အခန်း (၉၅-၉၆)
Vol. 10 Ch. 95-96
အခန်း ၉၅ - ဖန်းကျန့်ထျန်း
သူတို့ရှေ့တွင် ပေါ်လာသော အဘိုးအိုမှာ ရိုးရှင်းသောအဝတ်အစားများကို ဝတ်ဆင်ထားသည်။ မျက်နှာတစ်ခုလုံး အရေးအကြောင်းများဖြင့် ပြည့်နှက်နေပြီး အားနည်းပုံပေါက်သော်လည်း ထိုနေရာရှိ မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့ကို လျှော့မတွက်ရဲကြပေ။
ရောက်ရှိလာသူမှာ ဧကရာဇ် သုံးဆက်တိုင်တိုင် အုပ်ချုပ်မှုကို ဖြတ်သန်းလာခဲ့သည့် ဝါရင့်ပုဂ္ဂိုလ်ကြီး ဖန်းကျန့်ထျန်း ဖြစ်သည်။ သူ၏ ဝါရင့်မှုမှာ တရားရေးဝန်ကြီး ကျန်းယွီရှု ထက်ပင် သာလွန်သည်။
သူ၏ ငယ်စဉ်အခါက သူသည် ကြောက်မက်ဖွယ်ကောင်းသော စစ်သည်တော်တစ်ဦးဖြစ်ခဲ့ပြီး ယခုမဟာရှ အင်ပါယာပိုင်ဆိုင်သည့် နယ်မြေအတော်များများကို သိမ်းပိုက်ပေးခဲ့သူလည်း ဖြစ်သည်။
သူသည် ထူးချွန်သော ကိုယ်ခံပညာပါရမီရှိပြီး ချီထိန်းချုပ်ခြင်းအဆင့် ၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သော်လည်း နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့သည့် ဒဏ်ရာဟောင်းများကြောင့် ချီအမြုတေအဆင့် သို့ တက်လှမ်းနိုင်မည့် နောက်ဆုံးခြေလှမ်းတွင် အဟန့်အတားဖြစ်ခဲ့ရသည်။
ဖန်းကျန့်ထျန်းသည် သက်လတ်ပိုင်းအရွယ်သို့ ရောက်သောအခါ စောစီးစွာ အနားယူကြောင်း ကြေညာခဲ့ပြီး စစ်ဘက်ဆိုင်ရာ အာဏာ ၉၉ ရာခိုင်နှုန်းကို စွန့်လွှတ်ခဲ့သည်။
ထိုအချိန်တွင် အားကောင်းမောင်းသန်အရွယ် ဖြစ်နေကြသည့် ဖန်းချန်းဟိုင် နှင့် ဖန်းချန်းယူ တို့က တာဝန်ယူခဲ့ကြသည်။
သူတို့သည် စစ်တပ်တွင် တက်သစ်စကြယ်ပွင့်များ ဖြစ်လာခဲ့ကြသော်လည်း ဖန်းကျန့်ထျန်းနှင့် နှိုင်းယှဉ်လျှင် ကိုယ်ခံပညာပါရမီနှင့် ဦးဆောင်မှုပိုင်းတွင် အလှမ်းကွာနေသေးရာ ဖန်းမိသားစုမှာ တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့သည်။
သို့သော် ဖန်းချန် ပေါ်လာသောအခါ အခြေအနေမှာ တစ်ဖန် ပြန်လည်ပြောင်းလဲသွားခဲ့သည်။
ဖန်းချန်သည် အချိန်တိုအတွင်း စစ်တပ်တွင် နေရာတစ်နေရာ ရရှိခဲ့ခြင်းမှာ ဖန်းကျန့်ထျန်း၏ ကျန်ရှိနေသေးသော သြဇာအရှိန်အဝါကြောင့်လည်း ပါဝင်သည်ဟု အားလုံးက သိထားကြသည်။
ဝါရင့်စစ်သူကြီးများက ဖန်းချန်ကို မြင်သောအခါ ဖန်းကျန့်ထျန်း ငယ်ရွယ်စဉ်က ပုံရိပ်ကို ပြန်မြင်ယောင်နေကြသကဲ့သို့ပင်။
ရှောင်ရှန်းချဲ နှင့် ယန်ပေဟန် တို့သည် ဖန်းကျန့်ထျန်းကို မြင်သောအခါ မသိစိတ်ဖြင့် နောက်သို့ တစ်လှမ်းဆုတ်သွားကြပြီး မျက်နှာများ တည်ကြည်သွားကြသည်။ သူတို့မျက်လုံးထဲတွင် သံသယများဖြင့် ပြည့်နှက်နေသည်။
အကယ်၍ အဘိုးအိုဖန်းသည် ကျင့်ကြံခြင်းမှ ထွက်လာပြီဆိုလျှင် သူသည် ချီအမြုတေအဆင့် သို့ အမှန်တကယ် ပေါက်မြောက်သွားပြီလား
သို့မဟုတ်... သူ ကျရှုံးသွားခြင်းလား
ဖန်းကျန့်ထျန်းကို မြင်ရသောအခါ ဖန်းချန်းယူ၏ မျက်နှာတွင် ဝမ်းသာရိပ်များ ဖြတ်ပြေးသွားပြီး
"အဖေ... အဖေ တကယ်ပဲ အဆင့်တက်သွားပြီလား"
ဟု အလျင်အမြန် မေးလိုက်သည်။
ဖန်းကျန့်ထျန်းက ထိုမေးခွန်းကို မဖြေဘဲ သူ့ကို ဆူပူလိုက်သည်။
"ငါမရှိတုန်း မင်း ဘယ်လိုဖြစ်ပြီး ဝှီးချဲပေါ် ရောက်နေရတာလဲ ဒီကောင်စုတ်လေး မင်းကို အေးအေးဆေးဆေး အိမ်ထောင်ပြုပြီး မိသားစုထူထောင်ဖို့ ငါမပြောခဲ့ဘူးလား၊ ဒါပေမဲ့ မင်းက ငါ့စကားကို နားမထောင်ဘဲ ဇွတ်လုပ်တယ် ကြည့်စမ်း... မင်းသာ မိန်းမကောင်းတစ်ယောက် ရှာခဲ့ရင် အပြင်မှာ လျှောက်သွားရင်း ခြေထောက်တွေ ဒီလိုဖြစ်လာမှာ မဟုတ်ဘူး"
ဖန်းချန်းယူ၏ မျက်နှာ အနည်းငယ် ပျက်သွားသည်။
ဖန်းချန်းယူ ဆူပူခံနေရသည်ကို ကြည့်ပြီး ယန်ပေဟန် တစ်ယောက် အားနာစိတ်ဖြစ်သွားရသည်။
အဘယ်ကြောင့်ဆိုသော် ဖန်းချန်းယူ ခြေထောက်မသန်စွမ်းဖြစ်ရခြင်း၏ အဓိက အကြောင်းရင်းမှာ သူကိုယ်တိုင် ဖြစ်နေသောကြောင့်ပင်...
