← Chapters

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

​အခန်း ၉၃ - ကျိလင်ယွဲ့

​မိဖုရားခေါင်ကြီး၏ မျက်နှာမှာ မည်းမှောင်သွားပြီး ဟွာကွေ့ဖေး ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

​"ချန်အာ က ဘာအမှားလုပ်ခဲ့လို့ ဒီတာဝန်ကို သူတစ်ယောက်တည်း ထမ်းရမှာလဲ။ သူသာ စစ်သူကြီး ရှန်းယွီ ကို မသတ်ခဲ့ရင် မင်းရဲ့ အဆင့်အတန်းကို ဒီနေ့အထိ ထိန်းထားနိုင်မယ် ထင်နေလား"

​ဟွာကွေ့ဖေးက တည်ငြိမ်စွာ ပြုံးလျက် ပြန်ပြောသည်။

"အရှင်မ အရာရာမှာ အကြောင်းတရား ရှိပါတယ်။ ဖန်ချန်က နယ်စားလေး ကျိုးရှူး ကို မသတ်ခဲ့ရင် လုံတူး က ငါတို့ဆီကို စစ်တပ်လွှတ်မှာ မဟုတ်သလို၊ နှင်းခဲရေအင်ပါယာက လူတွေလည်း ဒီနေ့ ဒီကို ရောက်လာမှာ မဟုတ်ဘူးလေ"

​"ကျိုးရှူးက သူ့ဘာသာ သေထိုက်လို့ သေတာပဲ..."

မိဖုရားခေါင်ကြီးက ပြန်ချေပသည်။

​"ဒါပေမဲ့ အဲဒါက ဖန်ချန်ကို ကိုယ့်သဘောနဲ့ကိုယ် အဆုံးအဖြတ်ပေးခွင့် ရှိစေတာ မဟုတ်ဘူးလေ"

ဟု ဟွာကွေ့ဖေးက မျက်နှာတည်ကာ ထောက်ပြသည်။

"မဟာရှဆိုတာ အရှင်မင်းကြီး ပိုင်တာပါ၊ ဖန်ချန် ပိုင်တာ မဟုတ်ဘူး။ ဒါကို ခေါင်းထဲမှာ သေသေချာချာ မှတ်ထားပါ အရှင်မ"

​အမျိုးသမီးနှစ်ဦး အချေအတင် ဖြစ်နေသည်ကို မြင်သောအခါ ဧကရာဇ်မင်းမြတ်က စိတ်မရှည်စွာဖြင့်

"ဘာတွေ ငြင်းနေကြတာလဲ အခြေအနေက ဒီအထိ ရောက်နေပြီ။ တစ်နည်းမဟုတ် တစ်နည်းတော့ ဖြေရှင်းရမှာပဲ"

သူက ခဏနားပြီး ဆက်ပြောသည်။

"ငါနဲ့ လိုက်ခဲ့ကြ... နှင်းခဲရေအင်ပါယာက သံတမန်ကို သွားကြိုရအောင်"

​

​ခရမ်းရောင်ဝတ်စုံနှင့် လူငယ်သည် သူ့ရှေ့တွင် ဒူးထောက်နေသော ထောက်မင်ရှန်း ကို ကြည့်ကာ ရယ်မောလိုက်ပြီး ပြောသည်။

"မဟာရှက ငါတို့ နှင်းခဲရေအင်ပါယာကို နှစ်စဉ်ပေးပို့ရမယ့် လက်ဆောင်တွေကို လျှော့ချလာတယ် ဒါတင်မကဘဲ လုံတူးအင်ပါယာက မြင်းတပ်သား အများကြီးကို သတ်ရဲသေးတယ် စစ်သူကြီး ရှန်းယွီတောင် မင်းတို့မြို့တော်မှာ သေခဲ့ရတယ် ငါ့အမြင်မှာတော့ မဟာရှက မဆုတ်ယုတ်သွားတဲ့အပြင် ပိုပြီးတောင် ကြီးထွားလာပုံရတယ်။ မင်းတို့က လုံတူး၊ ကုဟယ် နဲ့ ယီကျိုး တို့ကို အမြစ်ဖြတ်ပြီး ငါတို့ နှင်းခဲရေအင်ပါယာ နေရာကို အစားထိုးဖို့ ကြံစည်နေတာလား"

​လေထုမှာ ရုတ်တရက် အေးစက်သွားပြီး သူ၏ စကားများကြောင့် အရာရှိများမှာ ကျောချမ်းသွားကြသည်။

​နှင်းခဲရေအင်ပါယာကို အစားထိုးဖို့

​အင်ပါယာ လေးခုစလုံး၏ အင်အားကို ပေါင်းလျှင်ပင် နှင်းခဲရေအင်ပါယာ၏ အစွမ်းကို အစွန်းထွက်မျှပင် မမီနိုင်ပေ။

သူတို့ ငယ်စဉ်ကပင် နှင်းခဲရေအင်ပါယာ၏ အင်အားကို မြင်တွေ့ခဲ့ဖူးသည်။ သူတို့၏

"အိပ်မက်ဆိုး မြင်းစီးသူရဲတပ်ဖွဲ့"

တစ်ခုတည်းနှင့်ပင် အင်ပါယာ လေးခုစလုံးကို တစ်လအတွင်း ချေမှုန်းပစ်ရန် လုံလောက်လှသည်။

​ထောက်မင်ရှန်းက ခေါင်းငုံ့ကာ တုန်တုန်ယင်ယင်နှင့် လျှောက်တင်သည်။

"မဟာရှဟာ နှင်းခဲရေအင်ပါယာအပေါ် လုံးဝ သစ္စာရှိပါတယ် ကျေးဇူးပြုပြီး မျှတစွာ ဆုံးဖြတ်ပေးတော်မူပါ အရှင်"

