← Chapters

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

​အခန်း ၈၉ - ကတိတစ်ခု

​ညမှောင်ရီ ပျိုးစပြုပြီ။

​ကောင်းကင်ဓားအိမ်တော်ရှိ အခန်းတစ်ခုအတွင်း ဖန်ချန်နှင့်

ချင်းဟဲတို့ အတူထိုင်ကာ စကားစမြည် ပြောဆိုနေကြသည်။

​ဒီနေ့ဖြစ်ရပ်တွေအပြီးမှာ ဝိညာဉ်တွေကို ကောင်းရာပို့ပေးပြီးတာနဲ့ ချက်ချင်းဆိုသလို တတိယမြောက် မသေမျိုးသွေးကြောကို ဖြစ်ပေါ်စေခဲ့တဲ့ သီလရှင်လေးရဲ့ ကျင့်စဉ်အပေါ် ဖန်ချန် စိတ်ဝင်စားသွားမိသည်။

​"ချင်းဟဲ မင်းရဲ့ ကျင့်စဉ်က တော်တော်လေး ထူးခြားတာပဲနော်"

ဟု သူက ဆိုလိုက်သည်။

​အရှင်မ ချင်းဟဲက အသာအယာ ခေါင်းညိမ့်ကာ

"ကျွန်မရဲ့ ဒီကျင့်စဉ်ကို အတွင်းကမ္ဘာ စိတ်နှလုံးသန့်စင်ခြင်းလို့ ခေါ်ပါတယ်။ သူတစ်ပါးကို ကယ်တင်ခြင်းအားဖြင့် မိမိကိုယ်ကို ကယ်တင်ခြင်း ဖြစ်ပါတယ်"

ဟု ရှင်းပြသည်။

​"သူတစ်ပါးကို ကယ်တင်ခြင်းအားဖြင့် မိမိကိုယ်ကို ကယ်တင်ခြင်း..."

ဖန်ချန်က တိုးတိုးလေး ရေရွတ်လိုက်သည်။

​အရှင်မ ချင်းဟဲက ခေတ္တစဉ်းစားပြီးနောက်

"ဒါပေမဲ့... ကျွန်မရဲ့ဆရာ ပြောခဲ့တာကတော့ ဒီကျင့်စဉ်က ကျင့်ကြံရတာ အရမ်းခက်ခဲလွန်းလို့ နောက်ပိုင်းမှာ သူလည်း တခြားကျင့်စဉ်တွေကိုပဲ ပြောင်းပြီး ကျင့်ကြံခဲ့ရတယ်တဲ့"

သူမက ခဏနားပြီးမှ

"ဖြစ်နိုင်တာကတော့ နောင်တစ်ချိန်မှာ ကျွန်မလည်း အဲဒီလိုပဲ ဖြစ်လာမှာပါ"

​"ဘာဖြစ်လို့လဲ"

​ချင်းဟဲက လေသံတိုးတိုးဖြင့် ဆိုသည်။

"ကျွန်မဆရာ သူ့ရဲ့ အတွင်းကမ္ဘာထဲကို စတင် ဝင်ရောက် နိုင်ခဲ့တုန်းက တစ်ညတည်းနဲ့ မသေမျိုးသွေးကြော ငါးခုအထိ ဖြစ်ပေါ်စေခဲ့တာပါ ဒါပေမဲ့ အဲဒီနေ့ကစပြီး သူမဟာ အေးစက်ပြီး ဘာကိုမှ စိတ်မဝင်စားတဲ့သူ ဖြစ်သွားခဲ့တယ် ဒီကျင့်စဉ်မှာလည်း နောက်ထပ် ဘာတိုးတက်မှုမှ မရှိတော့ဘူး ကျွန်မရဲ့ စီနီယာတွေ၊ ဦးလေးတွေလည်း အတူတူပါပဲ ဘိုးဘေးတွေတောင် အဲဒီလိုပဲ ဖြစ်ခဲ့ကြတာ ဖြစ်နိုင်တာကတော့ သိပ်မကြာခင်မှာပဲ ကျွန်မလည်း သူမလို ဖြစ်လာတော့မှာပါ လောကကြီးအပေါ် ဘာစိတ်လှုပ်ရှားမှုမှ မရှိတော့ဘဲ ဒီနေ့လို မြင်ကွင်းမျိုးတွေကတောင် ကျွန်မရဲ့ စိတ်ကို လှုပ်ခတ်နိုင်တော့မှာ မဟုတ်ဘူး"

​ဖန်ချန် ခဏမျှ တိတ်ဆိတ်သွားပြီးမှ

"လောကီလောကရဲ့ ဒုက္ခတွေကို အများကြီး မြင်တွေ့ရပြီးတဲ့နောက်မှာ လူတစ်ယောက်က သာမန်ထက် ပိုပြီး အေးစက်သွားတာကတော့ ရှောင်လွှဲလို့မရတဲ့ ကိစ္စပါပဲ"

သူက ခေတ္တနားပြီး ဆက်ပြောသည်။

"ဒါပေမဲ့ မွေးရာပါ စိတ်နှလုံး အေးစက်နေတဲ့သူတစ်ယောက်က ဝိညာဉ်ပေါင်း ထောင်သောင်းချီကို ကယ်တင်ပြီး ကောင်းရာပို့ပေးနေပေမဲ့၊ သူကိုယ်တိုင်က အဲဒီဝိညာဉ်တွေအပေါ် ဘာမှမခံစားရဘဲ စိတ်ရင်းနဲ့ လုပ်နေတာ မဟုတ်ဘူးဆိုရင်တော့ ဒီကျင့်စဉ်ကနေ သူ အကျိုးကျေးဇူး ရလိမ့်မယ်လို့ ငါမထင်ဘူး ဘာလို့လဲဆိုတော့ သူက ဂရုစိုက်ချင်ယောင်ဆောင်နေရုံပဲ ရှိမှာလေ ငါ့အမြင်မှာတော့ ဒီကျင့်စဉ်ရဲ့ ပထမဆုံးအဆင့်က မိမိကိုယ်ကို မလိမ်ညာဖို့ပဲ ဖြစ်လိမ့်မယ်"