"အဖေ..."
ဖန်းချန်၏ မိခင်သည် အဘိုးအိုကို တွဲကူရန် အမြန်ရှေ့တက်လာသည်။ ဖန်းကျစ်ရွှယ်ကလည်း သူမကို ကူညီပေးသည်။ သူတို့နှစ်ယောက်က ဖန်းကျန့်ထျန်းကို ဘေးတစ်ဖက်တစ်ချက်စီမှ တွဲပေးလိုက်ကြသည်။
"မြေးမလေး... မင်း ချီပေါက်ကွဲခြင်းအဆင့် ကို ရောက်နေပြီပဲ တော်တယ် ငါ့ဖန်းအိမ်တော်က မိန်းကလေးတွေထဲမှာ မင်းက ပါရမီအရှိဆုံးပဲ"
ဖန်းကျန့်ထျန်းက ဖန်းကျစ်ရွှယ်ကို ပြုံးပြီး ချီးကျူးလိုက်သည်။
ဖန်းကျစ်ရွှယ်၏ မျက်နှာတွင် ဂုဏ်ယူရိပ်များ ပေါ်လာပြီး
"အဘိုး... မြေးမလေး နောက်ဆိုရင် ချီထိန်းချုပ်ခြင်းအဆင့် ကို သေချာပေါက် ရောက်အောင်လုပ်မှာပါ"
ဟု ပြောလိုက်သည်။
ဖန်းကျန့်ထျန်းက ဖန်းကျစ်ရွှယ်၏ ခေါင်းကို အသာအယာ ပုတ်လိုက်ကာ
"ကောင်းတယ်၊ သိပ်ကောင်းတယ်။ အဲဒီနေ့ရောက်တာကို ငါ မြင်ချင်ပါသေးတယ်"
ဟု ဆိုသည်။
ထို့နောက် ဖန်းကျန့်ထျန်းက ဖန်းချန်၏ မိခင်ကို ကြည့်ကာ
"ချန်းဟိုင်ရော ဘယ်မှာလဲ"
ဟု မေးသည်။
"သူ့ကို နန်းတော်က ဖိတ်ကြားထားတယ်လို့ ပြောပါတယ်"
ဖန်းချန်၏ မိခင်က တည်ငြိမ်စွာ ဖြေကြားပြီး အခြေအနေအားလုံးကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။
ဖန်းချန်၏ ကျင့်ကြံခြင်း ပြန်လည်ကောင်းမွန်လာကြောင်း ကြားသောအခါ ဖန်းကျန့်ထျန်းသည် ချက်ချင်း ဝမ်းသာသွားပြီး မျက်လုံးများ တောက်ပလာသည်။
"အော်... ချန်အာ ကျင့်ကြံခြင်း ပြန်ရပြီလား။ ဒါ သတင်းကောင်းပဲ"
ဖန်းချန်းယူက သူ၏ ဝှီးချဲကို အနီးသို့ လှိမ့်လာပြီး
"အဖေ... ချန်အာက ကျင့်ကြံခြင်း ပြန်ရရုံတင်မကဘူး၊ အရင်ထက်တောင် ပိုသန်မာလာသေးတယ်။ အဖေ ကျင့်ကြံခြင်းထဲမှာ ဆက်နေဖို့ မလိုတော့ပါဘူး"
ဟု ဖြည့်စွက်ပြောသည်။
လွန်ခဲ့သော ငါးနှစ်က ဖန်းချန် ဒဏ်ရာရခဲ့စဉ်က ဖန်းကျန့်ထျန်းသည် အခြားရွေးချယ်စရာမရှိဘဲ ကျင့်ကြံခြင်းထဲသို့ ဝင်ခဲ့ရခြင်းဖြစ်သည်။
ဖန်းကျန့်ထျန်းက ထိုအကြောင်းကို ဘာမှပြန်မပြောဘဲ
"ချန်အာ ဘယ်မှာလဲ"
ဟုသာ မေးလိုက်သည်။
"ချန်အာက တောင်ပိုင်းဒေသမှာ ကိစ္စတစ်ခုရှိလို့ ထွက်သွားပါတယ်။ သူ ဘယ်တော့ပြန်လာမလဲဆိုတာ ကျွန်မတို့လည်း မသိပါဘူး"
ဟု ဖန်းချန်၏ မိခင်က တိုးတိုးလေး ပြောသည်။
"တောင်ပိုင်းဒေသက ကိုယ်ခံပညာရှင်တွေနဲ့ ပြဿနာတက်နေတာလား"
ဟု ဖန်းကျန့်ထျန်းက တစ်ဦးတည်း ရေရွတ်လိုက်သည်။
"အဲဒီလူတွေက ကိုင်တွယ်ရ မလွယ်ဘူး ဒါပေမဲ့ ချန်အာကတော့ ဖြေရှင်းနိုင်မှာပါ"
ခဏအကြာတွင် ဖန်းကျန့်ထျန်းက ရှောင်ရှန်းချဲ နှင့် ယန်ပေဟန် တို့ကို ကြည့်ကာ
"ဧကရာဇ်က ဘာမိန့်မှာလိုက်လဲ"
ဟု မေးသည်။
"ဧကရာဇ်က ဖန်းမိသားစုဝင် အားလုံးကို ထာဝရငြိမ်းချမ်းရေး ခန်းမ ကို လာဖို့ အမိန့်ပေးထားပါတယ် ကျိုးရှို့ သေဆုံးမှုအတွက် အင်ပါယာက သူကောင်းမျိုးတွေက တာဝန်ယူပေးဖို့ တောင်းဆိုနေကြလို့ပါ"
ဟု ရှောင်ရှန်းချဲက လေးနက်သော အသံဖြင့် ပြောသည်။
"နှင်းရေခဲ အင်ပါယာက ဘယ်သူ့ကို လွှတ်လိုက်တာလဲ"
ဖန်းကျန့်ထျန်းက ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
"ကျိမိသားစုက အထင်ကရ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ကျိလင်ယွီ ပါ"
ဟု ရှောင်ရှန်းချဲက ဆိုသည်။
"ဧကရာဇ်မှာလည်း ရွေးချယ်စရာ မရှိပါဘူး ဖန်းချန် သတ်လိုက်တဲ့ ကျိုးရှို့ဟာ ကျိမိသားစုရဲ့ သွေးပါတဲ့ နယ်စား တစ်ယောက် ဖြစ်နေလို့ နှင်းရေခဲအင်ပါယာက ဝင်ပါလာတာပါ"
