပြောလိုက်သည်။

​“နားလည်ပါပြီ”

ကျွယ်ပန်းရှီသည် တည်ကြည်သော မျက်နှာထားဖြင့် သူ၏ လက်အောက်ငယ်သားများကို အလောင်းများ သိမ်းဆည်းရန် ချက်ချင်း အမိန့်ပေးလိုက်သည်။

​“ဧည့်ခန်းအချို့ ပြင်ထားလိုက်။ ဒီည ငါ ဒီမှာပဲ တည်းမယ်”

ဟု ဖန်ချန်က ညွှန်ကြားလိုက်သည်။

​အားလုံး၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ သူက ဒီလိုနေရာမျိုးမှာ တစ်ညတာ ကုန်ဆုံးမယ် ဟုတ်လား

All Chapters