အခန်း (၁၂)
Vol. 2 Ch. 12
လင်ရှန်းရှန်းက ကျီချောင်ချင်စကားကို လျစ်လျူရှုလိုက်ပြီး သူမသည် နူးညံ့ပုံဟန်ဆောင်ရန် စိတ်မဝင်စားတော့ချေ။
"ငါတို အဲဒီတုန်းက လောင်းကြေးထပ်ခဲ့ကြတာလေ၊ ဂိုဏ်းက နင့်ကို ငါ့အတွက် စွန့်လွှတ်လိမ့်မယ်လိုလောင်းခဲ့တာ၊ နင် လွန်ခဲ့တဲ့ဆယ်နှစ်ကတည်းက ရှုးခဲ့ပြီးသားပဲ၊ ဘာလို ပြန်လာတာလဲ ?"
ကျီချောင်ချင် အသံမှာ ပျင်းရိဟန်များ ရောထွေးနေသည်။
"ဟုတ်တယ်၊ ငါ ရှုးခဲ့တယ်၊ ငါ ပြန်လာတာက တစ်ခုခုပြန် ယူဖိုသက်သက်ပဲ၊ ငါယူပြီးရင် ထျန်းရွှမ်ဂိုဏ်းနဲ့အဆက် အသွယ်ဖြတ်ပြီး နောက်ထပ် ဘယ်တော့မှပြန်မလာတော့ဘူး၊ နင်ဘယ်လိုထင်လဲ?"
လင်ရှန်းရှန်း မျက်နှာသည် ဘ၀င်ခိုက်နေဟန်ဖြင့်
"ဆင်ခြေတွေ လာပေးမနေနဲ့၊ နင် မကျေမနပ်ဖြစ်နေတာ၊ ငါ့ကို မနာလိုဖြစ်နေတာပဲ၊ ပြီးတော့ နင်နဲ့ထိုက်တန်တဲ့အရာကို ပြန်ယူဖိုပြန်လာချင်နေတာပဲ"
ကျီချောင်ချင်သည် လင်ရှန်းရှန်း နားလည်မှုလွဲသွားသည်ကို သိသောကြောင့် သူ့ခေါင်းကို လင်ရှန်းရှန်းဘက်ကို စောင်းငှဲလိုက်သည်။
"နင် နားလည်မှုလွဲနေပြီပဲ၊ နင် ဂရုစိုက်တဲ့ အရာတွေကို ငါဘယ်တော့မှ မလိုချင်ခဲ့ဘူး၊ ငါ ကျိုးကျွန်းလန်ကို ဂရုမစိုက်ဘူး၊ ဂိုဏ်းချုပ်ကတော်ရဲ့ရာထူးကိုလည်း ဂရုမစိုက်ဘူး၊ ထျန်းရွှမ်ဂိုဏ်းကို ပိုလိုတောင်ဂရုမစိုက်ဘူး၊ ငါသာလိုချင်ခဲ့ရင် လွန်ခဲ့တဲ့နှစ်တစ်ရာကတည်းက ဂိုဏ်းချုပ်ရာထူးကိုယူခဲ့ပြီး ဖြောင့်မတ်တဲ့လမ်းစဉ်ရဲ့ ခေါင်းဆောင်တောင်ဖြစ်ခဲ့မှာ၊ လင်ရှန်းရှန်း... နင် ငါ့ကို နှစ်ပေါင်းများစွာ ပြိုင်ဘက်တစ်ယောက်လို သတ်မှတ်ခဲ့တာ ငါ ဘာလိုချင်တယ်ဆိုတာကိုတောင် ခုထိ ဘာလိုမသိရတာလဲ"
လင်ရှန်းရှန်း မျက်လုံးထဲတွင် အေးစက်သောအလင်းများ လက်ခနဲဖြစ်သွားသည်။
"ကျီချောင်ချင်... နင် ဘာတွေပြောနေလဲ ငါ နားမလည်ဘူး၊ ငါ နင့်ကိုပြောလိုက်မယ်၊ ထျန်းရွှမ်ဂိုဏ်းဆိုတာ နင်ကြိုက်သလို လာချင်လာ သွားချင်သွားလုပ်လိုရတဲ့ နေရာမဟုတ်ဘူး"
ကျီချောင်ချင် ရယ်လိုက်သည်။
"ငါ ကြိုက်သလို ထွက်သွားလိုရတယ်၊ အဲ့တော့ နင်က ဘာလုပ်နိုင်မှာလဲ မင်းသမီးလေးရဲ့"
လင်ရှန်းရှန်း မျက်နှာအမူအရာ အနည်းငယ်ပြောင်းလဲသွားပြီး သူမ ချက်ချင်းထရပ်လိုက်သည်။
ကျီချောင်ချင် "အဲ့ဒီတုန်းက ငါ နတ်ဆိုးမျိူးနွယ်၊ သရဲမျိုးနွယ်နဲ့ စုန်းမျိုးနွယ်တွေကို တံဆိပ်ခတ်တုန်းက သရဲမျိုးနွယ်စုရဲ့ သခင်က သူ့ရဲ့ကျင့်ကြံမှုအားလုံးကို အကုန် အကျခံပြီး နင့်ကို သရဲဘုံကနေ ထွက်ခွာခွင့်ပေးခဲ့တာ၊ ငါ အဲ့ဒီတုန်းက နင့်ကို ကိုင်တွယ်ဖိုအချိန်မရခဲ့ဘူး၊ ဒါကြောင့် လွတ်မြောက်ခွင့်ပေးလိုက်တာ၊ အခု နင် ငါ့ရှေ့မှာပေါ်လာဖို သတ္တိရှိလိမ့်မယ်လို မမျှော်လင့်ခဲ့ဘူး"
