← Chapters

အခန်း (၇၇၀-၇၇၁)

Vol. 45 Ch. 770-771

အခန်း (၇၇၀-၇၇၁)

Vol. 45 Ch. 770-771

Chapter 770

ဒါက အသက်ဝင်နေတယ် ၄

“ချီလီနဲ့ မိုနီကာတို့ရဲ့ ရထားတွဲတွေကို ဝါးမျိုလိုက်ရင် လုံလောက်မှာပါ...”

ဟိုလိုဂရမ်ဖန်သားပြင်ပေါ်မှ အခန်းတွဲ အခြေအနေများကို ကြည့်ရင်း လင်းရှန် တွက်ချက်လိုက်သည်။ ထိုအချိန်တွင် ချန်ဆီရွှန် ကွပ်ကဲခန်းထဲ ဝင်လာသည်၊၊

“လင်းရှန်... တိတ်ဆိတ်မြို့တော်ဘက်က တည်ဆောက်ရေးနှုန်းက အရမ်းမြန်တယ်။ မပြီးသေးတဲ့ အစိတ်အပိုင်းက နာရီ ၂၀ အတွင်း ပြီးလိမ့်မယ်လို့ ရွှန်းက ပြောတယ်”

“အဲဒီလောက်တောင် မြန်တာလား”

လင်းရှန် အံ့သြသွားသည်။

“၆၀ ရာခိုင်နှုန်းက ပြီးနေပြီလေ။ ရှင်းဂျီက စက်ရုပ် ၆ ထောင်လောက် သုံးထားတာဆိုတော့ ဒီလောက်မြန်တာ မဆန်းပါဘူး...”

ကီကီ နောက်ကနေ လမ်းလျှောက်လာပြီး နှစ်ယောက်သား လင်းရှန်ကို ကြည့်လိုက်ကြသည်။ ချန်ဆီရွှန်က စိတ်လှုပ်ရှားနေသည်၊၊

“ကျွန်မတို့ တွင်းနက်ထဲက ထွက်လာကတည်းက တိုးတက်မှုက အရမ်းမြန်လွန်းတယ်။ အခုဆို ရထားလမ်းပြဿနာအတွက် စိတ်ပူစရာမလိုတော့ဘူး မဟုတ်လား”

“ဟုတ်တယ်”

လင်းရှန် ခေါင်းညိတ်လိုက်သည်၊၊

“အရင်က ဒါကို ဘယ်လို ပြုပြင်မွမ်းမံရမလဲလို့ ငါအမြဲတွေးနေခဲ့တာ… ဒါပေမဲ့ လူအိုကြီးမိုနဲ့ စကားပြောပြီးမှ ငါ့ရဲ့ အနန္တရထားကို မြေပြင်အနေအထားမရွေး မောင်းလို့ရအောင်ပဲ ပြင်လို့ရမယ်။ ပျံသန်းဖို့ဆိုရင် အသစ်တည်ဆောက်ရမှာပဲ။ အခု ဒီကောင်ကြီး ရလိုက်တာက ကောင်းကင်က ပေးတဲ့ လက်ဆောင်ပဲ။ ငါတို့ လူထောင်ပေါင်းများစွာအတွက် အသက်ရှင်ဖို့ အခွင့်အရေးပဲ”

“ပြီးတော့ တိတ်ဆိတ်မြို့တော်လိုပဲ မြေပြင်ပေါ်မှာလည်း သွားလို့ရတယ်”

ကီကီက ဂုဏ်ယူစွာ ပြောသည်၊၊

“ကြယ်သင်္ဘောထက်တောင် ပိုပြီး လုံခြုံသေးတယ်။ နောင်တစ်ချိန် အာကာသထဲကို ဖောက်ထွက်ချင်ရင်လည်း ဒါနဲ့ဆို ဖြစ်နိုင်တယ်”

ချန်ဆီရွှန်က သူတို့ကို ကြည့်ပြီး ပြုံးလိုက်သည်၊၊

“ကျိအန်းမြို့ကနေ ငါတို့ စထွက်လာတုန်းက ကီကီမှာ စိတ်ကူးတွေ အများကြီး ရှိခဲ့တယ်။ အခုတော့ အဲဒါတွေ အကုန်လုံးနီးပါး လက်တွေ့ဖြစ်လာပြီနော် လင်းရှန်”

“မပြီးသေးဘူး”

လင်းရှန် ခေါင်းခါလိုက်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှူကာ ပြောသည်၊၊

“အခု ငါတို့မှာ ပျံသန်းနိုင်တဲ့ ယာဉ်ကြီးတစ်စင်းပဲ ရှိသေးတယ်။ သံချပ်ကာတွေနဲ့ လက်နက်တွေကို ပြန်ပြင်ရဦးမယ်။ လူတွေ ပိုများလာတော့ အတွင်းပိုင်း နေထိုင်မှု၊ သုတေသနဇုန်၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးတွေကိုလည်း အချိုးကျ တိုးချဲ့ရဦးမယ်။ ငါက ဒါကို ငါတို့ လုံလုံခြုံခြုံနေလို့ရမယ့်… အန္တရာယ်တွေ့ရင်လည်း ထွက်ပြေးလို့ရမယ့် ခံစစ်မြို့တော်ကြီးတစ်ခုဖြစ်စေချင်တာပဲ”