"ကျိမိသားစုလား အိပ်မက်ဆိုး မြင်းစီးစစ်သည်တော်များ ကို တည်ထောင်ခဲ့တဲ့ မိသားစုလား"
ဖန်းကျန့်ထျန်း မျက်မှောင်ကြုတ်သွားသည်။
"ငါ ငယ်ငယ်က အဲဒီ စစ်သည် တွေနဲ့ တစ်ခါ ရင်ဆိုင်ဖူးတယ်။ သူတို့ကို လျှော့တွက်လို့ မရဘူး"
ထိုစကားကို ကြားသောအခါ အားလုံး အံ့အားသင့်သွားကြသည်။
ရှောင်ရှန်းချဲ နှင့် ယန်ပေဟန် တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး 'ဖန်းမိသားစုရဲ့ အဘိုးအိုက တကယ်ပဲ အဲဒီလောက် အစွမ်းထက်တာလား သူက တကယ်ပဲ ကြောက်မက်ဖွယ်ကောင်းတဲ့ စစ်သည်တွေနဲ့ ရင်ဆိုင်ခဲ့ဖူးတာလား' ဟု ကိုယ်စီ တွေးနေမိကြသည်။
"ဧကရာဇ်က ငါတို့ကို သွားစေချင်တယ်ဆိုရင်လည်း သွားကြတာပေါ့"
ဖန်းကျန့်ထျန်းက အေးအေးဆေးဆေးပင် ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ကိစ္စတွေကို ရှင်းအောင် လုပ်ရမှာပဲ"
ထိုစကားကြောင့် ဟွမ်စီဟိုင် နှင့် အခြားလူများသည် တိုက်ခိုက်ရန် စိတ်ကူးကို ဖျောက်ပစ်လိုက်ကြသည်။
တကယ်လို့ ဖန်းကျန့်ထျန်း၏ အမိန့်ကို ဖီဆန်ပါက ဖန်းချန် ပြန်လာသောအခါ သူတို့ကို သေချာပေါက် ဆုံးမမည်ကို သိနေကြသောကြောင့်ဖြစ်သည်။
"ဒါနဲ့... ချန်အာ ပြန်လာရင် ပြောပြဖို့ တစ်ယောက်ယောက်ကို ဒီမှာ ထားခဲ့လိုက်"
ဟု ဖန်းကျန့်ထျန်းက ရှောင်ရှန်းချဲကို ပြောသည်။
နျူးကျူး က ချက်ချင်း ဝင်ပြောသည်။
"ကျွန်တော် နေခဲ့ပါ့မယ် စစ်သေနာပတိ"
ရှောင်ရှန်းချဲက သူ့ကို တစ်ချက်ကြည့်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။
"ကောင်းပြီ... မင်း နေခဲ့တော့"
ဖန်းအိမ်တော် အပြင်ဘက်တွင် လူအုပ်ကြီး စုဝေးနေသည်မှာ ကြာပြီဖြစ်သည်။
ဓားစောင့်တပ်များကြောင့် ဖြစ်ပေါ်လာသော ဆူညံသံများကြောင့် ဘာဖြစ်နေသနည်းဆိုသည်ကို ဖုံးကွယ်ထားရန် မဖြစ်နိုင်တော့ပေ။
ဖန်းအိမ်တော်ရှေ့က လမ်းမကြီးပေါ်တွင် လူများ ပြည့်နှက်နေသည်။ လူအုပ်ထဲတွင် အခြားမိသားစုများမှ အစေခံများလည်း ပါဝင်သည်။ အားလုံးက ဘာတွေဖြစ်နေလဲဆိုတာ သိချင်နေကြသည်။
နောက်ဆုံးတွင် ဖန်းမိသားစုဝင်များကို စစ်တပ်၏ ခြံရံမှုဖြင့် ခေါ်ထုတ်လာသည်ကို မြင်သောအခါ လူထုမှာ အံ့သြတုန်လှုပ်သွားကြသည်။
"နှင်းရေခဲအင်ပါယာက ဖန်းမိသားစုရဲ့ သွေးမျိုးဆက်ကို အပြတ်ရှင်းဖို့ ကြံနေတာလား အစေခံတွေနဲ့ မိန်းမစိုးတွေကိုပါ ခေါ်သွားကြတာလား"
"စစ်သူကြီး ဖန်းချန်ရော ဘယ်မှာလဲ ဘာလို့ မမြင်ရတာလဲ"
လူအုပ်ကြီးသည် ရုတ်တရက် ဒေါသများ ထွက်လာကြသည်။ ရွှီဂီ နှင့် အခြားလူများပင် စိတ်လှုပ်ရှားလာကြသည်။ ကံကောင်းထောက်မစွာပင် သူတို့သည် စိတ်လိုက်မာန်ပါ တိုက်ခိုက်ခြင်းကို ထိန်းချုပ်နိုင်ခဲ့ကြသည်။
"နှင်းရေခဲ ယအင်ပါယာက တာဝန်ယူခိုင်းဖို့ လာတာလို့ ငါမပြောဘူးလား မဟာရှ ဧကရာဇ်ကလည်း ငြိမ်နေမှာ မဟုတ်ဘူး။ ဖန်းမိသားစုတော့ သွားပြီ"
"အဲဒီ အဘိုးကြီးက ဘယ်သူလဲ"
"အင်း... ဖန်းမိသားစုရဲ့ အဘိုးအို များလား"
"ဒီတစ်ခါတော့ သူတို့ တကယ် အတည်လုပ်နေပုံပဲ"
"ဒါပေါ့ မဟာ အင်ပါယာက နှင်းရေခဲအင်ပါယာကို မလိမ်ရဲပါဘူး"
"ဖန်းချန်ကို ဘာလို့ မမြင်ရတာလဲ"
"သူ မြို့တော်က ထွက်သွားတယ်လို့ ကြားတယ်"
"အဲဒီကောင် နှင်းရေခဲအင်ပါယာ လာမှာကို ကြိုသိလို့ အရင် ပြေးသွားတာလား"
မလှမ်းမကမ်းတွင် ကုဟယ် နှင့် ယီကျိုး မှ ပညာရှိများက ဖန်းမိသားစုဝင်များကို ညွှန်ပြပြီး တိုးတိုးတိုးတိုး ပြောဆိုနေကြသည်။
