အခန်း (၈)
Vol. 1 Ch. 8
သူ့လက်ကောက်ဝတ်အရိုးကို ချေမွလုနီးပါး ဆုပ်ကိုင်ထားသူသည် ပန်းချီကားထဲမှထွက်လာသည့်ပမာ လှပသောမျက်ခုံးတန်းနှင့် မျက်လုံးများအပြင် နီရဲနေသည့်နှုတ် ခမ်းပါးနှင့်အတူ ဖြူဖွေးသောသွားများပါရှိသည်။ သူ့ ရုပ်ရည်သည် အမှန်ပင် ရှားပါးလှပြီး သူ့မျက်ခုံးတန်းနှင့် မျက်လုံးများကြားရှိအေးစက်သောအရိပ်အယောင်များသည် ထိန်းချုပ်မရနိုင်စွာထွက်ပေါ်နေသောကြောင့် လူများကို မသိစိတ်ကပင် သူ့ထက်နိမ့်ကျသည်ဟု ခံစားရစေနိုင်သည်။
၎င်းသည် အလွန်ချောမောလှပသလို ကျီချောင်ချင်သည်လည်း လှပသူများကိုနှစ်သက်သည်။
လီမင်လော့သည်လည်း ကျီချောင်ချင်နှစ်သက်ဆုံးမှာ သူ့ မျက်လုံးများသာဖြစ်ကြောင်း သိပေသည်။ ယခင်က ကျီချောင်ချင်သည် သူ့ မျက်လုံးများကို အချိန်အကြာကြီးစိုက်ကြည့်ရသည်ကို နှစ်သက်သော်လည်း ယခုမူ သူမ၏ အာရုံ စိုက်မှုအလုံးစုံတို့သည် ထိုအမျိုးသားအပေါ်တွင်သာရှိနေပြီး သူ့အား လုံးဝအာရုံမစိုက်လာတော့ချေ။
လီမင်လော့မျက်လုံးများ မည်းမှောင်သွားသော်လည်း သူ့ မျက်နှာထက်ဖြူစင်သောအပြုံးကိုသာ တပ်ဆင်ထားလေသည်။
"ရှစ်ကျဲ သူက ဘယ်သူလဲ"
ကျီချောင်ချင်သည် လီမင်လော့အား အရူးတစ်ယောက်လို ကြည့်လိုက်ပြီး ပေါ့ပါးစွာပြန်ဖြေလိုက်သည်။
သူမ ရှန်ကျွင်းလက်အား ဆွဲကိုင်ကာ "သူက ငါနဲ့အတူလိုက်လာတဲ့သူလေ"
လီမင်လော့သည် နေရာတွင်ရပ်မြဲရပ်နေရင်း သူ့ မျက်နှာပေါ်ရှိအပြုံးမှာ ပျောက်ကွယ်သွားကာ သူ့မျက်နှာသည်ပိုလို့ပင်မည်းမှောင်လာရသည်။
အတူလိုက်လာတဲ့သူ...? ကျီချောင်ချင် နားကိုကပ်တဲ့သူတိုင်း သေသင့်တယ်...
