← Chapters

အခန်း (၁၁)

Vol. 2 Ch. 11

အခန်း (၁၁)

Vol. 2 Ch. 11

ကျီချောင်ချင်သည် အပြင်ဘက်ရှိ လူနှစ်ယောက်ကို ဂရုမစိုက်နိုင်တော့ဘဲ သူမ ခန္ဓာကိုယ်သည် သူမကိုဆက်ပြီး ထောက်ပံ့ပေးနိုင်ခြင်း မရှိတော့ပေ။ သူမ ရုတ်တရက် သွေးတစ်ပွက် အန်လိုက်ပြီး သနားစရာကောင်းစွာ ကြမ်းပြင်ပေါ် လဲကျသွားခဲ့သည်။

ယခင်အချိန်တွေတုန်းက သူ့ကျင့်ကြံမှုသည် အလွန်အား ကောင်းလွန်းသောကြောင့် မာနခေါင်ခိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမိခဲ့သည်။ သူမသည် နတ်ဆိုးများ၊ သရဲမျိုးနွယ်များကို တစ်ယောက်တည်း ပိတ်ဆို့ခဲ့သည်။ တံဆိပ်ခတ်ခြင်းအတွက် အဓိကအစီအရင်လိုအပ်သော ကြောင့် ကျီဣချောင်ချင်သည် သူမ၏ခန္ဓာကိုယ်ပေါ်တွင် ထိုအဓိကအစီအရင်ကို ရေးဆွဲခဲ့သည်။

သူမ၏ခန္ဓာကိုယ်သည် နတ်ဆိုးစွမ်းအင်များကြောင့် ယခင်ကတည်းက ပူလောင်နေခဲ့သဖြင့် အဓိကအစီအရင် ထည့် သွင်းခံရသောအခါ နတ်ဆိုးစွမ်းအင်များကြောင့် သူမ သေလုနီးပါးဖြစ်ခဲ့ရသည်။ သူမ သေလုနီးပါး အခြေအနေကို ဆရာ တွေ့ခဲ့ပြီး သူ့တွင်ရှိသော အစီအရင်ကို ငါးပိုင်း ပိုင်းခြားလိုက်သည်။ အဓိက အစီအရင်ဖြစ်သော မျက်လုံးကို သူမပေါ်မှာထားရှိပြီး ကျန်သည့် အရန်အစီအရင်မျက် လုံးများကို တခြားဂိုဏ်းရှိ တပည့်များပေါ်မှာ ထားရှိခဲ့သောကြောင့် ကျီချောင်ချင် အသက်ကိုကယ်တင်နိုင်ခဲ့သည်။

သူမသည် အဓိကအစီအရင်မျက်လုံးဖြစ်သောကြောင့် လွန်ခဲ့သည့်နှစ်တစ်ရာလုံးတွင် ညတိုင်းလိုလို သူမစိတ်ဝိဉာဉ်အား နတ်ဆိုးမီးတောက်များ လောင်ကျွမ်းသဖြင့် နာကျင်မှုကိုခံစားရသည်။

သူ့နေရာတွင် အခြားသူဆိုပါက ထိုနာကျင်မှုကြောင့် ကိုယ့်ကိုယ်ကို သတ်သေလျှင်သေ သို့မဟုတ် ရူးသွပ်သွားသည်အထိဖြစ်နိုင်သည်။

သို့သော် ကျီချောင်ချင်သည် နှစ်တစ်ရာလုံး ခံနိုင်ရည်ရှိခဲ့သည်။

ယခုအချိန် ကျီချောင်ချင်သည် အလွန်နာကျင်လွန်းသော ကြောင့် သတိမေ့လုနီးပါး ဖြစ်နေခဲ့သည်။ သူ ကျွမ်းကျင်စွာ အတွင်းခန်းထဲ လျှောက်သွားကာ ယိုင်တိယိုင်တိုင်ခြေလှမ်းများဖြင့် ကုတင်ပေါ် လဲကျသွားခဲ့သည်။ သူမ၏ ခန္ဓာကိုယ်သည် အလိုလိုကွေးကွေးလေးကျုံ့နေမိကာ သတိလစ်သွားတော့သည်။

...

