← Chapters

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

Chapter 31

~

အခန်း ၃၁

~

မြို့စားစံအိမ်တော်...

သခင်လေးကုံး သည် စံအိမ်တော်အတွင်း ပြန်ရောက်မှ လုံခြုံမှုကို ခံစားမိလိုက်၏ ။

အားဖူက ရှုံ့မဲ့နေသော မျက်နှာဖြင့် နောက်မှ ကပ်လိုက်လာသည် ။

" သားလေး.. ဘာလို့ ပြန်လာတာလဲ.. "

ကုံးယန်က သူ့သား အလျင်စလို ပြေးလာသည်ကို မြင်လျှင် အံ့သြသွား၏ ။ အဆင့် ၇ သိုင်းပညာရှင်ပင် ပြန်ပြေးလာရလျှင် ချောင်မိသားစုသည် တစ်ခုခု မှားယွင်းနေသည်လော ။

" ချောင်မူ ကြောင့်ပေါ့.. အဲ့ခွေးသတောင်းစား သရဲ ဖြစ်ပြီး ပြန်ပေါ်လာတယ်.. "

သခင်လေးကုံးက တုန်တုန်ရီရီ ပြောလိုက်၏ ။ သူ အန္တရာယ် အနံ့ကို ရလိုက်သဖြင့် အမြန်ပြန် ပြေးလာခဲ့ခြင်းပင် ။

ကုံးယန်က မျက်မှောင်ကြုံ့၍ အားဖူကို ရှင်းပြဟူသည့် အကြည့်ဖြင့် ကြည့်လိုက်၏ ။

" အမှန်က ချောင်မူ မဟုတ်ဘဲ ချောင်မူရဲ့ အကိုကြီး ချောင်လင်း ပါ. "

အားဖူက ပြောလိုက်သည် ။

" လူတစ်ယောက် သေပြီးရင် ဘယ်လိုလုပ် ပြန်ရှင်လာနိုင်မှာလဲ.. ချောင်မူ သေတုန်းက လူတစ်ထောင်ကျော် မြင်ခဲ့တယ်လေ.. အလောင်း လဲဖို့လည်း မဖြစ်နိုင်ဘူး.. "

သူ ဆက်ရှင်းပြ လိုက်သည် ။

" ဒါပင်မဲ့ အဲ့လူက... "

သခင်လေးကုံးက တွန့်ဆုတ်စွာ ဝင်ပြောလိုက်၏ ။

" ဒီကိစ္စက သခင်လေး သိပ်မသိဘူး.. "

အားဖူက စိတ်ရှည်ရှည်ဖြင့်...

" အတွင်းအား ရှိတယ့် သိုင်းပညာရှင် တစ်ယောက် အဆင့်တက်လာတိုင်း ခန္ဓာကိုယ်က ပြောင်းလဲလာတယ်.. "

" ဥပမာ အဆင့် ၈ သိုင်းပညာရှင်ကနေ အဆင့် ၄ သိုင်းပညာရှင် မရောက်ခင်အထိ ခန္ဓာကိုယ်ရဲ့ အာရုံငါးပါးက ပိုပြီး သန်မာလာတယ်.. "

" အဆင့် ၈ သိုင်းပညာရှင် က အဆင့် ၉ ထက် အမြင်အာရုံ ပိုသာတယ်.. အဆင့် ၇ ကို ရောက်ရင် အနံ့ခံ အာရုံ ပိုကောင်းလာတယ်.. အဆင့် ၆ ရောက်ရင်တော့ .."

အားဖူက မြို့စားကို တစ်ချက်ကြည့်ပြီး...

" အဆင့် ၆ ကို ရောက်ရင် အနံ့ခံ အာရုံကော အရသာ အာရုံကော ပိုကောင်းလာတာပေါ့.. အဆင့် ၆ သိုင်းပညာရှင်တစ်ယောက်ကို အဆိပ်ခတ် လုပ်ကြံဖို့ မလွယ်တော့ဘူး.. "

မြို့စားကုံးယန်သည် အဆင့် ၆ သိုင်းပညာရှင်ဖြစ်၏ ။ သူ့ရာထူးကြောင့် တိုက်ခိုက်ရန် မလိုအပ်သော်လည်း အဆိပ်ကို သတိထားနေရမည်ဖြစ်၍ ကျေနပ်နေလေသည် ။

အားဖူက...

