အခန်း (၃၃-၃၄)
Vol. 4 Ch. 33-34
Chapter 33
~
အခန်း ၃၃
~
" အင်မော်တယ် လမ်းစဥ်.. မျိုးနွယ်ခြား... လူသားတွေထက် သာလွန်တဲ့စွမ်းအား. အဲ့လိုမျိုး ဖြစ်ခဲ့တာလား.. "
ချောင်မူ၏ ဦးနှောက်ဆေးမှုကြောင့် ချောင်စန်းရွှယ်သည် အစပိုင်းတွင် ရှုပ်ထွေးနေသော်လည်း တဖြည်းဖြည်း အမည်မသိ ယုံကြည်မှုများ ရလာခဲ့၏ ။
" ငါ တကယ်ပဲ သာမန်လူတွေနဲ့ မတူဘဲ ကွဲပြားနေတာလား.. "
ချောင်စန်းရွှယ်က မေးလိုက်၏ ။
" မင်းတို့ မိသားစု ဖျက်ဆီး ခံလိုက်ရတဲ့ညနဲ့ မင်းပြောတဲ့ ကောင်းကင်မျက်လုံး ဖွင့်လိုက်ရင် သိုင်းသူတော်စင်ကို အနိုင်ယူနိုင်မယ်ဆိုတာက.. "
" ငါ မလိမ်ဘူး.. တကယ်ပြောတာ.. "
ချောင်စန်းရွှယ်က လေးနက်စွာပြောလိုက်သည် ။
" ငါတို့ ချောင်မိသားစု တစ်ခုလုံး အသတ်ခံလိုက်ရပြီး ငါ့လို မျက်မမြင်တစ်ယောက်ထဲကျန်ခဲ့တာက ငါကပဲ ကံကောင်းလွန်းလို့လား.. ဒါမှမဟုတ် သိုင်းသူတော်စင်ကပဲ သနားတက်လို့လား.. "
" ဟဟ.. သိုင်းသူတော်စင်လို လူမျိုးက ဘယ်လိုလုပ် သနားတက်မှာလဲ.. သူငါ့ကို မသတ်ဘူးဆိုတာ နောက်ကွယ်မှာ တခြားအကြံအစည်တွေ ရှိလို့ပဲ ဖြစ်ရမယ်.. "
" သူက မင်းကို လက်စားချေစေချင်တာလဲ ဖြစ်နိုင်တာပဲ.."
ချောင်မူက မေးလိုက်၏ ။
ချောင်စန်းရွှယ်က ထိုမေးခွန်းကို မသိကျိုးကျွန်ပြု၍ သူမ ပြောချင်ရာသာ ဆက်ပြောနေ၏ ။
" ငါ ငယ်ငယ်တုန်းက အင်မော်တယ်တစ်ယောက် အိမ်ကို ရောက်လာပြီး ငါက သာမန်လူမဟုတ်ဘူးတဲ့ ..ငါ့မှာ သဘာဝ စိတ်ဝိညာဥ် အာရုံ ရှိတယ်တဲ့ .. ငါ့ကို သူ့တပည့်အဖြစ် လက်ခံချင်တယ်လို့ လာပြောတယ်.. ဒါပေမဲ့ ငါတို့ ချောင်မျိုးနွယ်က သိုင်းလောက သားတွေလေ.. အင်မော်တယ်တွေနဲ့ မပက်သက်ချင်လို့ ငါ့မိဘတွေက ငြင်းလိုက်တာ.. "
" ငါက မျက်စိနှစ်ဖက်လုံး ကန်းနေတာ ..ငါ သိုင်းလမ်းစဥ်ကို မလျောက်လှမ်း နိုင်ပေမဲ့ ငါ လျောက်လှမ်းနိုင်တဲ့ တခြားလမ်းစဥ် ရှိနေတာပဲ.. "
" အဲ့တာ အင်မော်တယ် လမ်းစဥ်ပဲ.. "
ချောင်မူ မျက်မှောင်ကြုံ့လိုက်မိပြီး...
" နင်ပြောချင်တာကို တိုက်ရိုက် ပြောလို့မရဘူးလား.. ဘာလို့ ငါ့ကို ခဏခဏ ကြွားနေတာလဲ.. "
" ငါ တောင်းဆိုချင်တာက နင့်လုပ်ရပ်တွေကို ရပ်တန့်ဖို့ပဲ ချောင်မူ.. "
" ကုံးယန်က ယန်မြို့ တစ်ခုလုံးကို ထိန်းချုပ်ထားတာ.. သူက အဆင့် ၇ ဒါမှမဟုတ် အဆင့် ၆ သိုင်းပညာရှင်တောင် ဖြစ်နိုင်သေးတယ်.. ပြီးတော့ သူ့မှာ စစ်သည် ထောင်ပေါင်းများစွာလဲ ရှိတယ်.. နင့်လို အတွင်းဒဏ်ရာ ရနေတဲ့ အဆင့် ၉ သိုင်းပညာရှင်က ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ.. "
" အဲ့တာကြောင့်.. ဒီကိစ္စကို နင်ဝင်မပါနဲ့တော့.. ငါ့တာဝန်ထားလိုက်ပါတော့.. "
" ? "
ချောင်မူ၏ မျက်နှာပေါ်တွင် မေးခွန်းအမှတ်အသား အကြီးကြီး ပေါ်လာ၏ ။ သူ မနည်းကြိုးစားခဲ့ရသည့် သေခြင်းတရားကို ယှဥ်လုနေချင်သည်လော ။
" နင် သေသွားပြီဆိုတဲ့ သတင်းကို မြို့စားရဲ့သားက လာပြောတဲ့ အချိန်ကြမှ ငါ ဆုံးဖြတ်ချက် မပြတ်သားခဲ့တာကို သဘောပေါက်သွားတယ်.. "
ချောင်းစန်းရွှယ်က...
