အခန်း (၇၆၂-၇၆၃)
Vol. 45 Ch. 762-763
Chapter 762
ဖင်းဂါးအုပ်စု ၂
“သီအိုရီအရတော့ ဟုတ်တယ်”
“ဒါဆို ဘာအကျိုးကျေးဇူး ရှိမှာလဲ”
ရှီတိယွမ် ခေါင်းရှုပ်သွားသည်၊၊
“အကယ်၍ အနီရောင်သတ္တဝါရဲ့ ပုံစံကို အကောင်အထည်ဖော်နိုင်မယ်ဆိုရင် အနှစ်သာရအားဖြင့် လူသားတွေက သန္ဓေပြောင်းသတ္တဝါရဲ့ အသိစိတ်နဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်သလိုပဲ။ အဲဒီလိုဆိုရင် လှုပ်ရှားမှုရဲ့ ပြင်းအားနဲ့ ဖျတ်လတ်မှုက အင်ပါယာရောဂျက်ရဲ့ အကြီးစား စက်ရုပ်တွေထက် အများကြီး ပိုအားကောင်းလိမ့်မယ်”
လင်းရှန်က ရှင်းပြသည်၊၊
“ပြီးတော့ အမှောင်ကျူးကျော်ဝင်ရောက်မှာကိုလည်း စိုးရိမ်စရာ မလိုတော့ဘူး”
ကျန်းရှု့ဝေက ထပ်ပြောသည်။
“အတိအကျပဲ”
“သောက်ကျိုးနဲ”
ရှီတိယွမ်၏ မျက်လုံးများပြူးကျယ်သွားကာ သဘောပေါက်သွားသည်၊၊
“ဒီကောင်တွေ အကြံကြီး ကြံနေကြတာပဲ”
“ကျုပ်က ခန့်မှန်းကြည့်တာပါ ဒါပေမဲ့ ဒါက ထင်သလောက် မရိုးရှင်းတာတော့ သေချာတယ်။ ပထမဆုံးအနေနဲ့ အဆင့် (A) သန္ဓေပြောင်းသတ္တဝါတစ်ကောင်ကို သတ်ဖို့တောင် မလွယ်တာ အရှင်ဖမ်းဖို့ဆိုတာ ဝေးသေးတယ်။ ဒုတိယအနေနဲ့ ကိုယ်ပွားတွေ ဒါမှမဟုတ် ထူးဆန်းတဲ့ လူသားတွေထဲကို ဒစ်ဂျစ်တယ်ရှင်သန်ခြင်းနဲ့ ထည့်သွင်းဖို့က သီအိုရီအရ ဖြစ်နိုင်တယ်။ ဒါကို ဒါရိုက်တာတင်း အသိဆုံးပဲ။ ဒါပေမဲ့ သန္ဓေပြောင်းသတ္တဝါတွေက လူသားတွေ မဟုတ်ဘူး”
“ဒါကြောင့်မို့လို့ သူတို့က မှိုနည်းပညာကို လေ့လာနေကြတာပေါ့”
ကီကီက ထိုအချိန်တွင် ဝင်ပြောလိုက်သည်။
“လင်းရှန် ရှင်မေ့နေတာလား။ သူတို့က တကယ်တမ်းမှာ ပုံတူပွားဖို့ မဟုတ်ဘဲ မှိုနည်းပညာကနေတစ်ဆင့် အသိစိတ်ကို တင်ပို့ပြီး စစ်မှန်တဲ့ အသိစိတ်ပြောင်းရွှေ့မှုကို လုပ်ချင်နေတာပဲ”
လင်းရှန်သည် ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်သည်၊၊
“ဟုတ်သားပဲ။ ငါ အဲဒါကို မေ့လုနီးပါးဖြစ်သွားတယ်”
ထိုသို့ ပြောပြီးနောက် သူသည် စမ်းသပ်ဆဲဇီဝမျိုးစပ်ခန္ဓာကိုယ်ကို ကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်၊၊
“ဒါရိုက်တာတင်းနဲ့ ကျန်တဲ့လူတွေကို အရင်လေ့လာခိုင်းလိုက်ပါဦး။ အနီရောင်ကမ္ဘာက လူတွေက တကယ်ပဲ နတ်ဘုရားဖြစ်ချင်နေကြတာပဲ”
“အာရုဏ်ဦးမြို့တော်မှာ အနီရောင်သတ္တဝါတွေအကြောင်း စုံစမ်းတုန်းက ကျွန်မ တွေ့ရှိချက်အချို့ ရှိခဲ့ပေမဲ့ အခု အခြေအနေတွေ ပြောင်းလဲသွားတာက ကျွန်မ မျှော်လင့်ထားတာထက် ကျော်လွန်နေတယ်”
ကျန်းရှု့ဝေက ပြောသည်။
“ထူးဆန်းတယ်”
ကီကီက မျက်မှောင်ကြုတ်လိုက်သည်၊၊