​ဖန်ချန်သည် သူ့ဘာသာ တိုးတိုးလေး ရေရွတ်မိသည်။

"ဒါကြောင့်လည်း စစ်မြေပြင်မှာ ဗုဒ္ဓဘာသာဝင်တွေကို မတွေ့ရတာ ကြာပြီပဲ သူတစ်ပါးကို ကယ်တင်မှ မိမိကိုယ်ကို ကယ်တင်နိုင်မယ် ဒါပေမဲ့ ဒီလောကကြီးမှာ တကယ့် ကယ်တင်ရှင်ဆိုတာ ဘယ်နှစ်ယောက် ရှိလို့လဲ"

​သူက ချင်းဟဲကို ကြည့်ကာ

"မင်း မသေမျိုး တစ်ယောက်ကို မြင်ဖူးလား"

ဟု မေးလိုက်သည်။

​"မသေမျိုးလား"

ချင်းဟဲမှာ အနည်းငယ် မှင်တက်သွားပြီး သူမ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။

"မမြင်ဖူးပါဘူး ဒါပေမဲ့ ကျွန်မဆရာ ပြောဖူးတာကတော့ ကျင့်ကြံသူတွေထဲက အနည်းငယ်ပဲ မသေမျိုး ဖြစ်လာကြတာတဲ့ သူတို့ မသေမျိုးဖြစ်ပြီး အထက်ဘုံတက်သွားကြတဲ့အခါ လူသားဆန်တဲ့ စိတ်တွေ ပျောက်ဆုံးကုန်ကြတယ်၊ သူတို့ရဲ့ စိတ်နှလုံးတွေက နှင်းခဲတွေလို အေးစက်သွားပြီး သတ္တဝါအားလုံးကို သက်တမ်းတိုတောင်းတဲ့ ပုစဉ်းရင်ကွဲလေးတွေလိုပဲ မြင်ကြတော့တာတဲ့ သူတို့မျက်စိထဲမှာဆိုရင် ကျွန်မတို့နဲ့ ဝိညာဉ်သွေးဂိုဏ်းက ကျင့်ကြံသူတွေဟာ ဘာမှ ကွာခြားမှာ မဟုတ်ဘူး"

​သုံးလောကတောင် မှာ ပူပြင်းတဲ့ နေရောင်အောက်မှာ ရပ်နေခဲ့တဲ့ မသေမျိုးရဲ့ ပုံရိပ်က ဖန်ချန်ရဲ့ စိတ်ထဲမှာ ထပ်ခါတလဲလဲ ပေါ်လာပြန်သည်။

​သူမဆရာ ပြောတာကလည်း ဟုတ်နိုင်ပါသည်။ ဖြစ်နိုင်တာက မသေမျိုးတွေအတွက် သတ္တဝါအားလုံးဟာ အတူတူပဲ ဖြစ်နေမှာပါ။

​ဖန်ချန်က ရုတ်တရက် ပြုံးလိုက်ပြီး

"သီလရှင်လေး"

ဟု ခေါ်လိုက်သည်။

​ ချင်းဟဲမှာ အံ့သြသွားသည်။ ဖန်ချန်က သူမကို ထိုသို့ ခေါ်ခဲလှသည် မဟုတ်ပါလား။ သူမသည် လီတောက်ယဲ့ ကို ချက်ချင်း သတိရသွားပြီး မျက်နှာလေး နီမြန်းသွားတော့သည်။

​"ငါတို့ ကတိတစ်ခု ထားကြရအောင်"

ဟု ဖန်ချန်က ဆိုသည်။

​အရှင်မ ချင်းဟဲ၏ မျက်လုံးများတွင် စပ်စုလိုစိတ်လေး ပေါ်လာသည်။

"ဘာကတိလဲဟင်"

​"ငါတို့ထဲက တစ်ယောက်ယောက်က တစ်နေ့မှာ မသေမျိုး ဖြစ်လာခဲ့ရင်၊ လူသားဆန်တဲ့ မသေမျိုး ဖြစ်အောင် လုပ်ကြစို့။ ဘယ်လိုလဲ"

ဟု ဖန်ချန်က ပြုံးလျက် မေးသည်။

​"လူသားဆန်တဲ့ မသေမျိုး..."

ချင်းဟဲမှာ ခဏမျှ ဇဝေဇဝါ ဖြစ်သွားပြီးမှ

"အဲဒီလို လူသားဆန်တဲ့ မသေမျိုးတွေ တကယ်ရှိလို့လား သခင်လေး"

​"ဘာလို့ မရှိနိုင်ရမှာလဲ။ သူတို့ မရှိဘူးဆိုရင်တောင် ငါတို့ မသေမျိုးဖြစ်လာတဲ့အခါ ငါတို့ဘာသာ ငါတို့ အဲဒီလို ဖြစ်အောင် လုပ်လိုက်မှာပေါ့"

သူက ရယ်မောလိုက်သည်။

"ဒါမှလည်း မင်းအနေနဲ့ လောကကြီးရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ခွဲခွာမှုနဲ့ သေခြင်းရှင်ခြင်းတွေကို မြင်တွေ့ရတဲ့အခါ မင်းရဲ့ စိတ်ရင်းမှန်တဲ့ ကြင်နာတတ်တဲ့ သဘာဝကို ဘယ်တော့မှ မမေ့ဘဲ တခြားသူတွေရဲ့ အသက်အပေါ်မှာလည်း အေးစက်မသွားမှာ ဖြစ်မှာလေ"

​ချင်းဟဲသည် အတော်ကြာအောင် တိတ်ဆိတ်သွားပြီးမှ ပြတ်ပြတ်သားသား ခေါင်းညိမ့်လိုက်သည်။

​ညဉ့်နက်လာပြီ ဖြစ်သဖြင့် ဖန်ချန်က မတ်တပ်ရပ်ကာ

"ညဉ့်နက်ပြီ ပြန်ပြီး အနားယူတော့"