လင်ရှန်းရှန်း လှောင်ပြောင်လိုက်သည်။
"ကျီချောင်ချင်! ငါ သရဲမျိုးနွယ်စုကဆိုတာ သိရင်ကော ဘာဖြစ်လဲ ? လွန်ခဲ့တဲ့ ဆယ်နှစ်ထဲက ဘယ်သူမှ နင့်ကိုမယုံတော့ဘူး၊ အခုလို ဆယ်နှစ်ကြာပြီးတော့ ပိုဆိုးပေါ့"
ကျီချောင်ချင်သည် လင်ရှန်းရှန်း၏ လှပသော မျက်နှာလေးကို သဘောတကျကြည့်နေခဲ့သည်။ လင်ရှန်းရှန်း ဟန်ဆောင်မှုများကို ဖယ်ရှားလိုက်သည့်အခါ တော်တော်လေးလှသည်ဆိုတာ သူ ဝန်ခံရလိမ့်မည်။
"နင် မူလဝိဉာဉ်အဆင့်ကို ရောက်တော့မှာမလား? ကောင်း ကင်ဘုံလမ်းစဉ်က သရဲမျိုးနွယ်စုအတွက် အတိဒုက္ခမိုးကြိုးကို အထူးပြင်ဆင်ထားတယ်၊ နင် ခံနိုင်ရည်ရှိပါ့မလား?"
တစ်ချိန်တည်းမှာပင် ရှန်ကျွင်းသည် တံခါးကိုတွန်းဖွင့်လိုက်သည်။ သူသာ် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ မြင့်မြတ်ပြီး ခန့်ညားထည်ဝါသော အသွင်အပြင်မှာ အရှိန်အဝါတစ်ခုရှိနေသလို ငေးမ၀ဖြစ်စေသည်။
သူ့လက်ထဲတွင် ရေခဲချိုးဖျက်ဓားကိုကိုင်ထားပြီး ဓားထိပ်သည် လင်ရှန်းရှန်းကို ချိန်ရွယ်ထားသည်။ သူ့အသံမှာ အေးစက်လျက်
"မင်း လူငါးဆယ့်ရှစ်ယောက်ကို သတ်ခဲ့ပြီးပြီ၊ မင်းရဲ့ အပြစ်တွေက ကြီးမားလွန်းတော့ သေသင့်တယ်"
ကျီချောင်ချင်က လှောင်ပြောင်လိုက်သည်။
"ကောင်းကင်ဘုံက တရားမျှတတယ်လေ၊ ငါ့ကို ယုံကြည်ဖိုဆန္ဒရှိတဲ့ လူတွေ ရှိနေတုန်းပဲ"
လင်ရှန်းရှန်းသည် ရှန်ကျွင်းမိုးကြိုးမုန်တိုငါးပမာပြင်း ထန်သော သတ်ဖြတ်ခြင်းအရှိန်အဝါ ဝင်ရောက်လာသည်ကို မြင်သည့်အချိန် ကမန်းကတမ်းရှောင်တိမ်းလိုက်ပြီး အော်ပြောလာသည်။
"ကျီချောင်ချင်! နင် ငါ့ကိုသတ်ဖို့ လူလွှတ်လိုက်တယ်ဟုတ်လား"
ကျီချောင်ချင်သည် ပါးပေါ် လက်ထောက်လျက် အပြစ်ကင်းစင်ဟန်ဖြင့် ပြန်ပြောလိုက်သည်။
"ငါနဲ့ ဘာဆိုင်လို့လဲ"
ရှန်ကျွင်းသည် လင်ရှန်းရှန်း ညှို့ဓာတ်ကို လျစ်လျူရှုပြီး သူ့သတ်ဖြတ်ရန် ကြိုးစားသည့် ပထမဆုံးအမျိုးသားဖြစ် သည်။
ရှန်ကျွင်းမှာ မတုန်လှုပ်ခဲ့ပေ။ ကျီချောင်ချင်ကလည်း ဘေးတွင်သာ ရပ်ကြည့်နေသည်။ လင်ရှန်းရှန်း အံ့ကိုတင်းတင်းကြိတ်လိုက်ပြီး သူ့ ချန်ခွန်းအိတ်ထဲမှ ခရာတစ်ခုကိုထုတ်ကာ မှုတ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် လေထုထဲတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ သိပ်သည်းလာသည်။
ကျီချောင်ချင် မျက်မှောင်အနည်းငယ်ကြုတ်သွားမိပြီး မတ်တပ်ထရပ်လိုက်သည်။
"ကျိုးကျွင်းလန်က နင့်ကို ဝိဉာဉ်ခရာ ပေးထားလိမ့်မယ်လို့ ငါမထင်ထားဘူး"