" ငါ့မှာ လက်စားချေဖို့ ရည်ရွယ်ချက် ရှိပေမဲ့ လုပ်နိုင်စွမ်းမရှိဘူး.. "
" နင့်ရဲ့ အကူအညီ ရဖို့ သိုင်းကျမ်းနဲ့ လဲလှယ်ခဲ့ပေမဲ့ အဲ့သိုင်းကျမ်းအတွက်နဲ့ နင့်ကို မသေစေချင်ဘူး.. "
" ဒီ နှလုံးသားမဲ့တဲ့ အကြံအစည်က အစကတည်းက အောင်မြင်နိုင်တဲ့ ကိစ္စမှ မဟုတ်တာ.. "
" အဲ့တာကြောင့် ဒီလက်စားချေမယ့် တာဝန်ကို ဘယ်သူ့ကိုမှ အကူအညီ မတောင်းတော့ဘူး.."
ချောင်စန်းရွှယ်က စကားပြောနေရင်း သူမ ခန္ဓာကိုယ်မှ ရှာဖွေပြီး သိုင်းကျမ်းတစ်အုပ်ကို ထုတ်ယူလိုက်၏ ။
" နင်က ငါ့အတွက်နဲ့ အသက်တောင် သေတော့မလို ဖြစ်ခဲ့ရတယ်.. ငါ့ အပေါ်မှာတင်နေတဲ့ နင့်ကျေးဇူးတရားကို ငါပြန်ဆပ်နိုင်ဖို့ နည်းလမ်းမရှိဘူး.. "
" ငါအခု ယန်မြို့မှာ နေ နေတာ နင့်အတွက် ဝန်ထုတ်ဝန်ပိုးလို ဖြစ်နေတာကို ငါနားလည်ပါတယ်.. ငါ ထွက်သွားမှာပါ.. ဒါပေမဲ့ ငါထွက်မသွားခင် နောက်ဆုံးအနေနဲ့ နင်နဲ့ သဘော တူညီမှု တစ်ခုတော့ ယူရလိမ့်မယ် .."
" သက်ရှည်လက်သီး သုတ္တန်က အရမ်းထူးခြားတယ်.. သူ့ရဲ့ စွမ်းအားက အတွင်းအား လေ့ကျင့်ပြီးတဲ့ အချိန်မှသာ သိသာနိုင်တာ .."
" ဘာလို့လဲ ဆိုတော့ သက်ရှည်လက်သီး သုတ္တန်မှာ အတွင်းအား ရှိတယ့်သူမှ သုံးနိုင်တဲ့ လူ့ခန္ဓာကိုယ်ရဲ့ အကန့်အသတ်ကို ကျော်လွန်နိုင်တဲ့ လျို့ဝှက်စွမ်းရည် တစ်မျိုး ရှိလို့ပဲ.. "
ချောင်စန်းရွှယ်က ဆက်ရှင်းပြသည် ။
" လူ့ခန္ဓာကိုယ် ကန့်သတ်ချက်ကို ကျော်လွန်ခြင်းဆိုတာက ပိုင်ဆိုင်ထားတဲ့ အတွင်းအားရဲ့ ဆယ်ဆကို ထုတ်လွှတ်နိုင်တာကို ပြောတာ.. ဥပမာ ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းစွမ်းရည် ဆိုလည်း ခန္ဓာကိုယ်ရဲ့ အလားအလာတွေကို အတင်းအကြပ်တိုးမြှင့်ပြီး အကန့်အသတ်ကို ကျော်လွန်တာပဲကွာ.. ဒါပေမဲ့ သက်ရှည်လက်သီး သုတ္တန်မှာပါတဲ့ လျို့ဝှက်စွမ်းရည်က က ပိုအဆင့်မြင့်တယ်.. "
" အဲ့တာကို ထပ်ဆင့်လှိုင်းခွန်အား လို့ခေါ်တယ်.. "
" ဒါ.. ဒါကို သုံးလိုက်ရင် နောက်မှာ အတွင်းအား ပုံရိပ်ကြီး ထင်လာမှာလား.. "
ချောင်မူက သူ့လက်ဝါးနှစ်ဖက်ကို ပွတ်ရင်း မျှော်လင့်တကြီး မေးလိုက်၏ ။ မသေနိုင်ခြင်း ၊ အသက်ရှည်ခြင်းနှင့် စွမ်းအား ပုံရိပ် ထုတ်သုံးနေသော သူ၏ ပုံပန်းသဏ္ဍာန်က ဤကမ္ဘာတွင် ပြိုင်ဘက်ကင်း ဖြစ်နေချေမည် ။
( ဒီမှာ ဆိုလိုချင်တာက.. တိုက်ပွဲမှာ သူ အဲ့စွမ်းရည် သုံးလိုက်ရင် သူ့နောက်မှာ အတွင်းအားတွေကြောင့် ဖြစ်လာတယ့် ပုံရိပ်ယောင် ကိုယ်ပွားကြီး ပေါ်လာပြီး ဆရာကြီး စတိုင်နဲ့ ချချင်တာ.. )