​"စကားသက်သက်နဲ့တော့ မရဘူး။ ငါ ဒီနေ့ ဒီကို လာတာက မဟာရှဆီကနေ ရှင်းလင်းချက်တစ်ခု လိုချင်လို့ပဲ။"

ခရမ်းရောင်ဝတ်စုံနှင့် လူငယ်က အနည်းငယ် ပြုံးကာ ဆိုသည်။

"ဒါနဲ့... ငါ့နာမည်က ကျိလင်ယွဲ့ ပါ ယမင်းတို့ဆီမှာ သေသွားတဲ့ ကျိုးရှူးဆိုတာ ငါ့ရဲ့ အမျိုးဝမ်းကွဲ တစ်ယောက်ပဲ"

​"ဘာ"

​"ကျိုးရှူးက နှင်းခဲရေအင်ပါယာနဲ့ ပတ်သက်နေတာလား"

​"မဖြစ်နိုင်တာ..."

​လူအုပ်ကြီးမှာ အံ့သြတုန်လှုပ်သွားကြသည်။

ထောက်မင်ရှန်းနှင့် အခြားသူများပင်လျှင် ထိတ်လန့်သွားကြသည်။ လုံတူးအင်ပါယာက ဘာကြောင့် ဒီလောက် ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သလဲဆိုသည်ကို သူတို့ အခုမှ နားလည်သွားကြသည်။ သူတို့ရဲ့ ဝိစကောင့် ကျိုးရှူးမှာ အင်အားကြီး အင်ပါယာက လူတွေနဲ့ သွေးသား တော်စပ်နေတာကိုး

​"ကျိ မျိုးနွယ်စု ဆိုတော့... ဖြစ်နိုင်တာက"

​ထောက်မင်ရှန်းမှာ အလွန်အမင်း တုန်ရီနေပြီး မျက်နှာတွင် သွေးမရှိတော့ပေ။ နှင်းခဲရေအင်ပါယာတွင် "ကျိ" ဟုခေါ်သော အလွန်အင်အားကြီးသည့် မျိုးနွယ်စုကြီး တစ်ခုရှိကြောင်း သူ သတိရသွားသည်။

သူတို့သည် ထိုအင်ပါယာ၏ တစ်ဝက်နီးပါးကို ထိန်းချုပ်ထားသူများ ဖြစ်သည်။

ထိုမြင်းစီးသူရဲများ စီးနင်းသော မြင်းများသည် မည်သူမှ မသိသော လျှို့ဝှက်အရပ်မှ ဖမ်းဆီးလာခြင်း ဖြစ်သည်ဟု ဆိုကြသည်။

မြင်းတစ်ကောင်ချင်းစီ၏ အစွမ်းမှာပင် ချီပေါက်ကွဲခြင်းနယ်ပယ် ပညာရှင်တစ်ယောက်နှင့် ညီမျှပြီး၊ ချီထိန်းချုပ်ခြင်းနယ်ပယ် အထွတ်အထိပ် မြင်းစီးသူရဲနှင့် ပေါင်းစပ်လိုက်လျှင် စစ်မြေပြင်တွင် မည်သူမှ မယှဉ်နိုင်သော အင်အားဖြစ်လာသည်။ သူတို့သည် တိုက်ပွဲတိုင်းတွင် မရှုံးဖူးသော ပြိုင်ဘက်ကင်း တပ်ဖွဲ့များ ဖြစ်ကြသည်။

​လူအုပ်ထဲတွင် လူရိပ်အချို့သည် တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြသည်။ လူတိုင်း သတိမထားမိခိုက်တွင် သူတို့သည် ဖန်အိမ်တော် ဆီသို့ တိတ်တဆိတ် ထွက်ခွာသွားကြသည်။

​ကျိလင်ယွဲ့က ပြုံးလိုက်ကာ

"သွားကြစို့... မင်းတို့ရဲ့ ဧကရာဇ်ကို အကြာကြီး စောင့်ခိုင်းမနေနဲ့"

ဟု ဆိုကာ မြင်းကို ရှေ့သို့ နှင်လိုက်သည်။

​သူ့နောက်မှ စစ်သည် များသည်လည်း စနစ်တကျ နောက်မှ လိုက်လာကြသည်။

​ထောက်မင်ရှန်းနှင့် အရာရှိများမှာမူ မြင်းစီးပြီး ရှေ့သို့သွားနေသော ကျိလင်ယွဲ့ကို မမီမကမ်း အနောက်မှ အသည်းအသန် ပြေးလိုက်နေကြရသည်။

​သူတို့ ထွက်ခွာသွားသည်နှင့် လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။

​"မဟာရှတော့ ဒုက္ခရောက်ပြီ"

​"ကျိုးရှူးက အဆင့်မြင့် အင်ပါယာက လူနဲ့ ပတ်သက်နေတာပဲဧကရာဇ် ဘယ်လို ကိုင်တွယ်မလဲ မသိဘူး..."