“အရင်တုန်းက ကျင်းဟိုင်က အနီရောင်ကမ္ဘာရဲ့ အခြေစိုက်စခန်းလို့ ပြောခဲ့ကြတယ်။ ဒါဆို သူတို့တွေ ဆုတ်ခွာသွားပြီလို့ ဆိုလိုတာလား”
“အဲဒါက ကျွန်မပြောချင်တဲ့ ဒုတိယအချက်ပဲ”
ကျန်းရှု့ဝေက ဆက်ရှင်းပြသည်၊၊
“အနီရောင်ကမ္ဘာဆိုတာ အတည်တကျရှိနေတဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ သူတို့မှာ အဖွဲ့ဝင်အနည်းငယ်ပဲ ရှိတယ်။ ဒါပေမဲ့ Ai ၊ ဒစ်ဂျစ်တယ်ရှင်သန်ခြင်းနဲ့ အနီရောင်သတ္တဝါနည်းပညာတွေကြောင့် သူတို့ရဲ့ ထုတ်လုပ်နိုင်စွမ်းနဲ့ လုပ်ဆောင်နိုင်စွမ်းက အလွန်အားကောင်းပြီး လျှို့ဝှက်လွန်းတယ်။ ကျွန်မတို့ အရင်က အနီရောင်သတ္တဝါတစ်ကောင်ကို ဖမ်းမိခဲ့ပေမဲ့ ဘာမှအသုံးမဝင်ခဲ့ဘူး။ ဦးနှောက်-ကွန်ပျူတာနဲ့ မှတ်ဉာဏ်တွေက အလိုအလျောက် ပျက်စီးသွားလို့ ဘာအချက်အလက်မှ မရခဲ့ဘူး”
“ဘာလို့လဲဆိုတော့ သူတို့က ပြန်ပေးဆွဲခံထားရတဲ့ စွမ်းအားရှင်တွေရဲ့ ကိုယ်ထဲမှာ ကပ်ပါးထည့်ပြီး လုပ်နေကြလို့ပဲ။ ဒါဟာ တကယ်ကို ယုတ်ညံ့တဲ့ လုပ်ရပ်ပဲ”
ချီလီက နှာမှုတ်လိုက်သည်၊၊
“အရင်က အာရုဏ်ဦးမြို့တော်ထဲမှာ လူပျောက်မှုတွေနဲ့ အနီရောင်သတ္တဝါဖြစ်ရပ်တွေမှာ အသန်မာဆုံးစွမ်းအားရှင်တွေရှိတဲ့ အဖွဲ့အစည်းကြီးတွေ ပါဝင်နေတယ်။ ငါတို့ အကြာကြီး စောင့်ကြည့်ခဲ့တယ်၊၊ အနီရောင်သတ္တဝါတွေက မြို့ပြင်ကနေ ဝင်လာတာ မဟုတ်ဘူးဆိုတာ တွေ့ရတယ်”
“မင်းပြောချင်တာက အာရုဏ်ဦးမြို့တော်က အနီရောင်ကမ္ဘာနဲ့ ပူးပေါင်းပြီး သူတို့ကို တမင်ပေးဝင်တာလို့ ပြောတာလား”
လင်းရှန်က အသက်ပြင်းပြင်းရှူရင်း မေးလိုက်သည်။
“မဟုတ်ဘူး”
ကျန်းရှု့ဝေက လင်းရှန်ကို ကြည့်လိုက်သည်၊၊
“အနီရောင်ကမ္ဘာရဲ့ အစိတ်အပိုင်းတစ်ခုက အာရုဏ်ဦးမြို့ထဲမှာတင် ရှိနေနိုင်တယ်လို့ ငါ သံသယရှိတယ်”
“ဘာ”
“ဒါက တကယ်ကို ရဲတင်းလွန်းတာပဲ”
လူတိုင်း ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားကြသည်။
“ဘာလို့လဲဆိုတော့ သူတို့ရဲ့ လှုပ်ရှားမှုတွေက အစွန်းကုန် လျှို့ဝှက်ထားလို့ပဲ။ သူတို့က မြို့ပြဧရိယာအကြောင်းကို ညကင်းလှည့်အဖွဲ့ထက်တောင် ပိုနားလည်နေတယ်။ ဒါကြောင့် ကျွန်မ ဒီလိုတွေးလိုက်တာပဲ။ ပြီးတော့ အနီရောင်သတ္တဝါကလွဲရင် အနီရောင်ကမ္ဘာက လူတွေကို ခွဲခြားဖို့ တခြားနည်းလမ်းမရှိဘူး။ တစ်ယောက်ယောက်က ရှင့်အရှေ့မှာ လာရပ်နေရင်တောင် သူက ဘယ်အဖွဲ့အစည်းကလဲဆိုတာ ရှင်သိပါ့မလား”
ကျန်းရှု့ဝေက ထောက်ပြလိုက်သည်၊၊
“ဒါဆိုရင် တကယ့်ပြဿနာကြီးပဲ”
လင်းရှန်က ကျန်းရှု့ဝေကို ကြည့်ကာ မေးလိုက်သည်။