“ဒါပေမဲ့ ငါတို့က အကောင်းချည်းပဲ တွေးလို့ မရဘူး။ ကြယ်သင်္ဘောရှိရုံနဲ့ မလုံခြုံဘူး။ တန်ချိန် ၃ သောင်းရှိတဲ့ သင်္ဘောကြီးတွေ ပျက်ကျခဲ့သလို လူ ၄ သိန်းနေတဲ့ ချင်းလွမ် ကောင်းကင်မြို့တော်ကြီးလည်း အတ္တလန္တိတ်သမုဒ္ဒရာထဲ နစ်မြုပ်သွားခဲ့ဖူးတယ်။ ကမ္ဘာပျက်ကပ် စကတည်းက ဖက်ဒရေးရှင်းရဲ့ သင်္ဘောတွေ အာကာသထဲ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြပေမဲ့ အများစုက ကျရှုံးခဲ့တာပဲ။ ဒါကြောင့် အမှောင်ထုနဲ့ ယှဉ်ရင် ငါတို့က အားနည်းနေတုန်းပဲ”

လင်းရှန်က စိုးရိမ်တကြီးဖြင့် ဆက်ပြောသည်၊၊

“ဒီကောင်ကြီးကို တိတ်ဆိတ်မြို့တော်လို အဆင့်မျိုးအထိ လက်နက်တွေ အပြည့်အစုံ တပ်ဆင်ရမယ်။ ငါတို့ရဲ့ အဓိက ပန်းတိုင်က S-Class အဆင့် ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နိုင်ဖို့ပဲ။ ထိပ်တိုက် မတိုက်နိုင်ရင်တောင် လုံခြုံစွာ ဆုတ်ခွာနိုင်စွမ်းတော့ ရှိရမယ်”

ကီကီက လင်းရှန်ကို ကြည့်ပြီး ပြုံးစိစိဖြင့် ပြောလိုက်သည်၊၊

“ဟေး... အများကြီးပြောမနေနဲ့... ကျွန်မတို့ လမ်းတစ်လျှောက်လုံး အမြဲတမ်း ကံကောင်းခဲ့တာပဲမဟုတ်လား။ အဝေးကြီးက အနာဂတ်အတွက် အခုကတည်းက စိတ်ပူနေတာ အပိုပဲ။ အဲဒီအစား ရှင့်ရဲ့ ကပ္ပတိန်အခန်းကို သွားမကြည့်ချင်ဘူးလား... ကျွန်မအခန်းနဲ့ မျက်စောင်းထိုးမှာပဲနော်”

“အားလုံး နေရာချပြီးပြီလား”

ချန်ဆီရွှန် ခေါင်းညိတ်ပြသည်၊၊

“ဒီမှာ နေရာလွတ်တွေ အများကြီးပဲ။ ကုန်းပတ်က ၄ ထပ် ရှိတယ်။ အနန္တရထားပေါ်က အစီအစဉ်အတိုင်းပဲ လူတွေကို ပထမထပ်မှာ ထားထားတယ်။ အချင်းချင်း သိပ်မဝေးဘူး။ ပင်မသင်္ဘောပေါ်မှာ လူအများကြီး မထားဘူးလို့ ရှင်ပြောထားလို့ အဓိကအဖွဲ့ဝင်တွေပဲ ဒီမှာနေပြီး ကျန်တဲ့သူတွေက စံနှုန်းမီအတွဲတွေမှာ နေကြတယ်”

လင်းရှန် စိတ်ဝင်စားသွားပြီး သူတို့နှစ်ယောက်နောက်လိုက်ကာ လူနေဇုန်သို့ သွားကြည့်လိုက်သည်။ နေထိုင်ခန်းပေါင်းများစွာ ရှိပြီး အားလုံးက အလွန် သပ်ရပ်သားနားလှသည်။ တံခါးကို တွန်းဖွင့်လိုက်ချိန်တွင် အလွန် ကျယ်ဝန်းရုံသာမက အာကာသခရီးသွားယာဉ်များ၏ သန့်ရှင်းလတ်ဆတ်သော ခံစားချက်ကို ပေးစွမ်းနေသည်။

“တွေ့လား... ကုတင်ကြီးက အကြီးကြီးပဲ~” ကီကီက ပြောသည်။

“ပြောရရင် ဒီရထားမှာ မင်းမိသားစုရဲ့ အစုရှယ်ယာတွေလည်း ပါတာပဲ”

လင်းရှန်က ကီကီကို ကြည့်ပြီး ပြောလိုက်သည်။

ကီကီက မျက်စောင်းထိုးကြည့်လိုက်သည်၊၊

“ကျွန်မ ဂရုမစိုက်ဘူး။ ဒါတွေက ရှင်ပိုင်တာဆိုတော့ ကျွန်မလည်း ပိုင်တာပဲ… သောက်ကျိုးနဲ… ရေချိုးခန်းကြီးကလည်း အကြီးကြီးပဲ”

ချန်ဆီရွှန်က လင်းရှန်ကို ကြည့်လိုက်သည်၊၊

“ဒီက နေထိုင်ခန်းတိုင်းမှာ ကိုယ်ပိုင်ရေချိုးခန်း ပါတယ်။ မီးဖိုချောင် သီးသန့်ပါသလို ထမင်းစားခန်းနဲ့ ရေကူးလို့ရတဲ့ အားကစားခန်းမတောင် ပါသေးတယ်...”