" ချောင်လင်းရဲ့ ခန္ဓာကိုယ်က ချောင်မူထက် တစ်လက်မလောက် ပိုမြင့်တယ်.. သူတို့နှစ်ယောက်က ရုပ်တူတဲ့ ညီအကိုတွေပဲ.. "

အားဖူ၏ မြင့်မားသည့် အာရုံခံနိုင်စွမ်းကြောင့် ချောင်လင်းသည် ချောင်မူ မဟုတ်မှန်း ပထမဆုံး သိသူဖြစ်သည် ။ သူ၏ အာရုံခံစွမ်းရည်များကြောင့် တစ်ချက်ကြည့်ရုံဖြင့်ပင် သိနိုင်သည် ။

" ချောင်လင်းက ဘယ်လောက် သန်မာလဲ.. "

ကုံးယန်က မေးလိုက်သည် ။

" အဆင့် ၉ အထွတ်အထိပ်မှာ ထင်တယ်.. ဒါပေမဲ့ ဒဏ်ရာ ရနေတဲ့ပုံပဲ .. ချီးကျူးစရာ ကောင်းတာဆိုလို့ သူ့ လှံသိုင်းပဲ ရှိလိမ့်မယ်.. "

အားဖူက ပြန်ဖြေသည် ။

" သူ ဘယ်လို လှံသိုင်းမျိုး သုံးတာလဲ.. "

ကုံးယန်၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေး သွား၏ ။ ချောင်မူ သေဆုံးပြီးနောက် ချောင်လင်း ရောက်လာသဖြင့် မြင့်မြတ်သော မိသားစု တစ်ခု မှ လာမည်လောဟု သံသယ ဝင်မိ၏ ။ သတင်း ရသည့် အချိန်က တိုတောင်းလှသဖြင့် မြင့်မြတ်သည့် မိသားစု တစ်ခုမှ ဖြစ်နိုင်သည် ။ ထိုသို့ဆိုလျှင် သူကိုင်တွယ်သည့်ပုံ ပြောင်းရချေမည် ။

အားဖူက မသေချာဟန်ဖြင့် ...

" သူ သုံးတာ စစ်တပ်လှံသိုင်း ဖြစ်မယ်ထင်တယ်.. သူ စစ်တပ်မှာ တာဝန်ထမ်းဆောင် ဖူးတာ ဖြစ်လောက်မလား.. "

" အင်း အဲ့လိုဆိုရင်တော့ ဘာမှ စိတ်ပူစရာ မရှိဘူး.. "

ကုံးယန် စိတ်သက်သာရာ ရသွားသည် ။ သူ ဒဏ်ရာ ရထားသည့်အပြင် ဧကရာဇ် လာတော့မည်ဖြစ်၍ အလုပ်များလှ လေသည် ။ ဤသို့ ကိစ္စသေးသေးလေးများကို ကိုင်တွယ်ဖြေရှင်းချိန် မရှိပေ ။

ထို့နောက် ကုံးယန်က သူ့သားကို ကြည့်၍...

" အခု ကိစ္စမှာ... "

သခင်လေးကုံး လည်ပင်း အလိုလို ကျုံ့လိုက်မိ၏ ။ သို့သော်လည်း ကုံးယန် ပြောသည်က သူထင်ထားသလို မဟုတ်ခဲ့ပေ ။

" မင်းလုပ်တာ တော်တော်ကောင်းတယ်.. "

သခင်လေးကုံးနှင့် အားဖူတို့ အံ့အားသင့် သွားကြသည် ။

ကုံးယန်က ဆက်ပြော၏ ။

" ငါက အာဏာရှိတယ်.. ငါက ခွန်အား ရှိတယ်ဆိုပြီး မဆင်မခြင် မလုပ်သင့်ဘူး.. အရင် လမ်းမပေါ်က အဖြစ်အပျက် ပြီးကတည်းက ဘယ်အချိန် နောက်ဆုတ်ရမယ်.. ဘယ်အချိန်မှာ ရှောင်ရမယ်ဆိုတာ မင်းသိသွားပြီပဲ.. "

