အခန်း (၇၇၂-၇၇၃)
Vol. 45 Ch. 772-773
Chapter 772
လင်းရှန်၏ အမြော်အမြင်ရှိသော စီမံကိန်း ၂
“အတိအကျပဲ”
တင်းကျန်းရီ ခေါင်းညိတ်သည်၊၊
“အနည်းဆုံးတော့ ကျွန်မတို့ ဒီအချက်ကို ရှာဖွေတွေ့ရှိခဲ့ပြီ”
“ဟမ်… ဒါဆို အာရုဏ်ဦးမြို့တော်က ကြေညာထားတဲ့ ၉၅ ရာခိုင်နှုန်း စစ်ထုတ်ပြီးသား ရေသန့်နည်းပညာဆိုတာ သူတို့ တကယ်ပဲ အနီရောင်ကမ္ဘာနဲ့ ပူးပေါင်းပြီး လုပ်နိုင်တာလား”
လင်းရှန် အံ့သြသွားသည်၊၊
“အာရုဏ်ဦးမြို့တော်က တကယ်ပဲ ဒါကို လောင်းကြေးထပ်ထားတာလား”
“နိုင်ငံရေးနယ်ပယ်ကိုတော့ ကျွန်မလည်း မသိဘူး”
တင်းကျန်းရီ သူမကိုင်ထားသည့် အရာများကို ချလိုက်သည်၊၊
“ကျွန်မက သိပ္ပံသုတေသနနယ်ပယ်ကိုပဲ ကိုင်တွယ်တာ”
“ကောင်းပြီ”
အမှောင်ထုရဲ့ လျှို့ဝှက်ချက်တွေဟာ တဖြည်းဖြည်းချင်း ရေပေါ်ပေါ်လာနေပြီလို့ လင်းရှန် ခံစားလိုက်ရသည်၊၊ ဒါပေမဲ့ တစ်ကမ္ဘာလုံး အဆုံးမဲ့ညဖြစ်မလာခင် ဒါမှမဟုတ် ရေရှားပါးမှုကြောင့် လူတွေမသေဆုံးခင်မှာ လူသားများသည် ဒီအမှောင်ကျူးကျော်မှုပြဿနာကို ဖြေရှင်းနိုင်မလားဆိုတာကိုတော့ သူ မသိသေးပေ၊၊ တော်သေးတာတစ်ခုက တိတ်ဆိတ်မြို့တော် အမှတ် ၂ က တွင်းနက်ထဲကို ဆွဲခေါ်မခံခဲ့ရ၍သာ လင်းရှန်အတွက် ရေအရင်းအမြစ်တချို့ ရခဲ့ခြင်းပင်၊၊ မဟုတ်ရင် အခုအချိန်တွင် သောက်ရေက ပြဿနာဖြစ်နေလောက်ပြီ၊၊
“ကောင်းကင်အမိုးခုံးရထားပေါ်မှာ အဆင့်မြင့်သုတေသနခန်းတစ်ခု ရှိတယ်”
လင်းရှန် တင်းကျန်းရီကို ကြည့်လိုက်သည်၊၊
“ဒါရိုက်တာတင်း မင်းကို ငါ့ရဲ့ သုတေသနအရာရှိ ဖြစ်လာစေချင်တယ်၊၊ ကျန်းရှု့ဝေရဲ့ မဟာမိတ်အဖွဲ့ထဲမှာလည်း သိပ္ပံပညာရှင်တချို့ ရှိတယ်၊၊ သူတို့တွေက မင်းနဲ့အတူ ပူးပေါင်းပြီး ကူညီပေးကြလိမ့်မယ်”
တင်းကျန်းရီသည် အမှတ် ၃ ရထားတွဲကို မော့ကြည့်ပြီး လင်းရှန်ကို ပြောလိုက်သည်၊၊
“ရှင်က အနန္တရထားကို စွန့်လွှတ်ဖို့ ပြင်နေတာလား”
“ငါ...”
