← Chapters

အခန်း (၁၅)

Vol. 2 Ch. 15

အခန်း (၁၅)

Vol. 2 Ch. 15

"ရှစ်ကျဲ... ကျွန်တော် ရှစ်ကျဲကိုယုံကြည်ခဲ့တယ်၊ ဂိုဏ်းရဲ့ဘေးကင်းရေးအတွက် လင်ရှန်းရှန်းရဲ့သရဲမျိုးနွယ်စု အထောက်အထားကို ရှစ်ကျဲဖော်ထုတ်နိုင်မယ်တယ်လို့ ယုံကြည်တယ်၊ လူတစ်ယောက်အတွက်ကြောင့်နဲ့ ရက်စက်တက်သူ မဟုတ်ဘူးလို့လည်း ကျွန်တော်ယုံကြည်တယ်၊ ရှစ်ကျဲ လုပ်ခဲ့တဲ့ အရာအားလုံးမှာ အကြောင်းပြချက်ရှိတယ်လို့လည်း ကျွန်တော် ယုံကြည်တယ်၊ ရှစ်ကျဲ... ကျွန်တော် ရှစ်ကျဲကို ယုံတယ်"

ထိုအချိန်တုန်းက ကျီချောင်ချင်ကို ဘယ်သူမှမယုံကြည်ခဲ့ကြပေ။ လူတိုင်းက သူမသည် ကျိုးကျွင်းလန်အတွက် စိတ်ရူးပေါက်သွားပြီဟုထင်ခဲ့ကြသည်။ ယခုအခါမှ ဤ ယုံကြည်ပါသည် ဆိုသောစကားကို ကြားလိုက်ရသော အခါ သူမ ရယ်မောလိုက်ချင်စိတ်ကို မထိန်းနိုင်ဖြစ်သွားခဲ့သည်။

"ယုံကြည်တယ် ဟုတ်လား၊ နင် ငါ့ကို ယုံကြည်တယ်ဆိုရင် ဘာလို့ အဲ့တုန်းက လင်ရှန်းရှန်းဘက်မှာ ရပ်တည်ပြီး ငါ့ကို ဘာလို့ဆန့်ကျင်ခဲ့တာလဲ?"

လီမင်လော့သည် ကျီချောင်ချင်ကို အရူးအမူး စိုက်ကြည့်နေပြီး သူမ မျက်နှာပေါ်ရှိ အစိတ်အပိုင်းတိုင်းကိုစိုက်ကြည့်နေသည်။ ထို့နောက် သူသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး

"ရှစ်ကျဲ... ရှစ်တိလေ ရှစ်ကျဲကို ချစ်နေခဲ့တာပါ၊ ဒါပေမဲ့ ရှစ်ကျဲက အရမ်းအစွမ်းထက်လွန်းတယ်၊ ရှစ်ကျဲရဲ့ နှလုံး သားမှာ လောကကြီးအကြောင်းနဲ့ပဲ ပြည့်နေတာ၊ ရှစ်တိကို ဘယ် တော့မှမြင်နိုင်မှာမဟုတ်ဘူး၊ ဒါကြောင့် ရှစ်တိ ဒီနည်းလမ်းကလွဲလို့ တခြားရွေးချယ်စရာမရှိခဲ့ဘူး"

လွတ်လပ်မှုကို တောင့်တသောငှက်သည် အလွန်လှပပြီး အမွေးအတောင်တိုင်းပင် တောက်ပနေသည်။ ထိုငှက်ကို ထိန်းသိမ်းထားရန်အတွက် မုဆိုးသည် ထိုငှက်၏အ တောင်ပံများကို ရက်ရက်စက်စက် ဆုတ်ဖြဲပစ်လိုက်ပြီး ဤနည်းဖြင့်သာ ထိုငှက်ကို သူ့ဘေးတွင် ထာဝရထားနိုင်မည်ဟု ယုံကြည်ခဲ့သည်။