" ဒီ ချောင်လင်းက ချောင်မူလို လူမျိုးဆိုရင် ထိပ်တိုက် ရင်မဆိုင်တာ အကောင်းဆုံးပဲ.. "

" မင်း အသက်ရှင်နေသရွေ့ သူ့ကို သတ်နိုင်ဖို့ နည်းလမ်း တစ်ရာမက စဥ်းစားနိုင်တယ်.. "

" ဒီကိစ္စ ဖြေရှင်းပြီးတဲ့အထိ မင်း အိမ်ထဲက အိမ်ပြင်မထွက်နဲ့.. "

ထို့နောက် ကုံးယန်က အားဖူ ဘက်သို့ လှည့်လိုက်ပြီး ...

" လူငယ် တစ်ယောက်ကို သတ်မိတာနဲ့ လူကြီးတစ်ယောက် ချက်ချင်း ရောက်လာတယ်.. ဒီတစ်ခါ ပိုပြီး သတိထားပါ.. "

" မြက်ပင်ပဲ ရှင်းပြီး အမြစ် မတူးရင် နွေဦးလေတိုက်တဲ့အခါ ပြန်ပေါက်လာလိမ့်မယ်.. ဒါကို ငါ ရှင်းပြစရာ မလိုဘူးမှတ်လား.. "

" အတွင်းဒဏ်ရာ ရနေတဲ့ အဆင့် ၉ လှံသိုင်းပညာရှင်ဆိုတော့ သတိထားရမယ်.. သူသာ ပုံမှန် အခြေအနေ မှာရှိရင် အဆင့် ၈ သိုင်းပညာရှင်တွေနဲ့တောင် ယှဥ်နိုင်လိမ့်မယ် .."

ကုံးယန်က ခဏတာ စဥ်းစားလိုက်ပြီး...

" ဒီ ကိစ္စ ပိုပြီး လုံခြုံအောင် မင်းကိုယ်တိုင် ကိုင်တွယ်လိုက်ပါ.. "

" ဟုတ်ကဲ့ပါ.. "

အားဖူက ဦးညွတ်လိုက်သည် ။ သူ သည် ချောင်စန်းရွှယ်၏ အိမ်တွင် ချောင်လင်း၏ ခွန်အားကို စမ်းသပ်ပြီး ဖြစ်၏ ။ သခင်လေးကုံးသာ ထွက်မပြေးလျှင် အလွယ်တကူ အနိုင်ယူပြီး ဖြစ်သည် ။ သို့ရာတွင် ယခုအချိန်မှ ကိုင်တွယ်ရမည်ဆိုသော်လည်း နောက်မကျသေးပေ ။

……………

အပြင်မြို့.. ချောင်စန်းရွှယ်၏ နေအိမ်...

ချောင်မူက အသားစွပ်ပြုတ် ကုန်အောင် သောက်ပြီးသည်နှင့် အိုးကို ပြန်ချလိုက်၏ ။

" အ... ညီလေးချောင်.. "

အဘိုးကြီးဟွမ်က စိတ်မသက်မသာဖြင့် မေးလိုက်၏ ။

" အဲ့ လှည့်စားတက်တဲ့ သခင်လေးကုံးက ငါတို့ကို တမင် လှည့်စားနေတာလို့ မင်းပြောတာလား .."

အဘိုးကြီးဟွမ်က ပြောပြီးသည်နှင့် အခေါင်းကို ကြည့်လိုက်၏ ။ အမှန်တရားကို သိလိုလျှင် အခေါင်းထဲမှ အလောင်းကို စစ်ဆေးကြည့်နိုင်သည် ။

သို့သော်လည်း...

" သူလိမ်နေတာ သေချာတာပေါ့.. "

ချောင်မူက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်ပြီး..

