← Chapters

အခန်း (၇၇၄-၇၇၅)

Vol. 45 Ch. 774-775

အခန်း (၇၇၄-၇၇၅)

Vol. 45 Ch. 774-775

Chapter 774

ဒုတိယအကြိမ်နိုးထခြင်း၊ ကြယ်နက်ပန်းပဲဖို ၁

[လက်ရှိ ယန္တရားနှလုံးသားအဆင့် ၅ (၁၈၈၉၀/၂၀၀၀၀)]

ယန္တရားဝါးမျိုမှု - အဆင့် ၅ (၂၅၈၅/၃၀၀၀)

ဝါးမျိုမှု စွမ်းရည် တိုးတက်လာသည်။

“ဆက်လုပ်မယ်”

လင်းရှန်၏ မျက်နှာအမူအရာမှာ အလွန်လေးနက်နေသည်။ နဖူးမှ ချွေးတွေကို သုတ်လိုက်ပြီး နှင်းဆီနီအဖွဲ့၏ ရထားကို စတင်ဝါးမျိုလိုက်သည်။

[ဝါးမျိုမှုအောင်မြင်သည်၊၊ ယန္တရားရင်းမြစ်အမှတ် +၅၀ ယန္တရားဝါးမျိုကျွမ်းကျင်မှု +၂၀]

နှင်းဆီနီအဖွဲ့က လူနေတွဲတစ်ခုကို လင်းရှန် ဝါးမျိုပြီးသွားသည်။ ချက်ချင်းဆိုသလို ရထားပေါ်က အသုံးအဆောင်များ ကျလာပြီး အမျိုးသမီးအတွင်းခံများနှင့် ကွန်ဒုံးအခွံများ ပြန့်ကျဲသွားသည်။ လင်းရှန် ထိုမြင်ကွင်းကို ကြည့်ပြီး ပြုံးလိုက်မိသည်။ သူသည် နှင်းဆီနီအဖွဲ့ခေါင်းဆောင် ကျိဟုန်နှင့် အဖွဲ့ဝင်များကို မဟာမိတ်ဖွဲ့ပြီးနောက်မှာ ခန္ဓာကိုယ်ရောင်းစားသည့် အလုပ်များကို ရပ်တန့်ရန် အသိပေးထားပြီးသား ဖြစ်သည်။

ထိုအမျိုးသမီးများအတွက်တော့ ၎င်းသည် ဝမ်းသာစရာသတင်းပင် ဖြစ်မည်။ အသက်ရှင်ရန်အတွက် အတင်းအကျပ်မလုပ်ရဘူးဆိုလျှင် ဘယ်သူက ကမ္ဘာပျက်ကပ်ထဲမှာ ခန္ဓာကိုယ်ရောင်းပြီး နေချင်မည်နည်း...

လင်းရှန် နှင်းဆီနီအဖွဲ့၏ နူကလီးယားစွမ်းအင်သုံး ရထားတွဲကို ဝါးမျိုပြီးသွားချိန်မှာပဲ တောက်ပသည့် အလင်းတန်းတစ်ခု ပေါ်လာသည်။

[ဝါးမျိုမှုအောင်မြင်သည် ယန္တရားရင်းမြစ်အမှတ် +၇၀၀ ယန္တရားဝါးမျိုကျွမ်းကျင်မှု +၂၀၀]

[ဂုဏ်ယူပါသည်၊၊ သင်၏ ယန္တရားနှလုံးသားမှာ အဆင့် ၆ သို့ အောင်မြင်စွာ တိုးမြှင့်သွားပြီး ယန္တရားနိုးထမှုကို စတင်လိုက်ပါပြီ]

ဝူးးး

ဝါးမျိုမှုအောင်မြင်သည့် အသံက လင်းရှန်၏ နားထဲတွင် ပဲ့တင်ထပ်သွားပြီး သူ့ရှေ့က အလင်းတန်းကြီးက ရုတ်တရက် မှောင်အတိ ကျသွားသည်။

စိတ်ကူးကြည့်၍ မရနိုင်လောက်အောင် အင်အားကြီးမားသည့် ယန္တရားဟိန်းဟောက်သံကြီးက သူ့ဦးနှောက်ထဲမှာ ပေါက်ကွဲထွက်လာသည်။

ဗလာဟင်းလင်းပြင်။

လင်းရှန်၏ နားစည်ထဲတွင် စက်ယန္တရားများ ဟိန်းဟောက်သံက ပို၍ ကျယ်လောင်လာသည်။ သူ၏ အမြင်အာရုံတစ်ခုလုံး မှောင်အတိကျသွားပြီး ယန္တရားနှလုံးသား၏ စနစ်မြင်ကွင်း သို့မဟုတ် အခြားမည်သည့်အရာကိုမျှ မမြင်နိုင်တော့ပေ။ သူသည် ရထားတွဲ တပ်ဆင်ထုတ်လုပ်ရေး စက်ရုံထဲတွင် ရှိမနေတော့ဘဲ စိတ်ကူးကြည့်ရန်ပင် ခက်ခဲသော ကျယ်ပြောလှသည့် အာကာသဟင်းလင်းပြင်ကြီးထဲသို့ ရောက်ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။