“ကမ္ဘာပျက်ကပ်ကြီးထဲမှာ ငါတို့ ဒီလို နေ့ရက်ကောင်းတွေ ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

လင်းရှန်က ပြုံးလျက် ပြောသည်။

“တကယ်တော့... ရှင်က ကျွန်မတို့ကို အမြဲတမ်း အကောင်းတွေ ပေးခဲ့တာပါ”

ချန်ဆီရွှန်က ဆက်ပြောသည်၊၊

“ရှုချင်းတို့ အနန္တရထားပေါ် မရောက်ခင်က ကြွက်ခြောက်တွေပဲ စားခဲ့ရတယ်။ ကျွန်မတို့ရဲ့ အနန္တရထားက ကျွန်မတို့ကို ကောင်းကောင်း ကာကွယ်ပေးခဲ့သလို နေထိုင်ရတာလည်း သက်သောင့်သက်သာ ရှိခဲ့တာပဲ”

လင်းရှန် ခေါင်းညိတ်လိုက်သော်လည်း အနည်းငယ် နှမြောစိတ် ဖြစ်မိသည်၊၊

“ဟုတ်တယ်... တကယ်လို့ ရထားလမ်းပြဿနာသာမရှိရင် ငါလည်း အနန္တရထားကို မခွဲနိုင်ပါဘူး”

“နှမြောမနေပါနဲ့... အခု ဒီကောင်ကြီးက အကြီးဆုံးပဲလေ”

ကီကီက ရှေ့ကနေ လျှောက်သွားပြီး အလိုအလျောက်တံခါးတစ်ခုကို ဖွင့်လိုက်သည်။ လင်းရှန်ရှေ့တွင် ကျယ်ဝန်းလှသော ကပ္ပတိန်အခန်းကြီး ပေါ်လာသည်။ ဤအခန်းသည် ကွပ်ကဲခန်းနှင့် အနီးဆုံးဖြစ်ပြီး၊ ထိုအထပ်တွင် အခန်း ၄ ခန်းသာ ရှိသည်။ လင်းရှန်နှင့် ချန်ဆီရွှန်အပြင် ကျန် ၃ ခန်းမှာ ကီကီနှင့် ရှားရှား၊ ကျန်းရှု့ဝေနှင့် မိုနီကာတို့ ဖြစ်ကြသည်။

လင်းရှန်မှလွဲ၍ အားလုံးက အမျိုးသမီးတွေချည်း ဖြစ်နေသည်။

ကီကီနဲ့ ရှားရှားကိုတော့ သူနားလည်သော်လည်း ကျန်းရှု့ဝေနဲ့ မိုနီကာက ဘာလို့ ဒီမှာ လာနေတာလဲ။

ကီကီက ကျယ်ဝန်းသော အခန်းကို ကြည့်ပြီး ကျေနပ်နေသည်၊၊

“အပြင်မှာ ဖုတ်ကောင်တွေ အော်နေပြီး မြို့ထဲမှာလည်း မွန်းစတားတွေ ပြည့်နေတဲ့အချိန်မှာ ကျွန်မတို့က ကြယ်သင်္ဘောပေါ်က ဇိမ်ခံခန်းထဲမှာ နေနေရတာပဲ... တကယ်ကို သက်သောင့်သက်သာရှိတယ်။ ဒီလို ငြိမ်းချမ်းတဲ့ နေ့ရက်တွေ ကြာကြာခံပါစေလို့ပဲ ဆုတောင်းရမယ်”

“ဒါနဲ့... တင်းကျန်းရီရော”

“အနန္တရထားပေါ်မှာ သုတေသနလုပ်နေတုန်းပဲ။ သူ တစ်ခုခု ရှာတွေ့ထားပုံရတယ်... အခုချိန်မှာ ဘယ်သူမှ သူ့ကို သွားမနှောင့်ယှက်ရဲသေးဘူး”

ချန်ဆီရွှန်က ပြောသည်။

“ကောင်းပြီ... ငါ သူ့ဆီ သွားကြည့်လိုက်ဦးမယ်”

လင်းရှန် အချိန်ကို ကြည့်လိုက်သည်။ ဒီတစ်ညလုံး သူ အိပ်ဖို့ စီစဉ်ထားသော်လည်း အခြေအနေအရ တင်းကျန်းရီကို ရှာပြီးနောက် ရှင်းဂျီဆီ သွားပြီး ဇီဝမျိုးစပ်သတ္တဝါကိစ္စကိုလည်း စစ်ဆေးရဦးပေမည်။ အချိန်က လုံးဝမရှိသလောက်ပင်။