" ကျုပ်ညီလေးက ရက်ရက်စက်စက် အသတ်ခံထားရတာ.. သူ့အလောင်းကို မနှောက်ယှက် နဲ့တော့.. "

ထို့နောက် ချောင်မူက ဝမ်းနည်းသည့်ဟန်ဖြင့် အခေါင်းအဖုံးကို သေချာ ဂရုတစိုက် ပိတ်လိုက်၏ ။ ထိုမှသာ သူ စိတ်အေးလက်အေး ဖြစ်သွားသည် ။

သူရဲကောင်းစွပ်ပြုတ်၏ အမှန်တရားကို သူလည်း မသိ ။ ထို့ကြောင့် သက်သေအထောက်အထား ဖျက်ဆီးရန် ကျန်နေသည့် စွပ်ပြုတ်ကို သောက်လိုက်၏ ။ အဘိုးကြီး ဟွမ် စိတ်ဒဏ်ရာ ရသွားမည်ကို စိုးရိမ်သဖြင့် လုပ်မိလုပ်ရာ လုပ်လိုက်ခြင်းပင် ။

ချောင်မူသည် သူ့အသားသူ စားမိလျှင်ပင် ကိစ္စမရှိဟုသာ တွေးလိုက်သည် ။ အသေခံရန် အန္တရာယ်ကြား တိုးနေရသူ ဖြစ်သဖြင့် အသားစွပ်ပြုတ် တစ်ခွက်အား ကြောက်မနေနိုင် ။ ဤကိစ္စ၏ အမှန်တရားအား ဗိုက်ထဲတွင်သာ ထည့်ထားလိုက်တော့မည် ။

သူ စကားပြောရန် ရုတ်တရက် နောက်သို့ လှည့်လိုက်ရာ သူ့နောက်တွင် ချောင်စန်းရွှယ် ရပ်နေပြီး ခေါင်းလေးစောင်းကာ နှာခေါင်းလေး ရှုံ့ပွ ရှုံ့ပွဖြင့် အနံ့ခံနေသည်ကို မြင်လိုက်ရ၏ ။

နုံအလှသော ကောင်မလေးကို ကြည့်ပြီး ချောင်မူ ဆွံ့အ သွားသည် ။

' ငါ အသက် ၂၀ တုန်းက စီပွားရေးအရ ဆက်ဆံမှုပဲ ရှိပေမဲ့ ခု အသက် ၂၈ နှစ်မှာ ငါ့ ခန္ဓာကိုယ်က ရင့်ကျက်ပြီးဆွဲဆောင်မှု ရှိလွန်းလို့ ကိုယ့်ကိုကိုယ်တောင် မထိန်းချုပ် နိုင်တော့ဘူးလားဟ.. '

Chapter 32

~

အခန်း ၃၂

~

" မိန်းမပျိုလေး.. ကျေးဇူးပြုပြီး ကိုယ့်ကိုကိုယ် ထိန်းပါအုံး .."

ချောင်မူ နောက်သို့ အလန့်တကြား ယိမ်း၍ ပြောလိုက်၏ ။

" မိန်းကလေးချောင်.. ဒီ နှစ် ကျုပ်အသက် ၂၈ နှစ်ပြည့်ပြီ.. ကျုပ်မှာ ကိုယ်လုပ်တော် ၁၃ ယောက် ရှိပြီး နဂါးသိုင်း ၃၆ ကွက်တက်တယ် .. မင်း ငါ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး.. "

ချောင်စန်းရွှယ်က အနည်းငယ် အံ့အားသင့်နေသော်လည်း သံသယ မပျောက်သေးပေ ။

ချောင်မူက အဘိုးကြီးဟွမ်တို့ အဖွဲ့ထဲသို့ရောက်သည်အထိ အမြန် ဆုတ်ပြေးသည် ။

" ချောင်.. ညီလေးချောင် .."

အဘိုးကြီးဟွမ်က မရင်းနှီးသေးသဖြင့် စကားကို ထိန်းထိန်းသိမ်းသိမ်း ပြောလိုက်၏ ။ သူတို့အတွက် အသက်စွန့်သွားသည့် တပ်မှူး၏ အကိုကြီး ဖြစ်သဖြင့် ရင်ဆိုင်ရသည်မှာ မသက်မသာ ဖြစ်မိသည် ။

အဘိုးကြီးဟွမ် ခဏစဥ်းစားပြီး သူကိုင်လာသော လေးလံသည့် အိတ်တလုံးကို အမြန်ပေးလိုက်သည် ။