နားထဲတွင် အသံများ မြည်ဟီးနေပြီး အိုင်းယွန်းဓာတ်ပြုမှုကြောင့် အရေပြားပေါ်တွင် စပ်ဖျင်းဖျင်းနှင့် ယားကျိကျိ ဖြစ်လာသည်။ ထိုအချိန်တွင် ယန္တရားနှလုံးသား၏ အချက်ပေးစာသားက နောက်ဆုံးတွင် ပေါ်လာသည်။

[ယန္တရားရင်းမြစ်အမှတ် ပြင်ဆင်မှု အောင်မြင်သည်၊ ယန္တရားနှလုံးသားအား နိုးထစေခြင်း]

[နိုးထမှု ပြီးဆုံးသည်၊၊ ယန္တရားအရှင်သခင်]

[သင်သည် အကြီးစားလွှဲပြောင်းထုတ်လုပ်မှုနှင့် ကြယ်နက်ပန်းပဲဖိုကို ရရှိခဲ့သည်]

[အာကာသထဲပျော်ဝင်ခြင်း၊ ပြင်ဆင်ရေးစက်ရုံ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာနတို့အား ပေါင်းစပ်နေသည်]

[ကြယ်နက်ပန်းပဲဖိုအား ကိုယ်တိုင်စစ်ဆေးမှု ပြုလုပ်နေသည်]

[ကြယ်နက်ပန်းပဲဖိုအား အောင်မြင်စွာ အသက်သွင်းပြီးပါပြီ]

ဝူး

အင်ဂျင်သံသည် တိုးနေရာမှ အမြင့်သို့ ဟိန်းဟောက်သွားပြီး လင်းရှန်၏ ရှေ့ရှိ မှောင်မည်းနေသော ဟင်းလင်းပြင်ထဲတွင် ကြီးမားသော စက်ကွင်းကြီးတစ်ခု ရုတ်တရက် လင်းထိန်လာသည်။ ထိုအလင်းရောင်ကြောင့် ဧရာမ စက်ယန္တရားအင်ဂျင်ကြီးတစ်ခုနှင့် တူသော တည်ဆောက်ပုံကြီး ပေါ်ထွက်လာသည်။ အပြာရောင်နှင့် အနီရောင်စွမ်းအင်လိုင်းများက ဟင်းလင်းပြင်တစ်ခုလုံးကို တဖြည်းဖြည်း လင်းထိန်သွားစေသည်။ လင်းရှန်၏ မျက်လုံးသူငယ်အိမ်များ ကျုံ့သွားသည်၊၊ သူသည် အဆုံးအစမရှိသော ကျောက်နက်ဂူကြီးတစ်ခုထဲ ရောက်နေပြီး သူ၏ရှေ့တွင် ကြယ်များကြား ဖြတ်သန်းသွားလာနိုင်သည့် ဥမင်လိုဏ်ခေါင်းကြီးနှင့်တူသော ဧရာမ အဆောက်အအုံကြီးတစ်ခု ရှိနေကြောင်း သိလိုက်ရသည်။

“ဒါက ဘာကြီးလဲ”

အင်ဂျင်သံများ ဟိန်းဟောက်နေပြီး လင်းရှန်သည် အဆုံးမရှိသော မြူများ၏ ဝန်းရံခြင်းကို ခံလိုက်ရသည်။ သူ မြေပြင်ကို နင်းကြည့်လိုက်ရာ ထူးဆန်းသော ဟင်းလင်းပြင်တစ်ခုထဲ ရောက်နေသည်မှာ မှန်သော်လည်း နာကျင်မှု တစ်စုံတစ်ရာ မရှိပေ။ ၎င်းမှာ ချူယန်နှင့် သူ၏အသိစိတ်ကို ချိတ်ဆက်ထားသကဲ့သို့ ခံစားချက်မျိုးပင် ဖြစ်သည်။

လင်းရှန်သည် ယန္တရားနှလုံးသား၏ စနစ်မြင်ကွင်းကို ဖွင့်ကြည့်လိုက်ရာ ပါဝင်သည့် အချက်အလက်များအားလုံး လုံးဝ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။

အာကာသထဲပျော်ဝင်ခြင်း၊ ပြင်ဆင်ရေးစက်ရုံနှင့် သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာနတို့မှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူ၏ ယန္တရား Passive စွမ်းရည်မှာလည်း မရှိတော့ဘဲ ပို၍ ရှုပ်ထွေးသော စနစ်မြင်ကွင်းတစ်ခုနှင့် အစားထိုးခံလိုက်ရသည်။

[လက်ရှိ ယန္တရားနှလုံးသားအဆင့် LV.6 (20/50000)]