“လောလောဆယ်တော့ ဆက်ထားဖို့ ကျွန်မအကြံပေးချင်တယ်”
လင်းရှန် ပြန်မပြောနိုင်သေးခင်မှာပဲ တင်းကျန်းရီက ဆက်ပြောသည်၊၊
“ကမ္ဘာပျက်ကပ်ကို ရင်ဆိုင်ရတာက ခက်ခဲပြီး အန္တရာယ်များတဲ့ ခရီးစဉ် ဖြစ်မှာပဲ၊၊ ကျွန်မတို့ အာရှ-ပစိဖိတ်တိုက်ကနေတောင် မထွက်ရသေးဘူး သမုဒ္ဒရာရထားလမ်းကို ဝင်ရဦးမယ်၊၊ အရှေ့ဘက်ကျွန်းစုတွေကို ဖြတ်ရမယ် အီကွေတာသမုဒ္ဒရာ တောင်တန်းတွေ တောင်အမေရိက လေမုန်တိုင်းတောအုပ်တွေကို ဖြတ်ပြီးမှ အဆုံးမဲ့အမှောင်သမုဒ္ဒရာကို ကျော်ပြီး ဝန်ရိုးစွန်းဒေသတွေကို ရောက်မှာဆိုတော့…. အဝေးကြီးလိုသေးတယ်”
လင်းရှန်က လက်ဝေ့ယမ်းပြီး တားလိုက်ကာ အနည်းငယ် ပြုံးပြသည်၊၊
“အနန္တရထားကို တကယ့်ကို မတတ်သာတဲ့ အခြေအနေမျိုး မဟုတ်ရင် စွန့်လွှတ်ဖို့ ငါမရည်ရွယ်ပါဘူး၊၊ အခုအခြေအနေက တော်တော်လေး အလျင်လိုနေတယ်၊၊ ကောင်းကင်အမိုးခုံးအဆင့် ရထားကို ရအောင်ယူတာက ငါ့ရဲ့ စီမံကိန်းတွေထဲက တစ်ခုပဲ၊၊ ငါတို့ ပေါင်းစည်းယာဉ်တန်းအတွက် ဘေးကင်းလုံခြုံတဲ့ ဝန်းကျင်တစ်ခု ယာယီဖန်တီးပေးရမယ်၊၊ ဒါမှ အကျပ်အတည်းတွေကနေ လွတ်မြောက်ဖို့ တိတ်ဆိတ်မြို့တော်ကိုပဲ အားကိုးနေစရာ မလိုတော့မှာ”
လင်းရှန်သည် အနန္တရထား၏ ရထားတွဲတွေကို ကြည့်လိုက်သည်၊၊ ဒီမှာရှိတဲ့ သံချပ်ကာတွေနဲ့ လက်နက်တွေ အားလုံးကို သူ့လက်နဲ့ကိုယ်တိုင် ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်၊၊ ရထားတွဲတချို့မှာ ထိခိုက်မှုအနည်းငယ်ရှိနေတာကလွဲရင် အနန္တရထားသည် သွားလာလှုပ်ရှားရန် ပြဿနာမရှိပေ၊၊
ဒီအပေါ်က ပစ်အားတွေက တန်ဖိုးဖြတ်လို့မရတဲ့ ရတနာတွေပဲ ပေါင်းစည်းယာဉ်တန်းတစ်ခုလုံးကို အသုံးချလိုက်ရရင်တောင်မှ လင်းရှန်ဟာ အနန္တရထားကိုတော့ အဆုံးထိ ဆက်ထားမည် ဖြစ်သည်၊၊
တင်းကျန်းရီသည် လင်းရှန်ကို အဓိပ္ပာယ်မအပြည့်ဖြင့် ကြည့်လိုက်ပြီး အံ့သြသွားသည်၊၊
“ဒါဆို ဒါက ရှင့်ရဲ့ စီမံကိန်းတွေထဲက တစ်ခုပေါ့”
သူမက လင်းရှန်ကို မယုံနိုင်သလို ကြည့်လိုက်သည်၊၊
“ရှင်က အာခီစိုင်းမှာ တားမြစ်ပစ္စည်းတွေကို သုံးပြီး တွင်းနက်ထဲကို ထွက်ခဲ့တယ်၊၊ တိတ်ဆိတ်မြို့တော်နဲ့ အနီရောင်ကမ္ဘာတွေ အထဲမှာ ရှိနေတာကိုလည်း ရှင်တကယ် သိနေခဲ့တာပေါ့၊၊ ဒါကြောင့် ရှင်က သံလိုက်စွမ်းအားသုံးပြီး ပစ်လွှတ်ခဲ့တယ်၊၊ တိတ်ဆိတ်မြို့တော်ကို ကယ်တင်ခဲ့တယ်၊၊ ပြီးတော့ အနီရောင်ကမ္ဘာရဲ့ သုတေသနဌာနကို တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်လိုက်တယ်၊၊ သူတို့ရဲ့ အမှောင်တိုက်စားဆဲလ်တွေကိုတောင် သိမ်းပိုက်လိုက်သေးတယ်”
“မဟုတ်ဘူး မင်းနားလည်မှု လွဲနေပြီ”
လင်းရှန် မျက်မှောင်ကြုတ်သွားသည်၊၊ ဒီအမျိုးသမီးက အဝေးကြီးတွေ လျှောက်တွေးနေပြီလို့ သူထင်လိုက်သည်၊၊
ဒါက အရမ်းလွန်မနေဘူးလား…
ဒါပေမဲ့ တင်းကျန်းရီက ပြောရင်း ပို၍ အံ့သြလေဖြစ်နေသည်၊၊ သူမ နောက်ကို နှစ်လှမ်းဆုတ်လိုက်ပြီး တစ်ခုခုကို သဘောပေါက်သွားသလိုမျိုး စိတ်လှုပ်ရှားစွာ ပြောသည်၊၊
“အခု တိတ်ဆိတ်မြို့တော်က ရှင့်ရဲ့ ညာလက်ရုံးဖြစ်လာပြီး ကမ္ဘာ့ထိပ်သီး ပါရမီရှင် ရှင်းဂျီကလည်း ရှင့်ရဲ့ ဦးနှောက်ဖြစ်လာတယ်၊၊ ကောင်းကင်အမိုးခုံးရထားကိုတော့ ကီကီရဲ့ လင်းလုံအုပ်စုက ကိုင်တွယ်ပြီး ကျန်းရှု့ဝေနဲ့ ဖင်းဂါးအုပ်စုက ထုတ်လုပ်တယ်၊၊ ပြီးတော့ ရှင်က တိတ်ဆိတ်မြို့တော်ကို သုံးပြီး ဝမ်မိသားစုကို ကိုင်တွယ်ခဲ့တယ်၊၊ ဖီးနစ်အဖွဲ့အစည်းကို ဆွဲသွင်းခဲ့တယ်၊၊ အဲဒီကနေတစ်ဆင့် အာရုဏ်ဦးမြို့တော်က စိုးရိမ်လာပြီး ကျင်းဟိုင်နဲ့ ကောင်းကင်အမိုးခုံးရထားကို လက်လွှဲပေးလိုက်ရတယ်၊၊ ဒါတွေ... ဒါတွေအားလုံးက ရှင့်ရဲ့ တွက်ချက်မှုတွေထဲမှာ ရှိနေခဲ့တာလား”
“မဟုတ်ဘူး...”