ဝါးတံခါးဝအပြင်ဘက်တွင်တော့ လင်ရှန်းရှန်းသည် ကျိုးကျွင်းလန်၏ ဘေးကို လျှောက်လာခဲ့သည်။ သူမသည် သူ့မျက်နှာမှာ ဒေါသများပြည့်နေသည်ကိုမြင်သောအခါ ညင်သာစွာမေးလိုက်သည်။

"ယောင်္ကျား ဘာဖြစ်လို့လဲ? စန်းရှစ်မေ့ကို စိတ်ဆိုးနေတုန်းလား?"

ကျိုးကျွင်းလန်သည် ပြောစရာစကား တစ်ခုခု ရှာတွေ့သွားသလို မစဉ်းစားဘဲ ပြောချလိုက်သည်။

"ကျီချောင်ချင်က ယောက်ျားတစ်ယောက်ကို သူ့အခန်းထဲမှာ တစ်ညလုံးနေခွင့်ပေးထားတယ်၊ သူ့ တကယ် အရှက် အကြောက်မရှိဘူးပဲ"

လင်ရှန်းရှန်းသည် ၎င်း၏ထိန်းချုပ်မှုမဲ့နေသောပုံစံကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားသည်။ ကျင့်ကြံသူဂိုဏ်းဆိုတာ သာမန်လူတွေနဲ့ မတူတော့ သူတို့မှာ ပုံသေ စည်းမျဉ်းတွေ အများကြီးမရှိချေ။ ယောက်ျားတစ်ယောက်ကို အခန်းထဲမှာ တစ်ညလုံး နေခွင့်ပေးတာက တော့ နည်းနည်းမသင့်လျော်ပေမဲ့ အကြောင်းပြချက်ရှိရင် ပြဿနာမရှိဘူး၊ ပြီးတော့ ကျီချောင်ချင်နဲ့ အဲ့ဒီလူကြားမှာ မရေမရာဆက်ဆံရေးရှိနေရင်တောင်မှ ကျိုးကျွင်းလန်နဲ့ ဘာမှမဆိုင်ဘူးမလား၊ သူက ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ?

လင်ရှန်းရှန်းသည် ကျိုးကျွင်းလန်ကို ထုတ်မပြောပဲ ညင် သာစွာသာ ပြုံးပြလိုက်သည်။

"စန်းရှစ်မေ့က အမြဲတမ်း ပုံမှန်မဟုတ်ဘူးလေ၊ ကျွန်မတို့ပြန်ကြရအောင် ၊ သူတို့ကို အနှောင့်အယှက်ဖြစ်ရင်မကောင်းဘူး"

ကျိုးကျွင်းလန် လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ သူ ဘာမှထပ်မပြောသော်လည်း သူ့ရင်ထဲရှိ ဒေါသများ သည်တော့ပိုလို့ပင် ကြီးထွားလာခဲ့သည်။

...

ခွင်းလန်ဓားသည် ထျန်းရွှမ်ဂိုဏ်းပေါ်တွင် တစ်ညလုံးပတ်နေခဲ့ပြီး တောင်ထိပ်တိုင်းမှာ ခွင်းလန်ဓား၏ဝမ်းနည်းဖွယ်အော်ဟစ်သံကို ကြားနိုင်သည်။

တစ်ညလုံးရှာဖွေပြီးနောက် ဓားကို အမည်မသိတပည့်တစ်ဦးမှ ရရှိသွားခဲ့သည်။ သူ ခွင်းလန်ဓားကို ရသွားသည့်အချိန် အခြေခံတည်ဆောက်ခြင်းအဆင့်မှ ရွှေအူတိုင်အဆင့်ကို ချက်ချင်းတက်လှမ်းသွားခဲ့သည်။

တစ်ညတာသည် ငြိမ်သက်သွားပုံရသော်လည်း ထျန်းရွှမ်ဂိုဏ်းသည်တော့ ပရမ်းပတာဖြစ်သွားခဲ့သည်ာ

တပည့်များစွာသည် ကျီချောင်ချင်၏ အတိတ်ကို စုံစမ်းဖို့စတင်ခဲ့ကြသည်။ ခွင်းလန်ဓားအပြင် တခြားမည်သည့်ရတနာများ သူမပိုင်ဆိုင်ထားသလဲဆိုတာ သူတို့ သိချင်ကြသည်။ ကျိုးကျွင်းလန်၏မင်္ဂလာပွဲကို တက်ရောက်ခဲ့ကြသော ဧည့်သည်မျသည်လည်း ချက်ချင်းပြန်ဖို့ မကြိုးစားခဲ့ကြပေ။ လူတိုင်းသည် အခြေအနေကိုစောင့်ကြည့်နေကြသည်။