အခြားတစ်ဖက်တွင်တော့ ထောင်ယွီ နှင့် ရဲချင်းဟဲ ဦးဆောင်သော မဟာရှ ၏ လူငယ်မျိုးဆက်သစ်များက လမ်းပေါ်တွင် စုဝေးကာ ထိုမြင်ကွင်းကို ကြည့်နေကြသည်။
"သူတို့က ဖန်းမိသားစုရဲ့ အဘိုးအိုကိုတောင် ကျင့်ကြံခြင်းကနေ ထွက်လာအောင် ဖိအားပေးလိုက်တာလား"
ရဲချင်းဟဲ အနည်းငယ် အံ့အားသင့်သွားသည်။
သူသည် ဖန်းကျန့်ထျန်းနှင့် ပတ်သက်သည့် ပုံပြင်များစွာကို သူ့ဖခင်ထံမှ ကြားဖူးသည်။
ဖန်းကျန့်ထျန်း၏ ဘဝဇာတ်ကြောင်းမှာ ဖန်းချန်နှင့် များစွာ ဆင်တူသည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကိုတောင် ကျင့်ကြံခြင်းကနေ ထွက်လာအောင် လုပ်နိုင်ခဲ့ကြသည်
"ဒီတစ်ခါတော့ ဖန်းမိသားစု တကယ် ဒုက္ခရောက်ပြီ"
ထောင်ယွီက မျက်မှောင်ကြုတ်လိုက်သည်။
"တကယ်လို့ ဖန်းမိသားစုသာ တကယ် အပြတ်ရှင်းခံရမယ်ဆိုရင် မဟာရှ ရဲ့ စစ်အင်အားက သေချာပေါက် ကျဆင်းသွားလိမ့်မယ် ငါတို့စစ်တပ်ရဲ့ စိတ်ဓာတ်တွေလည်း အောက်ဆုံးကို ထိုးကျသွားမှာပဲ"
"ဒါပေမဲ့ ထောင်ယွီ ဒါက ကောင်းတဲ့အချက် မဟုတ်ဘူးလား ဖန်းမိသားစုဝင်တွေက ဗိုလ်ကျစိုးမိုးတတ်တဲ့ လူတွေပဲ။ သူတို့ မရှိတော့တာက ငါတို့ အင်ပါယာအတွက် ကောင်းချီးတစ်ခု ဖြစ်လာနိုင်တာပဲ"
"ဟုတ်တယ်... ဖန်းချန်က ပြဿနာပဲ ရှာတတ်တာဒါက သူလုပ်ခဲ့တဲ့ ကံတရားကို သူပြန်ခံစားရတာပဲ ဒါပေမဲ့ သူက ငါတို့ကိုပါ ဆွဲထည့်သွားတာတော့ မတရားဘူး။ သူလုပ်ခဲ့တာကြောင့် မဟာရှ တောင်နှင်းရေခဲအင်ပါယာရဲ့ အပြစ်တင်တာ ခံနေရတယ်"
လူငယ်များစွာက ပြောဆိုကြသော်လည်း သူတို့၏ စကားများမှာ မနာလိုစိတ်ကြောင့် ပြောခြင်းသာ ဖြစ်သည်။
သူတို့နှင့် အသက်အရွယ်တူသော်လည်း သူတို့ မလိုက်နိုင်သော အောင်မြင်မှုများကို ရရှိထားသည့် ဖန်းချန်ကို သူတို့ မနာလိုဖြစ်နေကြခြင်းပင်။
ထောင်ယွီက ထိုစကားများကို ကြားသောအခါ ရွံရှာသော မျက်နှာပေးဖြင့်
"မင်းတို့တွေက လူအတွေပဲ"
ဟု ခေါ်လိုက်သည်။
"ဖန်းချန်နဲ့ ငါတို့ကြားက ပြဿနာက မဟာရှ ရဲ့ ပြည်တွင်းရေးပဲ ဖန်းမိသားစု ပျက်စီးသွားတာ ကောင်းတယ်လို့ မင်းတို့ တကယ် ထင်နေတာလားအကယ်၍ လုံတု အင်ပါယာက ငါတို့ကို လာတိုက်ရင် ဘယ်သူက တားမှာလဲ"
လူအုပ်ကြီး ခဏတာ ဆွံ့အသွားသည်။ ရဲချင်းဟဲက ထောင်ယွီကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"အခုခေတ်မှာ စစ်တပ်ထဲမှာ ပါရမီရှင်တွေ အများကြီး ရှိပါတယ်။ သူတို့က ဖန်းချန်ရဲ့ အရိပ်အောက်မှာ ရောက်နေလို့သာ။ ဖန်းမိသားစု ပြိုလဲသွားရင် တိုင်းပြည်ကို ကာကွယ်ဖို့ တစ်ယောက်ယောက် ပေါ်လာမှာပါ"
ထောင်ယွီက ခေါင်းကို အသာခါလိုက်သည်။
"ချင်းဟဲ... အကယ်၍ မဟာရှ က အပြင်က ရန်သူတွေရဲ့ ခြိမ်းခြောက်မှု မရှိဘူးဆိုရင်တော့ ဖန်းမိသားစု ပြိုလဲတာက ငါတို့အတွက် ကောင်းနိုင်ပါတယ်။ ဒါပေမဲ့ ကံမကောင်းတာက မင်းတို့ ဘယ်သူမှ မြင်ကွင်းကျယ်ကို မမြင်ကြဘူး ဖန်းမိသားစု ပြိုလဲလို့ မဖြစ်ဘူး အနည်းဆုံးတော့... ဒီနေ့တော့ ပြိုလဲလို့ မဖြစ်ဘူး"
ရဲချင်းဟဲက တစ်ခုခု ပြန်ပြောရန် ပြင်လိုက်သော်လည်း သူ အံ့သြတုန်လှုပ်စွာဖြင့် အော်လိုက်မိသည်။
"ဟေး မဟာ တောက်ပသောဌာန ယက လူတွေလည်း ရောက်လာကြပြီဟ"
အခန်း ၉၆ - အားလုံး ဖယ်ပေးကြစမ်း
လမ်းမပေါ်တွင် မဟာရှ ၏ ဓားစောင့်တပ်များနှင့် နန်းတွင်းကိုယ်ရံတော်များ၏ ခေါ်ဆောင်ရာနောက်သို့ လိုက်ပါလာသည့် ဖန်းမိသားစုဝင်များကြောင့် လူပင်တိုးမပေါက်အောင် စည်ကားနေပြီဖြစ်သည်။