ဟု ဆိုကာ သူမကို လိုက်ပို့ပေးလိုက်သည်။

​သူမ ထွက်သွားပြီးနောက် ဖန်ချန်၏ ဝိညာဉ်စွမ်းအင် သည် ခန္ဓာကိုယ်မှ ထွက်ခွာကာ ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။

​ညကောင်းကင်ယံတွင် ရပ်နေရင်း ဖန်ချန် စဉ်းစားနေမိသည်။

တကယ်လို့ ဝိညာဉ်သွေးဂိုဏ်းက တောင်ပိုင်းဒေသက ကိုယ်ခံပညာရှင်တွေရဲ့ သွေးအနှစ်သာရကို စုပ်ယူပြီး သူတို့ရဲ့ ကျင့်ကြံခြင်းကို မြှင့်တင်ချင်တာဆိုရင်၊ ဘာလို့ အစကတည်းက မလုပ်တာလဲ။ ဘာလို့ စစ်ပွဲတွေဖြစ်အောင် အကွက်ဆင်ပြီးမှ သွေးဝိညာဉ်ဆေးလုံး အတွက် သွေးအနှစ်သာရကို လိုက်ရှာနေရတာလဲ။

​"ရွှီဟွေ့ ပြောတာကတော့ စီနီယာအစ်ကို ပေ့ က ကျန်တဲ့ ဝိညာဉ်သွေးဂိုဏ်း ကျင့်ကြံသူတွေကို ခေါ်ပြီး မဟာရှအင်ပါယာကနေ ထွက်သွားပြီတဲ့ ဒါပေမဲ့ ဒါက ထူးဆန်းတယ်... သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က မဟာရှမှာ နေပြီး သွေးဝိညာဉ်ဆေးလုံးတွေရဲ့ အခြေအနေကို စောင့်ကြည့်ဖို့ပဲလေ"

ဟု ဖန်ချန်က သူ့ဘာသာ ရေရွတ်လိုက်သည်။

​စီနီယာအစ်ကို ပေ့က ရုတ်တရက် ထွက်ခွာသွားပြီး ရွှီဟွေ့၊ အဘွားကျင်းဟွာနဲ့ တာအိုဆရာ ရွှယ်တို့ကိုပဲ မြို့တော်မှာ ထားရစ်ခဲ့တာ သူက လက်စားချေဖို့ ကြံစည်နေတာလား ဒါမှမဟုတ် သူ ဒဏ်ရာရထားလို့ ကိုယ်ခံပညာရှင်တွေရဲ့ သွေးအနှစ်သာရကို အလောတကြီး လိုချင်နေတာလား။

ဝိညာဉ်သွေးကျမ်း ကို သုံးရင် သူ ဒဏ်ရာတွေ မြန်မြန်ပျောက်နိုင်တာကိုး။ သူ ဒီလောက် အသည်းအသန် ဖြစ်နေတာက ရန်သူတစ်ယောက်ယောက်က သူ့နောက်ကို လိုက်နေလို့လည်း ဖြစ်နိုင်တယ်။

အခြေအမြစ်မရှိတဲ့ ခန့်မှန်းချက်တွေကို ဖန်ချန်က ဖြစ်နိုင်ခြေတစ်ခုအဖြစ် ပြန်လည် စုစည်းလိုက်သည်။

​အကယ်၍ သူ ခန့်မှန်းတာသာ မှန်မယ်ဆိုရင် ဒါဟာ ဖန်ချန်အတွက်တော့ ရှားပါးတဲ့ အခွင့်အရေးတစ်ခုပဲ။

​စီနီယာ ပေ့ဟာ ရွှီဟွေ့ထက် အများကြီး ပိုပြီး အစွမ်းထက်မှာ သေချာတယ်။

ဖန်ချန် တိုက်ခိုက်တုန်းက ရွှီဟွေ့သာ သူ့ရဲ့ အကောင်းဆုံး အခြေအနေမှာ ရှိမနေခဲ့ရင် သူ့ကို သတ်ဖို့ ခက်ခဲလိမ့်မှာပါ။

အဲဒီတုန်းက သူသာ အချိန်ဆွဲနေမိရင် ဝိညာဉ်သွေးဂိုဏ်းက သူ့တည်ရှိမှုကို သိသွားပြီး ပြဿနာတွေ အများကြီး တက်လာနိုင်တယ်။

​ဒါပေမဲ့ စီနီယာ ပေ့သာ ဒဏ်ရာရနေမယ်ဆိုရင်ကော သူ့ကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းနိုင်သရွေ့ ဝိညာဉ်သွေးဂိုဏ်းက အချိန်မီ တုံ့ပြန်နိုင်မှာ မဟုတ်ဘူး။

သူတို့က ပညာရှင်တွေ ထပ်လွှတ်လိုက်တဲ့ အချိန်ကျရင် သူကလည်း ကျင့်ကြံခြင်းအဆင့် ပိုတိုးနေပြီလေ။

​ထိုအတွေးနှင့်အတူ ဖန်ချန်၏ ဝိညာဉ်စွမ်းအင်သည် တောင်ပိုင်းမသေမျိုးပြည်နယ်အတွင်းသို့ အလျင်အမြန် ပျံသန်း ရှာဖွေတော့သည်။

​

​တောင်ပိုင်းမသေမျိုးပြည်နယ်အတွင်းရှိ လျှို့ဝှက်သော တောင်ကြားတစ်ခုတွင်။

​အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ဦးသည် လရောင်အောက်တွင် တင်ပျဉ်ခွေ ထိုင်နေသည်။ ဝိညာဉ်စွမ်းအင် လှိုင်းလုံးများသည် သူ့ကို ဝိုင်းရံထားပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဝင်နေသည်။

​ခဏအကြာတွင် သူသည် မျက်လုံးဖွင့်လိုက်ရာ အလွန်ပင် ချောမောလှပသော မျက်လုံးအစုံ ပေါ်လာသည်။

