← Chapters

အခန်း (၁၆)

Vol. 2 Ch. 16

အခန်း (၁၆)

Vol. 2 Ch. 16

"သရဲမျိုးနွယ်စုတွေက ဂိုဏ်းကို နှစ်ပေါင်းများစွာ အနှောင့် အယှက်ပေးခဲ့တယ်၊ကောင်းကင်ဘုံက ကျွန်တော်တို့ကို သနားပြီး အကြီးအကဲကျီချောင်ချင်ကို ဂိုဏ်းဆီ ပြန်ပို့ပြီး ကိစ္စတွေကို ရှင်းလင်းအောင် သရဲမျိုးနွယ်စုရဲ့ စစ်မှန်တဲ့ သွင်ပြင်ကို ဖော်ထုတ်စေခဲ့တာ"

ဤစကားများသည် မည်းမှောင်နေသော မျက်နှာဖြင့် ကျိုးကျွင်းလန်ကို အပြစ်ဖို့ပြောနေခြင်းဖြစ်သည်။

"လင်ရှန်းရှန်းက သရဲမျိုးနွယ်စုဝင် ဖြစ်နေလိမ့်မယ်လို့ ရှစ်ရှုန်းမထင်ခဲ့ဘူး၊ဒါကြောင့် ကျီရှစ်မေ့ကို နှစ်ပေါင်းများစွာ အထင်လွဲခဲ့မိတာ၊ ဒီနေ့ ရှစ်ရှုန်း ဂိုဏ်းကိုသန့်စင်ပြီး စန်းရှစ်မေ့ရဲ့နစ်နာမှုတွေကို ပြန်ယူပေးပါ့မယ်!"

ဤသို့ပြောပြီးနောက် ကျိုးကျွင်းလန်သည် သူ့ဝိဉာဉ်စွမ်းအင်ကို ထုတ်လွှတ်ပြီး လင်ရှန်းရှန်း၏ဦးခေါင်းထိပ်ကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။

သူ့ လုပ်ရပ်သည် ရက်စက်ပြီးလျင်မြန်ကာ ယခင်ကလို အချစ်ရေးအချစ်ရာများကို လုံးလုံးဂရုမစိုက်တော့ပေ။ သူက တကယ့်ကို ပြတ်သားလွန်းတယ်!

"ဂိုဏ်းချုပ်ကျိုး ကောင်းကောင်းလုပ်ခဲ့တယ်၊ မိသားစု ရေးရာထက် ဖြောင့်မတ်ခြင်းကို ရှေ့တန်းတင်တဲ့ သူ့လုပ်ရပ်က တကယ့်ကို ကျွန်တော်တို့အတွက် စံပြပဲ"

"အဲ့ဒါက ဘာထူးဆန်းလို့လဲ?အကယ်၍ အကြီးအကဲကျီသာ မဖော်ထုတ်ခဲ့ရင်...အကြီးအကဲကျီချောင်ချင်ကသာ သက်သေ အထောက်အထားတွေ မပြခဲ့ရင် ဂိုဏ်းချုပ်ကျိုး ဘယ်လောက်ကြာကြာ မသိဘဲ နေမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ!"

"မင်း ဘာပြောလိုက်တာလဲ! မင်း ဂိုဏ်းချုပ်ကို ဘယ်လိုလုပ် မလေးမစားလုပ်ရဲတာလဲ!"

"ကျုပ်တို့က အချက်အလက်ကျကျပြောနေတာ၊ ဘာလို့ မင်းက ဒီလောက် ဒေါသကြီးနေတာလဲ! ဂိုဏ်းချုပ်တောင် စိတ်မပူဘူး၊ မင်း ငါတို့ကို တိုက်ခိုက်ဖို့ ကြံတာလား?"

ကျီချောင်ချင်သည် နတ်ဆိုးများထက် ပိုမိုကြောက်မက်ဖွယ် ကောင်းသည့် လူများ၏ ရှုပ်ထွေးနေသော မြင်ကွင်းကို ငုံ့ကြည့်ကာ သူမ နှုတ်ခမ်းတွင် လှောင်ပြောင်သော အပြုံးတစ်ခု စွန်းထင်းနေသည်။

ရုတ်တရက် နောင်တ ချောက်ကမ်းပါး၏ မြေပြင်သည် တုန်ခါလာပြီး အက်ကွဲသွားသည်။ထို့နောက် ထူးဆန်းသော စွမ်းအားတစ်ခုမှာ လူတိုင်းကို အောက်သို့ ဆွဲချသွားသည်။

မည်သူမျှ တုံ့ပြန်ချိန်မရလိုက်မှီ ၎င်းတို့အားလုံး အောက်သို့ပြုတ်ကျသွားကြသည်။

"ဘာတွေဖြစ်နေတာလဲ! ငါ့ရဲ့ ဝိဉာဉ်စွမ်းအင်တွေ အားလုံး ဆုံးရှုံးသွားပြီ!"

