← Chapters

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

​အခန်း ၉၉ - စစ်ရေးလေ့ကျင့်မှု

​ဖန့်ချန် ခန်းမအတွင်းသို့ လျှောက်လှမ်းလာသည်ကို လူတိုင်းက အကြည့်မလွှဲဘဲ စောင့်ကြည့်နေကြသည်။

​လီတောက်ယဲ့ ၏ နံဘေးသို့ ရောက်သောအခါ ဖန့်ချန် ရပ်လိုက်ပြီး မဟာရှ ဧကရာဇ်ကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။ ထို့နောက် လီတောက်ယဲ့ ဘက်သို့ လှည့်ကာ

“သူတို့ကို ခြောက်လှန့်နေတာ တော်တော့”

ဟု ပြောလိုက်သည်။

​လီတောက်ယဲ့ က နှာခေါင်းရှုံ့ရင်း သူ၏ မီးတောက်ကို ငြှိမ်းသတ်လိုက်သည်။

“ဖန်ချန် ဒီကောင်က တော်တော်လွန်တာပဲ ငါ့ကို ခေါင်းဖြတ်မယ်တောင် ပြောသေးတယ် ငါ့ကို ခေါင်းဖြတ်မယ် ဟုတ်လား ငါ့ရဲ့ အဆင့်အတန်းက ဘယ်ရောက်သွားလို့လဲ သူကိုယ်သူ ဘယ်သူထင်နေတာလည်း.”

​လီတောက်ယဲ့ ၏ စကားများတွင် အထက်တန်းကျသော အင်ပါယာမှ လာသူတစ်ဦး၏ စက်ဆုပ်ရွံရှာမှုနှင့် အထင်အမြင်သေးမှုများ သိသိသာသာ ပါဝင်နေသည်။

​ခန်းမအတွင်းရှိ လူတိုင်း သူ၏ အသံထဲမှ အထင်သေးမှုကို ခံစားမိကြသည်။

ဤသည်မှာ ကျိလင်ယွီ သူတို့ကို ဆက်ဆံခဲ့သည့် ပုံစံမျိုးပင် ဖြစ်ပြီး၊ ယခုမူ ကျိလင်ယွီ ကိုယ်တိုင် ထိုခံစားချက်ကို တုံ့ပြန်ခံစားနေရပြီဖြစ်သည်။

​ကျိလင်ယွီ ၏ မျက်နှာမှာ ဖြူလျော်သွားပြီးနောက် စိမ်းဖန့်သွားသည်။ သူ၏နောက်ကွယ်မှ အိပ်မက်ဆိုး မြင်းစီးစစ်သည်တော်များသည်လည်း ဒေါသနှင့် ကြောက်ရွံ့မှုတို့ ရောပြွမ်းနေသော်လည်း ဖန့်ချန် နှင့် လီတောက်ယဲ့ တို့ကို သံသယများဖြင့်သာ စိုက်ကြည့်နေကြသည်။

​ဖန့်ချန် က သူ့ကို ပြုံးပြလိုက်သည်။

“ဒါကို ငါပဲ ကိုင်တွယ်လိုက်မယ်။”

ထို့နောက် သူက ကျိလင်ယွီ ဘက်သို့ လှည့်ကာ

“မင်းက နှင်းရေခဲ အင်ပါယာက ကျိလင်ယွီ မဟုတ်လား”

​“ဟုတ်တယ်၊ ငါပါပဲ”

ဟု ကျိလင်ယွီ က အလောတကြီးမရှိဘဲ ပြန်ဖြေသည်။

​ဖန့်ချန် က ဆက်မေးသည်။

“ကျိုးရှို့ မှာ မင်းတို့ ကျိမိသားစု ရဲ့ သွေးပါနေတယ်လို့ ငါ ကြားထားတယ်”

​ကျိလင်ယွီ သည် လီတောက်ယဲ့ ကို တစ်ချက်ကြည့်လိုက်ရာ သူ၏မျက်လုံးထဲတွင် ဝေခွဲမရမှုများ ရှိနေသည်။ ထို့နောက် အတော်ကြာ တိတ်ဆိတ်နေပြီးမှ သူက ပြန်ဖြေလိုက်သည်။

“သူက ငါတို့ ကျိမိသားစု ရဲ့ သွေးနှော တစ်ယောက်ပါပဲ”

​ထိုစကားကို ကြားသောအခါ လူအုပ်ကြီးမှာ တစ်ဦးကိုတစ်ဦး ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်ကြသည်။

ထိုသည်မှာ စောစောက ကျိလင်ယွီ ပြောခဲ့သော စကားလုံးမျိုး မဟုတ်ပေ။

​မဟာရှ အင်ပါယာ၏ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများမှာ အံ့အားသင့်သွားကြသည်။ ကျိလင်ယွီ သည် အမှန်တကယ်ပင် လီတောက်ယဲ့ ကို ကြောက်လန့်နေခြင်းပင်

​ဖန့်ချန် က ခေါင်းငြိမ့်လိုက်သည်။

“အော် သွေးနှောတစ်ယောက်ပဲလား လူ့အသက်ကို မြက်ပင်လေးတစ်ပင်လို သဘောထားတာ မဆန်းပါဘူး ကြည့်ရတာ သူက အဆုံးအမ မရှိခဲ့ဘူး ထင်တယ်။”

ဖန့်ချန် က ခန်းမရှေ့ရှိ အလောင်းကို ကြည့်ကာ ဆက်ပြောသည်။

“ဒါ ကျိုးရှို့ ရဲ့ အလောင်းလား ဒီ ထာဝရငြိမ်းချမ်းရေး ခန်းမ ဆီ ဘယ်သူ ယူလာတာလဲ ဒီခန်းမဟာ မြင့်မြတ်ပြီး ခန့်ညားထည်ဝါတဲ့ နေရာပဲ ဒီလို ညစ်ပတ်တဲ့ အရာတွေကို ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ”

​လူတိုင်း ထိုစကားကို ကြားသောအခါ ရှောင်းရှန်းချဲ ကို တစ်ချက်ကြည့်၊ ဧကရာဇ်ကို တစ်ချက်ကြည့်နှင့် ဖြစ်နေကြသည်။

သို့သော် အများစုမှာ ကျိလင်ယွီ ၏ တုံ့ပြန်မှုကိုသာ စောင့်ကြည့်နေကြသည်။

​ဖန့်ချန် ၏ မေးခွန်းကို မည်သူမျှ မဖြေကြပေ။

​အလောင်းကို ဖယ်ရှားရန် မည်သူမျှ မလှုပ်ရှားသည်ကို မြင်သောအခါ ဖန့်ချန် ၏ နဖူးတွင် အရေးအကြောင်း အနည်းငယ် ထင်သွားပြီး ယခုတစ်ကြိမ်တွင် တိုက်ရိုက်ပင် အမိန့်ပေးလိုက်သည်။