​"ဖြစ်နိုင်တာကတော့... ဒီကိစ္စကို အေးအေးဆေးဆေး ပြီးချင်ရင် ဖန်ချန်ကို ထုတ်ပေးရလိမ့်မယ် ထင်တယ်"

​"စစ်သူကြီးဖန်က မဟာရှမှာ နာမည်ကြီးပေမဲ့ နှင်းခဲရေအင်ပါယာရဲ့ မျက်စိထဲမှာတော့ သူတို့ အလိုရှိရင် အချိန်မရွေး သတ်ပစ်လို့ရတဲ့ လူတစ်ယောက်ပဲ။ အင်ပါယာရဲ့ အင်အားနဲ့တောင် သူ့ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး"

​လုံဟွေ့ရှင်း နှင့် အခြားသူများမှာမူ ထိုစကားများကို ကြားရသောအခါ ကျေနပ်သည့် အမူအရာများ ပေါ်လာသည်။

​"မင်းသမီးလုံ... မင်း အလိုရှိတဲ့အတိုင်း ဖြစ်လာပုံရတယ်နော်"

​လုံဟွေ့ရှင်းက ပြုံးလျက် ပြန်ဖြေသည်။

"ဒီနေ့ ရောက်လာမယ်ဆိုတာ ငါ သိပြီးသားပါ။ ဖန်ချန်က အရမ်း မောက်မာလွန်းတယ်။ သူ့ကို ဆုံးမမယ့်သူ တစ်ယောက်ယောက် ပေါ်လာမှာပဲ"

​ထိုသို့ပြောပြီးနောက် လုံဟွဲ့ရှင်းသည် ကျိလင်ယွဲ့၏ ကျောပြင်ကို လောဘတကြီး စိုက်ကြည့်နေသည်။ နှင်းခဲရေအင်ပါယာက လာသည့် သံတမန်မှာ ငယ်ရွယ်ပြီး ကျိမျိုးနွယ်စုက ဖြစ်သည်။

အဆင့်နိမ့် အင်ပါယာတစ်ခုကို စေလွှတ်ခံရသည့် လူတစ်ယောက်မှာ ခိုင်မာသော နောက်ခံ ရှိရမည်မှာ သဘာဝပင်။

​အကယ်၍ သူမသာ သူ့ရဲ့ မျက်နှာသာပေးမှုကို ရရှိခဲ့လျှင် ကုဟဲအင်ပါယာအတွက် အကျိုးအမြတ် အများကြီး ရနိုင်သည် ထို့အပြင် သူမသာ သူ့ရဲ့ သွေးသားကို ရယူနိုင်ခဲ့ပါက ကုဟယ်အင်ပါယာအတွက် အစွမ်းထက်သော အဆောင်လက်ဖွဲ့ တစ်ခုကို ရရှိလိုက်သလို ဖြစ်ပေလိမ့်မည်။

​လုံဟွေ့ရှင်းသည် ကျိုးရှူး၏ နောက်ကြောင်းကို ခန့်မှန်းမိပြီးသား ဖြစ်ရာ၊ သူမ၏ စိတ်ထဲတွင် ကျိုးရှူး၏ မိခင် လုပ်ခဲ့သလိုမျိုး လုပ်ရန်သာ စဉ်းစားနေတော့သည်။

​မလှမ်းမကမ်းတွင် လီတောက်ယဲ့ က နှာခေါင်းရှုံ့လိုက်သည်။

"ဟန်ကြီးပန်ကြီးနဲ့ သူက ဘယ်သူမို့လို့လဲ မြေကမ္ဘာနက်နဲမှုနယ်ပယ် က ကိုယ်ခံပညာရှင် တစ်ယောက်ပဲကို။ သူကိုယ်သူ အရေးပါလှပြီ ထင်နေတာလား"

​"မြေကမ္ဘာနက်နဲမှုနယ်ပယ်"

ထျဲမ၏ မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး မေးလိုက်သည်။

"တောက်ယဲ့... မင်း သူ့ကို အနိုင်တိုက်နိုင်လားသူက ဘယ်အဆင့်မှာလဲ"

​သူတို့နှစ်ဦးသည် နဂါးကျောရိုးတောင်တန်းမှ ပြန်လာကာစဖြစ်ပြီး ဖြစ်ပျက်သမျှကို မြင်တွေ့ခဲ့ရသည်။

ကျိုးရှူးမှာ နှင်းခဲရေအင်ပါယာ၏ ကျိမျိုးနွယ်စုနှင့် ပတ်သက်နေသည်ကို ထျဲမ အနည်းငယ် အံ့သြသွားသည်။

​သူ ချင်စုန်း အင်ပါယာမှာ သူလျှိုလုပ်နေတုန်းကလည်း သူတို့နောက်ကွယ်က အင်အားကို မြင်ဖူးသည်။ နှင်းခဲရေအင်ပါယာကလည်း သူတို့နဲ့ သိပ်ကွာမှာ မဟုတ်ဘူး။ လျှော့တွက်လို့ မရဘူး။

​"သူ့ရဲ့ အရှိန်အဝါအရ ဆိုရင်တော့ မြေကမ္ဘာနက်နဲမှုနယ်ပယ် ပထမအဆင့်မှာပဲ ရှိဦးမှာပါ သူ့ကို အနိုင်တိုက်နိုင်လား ဆိုရင်တော့..."

လီတောက်ယဲ့က နှာခေါင်းရှုံ့ကာ

"မင်း ငါ့ကို အရမ်း လျှော့တွက်တာပဲ ငါ မင်းတို့ကို တိုက်တုန်းက ခရမ်းရောင်လျှပ်စီး အဆောင်တွေ၊ စိန်ကိုယ်ထည် အဆောင်တွေ၊ မြန်နှုန်းမြှင့် အဆောင်တွေ ရှိနေလို့သာ ငါ သတိထားနေရတာမြေကမ္ဘာနက်နဲမှုနယ်ပယ် ပထမအဆင့်လောက်ကိုတော့ ငါ့မှာ အနိုင်ယူဖို့ နည်းလမ်း တစ်ထောင်လောက် ရှိတယ်"

​၎င်းမှာ ကိုယ်ခံပညာရှင်နှင့် ကျင့်ကြံသူတို့ကြားက ခြားနားချက်ပင်။ သူတို့ကို စကေးတစ်ခုတည်းနဲ့ တိုင်းတာ၍ မရပေ။