"ငါရောပဲ! ဘာတွေဖြစ်နေတာလဲ?!"

"နတ်ဆိုးမျိုးနွယ်တွေ ကျူးကျော်တာများ ဖြစ်မလား?"

လူတိုင်း ရှုပ်ထွေးနေကြစဉ် ကျီချောင်ချင်သည် ကျောက်တုံးကြီး တစ်ခုကို မှီနေလျက် ပြုံးရွှင်စွာ ပြောလိုက်သည်။

"အားလုံးပဲ မကြောက်ကြပါနဲ့၊ဒါက နောင်တချောက်ကမ်းပါးရဲ့ အောက်ခြေပဲ၊ ဒီနေရာကို ဝင်လာသူတွေက သူတို့ရဲ့ ဝိဉာဉ်စွမ်းအင်တွေ ဆုံးရှုံးပြီး သာမန်လူတွေလို ဖြစ်သွားလိမ့်မယ်၊ဒီနေရာက ဝိဉာဉ်စွမ်းအင်လွန်ကဲနေတဲ့ အကျဉ်းသားတွေကို အထူးကိုင်တွယ်ဖို့ အသုံးပြုတာလေ"

"အကြီးအကဲကျီ ဘာတွေဖြစ်နေတာလဲ? လင်ရှန်းရှန်းက သေသွားခဲ့ပြီလေ၊ ကျွန်တော်တို့ကြားမှာ သရဲမျိုးနွယ်တွေ ရှိနေတုန်းလား?"

"တတိယအကြီးအကဲ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ပြောပြပါ!"

"အမ်...."

ကျီချောင်ချင်က တစ်ခုခုကို သတိရသွားသည့်ပုံစံဖြင့်

"ရှင်တို့အားလုံး အရမ်းတုံးကြတာပဲ၊ ကျွန်မ မကြာသေးခင်ကပဲ လီမင်လော့ရဲ့ မျက်လုံးတွေကို ဖောက်ခဲ့တယ်၊ဘဏ္ဍာ တိုက်ကို လုယက်ခဲ့တယ်၊ပြီးတော့ ထျန်းရွှမ်ဂိုဏ်းကို ဖောက်ခွဲခဲ့တယ်၊ ဒါတွေက လင်ရှန်းရှန်းကြောင့်ပဲ လို့ထင်ပြီး ကျွန်မကို လူကောင်းတစ်ယောက်လို့ ထင်နေတာလား? ကျွန်မ ပြန်လာတာက လက်စားချေဖို့ပဲ!"

လူအုပ်ကြီးသည် ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။

ထိုစဥ် လူတစ်ယောက်မှာ လှောင်ပြုံးဖြင့် ပြောလိုက်သည်။

"ကျီချောင်ချင် မင်း ဘာတွေတွေးနေလဲဆိုတာ ငါသိတယ်၊မင်းက လင်ရှန်းရှန်း ကို ဖော်ထုတ်ဖို့ အတွက် နှစ်ပေါင်းများစွာ အရှက်ရတာကို ခံခဲ့ရတယ်၊အခု လင်ရှန်းရှန်းကို ကိုင် တွယ်ပြီးသွားပြီဆိုတော့ ငါတို့အားလုံး မင်းရဲ့ဂုဏ်သိက္ခာကို ပြန်လည် ရှင်းလင်းပေးမယ် ဒါပေမဲ့ မင်းက ထျန်းရွှမ်ဂိုဏ်းရဲ့ဆုံးရှုံးမှုတွေကိုလည်း လျော်ကြေးပေးရမယ်! မင်း အခု ငါတို့ကို ဒီမှာ ပိတ်လှောင်ထားတာ ဘာအကျိုးရှိလို့လဲ? မင်းက ဝိဉာဉ်စွမ်းအင်တွေအားလုံးပျောက်နေတဲ့ မသန်မစွမ်းတစ်ယောက်..."