အာကာသရထား၏ လေကြောင်းဆက်သွယ်ရေး လမ်းကြောင်းများပေါ်တွင် လူများမှာ ပစ္စည်းများကို ရှုပ်ယှက်ခတ်စွာ သယ်ယူနေကြသည်။ လင်းရှန် အောက်သို့ အမြန်ဆင်းလာပြီး အနန္တရထားဆီ ပြန်လာခဲ့သည်။ အမှတ် ၃ တွဲထဲသို့ ဝင်လိုက်ချိန်တွင် တင်းကျန်းရီသည် မျက်မှန်တပ်ကာ ဖန်ခွက်တစ်ခုထဲသို့ ဓာတုအရည်အချို့ကို လောင်းထည့်နေသည်ကို တွေ့ရသည်။ အထဲတွင် အနက်ရောင် ဇီဝတစ်ရှူး အပိုင်းအစတစ်ခု ရှိနေသည်။

“ပြီးပြီလား”

“မပြီးသေးဘူး... ဆရာမချန် ပြောတာ မင်း တစ်ခုခုရှာတွေ့ထားတယ်ဆို”

“တွင်းနက်ထဲကနေ ကျွန်မတို့ ယူလာခဲ့တဲ့ အမှောင်တိုက်စားခြင်းဆဲလ်အပိုင်းအစကို မှတ်မိလား”

တင်းကျန်းရီက မေးသည်။

ထို့နောက် သူမက မျက်မှန်ကို ချွတ်လိုက်ပြီး လင်းရှန်ကို ကြည့်ကာ ဆက်ပြောလိုက်သည်။

“အဲဒါက... အသက်ဝင်နေတယ်”

Chapter 771

လင်းရှန်၏ အမြော်အမြင်ရှိသော စီမံကိန်း ၁

“အသက်ရှင်နေတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ”

“တွင်းနက် အမှတ် ၅ ရဲ့ အဖြူရောင်မြို့‌မှာ ရှင်မှတ်တမ်းတင်ခဲ့တဲ့ အဲဒီအသိုက်ရဲ့ တည်ရှိမှုပုံသဏ္ဌာန်ကို လေ့လာကြည့်ပြီးနောက် ဒီလိုသက်ရှိဖွဲ့စည်းမှုပုံစံကို ကျွန်မ အရမ်းစိတ်ဝင်စားသွားတယ်၊၊ သက်ရှိဆိုတာ သန္ဓေသားဆဲလ်တွေ ကွဲထွက်ရာကနေ သဘာဝအတိုင်း ကြီးထွားလာတာပဲ၊၊ အခုလိုမျိုး ဟိုနားတစ်ခု ဒီနားတစ်ခုယူပြီး ထုတ်လုပ်ထားတဲ့ ပုံစံမျိုးကို နားလည်ဖို့ ခက်ခဲတယ်”

တင်းကျန်းရီသည် စားပွဲပေါ်ရှိ ကြီးမားသော မွေးမြူရေးခွက်ကို ရှေ့သို့ တိုးပြလိုက်သည်၊၊ အတွင်း၌ မာကျောပြီး ရေဓာတ်ခန်းခြောက်နေဟန်ရှိသော ဇီဝတစ်ရှူးအစုအဝေးကြီးတစ်ခု ရှိနေသည် သူမက လင်းရှန်ကို ပြောသည်၊၊

“ဒါပေမဲ့ ကြည့်လိုက်… ဒီတစ်ရှူးအများစုက လူနဲ့ တိရစ္ဆာန်ခန္ဓာကိုယ်တွေဆီက လာတယ်၊၊ ဖက်ဒရေးရှင်းနဲ့ ဖီးနစ်အဖွဲ့အစည်းအပါအဝင် ကျွန်မတို့တွေ သန္ဓေပြောင်းသတ္တဝါတွေနဲ့ ထိတွေ့ခဲ့တာ ကြာပါပြီ၊၊ ကျွန်မတို့က သန္ဓေပြောင်းသတ္တဝါတွေကို တခြားသက်ရှိပုံစံတစ်ခုလို့ပဲ အမြဲတွေးခဲ့ကြတယ်၊၊ သူတို့မှာ ကျွန်မတို့နားလည်တဲ့ ဦးနှောက် ဒါမှမဟုတ် နှလုံးဖွဲ့စည်းပုံတွေ မရှိကြဘူး၊၊ ဒါပေမဲ့ ပြဿနာက သူတို့မှာ ကာဗွန်အခြေပြုသက်ရှိတွေရဲ့ ဝိသေသလက္ခဏာတွေ အထင်အရှားရှိနေတာပဲ”

“သူတို့က ကာဗွန်အခြေပြုသက်ရှိတွေ ဖြစ်နေလို့ တော်သေးတာပေါ့၊၊ ဒါမှ ငါတို့လက်နက်တွေက ထိရောက်မှု ရှိဦးမှာ”

လင်းရှန်က ပြောသည်၊၊

“ပုံမှန်ဆိုရင် သတ္တဝါတစ်ကောင် သေဆုံးပြီးနောက်မှာ ဆဲလ်တစ်ရှူးတွေက ချက်ချင်းကြီး အသက်မပျောက်သွားတတ်ဘူး၊၊ ကျွန်မတို့ လမ်းတစ်လျှောက်မှာ အများကြီ စုဆောင်းခဲ့တယ် ဒါပေမဲ့ ပြဿနာက…”

