← Chapters

အခန်း (၁၃)

Vol. 2 Ch. 13

အခန်း (၁၃)

Vol. 2 Ch. 13

တခြားအကြီးအကဲများကလည်း ဝင်ပြောကြပြီး ဂိုဏ်း ချုပ်ဇနီးသည် အနိုင်ကျင့်ခံရတာကို လုံးဝခွင့်မလွှတ်နိုင်ကြောင်း ပြောလာကြသည်။

လူများကို ကြိုးကိုင်ခြယ်လှယ်နိုင်သော လင်ရှန်းရှန်း၏ စွမ်းရည်မှာ ထူးခြားလွန်းလှသည်ဟုဆိုရပေမည်။ ဥပမာဆိုလျှင် ကျီချောင်ချင်သည် ဂိုဏ်းချုပ်ကျိုးကျွင်းလန်ကို ပြိုင်ပွဲတွင်အနိုင်ယူခဲ့စဉ်က လင်ရှန်းရှန်းသည် သူ့ကို တစ်ညလုံး နှစ်သိမ့်ပေးပြီး ဂရုစိုက်ခဲ့သည်။ ကျီချောင်ချင်က အကြီးအကဲတစ်ယောက်အနေဖြင့် တပည့်များကို လေ့ကျင့်ပေးနေစဉ် လင်ရှန်းရှန်းသည် ကုသဆေးများကို တိတ်တဆိတ်သွားပို့ပေးပြီး တပည့်များကိုကူညီပေးခဲ့သည်။

ကျီချောင်ချင်က တပည့်များကို အစာရှောင်ခြင်းကျင့်စဉ် လေ့ကျင့်ပေးနေစဉ် လင်ရှန်းရှန်းက သူတို့ကို အစားအ သောက်များကိုကြင်နာစွာပေးခဲ့သဖြင့် သူမကို လေးစားသော တပည့်များစွာတိုးလာသည်။ တပည့်တစ်ယောက်သည် အမှားလုပ်သဖြင့် ကျီချောင်ချင် ဆူပူသောအခါ လင်ရှန်းရှန်းက ဘေးမှ တိတ်တဆိတ်နှိပ်သိမ့်ပေးခဲ့သည်။

ထိုသည်မက လင်ရှန်းရှန်းသည် တပည့်များစွာကိုလာဘ် ထိုးပြီး ကျီချောင်ချင်အကြောင်း ကောလဟလများ ဖြန့်ခိုင်းခဲ့သေးသည်။

ဤကောလဟလများကို ကြားရချိန်တွင် ကျီချောင်ချင်သည် အမှန်တရားဆိုတာ တစ်ချိန်ပေါ်လာလိမ့်မည်ဟု ယုံကြည်ပြီး ရှင်းပြရန်စိတ်မဝင်စားခဲ့ပေ။ သို့သော်ကောလဟလများမှာ မယုံနိုင်လောက်အောင် လျင်မြန်စွာပြန့်နှံ့သွားပြီး လူအများစုက ထိုသည်ကိုယုံကြည်သွားကြသည်။

ဤကဲ့သို့ သိမ်မွေ့နူးညံ့ပြီး ကြင်နာတတ်သော အမျိုးသမီးနှင့် လှပသော်လည်း မာနပြတက်သော ကျီချောင်ချင်ကို ယှဉ်လိုက်သည့်အခါ လင်ရှန်းရှန်းသည် ဂိုဏ်း၏စံပြအမျိုး သမီးဖြစ်လာခဲ့သည်။

သရဲမျိုးနွယ်စု၏မင်းသမီးသည် အမုန်းတရားများကို လျစ် လျူရှုပြီး ဂိုဏ်းချုပ်၏ဇနီးသည်အဖြစ် လိုလိုလားလားခံယူကာ ကြင်နာသောပုံရိပ်တစ်ခုကို တည်ဆောက်ရန် ကြံစည်နေသည်ကို ကျီချောင်ချင် ဘယ်တော့မှနားလည်နိုင်မည်မထင်ပေ။

အကယ်၍သာ ကျီချောင်ချင်ဖြစ်ခဲ့လျှင် သူမသည် ထျန်းရွှမ်ဂိုဏ်းကိုရောက်သည့် ပထမဆုံးနေ့မှာပင် ဂိုဏ်းတစ်ခုလုံးကို မီးရှို့ပစ်လောက်သည်။