" ညီလေး ချောင်လင်း.. ဒါ တပ်စခန်းက ထုတ်ပေးတဲ့ ပင်စင် လစာပါ.. "

" ပင်စင် လစာလား .. ကျုပ်ညီသေတာ တစ်ရက်ပဲ ရှိသေးတယ်လေ.. ဘယ်တပ်က အဲ့လောက်မြန်မြန် ထုတ်ပေးလို့လဲ.. "

ချောင်မူ မျက်မှောင်ကြုံ့ လိုက်၏ ။ မြို့စား ကိုယ်တိုင်က သူ့အား သေစေချင်နေသဖြင့် လစာ မြန်မြန် ရရန် မဖြစ်နိုင်ချေ ။ ထို့ကြောင့် ဤငွေများမှာ တခြားမှ လာမှန်း သူ သိလိုက်သည် ။

ထို့အပြင် ချောင်မူသည် ငွေကြေးအပေါ် ပိုင်ဆိုင်လိုစိတ် မရှိပေ ။ သူ့အတွက် အရေးအကြီးဆုံးမှာ မြန်မြန်သေပြီး မြန်မြန် သန်မာလာစေရန်ပင်ဖြစ်သည် ။

သေဆုံးပြီး​နောက် ရုပ်ဝတ္ထု ပစ္စည်းများမှာ ကျန်ခဲ့မည်ဖြစ်၍ ချောင်မူ၏ အမြင်အရ သိုင်းကျွမ်းကျင်မှုသာ အရေးအကြီးဆုံးဖြစ်သည် ။

သူ ခဏကြာအောင် စဥ်းစားပြီးမှ ပြောလိုက်သည် ။

" ဒီငွေကို ကျုပ်မယူချင်ဘူး.. ပြီးတော့ တပ်စခန်းက ပင်စင်ငွေကိုလည်း ကျုပ်မလိုချင်ဘူး.. "

" ခင်ဗျားတို့ထဲက ကျုပ်ကို ကူညီချင်တယ့်သူ ရှိရင်တော့ အကူအညီ သေးသေးလေးတစ်ခုလောက်တော့ တောင်းဆိုချင်တယ်.. "

" ကျုပ်ညီ ချောင်မူ က သူ ဒုက္ခ ရောက်နေတဲ့ အကြောင်းနဲ့ ယန်မြို့ရဲ့ အခြေအနေအကြောင်း ကျုပ်ကို စာပို့လိုက်တာ.. မြို့စားကုံးယန်က လမ်းပေါ်မှာ သူ့ကို မသတ်ပေမယ့် နောက်ပိုင်းမှာ အကြောင်းရှာပြီး သတ်လိမ့်မယ်တဲ့.. ခု သူပြောတာ မှန်နေတာပဲ.. "

" မနက်ဖြန်ကြရင် ကျုပ်ညီကို မြေမြှုပ်ဖို့ မြို့ပြင်ကို သွားမယ်.. ဒီ သတင်းကို ခင်ဗျားတို့ တက်နိုင်သလောက် ဖြန့်ပေးကြပါ.. "

" ဒါမှ မြို့စား မနက်ဖြန် မတိုင်ခင်အထိ အလျင်စလို မလုပ်ရဲမှာ.. "

အဘိုးကြီးဟွမ်တို့က ချက်ချင်းသဘောတူလိုက်ပြီး ထွက်ခွာသွားကြသည် ။

သို့ရာတွင် ဘုန်းကြီး ထွက်ခွါခံနီးတွင် ချောင်မူ၏ လက်အတွင်းသို့ စာအုပ် တစ်အုပ် ထိုးပေးလိုက်၏ ။

" ငွေကြေး လက်မခံချင်ရင် သိုင်းကျမ်းတော့ ယူလိုက်ပါ.. "

ဘုန်းကြီးက သက်ပြင်းချလိုက်ပြီး...