“တစ်ခုမှ အသက်မရှင်တာလား”

တင်းကျန်းရီက ခေါင်းညိတ်သည်၊၊ သူမသည် မွေးမြူရေးခွက်ထဲမှ အမည်းရောင်တစ်ရှူးစတစ်ခုကို ဇာဂနာဖြင့် ညှပ်ယူလိုက်ရာ မူလအသားစမှာ ကာဗွန်ဖြစ်သွားသည့်အလား နူးညံ့သော သဲမှုန်များအဖြစ် ကြွေကျသွားသည်၊၊

“လူသားတစ်ရှူးတွေက နည်းတစ်မျိုးမျိုးနဲ့ ပြုပြင်မွမ်းမံခံထားရပြီး အလွန်မာကျောခြင်း၊ နူးညံ့ပျော့ပျောင်းခြင်း ဂုဏ်သတ္တိတွေနဲ့ ကာကွယ်ရေးစွမ်းအားတွေ ရရှိထားတယ်၊၊ ပြီးတော့ သူတို့က အရမ်းလေးလံတယ်”

“မင်းပြောချင်တာက ငါတို့ရင်ဆိုင်နေရတဲ့ သန္ဓေပြောင်းသတ္တဝါတွေက အခြေခံအားဖြင့် ဇီဝသက်ရှိအမျိုးအစားမဟုတ်ဘူးလို့ ပြောတာလား”

တင်းကျန်းရီ ခေါင်းညိတ်သည်၊၊

“ဖီးနစ်အဖွဲ့အစည်းက ဒါကို လွန်ခဲ့တဲ့ အချိန်တွေကတည်းက ရှာဖွေတွေ့ရှိခဲ့တာပဲ၊၊ သူတို့ရဲ့ လတ်တလော ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာတွေမှာ ကျွန်မဖတ်ခဲ့ရတယ်၊၊ ဇီဝတစ်ရှူးသုတေသနအပြင် အရေးကြီးဆုံးအချက်က ဇီဝကမ္မဖြစ်စဉ်ပဲ”

“ဇီဝကမ္မဖြစ်စဉ်ဆိုတာ ဘာကို ဆိုလိုတာလဲ”

“အစာရှာတာ၊ အစာစားတာ၊ မိတ်လိုက်တာနဲ့ မျိုးပွားတာလိုမျိုး အခြေခံလုပ်ဆောင်ချက်တွေ သူတို့မှာ လုံးဝမရှိသလောက်ပဲ၊၊ သူတို့က သဘာဝအတိုင်း လူသတ်စက်ရုပ်တွေလို လှုပ်ရှားနေကြတယ်၊၊ အသားစတွေကို တုံ့ပြန်ခြင်းမရှိဘဲ လူသားတွေကိုပဲ လိုက်လံသတ်ဖြတ်နေကြတယ်၊၊ အမှောင်အမှတ်အသားက အမိန့်ပေးချက်တစ်ခုလို လုပ်ဆောင်နေပုံပဲ၊၊ အသက်ရှင်နေတဲ့လူ ရှိနေသရွေ့ သူတို့က သေမှာကိုတောင်မကြောက်ဘဲ ရူးသွပ်စွာ တိုက်ခိုက်ကြတယ်”

လင်းရှန် တိတ်ဆိတ်သွားသည်၊၊ သူကိုယ်တိုင်လည်း အလားတူအချက်ကို တွေ့ရှိခဲ့သလို တခြားအသက်ရှင်ကျန်ရစ်သူတွေလည်း သိထားကြသည်၊၊

သန္ဓေပြောင်းသတ္တဝါနှင့် ဖုတ်ကောင်များသည် သတ်ဖြတ်ဖို့သာ ရည်ရွယ်ချက်ရှိပုံရပြီး အစာစားသည့် အပြုအမူမရှိသလို သေနတ်သံမျာကိုလည်း ကြောက်ရွံ့ခြင်းမရှိဘဲ မရပ်မနား တိုက်ခိုက်ကြသည်၊၊ ဒီလိုရူးသွပ်မှုက အသက်ရှင်ကျန်ရစ်သူတွေက သန္ဓေပြောင်းသတ္တဝါတွေကို ပို၍ကြောက်လန့်လာစေသည် အကြောင်းရင်းတစ်ခုပင် ဖြစ်သည်၊၊

“ဒါကြောင့် ဖီးနစ်အဖွဲ့အစည်းနဲ့ ညလမ်းလျှောက်သူအဖွဲ့ရဲ့ Firebook အချက်အလက်တွေ.. ပြီးတော့ တိတ်ဆိတ်မြို့တော်က သုတေသနအချက်အလက်တွေကို ပေါင်းစပ်ကြည့်ပြီး ကျွန်မက ကောက်ချက်တစ်ခု ချလိုက်ပြီ”