“ဒါဆို မင်းရဲ့ အစီအစဉ်က ဘာလဲ”
“ရှင်နဲ့ အတူတူပဲ”
“ကျွန်မတို့အဖွဲ့က တဖြည်းဖြည်းချင်း ဆုတ်ခွာမယ်။ အခု ဖီးနစ်က ရောက်လာပြီဆိုတော့ ညလမ်းလျှောက်သူအဖွဲ့အစည်းက လူတွေလည်း သေချာပေါက်ရောက်လာလိမ့်မယ်။ ကျွန်မတို့လုပ်နိုင်တာက အာရုဏ်ဦးမြို့တော်နဲ့ အနီရောင်ကမ္ဘာက ကျွန်မတို့ကို အာရုံမစိုက်နိုင်တဲ့ အချိန်မှာ ဆုတ်ခွာဖို့ ပြင်ဆင်ရမှာပဲ”
သူမသည် ထိုသို့ပြောရင်း သူမ၏ လက်ကောက်ဝတ်ရှိ ကိရိယာကို ဖွင့်လိုက်ရာ ကြက်သွေးရောင် ဖီးနစ်တံဆိပ်တစ်ခု ထွက်ပေါ်လာသည်။
“ငါ့ကို ယုံပါ။ အာရုဏ်ဦးမြို့တော်နဲ့ အနီရောင်ကမ္ဘာကြားက ပူးပေါင်းမှုဟာ ရှင်ထင်သလောက် မရိုးရှင်းဘူး”
“ကြက်သွေးရောင် ဖီးနစ်တံဆိပ်လား”
လင်းရှန်က သူမကို ကြည့်လိုက်သည်၊၊
“အာရုဏ်ဦးမြို့တော်ကို စုံစမ်းဖို့ ဖီးနစ်က မင်းကို လွှတ်လိုက်တာ မဟုတ်လား”
ကျန်းရှု့ဝေက ခေါင်းခါပြကာ တည်ငြိမ်စွာ ပြောသည်၊၊
“မဟုတ်ဘူး။ ကျွန်မ ကျင်းဟိုင်ကို လာတာက တကယ်တော့ ဂြိုဟ်ပတ်ရထားလမ်းပေါ်က ရထားအတွက်ပဲ။ ဒါဟာ မူလက ဂြိုဟ်ပတ်စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အာကာသလမ်းကြောင်းအတွက် စမ်းသပ်ယူနစ်အနေနဲ့ ကမ္ဘာနဲ့ ဝမ်ယွဲ့ဂြိုဟ်ပတ်ကွင်းကြား သယ်ယူပို့ဆောင်ရေးအတွက် သုံးဖို့ပဲ။ မူလက ဖင်းဂါးအုပ်စု၊ ရှင်းဟွာ အကြီးစားစက်မှုလုပ်ငန်း၊ ကျင်းဟိုင်၊ ကျုံးချီ၊ ဟွမ်ရှင်း အားလုံးက ဒီတည်ဆောက်ရေးမှာ ပါဝင်ခဲ့ကြတာ။ အဲဒီထဲမှာ...”
သူမသည် မိုနီကာကို လှမ်းကြည့်လိုက်ရာ မိုနီကာက အေးအေးလူလူပင် လက်ပိုက်လျက် ပြုံးပြလိုက်သည်။
“ကတ်တီးယား မိသားစုကတော့ အကုန်ပျက်စီးသွားပါပြီ။ စီးပွားရေးတွေလည်း မရှိတော့ဘူး။ ရှင်တို့ ဆွေးနွေးချင်တာ ဆွေးနွေးကြပါ။ ကျွန်မကတော့ ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ ကပ္ပတိန်လင်းသာ အဲဒီရထားကို သိမ်းပိုက်နိုင်ရင် ကျွန်မအတွက် နေရာလေးတစ်နေရာ ချန်ထားပေးနိုင်မလား။ မိုနီကာကတော့ အများကြီး ကျေးဇူးတင်မိမှာပါ… အဆင်ပြေမလား”
စကားဝိုင်းက ရုတ်တရက် ပြောင်းလဲသွားပြီး မိုနီကာ၏ ဆွဲဆောင်မှုရှိသော အသံကို နားထောင်ရင်း လင်းရှန်မှာ ဘာပြောရမှန်းမသိဖြစ်သွားသည်၊၊
“ကောင်းပြီလေ။ ငါသာ သိမ်းပိုက်နိုင်ရင် မင်းအတွက် ပထမတန်းက ထိုင်ခုံတစ်လုံး ချန်ထားပေးပါ့မယ်”
“ကျေနပ်စရာပဲ”
မိုနီကာက ပြုံးပြီး လင်းရှန်၏ နားသို့ ကပ်လာသည်၊၊
“ကျေးဇူးတင်တဲ့အနေနဲ့ ရှင်က ဘယ်အချိန်မဆို ဘုရင်မ မိုနီကာကို ဝါးမျိုနိုင်ပါတယ်”