​"ငါတို့ အရင်ဆုံး အိမ်တော်ကို ပြန်ပြီး သခင်လေးနဲ့ တိုင်ပင်ရမယ် အဲဒီလူတွေက ကြည့်ရတာ မိတ်ဆွေမဆန်ဘူး။ ငါတို့ သူတို့နဲ့ မကြာခင် ထိပ်တိုက်တွေ့ရနိုင်တယ်"

ဟု ထျဲမက အကြံပေးသည်။

​ထို့နောက် သူတို့နှစ်ဦးမှာ ဖန်အိမ်တော်သို့ အမြန်ပြန်လာခဲ့ကြရာ ရွှီဂီ၊ ဟွမ်စီဟိုင် ၊ ဖန်ချန်းယူ နှင့် အခြားသူများ စုဝေးနေကြသည်ကို တွေ့ရသည်။

သူတို့သည် ကျိလင်ယွဲ့ မြို့တော်သို့ ရောက်လာသည့် သတင်းကို သိပြီးသား ဖြစ်ပုံရသည်။

​"မင်းတို့ အချိန်မီ ပြန်ရောက်လာတာပဲ။ သခင်လေးက ပြန်မရောက်သေးဘူး။ နှင်းခဲရေအင်ပါယာက သံတမန်ကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ငါတို့ ဆွေးနွေးနေကြတာ"

ဟု ရွှီဂီက ရှင်းပြသည်။

​ထျဲမ အနည်းငယ် အံ့သြသွားပြီး

"သခင်လေးက ပြန်မရောက်သေးဘူး ဟုတ်လား"

​လီတောက်ယဲ့က ထိုစကားကို ကြားသောအခါ ပျာပျာသလဲနှင့်

"သူ ဘယ်သွားတာလဲ ချင်းဟဲရော သူက ချင်းဟဲကို ပြန်ပေးဆွဲပြီး ထွက်ပြေးသွားတာလား ငါ သိသားပဲ၊ ငါ့ကို အဝေးကို လွှတ်လိုက်ကတည်းက တစ်ခုခုတော့ ထူးခြားနေတယ်လို့"

သူသည် ဖန်ချန်၏ စကားကို နားထောင်ခဲ့မိသည်ကို နောင်တရနေတော့သည်။

​သူ ပျာယာခတ်နေသည်ကို မြင်သောအခါ ရွှီဂီက မျက်လုံးလှန်ပြလိုက်ပြီး

"တောက်ယဲ့ သခင်လေးက တောင်ပိုင်းမသေမျိုးပြည်နယ်ကို ကိစ္စတစ်ခုနဲ့ သွားတာပါ အခု သူ မရှိတုန်း နှင်းခဲရေအင်ပါယာက သံတမန် ရောက်လာတာကို ဘာလို့ ပြဿနာတွေ လျှောက်လုပ်နေရတာလဲ"

​လီတောက်ယဲ့က မျက်မှောင်ကြုတ်ကာ

"ဘာကို စိုးရိမ်နေတာလဲ နှင်းခဲရေအင်ပါယာဆိုတာအဆင့်(၈) အင်ပါယာလေး မဟုတ်လားကြောက်စရာ ဘာမှမရှိပါဘူး"

ဟု သူက ဆိုသည်။

" ချင်းဟဲ ဒါမှမဟုတ် ငါသာ သူ့ရှေ့မှာ ပေါ်လာလိုက်ရင် သူ ကြောက်လွန်းလို့ သေသွားလိမ့်မယ် အခု အရေးကြီးဆုံးက ချင်းဟဲကို ရှာဖို့ပဲ"

​"ဟမ်"

အားလုံး၏ မျက်နှာပေးများ အနည်းငယ် ပြောင်းလဲသွားပြီး ဖန်ချန်းယယက လီတောက်ယဲ့ကို အေးဆေးစွာ ကြည့်လိုက်သည်။

"မင်း ဆိုလိုတာက ဘာလဲ တောက်ယဲ့ မင်းနဲ့ ချင်းဟဲက နှင်းခဲရေအင်ပါယာမှာ နာမည်ကြီးလို့လား"

​"အဲဒီလိုတော့ မဟုတ်ပါဘူး ဒါပေမဲ့ ကျွန်တော်နဲ့ ချင်းဟဲက ဟိုယန် အင်ပါယာက လာတာလေ အဲဒါက အဆင့်(၆) အင်ပါယာပဲ မင်းတို့ပြောနေတဲ့ နှင်းခဲရေအင်ပါယာထက် အဆပေါင်းများစွာ ပိုပြီး အင်အားကြီးတယ်"

ဟု လီတောက်ယဲ့က ဆိုလိုက်သည်။

​အဆင့် (၆)အင်ပါယာ

​အားလုံး တုန်လှုပ်သွားကြပြီး ဖန်ချန်းယူ၏ မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။

သူတို့ကြားတွင် ထိုမျှ ဩဇာကြီးသော ပုဂ္ဂိုလ်နှစ်ဦး ပုန်းအောင်းနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ နှင်းခဲရေအင်ပါယာက လာသည့် သံတမန်မှာတော့ ပြဿနာအကြီးအကျယ် တက်တော့မည့် ပုံပင်....