ကျီချောင်ချင်သည် သူ့ရှေ့မှ လီမင်လော့ကို စိုက်ကြည့်နေသည်။ နှစ်များစွာကြာပြီးနောက် သူမ၏ စိတ်အားထက် သန်သော ရှစ်တိ အမှန်တကယ်လိုချင်သည့်အရာကို သူ နားလည်သွားခဲ့သည်။

သူသည် အလွန်ရယ်စရာကောင်းသည်ဟု သူမ ထင်လိုက်သည်။ လီမင်လော့သည် သူ လိုချင်သောအရာကိုရရန်အတွက် သူ့ကိုယ်သူ သန့်စင်သောအလင်းရောင်ထဲရပ်တည်ပြီး သူမထံ အပြစ်ပုံချခဲ့သည်။ ထို့အပြင် သူမ ကောင်းကျိုးအတွက်ဟုပင် အကြောင်းပြခဲ့သည်။ တခြားသူများနှင့် နှိုင်းယှဉ်လျှင် ရွံစရာအကောင်းဆုံးလူမှာ လီမင်လော့သာ။

"နင် ဂိုဏ်းကိုဖျက်ဆီးခဲ့တယ်၊ အဖွဲ့အစည်းတွေဖွဲ့ခဲ့တယ်၊ ဂိုဏ်းချုပ်ရာထူးကိုမက်မောခဲ့တယ်၊ ပြီးတော့ ရှန်ကျွင်းကို သတ်ဖို့ မိုကွေ့ချီကိုတောင်လှုံ့ဆော်ခဲ့တယ်၊ ရှစ်တိ နင် ငါ့ကို ချစ်တာလား၊ ဒါမှမဟုတ် နင့်ကိုယ် နင် ချစ်တာလား?"

"ရှစ်ကျဲ... ရှစ်ကျဲ အထင်လွဲနေတာပြီ၊ ကျွန်တော် ကောင်း ကင်ဘုံရဲ့ကိုယ်စားဆောင်ရွက်ခဲ့ရုံပါ၊ ဖြောင့်မတ်တဲ့ ဂိုဏ်းတွေကြားမှာ ကျွန်တော့်နာမည်က အခုဆိုရင် အရှိန် အဟုန်နဲ့ တိုးတက်နေပြီ၊ ဆန့်ကျင်ဘက်အနေနဲ့ ကျိုးကျွင်းလန်ကတော့ တုံးအတဲ့အရာတွေကို လုပ်ခဲ့တယ်၊ သူ့ရဲ့ မင်္ဂလာပွဲကိုကြည့်လေ... တခြားဂိုဏ်းက အကြီးအကဲတစ်ယောက်မှ တက်ရောက်ခဲ့တာမရှိဘူး"

ကျီချောင်ချင်သည် လီမင်လော့မှာ အကြံအစည်ကြီးသူဟု ခံစားမိသည်။ သူသည် အရာအားလုံးကို တွက်ချက်နေပြီး သူမကိုပင် ထိုထဲတွင်ထည့်ခဲ့သည်။

"ရှစ်တိ၊ နင် အစောပိုင်းကပြောခဲ့တာတွေက လိမ်နေတာထင်တယ်၊ နင် ငါ့ကိုချစ်လို့ လင်ရှန်းရှန်းဘက်က ရပ်တည်ခဲ့တယ်လို့ ပြောခဲ့တယ်၊ ဒါပေမဲ့ တကယ်တော့ လွန်ခဲ့တနှစ်တစ်ရာက ငါ ကျိုးကျွင်းလန်ကိုဂိုဏ်းချုပ်ရာထူးရအောင် ကူညီပေးခဲ့လို့ပဲ၊ ငါ့ရဲ့ နာမည်ဂုဏ်သတင်းကိုဖျက်ဆီးမှ ကျိုးကျွင်းလန်ကို ငါ့ရဲ့ထောက်ခံမှုကို ဆုံးရှုံးစေနိုင်မှာလေ၊ နောက်ဆုံးတော့ နင်လည်း ဂိုဏ်းချုပ်ဖြစ်ချင်တာပဲ၊ ဘာလို့ ငါ့ကို ချစ်တယ်ဆိုတဲ့အကြောင်းပြချက်ကို သုံးရတာလဲ!"