ယန္တရားဝါးမျိုမှု: 6 (100/5000) ဝါးမျိုမှု ထိရောက်နှုန်းကို မြှင့်တင်ရန်၊၊

ယန္တရားထုတ်လုပ်မှု: 5 (1660/3000) တည်ဆောက်မှု ထိရောက်နှုန်းကို မြှင့်တင်ရန်၊၊

[အထူးစွမ်းရည်]

ယန္တရားစွမ်းအင်အမြောက် [မြှင့်တင်ပြီး]

AT Field ဒိုင်းကာ [မြှင့်တင်ပြီး]

စူပါစထရင်း နူဓာတ်ပြုအဆင့်သက်တန့်ကွင်း [မြှင့်တင်ပြီး]

စွမ်းအားထိုးတတ်ခြင်း (ရှားပါး) (အဆင့် 3)

သံလိုက်မုန်တိုင်း ရိုက်ခတ်မှု (ရှားပါး) (အဆင့် 1)

ဆွဲငင်အားမှန်ဘီလူး (ဒဏ္ဍာရီလာ) (အဆင့် 2 50%)

၎င်းတို့အပြင် ယခင်ကရှိခဲ့သော အာကာသထဲပျော်ဝင်ခြင်း၊ ပြင်ဆင်ရေးစက်ရုံနှင့် သုတေသနဗဟိုဌာနတို့၏ နေရာတွင် ကြယ်နက်ပန်းပဲဖိုဟု အမည်ရသော ကြီးမားသည့် စနစ်မြင်ကွင်းအသစ်တစ်ခုပေါ်လာသည်။ ဤစနစ်မြင်ကွင်းတွင် ကုန်ကြမ်းပစ္စည်းနှင့် သုတေသနဆိုင်ရာ အချက်အလက်များအားလုံး ပါဝင်ရုံသာမက အသက်သွင်းရန် စောင့်ဆိုင်းနေသော လွတ်နေသည့် တည်ဆောက်မှု အစီအစဉ် ၅ ခုလည်း ပါရှိသည်။

“တည်ဆောက်မှု အစီအစဉ်လား”

လင်းရှန် မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် ရှေ့မှ ဧရာမ ယန္တရားဥမင်လိုဏ်ခေါင်းကြီးကို ကြည့်လိုက်ရာ တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားပုံရသည်။ သူသည် ဥမင်ထဲသို့ ဝင်ရန် ကြိုးစားလိုက်သည်၊၊ သူ၏အတွေးပေါ်လာသည်နှင့်တစ်ပြိုင်နက် ဧရာမ ဥမင်ထဲသို့ တွန်းပို့ခြင်း ခံလိုက်ရသည်။ ပတ်ဝန်းကျင်မှာ လျင်မြန်စွာ ပြောင်းလဲသွားပြီး ပို၍ ကြီးမားလှသော ယန္တရားကမ္ဘာကြီးက သူ၏ မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။

သူသည် ဧရာမ ယန္တရားကြီးတစ်ခု၏ အတွင်းပိုင်းထဲသို့ ရောက်သွားသလို ခံစားလိုက်ရသည်။ သန်းနှင့်ချီသော ယန္တရားယူနစ်များသည် သတ္တုအမိုးခုံးကြီးအောက်တွင် တိတ်ဆိတ်စွာ အလုပ်လုပ်နေကြပြီး သတ်မှတ်ထားသော လမ်းကြောင်းများအတိုင်း ကြယ်တာရာများကဲ့သို့ လှည့်ပတ်နေကြသည်။ တစ်ခုလုံးသည် စကြဝဠာချိန်သီးတစ်ခု၏ တည်ငြိမ်သော စည်းချက်အတိုင်း လည်ပတ်နေပြီး ဗဟိုခွာအားကြောင့် အစိတ်အပိုင်းများနှင့် ကုန်ကြမ်းပစ္စည်း အမြောက်အမြားမှာ လေထဲရှိ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများပေါ်သို့ လွင့်စင်သွားကာ တွက်ချက်ထားသည့် အမှတ်များတွင် တိကျစွာ အဖမ်းခံလိုက်ရသည်။

ထိုလမ်းကြောင်း၏ အလယ်တွင် လင်းရှန်သည် ထုတ်လုပ်ရေး စနစ်မြင်ကွင်း ၅ ခုကို တွေ့လိုက်ရသည်။ သူသည် လျှပ်စီးသိန်းငှက် ၂၀၀၀ တိုက်ခိုက်ရေးဒရုန်း၏ ပုံကြမ်းကို ထုတ်လုပ်ရေး အစီအစဥ်ထဲသို့ ချက်ချင်း ထည့်သွင်းကြည့်လိုက်ရာ မမျှော်လင့်ဘဲ သူ၏ရှေ့မှ စနစ်မြင်ကွင်းတွင် အရာတစ်ခု ချက်ချင်း ပေါ်လာသည်။