" နင်ဘာတွေ လျောက်စဥ်းစားနေတာလဲ.. ထပ်ဆင့်လှိုင်းခွန်အား ဆိုတာက အတွင်းအား အလွှာတွေကို တစ်ခုနဲ့ တစ်ခု ပေါင်းစပ်ပြီး လှိုင်းတွေလို အဆက်မပြတ် ရိုက်ခတ်ပြီးတော့ လူ့ကန့်သတ်ချက်ကို ကျော်လွန်နိုင်တယ့် စွမ်းအားကို ထုတ်ပေးတာ .. အရင်က ငါတို့ ချောင်မိသားစု ခေါင်းဆောင်တောင်မှ သုံးဆင့်လှိုင်း အဆင့်ထိပဲ ရောက်နိုင်ခဲ့တာနော် .. ဒီ စွမ်းအားနဲ့ဆို သူက ပြိုင်ဘက်ကင်းပဲ.. "
" ရော့.. ယူလိုက်.. ဒါ ငါ့မှာ ကျန်တဲ့ နောက်ဆုံး လျို့ဝှက်စွမ်းရည်ပဲ ..ဒီ ထပ်ဆင့်လှိုင်းခွန်အားက လေ့ကျင့်ရတာ အရမ်းခက်တယ်.. စာအုပ် တစ်အုပ်ထဲ ဆိုပေမဲ့ နင့်ဘဝတလျောက်လုံး လေ့ကျင့်ဖို့အတွက် လုံလောက်တယ်.. "
ချောင်းစန်းရွှယ် သိုင်းကျမ်းကို ချောင်မူထံသို့ ကမ်းပေးရင်း စိတ်ရင်းမှန်ဖြင့် ပြောလိုက်၏ ။
" ပြီးတော့ ဒီသိုင်းကျမ်းနဲ့ လဲလှယ်ဖို့အတွက် ငါတောင်းဆိုချင်တာက.. လက်လျော့လိုက်ဖို့.. ပြီးရင် ယန်မြို့ကနေ အမြန်ဆုံး ထွက်သွားတော့.. မြို့စားနဲ့ မတိုက်ခိုက်နဲ့တော့.. မဟုတ်ရင် နင် သေလိမ့်မယ်.. "
" မင်းပြောတာ အဓိပ္ပါယ် ရှိပါတယ်.. "
ချောင်မူ ရင်ထဲထိမိ သွား၏ ။
" ကဲကဲ.. ဒီလိုဆိုမှတော့ ခေါက်ဆွဲအရင်ကုန်အောင် စားကြတာပေါ့.. "
ချောင်မူက ခေါက်ဆွဲကို အားရပါးရစားရင်း ချောင်စန်းရွှယ်၏ ရှည်လျားသည့် စကားများကို မေ့ပစ်လိုက်တော့သည် ။ သူမ တွင် သူမ လျောက်ရမည့် အင်မော်တယ်လမ်းစဥ် ရှိသော်လည်း သူ့တွင်လည်း ကိုယ်ပိုင်လမ်းစဥ် ရှိ၏ ။
သေလမ်းရှာလမ်းစဥ် ။ သူ၏ လမ်းစဥ်အား မည်သူမှ ပိတ်ပင်ထားဆီး၍ ရမည် မဟုတ် ။
**
ခေါက်ဆွဲစားပြီးနောက် ညအချိန်သို့ ရောက်လာပြီး တဖြည်းဖြည်း မှောင်လာ၏ ။
နှစ်ဦးသား လမ်းခွဲချိန် ရောက်နေပြီဖြစ်၍ ချောင်စန်းရွှယ် ထွက်ခွာ သွားတော့သည် ။
သူမ မည်သို့ ထွက်သွားမည်ကို ချောင်မူ စိတ်မပူ ။ သူက သူမ၏ ကာကွယ်စောင့်ရှောက်သူ မဟုတ်သလို ဤကမ္ဘာကြီးတွင် ရှင်သန်နိုင်ရန် သူမတွင် ကိုယ်ပိုင်နည်းလမ်း ရှိလေသည် ။
ချောင်မူ စိတ်ပူနေသည်က မနက်ဖြန် သူမည်ကဲ့သို့ သေရမည်ကိုပင် ။
သူ လမ်းကြားအတွင်းသို့ ရောက်လျှင် လမ်းသွားလမ်းလာများက သူ့အား စာနာစွာကြည့်၍ တီးတိုးပြောနေကြသည်ကို သတိထားမိလိုက်သည် ။ အဘိုးကြီးဟွမ်တို့ သတင်းဖြန့်သည်မှာ အောင်မြင်ပုံရသည် ။
ယန်မြို့မှာ သေးငယ်လှသဖြင့် ကောလဟာလတစ်ခုသည် မြို့တဖက်ခြမ်းသို့ ချက်ချင်းပြန့်နှံ့ သွားနိုင်သည် ။