ထိုလူ့ စကားမဆုံးခင်မှာပင် ကျီချောင်ချင် ပေါ့ပေါ့ပါးပါး လက်ဝှေ့ယမ်းလိုက်ရာ ထိုလူသည် သွေးမှုန်များအဖြစ် ပေါက်ကွဲသွားခဲ့သည်။

လူအုပ်ကြီးမှာ ချက်ချင်း ထိတ်လန့်တုန်လှုပ်သွားသည်။

"ကျီချောင်ချင်... မင်း ဘာတွေ လုပ်လိုက်တာလဲ!"

"ဒါက နောင်တရ ချောက်ကမ်းပါးပဲ"

ကျီချောင်ချင်က တည်ငြိမ်စွာ ပြောလိုက်ပြီး သူ့ လက်ထဲမှ ပုတီးစေ့များကို ပေါ့ပေါ့ပါးပါး ပွတ်သပ်နေသည်။

"ဒီနေရာရဲ့ အစီအရင်က အမှားလုပ်ခဲ့တဲ့ ရာဇဝတ်သားတွေကို ကိုင်တွယ်ဖို့ ငါကိုယ်တိုင် ချမှတ်ခဲ့တာ၊ဒါနဲ့ ရှင်တို့ အခု ရှိနေတဲ့နေရာက အစွမ်းအထက်ဆုံးအစီအရင်ပုံပဲ၊ဒီထဲမှာ ရုန်းကန်မနေနဲ့၊ ရှင်တို့ ရုန်းကန်လေလေ ပိုမြန်မြန်သေလေလေပဲ"

သူမ စကားဆုံးသည်နှင့် နောင်တရ ချောက်ကမ်းပါးရှိ အစီအရင်များ အသက်ဝင်လာခဲ့ပြီး သိပ်မကြာမီပင် လူတိုင်းမှာ သွေးမှုန်များအဖြစ် ပြောင်းလဲသွားတော့မည်ဖြစ်သည်။

လူအုပ်ကြီးလည်း ထိုအခါမှ ထိတ်လန့်လာကြသည်။ အဘယ်ကြောင့်ဆိုသော် ကျီချောင်ချင် ပြောခဲ့သည့်အတိုင်း မှန်ကန်နေသည်ကို သူတို့ သဘောပေါက်လာသောကြောင့် ဖြစ်သည်။

"ကျွန်တော်တို့က ထျန်းရွှမ်ဂိုဏ်းက မဟုတ်ပါဘူး၊ အကြီး အကဲကျီ...ကျေးဇူးပြုပြီး ကျွန်တော်တို့ကို လွှတ်ပေးပါ!"

"အကြီးအကဲကျီ... ကျွန်တော်တို့က ချန်းချင်ဂိုဏ်းကပါ! ဒီလိုလုပ်လို့ မင်းကို သူတို့က ပြစ်ဒဏ်ပေးမှာကို မကြောက်ဘူးလား?"

"ကျေးဇူးပြုပြီး.. အကြီးအကဲကျီ၊ရှင်နဲ့ ထျန်းရွှမ်ဂိုဏ်းရဲ့ အတွင်းရေးကိစ္စတွေက ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ပါဘူး၊ကျေးဇူးပြုပြီး ကျွန်တော်တို့ကို လွှတ်ပေးပါ!"

"ကျီချောင်ချင်! မင်း ဒီလောက် အစွမ်းထက်နေတယ်ဆိုရင် အစီအရင်ထဲကို ဝင်လာခဲ့၊ ဘယ်လိုသူရဲကောင်းမျိုးက မင်းလို အပြင်မှာ ပုန်းနေမှာလဲ"

ကျီချောင်ချင်က ခပ်ဟဟ ရယ်လိုက်သည်။

"မစိုးရိမ်ပါနဲ့၊ရှင်တို့ထဲက အများစုကို ကျွန်မ သိတယ်၊နတ်ဆိုးတွေကို တိုက်ခိုက်တဲ့ စစ်ပွဲတုန်းက ရှင်တို့ ကျွန်မကို ဆန့်ကျင်ခဲ့ကြတယ်၊ကျွန်မ လွန်ခဲ့တဲ့နှစ်တစ်ရာက တံခါးပိတ် ကျင့်ကြံနေတုန်း ကလည်း ကျွန်မအကြောင်း ရှင်တို့ ဖြန့်ခဲ့တဲ့ ကောလဟလတွေ အားလုံးကိုသိတယ်၊ အခု ရှင်တို့ လမ်းစဉ်ခြောက်ခုမှတ်တမ်းကြောင့် ထျန်းရွှမ်ဂိုဏ်းရဲ့ အကျိုးအမြတ်တွေကို ခွဲဝေယူချင်ကြတာကိုလည်း ကျွန်မ သိတယ်၊ ဒီမှာ ရပ်နေတဲ့ ရှင်တို့ တစ်ယောက်မှ အပြစ်ကင်းတဲ့သူ မရှိဘူး၊ဘာလို့ အပြစ်ကင်းသလို ဟန်ဆောင်နေကြတာလဲ?"