ဂိုဏ်းကိုမီးရှို့ပစ်ရုံတင်မက တရားခံရှေ့မှာပင် ထျန်းရွှမ်ဂိုဏ်းအတွင်းအပြင်ရှိ လူအားလုံးကို သတ်ဖြတ်ပစ်မည် ဖြစ်သည်။ အဆုံးတွင် အလောင်းများနှင့် ဝိဉာဉ်များကို သန့်စင်ပစ်ပြီး ထျန်းရွှမ်ဂိုဏ်း၏ဝိဉာဉ်သွေးကြောများကို ဖျက်ဆီးကာ လူသူမရှိသော တောကန္တာရအဖြစ် ပြောင်းလဲပစ်လိုက်မည်သာ။

ကျိုးကျွင်းလန်က ကျီချောင်ချင် ဘာတွေတွေးနေလဲဆိုတာ မသိချေ။ သို့မဟုတ်ပါက သူ့အားဂိုဏ်းကနေ ထုတ်ပယ်လိုက်မည်မှာ သေချာသည်။

ကျိုးကျွင်းလန် အေးစက်စွာပြောလိုက်သည်။

"ကျင့်ကြံသူရောင်းရင်း.. ဒီနေ့ ခင်ဗျား ကျုပ်တို့ကို ရှင်းပြ ချက်တစ်ခု ပေးရလိမ့်မယ်... မဟုတ်ရင် ခင်ဗျား အသက်နဲ့ ပြန်ပေးဆပ်ရမယ်"

ရှန်ကျွင်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီးအေးစက်သောလေသံဖြင့် ပြောသည်။

"မနေ့က ခင်ဗျားတို့ကို မထိခိုက်စေချင်လို့ ကျုပ် သူမကို ခဏလွှတ်ပေးလိုက်တာ၊ ဖြောင့်မတ်တဲ့ ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ခင်ဗျားက ဘယ်လိုလုပ် မကောင်းမှုတွေကို အားပေးအားမြှောက်လုပ်နေရတာလဲ?"

ဤသို့အဓိပ္ပာယ်မရှိသော စကားများကို ကြားလိုက်ရချိန် ကျိုးကျွင်းလန်သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ခင်ဗျား ပေါက်ကရတွေ ပြောနေတာပဲ! ကျုပ်တို့ကို လွှတ် ပေးလိုက်တာ ဟုတ်လား? ဒါဆို ခင်ဗျားရဲ့ အစွမ်းအစကို ပြစမ်းပါ! တိုက်ခိုက်ဖို့နေရာယူကြ!"

ရှန်ကျွင်း မလှုပ်မယှက်ဘဲ မျက်နှာက ခံစားချက်မဲ့နေဆဲ ဖြစ်သော်လည်း သူ့မျက်လုံးထဲတွင်တော့ ဝေခွဲမရဖြစ်မှုများ ပေါ်လာသည်။

တစ်ဖက်က သတ်ဖြတ်ရေး တိုက်ခိုက်ကွက်များပြင်ဆင်ပြီးနေပြီဖြစ်သော်လည်း ရှန်ကျွင်းက လှုပ်ရှားခြင်းမရှိသည်ကို မြင်သောအခါ ကျီချောင်ချင် သူ့ဘေးနားကို အမြန်သွားလိုက်သည်။

"ရှင် ဘာလုပ်နေတာလဲ၊ လှုပ်ရှားတော့လေ သာ့ကောရဲ့"

ပွဲကစနေပြီ..? တစ်ဖက်က ဇာတ်လိုက်က စင်ပေါ်တက်နေပြီကို ဘာလို့ သူက မလှုပ်တာလဲ...

ထိုသည်ကိုကြားချိန် ရှန်ကျွင်းက ခေါင်းကို ညင်သာစွာ ခါလိုက်သည်။

"သူတို့မှာ ကံကြမ္မာဆိုးမရှိဘူး.. ငါတို့ သူတို့ကို တိုက်ခိုက်လို့မရဘူး"

ကျီချောင်ချင်: "?"

ဒီစည်းကမ်းက ဘယ်ကရောက်လာတာလဲ? မတိုက်ခိုက်ဘူးဆိုတော့ သေမှာကို ထိုင်စောင့်နေတာလား?