သူမသည် နောက်ဆုံးစကားလုံးနှစ်လုံးကို အဓိပ္ပာယ်အပြည့်ဖြင့် တီးတိုးပြောလိုက်သည်။
“ကောင်းတယ်”
လင်းရှန်၏ မျက်လုံးများ တောက်ပသွားသည်။ သူ၏ ယန္တရားစွမ်းအားကို တစ်ဆင့်မြှင့်တင်နိုင်တော့မည် မဟုတ်ပါလား။
ကျန်းရှု့ဝေက မိုနီကာကို အေးစက်စွာ ကြည့်လိုက်သော်လည်း မိုနီကာက သူမကို ထူးဆန်းသော အကြည့်ဖြင့် ပြန်ကြည့်နေသည်ကိုသာ တွေ့ရသည်။ ကျန်းရှု့ဝေက သူမ၏ အေးစက်သော အကြည့်ကို လွှဲလိုက်ပြီး ဆက်ပြောသည်။
“ဒီမပြီးပြတ်သေးတဲ့ စီမံကိန်းကို အာရုဏ်ဦးမြို့တော်က ကမ္ဘာပျက်ကပ်အပြီးမှာ အရေးပေါ် စီမံကိန်းတစ်ခုအနေနဲ့ အတင်းကျပ်သိမ်းယူလိမ့်မယ်။ ဘာလို့လဲဆိုတော့ ငွေကြယ်က ထာဝရအဆင့်မှာ ရှိနေပေမဲ့ ဒီလိုဆိုးရွားတဲ့ ပတ်ဝန်းကျင်မှာ သမုဒ္ဒရာပတ်လမ်းထဲကို ယုံကြည်မှုအပြည့်နဲ့ မဝင်နိုင်လို့ပဲ။ ဒါကြောင့် ကျွန်မရဲ့ အစီအစဉ်ကို ပြောင်းပြီး မြောက်ဘက်ကို ဦးတည်ဖို့ ပြင်ဆင်ခဲ့ရတာပဲ။ ဒါပေမဲ့ ဖက်ဒရေးရှင်းက ကျိုးမင်ယွမ်ရဲ့ ဆွေးနွေးပူးပေါင်းမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငါ့ရဲ့ ငွေကြယ်နဲ့ အုပ်စုပိုင်ပစ္စည်းအားလုံးကို ကျင်းဟိုင်နဲ့ အာရုဏ်ဦးမြို့တော်မှာ ထိန်းသိမ်းထားလိုက်တယ်။ ဒါကြောင့် ကျွန်မက အာရုဏ်ဦးမြို့တောိနဲ့ ယာယီပူးပေါင်းနေရတာပဲ”
“သူတို့က ဖင်းဂါးအုပ်စုရဲ့ အရင်းအမြစ်တွေကို သုံးပြီး ကောင်းကင်အမိုးခုံးအဆင့်ရထားကို တည်ဆောက်နေကြတာပဲ။ နောက်တော့မှ ဒီစီမံကိန်းကို လင်းလုံအုပ်စုက ဝမ်ဟွေ့က အဆိုပြုခဲ့တာဆိုတာကို ကျွန်မသိလိုက်ရတယ်”
“ဟင်။ လင်းလုံအုပ်စုက သူတို့ကိုယ်တိုင် ရင်းနှီးမြှုပ်နှံပြီး ဒီရထားကို တည်ဆောက်တာလို့ ပြောခဲ့တာမဟုတ်ဘူးလား။ တကယ်တော့ တည်ဆောက်ရေးပိုင်းကို ရှင်တို့အုပ်စုက လုပ်နေတာပေါ့”
ကီကီက ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။
“လင်းလုံအုပ်စုက ဖက်ဒရေးရှင်း မြေအောက်မြို့တော်စီမံကိန်းရဲ့ အဓိကမိတ်ဖက်ဖြစ်သလို အကြီးစား ပင်လယ်ရေကြောင်းကုန်သွယ်မှုကိုလည်း စီမံခန့်ခွဲနေတာပဲ။ အရင်းအမြစ်တွေ အများကြီးရှိတယ်။ သူတို့က ဖက်ဒရေးရှင်းနဲ့ ခိုင်မာတဲ့ မဟာမိတ်ဖွဲ့ထားတယ်။ နောက်ပိုင်းမှာ ကျိုးမင်ယွမ်က ကောင်းကင်အမိုးခုံးရထားစီမံကိန်းကို ဝမ်တုံဆီ လွှဲပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မက တည်ဆောက်ရေး အစီအစဉ်ကို လက်ခံရရှိတဲ့အခါမှာ ဖက်ဒရေးရှင်းအတွက်တော့ ဒါက နိုင်ငံရေးအရ အသုံးချဖို့ စီမံကိန်းတစ်ခုသက်သက်ပဲဆိုတာ တွေ့လိုက်ရတယ်။ လူတစ်သန်း တင်ဆောင်နိုင်တဲ့ အာကာသရထားလို့ ကြေညာထားပေမဲ့ အဲဒါအတွက် အနည်းဆုံး စံနှုန်းမီအာကာသရထားတွဲ ၁၀၀၀ လိုအပ်လိမ့်မယ်။ သတိထားရမှာက ဒါတွေက သာမန်တွဲတွေမဟုတ်ဘူး။ တွဲတစ်တွဲချင်းစီက ကောင်းကင်အမိုးခုံးစံနှုန်းတွေနဲ့ ကိုက်ညီရမယ်။ ဖက်ဒရေးရှင်းရဲ့ လက်ရှိထုတ်လုပ်မှုစွမ်းအားနဲ့ဆိုရင် ဒါကို အပြီးသတ်ဖို့ နှစ် ၂၀ လောက် ကြာလိမ့်မယ်”