လီမင်လော့သည် ညင်သာစွာ ရယ်မောလိုက်ပြီး သူ့ခေါင်းသည် ကျီချောင်ချင် လည်ပင်းနားတွင် နစ်မြှုပ်လုနီးပါးဖြစ်နေသည်။ ဤရင်းနှီးသော ကိုယ်ဟန်အနေအထားကြောင့် သူတို့နှစ်ဦးကို အလွန်ချစ်ခင်သော စုံတွဲတစ်တွဲပမာအထင်မှားစေနိုင်သည်။

"ဟုတ်တယ် ရှစ်ကျဲ ၊ ရှစ်တိ တကယ် ဒေါသထွက်တယ်၊ ကျိုးကျွင်းလန်က အရမ်းတုံးအပြီး အဆင်အခြင်ခဲ့လွန်းတယ်၊ ဘာလို့ ရှစ်ကျဲ သူ့ကို ဒီလောက်ကာကွယ်ပေးနေရတာလဲ? ဘာလို့ ရှစ်တိကိုကျ မကြည့်ရတာလဲ? ထျန်းရွှမ်ဂိုဏ်းတစ်ခုလုံးမှာ ရှစ်ကျဲနဲ့ ရင်ဘောင်တန်းရပ်တည်ဖို့ ရှစ်တိတစ်ယောက်တည်းပဲ အရည်အချင်းရှိတာ၊ ဒါကြောင့် ရှစ်တိ ဂိုဏ်းချုပ်ရာထူးကို အရယူရမယ်၊ ပြီးရင် ရှစ်ကျဲကို လက် ထပ်မယ်"

ဒီလိုကိုး၊ ဒါဆို ဒီလိုပေါ့!

ကျီချောင်ချင်သည် ဤရှစ်တိအကြောင်းကောင်းကောင်းနားလည်သွားပြီး ရုတ်တရက် အခြားကိစ္စတစ်ခုကို သတိရလိုက်သည်။

"ရှစ်တိ... နင် ချန်းဝမ်ရှန်း ပြန်လာပြီဆိုတာသိပေမဲ့ သူ တောင်ပေါ်ကနေထွက်သွားပြီဆိုတာတော့ နင်မသိဘူး၊ သူ ဒီနေရာကနေ အရမ်းထွက်သွားချင်နေတာ၊ သူလည်း ငါ့လိုပဲ တခဏလေးတောင် မနေနိုင်တော့ဘူး"

လီမင်လော့သည် ကျီချောင်ချင်၏စကားများကို နားမလည်ခဲ့ပေ။ သူသည် ကျီချောင်ချင်အား သူမ လက်ကို သူ့မျက်နှာပေါ် တင်ထားခွင့်ပေးခဲ့သည်။ သူမ၏ စန္ဒကူးနံ့သင်းသော ဗုဒ္ဓပုတီးစေ့များသည် ယခင်အတိုင်း လီမင်လော့၏မျက်နှာကို ရံဖန်ရံခါထိမိနေသည်။ သူသည် ကျီချောင်ချင်ခန္ဓာကိုယ်မှ နွေးထွေးမှုအားစွဲလန်းနေခဲ့သည်။

"ရှစ်ကျဲ... ဒီအချိန်မှာတောင် တခြားယောကျ်ားတွေအကြောင်းပြောနေရင် ရှစ်တိ သဝန်တိုမိတော့မယ်နော်"