ျိုးကျွင်းလန် မျက်နှာသည် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည်။

"စန်းရှစ်မေ့... ဘာလို ဒီလိုလုပ်ရတာလဲ၊ဘာလို ငါတိုကို မလွှတ်ပေးတာလဲ၊ မင်းကိုယ်မင်းရော ဘာလိုလိမ်နေရတာလဲ?ဒီနေ့ မင်း လင်ရှန်းရှန်းကို ဖော်ထုတ်ခဲ့တာက ငါ့ရဲ့ ဇနီးဖြစ်ဖို သက်သက်ပဲလေ၊ မင်း သူမကို လိုချင်ရင် ငါပေးလိုက်မယ်၊အပြစ်မဲ့သူတွေကိုတော့ မထိခိုက်ပါနဲ့!"

ကျီချောင်ချင်သည် ဤသို လူရွှင်တော်ဆန်သောအပြုအမူကို သည်းမခံနိုင်တော့သဖြင့် ကျိုးကျွင်းလန်ကို အေးစက်သောလေသံဖြင့် ပြောလာသည်။

"ငါ့ရဲ့အဖေက ထျန်းရွှမ်ဂိုဏ်းရဲ့အရင်ဂိုဏ်းချုပ်ဖြစ်ခဲ့တယ်၊ပြီးတော့ ချန်ဝမ်ရှန်းရဲ့အဖေက အရင်အကြီးအကဲဖြစ်ခဲ့တယ်၊ သူတိုက နတ်ဆိုးတွေကိုတိုက်ခိုက်ရင်း ကြေကွဲစရာကောင်းအောင်သေဆုံးခဲ့ကြတယ်၊ငါတိုက မိဘမဲ့တွေဖြစ်သွားလို အကြီးအကဲရှန်းတူးပိုင်ရဲ့တပည့်တွေ ဖြစ်လာသလို သူ့ရဲ့ အတွင်းလူလိုပဲ၊ နောက်ပိုင်းမှာ ငါ့ဆရာက ဂိုဏ်းချုပ် နေရာယူတုန်းက စစ်တန်းလျားထဲမှာ မီးပုံဘေး စကားပြောနေရင်း ဆရာက ငါ ကျိုးကျွင်းလန်ကို လက်ထပ်ချင်နေတာလို ဟာသအနေနဲ့ပြောခဲ့တဲ့အချိန် ငါကလည်း ပြန်ငြင်းခဲ့လို ရယ်စရာကရယ်စရာလိုပဲ ထားခဲ့ကြတယ်"

ကျီချောင်ချင်သည် ကျိုးကျွင်းလန်ကို ကြည့်လိုက်ပြီး ပြောသည်။

"လွန်ခဲ့တဲ့ နှစ်တစ်ရာက လင်ရှန်းရှန်းက ဒီအတိတ်ဖြစ်ရပ်ကို သုံးပြီး ငါ့ကို အသရေဖျက်ခဲ့တယ်၊ ဒါပေမဲ့ ရှင် တစ်ယောက် တည်းကပဲ ဒါကိုအလေးအနက်ထားခဲ့တာ ပြီးတော့ ရှင်က အဲ့ဒီ အတိတ်ဇာတ်လမ်းတွေကို ခဏခဏထုတ်ပြောပြီး ရှင်ကျွန်မကို ကြိုက်တယ်လို ထပ်ခါတလဲလဲ ပြောတယ်ကျွန်မ သိချင်တာက ရှင် ကျွန်မကို ကြိုက်တာလား ဒါမှမဟုတ် ရှင်က ကျွန်မကို စွဲလမ်းနေတာလား?"

သူမ လေသံထဲရှိ လှောင်ပြောင်သရော်မှုသည် အလွန် သိသာ ထင်ရှားသည်။ထိုအချိန်တွင် ကျိုးကျွင်းလန်သည် ကျီချောင်ချင်က သူ့ကို လုံးဝမချစ်ခဲ့ကြောင်း သဘောပေါက်သွားခဲ့သည်။

All Chapters