“ရှောင်းရှန်းချဲ မင်း ဘာရပ်ကြည့်နေတာလဲ ဒီညစ်ပတ်တဲ့အရာကို အပြင်ကို လွှင့်ပစ်လိုက်စမ်း”

​ရှောင်းရှန်းချဲ ခဏတာ ကြောင်အသွားသည်။ သူက ဧကရာဇ်ကို တစ်ချက်ကြည့်လိုက်ရာ ဧကရာဇ်က အသာအယာ ခေါင်းငြိမ့်ပြသဖြင့် သူကိုယ်တိုင် သွားရောက်၍ ကျိုးရှို့ ၏ အလောင်းကို ခန်းမအပြင်ဘက်သို့ လွှင့်ပစ်လိုက်တော့သည်။

​ထိုဖြစ်စဉ်တစ်ခုလုံးတွင် ကျိလင်ယွီ မှာ တိတ်ဆိတ်နေပြီး သူ၏နောက်မှ အိပ်မက်ဆိုး မြင်းစီးစစ်သည်တော်များမှာလည်း လက်တစ်ဖျစ်ပင် မလှုပ်ရှားရဲကြပေ။

​ထိုအချိန်တွင်မှ ဧကရီ၏ နှုတ်ခမ်းထက်၌ အပြုံးတစ်ခု ပေါ်လာသည်။ ဖန့်ချန် သည် အဆင့်(၆) အင်ပါယာမှ လူတစ်ဦးနှင့် မည်သို့ မိတ်ဆွေဖြစ်သွားသနည်းဆိုသည်ကို သူမ မသိသော်လည်း ယခုအခါ အခြေအနေမှာ ပြောင်းပြန် ဖြစ်သွားပြီဖြစ်ကြောင်း သူမ သိလိုက်သည်။

ဖန့်မိသားစု သည် အဖိနှိပ်ခံရသည့် အခြေအနေတွင် မရှိတော့ပေ။

​အလောင်းကို ဖယ်ရှားပြီးနောက် ဖန့်ချန် က ဖန့်ကျန့်ထျန်း ကို ကြည့်ကာ မေးလိုက်သည်။

“အဘိုး... အဘိုးကို ကျင့်ကြံခြင်းကနေ အတင်းအကျပ် ထွက်လာအောင် လုပ်ခဲ့ကြတာလား”

​ရှောင်းရှန်းချဲ နှင့် ယန်ပေဟန် တို့ တုန်လှုပ်သွားကြပြီး သူတို့၏ မျက်နှာများ ပျက်သွားသည်။

ဖန့်ကျန့်ထျန်း စကားမပြောရသေးမီမှာပင် ဖန့်ချန် က ဟွမ်စီဟိုင် နှင့် ထျဲမ ဘက်သို့ လှည့်ကာ မေးလိုက်သည်။

“ဘယ်သူက သူ့ကို ကျင့်ကြံခြင်းကနေ ထွက်လာအောင် လုပ်တာလဲ”

သူ၏ အသံမှာ စူးရှနေသည်။

“အဘိုးက အသက်ကြီးပြီး မကျန်းမမာ ဖြစ်နေသလို၊ ခန္ဓာကိုယ်မှာလည်း ဒဏ်ရာဟောင်းတွေ ပြည့်နေတာကို သူတို့ သိကြတယ် သူက ကျန်ရှိတဲ့ နှစ်အနည်းငယ်လေးကို အေးအေးဆေးဆေး ကျင့်ကြံရင်း ကုန်လွန်ချင်တာပါ သူတို့တွေ ရူးနေကြတာလား”

​ဟွမ်စီဟိုင် က ပြန်ဖြေသည်။

“သခင်လေး ရှောင်းရှန်းချဲ နဲ့ ယန်ပေဟန် တို့ပါ”

​“သူတို့ကို ပါးရိုက်စမ်း”

ဟု ဖန့်ချန် က အေးအေးဆေးဆေးပင် ပြောလိုက်သည်။

​“ဟုတ်ကဲ့”

ဟွမ်စီဟိုင် နှင့် ထျဲမ တို့က တစ်ပြိုင်နက် ခေါင်းငြိမ့်လိုက်ကြသည်။ နောက်တစ်စက္ကန့်တွင် တစ်ယောက်က ရှောင်းရှန်းချဲ အနားသို့၊ နောက်တစ်ယောက်က ယန်ပေဟန် အနားသို့ ရောက်ရှိသွားသည်။

သူတို့နှစ်ဦး စကားမပြောနိုင်ခင်မှာပင် လက်ကိုမြှောက်ကာ ပါးရိုက်လိုက်ကြသည်။ သူတို့က ရပ်မသွားဘဲ တစ်ချက်ပြီးတစ်ချက် ရိုက်နှက်နေသဖြင့် ပါးရိုက်သံများမှာ ခန်းမတစ်ခုလုံး ဟိန်းထွက်နေတော့သည်။

​ထိုနှစ်ဦးစလုံးမှာ ကြောင်အသွားသော်လည်း ပြန်မတိုက်ခိုက်ကြပေ။ ယင်းအစား ငြိမ်ခံနေကြသည်။

​အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိအားလုံး တိတ်ဆိတ်သွားကြသည်။ လီကော်ကျူး နှင့် ထောက်မင်ရှန့် တို့ပင် စကားမပြောရဲကြပေ။

​မဟာရှ ဧကရာဇ်သည် ဖန့်ချန် ကို စိုက်ကြည့်နေသည်။

​ဖန့်ချန် ကလည်း ဧကရာဇ်၏ အကြည့်ကို ပြန်လည်ရင်ဆိုင်လိုက်သည်။ သူ၏ မီးခိုးရောင်မျက်လုံးများသည် တည်ငြိမ်နေသော ရေပြင်ကဲ့သို့ပင်။

​ထာဝရငြိမ်းချမ်းရေး ခန်းမ တစ်ခုလုံးမှာ တိတ်ဆိတ်နေပြီး ဟွမ်စီဟိုင် နှင့် ထျဲမ တို့၏ လက်ဖဝါးများ ရှောင်းရှန်းချဲ နှင့် ယန်ပေဟန် တို့၏ မျက်နှာပေါ်သို့ ကျရောက်နေသည့် အသံများသာ ထွက်ပေါ်နေသည်။