လင်းရှန်၏ မျက်လုံးများ ပြာသွားသည်၊၊
ထိုအမျိုးသမီး၏ မနားပဲ တရစပ်ပြောနေတာကို ကြည့်ပြီး သူကြားဖြတ်ပြောဖို့ ကြိုးစားခဲ့သော်ဘလည်း အခွင့်အရေးမရခဲ့ပေ၊၊ တင်းကျန်းရီရဲ့ အံ့သြတုန်လှုပ်ပြီး လေးစားကြည်ညိုနေသည့် အမူအရာကို ကြည့်ရင်း လင်းရှန် တံတွေး တစ်ချက် မျိုချလိုက်ရသည်၊၊
“ဟမ်... အဲဒါက... အင်း... ကောင်းပြီလေ”
လင်းရှန်သည် သူ၏ မျက်နှာအမူအရာကို ထိန်းချုပ်လိုက်ပြီး ရှင်းပြရန်လည်း စိတ်မပါတော့ဘဲ သက်ပြင်းတစ်ချက်သာ အသာအယာချလိုက်သည်။
“ကောင်းပြီလေ… အခြားသူတွေကိုတော့ မပြောနဲ့ဦး၊၊ ငါ့ကို ကောက်ကျစ်တဲ့ ဉာဏ်ကြီးရှင်တစ်ယောက်လို အမြင်မခံချင်ဘူး၊၊ အေးအေးဆေးဆေးပဲ နေချင်တယ်”
တင်းကျန်းရီသည် ရင်ဘတ်များ နိမ့်ချည်မြင့်ချည်ဖြင့် လင်းရှန်ကို နီရဲသော မျက်နှာဖြင့် ကြည့်နေသည်။ ထို့နောက် ရုတ်တရက် ရှေ့သို့ တိုးလာကာ စိတ်လှုပ်ရှားစွာဖြင့် လင်းရှန်၏ အင်္ကျီကို စတင်ချွတ်လိုက်သည်။
“ရှင်... ရှင်က ကျွန်မရဲ့ ဘုရားသခင်ပဲ...”
သူမ မောဟိုက်သောအသံဖြင့် ပြောလိုက်သည်။
“ကျွန်မရဲ့ လိုအင်တွေကို မဖြည့်ဆည်းရတာ ကြာပြီ ကျေးဇူးပြုပြီး... ခဏလောက် အချိန်ပေးပါ”
“မဟုတ်ဘူး...”
လင်းရှန် ထိတ်လန့်သွားသည်။
“ငါတို့ ခုနကတင် အလေးအနက်ထားရမယ့် သိပ္ပံဆိုင်ရာပြဿနာတွေ... အဲဒီ အသက်ရှင်နေတဲ့ ဆဲလ်အကြောင်းတွေ ဆွေးနွေးနေတာ မဟုတ်လား”
‘အသက်ရှင်နေတဲ့ ဆဲလ်’ ဆိုသည့် စကားလုံးကို ကြားလိုက်ရုံဖြင့် တင်းကျန်းရီသည် တစ်ကိုယ်လုံး တုန်တက်သွားပြီး သူမအား သာယာမှုပေးသည့် အရာတစ်ခုခုကို ထိမိလိုက်သကဲ့သို့ နှုတ်ခမ်းကို ခပ်ဖွဖွကိုက်ကာ ညည်းတွားသံထွက်လာသည်။
“နေဦး ခုနက ဖော်မြူလာ တွက်ချက်ပုံအကြောင်းလည်း မပြောရသေးဘူးလေ...”
လင်းရှန်က ဆက်ပြောနေသည်။
အင်း~
ဖော်မြူလာ ဆိုသည့် စကားလုံးကို ကြားရသောအခါ တင်းကျန်းရီ ပို၍ပင် အရှိန်တက်လာသည်။ ယခုအချိန်တွင် သူမ ဖော်မြူလာများ မတွက်ချင်တော့ဘဲ လင်းရှန်ကို လှဲချပစ်ရန်သာ စိတ်စောနေသည်။
“ကောင်းကင်အမိုးခုံးရထားပေါ်က သုတေသနခန်းမှာ အနားယူခန်း အကြီးကြီးရှိတယ်လို့ ကြားတယ်”
တင်းကျန်းရီက ပြောသည်။
“ရှိမှာပါ”
“ဒါဆိုရင်တော့ ဒီအခန်းကျဉ်းလေးထဲမှာ လုပ်ရတာလောက် စိတ်လှုပ်ရှားစရာ ကောင်းမှာမဟုတ်ဘူး...”