"ရှစ်တိ... နင့်ကို အရင်တုန်းက ငါ တကယ်နားမလည်ခဲ့ဘူး၊ ဒါပေမဲ့ ငါ တစ်ခုသိသွားပြီ၊ နင်လည်း ငါ့ကို ဘယ်တော့မှ နားမလည်ခဲ့ဘူးဆိုတာပဲ၊ ငါ နင့်ကို ထျန်းရွှမ်ဂိုဏ်းတစ်ခုလုံးလိုက်ပြခိုင်းတာ ဘာကြောင့်လဲဆိုတာ နင် သိလား၊ ဘာလို့လဲဆိုတော့ ငါ အစီအရင်ဖွဲ့စည်းဖို့လိုအပ်လို့ပဲ"

နောက်တစ်စက္ကန့်တွင် ကျီချောင်ချင့် လက်မသည် လီမင်လော့မျက်လုံးများကိုဖောက်ထွင်းလိုက်သည်။

"ငါက အမြဲတမ်း လက်စားချေဖို့ကြိုးစားနေတဲ့သူမျိုးပဲ၊ ငါ့ကို ထိခိုက်နစ်နာအောင်လုပ်တဲ့သူတိုင်း... အသက်နဲ့ပြန်ပေးဆပ်စေရမယ်"

ယခင်တုန်းကဆိုလျှင် ကျိုးကျွင်းလန် စိတ်ပျော့သွားနိုင်မည်။ သိုသော် ယခုအခါတွင် သူမ ခန္ဓာကိုယ်တစ်ခုလုံးသည် သရဲစွမ်းအင်များ ဖုံးလွှမ်းနေသည်ကိုကြည့်ပြီး သူ့တစ်ကိုယ်လုံး တုန်ယင်သွားသည်။

သူမ ဘေးနားရှိ ကျီချောင်ချင်က ရည်ရွယ်ချက်ရှိရှိ လှမ်းပြောလိုက်သည်။

"မည်းမှောင်တဲ့ တိမ်တိုက်တွေကနေ ကောင်းကင်မိုးကြိုး သုံးချက် ဆင်းသက်လာခဲ့တယ်၊ တစ်ချက်ချင်းစီက အသက်ကိုတောင် သေစေနိုင်တယ်၊ သရဲမျိုးနွယ်စုရဲ့ ကံကြမ္မာတိမ် တိုက်တွေက အများအားဖြင့် မီးခိုးရောင် ဒါမှမဟုတ် အပြာရောင် မဟုတ်ဘူးလား၊ နင့်ဟာကျမှ ဘာလို အနက်ရောင် ဖြစ်နေရတာလဲ? ရှန်ကျွင်း ပြောတာ မှန်နေနိုင်မလား... နင်

လူငါးဆယ့်ရှစ်ယောက်ကို တကယ်သတ်ခဲ့တာလား"

ထိုစကားများသည် လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။

"ဟုတ်တယ်၊သရဲမျိုးနွယ်စုကို ချိတ်ပိတ်ပြီးကတည်းက ဒီလောကမှာ သရဲအသေးစားလေးတွေပဲ လျှောက်သွားနေကြတာ၊ သူတိုထဲက တချိုဆို သူတိုရဲ့ ကံကြမ္မာတွေကို ကျော်လွန်နိုင်ခဲ့ကြတယ်၊ ဒါပေမဲ့ သူတိုရဲ့ ကံကြမ္မာတိမ်တိုက်တွေက လင်ရှန်းရှန်းရဲ့ဟာလို အနက်ရောင် မဟုတ်ဘူး"

"ငါ မြင်ဖူးတယ်၊ အယုတ်မာဆုံးနဲ့ ရန်ငြိုးကြီးတဲ့ သရဲတွေမှာမှ ဒီလိုကံကြမ္မာတိမ်တိုက်မျိုးပိုင်ဆိုင်တာ"

"ကျီချောင်ချင် ပြောသလိုဆို လင်ရှန်းရှန်းက တကယ်ပဲ လူငါးဆယ့်ရှစ်ယောက်ကို သတ်ခဲ့တာလား?!"