ကျီချောင်ချင်သည် ၎င်း၏အတွေးများကိုမသိပဲ လူရှင်းသောနေရာသို့ရောက်ချိန် ရှန်ကျွင်းလက်ကို လွှတ်ပေးလိုက်သည်။
သူမ ဟန်ဆောင်လိုရုံသာဖြစ်ကြောင်း နတ်ဘုရားများပင် သိကြသည်။ သူမ သူ့လက်အားကိုင်ထားစဉ်က ရှန်ကျွင်းသည် စကားတစ်ခွန်းမှမပြောဘဲ ရိုက်နှက်တတ်သူဖြစ်ကြောင်း သတိရမိလိုက်သည်။ သူမတို့၏ တိုတောင်းသော အကွာအဝေးသည် ကျီချောင်ချင်အားကြောက်ရွံ့စေခဲ့ပြီး သူမ ပြန်မထနိုင်လောက်အောင် ရိုက်နှက်ခံရမည်ကိုကြောက်ရွံ့မိခဲ့သည်။ နာကျင်ရမည်ထက် အရှက်ကွဲမည်ကို သူ ပိုကြောက် သည်။ ကံကောင်းစွာဖြင့် ရှန်ကျွင်းမှ ပူးပေါင်းဆောင်ရွက် ပေးခဲ့သည်။
ကျီချောင်ချင် သက်ပြင်းချလိုက်ပြီး တောင်းပန်လိုက်သည်။
"ရှင့်နဲ့လိုက်လျောမှုကို ကျေးဇူးတင်တဲ့အနေနဲ့ မက်မွန်သေရည် ဆယ်အိုးပေးမယ်"
ရှန်ကျွင်းသည် စိတ်မဝင်စားဟန်ဖြင့် သူ့ အကြည့်သည် အဝေးကိုကာ စူးစိုက်ကြည့်နေကာ သူ့မျက်ခုံးများသည် အနည်းငယ် တွန့်ချိုးနေသည်။
ကျီချောင်ချင်အံ့သြသွားပြီး သူ သေရည်သောက်နေစဉ်ကလည်း ဤကဲ့သို့ အဝေးသို့ကြည့်နေခဲ့သည်အား သတိရလိုက်မိသည်။ ထို့နောက်ခဏအကြာတွင် စိတ်ရှုပ်စရာကောင်း သော လီမင်လော့ ပေါ်လာခဲ့သည်။
သူ့အပြင် အနီးအနားမှာ တခြားလူတစ်ယောက်ရှိနေသေးတာလား...
ဤလူသည် မလိုအပ်ပါက စကားမပြောတတ်သောကြောင့် ကျီချောင်ချင် ရိုးရှင်းစွာမေးလိုက်သည်: "ရှင် တစ်ခုခု မြင်လိုက်လို့လား"
ကျီချောင်ချင်စကားများကြောင့် ရှန်ကျွင်း၏အာရုံမှာ သူမမျက်နှာဆီသို့ ရောက်လာခဲ့သည်။
ထိုအခါမှသာ ကျီချောင်ချင်သည် ရှန်ကျွင်း၏မျက်နှာမှာ ပုံမှန်ထက် အနည်းငယ်ပိုနီနေသည်ကိုတွေ့လိုက်ရသည်။
ဤအလှလေးသည် နွေးထွေးသော ကျောက်စိမ်းတုံးနှင့်အလားတူပြီး ၎င်းမျက်လုံးများတွင် မြူမှုန်စများပါရှိသလို ရီဝေဝေဖြစ်နေသည်။
သူမ ပေးသော သေရည်ကို သူ သောက်ခဲ့သော်လည်း မက်မွန်သေရည်အိုးငယ်လေးတစ်လုံးမျှဖြင့် ၎င်းကိုမူးသွားစေခဲ့သည်လား...
ကျီချောင်ချင်မှာ မရေရာစွာ မေးလိုက်သည်။
"ရှင် မူးနေပြီလား"
ရှန်ကျွင်းသည် ပြန်မဖြေပေ။ သူသည်ပုံမှန်ဆိုလျှင် မေးခွန်းတိုင်းကို ဖြေဆိုတတ်သောကြောင့် ၎င်းသည် လုံးဝပုံမှန်မဟုတ်ပေ။