တင်းကျန်းရီသည် လင်းရှန်ကို ဆွဲခေါ်ကာ သုတေသနခန်းအတွင်းရှိ အနားယူခန်းဆီသို့ ဦးတည်သွားလေသည်။
“ဟမ်”
…
ဒါရိုက်တာတင်းတွင် ဤကဲ့သို့ ကွဲပြားခြားနားလွန်းသည့် ပုံစံမျိုးရှိသည်ကို လင်းရှန် သိထားသည်။ သူကိုယ်တိုင်လည်း ကြုံဖူးထား၍ နားလည်သည်ဟု ထင်ထားသော်လည်း အကြိမ်တိုင်းတွင် ဒါရိုက်တာတင်းက သူ့အထင်နှင့် အမြင်များကို အသစ်ဖြစ်စေပြန်သည်။ ဓာတ်ခွဲခန်းနှင့် ပတ်သက်ပြီး လင်းရှန် ပြောသမျှ စကားလုံးတိုင်းသည် ချစ်တင်းနှောနေစဉ်အတွင်း တင်းကျန်းရီအတွက် ပြင်းထန်သော တုံ့ပြန်မှုများကို ဖြစ်ပေါ်စေသည်။ ထိုသိပ္ပံဆိုင်ရာ အသုံးအနှုန်းများသည် ထိုအချိန်တွင် တားမြစ်ထားသော သာယာမှုတစ်ခုကဲ့သို့ ဖြစ်နေပြီး ငြိမ်သက်နေသော သိပ္ပံပညာရှင်ဘဝမှ စုစည်းလာသမျှ စွမ်းအင်များ ပေါက်ကွဲထွက်လာခြင်းပင် ဖြစ်သည်။
ယခုအကြိမ်တွင် အာခီစိုင်းနှင့် တွင်းနက်တို့ကို ဖြတ်ကျော်လာခဲ့ရသဖြင့် သူမသည် ပို၍ပင် ပြင်းထန်နေသည်။
အချိန်အတန်ကြာပြီးနောက် နှစ်ဦးသား အနားယူခန်းထဲမှ မောပန်းစွာ ထွက်လာကြသည်။ တင်းကျန်းရီ၏ မျက်နှာမှာ ပုံမှန်အတိုင်း ပြန်လည်အေးစက်သွားပြီး သိပ္ပံပညာရှင် ဝတ်စုံဖြူ၏ ကြယ်သီးများကို အေးအေးဆေးဆေး တပ်နေရင်း လင်းရှန်ကို ပြောလိုက်သည်။
“ကျေးဇူးပါ… တကယ်ကို ကောင်းခဲ့တယ်”
“ရပါတယ်”
လင်းရှန်က ထူးဆန်းစွာ ပြန်ဖြေလိုက်ပြီး မျက်နှာသေဖြင့် ထွက်ခွာရန် ပြင်လိုက်သည်။ ထိုစဉ် သူ့အကြည့်က သွေးကပ်ဘေးပန်းနဲ့ ငွေနဂါးဆယ်ဆပန်းပြီးနောက် အဖြူရောင်မြို့တော် ရထားဘူတာမြေအောက်ခန်းမှ ယူလာသည့် သွေးနွယ်ပင်တို့ ရှိရာ စားပွဲပေါ်သို့ ကျရောက်သွားသည်။ သူက စကားလမ်းကြောင်းလွှဲကာ ပြောလိုက်သည်။
Chapter 773
လင်းရှန်၏ အမြော်အမြင်ရှိသော စီမံကိန်း ၃
“ဒါနဲ့ ဒီကပ်ဘေးအပင်တွေမှာ ထူးခြားတဲ့ ပြောင်းလဲမှုရှိသေးလား”
“သွေးကပ်ဘေးပန်းရဲ့ အသွင်ပြောင်းနိုင်စွမ်းက ပိုကောင်းလာပုံရတယ်၊၊ အာခီစိုင်းမှာ ငါတို့ရခဲ့တဲ့ အရင်းအမြစ်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ငါတို့ရထားပေါ်က အစားအစာနဲ့ ရေတွေ အမှောင်စွမ်းအင်စိမ့်ဝင်နှုန်းက တခြားရထားတွေထက် သိသိသာသာနှေးနေတယ်၊၊ ဒါဟာ သွေးကပ်ဘေးပန်းနဲ့ ရှင့်ရဲ့ ထူးဆန်းသောကုဗတုံးကြောင့် ဖြစ်ရမယ်”
လင်းရှန် ခေါင်းညိတ်လိုက်သည်။
“ငွေနဂါးဆယ်ဆပန်းက တွင်းနက်ထဲက ထွက်လာပြီးကတည်းက ဘာမှပြောင်းလဲမှုမရှိဘူး၊၊ ကြီးထွားမှု ရပ်သလို ဖြစ်နေပြီး အပွင့်ပွင့်မယ့် အရိပ်အယောင်လည်း မရှိဘူး၊၊ သွေးနွယ်ပင်ကတော့ အစောပိုင်းက ဖုတ်ကောင်တွေကြားကနေ တိုက်ထွက်လာတုန်းက အပြောင်းအလဲတချို့ ရှိတာကို ကျွန်မသတိထားမိတယ်၊၊ ဒါပေမဲ့ သိပ်တော့ မသိသာဘူး၊၊ လက်ရှိမှာတော့ သူ့ရဲ့ လုပ်ဆောင်ချက်က မသေချာသေးဘူး နာမည်ရော ပေးချင်လား”
တင်းကျန်းရီက လင်းရှန်ကို ကြည့်လိုက်သည်။
“သွေးနွယ်ပင်လို့ ခေါ်နေမှတော့ သွေးနွယ်ပင်လို့ပဲ ဆက်ခေါ်ကြတာပေါ့...”