[ထုတ်လုပ်မှု အစီအစဥ် ၁: လျှပ်စီးသိန်းငှက် ၂၀၀၀ တိုက်ခိုက်ရေးဒရုန်း × ၁]

ဝှစ် ဝှစ် ဝှစ်

ခဏချင်းမှာပင် လင်းရှန်သည် သူ၏ခေါင်းပေါ်ရှိ တည်ဆောက်မှု အစဉ်လိုက်တစ်ခုလုံး ရုတ်တရက် အသက်ဝင်လာသည်ကို မြင်လိုက်ရသည်။ မီးရောင်များ လင်းလက်လာပြီး အသံများ မြည်လာကာ ကုန်ကြမ်းပစ္စည်းအမျိုးမျိုးသည် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်လျှောက် လျင်မြန်စွာ စီးဆင်းသွားသည်။ အရှေ့ဘက်ဆုံးရှိ ယန္တရားလက်တံ အမြောက်အမြားမှ လေဆာတန်းများ ထုတ်လွှတ်လိုက်ရာ ဟိုလိုဂရမ်အလင်းတန်းများ ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဒရုန်းတစ်ခု၏ သတ္တုကိုယ်ထည် ပေါ်ထွက်လာသည်။ နောက်ဆုံးတွင် ဒရုန်းငယ်အုပ်စုလိုက်သည် ဝက်အူများနှင့် ပတ်လမ်းများကို သယ်ဆောင်လာပြီး ကိုယ်ထည်၏ အတွင်းအပြင်တွင် အီလက်ထရွန်နစ် အာရုံကြောကွန်ရက်တစ်ခုကို အလွှာလိုက် အလွှာလိုက်၊ စနစ်တကျနှင့် လှပစွာ ယှက်နွယ် တည်ဆောက်ပေးလိုက်ကြသည်။

၁၀ မိနစ်ပင် မပြည့်မီမှာပင် အသစ်စက်စက် လျှပ်စီးသိန်းငှက် ၂၀၀၀ တိုက်ခိုက်ရေးဒရုန်းတစ်ခုသည် လင်းရှန်၏ ရှေ့တွင် ပေါ်လာပြီး ထုတ်လုပ်မှု အစီအစဥ် ၁ မှာလည်း သုညအနေထားသို့ ပြန်ရောက်သွားသည်။

“တကယ်ပဲ၊၊ ဒါက ငါ့ယန္တရားနှလုံးသားရဲ့ ထုတ်လုပ်မှု ဟင်းလင်းပြင်ပဲ”

လင်းရှန်၏ မျက်လုံးများ တောက်ပသွားပြီး ရင်ခုန်သံများ မြန်လာသည်။ သူသည် ယန္တရားနှလုံးသားမှ အလိုအလျောက် စွမ်းအားကို ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်း ဖြစ်သည်။

“ကြယ်နက်ပန်းပဲဖိုက ငါ့ရဲ့ အကြီးစား အလိုအလျောက် ထုတ်လုပ်ရေးစက်ရုံပဲ၊၊ ပြီးတော့ ထုတ်လုပ်မှု အစီအစဉ် ၅ ခုတောင် ပါလာတယ်၊၊ ဆိုလိုတာက ငါက တည်ဆောက်မှု ၅ ခုကို တစ်ပြိုင်တည်း စတင်နိုင်တာပေါ့”

“ဒါ ငါ့ရဲ့ ယန္တရားထုတ်လုပ်မှု ကျွမ်းကျင်မှုက အဆင့် ၅ ပဲ ရောက်နေသေးလို့လား”

တွန့်ဆုတ်မနေဘဲ လင်းရှန်သည် တည်ဆောက်မှု အစီအစဉ် ၅ ခုလုံးတွင် ဒရုန်းထုတ်လုပ်ရေး အလုပ်တစ်ခုစီကို ချက်ချင်း တာဝန်ပေးလိုက်သည်။ ၎င်းတို့မှာ မိုးကြိုးအကျဉ်းထောင်၊ သံလိုက်မုန်တိုင်းဒရုန်း၊ ဖျက်ဆီးသူ၊ အသေခံဒရုန်း၊ ရေခဲပေါက်ကွဲမှု ၁၆၆ အရည်နိုက်ထရိုဂျင် အေးခဲစက်၊ သံမဏိမိုးစက် အလွန်မြန် အရှိန်ပြင်းစွမ်းအင်သုံး အမျိုးအစားနှင့် သံမဏိအကာကွယ် ကာကွယ်ရေးဒရုန်းတို့ ဖြစ်ကြသည်။

လင်းရှန်သည် ကွဲပြားသော ထုတ်လုပ်ရေး ပုံကြမ်းအမြောက်အမြားကို သူ မျှော်လင့်ထားသည့်အတိုင်း အလုပ်ဖြစ်/မဖြစ် စမ်းသပ်ရန် တစ်ပြိုင်တည်း အသက်သွင်းလိုက်သည်။