ယခုအခါ မဟာတောက်ပသောဌာန မှ လူများပါ ထပ်မံရောက်ရှိလာသောအခါ လမ်းမကြီးမှာ ပို၍ပင် ပိတ်ဆို့သွားတော့သည်။
ရှောင်ရှန်းချဲ က လက်ကိုအသာမြှောက်ကာ အားလုံးကို ရပ်တန့်ရန် အချက်ပြလိုက်သည်။
ထို့နောက် ရောက်ရှိလာသော အုပ်စုကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ အခြားသူမဟုတ်ဘဲ မဟာတောက်ပသောဌာန ကို တာဝန်ယူထားသည့် ပဉ္စမမြောက်မင်းသား ပင် ဖြစ်သည်။
"ပဉ္စမမင်းသား..."
ရှောင်ရှန်းချဲ က လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
"ဘာကိစ္စများ ရှိလို့ပါလဲ..."
"မင်းက ဒီကို အပျော်လာကြည့်တာလား၊ ကောင်စုတ်လေး"
ဟု ဖန်းကျန့်ထျန်း က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
ပဉ္စမမင်းသားသည် စိတ်အားထက်သန်စွာဖြင့် ချဉ်းကပ်လာသည်။
သူသည် ရှောင်ရှန်းချဲ ကို စကားတစ်ခွန်းမျှ မပြောဘဲ ကျော်ဖြတ်သွားကာ ဖန်းကျန့်ထျန်း ၏ ရှေ့တွင် ရပ်လိုက်ပြီ
း "အို! အဘိုးအို ကျင့်ကြံခြင်းကနေ ထွက်လာတာကို ကျွန်တော်မျိုးက ဘယ်လိုလုပ် မကြိုဆိုဘဲ နေနိုင်မှာလဲ"
ဟု ဆိုသည်။ ထို့နောက် သူ၏လူများဘက်သို့ လှည့်ကာ
"မင်းတို့က ဘာရပ်ကြည့်နေတာလဲ အဘိုးအိုနဲ့ ဖန်းမိသားစုဝင်တွေကို မဟာတောက်ပသောဌာန ဆီ အမြန်ခေါ်သွားကြစမ်း!"
ဟု အမိန့်ပေးလိုက်သည်။
မဟာတောက်ပသောဌာန မှ အရာရှိများသည် ချက်ချင်း ရှေ့တိုးလာပြီး ဓားစောင့်တပ်များနှင့် နန်းတွင်းကိုယ်ရံတော်များထံမှ လူများကို လွှဲပြောင်းရယူရန် ပြင်ကြသည်။
ရှောင်ရှန်းချဲ နှင့် ယန်ပေဟန် တို့ နှစ်ဦးစလုံး ဆွံ့အသွားကြသည်။ ဖြစ်ပျက်နေသည်ကို မြင်သောအခါ ရှောင်ရှန်းချဲ ၏ မျက်နှာ ပျက်သွားပြီး
"ပဉ္စမမင်းသား... ဒါက လုပ်ထုံးလုပ်နည်းနဲ့ မညီပါဘူး"
ဟု ညည်းတွားလိုက်သည်။
ပဉ္စမမင်းသားက မျက်မှောင်ကြုတ်ကာ ပြင်းထန်သော အသံဖြင့် ပြောလိုက်သည်။
"လုပ်ထုံးလုပ်နည်း ဘယ်လိုလုပ်ထုံးလုပ်နည်းလဲ အဘိုးအိုနဲ့ ငါ မတွေ့ရတာ နှစ်အတော်ကြာပြီ။ သူ့ကို ပြန်လည်ဆုံတွေ့ဖို့ မဟာတောက်ပသောဌာန ဆီ ဖိတ်လို့မရဘူးလား အကယ်၍ ဧကရာဇ်က သူ့ကိုရော မိသားစုဝင်တွေကိုရော တွေ့ချင်တယ်ဆိုရင် ခဏနေရင် ငါကိုယ်တိုင် ခေါ်လာခဲ့မယ်လို့ပဲ ပြောလိုက်"
"ဒါတော့ မဖြစ်ဘူး"
ရှောင်ရှန်းချဲ က ခေါင်းကိုအသာခါလိုက်သည်။
"ဧကရာဇ်က သူတို့ကို ထာဝရငြိမ်းချမ်းရေး ခန်းမ ကို ချက်ချင်းခေါ်လာဖို့ မိန့်မှာထားပါတယ်။ နှင်းရေခဲ အင်ပါယာက အဆင့်မြင့်အရာရှိက သူတို့ကို စောင့်နေပါတယ်"
"ဖန်းမိသားစုဝင်အားလုံးက အရာရှိရာထူးတွေ ရထားတဲ့သူတွေပဲ သူတို့ကို ဖမ်းဖို့လိုတယ်ဆိုရင်လည်း မဟာတောက်ပသောဌာန က လူတွေပဲ လုပ်ရမှာပေါ့။ ဒါက မင်းတို့ ဓားစောင့်တပ်တွေနဲ့ ဘာဆိုင်လို့လဲ"
ပဉ္စမမင်းသားက မျက်မှောင်ကြုတ်ကာ ထောက်ပြလိုက်သည်။
"ဘာလဲ ရှောင်ရှန်းချဲ မင်း မှတ်ဉာဏ်တွေ ချို့ယွင်းနေတာလား မင်းတို့ အစောင့်တွေက မြို့တွင်းပိုင်းထဲမှာ ဘာအလုပ်မှမရှိဘူး၊ ဒီက အရာရှိတွေရဲ့ ကိစ္စကို ကိုင်တွယ်ဖို့ မင်းတို့မှာ အခွင့်အာဏာ မရှိဘူး"
ထို့နောက် သူက ယန်ပေဟန် ကို ကြည့်ကာ ပြစ်တင်သည့်လေသံဖြင့် ပြောပြန်သည်။
"တပ်မှူးယန် မင်းတို့လည်း အဆင့်ကျော်နေပြီ ဒီမှာ ဘာလုပ်နေတာလဲ ဘာလို့ နန်းတော်မှာနေပြီး ကာကွယ်မနေတာလဲ မင်းတို့ကို အရာရှိတွေကို ဖမ်းဖို့ ဘယ်သူက ခွင့်ပြုလိုက်လို့လဲ"
ထိုစကားကို ကြားသောအခါ ယန်ပေဟန် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။