​ဓားစောင့်တပ်များနှင့် နန်းတွင်းကိုယ်ရံတော်များမှာ စကားမပြောရဲဘဲ သူတို့၏ အထက်လူကြီးများ လူပုံအလယ်တွင် အရှက်ခွဲခံနေရသည်ကို ကြည့်နေကြရုံသာ တတ်နိုင်ကြသည်။

​ခဏအကြာတွင် ဧကရာဇ်က အကြည့်ကို လွှဲလိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

“ဖန့်ချန် သူတို့က အမိန့်ကို နာခံရုံတင်ပါ ငါ့အထင်တော့ ဒီလောက်နဲ့ပဲ တော်သင့်ပြီထင်တယ်”

​ဖန့်ချန် က ပြုံးပြီး ခေါင်းငြိမ့်လိုက်သည်။

“အရှင်မင်းကြီးက သူတို့ကို ခွင့်လွှတ်ပေးတယ်ဆိုမှတော့ ကျွန်တော်မျိုးလည်း ဒီလောက်နဲ့ပဲ ရပ်လိုက်ပါ့မယ်”

​ထိုသို့ပြောလိုက်သည်နှင့် ဟွမ်စီဟိုင် နှင့် ထျဲမ တို့ နောက်သို့ ဆုတ်လာကြသည်။

ရှောင်းရှန်းချဲ နှင့် ယန်ပေဟန် တို့၏ မျက်နှာများမှာ ဝက်တစ်ကောင်ကဲ့သို့ ဖူးရောင်နေပြီဖြစ်သည်။

သူတို့မှာ အားနည်းသည့်သူများ မဟုတ်ဘဲ အတွင်းအားဖြင့် ခံထားသော်လည်း ထိုသည်မှာ ချီထိန်းချုပ်ခြင်းအဆင့် ကျွမ်းကျင်သူများ၏ ရိုက်နှက်မှု မဟုတ်ပါလား

​အရာရှိများရော၊ ကြင်ယာတော်များပါ မြင်တွေ့နေရသည့် မြင်ကွင်းကြောင့် အလွန်တုန်လှုပ်နေကြသည်။ ခန်းမအလယ်တွင် ရပ်နေသည့် ပုံရိပ်ကို ကြောက်ရွံ့လေးစားစွာဖြင့် စိုက်ကြည့်နေကြသည်။

​ဖန့်ချန် ၏ လုပ်ရပ်များမှာ လွန်ကဲနေသည်ဟု ပြောနိုင်သော်လည်း ဧကရာဇ်ကိုယ်တိုင်ပင် ဘာမှမပြောပေ ဧကရာဇ်က ဘာမှမပြောသရွေ့ မည်သူက ပြောရဲမည်နည်း ထောက်မင်ရှန့် လား ဒါမှမဟုတ် လီကော်ကျူး လား

​လုံးဝ မပြောရဲကြပေ။

​လူတိုင်း ဤအခြေအနေ၏ အဓိပ္ပာယ်ကို နားလည်သွားကြပြီး ရှေ့မှ လူငယ်ကို အံ့သြတုန်လှုပ်စွာ ကြည့်နေကြသည်။

​ဖန့်မိသားစု ဝင်များမှာမူ အလွန်ပင် စိတ်သက်သာရာ ရသွားကြပြီး လူငယ်မျိုးဆက်များမှာ ဝမ်းသာအားရ ရယ်မောမိကြသည်။ သူတို့၏ မိဘများက လှမ်းကြည့်လိုက်မှသာ ငြိမ်သွားကြတော့သည်။

​ရှမိန် (အိမ်ရှေ့မင်းသား) ၏ မျက်နှာပျက်သွားပြီး ကြင်ယာတော်ဟွာ ၏ နောက်ကွယ်တွင် ပုန်းလိုက်သည်။ သူသည် ဖန့်ချန် ၏ လှုပ်ရှားမှုတိုင်းကို စိုက်ကြည့်ရင်း လီတောက်ယဲ့ ကိုလည်း တစ်ချက်တစ်ချက် ခိုးကြည့်ကာ အတွေးများ ရှုပ်ထွေးနေလေသည်။

​ဖန့်ချန် က ကျိလင်ယွီ ဆီသို့ ပြန်လည်အာရုံစိုက်လိုက်ပြီး တည်ငြိမ်စွာ မေးလိုက်သည်။

“ကျိလင်ယွီ... မင်း မဟာရှ ကို အိပ်မက်ဆိုး မြင်းစီးစစ်သည်တော် တပ်ဖွဲ့ကြီးနဲ့ လာတာက ကျိုးရှို့ အတွက် စကားပြောပေးဖို့လား”

​လူတိုင်း ချက်ချင်း တင်းမာသွားကြသည်။ အဓိက အပိုင်းသို့ ရောက်ရှိလာပြီဖြစ်သည်။

​ကျိလင်ယွီ က အသက်ရှူလိုက်ပြီးမှ ပြောသည်။

“ကျွန်တော်က လုံတု အင်ပါယာနဲ့ မဟာရှ အင်ပါယာကြားမှာ ပဋိပက္ခဖြစ်နေတယ်လို့ ကြားလို့ပါ။ ကျွန်တော်တို့ နှင်းရေခဲ အင်ပါယာက ဒါကို စိုးရိမ်မိတယ် ဒါကြောင့် လာကြည့်တာပါ မဟာရှ ရော လုံတု ရောက နှင်းရေခဲ အင်ပါယာရဲ့ လက်အောက်ခံနိုင်ငံတွေပဲလေ ဘယ်ဘက်ကပဲ ထိခိုက်ထိခိုက် ကျွန်တော်တို့ နှင်းရေခဲ အင်ပါယာမှာလည်း တာဝန်ရှိတယ်လေ...”