လွန်ခဲ့သောနှစ်တစ်ရာက ကျိုးကျွင်းလန်သည် အလွန်အား နည်းပြီး နတ်ဆိုးများနှင့် သရဲများ၏ဖမ်းဆီးခြင်းကို မကြာ ခဏ ခံခဲ့ရသည်။ ကျီချောင်ချင်သည် သူ့ကို အချိန်တိုင်း မကာကွယ်ပေးနိုင်သောကြောင့် ဝိဉာဉ်စွမ်းအင် အတက် အကျဖြစ်စေနိုင်သော ဝိဉာဉ်ခရာအားလေထဲမှ ဝိဉာဉ်စွမ်းအင်များစုပ်ယူပြီး သက်ရှိအားလုံးကို သတ်ဖြတ်နိုင်အောင် ရက်အနည်းငယ်ကြာ လေ့လာမွမ်းမံပြီး ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။
ဝိဉာဉ်ခရာကို ကျီချောင်ချင် ဖန်တီးခဲ့ခြင်းဖြစ်သော ကြောင့် ထိုအရာ၏စွမ်းရည်ကို သူမ ကောင်းစွာနားလည်သည်။ သူမ ချက်ချင်းပင် အော်ဟစ်လိုက်သည်။
"ရှန်ကျွင်း! အဲ့ဒီပစ္စည်းက ဝိဉာဉ်စွမ်းအင်တွေကို စုပ်ယူပြီး သတ်ဖြတ်နိုင်တယ်၊ မြန်မြန်ပြန်လာခဲ့!"
ဤအချိန်တွင် လေထဲတွင် ပုံပျက်လာသော ဝိဉာဉ်စွမ်းအင်များသည် စီးဆင်းလာပြီး ရှန်ကျွင်းကို ဝိုင်းရံပိတ်ဆို့လိုက်သည်။
ကျီချောင်ချင် စကားကို ကြားသည်နှင့် ရှန်ကျွင်းလည်း ရေခဲချိုးဖျက်ဓားကိုဝှေ့ယမ်းလိုက်ပြီး သူ့ကိုပတ်ဆို့လာသော ဝိဉာဉ်စွမ်းအင်များကို ချိုးဖျက်ကာ လင်ရှန်းရှန်းထံသို့ ပြင်း ပြင်းထန်ထန် ထိုးစိုက်လိုက်သည်။
လင်ရှန်းရှန်း လန့်ဖျပ်ပြီး ထအော်သည်။ သူ သေရတော့မည်ဟု ထင်မိချိန်မှာပင် လူတစ်ယောက်သည် ပျံသန်းဝင်ရောက် လာပြီး ၎င်းဝိဉာဉ်စွမ်းအင်များ အကုန်သုံးကာရေခဲချိုးဖျက်ဓားကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်ကို တွေ့လိုက်ရသည်။
ချက်ချင်းဆိုသလိုပင် ပြင်းထန်သော လေပြင်းများတိုက် ခတ်လာပြီး သဲများအပြင် သစ်ပင်များပင် လွင့်စင်လာကာ လူတိုင်း၏ အဝတ်အစားများလည်း လေနှင့်အတူလွင့်ပါကုန်သည်။ လေထုမှာ အေးခဲသွားသလို အသက်ရှူပင်ခက်လာစေသည်။
လင်ရှန်းရှန်း မော့ကြည့်လိုက်သောအခါ သူမကို ကာကွယ်လိုက်သူမှာ ကျိုးကျွင်းလန်ဖြစ်ပြီး သူ့နောက်တွင် ဂိုဏ်းအကြီးအကဲများစွာပါလာသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့သည် တစ်ခုခုမှားယွင်းနေသည်ကို အာရုံခံမိပြီး ချက် ချင်းပြေးလာကြပုံရသည်။
သူ့ မျက်လုံးထဲတွင် မျက်ရည်များပြည့်လာပြီး တုန်ယင်စွာ ပြောလိုက်သည်။
"ကျွင်းလန်.. သူတို့ကို ဆက်မတိုက်ပါနဲ့တော့! သူတို့ ရည် ရွယ်ချက်ရှိရှိလုပ်တာ မဟုတ်ပါဘူး! ကျွန်မ အဆင်ပြေပါတယ်"
ထိုသည်ကိုကြားသောအခါ ကျိုးကျွင်းလန် လှည့်ပြောလိုက်သည်။
"မကြောက်နဲ့ ရှန်းရှန်း.. ကိုယ် မင်းကို သေချာပေါက် ကာကွယ်ပေးမယ်"
ဘယ်လိုတောင် အရမ်းချစ်နေကြတဲ့စုံတွဲလဲ...