" တပ်မှူးချောင် မသေခင်က ကျုပ်ကို ကာကွယ်ပေးရင် သိုင်းကျမ်းပေးမယ် ပြောထားတာ .. ချောင်မူက အသက်ထက် ဂုဏ်သိက္ခါကို မြတ်နိုးတဲ့လူပဲ.. ကတိတစ်ခုက ရွှေထက်တောင် အဖိုးတန်တယ်လို့ သူပြောဖူးတယ်.. ဒါပေမဲ့ ခု သူ မရှိတော့ဘူးဆိုတော့ ကျုပ် ဒီသိုင်းကျမ်းကို သူ့ဆီ ပေးလို့မရတော့ဘူး.. "

" ညီလေးချောင်လည်း သိုင်းပညာရှင်ဆိုတော့.. ဒီသိုင်းကျမ်းကို လက်ခံပေးပါ.. "

' ​အော်. ဘုန်းကြီး .. ဘုန်းကြီး.. ခင်ဗျားတို့ ဘုန်းကြီးတွေက လိမ်မပြောတက်ဘူးလို့ပဲ ကျုပ်ကြားဖူးပါတယ်.. ကျုပ် ကတိပေးထားတာက အဘိုးကြီးဟွမ်ကိုလေ .. အရှင်ဘုရား ..လိမ်တာ မျက်တောင် တောင်မခတ်ဘူး.. "

ချောင်မူက မငြင်းဘဲ စာအုပ်ကို ယူကြည့်လိုက်၏ ။ သံချပ်ဝတ် သိုင်း ဟူသည့် စာလုံးများကို မြင်လိုက်ရသည် ။

' နောက်ထပ် ကိုယ်ခန္ဓာသိုင်း.. '

ချောင်မူ ဝမ်းမြောက် ဝမ်းသာစွာ လက်ခံလိုက်သည် ။ သူ အဆင့်မြင့် အကဲဖြတ်မှု ရသရွေ့ သိုင်းကျမ်းများစွာကို ကျွမ်းကျင်သည်အထိ လေ့ကျင့်နိုင်သည် ။ ဤ သိုင်းကျမ်းအား ဦးစားပေး လေ့ကျင့်ရန် သူ ဆုံးဖြတ်လိုက်သည် ။

ဘုန်းကြီး ထွက်သွားသည်နှင့် ခြံဝင်းထဲတွင် ချောင်မူနှင့် ချောင်စန်းရွှယ်သာ ကျန်ခဲ့တော့သည် ။ နှစ်ယောက်လုံး စကားစ မပြောကြသဖြင့် လေထုက တင်းမာသလို ဖြစ်လာ၏ ။

ချောင်မူက ချောင်လင်းအဖြစ် ဟန်ဆောင်ထား၍ ရင်းနှီးဟန် မပြရဲ ။

" မိန်းကလေးချောင်.. ကျုပ်ညီက မင်းအကြောင်း ခဏခဏ ပြောပြဖူးတယ်.. ဒါပေမယ့် အချိန်မရှိတော့လို့ အရေးမပါတာတွေ မပြော​တော့ဘူး .. မနက်ဖြန်ကျရင် ကျုပ်နဲ့ မြို့စား လွှတ်လိုက်တဲ့ လူတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရတော့မယ်.. ဒါက ကျုပ်တို့ ချောင်ညီအကိုရဲ့ ကိစ္စပဲ .. ဒီကိစ္စမှာ အခုလို မဖြစ်သင့်တာတွေ မဖြစ်ရအောင် ယန်မြို့ကနေ မိန်းကလေး ထွက်သွားပေးနိုင်မယ်လို့ ကျုပ်မျှော်လင့်ပါတယ်.. "

ယခုအချိန်တွင် နှစ်ဖက်စလုံး ငဲ့စရာများ ရှိနေ၍ တိုက်ပွဲ ဖြစ်ဦးမည် ​မဟုတ်ပေ ။

ခဏကြာ တိတ်ဆိတ်သွားကြပြီး ချောင်စန်းရွှယ်က စကားစပြောလိုက်သည် ။

" ရှင် ထွက်သွားစေချင်ရင် ကျွန်မ ထွက်သွားပေးပါ့မယ်.. "

" ဒါပေမယ့် ကျွန်မ ချောင်မူနဲ့ လုပ်စရာ အလုပ်တစ်ခု ရှိသေးတယ်.. ဒီလမ်းကြားထိပ်မှာ ခေါက်ဆွဲဆိုင် ရှိတယ်.. အဲ့မှာ စားရင်း စကားပြောကြမလား.. "