လင်းရှန် သက်ပြင်းချရင်း တင်းကျန်းရီကို ပြောလိုက်သည်။
“ဒါရိုက်တာတင်း ကောင်းကင်အမိုးခုံးရထားပေါ်ကို အမြန်ဆုံးပြောင်းရွှေ့လိုက်ပါ၊၊ ပထမအချက်က မင်းနဲ့ ဆက်သွယ်ရတာ လွယ်ကူတယ်၊၊ ဒုတိယအချက်က အဲဒီအပေါ်မှာ စမ်းသပ်ကိရိယာတွေ အများကြီးရှိတယ် မင်းလိုအပ်တာတွေ ပြည့်စုံမှာပါ”
“ကျွန်မသိပါတယ်”
တင်းကျန်းရီသည် ခေါင်းငုံ့ကာ သုတေသနစာရွက်စာတမ်းများကို သိမ်းဆည်းနေသည်။ ခဏအကြာတွင် ခေါင်းကို အနည်းငယ် မော့ပြီး မျက်မှန်ကို ပင့်တင်လိုက်သည်။ သူမ၏ အေးစက်သော မျက်လုံးများထဲတွင် တစ်ခုခုကို ဖုံးကွယ်ထားပုံရပြီး လင်းရှန်ကို ပြောလိုက်သည်။
“ရှင်လာမှာကို ကျွန်မစောင့်နေတာ အခုတော့ ကျွန််မရဲ့ လိုအင်တွေလည်း ပြည့်ဝသွားပြီ”
လင်းရှန် “…”
…
အနန္တရထားပေါ်က ဆင်းလာပြီးနောက် လင်းရှန်သည် အခြေခံပုံစံ သံချပ်ကာများ တပ်ဆင်ခဲ့သည့် စက်ရုံထဲသို့ တိုက်ရိုက် လမ်းလျှောက်ဝင်ခဲ့သည်။ ဓာတ်လှေကားဖြင့် အောက်ဆုံးထပ်အထိ ဆင်းခဲ့ရာ အချိန်မှာ နံနက် ၉ နာရီ ရှိနေပြီ ဖြစ်သည်။ မိုးလင်းရန် နှစ်နာရီခန့်သာ လိုတော့သော်လည်း ကျင်းဟိုင်တစ်မြို့လုံးသည် အံ့သြဖွယ်ကောင်းလောက်အောင် ငြိမ်သက်နေသည်။ စက်မှုဇုန်နယ်မြေတွင် လှုပ်ရှားနေသည့် ဖုတ်ကောင်အုပ်စုများမှလွဲ၍ သန္ဓေပြောင်းသတ္တဝါများ ပေါ်မလာပေ။
တာလို့၊ ရှုချင်း၊ လျန်လေးနှင့် တခြားသောအဖွဲ့ခေါင်းဆောင်များသည် နေရာအသီးသီးတွင် ကင်းလှည့်နေကြပြီး အခြေအနေများကို လင်းရှန်ထံ အခါအားလျော်စွာ အစီရင်ခံနေကြသည်။
ဓာတ်လှေကားသည် ကြီးမားသော သံချပ်ကာစက်ရုံထဲသို့ ပြန်လည်ရောက်ရှိသွားသည်။ လေထဲတွင် ပျံသန်းနေသော စကင်ဖတ်စက်ရုပ်များနှင့် ဒရုန်းအမျိုးမျိုးကို တွေ့ရသည်။ ရှင်းဂျီသည် သံချပ်ကာအောက်တွင် ရပ်နေသည်။ လင်းရှန် အနားမရောက်ခင်မှာပင် သူက စပြောလိုက်သည်။
“မင်းရဲ့ မေးခွန်းနှစ်ခုကို ဖြေရရင် အိုင်ယွန်းဓာတ်ငွေ့အကာနဲ့ တည်ငြိမ်လျှပ်စစ်စက်ကွင်း ထုတ်စက်တွေအပြင် ကောင်းကင်အမိုးခုံးရထားရဲ့ ပုံကြမ်းအရ လျှပ်စစ်သံလိုက်အမြောက် လေးလက်နဲ့ စွမ်းအင်မြင့် ပလာစမာရောင်ခြည်အမြောက်နှစ်လက်ပဲ ပါဝင်တယ်၊၊ အဓိကကတော့ အာကာသ အမှိုက်တွေနဲ့ ဥက္ကာခဲငယ်တွေကို ဖယ်ရှားဖို့ပဲ၊၊ ဂြိုဟ်အဆင့်ကြယ်အမြောက်လို အာကာသအခြေစိုက်လက်နက်တွေကိုတော့ တပ်ဆင်လို့ မရဘူး”
သူက အနားသို့ လျှောက်လာသော လင်းရှန်ကို တစ်ချက်စောင်းကြည့်လိုက်သည်။