ရေခဲချိုးဖျက်ဓားမှ ကျိုးကျွင်းလန်အားထိုးစိုက်ခါနီးအချိန်မှာပင် ရှန်ကျွင်းသည် လက်ကိုဝှေ့ယမ်းလိုက်ပြီး ဓားကို ပြန်သိမ်းလိုက်သည်။
သူ နားမလည်နိုင်စွာ မေးလိုက်သည်။
"မင်းက ဖြောင့်မတ်တဲ့လမ်းစဥ်သူတစ်ယောက်ပဲကို၊ ဘာလို့ ငါ့ကို တားပြန်တာလဲ ?"
ကျိုးကျွင်းလန် လင်ရှန်းရှန်းကို တွဲထူပေးရင်း ဝမ်းနည်းစွာပြောလိုက်သည်။
"ကျီချောင်ချင်.. လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက မင်းက ငါ့အတွက်နဲ့ ရှန်းရှန်းကိုသတ်ချင်ခဲ့တာ၊ အခုထိတောင် လက် မလျှော့သေးဘူးပဲ၊ မင်းရဲ့ ဝိဉာဉ်စွမ်းအားတွေ ဆုံးရှုံးသွားတော့ သူမကိုသတ်ဖို့ လူရှာလာတယ်ပေါ့ ဟုတ်လား! အခုထွက်သွားလိုက်တော့"
ပွဲကြည့်နေသော ကျီချောင်ချင်မှာ ပြောစရာစကားမဲ့သွားသည်။ ဒီကိစ္စက ဘယ်လိုလုပ် သူနဲ့ ပတ်သက်သွားရတာလဲ ?
ကျီချောင်ချင် ပခုံးတွန့်လိုက်ပြီး အပြစ်ကင်းစင်ဟန်ဖြင့် ပြောလိုက်သည်။
"သူက လင်ရှန်းရှန်းကို သရဲမျိုးနွယ်လို့ပြောနေတာ.. ငါနဲ့ ဘာမှမဆိုင်ဘူး"
လင်ရှန်းရှန်းသည် ကျိုးကျွင်းလန် ရင်ခွင်ထဲတွင် အားမရှိသလိုမှီလိုက်ကာ မျက်လုံးထဲတွင် မျက်ရည်များ အိုင်နေသော်လည်း သန်မာဟန်ဆောင်လိုက်သည်။
"ရပါတယ်.. စန်းရှစ်မေ့ရဲ့ မိတ်ဆွေက ကျွန်မကို အထင်လွဲသွားတာဖြစ်မှာပါ၊ အထင်လွဲတာတွေက မကြာခင် ရှင်းသွားမှာပါ"
ကျိုးကျွင်းလန်သည် လင်ရှန်းရှန်း၏သဘောထားကြီးပုံကြောင့် ပိုလို့ဒေါသထွက်လာသည်။ သူ လုံးဝနားမလည်နိုင်ဘူး... လင်ရှန်းရှန်းက အရမ်းစိတ်ထားကောင်းနေလို့ပဲ အနိုင်ကျင့်ခံနေရတာလား ?
"မရဘူး၊ မင်းအတွက် တရားမျှတမှု ရအောင် ကိုယ်လုပ်ပေးရမယ်"