ကျန်းရှု့ဝေက ပြောသည်။
Chapter 763
ဖင်းဂါးအုပ်စု ၃
“ဒါပေမဲ့ ဒီလိုစီမံကိန်းမျိုးနဲ့ဆိုရင် အာရုဏ်ဦးမြို့တော်က လူသားမျိုးနွယ်ရဲ့ အလင်းရောင်ဖြစ်လာဖို့ ခြေတစ်လှမ်း ပိုနီးစပ်သွားတာပေါ့”
လင်းရှန်က တည်ငြိမ်စွာ ပြောလိုက်သည်။
“ဟုတ်တယ်”
လင်းရှန်သည် ဧရာမ သန္ဓေပြောင်းခန္ဓာကိုယ်နှင့် ဇီဝသတ္တဝါကြီးကို မော့ကြည့်ကာ ပြင်းထန်သော ပိုးသတ်ဆေးနံ့ကို လက်ဖြင့် ဝှေ့ယမ်းဖယ်ရှားရင်း မျက်မှောင်ကြုတ်၍ ပြောသည်။
“ဒါဆို မင်းက ဖက်ဒရေးရှင်းနဲ့ ပူးပေါင်းနေရင်း အခွင့်အရေးရှာပြီး အနီရောင်ကမ္ဘာအကြောင်းကို စုံစမ်းနေတာပေါ့”
“ကျွန်မမှာ ရွေးချယ်စရာမရှိဘူး”
ကျန်းရှု့ဝေက လင်းရှန်ကို စိတ်ဝင်တစား ကြည့်လိုက်သည်၊၊
“ဒါပေမဲ့ ရှင်ကကတော့ ရှင်းဂျီတို့နဲ့ ပူးပေါင်းပြီး ဒီလောက်အကြီးအကျယ် လှုပ်ရှားနေတာပဲ။ ဖီးနစ်ရဲ့ ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘောနဲ့ ကြိုတင်ပြီး ဗျူဟာချထားတာမလား”
လင်းရှန်က ခါးသီးစွာ ရယ်မောလိုက်သည်၊၊
“ငါတို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သက်သက်လုပ်တာပါပဲ။ ဖီးနစ်နဲ့ ဘာမှမဆိုင်ပါဘူး”
ထိုစကားကို ကြားသောအခါ ကျန်းရှု့ဝေ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်၊၊
“ရှင်က... ဖီးနစ်နဲ့ အဆက်အသွယ်မရှိဘူးလား”
“မရှိဘူး” ချန်ဆီရွှမ်က ဝင်ပြောသည်၊၊
“တိတ်ဆိတ်မြို့တော် တွင်းနက်ထဲက ထွက်လာကတည်းက ကျိုးမင်ယွမ်က ကျွန်မတို့ကို စောင့်ကြည့်နေတယ်။ ရှင်နဲ့ ကျိုးမင်ယွမ်၊ ဝမ်တုံတို့ တိတ်ဆိတ်မြို့တော်ကို ရောက်လာတုန်းက ကျွန်မတို့ ဘာမှအဆင်သင့်မဖြစ်သေးဘူး”
ကျန်းရှု့ဝေက လင်းရှန်ကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်၊၊
“ဒါက မထူးဆန်းဘူးလား။ ဒီလောက်တိုက်ဆိုင်နေတာလား”
“တိုက်ဆိုင်တာလည်း ဖြစ်နိုင်တာပဲ”
ရှီတိယွမ်က ပြောလိုက်သည်။