“ဒီလို အာကာသပျံသန်းရေး ကိရိယာနဲ့ မင်းရထားရဲ့ အားနည်းချက်က ဒီမှာပဲ၊၊ ရထားတွဲတိုင်းကို လက်နက်တပ်ဆင်ဖို့ ပြုပြင်လို့ မရဘူး၊၊ ဘာလို့လဲဆိုတော့ ဒါက ကြယ်သင်္ဘောစံနှုန်းနဲ့ လုပ်ထားတာမို့ အတွင်းပိုင်း လေလုံစနစ်နဲ့ အပူဒဏ်ခံစနစ်တွေက တစ်ဆက်တည်းဖြစ်နေလို့ပဲ”
လင်းရှန် မျက်မှောင်ကြုတ်သွားသည်။
“သေစမ်း… ခဗျားပဲ လက်နက်တပ်ဆင်ပေးမယ်လို့ ပြောခဲ့တယ် မဟုတ်လား”
“နောက်ထပ် အစီအစဉ်တစ်ခု ရှိပါသေးတယ်”
ရှင်းဂျီက ပုံမှန်လေသံနဲ့ ပြောသည်။
“ပထမကတော့ ပုံကြမ်းတစ်ခုလုံးကို ပြန်ဆွဲဖို့ပဲ၊၊ ဒုတိယကတော့ စစ်သင်္ဘောတစ်စင်း တည်ဆောက်ပြီး ချိတ်ဆက်ဖို့ပဲ၊၊ အဲဒါက ပိုလက်တွေ့ကျတယ်၊၊ ဒီအာကာသရထားက အစိတ်အပိုင်းတွေ ဖြုတ်လို့ တပ်လို့ ရတာဆိုတော့ မင်းရဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်လိမ့်မယ်”
လင်းရှန် ခေါင်းညိတ်လိုက်သည်။
“ပုံကြမ်းပြန်ဆွဲတာကိုတော့ ထားလိုက်ပါ၊၊ ဒုတိယရွေးချယ်စရာက ပိုစိတ်ချရတယ်၊၊ ဒါနဲ့ နောက်ထပ်မေးခွန်းတစ်ခုကရော”
ရှင်းဂျီသည် လက်ညှိုးကို ဖြည်းဖြည်းချင်း မြှောက်ကာ အပေါ်ရှိ ဇီဝမျိုးစပ်သတ္တဝါကို ညွှန်ပြလိုက်သည်။
“ဒါက စမ်းသပ်ကိရိယာ မဟုတ်သလို ကျရှုံးသွားတဲ့ ပုံစံထုတ်ချက်လည်း မဟုတ်ဘူး”
“ဘာကိုဆိုလိုတာလဲ”
“အဲဒီ မျိုးပွားမှုတားဆီးတဲ့ ကိရိယာတွေနဲ့ ကန့်သတ်ကိရိယာတွေကို ကြည့်လိုက်… အနီရောင်ကမ္ဘာက သူတို့အတွက် သီးသန့်ထုတ်ပေးထားတာပဲ၊၊ ဒါပေမဲ့ ဒီသတ္တဝါတွေက အရင်ကတည်းက သေဆုံးနေတာပဲ၊၊ သူတို့က ဘာလို့ ဒီအရာတွေကို တပ်ဆင်ပေးထားရတာလဲလို့ မင်းထင်လဲ”
“ဟမ့်” လင်းရှန် နှာမှုတ်လိုက်သည်။
“သူတို့က သန္ဓေပြောင်းသတ္တဝါတွေကို ထိန်းချုပ်ရုံတင်မကဘဲ ပြန်အသက်သွင်းနိုင်တယ်လို့တော့ မပြောနဲ့နော်”
“ထိန်းချုပ်တာ၊ ပြန်အသက်သွင်းတာ ဆိုတာတွေက သိပ်ပြီး စိတ်ကူးယဥ်ဆန်လွန်းတယ်”
ရှင်းဂျီသည် သူ၏ နားထင်ကို ထောက်ပြရင်း လင်းရှန်ကို ကြည့်လိုက်သည်။
“အနီရောင်ကမ္ဘာဆိုတာ အရူးတစ်စုပဲ၊၊ မင်းက သူတို့ကို သာမန်ယုတ္တိဗေဒတွေနဲ့ နားလည်လို့ မရဘူး”
“ပွင့်ပွင့်လင်းလင်းပဲ ပြောပါ”
ရှင်းဂျီက လက်ကို အင်္ကျီထဲ ထည့်ကာ ဇီဝမျိုးစပ်သတ္တဝါပေါ်က ကြီးမားတဲ့ သံချပ်ကာကို တည်ငြိမ်စွာ ကြည့်ရင်း ပြောသည်။