​"ကိုယ်ခံပညာရှင်တစ်ယောက်ရဲ့ သွေးအနှစ်သာရက သာမန်လူထက် ပိုပြီး သန့်စင်တာ အမှန်ပဲ နောက်ထပ် ကိုယ်ခံပညာရှင် တစ်ရာ၊ နှစ်ရာလောက်ပဲ ထပ်လိုတော့တယ်၊ ဒါဆိုရင် ငါ့ဒဏ်ရာတွေ အကုန်ပျောက်ပြီ ဟဲဟဲ... ဝိညာဉ်သွေးကျမ်း က ဒဏ်ရာပျောက်ဖို့အတွက် ဒီလောက် အစွမ်းထက်မယ်လို့ အဲဒီကောင်တွေ ထင်မှာ မဟုတ်ဘူး"

​"နှမြောစရာကောင်းတာက ငါခေါ်လာတဲ့သူတွေ အကုန်သေကုန်တာပဲ ကံကောင်းတာက မဟာရှမှာ ရွှီဟွေ့တို့ ရှိနေသေးတော့ မစ်ရှင်အတွက်တော့ သိပ်ထိခိုက်မှာ မဟုတ်ပါဘူး မဟုတ်ရင် ဂိုဏ်းက လူကြီးတွေကို ရှင်းပြရ ခက်လိမ့်မယ် နောက်ဆုံး သွေးဝိညာဉ်ဆေးလုံး လေးလုံးကို ဖော်စပ်ပြီးတာနဲ့ ငါလည်း ရာထူး တိုးမြှင့်ခံရတော့မယ် အဲဒီကျရင် ဒီလို အစွန်အဖျားက အဆင့်(၉) အင်ပါယာလေးမှာ နေစရာ မလိုတော့ဘူး"

ထိုလူငယ်က သူ့ဘာသာ တိုးတိုးလေး ပြောရင်း သူ၏ မျက်လုံးများတွင် လောဘရိပ်များနှင့် မျှော်လင့်ချက်များ တောက်ပနေသည်။

အဆင့်(၈) အင်ပါယာက ကိုယ်ခံပညာရှင်တွေရဲ့ သွေးအနှစ်သာရက ဒီထက်ပိုပြီး သန့်စင်မှာ သေချာတယ်

​မဟာရှမှာဆိုရင် လူသားနက်နဲမှုအဆင့် အထွတ်အထိပ်ကို ရောက်တဲ့သူတောင် ရှားလှသော်လည်း၊ အဆင့်(၈) အင်ပါယာတွေမှာတော့ မြေကမ္ဘာနက်နဲမှုအဆင့်ပညာရှင်တွေကိုတောင် အလွယ်တကူ ရှာတွေ့နိုင်သည်။

​"ငါသာ ချီသန့်စင်ခြင်းနယ်ပယ် နဝမအဆင့်ကို ရောက်သွားရင် ပြန်သွားလို့ ရပြီ အဲဒီကျရင် ဘယ်သူက ငါ့ကို အထင်သေးရဲဦးမလဲ ကြည့်ကြသေးတာပေါ့! ဟားဟားဟားဟား"

​ထိုအချိန်တွင်ပင် သူ၏ ရယ်သံနှင့် ထပ်တူကျသော လှောင်ရယ်သံတစ်ခု နောက်ခံမှ ထွက်ပေါ်လာသည်။

​လူရိပ်အချို့ ပေါ်လာပြီး တောင်ကြားတစ်ခုလုံးကို ဝိုင်းလိုက်ကြသည်။

​"ချီသန့်စင်ခြင်းနယ်ပယ် နဝမအဆင့်ကို တက်ဖို့ အိပ်မက်မက်နေတာလား ကျိုးရိစန်း"

ထိုအသံပိုင်ရှင်က လှောင်ပြောင်လိုက်သည်။

"ကဲ... ဒီတစ်ခါတော့ မင်း ဘယ်ကို ထွက်ပြေးဦးမလဲ ကြည့်ရသေးတာပေါ့"

​အဖြူရောင်ဝတ်စုံနှင့် လူငယ်မှာ မှင်တက်သွားပြီးမှ အေးစက်စွာ ပြန်ပြောလိုက်သည်။

"မင်းတို့ ကောင်းကင်တောင်ပိုင်းဂိုဏ်း က လူတွေက တော်တော် ဇွဲကောင်းကြတာပဲ..."

​"မင်းက ငါတို့ကို စိတ်အနှောင့်အယှက်ဖြစ်စရာလို့ ထင်နေရင်၊ အစကတည်းက ငါ့စီနီယာအစ်ကိုကို ဘာလို့ သွားပြစ်မှားခဲ့လဲ မင်းက ဘာနောက်ခံမှမရှိတဲ့ လေလွင့်ကျင့်ကြံသူ တစ်ယောက်ပဲလေ မင်း လုပ်နိုင်တာဆိုလို့ ဒီလို ဝေးလံတဲ့ အရပ်ကို ထွက်ပြေးတာပဲ ရှိတာပေါ့"

ဟု ကောင်းကင်တောင်ပိုင်းဂိုဏ်းမှ ကျင့်ကြံသူက ကဲ့ရဲ့လိုက်သည်။

​အဖြူရောင်ဝတ်စုံနှင့် လူငယ် ကျိုးရိစန်းက ထူးထူးခြားခြား ပြုံးလိုက်သည်။

"ချီသန့်စင်ခြင်း သတ္တမအဆင့် တစ်ယောက် ဆဋ္ဌမအဆင့် နှစ်ယောက်နဲ့ ပဉ္စမအဆင့် လေးယောက်... ဒါလေးနဲ့ ငါ့ကို ရင်ဆိုင်နိုင်မယ်လို့ မင်းတို့ ထင်နေတာလား"

​"မင်းက ငါ့စီနီယာအစ်ကိုကြောင့် ဒဏ်ရာအပြင်းအထန် ရထားတာလေ ကျိုးရိစန်း အခုဆိုရင် ဆဋ္ဌမအဆင့် ကျင့်ကြံသူတစ်ယောက်တောင် မင်းကို အလွယ်လေး သတ်နိုင်တယ်"

ဟု သတ္တမအဆင့်ရှိသော ခေါင်းဆောင်က နှာခေါင်းရှုံ့လိုက်သည်။

​"အော်... အဲဒီလိုလား တကယ်လို့ ငါ့ဒဏ်ရာတွေ အကုန်လုံးနီးပါး ပြန်ကောင်းနေပြီဆိုရင်ကော"