​“ဒါက တကယ်ကို စိုးရိမ်စရာပါပဲ မဟာရှ ကတော့ အဆင်ပြေပေမဲ့ ယီကျိုး ဘက်က အကျအဆုံးကတော့ တော်တော်များသွားတယ်”

ဟု ဖန့်ချန် က မှတ်ချက်ပေးလိုက်သည်။

​ယီကျိုး အင်ပါယာမှ ပညာရှိများမှာ ခွေးချေးကျွေးခံရသကဲ့သို့ မျက်နှာများ အလွန်ပင် အကျည်းတန်သွားကြသည်။

​ကျိလင်ယွီ က အပြင်ပန်းတွင် ပြုံးလိုက်ပြီး

“အဲဒါက ယီကျိုး အင်ပါယာက ညံ့လို့ပါပဲ။”

သူက ပေါ့ပေါ့ပါးပါးပင် ကြေညာလိုက်သည်။

“မဟာရှ အင်ပါယာကို နောက်ထပ် မနှောင့်ယှက်ဖို့ သူတို့ကို ကျွန်တော် ပြောလိုက်ပါ့မယ်။ အဆုံးမှာတော့ ငါတို့အချင်းချင်း ပြန်တိုက်နေကြတာက ရယ်စရာကြီး ဖြစ်နေလိမ့်မယ်။”

သူက ခဏရပ်ပြီးမှ ဆက်ပြောသည်။

“အော်... ဒါနဲ့ ချင်စုန်း အင်ပါယာကလည်း မင်းတို့ကို ဒုက္ခပေးနေတယ်လို့ ကြားတယ် ငါ အဲဒီဘက်ကိုပါ သွားပြီး သတိပေးလိုက်ပါ့မယ် ချင်စုန်း က နှင်းရေခဲ ရဲ့ လက်အောက်ခံ မဟုတ်ပေမဲ့ ငါ့မျက်နှာကိုတော့ သူတို့ ထောက်ထားကြမှာပါ”ား

​ထိုစကားကို ကြားသောအခါ အရာရှိများမှာ သက်ပြင်းချနိုင်သွားကြသည်။ ကျိလင်ယွီ က နောက်ဆုတ်သွားပြီဖြစ်သဖြင့် မဟာရှ အနေဖြင့် နှင်းရေခဲ အင်ပါယာ၏ အပြစ်တင်မှုကို ထပ်မံရင်ဆိုင်ရတော့မည် မဟုတ်ပေ။

​ထိုအရာအားလုံးမှာ အဆင့်(၆) အင်ပါယာမှ တာအိုဆရာကြောင့် ဖြစ်သည်... ၎င်းအပြင် သူက ဖန့်မိသားစု ၏ ဧည့်သည် ဖြစ်နေသည်...

​“အဲဒီလောက်အထိ မလိုပါဘူး။”

ဖန့်ချန် က ခေါင်းခါလိုက်ပြီး ကျိလင်ယွီ နောက်ကွယ်မှ အိပ်မက်ဆိုး မြင်းစီးစစ်သည်တော်များကို ကြည့်လိုက်သည်။

“မင်းက တကယ်ပဲ လာကြည့်ရုံသက်သက်လား မင်းရဲ့ စစ်သည်တွေကို လေ့ကျင့်ပေးဖို့ လာတာ မဟုတ်ဘူးလား”

​“စစ်သည်တွေကို လေ့ကျင့်ပေးဖို့ ဟုတ်လား”

​ခန်းမအတွင်းရှိ လူတိုင်း အံ့အားသင့်သွားကြသည်။

မှန်ပါသည်... အင်ပါယာ အသီးသီးသည် ပုံမှန် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လေ့ရှိကြသည်။

မဟာရှ အင်ပါယာမှာ လွန်ခဲ့သော ငါးနှစ်က ရှုံးနိမ့်ပြီးကတည်းက မပါဝင်တော့သော်လည်း ကုဟယ်၊ ယီကျိုး နှင့် အခြားအင်ပါယာများမှာ ပုံမှန် ပြုလုပ်ကြသည်။ ချင်စုန်း အင်ပါယာပင် တစ်ခါတစ်ရံ ပါဝင်လေ့ရှိသည်။

​ကျိလင်ယွီ ၏ မျက်လုံးများ လှုပ်ရှားသွားပြီး သူက သဘောတူလိုက်သည်။

“အော်... ဟုတ်သားပဲ၊ လေ့ကျင့်ဖို့ပေါ့”

သူက ထပ်ပြောသည်။

“ကျွန်တော် ဒီကိုလာတုန်းက အဲဒီစိတ်ကူးလည်း ရှိခဲ့တာ အမှန်ပါပဲ”

​“ဒါဆိုရင်တော့ အဆင်ပြေတာပေါ့ မဟာရှ စစ်ရေးလေ့ကျင့်မှု မလုပ်တာ ကြာပြီ ဘာလို့ မဟာရှ စစ်သားတွေကို မင်းတို့ နှင်းရေခဲ အင်ပါယာရဲ့ အိပ်မက်ဆိုး မြင်းစီးစစ်သည်တော်တွေနဲ့ လက်ရည်စမ်းခိုင်းရမှာလဲ”

ဟု ဖန့်ချန် က ပြုံးပြီး အကြံပေးလိုက်သည်။

​လူအုပ်ကြီးမှာ ထိုအကြံပြုချက်ကြောင့် အံ့အားသင့်သွားကြပြန်သည်။

​ကျိလင်ယွီ က လီတောက်ယဲ့ ကို လှမ်းကြည့်လိုက်သည်။

​လီတောက်ယဲ့ က သူ့ကို ကြည့်ပြီး မျက်လုံးပြူးပြလိုက်ကာ

“လုပ်လေ အဆင့်(၆) အင်ပါယာက အဆင့်(၈)နဲ့ အဆင့်(၉) အင်ပါယာတွေရဲ့ စစ်ရေးလေ့ကျင့်မှုမှာ ဝင်ပါမှာ မဟုတ်ပါဘူး...”

​ထိုစကားကို ကြားသောအခါ ကျိလင်ယွီ ၏ အပြုံးမှာ အနည်းငယ် ရက်စက်သွားပြီး မျက်လုံးများ တောက်ပလာသည်။

“ကောင်းပြီလေ... ဒါဆိုရင်လည်း အဆင်ပြေတာပေါ့”

​အခန်း ၁၀၀ - ငါ့မြေး... မင်းလည်း ကျင့်ကြံသူတစ်ယောက်လား

​"အဟမ်း... အဟမ်း..."