​အခန်း ၉၄ - ဘယ်တော့မှ အရှုံးမပေးနဲ့

​အထက်အင်ပါယာတစ်ခုမှ စေလွှတ်လိုက်သော သံတမန်တစ်ဦး လာရောက်လည်ပတ်ခြင်းကို သာမန်ပြည်သူများက ဂရုစိုက်မည်မဟုတ်ဟု ထင်စရာရှိသော်လည်း အမှန်တကယ်တွင် ထိုသို့မဟုတ်ပေ။

အထက်အင်ပါယာတစ်ခုမှ သာမန်နိုင်ငံသားတစ်ဦးကိုပင် အထူးသတိထား ဆက်ဆံရမည်ဖြစ်သည်။ အဆင့်မြင့်အင်ပါယာတစ်ခုသည် အဆင့်နိမ့်အင်ပါယာများကို အလွယ်တကူ အပြတ်ရှင်းပစ်နိုင်စွမ်းရှိသည်။

မတော်တဆလုပ်ရပ်တစ်ခု သို့မဟုတ် စကားတစ်ခွန်းကြောင့်ပင် အင်ပါယာတစ်ခုလုံး ပျက်စီးသွားနိုင်သည့် အန္တရာယ်ရှိနေသည်။

​ရွှီဂီ က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် မေးလိုက်သည်။

"တောက်ယဲ့... မင်း တကယ်ပြောနေတာလား မင်းက တကယ်ပဲ အဆင့်(၆)အင်ပါယာက လာတာလား"

သူသည် ယုံရခက်နေပုံရသည်။

​"ငါက မင်းကို ဘာလို့ လိမ်ရမှာလဲ"

လီတောက်ယဲ့ က မကျေမနပ် ရေရွတ်လိုက်သည်။

"တကယ်တော့ အဆင့်(၆)အင်ပါယာဆိုတာ ဘာမှထူးခြားတာမဟုတ်ပါဘူး၊ ငါတို့အထက်မှာ အဆင့်(၅)၊ အဆင့် (၄)အင်ပါယာတွေတောင် ရှိသေးတယ်။ တစ်ဖက်ကကြည့်ရင် ငါတို့က မင်းတို့နဲ့ သိပ်မကွာခြားလှပါဘူး"

​သို့သော် ရွှီဂီက ထိုစကားကို မယုံဘဲ ဝမ်းသာအားရ ဖြစ်သွားသည်။

"ကွာခြားချက်က အကြီးကြီးပါ အနည်းဆုံးတော့ အခု အင်ပါယာက သခင်လေးကို ဖမ်းဖို့လုပ်ရင် နှစ်ခါပြန်စဉ်းစားရလိမ့်မယ်"

​ထိုစဉ် အပြင်ဘက်တွင် ရုတ်တရက် ဆူညံသံများ ထွက်ပေါ်လာပြီး ခဏအကြာတွင် လူတစ်ယောက် ခြံဝင်းထဲသို့ အလောတကြီး ပြေးဝင်လာကာ စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။

"ဒုတိယသခင်လေး ရှောင်ရှန်းချဲ နဲ့ နန်းတွင်းကိုယ်ရံတော်အဖွဲ့က ယန်ပေဟန် တို့ ရောက်လာပါပြီ သူတို့ လူတွေအများကြီး ခေါ်လာပြီး အိမ်တော်မှာရှိတဲ့ လူတိုင်းကို စစ်ဆေးဖို့ ခေါ်သွားချင်နေကြပါတယ်"

​ထိုစကားကို ကြားသောအခါ ဖန်းချန်းယူ ဒေါသပေါက်ကွဲသွားသည်။

သူသည် အလွန်အမင်း ဒေါသထွက်သွားသဖြင့် သူ၏ ဝှီးချဲပေါ်မှပင် ထရပ်မတတ် ဖြစ်သွားသည်။

ကံကောင်းထောက်မစွာဖြင့် သူ၏ တုန်ရီနေသော ခြေထောက်များကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။

"သူတို့ သေချင်နေကြတာလား ငါ့ရဲ့ ဖန်းအိမ်တော်ကို ဖျက်ဆီးဖို့ ကြိုးစားနေတာလား"

သူက ဟိန်းဟောက်လိုက်သည်။

​"သခင်မကြီးနဲ့ သခင်မလေးကို ဖမ်းသွားပါပြီ"

အစောင့်က အရေးတကြီး ပြောလိုက်သည်။

"ကျွန်တော်တို့ နဲ့ နန်းတွင်းကိုယ်ရံတော်တွေကို ယှဉ်လို့မရဘူး၊ သူတို့က လူအင်အား အများကြီး ပိုများတယ်။ ဒုတိယသခင်လေး... ဘာလုပ်ရမလဲဆိုတာ အမိန့်ပေးပါဦး"

​ဖန်းချန် ၏ မိခင်နှင့် ညီမဖြစ်သူ ဖမ်းဆီးခံရကြောင်း ကြားလိုက်ရသည့်အခါ ဟွမ်စီဟိုင် သည် သူ၏ဒေါသကို မထိန်းနိုင်တော့ဘဲ ရှေ့ရှိ လက်ဖက်ရည်ခွက်ကို ရိုက်ခွဲလိုက်သည်။

"တောက်"

​ရွှီဂီသည်လည်း ဒေါသဖြင့် မျက်လုံးများ နီမြန်းနေသည်။ ထျဲမ ၏ မျက်နှာသည်လည်း ပျက်ယွင်းသွားသည်။ လီတောက်ယဲ့ပင် ရုတ်တရက် အခြေအနေ ဆိုးရွားသွားမှုကြောင့် အံ့အားသင့်သွားရသည်။

​"ငါသွားပြီး အကုန်သတ်ပစ်မယ်"

ဟွမ်စီဟိုင်က ဟိန်းဟောက်ကာ အပြင်သို့ ပြေးထွက်ရန် ပြင်လိုက်သော်လည်း ဖန်းချန်းယိုက သူ့ကို တားဆီးလိုက်သည်။

​ဖန်းချန်းယူက သူ့ကို ဆွဲထားရင်း ပြောလိုက်သည်။

"စိတ်လိုက်မာန်ပါ မလုပ်နဲ့ အဘိုးကြီးဟွမ်။ ချန်အာ ပြန်လာတဲ့အထိ စောင့်ပါ။ သူပြန်မလာခင်မှာ ပြဿနာတွေ ပိုမကြီးထွားအောင် ထိန်းရမယ်"