မိုးလင်းခါနီးတွင် ကျီချောင်ချင် နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတုန်း ရုတ်တရက်ဆိုသလို ပြင်းထန်သောအင်အားတစ်ခုသည် သူ့အား ဝုန်းခနဲ တွန်းထုတ်လိုက်သည်ကို ခံစားလိုက်ရသည်။

သူ့ခန္ဓာကိုယ်သည် ကုတင်ပေါ်မှ လိမ့်ကျသွားပြီး သူ့လက်များမှာ လေထဲကို ကမန်းကတမ်း ဆုတ်ကိုင်လိုက်သည်။ သူ တစ်ခုခုကို ဆုပ်ကိုင်မိချိန် ထိုသည်ကိုအားပြုပြီး ကုတင်ပေါ် ပြန်တက်ရန်ကြိုးစားခဲ့သည်။

ထိုနောက် သူမတစ်စုံတစ်ယောက်၏ရင်ခွင်ထဲကို ဝုန်းခနဲ ဝင်တိုက်မိသွားသည်။

ကျီချောင်ချင် မျက်လုံးဖွင့်လိုက်ချိန် ဒေါသမီးများတောက်လောင်နေသော လှပသည့် မျက်၀န်းတစ်စုံဖြင့် အကြည့်ချင်းစုံသွားရသည်။

သူမ ထိုမျက်လုံးများကို ဇိမ်နှင့်မကြည့်ရသေးခင်မှာ ကျီချောင်ချင်သည် ကုတင်ပေါ်မှ ထပ်ပြီးကန်ချခံလိုက်ရပြန်သည်။ ဤတစ်ခါတော့ သူမတွင် ကိုင်စရာမည်သည့်အရာမှာ မရှိတော့သဖြင့် ကြမ်းပြင်ပေါ်ကိုသာ ပြင်းထန်စွာ လဲကျသွားခဲ့ရသည်။

ကျီချောင်ချင် မတ်တပ်ရပ်နိုင်ရန် ကမန်းကတန်း ကြိုးစားပြီး ရှန်ကျွင်းကို ကြည့်လိုက်လိုက်သည်။ သူ အလွန်နာကျင်နေသော်လည်း သူ့အား မကျေမနပ်ပြောဆဲပင်။

"အလှလေး... မဟုတ်သေးဘူး၊ သာ့ကော ရှင် ဘာလုပ်နေတာလဲ ? ဒါ ကျွန်မ ပိုင်နက်နော်၊ ဒီအိမ်က ကျွန်မအပိုင်၊ ဒီကုတင်ကလည်း ကျွန်မအပိုင်၊ ရှင်ကလွဲလို့ အားလုံး ကျွန်မအပိုင်လေ၊ ရှင် အရက်မူးနေတာမြင်လို့ အနားယူနိုင်လို့ရအောင် ကျွန်မ ခေါ်လာခဲ့တာ ဒါပေမဲ့ ရှင်က ကျေးဇူးကို ဒီလိုပြန်ဆပ်မယ်လို့မထင်ခဲ့ဘူး"

ထိုစကားများသည် အလိမ်အညာများသာဖြစ်သည်။ ကျီချောင်ချင်သည် ညတုန်က အလွန်နာကျင်လွန်းပြီး သတိ မေ့လုနီးပါး ဖြစ်ခဲ့သောကြောင့် သူမ ကုတင်ပေါ်လှဲချလိုက်ချိန် တစ်စုံတစ်ယောက် သူကုတင်အပေါ်မှာ ရှိနေခဲ့သည်ကို လုံးဝမေ့သွားခဲ့သည်။ ဒါကြောင့်ပဲ ဒီလို နားလည်မှုလွဲမှားမှု ဖြစ်လာခဲ့တာပေါ့၊ ဒါပေမဲ့ သူမရဲ့ ပုံရိပ်ကိုဂရုစိုက်လို့ သူမ အဖြစ်မှန်တစ်ခုလုံး ထုတ်ပြောပြမှာမဟုတ်ဘူး...