လင်ရှန်းရှန်း ငိုယိုလျက်ခုခံပြောဆိုသည်။

"မဟုတ်ဘူး၊ ကောင်းကင်ဘုံက အမြဲတမ်း သရဲမျိုးနွယ်စုကို နှိမ်နင်းချင်ခဲ့တာ၊ ကျွန်မလို သန့်စင်တဲ့သွေးသားရှိတဲ့ သရဲမျိုးနွယ်စု မင်းသမီးတစ်ယောက်ကိုဆို ကောင်းကင်ဘုံက သေချာပေါက်လွှတ်ပေးမှာမဟုတ်ဘူး..."

ရုတ်တရက် ကောင်းကင်မိုးကြိုးတစ်ခုသည် ဘယ်ကမှန်းမသိဘဲ ပစ်ချလာသည်။

ဤနေရာတွင် ရှိနေသူများမှာ ကျင့်ကြံသူများဖြစ်ပြီး ကောင်း ကင်ဘုံဥပဒေများနှင့် ချည်နှောင်ထားကြသည်။ ကောင်းကင် ဘုံမှ ယခုလို သတိပေးချက်ပေးလာသောအခါ လင်ရှန်းရှန်း၏ စကားများ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သူတိုအားလုံးက သူမကို တိတ်ဆိတ်စွာသာ ကြည့်နေကြသည်။

မျက်တောင်တစ်ခတ်အတွင်းမှာ လင်ရှန်းရှန်း အပင်ပန်းခံစုဆောင်းထားသော ပုံရိပ်တစ်ခုလုံးသည် ပြိုကွဲသွားခဲ့သည်။လူတိုင်း၏ မျက်လုံးထဲရှိ လင်ရှန်းရှန်းသည် ဆိုးယုတ်သောသရဲတစ်ဦးဖြစ်သွားခဲ့ပြီး ကျီချောင်ချင်ကတော့ လူအုပ်ကြီး၏သနားခြင်းနှင့် အပြစ်ရှိသလို အကြည့်များကို ခံယူလိုက်ရပြီး ဂုဏ်သိက္ခာကြီးမားသော သူရဲကောင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။

ကျိုးကျွင်းလန် ဒူးထောက်ထိုင်ချလိုက်ပြီး သူ့ဇနီးဟောင်း ကို ပြန်ကြည့်မိလိုက်သောအခါ ရှက်ရွံခြင်းကိုသာ ခံစားလိုက်ရသည်။ သူ တကယ်ပဲ သရဲမတစ်ဦးကို ချစ်မိခဲ့တယ်၊

ပြီးတော့ သရဲမတစ်ဦးအတွက်နဲ့ သူ့ရဲ့ငယ်သူငယ်ချင်းဖြစ်တဲ့ စန်းရှစ်မေ့ကို ချောက်ထဲတွန်းချခဲ့မိတယ်...

လူတိုင်းက ကျိုးကျွင်းလန်ကို စိုက်ကြည့်လာကြသဖြင့် သူလည်း သည်းမခံနိုင်ဖြစ်ကာ လင်ရှန်းရှန်းကို နေရာမှာတင် သတ်ပစ်ချင်စိတ်ပေါက်လာသည်။

လင်ရှန်းရှန်းသည် ကျိုးကျွင်းလန်၏သတ်ဖြတ်လိုသော စိတ်ကိုခံစားလိုက်ရသဖြင့် နောက်သို ဆုတ်သွားမိသည်။သူမ မသေချင်သေးဘူး!