ကျီချောင်ချင် အကြည့်သည် သူ့ မျက်နှာမှ ခက်ခက်ခဲခဲ အကြည့်လွှဲလိုက်ပြီး လူကြီးလူကောင်းတစ်ယောက်ပမာ ပြောလိုက်သည်။
"ရှင် မူးနေပြီပဲ၊ ကျွန်မ ရှင့်ကို ပြန်ခေါ်သွားမယ်"
ရှန်ကျွင်းသည် ကျီချောင်ချင်နောက်ကို အသာတကြည်သာ လိုက်လာသည်။ သူသည် အမြဲတစေလျစ်လျူရှုသည့် အမူ အရာဖြစ်နေသောကြောင့် လောကမှကင်းကွာနေသော နတ်ဘုရားပမာထင်ရသော်လည်း ယခုအခါနာခံမှုရှိနေသည်။
၎င်းတို့နှစ်ယောက် ဝါးအိမ်တစ်လုံးထဲသို့ ဝင်သွားကြပြီး ကျီချောင်ချင်သည် ထိုနေရာမှာ ပုံမှန်သန့်ရှင်းပေးသူရှိနေသကဲ့သို့ အလွန်သန့်ရှင်းနေသည်ကို တွေ့လိုက်ရသည်။
ကျီချောင်ချင် မျက်မှောင်ကြုတ်လိုက်သော်လည်း ရှန်ကျွင်းမှာ အိပ်ရာဆီသို့လျှောက်သွားပြီး နာခံစွာ လှဲလျောင်းလိုက်သည်ကိုမြင်လိုက်ရသည်။
သူသည် ပုံမှန်ဆိုလျှင် အလွန်စိတ်ရှည်တက်သလို သေရည်မူးလျှင်တောင် ကောင်းစွာနေထိုင်တက်သူဖြစ်သည်။
"မင်း စိတ်မရှည်ဘူးဆိုတာ ငါ သိတယ်၊ လူတွေက မင်းကိုသတိရလို့ မင်းရဲ့ဖျက်ဆီးခံထားရတဲ့ ဖိုပင်းတောင်ထိပ်ကို မကြာခဏ လာကြပေမယ့် ငါ ဒီအိမ်ထဲကို ဝင်ခွင့်မပြုခဲ့ဘူး၊ ငါ့ရဲ့ကျင့်စဉ်နဲ့ သန့်ရှင်းပေးထားတော့ အထဲမှာ ဘာတစ်ခုမှ ထိခိုက်တာမရှိဘူး"
ကျီချောင်ချင် ထိုအသံကိုကြားလိုက်ရပြီး တံခါးအပြင်ဘက်တွင် အရပ်ရှည်ပြီးခန့်ညားသော အမျိုးသားတစ်ဦးရပ်နေသည်ကို မြင်လိုက်ရသည်။ သူသည် သာမန်လူတစ်ဦးပမာ ဝတ်ဆင်ထားပြီး ဆံပင်များအနည်းငယ်ရှုပ်ပွနေပုံနှင့် ဆက် စပ်ကြည့်လိုက်ပါက ကျင့်ကြံသူတစ်ဦးနှင့် လုံးဝမတူချေ။
ဤသူသည် ထျန်းရွှမ်ဂိုဏ်း၏ဒုတိယအကြီးအကဲ ချန်းဝမ်ရှန်းဖြစ်သည်။
ထိုအခါမှသာ ကျီချောင်ချင် မျက်နှာထက် အပြုံးတစ်ခုပေါ် လာသည်။
"ချန်းဝမ်ရှန်း၊ မတွေ့ရတာကြာပြီနော်"
ချန်းဝမ်ရှန်းသည် မကောင်းဆိုးဝါးအားသတ်ဖြတ်သည့် တိုက်ပွဲအပြီးကတည်းက ခရီးဝေးထွက်နေခဲ့ပြီး ဂိုဏ်းသို့ပြန်လာခြင်းမှာ နည်းပါးလှသည်။
ချန်းဝမ်ရှန်းသည် ကျီချောင်ချင် သူ့အား ဒုတိယအစ်ကိုဟု မခေါ်ဆိုခြင်းကို ဂရုမစိုက်ပေ။
သူ ဝါးအိမ်ထဲသို့ဝင်လာပြီး ယဉ်ကျေးမနေတော့ဘဲ ဝါးကု လားထိုင်ပေါ် ထိုင်ချလိုက်သည်: "ဒီနှစ်တွေထဲ မင်း ဘာတွေလုပ်နေခဲ့တာလဲ"
သူမကိုကြည့်နေလေလေ သူ့ အပြုံးမှာ ပိုအေးစက်လာလေလေဖြစ်သည်။