လူငယ်က ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ သူ၏ စိတ်အာရုံတစ်ခုနှင့်တင် သူ၏ ကျောပေါ်မှ ဓားရှည်သည် ဝုန်းခနဲ ထွက်ပေါ်လာပြီး လေထဲတွင် ဝဲပျံကာ တောက်ပနေတော့သည်။

​"သူ့ဒဏ်ရာတွေ ပြန်ကောင်းသွားတာလား"

​ကျင့်ကြံသူများမှာ အံ့သြတကြီး အော်ဟစ်လိုက်ကြသည်။ သူတို့အနေနှင့် ကျိုးရိစန်း၏ စကားကို မယုံကြည်ဘဲ မနေနိုင်ပေ၊ အကြောင်းမှာ အရင်က သူသည် သူ၏ ရတနာဓားကို အသုံးမပြုနိုင်ခဲ့ကြောင်း သူတို့ သေချာပေါက် သိထားသောကြောင့် ဖြစ်သည်။

​တစ်ချိန်တည်းမှာပင်၊ ကောင်းကင်ယံရှိ ဟာလာဟင်းလင်းပြင်တွင် ဝိညာဉ်စွမ်းအင် တစ်ခု ပေါ်လာပြီး တောင်ကြားအတွင်းရှိ အခြေအနေများကို တိတ်ဆိတ်စွာ စောင့်ကြည့်နေလေတော့သည်။

​အခန်း ၉၀ - မဟာရှအင်ပါယာကို ဆေးဖိုအဖြစ် အသုံးချခြင်း

​“သူပဲ...”

ဖန်ချန်၏ ဝိညာဉ်စွမ်းအင် သည် ကျိုးရိစန်း ကို စိုက်ကြည့်နေသည်။ သူ ဝတ်ဆင်ထားသည်မှာ ချန်တာ ပြောပြခဲ့သည့် ပုံစံနှင့် အတူတူပင်။ သူ၏ အရှိန်အဝါသည်လည်း ရွှီဟွေ့တို့နှင့် အလွန်ဆင်တူသည်။ ထိုသူမှာ သေချာပေါက် စီနီယာအစ်ကို ပေ့ ပင် ဖြစ်ရမည်။

​“သူ့ဒဏ်ရာတွေ ပြန်ကောင်းသွားပြီ အချိန်မဖြုန်းကြနဲ့တော့၊ အားလုံးစုပြီး သူ့ကို တိုက်ကြစို့”

​“ကောင်းပြီ”

ကျန်သည့် ကျင့်ကြံသူ ခြောက်ယောက်က တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။ အသန်မာဆုံး ကျင့်ကြံသူက ဦးဆောင်ကာ သူတို့အားလုံး လှုပ်ရှားလိုက်ကြပြီး ကိုယ်စီရတနာများကို ထုတ်ကာ နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်တော့သည်။

​တောင်ကြားတစ်ခုလုံးသည် ရုတ်တရက် အရောင်အသွေးစုံလင်သော အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားသည်။ ကျင့်ကြံသူများ တိုက်ခိုက်နေသည့် မြင်ကွင်းမှာပင် သာမန်လူသားတစ်ဦးကို အံ့သြမှင်တက်သွားစေရန် လုံလောက်လှသည်။

၎င်းမှာ သူတို့၏ ခွန်အားကြောင့်တင်မကဘဲ မြင်ကွင်း၏ ထူးခြားဆန်းပြားမှုကြောင့်လည်း ဖြစ်သည်။

​ကျိုးရိစန်းက အားရပါးရ ရယ်မောလိုက်သည်။

“မင်းတို့က လူရွှင်တော်တွေပဲ”

ထို့နောက် လေထဲတွင် ဝဲပျံနေသော ဓားရှည်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်တောင်ပိုင်းဂိုဏ်း မှ ကျင့်ကြံသူများထံသို့ တိုးဝင်သွားကာ သူတို့၏ တိုက်ကွက်အားလုံးကို ချက်ချင်း ရိုက်ခွဲပစ်လိုက်သည်။

ဓား၏ အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး ကျင့်ကြံသူများ၏ ရင်ဘတ်များကို တစ်ယောက်ပြီးတစ်ယောက် ထိုးဖောက်သွားတော့သည်။

​တိုက်ကွက်တစ်ကွက်တည်းနှင့်တင် သွေးများ နေရာအနှံ့ စင်ထွက်သွားသည်။

​ကျင့်ကြံသူ ခုနစ်ယောက်မှာ မျက်နှာများ ဖြူလျော့ကာ မြေပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြသည်။

သူတို့သည် တိုက်ကွက်တစ်ခုအတွင်းမှာပင် ပြန်လည်တိုက်ခိုက်နိုင်စွမ်း ကင်းမဲ့သွားကြပြီး ဒဏ်ရာများကို ကုသရန် သူတို့၏ စွမ်းအင်များကို မသိစိတ်ဖြင့် သုံးနေကြရသည်။

​ထိုမြင်ကွင်းကို ကြည့်ပြီး ကျိုးရိစန်းက ထူးထူးခြားခြား ပြုံးလိုက်သည်။

“မင်းတို့ စီနီယာအစ်ကိုက တော်တော် သတိကြီးတဲ့သူပဲ။ သူကိုယ်တိုင် ငါ့နောက်ကို မလိုက်ရဲတာက ငါ့လူတွေနဲ့ ငါက သူ့ကို စောင့်ကြိုနေမှာ ကြောက်လို့နေမှာပေါ့”

​ကျင့်ကြံသူ ခုနစ်ယောက်၏ မျက်နှာများမှာ တစ်စထက်တစ်စ ပို၍ ပြာနှမ်းလာပြီး ကျိုးရိစန်းကို နာကျည်းစွာ စိုက်ကြည့်နေကြသည်။