"မဟုတ်ဘူး ကျွင်းလန်!လွန်ခဲ့တဲ့ သုံးနှစ်တုန်းက နတ်ဆိုးတွေကြောင့် ပြင်းထန်စွာဒဏ်ရာရခဲ့တုန်းက ကျွန်မပဲ ရှင့်ကို ဂိုဏ်းကိုခေါ်လာခဲ့တာလေ၊ပြီးတော့ ပြီးခဲ့တဲ့ တစ်နှစ်က လီမင်လော့က ရှင့်ကို သတ်ဖို လူတွေလွှတ်တုန်းကလည်း ကျွန်မပဲ"

"လွန်ခဲ့တဲ့ဆယ်နှစ်က သရဲမျိုးနွယ်စုရဲ့အကြွင်းအကျန်တွေ တိုက်ခိုက်လာတာ နင့်ကြောင့်ပဲ"

အေးစက်သောအသံမှာ ထွက်ပေါ်လာသည်။

"ကျီချောင်ချင်ကို သတ်ဖိုအတွက် မင်းနဲ့မျိုးနွယ်တူတွေကို နင်းခြေဖို မတွန့်ဆုတ်ခဲ့ဘူး၊ လင်ရှန်းရှန်း... မင်းက တကယ်ကြောက်ဖိုကောင်းတဲ့သူပဲ"

လူတိုင်း အသံလာရာကို ကြည့်လိုက်သောအခါ လီမင်လော့ ကိုတွေ့လိုက်ရသည်။ လီမင်လော့ မျက်လုံးများကို အဖြူရောင်အဝတ်ဖြင့် စည်းနှောင်ထားပြီး သူ့မျက်နှာမှာ အလွန်ဖြူဖျော့နေသည်။

သူသည် အိပ်ရာက နိုးနိုးချင်း အပြေးလာခဲ့ပုံရသည်။

လီမင်လော့ အနောက်တွင်တော့ အလွန်အားကောင်းသော ကျင့်ကြံသူတစ်စုရှိသည်။ ကျီချောင်ချင် အနီးကပ်ကြည့်လိုက်သောအခါ ၎င်းတိုထဲက အများအပြားသည် သူမနှင့်အတူ တိုက်ခိုက်ခဲ့ဖူးသော သူမ၏ရဲဘော်ဟောင်းများဖြစ်နေသည်ကို မှတ်မိလိုက်သည်။

လီမင်လော့သည် ဤအချိန်တွင် ကျီချောင်ချင် ဘက်မှ ရပ်တည်ကာ ပြောနေသည်ကို မြင်သောအခါ လင်ရှန်းရှန်းသည် အံများကိုကြိတ်လိုက်သည်။

"မဟုတ်ဘူး!ငါ သူတိုနဲ့ ဘာမှမပတ်သက်ဘူး!"

လီမင်လော့သည် သူ့လက်ထဲက ပစ္စည်းတစ်ခုကို လင်ရှန်းရှန်းရှေ့သို ပစ်ချလိုက်သည်။

"ဒါ အဲ့ဒီသရဲမျိုးနွယ်စုဝင်တွေဆီက ငါရခဲ့တဲ့ အမှတ်အသားပဲ"

သရဲမျိုးနွယ်စု၏ စစ်သည်တော်များသည် သရဲမျိုးနွယ် တော်ဝင်မိသားစုမှ အမိန့်ကိုသာဘနာခံကြောင်း လူတိုင်း သိကြသည်။

လင်ရှန်းရှန်း မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားသည်။

"မဟုတ်ဘူး အဲ့လိုမဟုတ်ဘူး! ကျွန်မ တစ်ယောက်တည်းက သရဲမျိုးနွယ်စုရဲ့တော်ဝင်မိသားစုဝင်မဟုတ်ဘူးလေ၊ ကျွန်မ ဒါကို လက်မခံနိုင်ဘူး"

လီမင်လော့သည် လင်ရှန်းရှန်း၏ ငြင်းဆိုမှုကို မတုန်လှုပ်ဘဲ အံ့ဩစရာကောင်းလောက်အောင် တည်ငြိမ်နေပြီး ပြင်းထန်သောအရှိန်အဝါများကို ထုတ်လွှတ်နေသည်။

All Chapters