မဟာရှ ဧကရာဇ်က ချောင်းဟန့်လိုက်ပြီးနောက် ပြောလိုက်သည်။

"ဖန့်ချန်... အိပ်မက်ဆိုး မြင်းစီးစစ်သည်တော်တွေနဲ့ ယှဉ်ရင် မဟာရှ ရဲ့ စစ်အင်အားက အများကြီး နိမ့်ကျလွန်းပါတယ် သူတို့နဲ့ စစ်ရေးလေ့ကျင့်မှု လုပ်ဖို့ ငါတို့မှာ လုံလောက်တဲ့ တပ်ဖွဲ့ဝင်တွေ မရှိဘူး ဒါကြောင့် ငါတို့—"

​သူ စကားမဆုံးခင်မှာပင် ဖန့်ချန် က ရယ်မောရင်း ကြားဖြတ်ပြောလိုက်သည်။

"ဖန့်မိသားစု ရဲ့ အစောင့်တွေ တိုက်ပွဲမဝင်ရတာ ကြာပါပြီ ဒါဟာ သူတို့အတွက် လေ့ကျင့်ခန်းလုပ်ဖို့ အခွင့်အရေးကောင်း တစ်ခုပါပဲ"

​ဖန့်မိသားစု... အစောင့်တွေ ဟုတ်လား

​သူက ဖန့်အိမ်တော် က အစောင့်တွေကို သုံးပြီး နှင်းရေခဲ အင်ပါယာရဲ့ အထူးရွေးချယ်ထားတဲ့ အိပ်မက်ဆိုး မြင်းစီးစစ်သည်တော်တွေနဲ့ လက်ရည်စမ်းခိုင်းဖို့ ကြံစည်နေတာလား

​လူအုပ်ကြီး၏ မျက်လုံးထဲတွင် အံ့သြတုန်လှုပ်မှုများ ဖြတ်ပြေးသွားသည်။

​ဖန့်ချန် က သူတို့ကို အိမ်တော်အစောင့်တစ်စုနှင့် လေ့ကျင့်ခိုင်းမည်ဟူသော စကားကို ကြားလိုက်ရသောအခါ အိပ်မက်ဆိုး မြင်းစီးစစ်သည်တော်များမှာ ဒေါသထွက်သွားကြသည်။

သူတို့ အောင့်အည်းသည်းခံနေရသည်မှာ ကြာပြီ မဟုတ်ပါလား အကယ်၍ တာအိုဆရာ လီတောက်ယဲ့ ၏ ထူးခြားသော အဆင့်အတန်းသာ မရှိလျှင် သူတို့ ဒေါသပေါက်ကွဲနေကြသည်မှာ ကြာလှပြီဖြစ်သည်။

​ကျိလင်ယွီ သည်လည်း ရင်ထဲတွင် ဒေါသများ တလိပ်လိပ် တက်လာသော်လည်း ဆင်ခြင်တုံတရားဖြင့် စိတ်မကျေနပ်မှုကို ထိန်းချုပ်လိုက်သည်။ သူက တည်ငြိမ်စွာပင် ရေရွတ်လိုက်သည်။

"အိပ်မက်ဆိုး မြင်းစီးစစ်သည်တော်တွေက ဖန့်အိမ်တော် က အစောင့်တွေနဲ့ တစ်ခါမှ လက်ရည်မစမ်းဖူးသေးဘူး။ ဒီအတွေ့အကြုံကနေ သူတို့ သင်ခန်းစာတွေ အများကြီး ရမှာပါ"

​ဖန့်ချန် က ပြုံးပြီး ခေါင်းငြိမ့်ပြသည်။

"အလွန်ကောင်းတယ်"

​"ကုဟယ်၊ ယီကျိုး နဲ့ လုံတူး ကိုလည်း တစ်ယောက်ယောက်ကတစ်ဆင့် အကြောင်းကြားလိုက်ပါမယ်။ သူတို့လည်း ပါဝင်နိုင်တာပေါ့"

ဟု ဖန့်ချန် က ထပ်ပြောလိုက်သည်။

​ကျိလင်ယွီ ၏ မျက်နှာ ပျက်သွားသည်။ ထိုလေ့ကျင့်မှုမှာ တစ်ရက် နှစ်ရက်အတွင်း ပြီးဆုံးသွားမည်ဖြစ်ပြီး၊ ထို့နောက် သူသည် မဟာရှ အင်ပါယာမှ အမြန်ထွက်ခွာနိုင်မည်ဟု ထင်ခဲ့သော်လည်း ဖန့်ချန် ၏ စီစဉ်မှုအရဆိုလျှင် သူသည် မဟာရှ တွင် အချိန်အတော်ကြာအောင် နေရတော့မည်ဖြစ်သည်။

​ဖန့်ချန် က မဟာရှ ဧကရာဇ်ကို ကြည့်လိုက်သည်။

"အရှင်မင်းကြီး... ဘယ်လိုထင်ပါသလဲ"

​ဧကရာဇ်က ချက်ချင်း မတုံ့ပြန်ဘဲ စဉ်းစားနေပုံရသည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူက ခေါင်းငြိမ့်ပြလိုက်သည်။

"ကောင်းပြီလေ"

​ဖန့်ချန် က ပြုံးလိုက်သည်။

"ဒါဆိုရင်တော့ အဆုံးအဖြတ်ပေးပြီးပြီပေါ့။"

ထို့နောက် သူက ဧကရာဇ်ကို နှုတ်ဆက်လိုက်သည်။

"ကျွန်တော်မျိုးတို့ ခွင့်ပြုပါဦး အရှင်မင်းကြီး"

​ထို့နောက် ဖန့်အိမ်တော် မှ လူများသည် လှိုင်းလုံးကြီးများသဖွယ် ခန်းမအတွင်းမှ ထွက်ခွာသွားကြသည်။ မည်သူမျှ သူတို့ကို မတားဝံ့ကြပေ။

ကျိလင်ယွီ ပင်လျှင် စကားတစ်ခွန်း မဟရဲချေ။ သူ၏ အကြည့်မှာ ဝေခွဲမရစွာဖြင့် လီတောက်ယဲ့ ဆီ၌သာ စွဲမြဲနေတော့သည်။

​ဖန့်ချန် နှင့် အခြားလူများ ပြန်ရောက်လာသည်ကို မြင်သောအခါ နျူးကျူး ၏ မျက်နှာတွင် ချက်ချင်း ဝမ်းသာရိပ်များ ပေါ်လာပြီး ဆီးကြိုနှုတ်ဆက်ရန် အမြန်ပြေးသွားသည်။

​သူ၏နောက်ကွယ်မှ လက်အောက်ငယ်သားများမှာမူ ကြောင်အသွားကြသည်။

ဖန့်မိသားစု ဝင်များ ဘေးကင်းစွာ ပြန်လာနိုင်သည်မှာ မဆန်းသော်လည်း ဖန့်ချန် ပါ အတူတူ ပြန်ပါလာနိုင်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။

​တပ်မှူး နျူးကျူး တကယ်ပဲ လောင်းကစား နိုင်သွားတာလား...