​"ဒုတိယသခင်လေး... သူတို့က ကျွန်တော်တို့ကို ဒီလို ဗိုလ်ကျစိုးမိုးပြီး အိမ်တော်ကလူတိုင်းကို ဖမ်းသွားတာကို ဒီအတိုင်း ကြည့်နေရမှာလား"

ဟွမ်စီဟိုင်က ဒေါသတကြီး ပြောသည်။

​"အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ တည်ငြိမ်ဖို့ဆိုတာ ချန်အာရဲ့ ဆောင်ပုဒ်ပဲ။ အဘိုးကြီးဟွမ်... မင်း ဒေါသကို ပိုထိန်းဖို့ လိုတယ်"

ဖန်းချန်းယူက သတိပေးလိုက်ပြီးနောက် သက်ပြင်းတစ်ချက်ချကာ

"သွားကြစို့။ အပြင်ထွက်ကြည့်ရအောင်။ ရှောင်ရှန်းချဲနဲ့ ယန်ပေဟန်တို့ ဘာတွေကြံစည်နေလဲဆိုတာ ကြည့်ရသေးတာပေါ့"

​အပြင်ဘက်တွင် ဖန်အိမ်တော်မှာ ပရမ်းပတာ ဖြစ်နေပြီဖြစ်သည်။

ဖန်ချန်၏ မိခင်နှင့် ဖန်းကျစ်ရွှယ် တို့သည် များ၏ ဝိုင်းရံခြင်းကို ခံထားရပြီး အိမ်တော်ရှိ တပည့်များ၊ အစေခံများ၊ မိန်းမစိုးများနှင့် အိမ်ထိန်းများလည်း ပါဝင်သည်။

​ယန်ပေဟန်သည် သူတို့ရှေ့ရှိ ရာနှင့်ချီသော လူအုပ်ကြီးကို ကြည့်ကာ သက်ပြင်းအသာချရင်း ရှောင်ရှန်းချဲကို ကြည့်လိုက်သည်။

"ငါတို့ ဒါကို လုပ်လိုက်တဲ့အတွက် ဖန်းချန်ကို လုံးဝ အငြိုးထားစေတော့မှာပဲ"

​"ဧကရာဇ်ရဲ့ အမိန့်ကို ဘယ်သူက ဖီဆန်ရဲမှာလဲအမိန့်ကို မနာခံရင် ငါတို့ရဲ့ မိသားစုတစ်ခုလုံး သေဒဏ်ပေးခံရလိမ့်မယ်"

ဟု ရှောင်ရှန်းချဲက အေးစက်စွာ ပြောလိုက်သည်။

​"ကံကောင်းတာက ဖန်းချန် မြို့တော်မှာ မရှိဘူးမဟုတ်ရင် ဘာတွေဖြစ်လာမလဲ ငါ မစဉ်းစားရဲဘူး။ သူပြန်မလာခင် ဒီကိစ္စကို အမြန်ရှင်းနိုင်ဖို့ပဲ ငါ မျှော်လင့်တယ်"

ဟု ယန်ပေဟန်က တိုးတိုးလေး ရေရွတ်သည်။

​ထိုစဉ် ဖန်းချန်၏ မိခင်က သူတို့နှစ်ဦးကို ဒေါသတကြီး အော်ပြောလိုက်သည်။

"မင်းတို့ ဘာလုပ်ချင်နေတာလဲ ဒါက ဖန်းအိမ်တော်ပဲ လူတွေကို ဖမ်းချင်ရင် ခိုင်လုံတဲ့ အကြောင်းပြချက် ပေးရမယ်"

​ယန်ပေဟန်က နှုတ်ဆက်ကာ ရှင်းပြလိုက်သည်။

"သခင်မကြီးဖန်း... ကျွန်တော်တို့ တောင်းပန်ပါတယ်။ ဒါကို ကျွန်တော်တို့လည်း မလုပ်ချင်ပါဘူး။ ဒါပေမဲ့ နှင်းခဲရေအင်ပါယာက သခင်လေးက လူတိုင်းကို စစ်ဆေးဖို့ ချက်ချင်း ဖမ်းဆီးခိုင်းထားလို့ပါ"

​ နှင်းခဲရေအင်ပါယာ

​လူအုပ်ကြီး အံ့အားသင့်သွားသည်။ ၎င်းသည် အဆင့်မြင့်အင်ပါယာတစ်ခုဖြစ်သည်။

လုံတူးအင်ပါယာသည် နှင့် မဟာရှ အင်ပါယာများကို ထိန်းချုပ်ထားသည်။

အမှန်တကယ်တွင် မဟာရှ သည် နှင်းခဲရေအင်ပါယာသို့ နှစ်စဉ် အခွန်ပဏ္ဍာများစွာ ပေးဆောင်နေရသည်။

​ရှောင်ရှန်းချဲက ကြားထဲမှ ဝင်ပြောလိုက်သည်။

"ရိုးရိုးလေးပြောရရင် မင်းတို့ ဖန်းအိမ်တော်တော့ ပြဿနာကြီးပြီ ဖန်းချန် သတ်လိုက်တဲ့ နယ်စားလေး ကျိုးရှို့ဟာ နှင်းခဲရေအင်ပါယာက ကျိ မိသားစုနဲ့ ပတ်သက်မှုရှိတယ် အခု နှင်းခဲရေအင်ပါယာက တရားမျှတမှုအတွက် လာတောင်းဆိုနေတော့ ဧကရာဇ်က တစ်ခုခု လုပ်ရတော့မယ်။ မင်းတို့ ပူးပေါင်းဆောင်ရွက်ပေးဖို့ ငါ မျှော်လင့်ပါတယ်"

​"နှင်းခဲရေ အင်ပါယာက ဘယ်လိုဖြစ်ပြီး..."