Chapter 775

ဒုတိယအကြိမ်နိုးထခြင်း၊ ကြယ်နက်ပန်းပဲဖို ၂

ဝှစ် ဝှစ် ဝှစ်

ချက်ချင်းဆိုသလိုပင် တည်ဆောက်မှု အစီအစဉ် ၅ ခုလုံး တစ်ပြိုင်တည်း အသက်ဝင်လာပြီး အင်ဂျင်နီယာတပ်ဆင်ရေးလိုင်းများမှာ အလိုအလျောက် လည်ပတ်လာသည်။ ယခင်က အာကာသထဲပျော်ဝင်ခြင်းနှင့် ပြင်ဆင်ရေးစက်ရုံတို့တွင် ရှိခဲ့သော ကုန်ကြမ်းများသည် ပေါင်းစည်းထားသော စနစ်တစ်ခုကဲ့သို့ အလိုအလျောက် ပြောင်းလဲသွားကြသည်။ ကုန်ကြမ်းပစ္စည်းအမျိုးမျိုးသည် တည်ဆောက်မှု အစီအစဥ်တစ်လျှောက် သွေးကြောများကဲ့သို့ စီးဆင်းသွားပြီး မကြာမီမှာပင် လုံးဝ ကွဲပြားခြားနားသော ဒရုန်း ၅ စင်းသည် ရှေ့ရှိ လေထုထဲတွင် လျင်မြန်စွာ ပုံပေါ်လာသည်။

လင်းရှန်သည် သူ၏ ထုတ်လုပ်မှု အစီအစဉ် တိုးတက်မှုပြဘားကို ကြည့်လိုက်ရာ အစီအစဉ် ၅ ခုလုံး တစ်ပြိုင်တည်း အလုပ်လုပ်နေပြီး တစ်ခုချင်းစီတွင် တိကျသော အချိန်ရေတွက်မှုများ ရှိနေသည်ကို တွေ့လိုက်ရသည်၊၊ ၎င်းတို့အနက် သံမဏိအကာကွယ် ကာကွယ်ရေးဒရုန်းမှာ ထုတ်လုပ်မှု အမြန်ဆုံးဖြစ်သည်၊၊ အခြားဒရုန်းများမှာမူ နည်းပညာပိုင်း ခက်ခဲမှုများကြောင့် အချိန်ပိုပေးရသည်၊၊ သို့သော် လင်းရှန်အနေဖြင့် ထိုအချက်များအတွက် လုံးဝ စိတ်ပူနေစရာ မလိုတော့ပေ၊၊ သူသည် သံမဏိမိုးစက်ဒရုန်း၏ ထုတ်လုပ်မှု အရေအတွက်ကိုပင် X99 ဟု ပြောင်းလဲလိုက်သော်လည်း မည်သည့်ပြဿနာမျှ မရှိခဲ့ပေ၊၊

သို့သော် ထိုအရေအတွက်ကို ×999 သို့ တိုးမြှင့်လိုက်သောအခါ ယန္တရားနှလုံးသားက အချက်ပေးလာသည်:

[ပြင်ဆင်ထားသော ကုန်ကြမ်းပစ္စည်း မလုံလောက်ပါ၊ သံမဏိမိုးစက် ×999 အား ထုတ်လုပ်မှု အစီအစဥ်ထဲသို့ ထည့်သွင်း၍မရပါ]

“အခုတော့ ဒါက တကယ့်ကို အလိုအလျောက် စက်မှုလိုင်းကြီး ဖြစ်သွားပြီပဲ၊၊ ကုန်ကြမ်းပြင်ဆင်တာကနေ အချောထည် ထုတ်လုပ်တဲ့အထိ ပိုတောင် အဆင့်မြင့်သေးတယ်... ပြီးတော့ ဒါက ဘယ်လို ဟင်းလင်းပြင်မျိုးလဲ”

လင်းရှန်ကို ယခု သိချင်စိတ်ဖြစ်စေသည်မှာ တကယ့်လက်တွေ့ကမ္ဘာကဲ့သို့ ဖြစ်နေသော ဤထုတ်လုပ်ရေး ဟင်းလင်းပြင်ကြီးပင် ဖြစ်သည်၊၊ ၎င်းက ယန္တရားနှလုံးသား၏ ပြည့်စုံသော ထုတ်လုပ်မှု လုပ်ငန်းစဉ်ကို ပထမဆုံးအကြိမ် ခံစားခွင့် ရစေခဲ့သည်၊၊

သူ စိတ်ကူးလိုက်သည်နှင့် သူ၏ရှေ့မှ စနစ်မြင်ကွင်းမှာ ထိုအင်ဂျင်လမ်းကြောင်းထဲမှ လျင်မြန်စွာ ဆုတ်ခွာသွားသည်၊၊ ထို့နောက် လင်းရှန် အသက်ရှူမှားသွားကာ သူသည် ရထားတပ်ဆင်ထုတ်လုပ်ရေး စက်ရုံထဲသို့ ချက်ချင်း ပြန်ရောက်နေသည်ကို တွေ့လိုက်ရသည်၊၊ ပတ်ဝန်းကျင်တွင် ဘာမှမရှိဘဲ သူ အစောပိုင်းက ဝါးမျိုခဲ့သော ကမ္ဘာပျက်ကပ်ရထားမှ အပိုင်းအစများသာ ပြန့်ကျဲနေသည်၊၊