ပဉ္စမမင်းသားသည် ဖန်းမိသားစု ကို လုယူရန် ရောက်လာခြင်းဖြစ်ကြောင်း လူအုပ်က သဘောပေါက်သွားကြသည်။
သူသည် ဖမ်းဆီးရသည့် အကျိုးအမြတ်ကို လိုချင်၍ မဟုတ်ကြောင်းမှာလည်း သိသာလှသည်။
မလှမ်းမကမ်းမှ ရဲချင်းဟဲ က မကျေမနပ် ရေရွတ်လိုက်သည်။
"နှင်းရေခဲ အင်ပါယာ သံတမန် ရှိနေတာတောင် ပဉ္စမမင်းသား က ဖန်းမိသားစု ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး သူ့ရဲ့ ဒီလုပ်ရပ်တွေက မဟာရှ ကိုပဲ အကျပ်ရိုက်စေလိမ့်မယ်"
"သူက ဖန်းချန် ပြန်လာပြီး ဖြေရှင်းနိုင်အောင် အချိန်ဆွဲပေးနေတာပဲ"
ဟု ထောင်ယွီ က တည်ငြိမ်စွာ မှတ်ချက်ပေးသည်။
"သူ ဘယ်လိုပဲ ကြိုးစားကြိုးစား အလကားပဲ နှင်းရေခဲ အင်ပါယာရဲ့ ရှေ့မှာတော့ ဖန်းချန် ဆိုတာ ဘာမှမဟုတ်ဘူး"
ရှောင်ရှန်းချဲ သည် ပဉ္စမမင်းသား၏ စိတ်ရင်းအမှန်ကို ထိုအချိန်တွင် ခန့်မှန်းမိသွားပြီဖြစ်ရာ သူက ကောင်းစေလိုသော စေတနာဖြင့်
"မင်းသား... မင်းသား အချိန်ဆွဲပေးနေတာကို ကျွန်တော် သိပါတယ် နားလည်းလည်ပေးနိုင်ပါတယ် ဒါပေမဲ့ ဒီကိစ္စက သိပ်အရေးကြီးလွန်းတယ် မဟာရှ အင်ပါယာရဲ့ မင်းသားတစ်ပါးအနေနဲ့ နှင်းရေခဲ အင်ပါယာက ကျွန်တော်တို့ကို စစ်တိုက်လာတာကို မင်းသား မြင်ချင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်"
ဟု ယဉ်ကျေးစွာ အကြံပေးလိုက်သည်။
ထိုစကားကို ကြားသည်နှင့် ပဉ္စမမင်းသား ဒေါသပေါက်ကွဲသွားသည်။
"မင်း ဘာတွေ လျှောက်ပြောနေတာလဲ"
ဟု အော်ဟစ်လိုက်သည်။
"မဟာတောက်ပသောဌာန က လူတွေကို ဖမ်းဆီးတာက လုံးဝ တရားဝင်တယ် မင်းက ဘာလို့ နှင်းရေခဲ အင်ပါယာကို ဆွဲထည့်နေတာလဲ မင်းက နှင်းရေခဲ အင်ပါယာရဲ့ အရာရှိလား၊ ဒါမှမဟုတ် ငါတို့ မဟာရှ အင်ပါယာရဲ့ အရာရှိလား"
သူတို့၏ တပ်မှူးသည် ပဉ္စမမင်းသား၏ ငေါက်ငမ်းခြင်းကို ခံနေရသည်ကို မြင်သောအခါ ဓားစောင့်တပ်သားများသည် သူတို့၏ လက်နက်ရိုးများကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကြပြီး မျက်လုံးထဲတွင် ဒေါသရိပ်များ ဖြတ်ပြေးသွားသည်။
"မင်းသား ပြန်လိုက်ပါတော့"
ဖန်းကျန့်ထျန်း က တည်ငြိမ်စွာ ပြောလိုက်သည်။
"နောင်တစ်ချိန် အချိန်ရရင် ဖန်းအိမ်တော် ကို လာခဲ့ပါ၊ ငါတို့ လက်ဖက်ရည် အတူသောက်ကြတာပေါ့။ ဒီနေ့ကတော့ အချိန်မကောင်းဘူး"
"မဟုတ်ဘူး အခုက အချိန်အကောင်းဆုံးပဲ"
ပဉ္စမမင်းသားက ဇွတ်အတင်း ပြောသည်။ သူသည် ရှောင်ရှန်းချဲ ဘက်သို့ ပြန်လှည့်ကာ
"ဒီနေ့ ငါ အဘိုးအိုနဲ့ အတိတ်ကြောင်းတွေ ပြန်ပြောဖို့ စီစဉ်ထားတယ်။ ဘယ်သူမှ ငါ့ကို တားလို့မရဘူး"
ဟု ခိုင်ခိုင်မာမာ ပြောလိုက်သည်။
ထိုအခါမှ ရှောင်ရှန်းချဲ နှင့် ယန်ပေဟန် တို့ သဘောပေါက်သွားကြသည်။ နှစ်ပေါင်းများစွာ ကြာသွားပြီဖြစ်သော်လည်း၊ အေးအေးဆေးဆေး နေထိုင်လာခဲ့သော်လည်း ဖန်းကျန့်ထျန်း ၏ ဂုဏ်သတင်းမှာ မည်မျှ ကြီးမားသနည်းဆိုလျှင် ပဉ္စမမင်းသားပင်လျှင် သူ့အတွက် အချိန်ဆွဲပေးရန် အသက်ကို ရင်းရဲသည်အထိပင်
ထိုစဉ် နောက်ထပ် လူတစ်စု အပြေးအလွှား ရောက်လာပြန်သည်။
"မင်းသား... မဟာတောက်ပသောဌာန က ဒီကို မလာသင့်ဘူး"
သူတို့ကို တရားရေးဝန်ကြီး ကျန်းယွီရှု က ဦးဆောင်လာခြင်းဖြစ်သည်။
ပဉ္စမမင်းသားသည် သူ့ကို မြင်သောအခါ အံ့အားသင့်သွားသည်။
"အဘိုးကြီးကျန်း... ဒါက ဘာဖြစ်တာလဲ"
"ဖန်းမိသားစု ဟာ ရာဇဝတ်မှု အတော်များများနဲ့ ပတ်သက်နေတယ်ဆိုတဲ့ သတင်းကို ကျွန်တော်တို့ ရထားပါတယ်။ ဒါကြောင့် သူတို့ကို စကားပြောဖို့ တရားရေးဝန်ကြီးဌာန ဆီ ဖိတ်ချင်ပါတယ်"