​"ဟွန်း... သူတို့က ဘယ်လိုမျက်နှာနဲ့ မဟာရှ ထဲ ခြေလှမ်းလာရဲသေးတာလဲ! ငါတို့ မဟာရှနဲ့ ချင်စုန်း အင်ပါယာ တိုက်ပွဲဖြစ်တုန်းကတော့ သူတို့ ဝင်မပါခဲ့ဘူး သူတို့ လုပ်တတ်တာဆိုလို့ ငါတို့ဆီကနေ အခွန်ပဏ္ဍာတွေ နှစ်တိုင်း အများကြီး သိမ်းတာပဲ ရှိတယ် ငါတို့ အကူအညီ လိုအပ်နေချိန်မှာတော့ သူတို့က လျစ်လျူရှုထားခဲ့ကြတာ မဟုတ်လား"

​ဖန်းမိသားစုမှ လူငယ်တပည့်များမှာ ဒေါသထွက်နေကြသည်။

သူတို့ထဲမှ အများစုမှာ မိဘမဲ့များဖြစ်ကြပြီး သူတို့၏ ဖခင်များသည် ထာဝရသင်္ချိုင်းတွင် မြှုပ်နှံထားခြင်းခံရသူများ ဖြစ်သည်။

ပြင်ပကမ္ဘာက ဖန်းချန်ကို ဝေဖန်နေကြသော်လည်း ဖန်းမိသားစုသည် မဟာရှ အတွက် မည်မျှစတေးခဲ့ရသည်ကို သူတို့သာ သိကြသည်။

​အကယ်၍ ထိုစဉ်က နှင်းခဲရေအင်ပါယာကသာ ကြားဝင်စေ့စပ်ပေးခဲ့လျှင် မဟာရှ နှင့် ချင်စုန်းအင်ပါယာတို့အကြား ထိုကဲ့သို့ ကြီးမားသော စစ်ပွဲမျိုး ဖြစ်လာမည်မဟုတ်ပေ။

ယခုအခါ လုံတူး အင်ပါယာအတွက် တရားမျှတမှု လာတောင်းဆိုသည်ကို မြင်ရသောအခါ မည်သူက ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။

​"သခင်မကြီးဖန်း မင်းတို့လူတွေကို စကားပြော ဆင်ခြင်ခိုင်းလိုက်ပါ တကယ်လို့ နှင်းခဲရေ အင်ပါယာ သံတမန်က ဒီစကားတွေကို ကြားသွားရင် မင်းတို့ မိသားစုတစ်ခုလုံး အသတ်ခံရနိုင်တယ်"

ဟု ရှောင်ရှန်းချဲက အေးစက်စွာ ပြောသည်။

​ထိုအချိန်တွင် ဖန်းချန်းယူရောက်ရှိလာသည်။ ရွှီဂီက သူ၏ ဝှီးချဲကို တွန်းပေးလာသည်။ သူက ဟိန်းဟောက်လိုက်သည်။

"မင်းတို့ တော်တော် အတင့်ရဲပါလား ငါ့ရဲ့ ဖန်းမိသားစုကို အပြတ်ရှင်းမလို့လား ဒါ ငါတို့ရဲ့ မဟာရှ အင်ပါယာပဲ၊ နှင်းခဲရေအင်ပါယာ မဟုတ်ဘူး"

​ဟွမ်စီဟိုင်၊ ထျဲမနှင့် အခြားလူများကလည်း သူ့နောက်မှ ကပ်လိုက်လာကြသည်။

သူတို့သည် ဗိုက်ဆာနေသော ဝံပုလွေအုပ်ကဲ့သို့ ရဲရင့်သောဓားစောင့်တပ် နှင့် နန်းတွင်းကိုယ်ရံတော်များကို စိုက်ကြည့်နေကြသည်။

ရဲရင့်သောဓားစောင့်တပ်နဲ့ နှင့် နန်းတွင်းကိုယ်ရံတော်များပင် ဟွမ်စီဟိုင်နှင့် အခြား ထိပ်တန်းကိုယ်ခံပညာရှင်များကို အနားမကပ်ရဲကြပေ။

​ဖန်းချန်းယူက ဒေါသတကြီး သက်ပြင်းချလိုက်သည်။

"မင်းတို့ တကယ်ကို မလေးမစား လုပ်လွန်းတယ်။ ငါ့တူ အိမ်တော်ကို ပြန်လာတဲ့အထိ စောင့်ပြီးမှ လူလွှတ်လို့ မရဘူးလား"

​ရှောင်ရှန်းချဲက ပြန်ဖြေသည်။

"ဒုတိယသခင်ကြီးဖန်း ကျွန်တော်တို့ မစောင့်ချင်လို့ မဟုတ်ပါဘူး၊ နှင်းရေခဲ့ အင်ပါယာက သခင်လေးက မစောင့်နိုင်လို့ပါ"

​"ထားလိုက်ပါတော့"

ဖန်းချန်းယူက လူအုပ်ကို ဝေ့ကြည့်လိုက်ပြီး ဆက်ပြောသည်။

"အခု ဖန်းအိမ်တော်က လူတိုင်း ဒီမှာ ရောက်နေပြီဆိုတော့ မင်းတို့ ဘာလုပ်ချင်လဲ ပြောစမ်း ငါတို့အားလုံးကို ဝံပုလွေတွေဆီ ပစ်ကျွေးမလို့လား"

​"စစ်သူကြီးဖန်းကို နန်းတော်ကို ခေါ်သွားပါပြီ"

ရှောင်ရှန်းချဲက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"စစ်သူကြီး ဖန်းချန် မြို့ပြင်မှာ ရှိနေတယ်လို့ ကြားတယ်၊ သူပြန်လာတဲ့အထိ စောင့်ပါ့မယ်။ ဒါပေမဲ့... ဖန်းမိသားစုထဲက လူတစ်ယောက် လိုနေသေးတယ်"