“ငါ ခုနက ထုတ်လုပ်လိုက်တဲ့ ဒရုန်းတွေ ဘယ်ရောက်သွားတာလဲ”

လင်းရှန် မျက်မှောင်ကြုတ်ကာ ယန္တရားနှလုံးသား၏ စနစ်မြင်ကွင်းကို ဖွင့်ကြည့်လိုက်ရာ သူထုတ်လုပ်ခဲ့သော ဒရုန်း ၆ စင်းလုံးသည် ကြယ်နက်ပန်းပဲဖို၏ [ပန်းပဲထုလုပ်မှု ပြီးဆုံးသည်] ဟူသော ကဏ္ဍထဲတွင် ရှိနေသည်ကို တွေ့လိုက်ရသည်၊၊

“မဖြစ်နိုင်တာ...”

လင်းရှန် ရင်ခုန်သံများ မြန်လာပြီး မယုံကြည်နိုင်စွာဖြင့် လက်ကို မြှောက်လိုက်ကာ ထုတ်လုပ်ပြီးသား ဒရုန်း ၆ စင်းကို ထုတ်ယူရန် ကြိုးစားလိုက်သည်၊၊

ရုတ်တရက် အိုင်းယွန်းဓာတ်ပြုသံ ဟိန်းထွက်လာပြီး လင်းရှန်၏ နောက်ကျောရှိ စူပါစထရင်း နူဓာတ်ပြုအဆင့်သက်တန့်ကွင်းမှာ နူကလီးယား ဓာတ်ပေါင်းဖိုတစ်ခု ပေါ်ထွက်လာသကဲ့သို့ လင်းထိန်လာသည်၊၊ ထို့နောက် သူ၏ အထက်ရှိ ဟင်းလင်းပြင်မှာ တဖြည်းဖြည်း တွန့်လိမ်သွားပြီး ဧရာမ ယန္တရားတံခါးကြီးတစ်ခု လေဟာနယ်ထဲမှ ပေါ်လာကာ ဖြည်းညှင်းစွာ ပွင့်လာလေသည်၊၊

ဝူး

မျက်စိတစ်မှိတ်အတွင်းမှာပင် မတူညီသော ဒရုန်း ၆ စင်းသည် လျင်မြန်စွာ ပျံထွက်လာပြီး လင်းရှန်၏ ရှေ့တွင် ဝဲပျံနေကြသည်၊၊

“ဒါ တကယ်ကို ကောင်းကင်ဘုံရဲ့လက်ဆောင်ပဲ”

လင်းရှန်သည် သူ၏ ရှေ့မှ ဒရုန်းများကို ကြည့်ပြီးနောက် တခြားကမ္ဘာမှ တံခါးကြီးကဲ့သို့ ဖြည်းဖြည်းချင်း ပြန်ပိတ်သွားသည်၊၊ သူ၏နောက်မှ ထိတ်လန့်ဖွယ်ရာမြင်ကွင်းကို ကြည့်ရင်း မျက်လုံးအစုံပြူးကျယ်သွားရသည်၊၊

[ကြယ်နက် ပန်းပဲဖို: ပုံကြမ်းများကို အသုံးပြု၍ ကုန်ကြမ်းပြင်ဆင်ခြင်းနှင့် အင်ဂျင်နီယာပိုင်းဆိုင်ရာ ထုတ်လုပ်ခြင်းများကို ပြုလုပ်ပေးသည့် အလိုအလျောက် ကြယ်နက်ပန်းပဲဖို စက်ရုံကို အသက်သွင်းပါ၊၊ ထုတ်လုပ်မှုအစီအစဉ် အရေအတွက်သည် ယန္တရားထုတ်လုပ်မှု အဆင့်နှင့် တိုက်ရိုက်ဆက်နွှယ်နေပါသည်၊၊ တည်ဆောက်ရေး တာဝန်များကို စတင်လိုက်သည်နှင့် ကုန်ကြမ်းများကို အလိုအလျောက် ပြင်ဆင်တွဲဖက်ပေးမည် ဖြစ်ပြီး ပြီးစီးသွားသော ထုတ်ကုန်များကို ကုဗမီတာ ၁ ဘီလီယံ ကျယ်ဝန်းသော ကြယ်နက်ပန်းပဲဖို သိုလှောင်ဧရိယာတွင် သိမ်းဆည်းပေးထားမည် ဖြစ်သည်]

“ကုဗမီတာ ၁ ဘီလီယံလား၊၊ ဒါဆိုရင် ၁၀၀ ကီလိုမီတာ အဆင့် ခရူဇာတောင် ရပ်ထားလို့ ရတာပဲ၊၊ ဒါက အကြီးအကျယ် တိုးတက်လာတာပဲ”