အထူးသဖြင့် ထိုသတင်းတွင် မြို့စားကိုယ်တိုင် ပါဝင်နေပါက သတင်းပြန့်နှုန်း ပို၍ပင် မြန်ဆန်နေချေမည် ။
' ငါ့အနားမှာ လူတွေရှိနေရင် သေဖို့ ပိုခက်တာပဲ.. '
ချောင်မူက စျာပနပစ္စည်းရောင်းဆိုင် တစ်ဆိုင်တွင် ဝင်၍ စျေးကြီးသည့် ပြာအိုး တစ်အိုး ဝယ်လိုက်သည် ။ ဇိမ်ခံတစ္ဆေ တစ်ကောင် ဖြစ်လာနိုင်ရန် ပိုက်ဆံ သုံးရပေမည် ။
ချောင်မူသည် တခြားသူများ သူ့အား စာနာစွာကြည့်နေသည်ကိုမြင်လျှင် ဝမ်းနည်းနေသည့်အမူအရာ လုပ်ပြလိုက်သည် ။
သူ တဖြည်းဖြည်း ဇာတ်ကောင်သရုပ် ပိုတူလာ၏ ။ သူ ဟန်ဆောင်နေသည်ကို အဆင့်မြင့် သိုင်းပညာရှင်တစ်ယောက်က မမြင်နိုင်သော်လည်း ချောင်စန်းရွှယ် မြင်နိုင်သဖြင့် သူ့အတွက် သတိပေးချက် တစ်ခုလို ဖြစ်သွားသည် ။
ယခုမှ စ၍ သူ့အနားတွင် မည်သူမှ ရှိ၍မရ ။ တကိုယ်တည်း ထူးခြားဆန်းကျယ်သည့်သူ ဖြစ်ရပေတော့မည် ။
ချောင်မူသည် လမ်းကြားထဲသို့ ပြန်ရောက်လျှင် အရင်အိမ်သို့ ပြန်မသွားဘဲ ကျပန်းအိမ်တစ်လုံးကို ရွေးချယ်လိုက်သည် ။
သူ့စိတ်အတွင်းသို့ အာရုံခံကြည့်လျှင် မှိန်ဖျော့ဖျော့ အလင်းရောင် ထုတ်လွှတ်နေသည့် သက်ရှည်သော့ကို မြင်နေရ၏ ။
သက်ရှည်သော့ဟု ခေါ်ဆိုသည့် အရာမှာ မိဘများသည် ကလေးများ၏ လည်ပင်းတွင် အဆောင်အဖြစ် ဆွဲပေးထားသည့် သော့ပုံသဏ္ဍာန် အလှဆင်ပစ္စည်း ဖြစ်သည် ။ မကောင်းဆိုးဝါးများနှင့် ဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရန် ဘဝအား သော့ခတ်ထားသည်ဟု အယူရှိကြသည် ။ များသော အားဖြင့် သော့ပေါ်တွင် အသက်၁၀၀ အထိရှည်ခြင်း နှင့် ချမ်းသာကြွယ်ဝ၍ အသက်ရာကျော်နေနိုင်ခြင်း တို့ကိုသာ ရေးလေ့ရှိသော်လည်း ချောင်မူ၏ သော့တွင်မူ အသက်ရှည်ခြင်းနှင့် ထာဝရအသက်ရှင်ခြင်းဟုသာ ရေးထိုးထားသည် ။
ထာဝရအသက်ရှင်ခြင်းကြောင့် သူတိုက်ပွဲတွင် သေသော်လည်း အသက်ပြန်ရှင်လာပြီး သိုင်းကျွမ်းကျင်မှု တိုးလာနိုင်သည် ။
ယခုအချိန်တွင် သက်ရှည်သော့မှ သံကြိုးငါးချောင်းသည် အောက်ဘက်သို့ စိုက်ဆင်းပြီး ချောင်မူ၏ နှလုံးသားဖြင့် ချိတ်ဆက်ထား၏ ။ နောက်ထပ်သံကြိုးငါးချောင်းမှာ အထက်သို့ တက်သွားပြီး ဟင်းလင်းပြင်အတွင် ပျောက်ကွယ်သွားသည် ။
' သော့က အဆင်သင့် ဖြစ်နေပြီပဲ.. ငါ ဒီအိမ်မှာ ပြန်လည်ရှင်သန်ဖို့ အမှတ်အသား တစ်ခု ထားခဲ့ရမယ်.. '
မှောင်မိုက်နေသည့် ညသန်းခေါင်ယံတွင် ချောင်မူဖယောင်းတိုင်မီး ထွန်းလိုက်ပြီး သူ၏ လက်ကျန်ခွန်အားဖြင့် သိုင်းကျမ်း နှစ်ခုကို ဖတ်ရှုတော့သည် ။