“အရင်က အနီရောင်ကမ္ဘာနဲ့ ပူးပေါင်းနေတဲ့ ဖက်ဒရေးရှင်းက လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ပုံရိပ်က ခိုင်မာနေပြီ။ သူတို့ကို ဖီးနစ်က ရာထူးကဖယ်ရှားပြီး အာရုဏ်ဦးမြို့ကို သိမ်းပိုက်မှာကို ကြောက်နေကြတယ်လို့ ငါသံယယရှိတယ်။ အခု ဘယ်ဘက်မှာ တိတ်ဆိတ်မြို့တော်၊ ညာဘက်မှာ ယုံကျန်းဆိပ်ကမ်းရဲ့ သံမဏိအစောင့်တပ်ရင်း ၈၃ နဲ့ဆိုတော့ သူတို့က ဝိုင်းဝန်းပိတ်ဆို့ခံထားရသလိုဖြစ်နေပြီ။ ဒါကြောင့် သူတို့ရဲ့ တပ်ဖွဲ့တွေနဲ့ အရင်းအမြစ်တွေကို အကုန်စုစည်းနေတာပဲ။ မဟုတ်ရင် ငါတို့က အခွင့်ကောင်းယူသွားမှာ စိုးလို့လေ”
“ကျွန်မလည်း အဲဒီလိုပဲ ထင်တယ်”
မိုနီကာက ရှေ့တိုးလာပြီး ပြောသည်၊၊
“သူတို့ အခု အရမ်းထိတ်လန့်နေကြတယ်။ ဒါတွေအားလုံးက ဖီးနစ်က ဗိုလ်ချုပ်ရဲ့ အစီအစဉ်လို့ သူတို့ ထင်နေကြပုံပဲ”
“ဒါလည်း အဓိပ္ပာယ်ရှိတာပဲ”
ချီလီက ခေါင်းညိတ်ထောက်ခံသည်။
ကျန်းရှု့ဝေလည်း ခေါင်းညိတ်လိုက်သည်၊၊
“ကောင်းပြီ။ အဲဒါကပဲ တစ်ခုတည်းသော ရှင်းပြချက်ဖြစ်လိမ့်မယ်”
လင်းရှန် ကျန်းရှု့ဝေကို အံ့သြသလို ကြည့်လိုက်သည်။ တိတ်ဆိတ်မြို့တော်မှာတုန်းက သူနှင့် ရှင်းဂျီတို့သည် ကျန်းရှု့ဝေက ဖီးနစ်နှင့် ကြိုတင်ချိတ်ဆက်ပြီး ရထားစက်ရုံကို သိမ်းပိုက်ဖို့ စီစဉ်ထားသည်ဟု ထင်ခဲ့ကြသည်။ ရယ်စရာကောင်းသည်မှာ နှစ်ဖက်စလုံးက အနီရောင်ဖီးနစ်တံဆိပ်အဖွဲ့ဝင်များ ဖြစ်ကြသော်လည်း မည်သူမျှ ဖီးနစ်နှင့် ကြိုတင်အဆက်အသွယ် မလုပ်ခဲ့ကြခြင်းပင်။ အာရုဏ်ဦးမြို့တော်၏ အခြေအနေတင်းမာနေပုံအရ ရှီတိယွမ်၏ ခန့်မှန်းချက်က လက်တွေ့အကျဆုံး ရှင်းပြချက်ဖြစ်ပုံရသည်။
သို့သော် လင်းရှန်သည် တိုက်ဆိုင်မှုများကို မကြိုက်ပေ။ အထူးသဖြင့် ယခု ရင်ဆိုင်နေရသည်မှာ ဖက်ဒရေးရှင်း၏ အာရုဏ်ဦးမြို့တော်နှင့် အနီရောင်ကမ္ဘာတို့ဖြစ်သည်။ ၎င်းတို့သည် အာခီစိုင်းက သာမန်ကန္တာရဓားပြများ မဟုတ်ကြချေ။ အကယ်၍ ဒါကို ရှင်းပြလို့မရလျှင် အာရုဏ်ဦးမြို့တော်တွင် အခြားဝှက်ဖဲများရှိနိုင်သလို ဖီးနစ် ရောက်လာခြင်းမှာလည်း တွင်းနက်လှုပ်ရှားမှုကြောင့်တင် မဟုတ်ဘဲ အခြားအကြောင်းရင်း ရှိနိုင်သည်ဟု လင်းရှန်က ယုံကြည်နေသည်။
“ကျွန်မ မေးစရာတစ်ခုရှိတယ်”
ချန်ဆီရွှမ်က ကျန်းရှု့ဝေကို မေးလိုက်သည်၊၊
“အာရုဏ်ဦးမြို့တော်က အမှောင်ကျူးကျော်မှုကနေ သောက်ရေသန့်စင်မှုက ၉၅ ရာခိုင်နှုန်းအထိ ရောက်နေပြီဆိုတာ တကယ်လား”
ထိုအချိန် အားလုံးက ကျန်းရှု့ဝေကို လှည့်ကြည့်ကြသည်။
“ဟုတ်တယ်” ကျန်းရှု့ဝေက တိုက်ရိုက်ပြန်ဖြေသည်။
“ဘာ” ကီကီက ထိတ်လန့်တကြား အော်လိုက်သည်၊၊
“ဒါက တကယ်ကြီးလား”
အားလုံး နားမလည်နိုင်ဖြစ်ကုန်ကြသည်။ ယခုအချိန်အထိ ဖီးနစ်၊ ဥရောပ မုန်တိုင်းမဟာမိတ်နှင့် မြောက်အမေရိက ပူးပေါင်းတပ်ဦး၊ အာရုဏ်ဦးဗဟိုစင်တာနှင့် ပူးပေါင်းတာတောင် ၁၈ ရာခိုင်နှုန်းသာ ရသေးသည်။