ရှောင်ရှန်းချဲ နှင့် ယန်ပေဟန် တို့ လုံးဝ ဆွံ့အသွားကြသည်။
ပဉ္စမမင်းသားသည်လည်း သူ၏နားကိုပင် မယုံနိုင်အောင် ဖြစ်သွားရပြီး
"အဘိုးကြီးကျန်း... မင်း ဘာလုပ်နေတာလဲ"
ဟု ထပ်မံ မေးလိုက်မိသည်။
ကျန်းယွီရှု ၏ မျက်နှာမှာ တည်ကြည်နေပြီး ဘာကိုမှ ခန့်မှန်း၍ မရနိုင်ပေ။
ပဉ္စမမင်းသားက ထူးဆန်းသော အကြည့်ဖြင့် ကြည့်ကာ
"ကောင်းပြီလေ... ဒါဆိုရင်တော့ ငါ မတားတော့ဘူး။ မင်း သူတို့ကို ခေါ်သွားနိုင်တယ်"
ဟု ပြောလိုက်သည်။
ရှောင်ရှန်းချဲ သည် နောက်ဆုံးတွင် သူ၏ဒေါသကို မထိန်းနိုင်တော့ဘဲ ပေါက်ကွဲထွက်သွားသည်။
"မင်းတို့ ငါ့ကို လူအမှတ်နေတာလား"
ဟု အော်ဟစ်လိုက်သည်။
"မင်းတို့ နှစ်ယောက်စလုံး ဧကရာဇ်ရဲ့ ခွင့်ပြုချက်မပါဘဲ ဒီကို လာတာ မဟုတ်လာ တကယ်လို့ ဧကရာဇ်သာ သိသွားရင် မင်းတို့ရဲ့ ရာထူးတွေ မြဲမှာမဟုတ်ဘူး မင်းတို့ မိသားစုတွေပါ ဒုက္ခရောက်ကုန်လိမ့်မယ်"
"ငါ့ရဲ့ ရာထူးက အဲဒီလောက် တန်ဖိုးရှိလို့လား မင်း လိုချင်ရင် ယူလိုက်လေ"
ကျန်းယွီရှု က ရှောင်ရှန်းချဲ ကို ကြည့်ပြီး အသာအယာ ပြုံးလိုက်သည်။
ရှောင်ရှန်းချဲ ထိုစကားကို ကြားသောအခါ အံ့အားသင့်ပြီး စကားမပြောနိုင်တော့ပေ။
နောက်တစ်ခဏတွင် လမ်းမပေါ်၌ မြင်းခွာသံများ ပြင်းပြင်းထန်ထန် ထွက်ပေါ်လာသည်။
လူအုပ်ကြီးက ထိုအသံလာရာသို့ လှည့်ကြည့်လိုက်သောအခါ စစ်သားတစ်စု ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။
သူတို့၏ ဝတ်စုံများကို ကြည့်ခြင်းအားဖြင့် သူတို့သည် မတူညီသော စစ်စခန်းအသီးသီးမှ လာကြခြင်းဖြစ်ကြောင်း သိသာလှသည်။
သူတို့သည် ယူနီဖောင်းဝတ်စုံများဖြင့် ဖြစ်ပျက်နေသည်ကို စိုက်ကြည့်နေကြသည်။ သူတို့ စကားမပြောသော်လည်း မမြင်ရသော ဖိအားတစ်ခုမှာ သူတို့ထံမှ ထွက်ပေါ်နေသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ရှောင်ရှန်းချဲ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ဖန်းကျန့်ထျန်း ဘက်သို့ လှည့်ကာ
"အဘိုးကြီး... မင်းရဲ့ ဖန်းအိမ်တော် က တကယ်ပဲ ပုန်ကန်ဖို့ ကြံနေတာလား"
ဟု မေးလိုက်သည်။
ဖန်းကျန့်ထျန်း အနားယူသွားသည်မှာ နှစ်အတော်ကြာပြီဖြစ်သလို ဖန်းချန် သည်လည်း သုံးလောကတောင် တွင် ရှုံးနိမ့်ခဲ့ဖူးသဖြင့် စစ်တပ်အတွင်း ဖန်းမိသားစု ၏ သြဇာအာဏာ ကျဆင်းသွားပြီဟု သူတို့ ထင်ခဲ့ကြသည်။
သို့သော် ယခု မြင်တွေ့နေရသော မြင်ကွင်းမှာ သူတို့ကို ထိတ်လန့်သွားစေသည်။
ရောက်လာသော စစ်သားများထဲတွင် ရှောင်ရှန်းချဲ သိသော တပ်မှူးအချို့ ပါဝင်နေသည်။
ထိုတပ်မှူးများသည် အမြဲတမ်း ဖန်းမိသားစု ကို ဝေဖန်လေ့ရှိပြီး ဖန်းချန် ၏ အပြုအမူများကို မကျေနပ်ကြောင်း ဖော်ပြလေ့ရှိသူများ ဖြစ်သည်။
ယခုမူ သူတို့ အားလုံး ရောက်လာကြပြီ။ အခြေအနေကို ကြည့်ရသည်မှာ ဖန်းကျန့်ထျန်း က စကားတစ်ခွန်း ပြောလိုက်သည်နှင့် သူတို့သည် နန်းတော်ဘက်သို့ ဓားဦးလှည့်ရန် အသင့်ဖြစ်နေကြပုံရသည်။
'ဒီမြေခွေးအိုကြီးတွေ'
ရှောင်ရှန်းချဲ စိတ်ထဲမှ ကျိန်ဆဲမိလိုက်သည်။ ဒီနေ့ ကုန်ဆုံးသွားပြီးနောက် မြို့တော်၏ အခြေအနေကို ပြန်လည် သုံးသပ်ရမည်ဟု သူ ခံစားလိုက်ရသည်။
ဖန်းမိသားစု ကို အမှန်တကယ် ဆန့်ကျင်နေသူ မည်မျှရှိပြီး မည်မျှမှာ ဟန်ပြသက်သက်သာ ဖြစ်သည်ကို သူတို့ သိအောင် လုပ်ရပေမည်
"မင်းတို့အားလုံး..."