ရှန်ကျွင်း ရေခဲချိုးဖျက် ယပ်တောင်... ဟင့်အင်း... အခုဆိုရင် ရေခဲချိုးဖျက် ဓားလို့တောင်ခေါ်သင့်ပြီ၊ ထိုအရာကို တင်း တင်းဆုပ်ကိုင်ထားသည်။ သူ့ အနက်ရောင် အဝတ်အစားများသည် ဖရိုဖရဲဖြစ်နေပြီး ဆံပင်များသည်လည်း ရှုပ်ပွနေသည်။ သူ့ အေးစက်ခန့်ညားသောပုံရိပ်မှာ ယခုအခါ အနိုင်ကျင့်ခံရသောပုံစံမျိုး ဖြစ်နေခဲ့သည်။

သူသည် အချိန်အတော်ကြာအောင် အံ့တကြိတ်ကြိတ်လုပ်နေခဲ့သော်လည်း အဆုံးတွင် သူ့ကောင်းမွန်သောစရိုက်မှာ အနိုင် ရသွားခဲ့ပြီး စကားတစ်ခွန်းတည်းကိုသာ ပြန်ပြောနိုင်ခဲ့သည်။

"အရှက်မဲ့လိုက်တာ"

ထို့နောက် ရှန်ကျွင်းသည် ကုတင်ပေါ်မှဆင်းပြီး ထွက်သွားရန်ပြင်လိုက်သည်။

ထိုအရာကိုမြင်သောအခါ ကျီချောင်ချင်သည် သူ့ကို အမြန်ဆွဲထားလိုက်ရသည်။ သူ့ရဲ့ အဝတ်အစားတွေက ပွနေတာကို အခုနေအပြင်ထွက်လိုက်ရင် လူတွေက သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုဖြစ်ခဲ့တယ်လို့ နားလည်မှုလွဲသွားရင် သူ့ရဲ့ ဂုဏ်သတင်း ပျက်စီးသွားနိုင်တယ်...

သူ့မှာ မှတ်ဉာဏ်မရှိပေမဲ့ သူ့ရဲ့ အမူအကျင့်နဲ့ စည်းကမ်းရှိပုံတွေက အပြစ်ပြောစရာ မရှိဘူး၊ သူက ထင်ရှားတဲ့မိသားစုက သခင်လေးတစ်ယောက်ဖြစ်နိုင်တယ်၊ တချို့ဝေးကွာတဲ့ ဂိုဏ်းတွေမှာ စည်းမျဉ်းတွေကို အလေးထားကြတယ်မလား၊ ကျီချောင်ချင်ဆိုတာက နာမည်ဆိုးထွက်နေတဲ့ သေခါနီး လူတစ်ယောက်ပဲ၊ သူ ရှန်ကျွင်းမျက်နှာအား ပျော်ရွှင်မှုအတွက် ထိုင်ကြည့်ချင်ရုံတာဖြစ်ပြီး သူ့ဂုဏ်သတင်းကို ဖျက်ဆီးချင်စိတ်မရှိပေ။

ကျီချောင်ချင်သည် စေတနာဖြစ်လုပ်မိသော်လည်း ပြဲတော့မည့်အ၀တ်ပိုင်းကို မတော်တဆဆွဲလိုက်မိသော ကြောင့် ဖြိ ခနဲဆိုသော အသံနှင့်အတူ ရှန်ကျွင်းအဝတ်မှာပြဲသွားပြီး သူ့ကိုယ်အပေါ်ပိုင်းတစ်ခုလုံး သူမရှေ့တွင် ဗွင်းဗွင်းပေါ်သွားသည်။

သူ့ အသားအရေမှာ နှင်းများပမာ ဖွေးစွပ်နေပြီး သူ့ တောင့် တင်းသောကြွက်သားများကို ထင်ရှားစွာမြင်ရကာ သူ့ ခွန်အားကိုမူပြသနေသည်။

ရှန်ကျွင်း အေးခဲသွားသည်။ ကျီချောင်ချင် အရှက်မရှိတဲ့ လူယုတ်မာတစ်ယောက်ဖြစ်မယ်လို့ သူဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။ သူ ချက်ချင်းတဖက်သို့လှည့်လိုက်ပြီး သူ့ နောက်ကျောမှာမှု အနည်းငယ်တုန်ရီနေသည်။

ကျီချောင်ချင်လည်း အံ့အားသင့်သွားခဲ့သည်။ သူ သတိပြန်ဝင်လာသည့်အခါ သူ့လက်ထဲရှိ အဝတ်စုတ်ကိုကြည့်ပြီး အို့တိုးအမ်းတန်းဖြင့်မေးလိုက်သည်။

"ကျွန်မတို့ အဝတ်လဲကြမလား"