​ဖန့်ချန် က နျူးကျူး ၏ ပုခုံးကို ပုတ်ကာ စကားအနည်းငယ် ပြောဆိုပြီးနောက် သူ့ကို ပြန်လွှတ်လိုက်သည်။

​ထို့နောက် သူသည် လူအုပ်စုကို ခေါ်ကာ အိမ်တော်ခန်းမမကြီးအတွင်းသို့ ဝင်ခဲ့သည်။

​ဖန့်ကျန့်ထျန်း က အိမ်ရှင်နေရာတွင် ထိုင်လိုက်ပြီး ဖန့်ချန် ကို စိုက်ကြည့်ကာ မေးလိုက်သည်။

"မင်း တကယ်ပဲ ယုံကြည်ချက် ရှိရဲ့လား ငါ့မြေး"

သူက လီတောက်ယဲ့ ဘက်သို့ တစ်ချက် ကြည့်လိုက်သည်။

"မင်းရဲ့ သူငယ်ချင်းက တကယ်ပဲ စိတ်ဝင်စားစရာကောင်းတဲ့ စွမ်းရည်တွေ ရှိနိုင်ပေမဲ့ အိပ်မက်ဆိုး မြင်းစီးစစ်သည်တော် အနည်းငယ်ကို ရင်ဆိုင်ဖို့တောင် လုံလောက်ပါ့မလား."

​လီတောက်ယဲ့ သည် ဖန့်ကျန့်ထျန်း ၏ အကဲဖြတ်မှုကို အနည်းငယ် လက်မခံနိုင်သဖြင့် ပြန်လည်ငြင်းဆိုရန် ပါးစပ်ဟလိုက်သော်လည်း သူ စကားမစရသေးခင်မှာပင် ဖန့်ချန် က ကြားဖြတ်ပြောလိုက်သည်။

"အဘိုး... ကျွန်တော် အာမခံနိုင်ပါတယ် ကျိလင်ယွီ နဲ့ သူ့ရဲ့ အိပ်မက်ဆိုး မြင်းစီးစစ်သည်တော်တွေဟာ ဒီ စစ်ရေးလေ့ကျင့်မှု ပြီးသွားရင် ဒီအင်ပါယာကနေ ထွက်သွားနိုင်ကြမှာ မဟုတ်တော့ဘူး"

​ဖန့်ချန်းဟိုင် နှင့် ဖန့်ချန်းယူ တို့၏ မျက်နှာများ ချက်ချင်း ပြောင်းလဲသွားသည်။

မဟာရှ သည် ချင်စုန်း အင်ပါယာနှင့် ကိစ္စများပင် မပြတ်သေးမီ၊ ယခုအခါ ဖန့်ချန် က အဆင့်မြင့်အင်ပါယာတစ်ခုကို ဒေါသထွက်အောင် လုပ်ဖို့ ပြောနေပြန်ပြီ။

အကယ်၍ အခြေအနေများ လွန်ကဲသွားပါက မဟာရှ အနေဖြင့် နှင်းရေခဲ အင်ပါယာ၏ ဒေါသကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။

​"မင်းမှာ ဒီအကြံပြုချက်ကို ပေးဖို့ ယုံကြည်ချက်ရှိတယ်ဆိုရင် ဒါကို လုပ်နိုင်စွမ်းလည်း ရှိမှာပါ၊ ဒါပေမဲ့ ဘာအကျိုးထူးမှာလဲ"

ဖန့်ကျန့်ထျန်း က ခေါင်းခါလိုက်သည်။

"ငါတို့ ခဏလောက် ငြိမ်ငြိမ်လေးနေရင် အဆင့်(၈) အင်ပါယာအဖြစ် တိတ်တိတ်လေး တက်လှမ်းနိုင်လိမ့်မယ်"

​"အဲဒီအချိန်ကျရင် ငါတို့ နှင်းရေခဲ အင်ပါယာကို ကြောက်စရာ မလိုတော့သလို သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာလည်း နေစရာ မလိုတော့ဘူး ဒါပေမဲ့ အခုလို အလျင်စလိုလုပ်ပြီး ငါတို့ရဲ့ ရည်မှန်းချက်တွေကို သူတို့သိသွားအောင် လုပ်လိုက်ရင် သူတို့ကတော့ ငြိမ်ကြည့်နေမှာ မဟုတ်ဘူး"

​ရုတ်တရက် တစ်ခုခုကို သတိရသွားသကဲ့သို့ ဖန့်ကျန့်ထျန်း ၏ မျက်လုံးများ မှေးကျဉ်းသွားသည်။

"ငါ ဒါကို အကြိမ်ကြိမ် စဉ်းစားဖူးတယ်"

ဟု သူက ဆိုသည်။

"ငါ ကျိချုံယွင် နဲ့ ဆုံခဲ့တာက အဲဒီတုန်းက ငါထင်ခဲ့သလို တိုက်ဆိုင်မှုတစ်ခု မဟုတ်ဘူးလို့ ငါထင်တယ် ငါ့မှာ ချီအမြုတေအဆင့်၊ အဲဒီကနေ မြေကမ္ဘာနက်နဲမှုအဆင့် အထိ တက်လှမ်းနိုင်တဲ့ ပါရမီရှိမှန်း သူတို့သိနေလို့ ငါ့ရဲ့ သိုင်းလမ်းစဉ်ကို ဖြတ်တောက်ပြီး အမြစ်ဖြတ်ခဲ့တာလို့ ငါယုံကြည်တယ်"

​ဖန့်ချန်းဟိုင် နှင့် ဖန့်ချန်းယူ တို့ ထိုစကားကို ကြားသောအခါ ရင်ထဲတွင် ဒေါသလှိုင်းများ ထကြွလာကြသည်။

​ဖန့်ကျစ်ရွှယ် က မယုံနိုင်စွာဖြင့် သူမ၏အဘိုးဘက်သို့ လှည့်ကာ သွားကြိတ်ပြီး မေးလိုက်သည်။

"ဒါက တကယ်ပဲလား အဘိုး"

သူမသည် အလွန်ဒေါသထွက်နေသဖြင့် လက်သီးများကို တင်းတင်းဆုပ်ထားမိသည်။

​ဖန့်ကျန့်ထျန်း ကသာ ပြန်ဖြေသည်။

"ဒါက ခန့်မှန်းချက်သက်သက်ပါ၊ ဟုတ်ပြီလား ဒါပေမဲ့ ဒါက အမှန်တရားနဲ့ အနီးစပ်ဆုံးလို့ ငါယုံကြည်တယ် စဉ်းစားကြည့်လေ ငါက ငါတို့အင်ပါယာထဲမှာ လှည့်လည်ရင်း တောင်ဓားပြတွေလို ဟန်ဆောင်ထားတဲ့ ကုဟယ် နဲ့ ချင်စုန်း က သိုင်းသမားတွေကို ရှင်းလင်းနေတာပဲ ဘယ်လို ကမ္ဘာမျိုးမှာမှ ကျိချုံယွင် နဲ့ အဲဒီနေရာမှာ သွားဆုံဖို့ မရှိဘူး"