"မင်းရဲ့ ဝိဉာဉ်စွမ်းအင်အားလုံး ဆုံးရှုံးသွားပြီ၊ အခုခန္ဓာကိုယ်က ပြင်းပြင်းထန်ထန်နာမကျန်းဖြစ်နေတဲ့အပြင် အခုလိုသာမန်ခန္ဓာကိုယ်နဲ့ အစီအရင်တွေကိုအသက်သွင်းဖို့ အတင်း အကျပ်လုပ်နေတယ်၊ မင်း အသက်မရှင်ချင်တော့ဘူးလား၊ ဘာလို့ အပြင်မှာပဲမသေဘဲ ဒီကိုပြန်လာတာလဲ"
ယခင်က ချန်းဝမ်ရှန်းသည် ဤစကားမျိုးကို ဘယ်တော့မှ ပြောမည်မဟုတ်ပေ။ သူသည် လွတ်လပ်မှုကိုချစ်မြတ်နိုးပြီး အခြားသူများနှင့်ပတ်သက်ရမည်ကို ကြောက်သည်။ ထို့ညကြောင့် သူသည် ပုံမှန်ဆိုလျှင် လိုရင်းကိုသာ ပြောတက်ပြီး စိုးရိမ်ပူပန်မှသာ အေးစက်စွာပြောတက်သည်။ ယခုမူ သူ အမှန်တကယ် ဒေါသထွက်နေသောကြောင့် ကျီချောင်ချင်ပင် အံ့သြသွားသည်။
"ကျွန်မ ကိုယ့်ကိုကိုယ် ကယ်တင်ဖို့ ပြန်လာတာ"
ကျီချောင်ချင်က "ကျွန်မရဲ့ အသက်ကို ကယ်တင်နိုင်တဲ့ ပစ္စည်းတစ်ခုက ထျန်းရွှမ်ဂိုဏ်းရဲ့ တားမြစ်နယ်မြေမှာရှိတယ်"
သို့သော် ချန်းဝမ်ရှန်းက သူမကို မယုံကြည်ပေ။
"ကျီချောင်ချင်၊ မင်းနဲ့ ငါ အတူတူ ကြီးပြင်းလာခဲ့တာ မဟုတ်ပေမယ့် ဘေးချင်းယှဉ်ပြီး တိုက်ခိုက်ခဲ့တဲ့တော့ ရင်းနှီးတာနှစ်တွေချီနေပြီ၊ မင်းဗိုက်ထဲမှာ အူဘယ်နှစ်ခွေရှိလဲကအစ ငါသိတယ်၊ မင်း ငါ့ကို လိမ်နိုင်မယ်လို့ထင်နေလား၊ အရင်တုန်းက မင်းနဲ့ ငါ အဲ့နေရာကို ဘယ်နှစ်ခါတောင် လျှို့ဝှက်ဝင်ရောက်ခဲ့ဖူးလဲ မင်းသိမှာပါ၊ အဲ့နေမှာ ဘယ်လိုလုပ် အသက်ကယ်ပစ္စည်းမျိုးက ရှိနိုင်မှာလဲ"
ကျီချောင်ချင်သည် အပြစ်ကင်းစွာဖြင့် "ချန်းဝမ်ရှန်း၊ ရှင် ကျွန်မကို မယုံဘူးလား"
ချန်းဝမ်ရှန်းသည် သူမကိုလျစ်လျူရှုကာ လက်ဖက်ရည် ကြမ်းတစ်ခွကို ငှဲ့လိုက်သည်။
သူ လက်ဖက်ရည်ကြမ်းတစ်ခွက်ကို မော့သောက်ပြီးနောက် ယခင်ကထက် စိတ်ငြိမ်သွားပုံပေါ်သည်။
"မင်း ဘာကြောင့် ပြန်လာတယ်ဆိုတာ ငါ မသိဘူးလို့ မထင်နဲ့၊ မင်း လမ်းစဉ်ခြောက်ခုမှတ်တမ်းကို ကျိုးကျွင်းလန်ကိုပေးခဲ့တာက လူတိုင်းရဲ့ပစ်မှတ်ဖြစ်အောင်လုပ်ဖို့ဆိုတာ သေချာတယ်၊ မင်း နောင်တရစေမယ့်အရာကို ထပ်မလုပ်ဖို့ ငါ အကြံပေးချင်တယ်"
ကျီချောင်ချင် ပျင်းရိစွာထိုင်လိုက်ပြီး အပြင်ဘက်ရှိနေဝင်သွားပုံကိုကြည့်ကာ ကောင်းကင်တွင် ပြည့်နှက်နေသော အနီရောင်တိမ်တိုက်များကိုကြည့်ပြီးပြောလိုက်သည်။