ရှန်ကျွင်းသည် သူ မည်မျှရှက်စရာကောင်းနေသည်ကို သိသွားပုံရပြီး အေးစက်စွာပြောလိုက်သည်။

"ထွက်သွား"

ကျီချောင်ချင် နှာခေါင်းကိုပွတ်လိုက်ပြီး ရှန်ကျွင်းတွင် လုံလောက်သော ထိန်းချုပ်နိုင်စွမ်းရှိသောကြောင့် သူမစိတ်သက်သာရာရမိသွားသည်။ အကယ်၍ သူ့နေရာတွင် သူမ သာဆို မည်သည့်အကြောင်းပြချက်ကြောင့်ဖြစ်စေ ဒေါသကို ပြေပျောက်ရန် သူ့ကို အရင်ရိုက်နှက်မည်ဖြစ် သည်။

ယခင်ကလို အစွမ်းထက်သည့်ကျင့်ကြံဆင့်မရှိတော့သော မသန်စွမ်း ကျီချောင်ချင်သည် အဝတ်စုတ်ကို သူမ ဘေးရှိ စားပွဲပေါ်တင်လိုက်ပြီး ဉာဏ်ရှိရှိနှင့် အခန်းထဲမှ ထွက်လာခဲ့သည်။

"‌ဗီဒို တတိယအဆင့်ပေါ်က အဝတ်အစားတွေကသန့်တယ်၊ ယောက်ျားလေး အဝတ်အစားတွေပဲ"

ကျီချောင်ချင် မရယ်ဘဲမနေနိုင်ခဲ့ချေ။ အေးစက်ပြီးခန့် ညားသော နတ်ဘုရားတစ်ပါးတောင် အခုလိုရှက်စရာကောင်းတဲ့ အခြေအနေဖြစ်နိုင်တာပဲ...

"စန်းရှစ်မေ့က စိတ်ထားကောင်းလိုက်တာ၊ လွန်ခဲ့တဲ့ဆယ်နှစ်က ပေးထားတဲ့ကတိကိုမေ့ပေမဲ့ သူ့ရဲ့ ချစ်သူအသစ်အတွက် အဝတ်အစားရှာပေးဖို့တော့ သတိရနေသေးတယ်"

ကျီချောင်ချင် ရပ်တန့်သွားသည်။ သူ လှည့်ကြည့်လိုက်ချိန် လင်ရှန်းရှန်းသည် တံခါးအ၀င်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။

လင်ရှန်းရှန်းသည် ဖျော့တော့သော အဝါရောင်ဝတ်စုံဖြစ်သည့် အိမ်ထောင်သည် အမျိုးသမီးဝတ်စုံကိုဝတ်ထားကာ သူမ၏ပုံမှန်သနားစရာကောင်းသော ပုံစံလေးမှာ ပျောက်ကွယ်သွားပြီး နူးညံ့သိမ်မွေ့သောအမူအရာများ အစားထိုးထားသည်။

သူလည်း လွန်ခဲ့တဲ့ ဆယ်နှစ်လုံးလုံးကောင်းကောင်းနေထိုင်ခဲ့တဲ့ပုံပဲ...

ကျီချောင်ချင် အပြုံးသည် အနည်းငယ် မှေးမှိန်သွားပြီး လင်ရှန်းရှန်းမျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်။

မနက်ခင်းဖြစ်နေသောကြောင့် ကောင်းကင်သည် လင်းထင်းနေပြီး နေရောင်မှာ တောက်ပနေပြီဖြစ်သည်။

ကျီချောင်ချင်သည် ကုလားထိုင်ပေါ် ပျင်းရိစွာ မှီချလိုက်ပြီး သူ့ ခေါင်းကို မှီချလိုက်သည်။ သူ့မျက်နှာသည် နေရောင်ခြည်နှင့် ခပ်ဖွဖွထိတွေ့နေချိန် သူမ မျက်လုံးများကို မှေးစင်းလိုက် ကာ သူမ စိတ်ကောင်း၀င်နေပုံပေါက်သည်။

ထိုနောက် သူမ ပျင်းရိစွာပြောလိုက်သည်။

"လင်ရှန်းရှန်း... ထျန်းရွှမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကတော်အနေနဲ့ နင် ဘာအစားအစာမှတောင် ယူမလာခဲ့ဘူးလား၊ ငါက အခု မသန်စွမ်းတစ်ယောက် ဖြစ်နေပြီ၊ ငါ အစာမစားရင် သေသွားလိမ့်မယ်"

All Chapters