​“ ကျင့်ကြံသူတစ်ယောက်ရဲ့ သွေးအနှစ်သာရက ကိုယ်ခံပညာရှင်တစ်ယောက်ထက် အများကြီး ပိုကောင်းတာကိုး မင်းတို့ရဲ့ သွေးအနှစ်သာရတွေကိုသာ ငါစုပ်ယူလိုက်ရင် ငါ့ဒဏ်ရာတွေ အကုန်ပျောက်ရုံတင်မကဘူး၊ ချီသန့်စင်ခြင်းနယ်ပယ် နဝမအဆင့် ကိုတောင် တက်လှမ်းနိုင်လိမ့်မယ်”

သူက ခေတ္တနားကာ နှုတ်ခမ်းကို အသာတွန့်ပြီး ဆက်ပြောသည်။

“တကယ်လို့ ငါသာ အဆင့်တက်သွားခဲ့ရင် အဲဒါ မင်းတို့ကျေးဇူးတွေပေါ့”

​၎င်းကို ကြားသောအခါ ကျင့်ကြံသူများမှာ ကြောင်သွားကြပြီး တစ်ယောက်က တုန်တုန်ယင်ယင်နှင့် မေးလိုက်သည်။

“သွေးအနှစ်သာရကို စုပ်ယူမယ် မင်းက မိစ္ဆာကျင့်စဉ်တွေကို ကျင့်နေတာလား”

​ချီသန့်စင်ခြင်း သတ္တမအဆင့်ရှိသော ကျင့်ကြံသူမှာ ရုတ်တရက် တစ်ခုခုကို သတိရသွားပုံရပြီး သူ၏ မျက်လုံးများတွင် ကြောက်ရွံ့ရိပ်များ ပေါ်လာကာ

“အာ ငါ... ငါမှတ်မိပြီ အရင်က မင်းနဲ့အတူ ကျင့်ကြံသူအချို့ ရှိနေတာ၊ အခုတော့ သူတို့တစ်ယောက်မှ မရှိတော့ဘူး။”

သူသည် မျက်လုံးအစုံ ပြူးကျယ်လျက် ကျိုးရိစန်းကို စိုက်ကြည့်ရင်း

“မင်း... မင်းရဲ့ဒဏ်ရာတွေ ပျောက်ဖို့ မင်းရဲ့လူတွေကိုပါ သွေးအနှစ်သာရ စုပ်ယူပြီး သတ်ပစ်လိုက်တာလား”

​တော်တော် ရက်စက်တဲ့သူပဲ ကျိုးရိစန်းသည် သူ၏ ရည်မှန်းချက်အတွက် သူ၏လူများကိုပင် သတ်ရန် ဝန်မလေးခဲ့ပေ။ ကျင့်ကြံသူများမှာ ယနေ့ သူတို့ သေရတော့မည်ကို အသေအချာ သိသွားကြသည်။

​“မင်းက မိစ္ဆာကျင့်စဉ်တွေကို ကျင့်နေမှတော့ ငါ့စီနီယာအစ်ကိုရော၊ ကောင်းကင်တောင်ပိုင်းဂိုဏ်း တစ်ခုလုံးကပါ မင်းကို လွှတ်ထားမှာ မဟုတ်ဘူး”

​“စောင့်ကြည့်နေလိုက်... ငါတို့ ဒီမှာ သေသွားရင်တောင် တစ်ယောက်ယောက်က ငါတို့အတွက် လက်စားချေလိမ့်မယ်”

​ကျိုးရိစန်း၏ မျက်နှာတွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာသည်။

“ကောင်းကင်တောင်ပိုင်းဂိုဏ်း အဆင့်နိမ့် အဆင့် (၆)အင်ပါယာက ဂိုဏ်းတစ်ခုက ငါ့ကို ခြိမ်းခြောက်ရဲတာလား ငါက ဘယ်သူလဲဆိုတာ မင်းတို့ သိလို့လား”

သူက ခေတ္တနားကာ သူတို့ကို လှောင်ပြောင်လိုက်သည်။

“ငါ့ရဲ့ နာမည်ရင်းက လီပေ့ ကွ ငါက ဝိညာဉ်သွေးဂိုဏ်း ရဲ့ တပည့်တစ်ယောက်ပဲ”

​သူ၏ ချောမောသော ရုပ်ရည်နှင့် ထိုအပြုံးမှာ အလွန်ပင် မိစ္ဆာဆန်လှသည်။

​ဝိညာဉ်သွေးဂိုဏ်း ကောင်းကင်တောင်ပိုင်းဂိုဏ်းမှ ကျင့်ကြံသူများမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။

​သူတို့ ထိုဂိုဏ်းအကြောင်း ကြားဖူးသည် ဝိညာဉ်သွေးဂိုဏ်းသားတစ်ဦးနှင့် တစ်ခါမှ မဆုံဖူးသော်လည်း ထိုဂိုဏ်း၏ အင်အားမှာ ခန့်မှန်း၍မရနိုင်အောင် ကြီးမားကြောင်း သူတို့ သိထားသည်။

ထိုဂိုဏ်းသည် သာမန်လူသား နိုင်ငံများကို တိတ်တဆိတ် ကျူးကျော်ပြီး လူသားတွေရဲ့ သွေးတွေနဲ့ သွေးဝိညာဉ်ဆေးလုံး တွေ ဖော်စပ်တတ်ကြောင်း ကျင့်ကြံခြင်းလောကတွင် နာမည်ကြီးလှသည်။

​သတ္တမအဆင့် ကျင့်ကြံသူမှာ အသက်ရှူပင် မှားသွားပြီး

“မင်း... မင်းက တကယ်ပဲ ဝိညာဉ်သွေးဂိုဏ်းကလား အဆင့်(၉) အင်ပါယာက မင်းရဲ့ လက်ရှိ ဆေးဖို လား”

​ကျိုးရိစန်းက နက်နဲစွာ ပြုံးလိုက်သည်။

“မှန်တယ် မင်း ဆေးဖိုအကြောင်း သိတယ်ဆိုတော့ ဝိညာဉ်သွေးဂိုဏ်းအကြောင်း အနည်းအကျဉ်း သိပုံရတာပဲ ကဲ... ပြောစမ်း၊ မင်းတို့ရဲ့ အောက်တန်းစားဂိုဏ်းက ငါ့ကို စိန်ခေါ်ရဲသေးတယ်လို့ ထင်နေတုန်းပဲလား”