သူတို့နှစ်ယောက် ထွက်လာကြ၏ ။ ချောင်းစန်းရွှယ်က ချောင်မူနှင့် ခြေလှမ်းတဝက် အကွာမှ နီးကပ်စွာ လျောက်လာသည် ။

ခေါက်ဆွဲဆိုင်သို့ ရောက်လျှင် ချောင်မူသည် မသိစိတ်ကြောင့် ထိုင်နေကြ ထောင့်စားပွဲသို့ သွားကာ ဝင်ထိုင်လိုက်သည် ။

ချောင်စန်းရွှယ်က မျက်နှာခြင်းဆိုင် ခုံတွင် ဝင်မထိုင်ဘဲ ချောင်မူ၏ ဘေးတွင် ဝင်ထိုင်လိုက်သည် ။ သူမ က နှာခေါင်းလေး ရှုံ့ပွ ရှုံ့ပွဖြင့် အနံခံရင်း ချောင်မူ့ အနားသို့ တိုးလာပြန်သည် ။

" ကလေးမ ..မင်း မီးနဲ့ ကစားချင်နေတာပဲ.. "

ချောင်မူက လေးနက်စွာဖြင့်...

" ငါ ချောင်လင်းက ဒီနှစ် အသက် ၂၈ နှစ် ရှိပြီ.. ငယ်ငယ်တည်းက သံတုတ်ချောင်း သိုင်းကို လေ့ကျင့်ခဲ့တယ်.. ခု ဒီအရွယ်မှာ နဂါးတစ်ကောင်လို သန်မာနေပြီ.. အိမ်မှာ ကိုယ်လုပ်တော် ၁၃ ယောက်နဲ့ ကလေးခြောက်ယောက် ရှိတယ်.. မင်းရဲ့ ခန္ဓာကိုယ်က ငါ့ ဒဏ် ခံနိုင်မှာ မဟူတ်ဘူး.. "

ချောင်စန်းရွှယ်က ဘာမှ ပြန်မပြော ။ ခဏကြာမှ ဖြည်းဖြည်းချင်း ပြောလိုက်၏ ။

" လိမ်နေတာ.. ရပ်လိုက်တော့.. "

" နင် ၂၈ နှစ်ဆို ငါက ၂၉ နှစ်ပဲ.. "

" နင် ငါ့ကို တမင် ရှုပ်ထွေးအောင် စကားတွေ လျောက်ပြောနေတာ.. ငါ့မှာ အမြင်အာရုံ မရှိပင်မယ့်.. ငါနင့်ကို မြင်နိုင်သေးတယ် .."

" နင့် ခန္ဓာကိုယ် အနံ့.. နင် စကားပြောတဲ့ အသံနေအသံထား.. နင် စာကြောင်းတစ်ကြောင်းချင်းဆီကို အဆုံးသတ်ပုံနဲ့.. နင် လမ်းလျောက်တဲ့အခါ စည်းချက်ကြကြ လျောက်တက်တယ်.. "

" လမ်းခင်းထားတဲ့ ကျောက်တုံး တွေ ကြားထဲ မှောင်တဲ့ နေရာတွေမှာ ရေညှိလေးတွေ ပေါက်နေတယ်.. ရေညှိကို နင်းမိရင် ရေစက်ကျသံလေးတွေ ကြားရတယ်.. နင် လျောက်တိုင်း ခြေဆယ်လှမ်းဆို ရှစ်လှမ်းက ရေညှိပေါ် နင်းမိတက်တယ်.. "

" ဒီခေါက်ဆွဲဆိုင်က ချောင်မူ စားနေကြဆိုင်ပဲ.. သူထိုင်တိုင်း လူရှင်းတဲ့ ထောင့်ထိုင်ခုံ တွေပဲ ရွေးထိုင်တက်တယ်.. "

" ဒါတွေက သူ့အကျင့်စရိုက်တွေ .."