“ဒီလွှဲပြောင်းထုတ်လုပ်မှုဆိုတာကကော ဘာကိုဆိုလိုတာလဲ”

လင်းရှန်သည် စွမ်းရည်ဖော်ပြချက်ကို စိတ်အားထက်သန်စွာ ဖွင့်ကြည့်လိုက်သည်၊၊

[လွှဲပြောင်းထုတ်လုပ်မှု: ယန္တရားဖန်တီးမှုများကို ကြယ်နက်ပန်းပဲဖိုအတွင်းသို့ လွှဲပြောင်းထည့်သွင်းပါ၊၊ ထိုနေရာတွင် အဆင့်မြှင့်တင်ခြင်း သို့မဟုတ် ပြုပြင်ခြင်းများ ပြုလုပ်နိုင်သည်]

“သောက်ကျိုးနည်း”

“ယန္တရားဖန်တီးမှုတွေကို ကြယ်နက်ပန်းပဲဖိုထဲ ထည့်လို့ရတယ်ဆိုတော့ အထဲမှာ ရှိတဲ့ အကျယ်အဝန်းနဲ့ဆိုရင် မိုးကုတ်စက်ဝိုင်းလွန်ကြယ်စင်ခရီးသွားရထားကြီးကိုတောင် ပြုပြင်ဖို့အတွက် ထည့်ထားလို့ ရတာပေါ့”

“ယန္တရားအရှင်သခင်ဆိုတာ ဒါကို ပြောတာလား၊၊ မယုံနိုင်စရာပဲ”

လင်းရှန်သည် သူ၏လက်များကို ကြည့်ကာ နိုးထမှုဖြစ်ပေါ်ပြီးနောက် သူသည် ယခင်နှင့် လုံးဝ ကွဲပြားသွားပြီဖြစ်ကြောင်း သိလိုက်ရသည်၊၊ တစ်နေရာတည်းတွင် ထိုင်ကာ တစ်ချိန်လုံး ထုတ်လုပ်နေရန် မလိုတော့ဘဲ တာဝန်မျိုးစုံကို အလိုအလျောက် တစ်ပြိုင်တည်း တည်ဆောက်နိုင်ပြီ ဖြစ်သည်၊၊ အရေးကြီးဆုံးအချက်မှာ ဤထုတ်လုပ်မှုများသည် သူတစ်ဦးတည်းသာ ဝင်ရောက်နိုင်သော ကြီးမားသည့် အခြားကမ္ဘာဟင်းလင်းပြင်ထဲတွင် ဖြစ်ပေါ်နေခြင်း ဖြစ်သည်၊၊ နောက်ဆုံးတွင် သူသည် ပြင်ပမှ ယန္တရားပစ္စည်းများကိုလည်း ကြယ်နက်ပန်းပဲဖိုထဲသို့ လွှဲပြောင်းနိုင်ပြီ ဖြစ်သည်၊၊

ဤအချက်ကို စဉ်းစားရင်း လင်းရှန်၏ စိတ်ထဲတွင် ရူးသွပ်သော အကြံတစ်ခု ရုတ်တရက် ပေါ်လာသည်၊၊ သူသည် အပြင်သို့ အမြန်ပြေးထွက်ကာ ယာဉ်တန်းငယ်တစ်ခု၏ ကမ္ဘာပျက်ရထားကို မောင်းကာ တပ်ဆင်ထုတ်လုပ်ရေး စက်ရုံနောက်တစ်ခုထဲသို့ သွားခဲ့သည်၊၊ ထို့နောက် လူသူကင်းရှင်းနေမှုကို အခွင့်ကောင်းယူကာ တွဲဆိုင်း တစ်ဒါဇင်ခန့်ပါသော ဤသံမဏိရထားကြီးကို ကြယ်နက်ပန်းပဲဖိုထဲသို့ ဆွဲသွင်းရန် လွှဲပြောင်းထုတ်လုပ်မှု စွမ်းရည်ကို သုံးရန် ပြင်လိုက်သည်၊၊

ဝူးးး

စိတ်ကို စုစည်းလိုက်သည်နှင့် လင်းရှန်၏ နောက်ကွယ်မှ စူပါစထရင်း နူဓာတ်ပြုအဆင့်သက်တန့်ကွင်းမှာ တစ်ဖန် ပြန်လည်လင်းထိန်လာသည်၊၊ စက်ရုံအတွင်းရှိ ဗလာဟင်းလင်းပြင်ထဲတွင် ဧရာမ ယန္တရားတံခါးကြီး ပြန်လည် ပေါ်လာတော့သည်၊၊ ဤတစ်ကြိမ်တွင် တွင်းနက်ကြီးထဲမှ ကြီးမားသော လျှပ်စစ်သံလိုက်အားတစ်ခု ထွက်ပေါ်လာပြီး လင်းရှန်သည် ဟင်းလင်းပြင်မှတစ်ဆင့် ကြယ်နက်ပန်းပဲဖိုအတွင်းရှိ ဧရာမ ကြယ်တာရာကြီး ဖြည်းဖြည်းချင်း လည်ပတ်နေသည်ကိုပင် မြင်တွေ့နေရသည်၊၊