တင်းကျန်းရီက လင်းရှန်ကို ကြည့်လိုက်သည်၊၊

“အဲဒါကတော့ သန္ဓေပြောင်းသတ္တဝါတွေဆိုတာ ယန္တရားတစ်ပိုင်း တည်ရှိမှုမျိုးပဲ၊၊ လူသားတွေနဲ့ တိရစ္ဆာန် သန်းပေါင်းရာချီရဲ့ သွေးသားတစ်ရှူးတွေကို နည်းပညာတစ်ခုခုသုံးပြီး လက်မှုပညာလိုမျိုး ထုတ်လုပ်ထားတာပဲ၊၊ ပြီးတော့ ဒါက သူတို့ကို မောင်းနှင်ပေးတာ”

သူမ စကားပြောရင်း လုံးဝန်းတဲ့ အရာတစ်ခုကို လင်းရှန်ဆီ ပစ်ပေးလိုက်သည်၊၊ လင်းရှန် ဖမ်းယူပြီး သေချာကြည့်လိုက်တဲ့အခါ အဆင့် ၂ သွေးပဲစေ့ဖြစ်နေသည်၊၊

“သွေးပဲစေ့လား…”

လင်းရှန်ရဲ့ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်၊၊

“ဒီအရာက သန္ဓေပြောင်းသတ္တဝါတွေအတွက် ဘက်ထရီလို့ မင်းပြောချင်တာလား”

“ဒါက နားလည်ရ လွယ်ကူပါတယ်”

လင်းရှန် တိတ်ဆိတ်သွားသည်၊၊ သူသည် မြေအောက်မြို့တော် အမှတ် ၉ တွင် ပရော်ဖက်ဆာ ဟန်ချီမင်း ပြောပြခဲ့သည်များကို ရုတ်တရက် သတိရသွားသည်၊၊

“ဒီယူဆချက်ကို အပြင်မှာ မပြန့်စေချင်တာက ထိတ်လန့်မှုတွေ မဖြစ်အောင်ရယ်၊ ပြီးတော့ ခိုင်လုံမှု အားနည်းနေသေးလို့ပဲ၊၊ အဓိကက ဇီဝရောဂါဗေဒ၊ ဗိုင်းရပ်စ်သုတေသန ဒါမှမဟုတ် ဖုတ်ကောင်တွေအပေါ် စုံစမ်းစစ်ဆေးမှုတွေမှာ တိကျတဲ့ ဆုံးဖြတ်ချက် မရှိသေးလို့ပါ၊၊ ဖုတ်ကောင်ဆိုတာကိုက တိကျတဲ့ အယူအဆမဟုတ်ဘူး ဇီဝဗေဒရှုထောင့်ကကြည့်ရင် ဒီလိုသက်ရှိမျိုးက မရှိနိုင်ဘူး”

“ဥပမာအားဖြင့် ခန္ဓာကိုယ်လုပ်ဆောင်ချက် အလွန်ညံ့ဖျင်းတဲ့ လူကြီးတစ်ယောက်ဟာ စွမ်းအင်ဇီဝကမ္မဖြစ်စဉ်မရှိဘဲနဲ့ ရုတ်တရက် အင်အားတွေ ပြည့်ဝလာပြီး ခွန်အားကြီးမားလာဖို့ မဖြစ်နိုင်ဘူး၊၊ ဗိုင်းရပ်စ်ကြောင့် ပျက်စီးသွားတဲ့ ခန္ဓာကိုယ်ဟာ ပိုပြီးပဲ ဆိုးရွားလာရမှာလေ၊၊ ဘယ်လိုလုပ်ပြီး ရုတ်တရက် တက်ကြွလာပြီး လူတွေကို တိုက်ခိုက်ပြီး ဒီလောက်ကြာအောင် အသက်ရှင်နေနိုင်မှာလဲ”

“ဒါဆို အမှောင်ညစ်ညမ်းမှုဆိုတာ အခြေခံအားဖြင့် အမှောင်သတ္တဝါတွေနဲ့ ဖုတ်ကောင်တွေအတွက် ကျွန်မတို့ဆီက အောက်ဆီဂျင်လိုမျိုး စွမ်းအင်တစ်ခုပဲ၊၊ ပြီးတော့ သွေးအဆီအနှစ်(သွေးပဲစေ့)က သန္ဓေပြောင်းသတ္တဝါတွေကို မောင်းနှင်တဲ့ အဓိကအမြုတေဖြစ်တဲ့ သိပ်သည်းဆမြင့် စွမ်းအင်စုအဝေးကြီးပေါ့ ဟုတ်လား”

“ဟုတ်တယ်”

“အဲဒါက ယုတ္တိရှိပုံရသားပဲ”

လင်းရှန် ခေါင်းညိတ်ပြသည်၊၊

“အဲဒီသတ္တဝါတွေကို သတ်လိုက်တိုင်း အမည်းရောင်မြူတွေ ထွက်လာတာက သိပ်သည်းဆမြင့်တဲ့ အမှောင်ကျူးကျော်မှုက အဆိပ်တွေ ဖြစ်ရမယ်”