“ငါက ထိတ်လန့်ဖို့ကောင်းတဲ့ ခန့်မှန်းချက်တွေ လုပ်ရတာကို မကြိုက်ဘူး၊၊ ဒါပေမဲ့ ယုတ္တိဗေဒအရ ကြည့်ရင်တော့ အနီရောင်ကမ္ဘာက သေဆုံးသွားတဲ့ သန္ဓေပြောင်းသတ္တဝါရဲ့ အလောင်းဟာ သုတေသနတန်ဖိုး မရှိဘူးဆိုတာ သိမှာပဲ၊၊ သူတို့က ဒီအရာကို ထုတ်လုပ်ဖို့ အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားတာမှာ အကြောင်းရင်းတစ်ခုခုတော့ ရှိရမယ်”
လင်းရှန် ခဏမျှ တိတ်သွားပြီးမှ လေးနက်စွာ ပြောလိုက်သည်။
“ကောင်းပြီလေ ဒါဆိုရင် အရင်ဆုံး အခြေခံသင်္ဘောကိုယ်ထည်ကို အရင်ပြင်ဆင်ပေးပါ၊၊ စစ်သင်္ဘော ပုံစံထုတ်ပြီး တည်ဆောက်ဖို့ကတော့ မြန်မှာမဟုတ်ဘူး”
“ဟုတ်တယ်… လက်နက်တွေ အဆင်သင့်ရှိရင်တောင်မှ စစ်သင်္ဘောကိုယ်ထည်ကို ပုံစံထုတ်ပြီး တည်ဆောက်ဖို့ အနည်းဆုံး ရက်ပေါင်း ၃၀ လောက် ကြာလိမ့်မယ်”
“ရက် ၃၀...”
လင်းရှန် ပါးစပ်ဟသွားပြီးမှ စကားလုံးများကို ပြန်မျိုချလိုက်သည်။
ပုံမှန်ဆိုရင် ဒီလို ကြယ်သင်္ဘောကြီးတွေကို တည်ဆောက်ဖို့ နှစ်နဲ့ချီ ကြာတတ်ပေသည်။ တိတ်ဆိတ်မြို့တော်ကို ၁၄ နှစ်တောင် တည်ဆောက်ခဲ့ရသည်၊၊ ယခု ရှင်းဂျီက အစွမ်းကုန်အားထုတ်ပေးနေ၍ ကြယ်ခရီးစဉ်အတွက် သင်္ဘောကိုယ်ထည်များကို အပြီးသတ်နိုင်ခြင်းဖြစ်သည်။ ကောင်းကင်အမိုးခုံးအဆင့်ကတော့ ကမ္ဘာပျက်ကပ်မတိုင်ခင်က ချထားသည့် အခြေခံအုတ်မြစ်များကြောင့် ဤအတိုင်းအတာအထိ ရှိနေခြင်း ဖြစ်သည်။ ဒါတောင်မှ တန်ချိန်ထောင်ချီရှိသည့် စစ်သင်္ဘောကို ရက် ၃၀ အတွင်း ထုတ်လုပ်နိုင်တာဟာ နတ်ဘုရားဆန်သည့် အရှိန်အဟုန်ပင် ဖြစ်သည်။ ရှင်းဂျီသည် တိတ်ဆိတ်မြို့တော်၏ တည်ဆောက်ရေး စကင်ဖတ်စက်ရုပ် အများစုကို အသုံးချရမည် ဖြစ်သည်။
လင်းရှန် စိတ်ထဲတွင် တင်းကျပ်သွားသော်လည်း မိနစ်ပိုင်းအတွင်း သင်္ဘောကြီးကို တည်ဆောက်ပေးဖို့တော့ သူမျှော်လင့်၍ မရနိုင်ပေ။ ဒီလောက် ထုတ်လုပ်နိုင်စွမ်းရှိနေရင် တိတ်ဆိတ်မြို့တော်သည် တွင်းနက်ကို ရှောင်တိမ်းနေမည် မဟုတ်တော့ပေ။
“ရှင်းဂျီ… ကျုပ်အတွက် ပုံကြမ်းတစ်ခု ဆွဲပေးပါလား၊၊ ပြီးတော့ ဟိုင်ပိုလုံအမြောက်နှစ်စုံ ပေးပါ၊၊ ကျန်တာကို ကျုပ် စီစဉ်လိုက်မယ်”
“ကောင်းပါပြီ” ရှင်းဂျီက အေးဆေးစွာ ပြောသည်။
“မင်းဆန္ဒအတိုင်းပဲ… အခြေခံ အစိတ်အပိုင်းတွေကို သုံးပြီး စစ်သင်္ဘောပုံကြမ်းတစ်ခု ငါဆွဲပေးမယ်”
“ကျေးဇူးပဲ”
“ရပါတယ်”
လင်းရှန် လှည့်ထွက်ရန် ပြင်လိုက်ပြီးမှ
“ရွှန်းနဲ့ ခဗျားရဲ့ စက်ရုပ်တွေက ကျင်းဟိုင်မှာရှိတဲ့ အနီရောင်ကမ္ဘာရဲ့ ဝပ်ကျင်းကို ရှာတွေ့ပြီလား”