"အင်မော်တယ်ဘ၀ဆိုတာ နှစ်ပေါင်းတစ်ရာကျော်တဲ့အထိ နေထိုင်ခွင့်ရလို့ ပျင်းဖို့ကောင်းတယ်လေ၊ ဒီလို နေ့တိုင်းအ သက်ရှင်နေရတာ အရမ်းပျင်းစရာကောင်းတယ်မလား၊ ဒါကြောင့်တစ်ယောက်ယောက်က ငါ့ကိုဖျော်ဖြေဖို့ တစ်ခုခုလုပ်ပေးသင့်တာပေါ့"
ချန်းဝမ်ရှန်း ကျီချောင်ချင်၏မျက်နှာထားကို မြင်သော အခါ ဒေါသထွက်လာရသည်။ ထိုမျက်နှာသည် ယခင်အတိုင်းသာဖြစ်သော်လည်း အမှန်မှာမူ သေခြင်းအရိပ်အ ယောင်များပါ၀င်နေသည်။
"နတ်ဆိုးချေမှုန်းရေးတိုက်ပွဲပြီးတော့ ငါ မင်းကို ငါနဲ့အတူ ဂိုဏ်းကနေထွက်ခွာဖို့ တိုက်တွန်းခဲ့ပေမယ့် မင်း နားမထောင်ခဲ့ဘူး၊ အခုထိ မင်း ခေါင်းမာနေတုန်း၊ ကိုယ့်သေ တွင်းကို ကိုယ်တူးနေတုန်းပဲ၊ ဂိုဏ်းထဲက လူတွေပြောင်းလဲသွားပြီ၊ ဂိုဏ်းက အရင်ကလိုမဟုတ်တော့ဘူး၊ ဘာလို့ အဲ့လူအုပ်နဲ့ဆက်ပြီး နေနေချင်သေးတာလဲ"
ကျီချောင်ချင် မျက်လုံးများ ရုတ်တရက်အေးစက်သွားသည်။
"ချန်းဝမ်ရှန်းနင် စကားမပြောတတ်ရင် ထွက်သွား၊ ငါ့ကို လာ အနှောင့်အယှက်မပေးနဲ့"
ချန်းဝမ်ရှန်းသည် ချက်ချင်းထရပ်လိုက်သည်။ သူတို့နှစ်ယောက်သည် အခွင့်အရေးအယူခံရခြင်းကို သည်းမခံနိုင်သည့် အချက်တွင်အလွန်တူညီကြသည်။ ၎င်းတို့၏ ဆက် ဆံရေးမှာ အလွန်ကောင်းမွန်သည့်တိုင် အခါအားလျော်စွာ ရန် ဖြစ်တတ်ကြသေးသည်။
သို့သော် ချန်းဝမ်ရှန်း၏ခွန်အားသည် အားကောင်းနေဆဲဖြစ်ပြီး ကျီချောင်ချင်သည် လေတိုက်လျှင်ပင် လဲကျနိုင်လောက်အောင် အားနည်းနေသည်။
ချန်းဝမ်ရှန်း မျက်နှာထားသည် အမျိုးမျိုးပြောင်းလဲသွားသော်လည်း သူ မထွက်ခွာခဲ့ပေ။ ထို့အစား သူ ဒေါသတကြီးဖြင့် သူ့ရင်ဘတ်ထဲမှ တစ်ခုခုကိုထုတ်လိုက်သည်။
"ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်! ငါ မင်း သေတာကိုပဲ ကြည့်နေလိုက်သင့်တာ"
စားပွဲပေါ်တွင် အနီရောင်ဓားကြိုးတစ်ချောင်းရှိပြီး တောင်ပင်လယ် လပုလဲအသေးလေးတစ်ခုမှာ ထိုပေါ်တွင်ချိတ်ဆွဲထားသည်။ ပုလဲသည် သေးငယ်သော်လည်း ၎င်းတွင် ဝိဉာဉ်စွမ်းအင်ပါရှိပြီး ၎င်းပိုင်ရှင်ကို အန္တရာယ်များမှကာကွယ်ပေးနိုင်သည်။