အရင်က သူ ထိုအမည်းရောင်မြူနားသို့ ချဉ်းကပ်မိသည့်အခါ နားထဲမှာ ငရဲက အော်ဟစ်သံများ ကြားခဲ့ရခြင်းက မဆန်းတော့ပေ၊၊ ၎င်းသည် နားထဲက ကြားယောင်ခြင်း မဟုတ်ဘဲ သိပ်သည်းဆမြင့်သည့် အမှောင်ကျူးကျော်မှုစွမ်းအင်ကြောင့် ဖြစ်လာသည့် စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုသာ ဖြစ်သည်၊၊

ဒီလို သိပ်သည်းဆမြင့်တဲ့ အမှောင်စွမ်းအားကို စုပ်ယူမိတာဟာ လူ့ခန္ဓာကိုယ်အတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်ပြီး ခံနိုင်ရည်မရှိရင် ပြိုလဲပြီး သန္ဓေပြောင်းလဲသွားနိုင်သလို ခံနိုင်ရည်ရှိရင်တော့ ဆင့်ကဲပြောင်းလဲမှု ဖြစ်လာနိုင်သည်၊၊ ဒါကြောင့်ပဲ အချို့သော စွမ်းအားရှင် အမဲလိုက်အဖွဲ့တွေက သူတို့ရဲ့ စွမ်းအားကို မြှင့်တင်ဖို့ ဒီနည်းလမ်းကို အသုံးပြုကြတာ ဖြစ်သည်၊၊

“ဒါနဲ့ အခု ဒီဆဲလ်က အသက်ရှင်နေတယ်ဆိုတာ ဘာကို ပြောတာလဲ”

တင်းကျန်းရီက မွေးမြူရေးခွက်ထဲက အမှောင်တိုက်စားမှုဆဲလ်တွေကို ညွှန်ပြသည်၊၊

“ဒါက ကျွန်မအရမ်းစိတ်ဝင်စားနေတဲ့ အချက်ပဲ၊၊ ကျွန်မရဲ့ သုတေသနအရ ဒီဆဲလ်ဟာ ကမ္ဘာဂြိုဟ်ပေါ်က သက်ရှိတွေနဲ့ လုံးဝကွဲပြားတဲ့ ဆဲလ်တည်ရှိမှုပုံစံ ရှိနေတယ်၊၊ အဓိကအချက်က သူက အမှောင်ကျူးကျော်မှုဒဏ်ကို မခံရဘဲ စုပ်ယူနိုင်တဲ့ လက္ခဏာရှိနေတာပဲ၊၊ ပြဿနာတစ်ခုပဲရှိတယ် အနီရောင်ကမ္ဘာက သူ့ရဲ့ လှုပ်ရှားမှုကို ထိန်းသိမ်းထားဖို့အတွက် အသက်ရှင်နေတဲ့ လူသားတစ်ရှူးစပေါ်မှာ တင်ထားတာပဲ၊၊ မဟုတ်ရင် တွင်းနက်ထဲကနေ သယ်ထုတ်လာလို့ ရမှာမဟုတ်ဘူး၊၊ ဒါကြောင့် ကျွန်မထင်တာကတော့ ဒီအရာဟာ…”

“စစ်မှန်တဲ့ အမှောင်သတ္တဝါတွေပဲ”

လင်းရှန် အနည်းငယ် တုန်လှုပ်သွားပြီး သဘောပေါက်သွားသည်၊၊

“မင်းပြောတာ ငါနားလည်ပြီ သန္ဓေပြောင်းသတ္တဝါတွေထဲမှာ စစ်မှန်တဲ့ အမှောင်သတ္တဝါ အနည်းငယ်ပဲရှိပြီး ကျန်တဲ့အများစုက အဖြူရောင်မြို့က အသိုက်လိုမျိုး ထုတ်လုပ်ထားတဲ့ အသားစယန္တရားတွေလို့ မင်းပြောချင်တာမလား”

“ဟုတ်တယ်”

“အဲဒါက A-Class လား၊ အထူးအဆင့်လား ဒါမှမဟုတ် S-Class လား”

“ဒါတော့ မသေချာဘူး”

တင်းကျန်းရီက ဆက်ပြောသည်၊၊

“စီလန်မြို့က အဲဒီ တွင်းနက်ပိုးကောင်နဲ့ ပင်လယ်ဖြူကောင်တွေဆီကနေ နမူနာတချို့ ကို ရှုချင်းက စုဆောင်းပေးခဲ့တယ်၊၊ ဒါပေမဲ့ ကျွန်မဆီမှာရှိတဲ့ အချက်အလက်တွေအရ ဒီလို အမှောင်တိုက်စားမှုဆဲလ်မျိုး မတွေ့ရဘူး”

“ဒါက အတော်ထူးဆန်းတာပဲ၊၊ S-Class တောင် မရှိဘူးလား”