​အားလုံး၏ မျက်နှာများ ပျက်သွားကြပြီး သတ္တမအဆင့် ကျင့်ကြံသူက အသံတိုးတိုးဖြင့် တောင်းပန်သည်။

“ကျွန်တော်တို့ အကြီးကဲရဲ့ မူလအမှတ်အသားကို မသိခဲ့လို့ပါခင်ဗျာ တကယ်လို့ ဝိညာဉ်သွေးဂိုဏ်းကမှန်း သိခဲ့ရင် ကျွန်တော်တို့ ပြစ်မှားမိမှာ မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အသက်ချမ်းသာပေးပါ၊ ကျွန်တော်တို့ ကောင်းကင်တောင်ပိုင်းဂိုဏ်းကို ပြန်ပြီး အကြီးကဲ နောက်ကို မလိုက်ဖို့ ချက်ချင်း တင်ပြပါ့မယ်”

​“ဟာသပဲ”

ဟု ကျိုးရိစန်းက ကဲ့ရဲ့လိုက်သည်။

“ငါ့ရဲ့ တကယ့်အမှတ်အသားကို သိသွားပြီးမှ မင်းတို့ အသက်ရှင်ခွင့်ရမယ် ထင်နေတာလား ကဲ... မင်းတို့ရဲ့ သွေးအနှစ်သာရတွေကို ငါ့ကို အသာတကြည် ပေးအပ်ကြစမ်း ငါ့ကို ဝဝလင်လင် သောက်ခွင့်ပေးလိုက်စမ်းပါ”

​နောက်တစ်စက္ကန့်တွင် သူသည် ကောင်းကင်ယံသို့ မော့ကြည့်ကာ ဟိန်းဟောက်လိုက်သည်။

သူ၏ ခန္ဓာကိုယ်မှ နီရဲသော အလင်းတန်းများ ထွက်ပေါ်လာပြီး ကျင့်ကြံသူများအပေါ်သို့ ကျရောက်သွားသည်။

ထိုအလင်းတန်းများ ထိတွေ့လိုက်သည်နှင့် သူတို့၏ သွေးအနှစ်သာရများကို စုပ်ယူကာ ကျိုးရိစန်း၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးတော့သည်။

ကျိုးရိစန်း၏ အရှိန်အဝါမှာ အံ့သြဖွယ် အရှိန်ဖြင့် မြင့်တက်လာသည်။ ကျင့်ကြံသူများမှာမူ သွေးအနှစ်သာရများ ဆုံးရှုံးသွားသဖြင့် နာကျင်စွာ အော်ဟစ်နေကြရသည်။ သူတို့၏ ကျင့်ကြံခြင်း အဆင့်အတန်းနှင့် ဝိညာဉ်စွမ်းအင်များမှာလည်း အလျှင်အမြန်ပင် ကျဆင်းသွားတော့သည်။

​ကျိုးရိစန်းက ရူးသွပ်စွာ ရယ်မောသည်။

“ဟားဟားဟား... ကျင့်ကြံသူတစ်ယောက်ရဲ့ သွေးအနှစ်သာရက တကယ်ကို သန့်စင်တာပဲ နောက်ထပ် လေးနာရီလောက်ဆိုရင် မင်းတို့ရဲ့ သွေးအနှစ်သာရတွေကို အကုန်စုပ်ယူလို့ ပြီးပြီ ငါ ဝိညာဉ်သွေးဂိုဏ်းရဲ့ အကြီးကဲ ဖြစ်လာတဲ့နေ့ဟာ ကောင်းကင်တောင်ပိုင်းဂိုဏ်း ပျက်စီးမယ့်နေ့ပဲ”

​လေးနာရီခန့် အကြာတွင် ကောင်းကင်တောင်ပိုင်းဂိုဏ်း ကျင့်ကြံသူများ၏ အရှိန်အဝါမှာ သိသိသာသာ လျော့နည်းသွားသည်။

သူတို့အားလုံးမှာ မျက်လုံးများ အရောင်မှိန်သွားကာ အရေပြားနှင့် အရိုးပဲ ကျန်တော့သည်။ သူတို့တွင် ဝိညာဉ်စွမ်းအင် လုံးဝ မကျန်တော့ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ကျိုးရိစန်း၏ အရှိန်အဝါမှာ အထွတ်အထိပ်သို့ ပြန်ရောက်သွားပြီး သူ၏ ဒဏ်ရာများလည်း အကုန်ပျောက်ကင်းသွားပြီ ဖြစ်သည်။

​သူသည် ယခုအခါ ကိုးခုမြောက် မသေမျိုးသွေးကြောကို ဖြစ်ပေါ်စေရန် ကြိုးစားနေသည်။

​‘ဝိညာဉ်သွေးကျမ်း’ ၏ အစွမ်းဖြင့် သွေးအနှစ်သာရများသည် ဝိညာဉ်စွမ်းအင်အဖြစ်သို့ အဆက်မပြတ် ပြောင်းလဲသွားပြီး ကိုးခုမြောက် သွေးကြောမှာ စတင် ပုံဖော်လာတော့သည်။

​“ကျိုးရိစန်း. လီပေ့ မင်းလည်း ဆိုးဆိုးရွားရွား သေရမှာပါ...”