သူမျှော်လင့် ထားသည့်တိုင်းပင် ထပ်ဆင့်လှိုင်းခွန်အား သိုင်းကျမ်းသည် သူ့အတွက် ကောင်းကင်ဘာသာစကားလို ဖြစ်နေပြီး တစ်လုံးမှ နားမလည်ပေ ။ သံချပ်ကာ သိုင်းကျမ်းကို နားလည်သော်လည်း အချိန်ယူ လေ့ကျင့်ရသည့် သိုင်းမျိုး ဖြစ်နေ၏ ။ တစ်ညတည်းဖြင့် ကျွမ်းကျင်ရန် မဖြစ် နိုင်ပေ ။
သူ မသိလိုက်မီပင် မနက်အလင်းရောင် ကျရောက်လာပြီး နောက်တနေ့သို့ ကူးပြောင်းသွားသည် ။
" ငါ သေဖို့ အချိန်ရောက်ပြီပဲ.. "
ချောင်မူက အရိုးပြာအိုးကို ကောက်ယူလိုက်ပြီး သေရန် ပြင်ဆင်တော့သည် ။
Chapter 34
~
အခန်း ၃၄
~
ကြည်လင်နေသော ကောင်းကင်ယံတွင် မဟာနေမင်းကြီးက ထွက်ပေါ်လာလေပြီ ။
အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဓားသမားတစ်ဦးသည် အိပ်မှုန်စုတ်ဖွားဖြင့် စားသောက်ဆိုင်တစ်ခုထဲသို့ ဝင်လာ၏ ။
ဓားသမား၏ အသက်မှာ ၃၀ ခန့်ရှိပြီး ဆံပင်များ ဖရိုဖရဲ ဖြစ်နေကာ မုတ်ဆိတ်မွှေး ကျိုးတို့ကျဲတဲဖြင့် အရက်သမား တစ်ဦးဟု ထင်ရလေသည် ။
သို့ရာတွင် သူ၏ ပုံပန်းသဏ္ဌာန်မှာ မသပ်ရပ်သော်လည်း အထင်သေး၍မရ ။ ထူးခြားသည့် ဆွဲဆောင်မှုတစ်မျိုးပင် ရှိနေ၏ ။
" ကြေမွသွားတဲ့ မှန်တစ်ချပ်ကို ပြန်ဆက်လို့ မရနိုင်ဘူးတဲ့.. "
သူက တိုးတိုးလေး ညည်းရင်း ဆိုင်ထဲသို့ ဝင်သွားသည် ။
ထိုနေ့ ။ မြို့စား၏သားနှင့် လမ်းမပေါ်တွင် ဆုံခဲ့ရသည့်နေ့က သူ၏ အသည်းနှလုံးများ ကွဲကြေခဲ့ရချေသည် ။
သူ တစ်ခြားဒေသမှ လာခြင်းဖြစ်သော်လည်း ယန်မြို့မှ မပြန်ဖြစ်တော့ပေ ။ ဝမ်းနည်းမှုများကြောင့် နေ့တိုင်း အရက်အိုးထဲတွင်သာ ခေါင်းစိုက်နေလေသည် ။
" အရက်တစ်အိုးနဲ့ အမဲသားတစ်ပေါင် ယူခဲ့.. "
ကျန်းချန်က သူ့အိပ်ကပ်ထဲ လက်နှိုက်ရင်း ပြောလိုက်သော်လည်း တုံ့ဆိုင်းသွားပြီး ပြန်ပြင်ပြောလိုက်သည် ။
" အမဲသားမယူတော့ဘူး.. အရက်တစ်အိုးပဲ ပေးတော့.. "
" ဒါပေမဲ့ အရက်တစ်အိုးဖိုး ပိုက်ဆံပြည့်လို့လား.. "
စားပွဲထိုးက ပုခုံးတွန့်ကာ ပြောလိုက်၏ ။
" ပိုက်ဆံလား.. "
ကျန်ချန် ရှက်အမ်းအမ်း ဖြစ်သွားသည် ။ သူ့အကြည့်က သူ့ခါးတွင် ချိတ်ထားသော ဓားဆီသို့ ရောက်သွား၏ ။
' ဒီ သုံးပေရှည်တဲ့ အစိမ်းရောင်ဓားက ဘာအတွက်သုံးရတော့မှာလဲ.. '
သူ ဓားပေါင်ရန် လမ်းတစ်ဖက်ရှိ အပေါင်ဆိုင်သို့ ထွက်လာစဥ် လမ်းတွင် လူတစ်ယောက်ကို တွေ့လိုက်ရ၏ ။ ရီဝေ နေသော မျက်လုံးများ ပြူးကျယ်သွားသည် ။