လင်းရှန် အံ့သြတကြီး မေးလိုက်သည်၊၊

တင်းကျန်းရီက ခေါင်းခါပြသည်၊၊

“ကျွန်မလည်း ထူးဆန်းနေတာပဲ၊ ပင်လယ်ဖြူကောင်ဆိုတာ လူသားတွေ ပထမဆုံးသတ်နိုင်ခဲ့တဲ့ S-Class သတ္တဝါလေ…. အဲဒီတုန်းက ကျိုးယန်နဲ့ ဝမ်ကျိုးတို့အဖွဲ့က ဒါကို အရေးကြီးတဲ့ အဆင့်မှာ သဘောထားပြီး အချက်အလက်တွေ အများကြီး စုဆောင်းခဲ့တယ်၊၊ ဒါပေမဲ့ တွင်းနက်ပိုးကောင်အပါအဝင် ဘယ်အရာမှာမှ ထူးဆန်းတဲ့ သွေးအနှစ်အဆီအနှစ်ကို မတွေ့ခဲ့ရဘူး၊၊ ဒါကြောင့် ဒီအမှောင်တိုက်စားဆဲလ်တွေဟာ တစ်ခုခုရဲ့ အထူးအစိတ်အပိုင်းမှာ ရှိနေရမယ်၊၊ ဒါမှမဟုတ် အထူးအခြေအနေတွေ လိုအပ်မယ်လို့ ကျွန်မယုံကြည်တယ်၊၊ ဒါပေမဲ့ ဒါက ခန့်မှန်းချက်သက်သက်ပါပဲ”

“ဒီအမှောင်တိုက်စားဆဲလ်ကတော့ တကယ့်ကို ကြီးမားတဲ့ ရှာဖွေတွေ့ရှိမှုပဲ”

လင်းရှန်ရဲ့ မျက်နှာအမူအရာ တည်ကြည်သွားသည်၊၊

“အနီရောင်ကမ္ဘာက ငါတို့ကြားဖြတ်မတားနိုင်အောင် အတော်အားထုတ်ပြီး တိတ်တဆိတ် သယ်ထုတ်ဖို့ စီမံကိန်းချခဲ့တာဆိုတော့ ဒီအရာက လုံးဝမရိုးရှင်းဘူး”

“အခု လူသားတွေဟာ အမှောင်စွမ်းအင်ကို အေးခဲ-အမှောင်အမှုန်တွေကနေ ခွဲထုတ်နိုင်နေပြီ၊၊ အဲဒါက အခြေခံအားဖြင့် အမှောင်ကျူးကျော်မှုရဲ့ စွမ်းအင်ကူးပြောင်းမှု ပုံစံတစ်ခုပဲ၊၊ လူသားတွေ စုပ်ယူနိုင်တဲ့ ပိုမိုသန့်စင်တဲ့ အေးခဲ-အမှောင်ဆေးရည်လို့ မှတ်ယူလို့ရတယ်၊၊ ရှင်းဂျီရဲ့ တွက်ချက်မှုအရ ၁၈ ရာခိုင်နှုန်းဟာ လူသားတွေရဲ့ လက်ရှိ ကူးပြောင်းနိုင်စွမ်း အကန့်အသတ်ပဲ၊၊ ဒီအကန့်အသတ်က စွမ်းအားရှင်တွေ ဆင့်ကဲပြောင်းလဲဖို့အတွက်လည်း အနိမ့်ဆုံးသတ်မှတ်ချက်ပဲ၊၊ ဒါကြောင့် မူအားဖြင့် လူ့ခန္ဓာကိုယ်ရဲ့ စစ်ထုတ်မှုကို ဖယ်လိုက်ရင် လက်ရှိ ကမ္ဘာပေါ်မှာ ဒီစွမ်းအင်ကို သီးခြားခွဲထုတ်ထားနိုင်တဲ့ ဒါမှမဟုတ် သိုလှောင်ထားနိုင်တဲ့ ပစ္စည်းမျိုး မရှိသေးဘူး”

တင်းကျန်းရီက ပြောသည်၊၊

လင်းရှန်သည် သူ့လက်ထဲက သွေးပဲစေ့နှင့် စားပွဲပေါ်က အမှောင်တိုက်စားဆဲလ်ကို ကြည့်လိုက်သည်၊၊

“ကမ္ဘာပေါ်မှာ ရှာမတွေ့နိုင်ပေမဲ့ တွင်းနက်ထဲမှာတော့ ရှိနိုင်တာပေါ့”

“ဟုတ်တယ် အဲဒါက ရှင်းဂျီနဲ့ ဖီးနစ်အဖွဲ့အစည်းက တွင်းနက်ကို သုတေသနလုပ်နေတဲ့ ရည်ရွယ်ချက်ပဲ၊၊ အနီရောင်ကမ္ဘာလည်း အတူတူပဲ၊၊ ကပ်ဘေးအပင်တွေ၊ သွေးပဲစေ့တွေ၊ သန္ဓေပြောင်းသတ္တဝါတွေ ဒါမှမဟုတ် တားမြစ်ပစ္စည်းတွေပဲဖြစ်ဖြစ် ဒီအဖွဲ့အစည်းအားလုံးက ကမ္ဘာဦးပစ္စည်းတွေ မဟုတ်တဲ့ ဒီအရာတွေထဲမှာ အဖြေကို ရှာနေကြတယ်”

“ဒါဆို ဒီဆဲလ်တွေက အမှောင်ကျူးကျော်မှုဒဏ်ကို မခံရတာဟာ သုတေသနအတွက် တကယ့်ကို အရေးကြီးတဲ့ သော့ချက်ပေါ့”

All Chapters