“အနီရောင်ကမ္ဘာနဲ့ ပတ်သက်နေတာလား”
နန်ကျင်းက မေးသည်။
ရုတ်တရက် ကျန်းရှု့ဝေက ခေါင်းခါပြကာ သူတို့ကိုကြည့်ရင်း တည်ငြိမ်စွာ ပြောသည်။
“အစတုန်းက ကျွန်မလည်း သိချင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ မြို့တွင်းပိုင်းနဲ့ မြေအောက်မြို့တော်မှာ သောက်ရေသန့်စင်မှု ၉၅ ရာခိုင်နှုန်း တကယ်ရှိနေလို့ပဲ။ ဈေးကြီးပေမဲ့ တစ်မြို့လုံးနီးပါး ဒီရေကို ရနေကြတယ်။ ခရိုင်ဟောင်းက လူတွေတောင် သောက်နိုင်ကြတယ်။ အာရုဏ်ဦးမြို့တော်မှာ ဒီနည်းပညာ တကယ်ရှိတယ်လို့ လူအများက ယုံကြည်လာကြတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ဒါဟာ ထင်သလိုမဟုတ်ဘူးဆိုတာ ကျွန်မသိလိုက်ရတယ်”
ကျန်းရှု့ဝေက ဆက်ရှင်းပြသည်၊၊
“ဒါက တကယ်တော့ ရိုးရိုးလေးပါ။ ဘာလို့လဲဆိုတော့ အာရုဏ်ဦးမြို့တော်မှာ ကမ္ဘာပေါ်မှာ အကောင်းဆုံး မြို့ပြပိုက်လိုင်းစနစ်ရှိနေလို့ပဲ”
လင်းရှန် မျက်မှောင်ကြုတ်သွားသည်၊၊
“ဘာကို ဆိုလိုတာလဲ”
“သူဆိုလိုတာက ဒီ ၉၅ ရာခိုင်နှုန်း သန့်စင်တဲ့ရေဆိုတာ တကယ်တော့ လူသားတွေရဲ့ ခန္ဓာကိုယ်ထဲကနေ စစ်ထုတ်ပြီးသားရေကို ပြောတာ”
မိုနီကာ၏ အသံက လူအုပ်ကြားထဲမှ ထွက်ပေါ်လာသည်။
ထိုစကားကြောင့် လူတိုင်း၏ မျက်နှာများ ပျက်ယွင်းသွားသည်။
“ဟင်... ဒါဆို ဒီသောက်ရေကို ဒီလိုမျိုး ထုတ်တာလား”
ကီကီ မျက်လုံးပြူးသွားသည်။
“မှန်ပါတယ်”
ကျန်းရှု့ဝေက မိုနီကာကို တစ်ချက်ကြည့်ပြီး ဆက်ပြောသည်၊၊
“အာရုဏ်ဦးမြို့တော်မှာ လူဦးရေ ၇ သန်းနီးပါးရှိတယ်။ သိုလှောင်ထားတဲ့ ရေသန့်တွေက ဘယ်လောက်ပဲ ကာကွယ်ထားပါစေ… အမှောင်ကျူးကျော်မှုကြောင့် အချိန်ကြာလာတာနဲ့အမျှ အဆိပ်သင့်နှုန်း မြင့်တက်လာတယ်။ ဒါပေမဲ့ လူ့ခန္ဓာကိုယ်က ဒီအဆိပ်တွေကို စစ်ထုတ်ပေးနိုင်တယ်။ ဒါကြောင့် တစ်မြို့လုံးရဲ့ အညစ်အကြေးတွေကို ရေဆိုးသန့်စင်စက်ရုံကနေ ပြန်စစ်ထုတ်လိုက်ရင် ၉၅ ရာခိုင်နှုန်း သန့်စင်တဲ့ရေ ဖြစ်လာပြီး အဲဒါကို ဈေးကြီးကြီးနဲ့ ပြန်ရောင်းတာပဲ”
လင်းရှန် ဆွံ့အသွားပြီး စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ လူကို ရေစစ်အဖြစ် သုံးတာလား။ သူတို့က တကယ်ကို စီးပွားရေး ပါရမီရှင်တွေပဲ။
“သောက်ကျိုးနဲ့ အတုအယောင်တွေပဲ”
ရှီတိယွမ် မြည်တွန်တောက်တီးလိုက်သည်၊၊
“ရေသန့်စင်စနစ်က ပြဿနာမရှိပါဘူး။ ဒီစနစ်က ရထားတိုင်းမှာ ပါတာပဲ မဟုတ်လား”
“ဒါပေမဲ့ ဈေးကြီးကြီးယူပြီး နည်းပညာစွမ်းဆောင်ရည်ကို အတုလုပ်တာကတော့ လွန်လွန်းတယ်”