ဟု ရှောင်ရှန်းချဲက ရေရွတ်လိုက်သည်။

​"လူတစ်ယောက် လိုနေသေးတယ် ဟုတ်လား"

လူတိုင်း အံ့အားသင့်သွားကြသည်။

​နောက်တစ်စက္ကန့်တွင် ဖန်းချန်းယူ၏ မျက်နှာ အေးစက်သွားပြီး အသံမှာလည်း တင်းမာသွားသည်။

"မင်း မိသားစုခေါင်းဆောင် ကို ပြောနေတာလား အဘိုးအိုက ကျင့်ကြံနေတာ နှစ်ပေါင်းများစွာ ကြာပြီ၊ သူက ချီထိန်းချုပ်ခြင်းအဆင့် ရဲ့ အတားအဆီးကို ကျော်ဖြတ်ဖို့ ကြိုးစားနေတာ ဒီလို သေးဖွဲတဲ့ ကိစ္စမျိုးနဲ့ သူ့ကို သွားမနှောင့်ယှက်နိုင်ဘူး မင်းတို့ ဘာလုပ်ချင်နေတာလဲ"

​ဖန်းချန်၏ မိခင်ကလည်း ငေါက်ငမ်းလိုက်သည်။

"ဘယ်သူမှ အဘိုးဖန်းကို မနှောင့်ယှက်ရဘူးနှောင့်ယှက်တဲ့သူဟာ ငါတို့ ဖန်းမိသားစုရဲ့ ရန်သူပဲ။ ဖန်းမိသားစုမှာ လူတစ်ယောက် ကျန်နေသရွေ့ မင်းတို့ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး"

​"ငါတို့ အသေခံတိုက်မယ်"

ဖန်းမိသားစုမှ လူငယ်များနှင့် အစောင့်များက တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြသည်။

​"ဟူး..."

ရှောင်ရှန်းချဲက သက်ပြင်းအရှည်ကြီး ချလိုက်သည်။

"ငါ မင်းတို့ကို ပြောပြီးသားပဲ၊ ငါတို့က အမိန့်အတိုင်း လုပ်နေတာ။ ငါတို့မှာ တာဝန်မရှိဘူး"

ပြောပြီးနောက် သူက ဘေးရှိ အစောင့်များကို အချက်ပြလိုက်သည်

။ ဓားစောင့်တပ်မှူးများသည် အချက်ပြမှုကို မြင်သည်နှင့် ဖန်းအိမ်တော်၏ အနက်ရှိုင်းဆုံးနေရာ၊ အဘိုးအိုဖန်း ကျင့်ကြံနေသည့် တိတ်ဆိတ်သော ခြံဝင်းဆီသို့ အပြေးအလွှား သွားကြတော့သည်။

​ထိုမြင်ကွင်းကို မြင်သောအခါ ဖန်းချန်းယူ မထိန်းနိုင်တော့ဘဲ ဒေါသပေါက်ကွဲသွားသည်။

"ရှောင်ရှန်းချဲ မင်း တော်တော်လွန်နေပြီ မင်းလူတွေသာ အဲဒီခြံဝင်းထဲ ခြေတစ်လှမ်း ချကြည့်လိုက်၊ အဘိုးအိုကို နှောင့်ယှက်မိရင် ဒီနေ့ မင်းတို့ထဲက တစ်ယောက်မှ အရှင်ပြန်ထွက်သွားရမှာ မဟုတ်ဘူး"

​ဟွမ်စီဟိုင်၏ မျက်နှာတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာပြီး သူ၏ လက်ဆစ်များကို ချိုးလိုက်ရာ သတ်ဖြတ်လိုသော အသံများ ထွက်ပေါ်လာသည်။

ရွှီဂီနှင့် ထျဲမတို့ကလည်း သူတို့၏ ဓားများကို ဆွဲထုတ်ကာ ရှောင်ရှန်းချဲကို စိုက်ကြည့်လိုက်ကြသည်။

​ရှောင်ရှန်းချဲ၏ မျက်လုံးထဲတွင် အလင်းတစ်ခု ဖြတ်ပြေးသွားသည်။

"မင်းတို့ ပုန်ကန်မလို့လား"

​ယန်ပေဟန်ကတော့ စိတ်ထဲတွင် သက်ပြင်းချမိသည်။ သူသည် အခြေအနေများကို ထိုအဆင့်အထိ မရောက်စေလိုခဲ့ပေ။

​"ငါ့အမိန့်ကို နားထောင်စမ်း အမိန့်ကို ဖီဆန်တဲ့သူမှန်သမျှ သတ်ပစ်"

ရှောင်ရှန်းချဲက ဟိန်းဟောက်လိုက်သည်။

​ရှပ်

​ရဲရင့်သောဓားစောင့်တပ်များသည် သူတို့၏ လက်နက်များကို ထုတ်လိုက်ကြပြီး နှစ်ဖက်စလုံးမှာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်ကာ အသေအလဲ တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသည်။

​ထိုစဉ် အသံအိုကြီးတစ်ခု လေထဲတွင် ပျံ့လွင့်လာသည်။

"ဘာဖြစ်လို့ ဒီလောက် ဆူညံနေကြတာလဲ"

​ရိုးရှင်းသော ဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦး ပေါ်လာသောအခါ ထိုနေရာရှိ လူတိုင်း၏ မျက်လုံးများတွင် အံ့အားသင့်မှုများ ဖြတ်ပြေးသွားသည်။

​အဘိုးအိုဖန်း ကျင့်ကြံခြင်းမှ အမှန်တကယ် ထွက်လာခဲ့ပြီ

All Chapters