“နေရာတချို့တော့ တွေ့တယ်၊၊ ဒါပေမဲ့ အကုန်လုံးက လူတွေမရှိတော့ဘူး သတင်းရရင် ငါမင်းကို အသိပေးမယ် လင်း”
ရှင်းဂျီက လှည့်မကြည့်ဘဲ ပြောလိုက်သည်။
လင်းရှန် ခေါင်းညိတ်ပြပြီး ကုန်းပေါ်သို့ ချက်ချင်း ပြန်တက်လာသည်။ ရှင်းဂျီနှင့် တိတ်ဆိတ်မြို့တော်က မြေအောက်နှင့် ကြယ်ဆိပ်ကမ်းကို စောင့်ကြည့်နေကြသည်။ ရထားစက်ရုံဘက်မှာတော့ ကျန်းရှု့ဝေ၊ ချန်ဆီရွှမ်၊ ရှီတိယွမ်နှင့် တခြားသူများက ရထားပြောင်းရွှေ့ရေး အစီအစဉ်များဖြင့် လှုပ်ရှားနေကြသည်၊၊
လင်းရှန်သည် ချီလီ၏ ဂျိုကာယာဥ်တန်းမှ အင်ဂျင်နီယာအဆင့် ရထားနှင့် နှင်းဆီနီယာဥ်တန်းဆီက ရထားကို ရယူပြီး ဝါးမျိုမှု လုပ်ငန်းစဉ်ကို ချက်ခိင်း စတင်လိုက်သည်။ သူ့မှာ အခု ပစ္စည်းအမြောက်အမြားနှင့် ယန္တရားရင်းမြစ်အမှတ်များ လိုအပ်နေသည်။ ယန္တရားနှလုံးသားသည် ဒုတိယအကြိမ် ယန္တရားနိုးထရန် လက်တစ်ကမ်းအလို ရောက်နေပြီမို့ သူ့တွင် အိပ်ရန်၊ နားရန် အချိန်မရှိပေ။
ရထားတင်ဆောင်သည့် စက်ရုံအကျယ်ကြီးတစ်ခုထဲမှာ လင်းရှန်သည် ရထားကို အတွင်းထဲသို့ ပြောင်းရွှေ့လိုက်ပြီး တစ်ကိုယ်တည်း ဝါးမျိုမှုကို စတင်လိုက်သည်။
[ဝါးမျိုမှုအောင်မြင်သည် ယန္တရားရင်းမြစ်အမှတ် +၅၀ ယန္တရားဝါးမျိုကျွမ်းကျင်မှု +၂၀]
မိနစ် ၂၀ မပြည့်ခင်မှာပင် လူနေတွဲတစ်ခုကို လင်းရှန် ဝါးမျိုပြီးသွားသည်။
[ဝါးမျိုမှုအောင်မြင်သည် ယန္တရားရင်းမြစ်အမှတ် +၄၀၀ ယန္တရားဝါးမျိုကျွမ်းကျင်မှု +၂၀၀]
တစ်နာရီအကြာတွင် ဂျိုကာယာဥ်တန်း၏ စွမ်းအားမြင့် ဂြိုဟ်ပတ်ဆွဲငင်စက်ခေါင်းကြီးကို လင်းရှန်က ဝါးမျိုလိုက်ရာ ပြာအဖြစ် ပြောင်းလဲသွားသည်။
ထိုအချိန်တွင် မှောင်မည်းနေသော ကောင်းကင်ကြီး ပျောက်ကွယ်သွားပြီး ကျင်းဟိုင်တစ်မြို့လုံး အလင်းရောင်အောက်သို့ ရောက်ရှိလာသည်။
လင်းရှန် အချိန်ကို ကြည့်လိုက်သည်။ မိုးလင်းသွားလျှင် အာရုဏ်ဦးမြို့တော်က အဆက်အသွယ်လုပ်လာတော့မည်ဖြစ်ရာ ရသလောက်အချိန်ဖြင့် ဂျိုကာယာဥ်တန်း၏ နူကလီးယားစွမ်းအင်အူတိုင်ပါ ရထားတွဲကို ဝါးမျိုရန် ပြင်လိုက်သည်။
သုံးနာရီကြာသွားသည်၊၊
[ဝါးမျိုမှုအောင်မြင်သည် ယန္တရားရင်းမြစ်အမှတ် +၈၀၀ ယန္တရားဝါးမျိုကျွမ်းကျင်မှု +၃၀၀]
ယခုအချိန်တွင် လင်းရှန်၏ ယန္တရားနှလုံးသားအဆင့် တိုးတက်မှုမှာ ၁၂၅၀ အထိ ရှိလာပြီး ယန္တရားဝါးမျိုကျွမ်းကျင်မှုမှာလည်း ၅၂၀ အထိ တိုးလာပြီ ဖြစ်သည်။