သူမ ခဏလောက် စကားမပြောနိုင်ဖြစ်သွားရသည်။ ရှန်ကျွင်း၏ဦးနှောက်မှာ ပြဿနာရှိနေသည်ဟု သူမ ထင်လိုက်သော်လည်း ရန်သူ၏ ရန်သူမှာ မိတ်ဆွေပင်၊ သူ့အတွက် ကောင်းသောစကား တစ်ခွန်းလောက် ဝင်ပြောပေးရန် သူ ဝန်မလေးခဲ့ပေ။ ပထမအချက်မှာ သူ့ကို ကူညီရာရောက်ပြီး ဒုတိယအချက်သည်တော့ သူမကို အန္တရာယ် ကင်းသော ပုံရိပ်တစ်ခုဖန်တီးရာတွင် အထောက်အကူ ဖြစ်စေရန်ဖြစ်သည်။

"ရှန်ကျွင်းက ငါ့ရဲ့ဧည့်သည်ပဲ၊ လင်ရှန်းရှန်းရဲ့ကိစ္စနဲ့ပတ် သက်ပြီး အထင်လွဲမှုတွေ ရှိနေတာ၊ ကျွန်မရှင်တို့ကို ရှင်းပြပါ့မယ်"

"ရှင်းပြချက်ဟုတ်လား? တတိယ အကြီးအကဲ.. သူ ဂိုဏ်း ချုပ်ကတော်ကို နှစ်ကြိမ်တိုင်တိုင်သတ်ဖို့ကြိုးစားတာ ကျုပ်တို့ မြင်ပြီးသားဆလ၊ ဘာလို့ သူ့ကို ကာကွယ်ပေးနေတာလဲ?"

"ဟုတ်တယ်! ဒီနေ့ သူ့ကို ဂိုဏ်းကနေ ဘယ်တော့မှ ပေးမထွက်ဘူး"

"သူသာ ဒီနေ့ လွတ်သွားရင် နောင်ကျရင် လူတိုင်းက ဂိုဏ်း ချုပ်ကတော်ကို အနိုင်ကျင့်ကြတော့မှာပေါ့၊ တတိယ အကြီးအကဲ.. အလိမ်မခံပါနဲ့!"

မနေ့ညက အဖြစ်အပျက်များပြီးနောက် ကျီချောင်ချင်အပေါ်ထားသည့် ဤလူများသဘောထားမှာ သိသိသာသာ တိုးတက်လာခဲ့သည်။

ကျီချောင်ချင်မျက်လုံးထဲတွင် ကောက်ကျစ်သည့် အရိပ် အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

"အားလုံးပဲ စိတ်ချကြပါ၊ သူ တကယ်ပဲ အမှားလုပ်ခဲ့တယ်ဆိုရင် ကျမ သူ့အစား အပြစ်ဒဏ်ကို မျှဝေခံယူပါ့မယ်.. ဘယ်လိုလဲ?"

ကျီချောင်ချင် ဤမျှအထိ‌ပြောလာသဖြင့် ထပ်စစ်ဆေးနေလျှင် သူမနှင့် ရင်းနှီးသောဆက်ဆံရေး တည်ဆောက်ချင်သည့် မူလရည်ရွယ်ချက်နှင့် ဆန့်ကျင်ပြီး သဘောထား ကြီးရာမရောက်သလို ဖြစ်နေလိမ့်မည်။

သို့သော် ကျိုးကျွင်းလန်ကတော့ ပိုလို့တောင် ဒေါသထွက်လာသည်။ ကျီချောင်ချင်က ဒီလူနှင့် ဘာပတ်သက်မှုရှိလို့လဲ ? ဘာလို့ သူ့ကို ဒီလောက်ထိ ကာကွယ်ပေးနေရတာလဲ!

ထိုအချိန်မှာပင် ရှန်ကျွင်း အသံမှာ ရေခဲပမာအေးစက်စွာ ထပ်ပြောလိုက်သည်။

"ဒါ ကျုပ်ကိစ္စပါ၊ ကျုပ်တို့က မတော်တဆ တွေ့ဆုံခဲ့ရုံပါ.. ခင်ဗျား ဝင်ပါစရာ မလိုပါဘူး"

ကျီချောင်ချင်: "..."

သူ့ကိစ္စက တကယ် ကျီချောင်ချင်နှင့် မဆိုင်ပေ။ ရှန်ကျွင်းက အစကတည်းက လင်ရှန်းရှန်းကို ရှင်းပစ်ရန်လုပ်နေခြင်းဖြစ်သည်။ သူ့အတွက်တော့ ကျီချောင်ချင်ဆိုသည်မှာ မတော်တဆ ကယ်လိုက်မိသည့် အသက်တစ်ချောင်းသာဖြစ်ပြီး လင်ရှန်းရှန်းသည်တော့ သူ့ နောက်ထပ်ပစ်မှတ်ဖြစ်သည်။