ဖန်းကျန့်ထျန်း က တဟားဟား ရယ်မောလိုက်ပြီးနောက် တည်ကြည်သော မျက်နှာပေးဖြင့်
"အားလုံး ဖယ်ပေးကြစမ်း"
ဟု အမိန့်ပေးလိုက်သည်။
ပဉ္စမမင်းသားက ခဏတာ ဝေခွဲမရဖြစ်သွားပြီးနောက် အသာအယာ ခေါင်းငြိမ့်ပြကာ မဟာတောက်ပသောဌာန နှင့်အတူ အမြန်ထွက်ခွာသွားသည်။
ကျန်းယွီရှု က ဖန်းကျန့်ထျန်း ကို လေးစားစွာ နှုတ်ဆက်ပြီး သူ၏လူများနှင့်အတူ ထွက်သွားသည်။ အနီးနားရှိ တပ်မှူးများသည်လည်း တိတ်တဆိတ် ပျောက်ကွယ်သွားကြသည်။
ထိုမြင်ကွင်းက ရှောင်ရှန်းချဲ နှင့် ယန်ပေဟန် တို့၏ နှလုံးသားထဲသို့ အေးစိမ့်မှုကို ပေးစွမ်းလိုက်သည်။ စောစောက မြင်ကွင်းမှာ သူတို့၏ စိတ်ကူးယဉ်မှုများသာလားဟုပင် သူတို့ တွေးမိသွားကြသည်။
ဖန်းကျန့်ထျန်း က သူတို့နှစ်ဦးကို ပြုံးပြလိုက်သည်။
"မင်းတို့နှစ်ယောက်... သွားကြစို့"
သူတို့ နှစ်ဦးစလုံး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အသာအယာ ခေါင်းငြိမ့်ကာ နောက်ဆုံးတွင် ဖန်းမိသားစု ကို နန်းတော်ဆီသို့ ဦးဆောင်ခေါ်သွားကြတော့သည်။
ရဲချင်းဟဲ နှင့် အဖွဲ့မှာ အံ့အားသင့်နေကြသည်။
"မယုံနိုင်စရာပဲ..."
ဒီနေ့တွင် သူတို့သည် မြို့တော်အတွင်း
"ဖန်းကျန့်ထျန်း"
ဟူသော အမည်၏ အလေးချိန်ကို အမှန်တကယ် သဘောပေါက်သွားကြပြီ ဖြစ်သည်။
ထောင်ယွီ ၏ မျက်လုံးများတွင်လည်း စဉ်းစားခန်း ဝင်နေပုံရသည်။
"တကယ်လို့ အဘိုးကြီးဖန်း သာ ချီအမြုတေအဆင့် ကို တက်လှမ်းနိုင်ခဲ့မယ်ဆိုရင်ကိစ္စတွေက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်တယ်"
ဖန်းအိမ်တော်တွင်...
နျူးကျူး သည် အိမ်ရှေ့တွင် စိုးရိမ်တကြီး ရပ်နေပြီး ဟိုဟိုဒီဒီ ကြည့်နေသည်။
သူ၏ အပြုအမူကို ကြည့်ပြီး သူ၏ လက်အောက်ငယ်သားများက
"တပ်မှူးနျူး. ဖန်းမိသားစု က နှင်းရေခဲ အင်ပါယာကို စော်ကားထားတာနော် စစ်သူကြီးဖန်း နဲ့ သိပ်နီးနီးကပ်ကပ် မနေတာ ပိုကောင်းမယ်ထင်တယ်"
ဟု တိုးတိုးလေး ပြောလိုက်ကြသည်။
"မင်းတို့ ကောင်စုတ်လေးတွေ ဘာသိလို့လဲ"
နျူးကျူး က သူတို့ကို ခဏတာ ဆူပူလိုက်သည်။ သူသည် အချိန်မဖြုန်းဘဲ သူတို့ကို လျစ်လျူရှုကာ စိုးရိမ်တကြီးဖြင့် ဟိုဒီ လမ်းလျှောက်နေပြန်သည်။
"နျူးကျူး... မင်း ဒီမှာ ဘာလုပ်နေတာလဲ"
အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
နျူးကျူး ဝမ်းသာသွားပြီး မော့ကြည့်လိုက်သောအခါ ဖန်းချန်၊ နတ်သမီးယွီ နှင့် မယ်သီလရှင် ချင်းဟဲ တို့ကို တွေ့လိုက်ရသည်။