" ပြီးတော့ အရေးအကြီးဆုံးက ငါ့ရဲ့ အလိုလို သိစိတ်ပဲ.. ဟုတ်တယ်မှတ်လား.. "

ချောင်စန်းရွှယ်က သူမ၏ လက်နှစ်ဖက်ဖြင့် သူမ၏ မျက်လုံး နှစ်လုံးကို ထိပြီး တွန့်ဆုတ် ရှုပ်ထွေးစွာ ပြောလိုက်၏ ။

ချောင်မူက မျက်လုံးပြူး မျက်ဆန်ပြူး ပါးစပ်ဟောင်းလောင်းဖြင့် ဆွံ့အနေ၏ ။ ဤသည်က စူပါမားကပ်တွင် အာလူးကြော် သွားဝယ်စဥ် ရည်းစားဟောင်းနှင့် စုံတွေ့နေသကဲ့သို့ပင် ။ ထူးဆန်းသည့် ရှက်ခြင်းမျိုး ခံစားလိုက်ရသည် ။

" နင့် အသံတိတ်နေတယ်.. ဒါဆို ငါ ခန့်မှန်းတာက မှန်တယ်ပေါ့.. "

ထိုအခိုက် ချောင်စန်းရွှယ်က ပြုံးလိုက်တော့သည် ။

" မျက်မမြင်တွေ ဒီလောကကြီးမှာ ရှင်သန်ချင်ရင် လှည့်ကွက်လေး နဲနဲတော့ သိမှရမယ်လေ.. "

" ဒါ ခန့်မှန်းရုံပဲလား.. ဟူး ငါ အလိမ်ခံလိုက်ရသလိုပဲ.. "

ချောင်မူက အံ့သြသွားသော်လည်း သိပ်ဂရုမစိုက်ချေ ။ သူ ချောင်စန်းရွှယ်အား ထွက်သွားရန် ပြောပြီးဖြစ်၍ ပြဿနာကြီးကြီးမားမား မရှိ ။

" နင် အသက် ၂၈ ရှိပြီဆိုပြီး သူတို့ကို ယုံအောင် ဘယ်လိုလုပ်တာလဲ.. မိတ်ကပ်လူးထားတာလား.. မျက်နှာဖုံးအုပ်ထားတာလား.. "

ချောင်စန်းရွှယ်သည် မမြင်ရသဖြင့် ချောင်မူ၏ ပြောင်းလဲသွားသော ရုပ်သွင်ကို မခန့်မှန်းမိပေ ။

ချောင်မူက ပေါ့ပေါ့ပါးပါးသာ ပြောလိုက်သည် ။

" အင်း နည်းနည်းပါးပါးပေါ့.. "

" တကယ်​တော့ အဲ့နေ့ ဓားပြတွေနဲ့ တိုက်ပွဲဖြစ်တုန်းက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရပြီး ဓားပြစခန်းထဲမှာ ပိတ်မိနေခဲ့တာ.. ငါ့ တပ်သားတွေက ငါသေသွားပြီ ထင်နေကြတာ.. ငါ တဖြည်းဖြည်းနဲ့ သတိပြန်ရလာတဲ့ အချိန်မှာ ဝမ်စုန့်ဟဲ ဆိုတဲ့ အင်မော်တယ် တစ်ယောက်နဲ့ တွေ့ခဲ့တယ်.. သူ က ငါ့ကို အင်မော်တယ် ဆေးပြား တစ်ပြားပေးတော့ အဲ့ဟာစားလိုက်တာနဲ့ ငါ့ခွန်အားတွေ တိုးလာပြီး ဒဏ်ရာတွေ အကုန်ပျောက်ကုန်ရော.. "

" အင်မော်တယ်.. ဒီလောကမှာ အင်မော်တယ်တွေ တကယ်ရှိတယ်လား.. "

ချောင်စန်းရွှယ်၏ အပြုံး ပျောက်ကွယ်သွားပြီး အလွန်အံ့အားသင့်နေဟန်သာ ကျန်တော့သည် ။

ချောင်မူက တွေးလိုက်မိ၏ ။

' ငါ့ကို ဝမ်စုန့်ဟဲ ပြောတော့ ချောင်မိသားစုဝင် တစ်ယောက်အနေနဲ့ အင်မော်တယ်တွေကို မသိတာ ထူးဆန်းတယ်ဆို.. ဒီကလေးမလို ချောင်မိသားစုဝင်တောင် မသိတာ ထူးဆန်းတယ်.. "

All Chapters