လင်ရှန်းရှန်းကို ဖြေရှင်းရာတွင် သူပေးဆပ်ရမည့် တန်ကြေးမှာ ကျီချောင်ချင်နှင့် မဆိုင်ပေ။ အဘယ့်ကြောင့်ဆို သူ့ကိစ္စဖြစ်သောကြောင့်ပင်။

ကျီချောင်ချင် ထိုအရာအားလုံးကို သိပေသည်။ ရှန်ကျွင်းက သူမကို လက်စားချေပေးရန် လင်ရှန်းရှန်းကို သတ်ချင်သည်ဟု ယုံကြည်လောက်အောင် သူမ ကိုယ့်ကိုယ်ကိုယ် အထင်မကြီးပေ။ သူမတွင်လည်း ကိုယ်ပိုင်ရည်ရွယ်ချက်များရှိရုံသာ ဖြစ်သည်။

"ကျွန်မ သိပါတယ်"

ကျီချောင်ချင်သည် စိတ်တိုတိုဖြင့် ပြောလိုက်သည်။

"ရှင့်ကို ကယ်တာက ကျွန်မကိစ္စ၊ ရှင်နဲ့ ဘာမှမဆိုင်ဘူး!"

ရှန်ကျွင်း ကျီချောင်ချင်ကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲတွင် နားမလည်နိုင်မှု အရိပ်အယောင်များပေါ်လာသည်။

ကျိုးကျွင်းလန်က အေးစက်စွာ ပြောလိုက်သည်။

"ချောင်ချင်.. သူ့ကို ကာကွယ်မနေနဲ့၊ ဒီနေ့ သူ တန်ကြေးပြန်ပေးဆပ်စေရမယ်!"

ထိုသို့ပြောပြီးနောက် ကျိုးကျွင်းလန်၏သတ်ဖြတ်လိုစိတ်မှာ ပြင်းထန်လာခဲ့သည်။ အကြောင်းစုံမသိရသော သူစိမ်းတစ်ယောက်၏ ဖြားယောင်းတာကို ကျီချောင်ချင် ခံလိုက်ရမှာကို သူ လုံးဝ ခွင့်မပြုနိုင်ပေ။ ကျီချောင်ချင်အနေဖြင့် သူပြောသမျှ မှန်သည်ဆိုတာ သိလာအောင်နှင့် သူ့စကားကိုသာ နာခံလာအောင် ထိုလူကိုသတ်ပစ်ရမည်။

ရုတ်တရက် ဝါးတောထဲမှ ပုံရိပ်တစ်ခုထွက်ပေါ်လာပြီး ရှန်ကျွင်း၏နှလုံးသားရှိရာဆီ ဓားရှည်တစ်ချောင်းမှာ ထိုးစိုက်ဝင်လာခဲ့သည်။

အရာအားလုံးက မြန်ဆန်လွန်းလှသည်။ ဝါးတောထဲမှာ လူရှိနေသာ်ကို ကျီချောင်ချင် သတိမထားမိခဲ့ပေ။

ရှန်ကျွင်းကမူ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း ဓားမှာပါလာသော ဝိဉာဉ်စွမ်းအင်ကြောင့် ဒဏ်ရာရသွားပြီး ခြေလှမ်းနှစ်လှမ်း ယိုင်သွားသည်။

လူတိုင်း လှမ်းကြည့်လိုက်ချိန် မိုကွေ့ချီ လျှောက်လာသည်ကို တွေ့လိုက်ရသည်။

"ရှန်ကျွင်း.. မင်းက ဂိုဏ်းချုပ်ကတော်ကို သတ်ချင်တယ်ပေါ့ ? ငါ ဘယ်တော့မှ ခွင့်မပြုဘူး!"

ကျီချောင်ချင်၏အကြည့်များက မိုကွေချီကိုကျော်ပြီး ဝါးတောနက်ထဲသို့ ရောက်သွားသည်။ အဝေးမှ ဝါးတောအုပ်သည် စိမ်းလန်းစိုပြည်နေဆဲဖြစ်ပြီး နေရောင်ခြည် ထိုးဖောက်မဝင်နိုင်တာကြောင့် ဝါးတောနက်ပိုင်းတွင် လူသားစားမည့် သားရဲတစ်ကောင် ပုန်းအောင်းနေသလိုမှောင် မိုက်နေသည်။

သူမ လီမင်လော့ကိုတွေ့လိုက်ရချိန် သူသည် သူမအား နူးညံ့သိမ်မွေ့စွာပြုံးပြလာသည်။

All Chapters