​သူတို့ အသက်ရှင်ရန် အခွင့်အလမ်း မရှိတော့ကြောင်း သိသွားသဖြင့် ကောင်းကင်တောင်ပိုင်းဂိုဏ်းမှ ကျင့်ကြံသူများသည် အသက်တောင်းခံခြင်းကို ရပ်လိုက်ပြီး ကျိုးရိစန်းကို ကျိန်ဆဲတော့သည်။

“မင်း ဝိညာဉ်သွေးဂိုဏ်းက ဖြစ်နေရင်တောင် မင်း ဒီမှာ မအောင်မြင်နိုင်ပါဘူး ဂိုဏ်းကြီးတွေသာ မင်း ဘယ်မှာရှိလဲဆိုတာ သိသွားရင် မင်းကို သတ်ဖို့ လူလွှတ်မှာ သေချာတယ်။ ငါတို့ တမလွန်ကနေ စောင့်နေမယ်”

​၎င်းကို ကြားသောအခါ ကျိုးရိစန်းက လှောင်ပြောင်လိုက်သည်။

“တမလွန်ကနေ စောင့်နေမယ် ဟုတ်လား မင်းတို့ စိတ်ပျက်သွားရလိမ့်မယ်။ နောင်တစ်ချိန်မှာ ငါက အခြေခံတည်ဆောက်ခြင်းနယ်ပယ် ကို ရောက်မယ်၊ အဲဒီနောက် ရွှေအမြုတေ ဖြစ်မယ်၊ နောက်ဆုံးမှာတော့ မူလဝိညာဥ် အထိ ရောက်ပြီး ကမ္ဘာ့အကြီးကျယ်ဆုံး ကျင့်ကြံသူ ဖြစ်လာမှာ ငါက နှစ်ပေါင်းများစွာ အကြာကြီး အသက်ရှင်နေဦးမှာ မင်းတို့ ငါ့ကို စိတ်ရှည်လက်ရှည် စောင့်နေလိုက်ဦးပေါ့”

​ရုတ်တရက် သူ၏ မျက်နှာပေး ပြောင်းလဲသွားပြီး တောင်ကြားဝင်ပေါက်ဘက်သို့ လှမ်းကြည့်လိုက်သည်။ လူရိပ်တစ်ခုမှာ ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေသည်။

​“ဘယ်သူလဲ”

သေခါနီးအချိန်မှာပင် ကောင်းကင်တောင်ပိုင်းဂိုဏ်းမှ ကျင့်ကြံသူများ မှင်တက်သွားကြသည်။ သူတို့သည် ခေါင်းကို ခက်ခက်ခဲခဲ လှည့်ကြည့်လိုက်ကြသော်လည်း ထိုလူ၏ ပုံပန်းသဏ္ဍာန်ကို မြင်သောအခါ စိတ်ပျက်သွားကြသည်။

သူတို့၏ စီနီယာအစ်ကို ရောက်လာခြင်း မဟုတ်ဘဲ မျက်စိမမြင်သည့် လူတစ်ယောက် ဖြစ်နေသည်။ သူက တုတ်တစ်ချောင်းကို ကိုင်ကာ မြေကြီးကို တောက်တောက်တောက်နှင့် ခေါက်ရင်း လမ်းရှာကာ လာနေခြင်း ဖြစ်သည်။

​“မင်း ဒီနေရာကို မလာသင့်ဘူး အခုချက်ချင်း ထွက်သွားစမ်း၊ ဒါဆိုရင် မင်းအသက်ကို ချမ်းသာပေးမယ်”

ဟု ကျိုးရိစန်းက အမိန့်ပေးလိုက်သည်။

​ဖန်ချန်သည် မျက်လုံးများကို မှိတ်ထားလျက်ပင် ကျိုးရိစန်းထံသို့ ချဉ်းကပ်လာသည်။

“မင်းက မဟာရှအင်ပါယာကို ဆေးဖိုအဖြစ် အသုံးချနေတယ်လို့ ငါ ကြားလိုက်တယ်”

​ကျိုးရိစန်း၏ မျက်နှာထား ပြောင်းလဲသွားသည်။

“မင်း ငါတို့ စကားပြောတာကို ခိုးနားထောင်နေတာလား”

​“မင်းက မဟာရှက လူတွေကို ဆေးဖိုထဲက ဆေးချေးတွေလိုပဲ သဘောထားတာလား”

ဖန်ချန်က လေသံတိုးတိုးဖြင့် မေးရင်း ကျိုးရိစန်းထံသို့ တဖြည်းဖြည်း တိုးလာသည်။

​“ညီလေး မင်း လွတ်တုန်း အမြန်ပြေးတော့ သူက အခု ကိုးခုမြောက် သွေးကြောကို ဖြစ်ပေါ်နေတာဆိုတော့ မင်းကို အခုချက်ချင်း ဘာမှမလုပ်နိုင်သေးဘူး မင်း ထွက်သွားပြီးရင် ကျေးဇူးပြုပြီး ကောင်းကင်တောင်ပိုင်းဂိုဏ်းကို သတင်းလေး ပါးပေးပါ ဖြစ်နိုင်ရင် ငါတို့ဟာ ကျိုးရိစန်းဆိုတဲ့ နာမည်နဲ့ လှုပ်ရှားနေတဲ့ ဝိညာဉ်သွေးဂိုဏ်းက လီပေ့ရဲ့လက်ချက်နဲ့ သေခဲ့ရတာလို့ ပြောပေးပါ!”

သတ္တမအဆင့်ရှိ ကျင့်ကြံသူက သူ၏ နောက်ဆုံးခွန်အားကို သုံးကာ ဖန်ချန်ကို အော်ပြောလိုက်သည်။

​“ဟဲဟဲ... မင်း ဘယ်သူလဲဆိုတာ ငါသိပြီ ထင်တယ် မင်းက မဟာရှရဲ့ စစ်သူကြီး ဖန်ချန် မဟုတ်လားမင်းရဲ့ ချီအမြုတေအဆင့် ကျင့်ကြံခြင်းကို ပြန်ရနေပြီလို့ ငါ ကြားထားတယ်။ မင်း ကောင်းကင်ဓားအိမ်တော် ကိစ္စကြောင့် ရောက်လာတာလား”

ကျိုးရိစန်းက အထင်သေးသော အပြုံးဖြင့် ဆိုလိုက်သည်။ သူက ဖန်ချန်ကို မှတ်မိရုံတင်မကဘဲ သူ ရောက်လာရသည့် အကြောင်းရင်းကိုပါ မှန်အောင် ခန့်မှန်းနိုင်ခဲ့သည်။ ဖန်ချန်သည် သူ့ကို ကံကောင်းလို့သာ ရှာတွေ့ခဲ့ခြင်း ဖြစ်လိမ့်မည်ဟု သူ ထင်နေလေသည်။

​

​

All Chapters