လှံရှည်တစ်ချောင်းကို ကျောတွင်လွယ်ပြီး အရိုးပြာအိုး ကိုင်ဆောင်ကာ မြို့ပြင်သို့ ဦးတည်နေသော ချောင်မူကို သူမြင်လိုက်ခြင်းပင် ။
လမ်းသွားလမ်းလာများက ဘေးသို့ ကပ်ခါ လမ်းရှင်း ပေးထားသဖြင့် မြင်သာလှပေသည် ။ လူအများက ချောင်မူကို လေးစားမှု ၊ သနားကြင်နာမှုဖြင့် ကြည့်နေကြပြီး တီးတိုး ပြောဆိုနေကြသည် ။
" အဲ့တာ ချောင်မူလား.. ဒါပေမဲ့ ဒီလူက အသက်ပိုကြီးနေသလိုပဲ သူ့အကိုလား.. "
ကျန်းချန်က ဘေးနားရှိ လမ်းသွားလမ်းလားတစ်ယောက်ကို မေးလိုက်၏ ။ သူ့မျက်လုံးများ ချက်ချင်းပြူးကျယ်သွားပြီး တကိုယ်လုံး တုန်ရီသွားသည် ။
" ဘာ.. ချောင်မူ သေသွားပြီလား.. "
ထိုနေ့က သူ ချောင်မူအား ကျေးဇူးတင်စကား ပြောခဲ့သော်လည်း စိတ်ထိခိုက်နေ၍ အမြန်ထွက်လာခဲ့၏ ။ ယခု ချောင်မူ၏ အကြောင်းကို သူထပ်မံကြားရသည်က သတင်းဆိုးသာ ဖြစ်နေခဲ့သည် ။
" တရားမျှတမှု ဆိုတာ ရှိသေးရဲ့လားကွ.. "
ကျန်းချန် ဒေါသတကြီး အော်ဟစ်လိုက်သည် ။
" တရားမျှတမှု လိုချင်တာလား.. ဒီမြို့ကို ကုံးမိသားစု ပိုင်တယ်ဆိုတာ မမေ့နဲ့.. "
" မင်း စကားပြောတာ သတိထား.. လူရှေ့သူရှေ့မှာ ဒီလိုစကားတွေ မပြောနဲ့.. သတ္တိရှိပြီး ရဲရင်တဲ့ ငါတို့ မိတ်ဆွေလေး ချောင်မူ.. အခု သေသွားပြီ .."
ကျန်းချန်က ဓားကို တင်းတင်းဆုတ်ကိုင်၍ မြို့စားစံအိမ်တော်သို့ ဦးတည်ပြီး အလျင်အမြန် လျောက်သွားသည် ။
သို့သော်လည်း မြို့စားအိမ်တော် တံခါးဝ သို့ ရောက်လျှင် အစောင့်များကို ကြည့်ပြီး တွန့်ဆုတ်နေ၏ ။
" ဟင်းးး....."
နောက်ဆုံတွင် သူသက်ပြင်းချလိုက်ပြီး ပြန်လှည့်ထွက်လာခဲ့သည် ။
ယန်မြို့တွင် မြို့စားအား မကျေနပ်သူ များစွာ ရှိသော်လည်း ဓားကိုင်၍ ရင်ဆိုင်ရဲသူမှာ လက်ချိုးရေ ၍ ရသည် ။ ယခု ထိုသူများအားလုံးမှာလည်း အသက်မရှိတော့ ။
ချောင်မူက လမ်းမ တစ်လျောက် ဖြည်းဖြည်းလျောက်လာပြီး မြို့တံခါးဝမှ မြို့ပြင်သို့ ထွက်ခွာသွား၏ ။
………………..
ချောင်မူသည် မြို့မှထွက်ခွာပြီး တောင်ပေါ်လမ်းတစ်လျှောက် တစ်ယောက်တည်း လျှောက်လာခဲ့သည် ။
လမ်းဘေးရှိ ကျောက်ဆောင်တစ်ခုပေါ်တွင် မီးခိုးရောင်ဝတ်ထားသော အဘိုးကြီးတစ်ဦးသည် ငွေရောင်လက်အိတ်တစ်စုံကို ဖြည်းဖြည်းချင်းဝတ်ဆင်ကာ ချောင်မူကို အေးစက်စက်မျက်လုံးများဖြင့် ကြည့်နေသည် ။
သူတို့ နောက်ဆုံး တိုက်ခိုက်ခဲ့သည်မှာ လမ်းကြားအတွင်းရှိ ချောင်စန်းရွှယ်၏ အိမ်တွင်ဖြစ်သည် ။ ထိုစဥ်က အားဖူသည် လက်ဗလာဖြင့်ပင် အေးဆေး အသာစီး ယူနိုင်ခဲ့သည် ။
ယခု အခါတွင်မတော့...