ထိုအချိန်တွင် ကမ္ဘာပျက်ရထားသည် လျှပ်စစ်စီးကြောင်းများ၏ ဝန်းရံခြင်းကို ခံလိုက်ရပြီး စကြဝဠာတွင်းနက်ထဲမှ ဧရာမ ယန္တရားသားရဲကြီးတစ်ကောင်ကဲ့သို့ ကြယ်နက်ပန်းပဲဖိုသည် ရထားကြီးကို ဖြည်းဖြည်းချင်း ဝါးမျိုသွားသည်၊၊

သို့သော် တစ်ချိန်တည်းမှာပင် လင်းရှန်သည် ဆွဲငင်အားမှန်ဘီလူးကို အသုံးပြုသကဲ့သို့ပင် သူ၏ စွမ်းအားများ အလွန်ဆုတ်ယုတ်သွားသည်ကို ခံစားလိုက်ရသည်၊၊ ကမ္ဘာပျက်ရထားကြီး ကြယ်နက်ပန်းပဲဖိုထဲသို့ ဆွဲသွင်းခံနေရသည်ကို ကြည့်ရင်း လင်းရှန်သည် တစ်ကိုယ်လုံး တုန်ရီနေကာ ချွေးစေးများ ထွက်လာပြီး ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရသည်၊၊ သို့သော် သူ အခုချိန်တွင် ရပ်တန့်၍ မရတော့ဘဲ ရထားတွဲများ တစ်ခုပြီးတစ်ခု အထဲသို့ ရောက်သွားသည်ကိုသာ ကြည့်နေနိုင်တော့သည်၊၊ အချိန်မှာ အဆုံးမရှိ ဆွဲဆန့်ခံထားရသကဲ့သို့ ဖြစ်နေပြီး စက်ရုံအတွင်း၌လည်း အခြားကမ္ဘာမှ စွမ်းအင်မုန်တိုင်းတစ်ခု ပေါက်ကွဲသွားသကဲ့သို့ တောက်ပသော လျှပ်စစ်စီးကြောင်းများ ပျံ့နှံ့ကာ လင်းလက်နေပြီး အီလက်ထရွန်နစ် ပစ္စည်းအားလုံးမှာလည်း တဖျတ်ဖျတ်မြည်နေသည်၊၊

နောက်ဆုံးတွင် ရထား၏ နောက်ဆုံးတွဲသည် ကြယ်နက်ပန်းပဲဖို၏ ဝါးမျိုခြင်းကို ခံလိုက်ရသောအခါ လင်းရှန်မှာ ချွေးများ ပြိုက်ပြိုက်ကျကာ အမြင်အာရုံများပင် ဝေဝါးလာသည်၊၊

ဝုန်း

လွှဲပြောင်းမှု ပြီးဆုံးသွားသည်နှင့် ကြယ်နက်ပန်းပဲဖို၏ ယန္တရားတံခါးကြီးသည် ဖြည်းဖြည်းချင်း ပိတ်သွားကာ တောက်ပသော လျှပ်စစ်စီးကြောင်းများ အားလုံးပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်မှာ ဗလာဖြစ်ကာ ဖုန်မှုန့်များသာ လွင့်ပျံနေသည်၊၊

လင်းရှန် မောဟိုက်စွာ အသက်ရှူရင်း မြေပြင်ပေါ်သို့ ဘုန်းခနဲ ထိုင်ချလိုက်ရသည်၊၊ ဤလုပ်ငန်းစဉ်သည် သူထင်ထားသည်ထက် များစွာ ပို၍ ခက်ခဲပြီး အားအင်ကုန်ခမ်းစေရုံသာမက အလွန်ပင် အန္တရာယ်များသည်၊၊ သို့သော် ကြိုတင် စမ်းသပ်ကြည့်မိသည့်အတွက် သူ အနည်းငယ် စိတ်သက်သာရာ ရသွားသည်၊၊ ကံကောင်းထောက်မစွာဖြင့် ဤကမ္ဘာပျက်ရထားမှာ အလွန်အမင်း မကြီးမားလှသဖြင့် သူ၏ ခွန်အားရှိသမျှကို သုံး၍ မနည်းထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်၊၊ အကယ်၍ နောင်တွင် ပိုမိုကြီးမားသော ယန္တရားကြီးတစ်ခုကို လွှဲပြောင်းရန် ကြိုးစားရင်း လမ်းခုလတ်တွင် တစ်ခုခုမှားယွင်းသွားပါက မည်သို့သော အကျိုးဆက်များ ဖြစ်လာမည်ကို မည်သူမျှ မသိနိုင်ပေ၊၊

All Chapters