​သူတို့ ကြားရလေလေ၊ စဉ်းစားလေလေ ပို၍ အဓိပ္ပာယ်ရှိလာလေလေ ဖြစ်သည်။

​လူတိုင်း၏ ဆုပ်ထားသော လက်သီးများမှာ ပို၍ တင်းကျပ်လာသည်။ နှင်းရေခဲ အင်ပါယာသည် ထိုမျှအထိ အရှက်မရှိ ပြုမူလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။

မဟာရှ အင်ပါယာ သန်မာလာပြီး သူတို့၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားမည်ကို တားဆီးရန်အတွက် ထိုကဲ့သို့ ယုတ်ညံ့သော နည်းလမ်းများကို အသုံးပြုခဲ့ကြခြင်းပင်။

​"အဘိုး... အခု မဟာရှ မှာ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုက ချင်စုန်း ဆီက မဟုတ်သလို နှင်းရေခဲ အင်ပါယာဆီကလည်း မဟုတ်ပါဘူး ဒါပေမဲ့ တကယ့်ခြိမ်းခြောက်မှုကို မဖြေရှင်းခင်မှာ ဒီလို သေးဖွဲတဲ့ အတားအဆီးတွေကို အရင် ရှင်းထုတ်ပစ်ရမယ်"

ဖန့်ချန် က သက်ပြင်းချလိုက်ပြီး လီတောက်ယဲ့ ဘက်သို့ လှည့်လိုက်သည်။

"သွေးဝိညာဥ်ဂိုဏ်း အကြောင်း သူတို့ကို ပြောပြလိုက်ပါ"

​တာအိုဆရာ လီတောက်ယဲ့ မှာ အနည်းငယ် အံ့အားသင့်သွားသည်။

"တကယ်လား"

သူက တိုးတိုးလေး မေးသည်။

"သာမန်လူတွေက ဒါကို သိဖို့ လိုလို့လား"

​ဖန့်ချန် က ပြုံးလိုက်သည်။

"စောစော ဒါမှမဟုတ် နောက်ကျရင် သူတို့ သိကြရမှာပဲ"

​လီတောက်ယဲ့ ခဏတာ စဉ်းစားလိုက်ပြီးမှ ခေါင်းငြိမ့်လိုက်သည်။

"ကောင်းပြီလေ"

​သူက စတင်ပြောကြားသည်။

"သွေးဝိညာဥ်ဂိုဏ်း ဆိုတာ အင်ပါယာ အသီးသီးမှာ ပျံ့နှံ့နေတဲ့ ကြောက်စရာကောင်းတဲ့ ဂိုဏ်းတစ်ခုပဲ ဂိုဏ်းထဲက ကျင့်ကြံသူတွေက အရမ်းသန်မာတယ် သူတို့က အင်ပါယာတွေကို ဆေးဖို ယအဖြစ် အသုံးချပြီး သွေးဝိညာဉ်ဆေးလုံး လို့ ခေါ်တဲ့ ဆေးလုံးတွေကို ဖော်စပ်လေ့ရှိကြတယ်"

​သူသည် ဝိညာဥ်သွေးဂိုဏ်း ၏ မြစ်ဖျားခံမှု၊ သူတို့၏ လုပ်ဆောင်ပုံများနှင့် ဤအတောအတွင်း မဟာရှ တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ရှင်းပြတော့သည်။

ထျဲမ နှင့် အခြားလူများမှာ အနည်းငယ် သိထားပြီးဖြစ်သော်လည်း ယခုမှသာ သူတို့၏ ရန်သူမှာ မည်မျှ သန်မာကြောင်း အမှန်တကယ် နားလည်သွားကြသည်။

​ခဏအကြာတွင် လီတောက်ယဲ့ က နိဂုံးချုပ်လိုက်သည်။

"ဒါပါပဲ၊ တကယ်တမ်းကတော့။"

သူက သူ၏လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်သည်။

​ဖန့်အိမ်တော် အတွင်း ခဏတာ ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားသည်။

​ဖန့်ချန်းဟိုင် က ထိုတိတ်ဆိတ်မှုကို စတင်ဖြတ်တောက်လိုက်သည်။ သူ၏အသံမှာ တုန်လှုပ်နေသည်။

"ဖန့်ချန်... မင်းရဲ့ သူငယ်ချင်း ပြောချင်တာက... တစ်စုံတစ်ယောက်က မဟာရှ အင်ပါယာရဲ့ နိုင်ငံသားတွေကို သုံးပြီး ဆေးလုံးတွေ ဖော်စပ်နေတာလား"

​ဖန့်ချန် က ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်ပါတယ်။"

ထို့နောက် သူက ထပ်ပြောသည်။

"တကယ်တော့ သုံးလောကတောင်တန်း တိုက်ပွဲတုန်းက အရာအားလုံးကို နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တာ သူတို့ပဲ"

​"တောက် ဒါတွေက လူ့အသက်တွေလေ သူတို့က ဒီလို အဖိုးတန်တဲ့အရာတွေကို ဆေးလုံးဖော်ဖို့အတွက်ပဲ သုံးနေတာလား ဒီကမ္ဘာမှာ ဒီလောက် ယုတ်မာတဲ့လူတွေ ရှိနိုင်ပါ့မလား"

ဖန့်ချန်းဟိုင် ၏ မျက်နှာမှာ တင်းမာသွားပြီး ဟောက်လိုက်သည်။

​ဖန့်ချန်းယူ က မျက်မှောင်ကြုတ်လိုက်သည်။

"သူပြောပုံအရဆိုရင် ငါတို့ ဖန့်မိသားစု က ကြီးမားလှတဲ့ သွေးဝိညာဥ်ဂိုဏ်း ရှေ့မှာ ပုရွက်ဆိတ်လေးတွေလိုပါပဲ ငါတို့ လုပ်နေတာတွေက ပုစဉ်းရင်ကွဲက ရထားလုံးကို တားသလို ဖြစ်မနေဘူးလား"

​"ကျင့်ကြံသူ တွေ..."