ဤဓားကြိုးကို ကျီချောင်ချင် လွန်ခဲ့သောဆယ်နှစ်ခန့်က ချန်းဝမ်ရှန်းအား တောင်းဆိုခဲ့သည့် လက်ဆောင်ဖြစ် သည်။ ထိုအချိန်ထဲက သူတို့နှစ်ယောက်တွေ့ဆုံရန် အချိန်မရှိခဲ့ဘဲ ကျိုးကျွင်းလန်က ကျီချောင်ချင်ကို ချောက်ကမ်း ပါးပေါ်မှ တွန်းချခဲ့သည်။
ကျီချောင်ချင်သည် ထိုဓားကျိုးအားတောင်းခဲ့သည်ကို မေ့သွားသော်လည်း ချန်းဝမ်ရှန်းသည် ဆယ်နှစ်အကြာတွင်ပင် ၎င်းကို သူနှင့်အတူ ဆက်လက်ယူဆောင်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ကျီချောင်ချင် ဒေါသမှာ ပျောက်ကွယ်သွားသောကြောင့် သူ့အိတ်ထဲမှ ဓားလေးကိုထုတ်လိုက်ပြီး ဓားကြိုးကိုချည်နှောင်လိုက်သည်။
ဓားကြိုးကိုချည်နှောင်ပြီးနောက် ကျီချောင်ချင်သည် သူ့ စိတ်မှာအများကြီးကောင်းမွန်လာသည်ကို ခံစားရသည်။
ချန်းဝမ်ရှန်းသည် "အင်မော်တယ်ကျင့်ကြံသူတွေက များ သောအားဖြင့် မှော်လက်နက်တစ်ခုပဲရှိကြပေမယ့် မင်းမှာ ရေခဲချိုးဖျက်ယပ်တောင်တင်မကဘူး ချန်ခွင်းဓားလည်းရှိတယ်"
ကျီချောင်ချင်သည် ချန်းဝမ်ရှန်း၏စကားလမ်းကြောင်း ပြောင်းရန် ကြိုးပမ်းမှုကိုအာရုံခံမိပြီး သက်ပြင်းချလိုက်သည်။ ချန်းဝမ်ရှန်းသည် ယခုတစ်ကြိမ်ပြန်လာခြင်းမှာ သူမကို တားဆီးရန်ဖြစ်ကြောင်း နားလည်လိုက်သည်။
သို့သော် သူမ လုပ်ဆောင်မည့်အရာကို လုံးဝရပ်တန့်၍မဖြစ်နိုင်သဖြင့် သူမထံ အခြားရွေးချယ်စရာလည်းမရှိပေ။
ထိုအချိန်တံခါးဝတွင် ခြေသံများကြားလိုက်ရသည်။
ချန်းဝမ်ရှန်းသည် ချက်ချင်းပင် အတွင်းခန်းပြတင်းပေါက်ဆီသို့ အလျင်အမြန်ပြေးသွားလိုက်သည်။
"မြန်မြန်... မြန်မြန်! ငါ သွားရတော့မယ်! ငါ ဒီဆယ်နှစ်အဘတွင်း တစ်ခါမှပြန်မလာခဲ့ဘူး၊ သူတို့ ငါ့ကို မြင်ရင်ရှက်စရာကောင်းလိမ့်မယ်"
ကျီချောင်ချင်သည် ထရပ်ရန်အချိန်သာရလိုက်သည်။ ထိုအချိန်တွင် သူမဘက်ကိုလှည့်လာသော ချန်းဝမ်ရှန်းသည် သူ့ ကော်လံကို ဆွဲကိုင်ကာသတိပေးလိုက်သည်။
"မင်း ဒီဆယ်နှစ်အတွင်း ယောက်ျားတွေပဲလိုက်ရှာနေပြီး ကုသဖို့ကျတော့ စိတ်ထဲမရှိဘူးမလား၊ ငါ့ကို စောင့်နေလိုက်စမ်း၊ ငါ ပြန်လာမှ မင်းနဲ့ စာရင်းရှင်းမယ်"
ချန်းဝမ်ရှန်း အလွန်လျှင်မြန်စွာ ထွက်သွားသည်။ ကျီချောင်ချင် ဘာမှမပြောနိုင်ခင် သူ့နောက်ရှိ အနီရောင်တံခါးမှာ တွန်းဖွင့်ခံလိုက်ရသည်။