အားဖူက လေရှည်မနေဘဲ ချောင်မူ ထံသို့ ခုန်ဝင်သွားသည် ။
ချောင်မူ၏ အတွင်းအားမှာ ချက်ချင်း မြင့်တက်လာပြီး သွေးစွမ်းအင်များ ပွက်ပွက်ဆူနေသည်ကို သူ သတိထားမိလိုက်၏ ။
' ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းစွမ်းရည် ချက်ချင်းထုတ်သုံးတာလား.. ဒီညီအကို နှစ်ယောက်လုံး တစ်ပုံစံထဲပဲ..သေမှာ လုံးဝ မကြောက်ကြဘူး.. '
' ဒါပေမဲ့.. တောင်ကို ဖြိုချင်တဲ့ ခါချဥ်ပဲ.. ဒီစွမ်းအား သုံးလိုက်တာဆိုတော့ ငါသူနဲ့ ထိပ်တိုက် မရင်ဆိုင်ဘဲ အချိန်ဆွဲတိုက်ရမယ်.. '
ချောင်လင်းသည် သူ့အား အသက်စွန့်တိုက်မည်ကို အားဖူ သိ၏ ။ ခွေးရူးတစ်ကောင်နဲ့ တိုက်ခိုက်နေသော လူတစ်ယောက်လို သူ သတိထားရန် ဆုံးဖြတ်လိုက်သည် ။ အလွယ်တကူ အနိုင်ယူနိုင်သော်လည်း မတော်တဆ ဒဏ်ရာ ရသွားလျှင် မကောင်းချေ ။
ထို့ကြောင့် အားဖူက သူ၏ ပစ်မှတ်ကို ပြောင်းလိုက်ပြီး ချောင်မူ ကိုင်ထားသည့် ပြာအိုးကို လက်ဝါးဖြင့် ရိုက်လိုက်သည် ။
ချောင်လင်းသည် ညီဖြစ်သူအတွက် အသက်စွန့်၍ ကလဲ့စားချေမည့်သူ ဖြစ်သဖြင့် ပြာအိုးကို တိုက်ခိုက်သည်က ...
" ခွမ်း...."
အားဖူ အံ့အားသင့်သွား၏ ။
ချောင်လင်းက ပြာအိုးကို မကာကွယ်သည့်အပြင် သူ့အား ပြာအိုးဖြင့် ပစ်ပေါက်လိုက်သည် ။
အိုးကွဲသွားသဖြင့် အဖြူရောင် ပြာမှုန့်များ အားဖူ၏ မျက်နှာထက်သို့ ဖုံးလွှမ်းသွား၏ ။ အငိုက်မိသွားသဖြင့် မျက်လုံးထဲ ပြာမှုန့်ဝင်သွားပြီး ပူစပ်ပူလောင် ခံစားမိကာ မျက်ရည်များ စီးကျလာသည် ။
" သောက်ခွေး.. ပြာထဲ ထုံးရောထားတယ်လား.. ဒါ မင်းညီရဲ့ ပြာတွေနော်.. "
အားဖူက ဒေါသတကြီး ပြောလိုက်သည် ။
" ငါတို့ ညီအကို နှစ်ယောက်က နှလုံးသား တစ်ခုထဲနဲ့ အတူတိုက်ခိုက်နေတာ.. ပြာထဲ ထုံးရောတော့ ဘာဖြစ်လဲ.. "
ချောင်မူက ပြန်အော်လိုက်ပြီး လွယ်ထားသော လှံရှည်က်ို ချွတ်လိုက်၏ ။ လှံထိပ်ဖျားတွင် သွေးစွမ်းအင် အရှိန်အဝါ ရစ်ပတ်နေပြီး အခွင့်ကောင်းယူကာ တိုက်ခိုက်တော့သည် ။
ချောင်မူသည် သေဆုံးမှု အကဲဖြတ်ချက် မြင့်မားစေရန် အများကြီး ကြိုးစားထားရ၏ ။ ချောင်မူနှင့် ချောင်လင်း၏ ပုံရိပ် နှစ်ခုကို ခွဲခြား သိမြင်စေချင်းက ပိုကောင်းပေသည် ။
……
ခဏကြာပြီးနောက်...
မီးခိုးရောင်ဝတ်အဘိုးကြီး ( အားဖူ) က နီရဲနေသော မျက်လုံးများကို လက်ဖြင့် ပွတ်သပ်နေ၏ ။ သူ့ခြေထောက်အောက်တွင် ကွဲကြေနေသည့် အရိုးပြုအိုးနှင့် ချောင်းလင်း၏ အလောင်း ရှိနေသည် ။
သူက ချောင်လင်း၏ အလောင်းကို မုန်းတီးစွာ ကြည့်လိုက်ပြီး ချောက်ကမ်းပါး အောက်သို့ ကန်ချလိုက်သည် ။
ခွန်အား ကွာခြားလှသဖြင့် သူ အလွယ်တကူ အနိုင်ယူနိုင်မည်ဟု ထင်ခဲ့သော်လည်း ချောင်လင်းက ဤမျှ ဉာဏ်နီဉာဏ်နက် များလိမ့်မည်ဟု သူ မထင်ထားမိ ။
" ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေ.. သွေးအေးတဲ့ စိတ်နေစိတ်ထား.. သူ့ကို ထူးချွန်ထက်မြက်တဲ့ လူတစ်ယောက်လို့ သတ်မှတ်လို့ရတယ်.. သူ အားနည်းနေတာက လွဲလို့ပေါ့.. "
အားဖူက ချောက်ကမ်းပါးအောက်ကို ကြည့်ရင်း တိုးတိုးလေးပြောလိုက်၏ ။
" ဒီ ကမ္ဘာမှာ တရားမျှတမှု လိုချင်ရင် မင်းရဲ့ လက်သီးပြင်းအားကပဲ ယူဆောင်ပေးနိုင်တယ်.. "
" ယန်မြို့မှာ ကုံးမိသားစုက ဘုရင်ပဲ.. မင်းတို့ ညီအကို နှစ်ယောက် ရဲရင့်ပေမဲ့ ကုံးမိသားစုနဲ့ ယှဥ်ရင် ပုရွတ်ဆိတ်တွေ.. "
" မြက်ရိတ်တဲ့အခါ အမြစ်မတူးရင် နွေဦးလေပြည် တိုက်ခတ်တဲ့အခါ ပြန်ပေါက်လာလိမ့်မယ်တဲ့ ခုတော့ .."