ဖန့်ကျန့်ထျန်း က တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ ခဏအကြာတွင် သူက ဆိုသည်။

"ငါ ငယ်ငယ်ကတည်းက ကျင့်ကြံသူ တွေ ရှိတယ်ဆိုတာကို သိခဲ့သလို၊ သူတို့ထဲက တစ်ယောက်ကို ကိုယ်တိုင် မြင်ဖူးခွင့် ရခဲ့တယ် သူတို့ရဲ့ နည်းလမ်းတွေက တကယ်ကို ထူးခြားဆန်းပြားပါတယ် ဒါပေမဲ့ ဒီလို တည်ရှိမှုမျိုးတွေက အဆင့်(၉)၊ အဆင့်(၈)၊ အဆင့်(၇)အင်ပါယာတွေမှာ မရှိသလောက် ရှားပါးသွားပြီ နှင်းရေခဲ အင်ပါယာမှာတောင် ကျင့်ကြံသူ တစ်ယောက်မှ မရှိဘူး အဲဒီလမ်းစဉ်က အရမ်းကို ရှားပါးပြီး အဖိုးတန်လွန်းလို့ပဲ..."

​ထိုအချိန်တွင် သူက ဖန့်ချန် ကို ကြည့်လိုက်သည်။

"ငါ့မြေး... မင်းလည်း ကျင့်ကြံသူတစ်ယောက်လား"

​လူတိုင်း အံ့အားသင့်သွားကြသည်။

​ဒါက ဖြစ်နိုင်ပါ့မလား...

​ဖန့်ချန် က ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်သည်။

"အဘိုး... ကျွန်တော့်ရဲ့ သိုင်းပညာ ကျင့်ကြံခြင်းက ဘယ်တုန်းကမှ အမှန်တကယ် ပြန်ကောင်းမွန်မလာခဲ့ပါဘူး ကျွန်တော့်ရဲ့ ချီပင်လယ်ကလည်း ပြင်လို့မရအောင် ပျက်စီးသွားတာ ကြာပါပြီ ဒါပေမဲ့ ကျွန်တော်က တခြားလမ်းစဉ်တစ်ခုကို ပြောင်းလဲ လျှောက်လှမ်းလိုက်တာပါ"

​လူတိုင်း အသက်ရှူမှားသွားကြသည်။ ဖန့်ချန် သည်လည်း ကျင့်ကြံသူ တစ်ဦး ဖြစ်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ

​လီတောက်ယဲ့ သည် အဘယ်ကြောင့် သူတို့၏ ဖန့်အိမ်တော် တွင် နေထိုင်ရန် ရွေးချယ်ခဲ့သည်ကို သူတို့ နောက်ဆုံးတွင် နားလည်သွားကြတော့သည်။

​"မင်းမှာ သွေးဝိညာဥ်ဂိုဏ်း ကို ရင်ဆိုင်ဖို့ ယုံကြည်ချက်ရှိလား"

ဟု ဖန့်ကျန့်ထျန်း က လေးနက်သော အသံဖြင့် မေးလိုက်သည်။

​ပိုမိုကြီးမားသော ခြိမ်းခြောက်မှုဖြစ်သည့် သွေးဝိညာဥ်ဂိုဏ်း အကြောင်းကို သိလိုက်ရသဖြင့် မည်သူမျှ နှင်းရေခဲ နှင့် ချင်စုန်း အင်ပါယာများကို ဂရုမစိုက်ကြတော့ပေ။

ထိုသည်မှာ ယခု ရင်ဆိုင်နေရသော အဓိကပြဿနာဖြစ်ပြီး ဖြေရှင်းရန် လိုအပ်နေပေပြီ

​ဖန့်ချန် က အသာအယာ ခေါင်းခါလိုက်သည်။

"ကျွန်တော့်မှာ အပြည့်အဝ ယုံကြည်ချက်တော့ မရှိသေးပါဘူး၊ ဒါပေမဲ့ ကြိုးစားကြည့်ရမှာပဲ"

​ဖန့်ကျန့်ထျန်း က ထိုစကားကို ခေါင်းငြိမ့်ထောက်ခံလိုက်သည်။

"မှန်တယ်၊ ငါတို့မှာ ယုံကြည်ချက် လုံးဝမရှိရင်တောင် ကြိုးစားကြည့်ရမယ်"

​အခြားလူများကလည်း ထိုအတိုင်းပင် တွေးကြသည်။ ယုံကြည်ချက် မရှိသော်လည်း သူတို့အားလုံး သွေးဝိညာဥ်ဂိုဏ်း ကို ရင်ဆိုင်ရန် လိုအပ်သည်ဟု ခံစားနေကြသည်။

​လီတောက်ယဲ့ မှာ အံ့အားသင့်သွားသည်။ ထိုသာမန်လူများသည် သွေးဝိညာဥ်ဂိုဏ်း ၏ အင်အားကို သိရှိထားသော်လည်း သူတို့ကို တက်ကြွစွာ ရင်ဆိုင်လိုနေကြသေးသည်...

​"ငါ တစ်ခုတော့ အရင်ပြောပါရစေ"

ဟု လီတောက်ယဲ့ က ကြားဖြတ်ပြောလိုက်သည်။

"တကယ်တော့ စစ်သူကြီး ဖန့်ချန် ရှိနေရင် မင်းတို့ မျိုးနွယ်စုဟာ ကျင့်ကြံသူမျိုးနွယ်စု တစ်ခု ဖြစ်လာနိုင်တယ် အဲဒီလိုဆိုရင် မင်းတို့ မဟာရှ ကနေ တိုက်ရိုက်ထွက်ခွာပြီး အဆင့်(၆)အင်ပါယာဆီကို သွားလို့ရတယ် အဲဒီမှာ မင်းတို့ကို ချက်ချင်း လက်ခံကြလိမ့်မယ်၊ မင်းတို့အနေနဲ့ သွေးဝိညာဥ်ဂိုဏ်း နဲ့ ရန်ဖြစ်နေဖို့ မလိုတော့ဘူး"

ဟု သူက အကြံပြုလိုက်သည်။

​ထိုစကားကို ကြားသောအခါ အိမ်တော်အတွင်းရှိ လူတိုင်း တစ်ဦးကိုတစ်ဦး ခေတ္တကြည့်လိုက်ကြပြီးနောက် ရယ်မောလိုက်ကြတော့သည်။

​သီလရှင်မလေး ချင်းဟဲ ပင်လျှင် ပြုံးမိသွားသည်။

​လီတောက်ယဲ့ မှာတော့ လုံးဝကို ဇဝေဇဝါ ဖြစ်သွားရရှာသည်။

​သူတို့ ဘာလို့ ရယ်နေကြတာလဲ

All Chapters