နန်ကျင်းက ဝင်ပြောသည်။
“နိုင်ငံရေးသမားတွေပဲ ဒီလိုမျိုး အမြတ်ထုတ်ရင်း အပြင်လူတွေကို ကြွားလုံးထုတ်ဖို့ စဉ်းစားနိုင်တယ်။ ကျွန်မကတော့ ဒီလူတွေအကြောင်း ကောင်းကောင်းသိတယ်”
မိုနီကာက လှောင်ပြုံးလိုက်သည်။
“ကျွန်မက ဒီလူတွေရဲ့ လုပ်နည်းကိုင်နည်းတွေကို ကောင်းကောင်းနားလည်နေတယ်”
“ဘာပဲဖြစ်ဖြစ် ငါတို့က အာရုဏ်ဦးမြို့တော်ကို သွားမှာမှ မဟုတ်တာ”
ချီလီက ကျန်းရှု့ဝေ၏စကားကို အရေးမစိုက်သလို ပြောလိုက်သည်၊၊
“ဒါဆို အခု ကောင်းကင်အမိုးခုံးရထားရဲ့ အခြေအနေက ဘယ်လိုလဲ။ ငါတို့ ယူလို့ရပြီလား”
“ရထားရဲ့ အဓိက ကိုယ်ထည်ကတော့ ပြီးသွားပြီ။ အခု နံပါတ် ၁ စက်ရုံရဲ့ ဆိုက်ကပ်ကွင်းထဲမှာ ဆိုက်ကပ်ထားတယ်။ အဓိကကိုယ်ထည်လေးခုကတော့ တည်ဆောက်ပြီးစီးသလောက်ပဲ။ လက်နက်စနစ်ကတော့ တစ်ဝက်ပဲ ပြီးသေးတယ်။ ကျန်တာကတော့ ဆွဲငင်အားကွင်းနဲ့ စံနှုန်းမီ ရထားတွဲတွေပဲ”
“သွားကြည့်ရအောင်” လင်းရှန်က ပြောသည်။
“အဲဒီအတောအတွင်း တိတ်ဆိတ်မြို့တော်နဲ့ ဆက်သွယ်ပြီး ကျင်းဟိုင်ကြယ်ဆိပ်ကမ်းအခြေအနေကို စစ်ဆေးလိုက်ပါ။ ပြီးမှ အတူတူဆွေးနွေးကြမယ်”
“သွားကြစို့”
ကျန်းရှု့ဝေက လင်းရှန်ကို ကြည့်လိုက်သည်၊၊
“စက်မှုဇုန်က ကာကွယ်ရေးတံတိုင်းကို ဖက်ဒရေးရှင်းနဲ့ လင်းလုံအုပ်စုက တည်ဆောက်ထားတယ်။ အပြင်ဘက်မှာလည်း တခြားအသက်ရှင်ကျန်ရစ်သူတွေ တည်ဆောက်ထားတဲ့ သတ္တုတံတိုင်းအတားအဆီးတွေ ရှိသေးတယ်။ ဒီနေရာက ယာယီအားဖြင့် လုံခြုံတယ်။ ပြောရရင်... အာရုဏ်ဦးမြို့တော်ထက်တောင် ပိုလုံခြုံဦးမယ်”
“တကယ်ပဲ။ ဥက္ကဋ္ဌကျန်းရဲ့ ခွဲခြမ်းစိတ်ဖြာချက်အရဆိုရင် အာရုဏ်ဦးမြို့တော်က နေချင်စရာမြို့မဟုတ်တော့ဘူး။ အဲဒီမှာ နေရတာထက်စာရင် သတ္တဝါတွေနဲ့ ဖုတ်ကောင်တွေကို ရင်ဆိုင်ရတာကမှ ပိုကောင်းဦးမယ်”
ရှီတိယွမ်က ပြောသည်။
လူအုပ်ကြီးသည် အကြီးစား ဓာတ်လှေကားဖြင့် မြေပြင်ပေါ်သို့ ပြန်တက်လာကြသည်။ စက်ရုံဝန်းကျင်တွင် သေနတ်သံများ ကြားနေရသော်လည်း အတွင်းပိုင်းမှာမူ တိတ်ဆိတ်နေလေသည်။
အပေါ်ရောက်သည်နှင့် လင်းရှန်သည် ဆက်သွယ်ရေးကိရိယာကို သုံးပြီး တိတ်ဆိတ်မြို့တော်သို့ ဆက်သွယ်ကာ လက်ရှိအခြေအနေကို အကြောင်းကြားလိုက်သည်။
“အဆင့် (A) သန္ဓေပြောင်းသတ္တဝါ ဇီဝမျိုးစပ်သတ္တဝါလားလား။ စိတ်ဝင်စားစရာပဲ။ သူတို့ လေ့လာနေတာ တော်တော်ကြာပြီ ထင်တယ်”
ရှင်းဂျီက တည်ငြိမ်စွာ ပြန်ဖြေသည်။
“ဒီနည်းလမ်းက အလုပ်ဖြစ်မယ် ထင်လား”
လင်းရှန်က မျက်မှောင်ကြုတ်လျက် မေးသည်။
“အလွယ်တကူ ကောက်ချက်ချဖို့တော့ ခက်တယ်”
ရှင်းဂျီက ပြောလိုက်သည်၊၊