ထိုအချိန်မှာပင် နွေဦးလေပြည် လေညှင်းလေးသည် ဖြတ်သန်းတိုက်ခတ်သွား၏ ။
ရုတ်တရက် ချောင်မူ၏ ပုံရိပ်က တောင်တက်လမ်းတွင် ပေါ်လာသည် ။ သူ သေဆုံးပြီးလျှင် အနီးအနားရှိ ကျပန်း သို့မဟုတ် သတ်မှတ်ထားသည့် နေရာတစ်ခုတွင် ပြန်လည်ရှင်သန်ရန် ရွေးချယ်နိုင်သည် ။
" ခွေးမသားကြီး.. ငါတို့ ချောင်မိသားစုကို သတ်ရဲတယ်လား.. "
ချောင်မူ ကျယ်လောင်စွာ မာန်သွင်းလိုက်ပြီး တဟုန်ထိုး ပြေးဝင်လာ၏ ။ သေဆုံးမှု အကဲဖြတ်ချက် ၂ နှစ်ရခဲ့သဖြင့် အဆင့် ၈ သို့ ရောက်ရှိသွားသည် ။
" ကောင်းကင်နတ်ဆိုးပြိုကွဲခြင်း .."
ယခုအချိန်တွင် ချောင်မူသည် လက်နက်မဲ့ ဖြစ်သော်လည်း သူ၏ အရှိန်အဝါက ပိုမို သန်မာနေသည် ။
' တကယ်ကြီး နောက်ထပ် အမွှာတစ်ယောက် ရောက်လာတာလား ..ငါ ချောင်လင်းကို မြန်မြန် သတ်နိုင်ခဲ့တာ ကံကောင်းတယ်.. နှစ်ယောက်လုံးကို တစ်ပြိုက်နက် ရင်ဆိုင်ရရင် လွယ်မှာ မဟုတ်ဘူး.. '
' အဆင့် ၈ သိုင်းပညာရှင် ဖြစ်နေတာတောင် ကောင်းကင်နတ်ဆိုးပြိုကွဲခြင်း စွမ်းရည် သုံးနေသေးတာလား.. ဘာလို့ ချောင်မိသားစုက အရူးတွေ ကြည့် ဖြစ်နေတာလဲ.. "
' ဒါပေမယ့်.. ငါ့အတွင်းအားက သူ့ထက် အများကြီး ပိုကောင်းတယ်..ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းစွမ်းရည်က အချိန်အကန့်အသတ်ရှိတယ်.. ငါ ရှောင်နိုင်ရင် အားအများကြီး ထုတ်စရာ မလိုဘူး.. "
အားဖူက တည်ငြိမ်စွာ ရင်ဆိုင်လိုက်သည် ။ အတွင်းအားကို အသုံးပြု၍ လျင်မြန်စွာ ရှောင်တိမ်းနေခဲ့ပြီး အချိန်အတော်ကြာလာသည်နှင့် ချောင်မူ၏ အတွင်းအား ကုန်ဆုံးသွားခဲ့သည် ။ ခဏကြာလျှင် အားဖူက ချောင်မူ၏ အလောင်းကို ချောက်ထဲသို့ ကန်ချလိုက်ပြန်သည် ။
" ဒီလောက်ပါပဲ.. "
အားဖူ အသက်ပြင်းပြင်း ရှူလိုက်၏ ။ သူ အနည်းငယ် မောပန်းနေသဖြင့် ခေတ္တအနားယူလိုက်သည် ။
အဲ့သည့်အချိန်မှာပင် လေပြည် လေညှင်းလေးက ဖြတ်တိုက်သွားပြန်သည် ။
အားဖူက ချောင်ကမ်းပါး အောက်သို့ ငုံ့ကြည့်လိုက်ပြီး နောက်သို့ ပြန်လှည့်ကြည့်လိုက်ရာ ချောင်မူကို မြင်လိုက်ရ၍ သူ့ခန္ဓာကိုယ် တောင့်တင်းသွားသည် ။
နွေဦးလေပြည် ဖြတ်သန်း တိုက်ခတ်ပြီးနောက် ချောင်မူ ပြန်လည်ရှင်သန် လာခဲ့လေပြီ ။