← Chapters

အခန်း (၁၇)

Vol. 2 Ch. 17

အခန်း (၁၇)

Vol. 2 Ch. 17

ခဏတာ အတွင်းမှာ သူ နောင်တရသင့်သလား သိုမဟုတ် မုန်းတီးသင့်သလားဆိုတာ မသိတော့ပေ။ ထိုစဉ်တုန်းက သူသည် မနာလိုမှုများကြောင့် မျက်စိကွယ်ခဲ့ပြီး သရဲမျိုးနွယ်စု၏လင်ရှန်းရှန်းကို တန်ဖိုးထားခဲ့ကာ ဂိုဏ်းအပေါ် သစ္စာရှိသော ကျီချောင်ချင်ကို ပြန်လမ်းမဲ့ချောက်ကမ်းပါးပေါ်မှ တွန်းချခဲ့သည်။

သူက လုံး၀ ငတုံးတစ်ယောက်ပဲ!

သူ ထိတ်လန့်တုန်လှုပ်နေချိန်မှာ ကျိုးကျွင်းလန်သည် နောင်တ ချောက်ကမ်းပါးပေါ်တွင် သူ့ဝိဉာဉ်စွမ်းအင်ကို အသုံးမပြုနိုင်တော့ကြောင်း မေ့လျော့သွားခဲ့သည်။သူသည် ကျောက်တုံးကြီးပေါ်မှ ခုန်ချလိုက်ရာ မြေပြင်ပေါ်သို ပြင်းထန်စွာ လဲကျသွားခဲ့သည်။

ကျီချောင်ချင် လှောင်ပြုံးပြုံးလိုက်သည်။

"ကျိုးကျွင်းလန်... ရှင် တကယ်ကို အသုံးမကျတာပဲ"

ကျိုးကျွင်းလန်သည် အလွန်အမင်း ရှက်ရွံစွာ ထရပ်လိုက်သည်။ သူ ကျီချောင်ချင်၏ မုန်းတီးခြင်းကို ခံနေရသည်။အဆုံးတွင် သူသည် ထုတ်မပြောဘဲမနေနိုင်တော့ပေ။

"ငါနောင်တရတယ် ကျီချောင်ချင် ငါ နောင်တရတယ်! ချောင်ချင်... သတ္တမရှစ်မေ့ရဲ့ မျက်နှာကိုထောက်ပြီး..."

ကျီချောင်ချင် ရုတ်တရက်ဆိုသလို ဒေါသများပေါက်ကွဲသွားသည်။

"ပါးစပ်ပိတ်ထားစမ်း၊ ရှင် သူမ အကြောင်းပြောဖိုမထိုက်တန်ဘူး!"

နောက်တစ်စက္ကန့်မှာ ကျီချောင်ချင်က ပြန်ပြုံးလိုက်ပြီး သူမ မျက်လုံးထဲတွင် ကောက်ကျစ်သော အလင်းရောင်ဖြင့် ပြည့်နှက်နေသည်။

"ကျွန်မလည်း နောင်တရတယ်၊ အဲ့တုန်းက ရှင့်ကိုမကယ်တင်ခဲ့သင့်ဘူး"

သူမ ပြောနေစဉ် ကျောက်တုံးတစ်ခုကို ဘေးသို တွန်းထုတ်လိုက်ရာ အောက်ဘက်တွင် တောက်ပနေသော ဝိဉာဉ်စွမ်းအင်တစ်ခု ပေါ်လာသည်။ထိုသည်မှာ ထျန်းရွှမ်ဂိုဏ်း၏ ဝိဉာဉ်သွေးကြော အရင်းမြစ်ဖြစ်သည်။

၎င်းဝိဉာဉ်သွေးကြောသည် ထျန်းရွှမ်ဂိုဏ်း၏အဖိုးအတန်ဆုံး ရတနာဖြစ်သည်။ ထျန်းရွှမ်ဂိုဏ်းကျင့်စဉ် အရှိန်သည် အခြားဂိုဏ်းများထက်ပိုမြန်ရခြင်း အကြောင်းရင်းမှာ ဤ ဝိဉာဉ်သွေးကြောကြောင့် ဖြစ်သည်။

"အဲ့တုန်းက နောင်တရချောက်ကမ်းပါး အောက်မှာ ဝိဉာဉ်သွေးကြောရဲ့ရင်းမြစ်တစ်ခုဝှက်ထားတာကို ကျွန်မ တွေ့ခဲ့တယ်၊ အခု တွေးကြည့်တော့ ထျန်းရွှမ်ဂိုဏ်းရဲ့ တောင်ထိပ်အမျိုးမျိုးမှာ အမြဲတမ်း ပြင်းထန်တဲ့ ဝိဉာဉ်စွမ်းအင်တွေ ဖုံးလွှမ်းနေတာကို ကျွန်မငြီးငွေ့နေပြီ၊ ရှုခင်းတွေက ပြောင်းဖို အချိန်တန်ပြီ"

ကျိုးကျွင်းလန်သည် ထိတ်လန့် တုန်လှုပ်သွားပြီး ကျီချောင် ချင်၏အဝတ်များကို လှမ်းဆွဲရန် ရုန်းကန်နေသည်။ သိုသော် သူ ပိုမိုရုန်းကန်လေလေ သူ့ခန္ဓာကိုယ်မှ သွေးမှုန်များ ပိုမို ထွက်လာလေဖြစ်သည်။

"ကျီချောင်ချင် မလုပ်နဲ့! ထျန်းရွှမ်ဂိုဏ်း ပျက်စီးသွားလိမ့်မယ်!"

ထျန်းရွှမ်ဂိုဏ်း၏အခြားအကြီးအကဲများလည်း အသက်မနည်း ထိန်းထားရာမှ ပိုလိုပင်ထိတ်လန့်နေကြသည်။

"ကျီချောင်ချင်! မလုပ်ပါနဲ့!"

"ဒါက မင်း ကြီးပြင်းခဲ့တဲ့ နေရာပဲလေ၊ မင်း ဒီနေရာကို အသက်မဲ့တဲ့ နေရာတစ်ခု ဖြစ်သွားအောင် လုပ်ချင်တာလား?!"

"မလုပ်ပါနဲ့! မင်း ဒေါသထွက်ရင် ငါတိုအပေါ် ပုံချပါ၊ ဝိဉာဉ်သွေးကြောကို မထိပါနဲ့!"

လူတိုင်း အသည်းအသန် တောင်းပန်နေကြသည်။ ထိုစဉ် တုန်းက သူမဘက်မှာ တစ်ယောက်ယောက်သာ ရပ်တည်ပေးခဲ့မည်ဆိုလျှင် ကျီချောင်ချင်သည် ထျန်းရွှမ်ဂိုဏ်းကို ဤသို အဆုံးသတ်မျိုး ရောက်လာစေမည် မဟုတ်ပေ။

လူ့နှလုံးသားဆိုသည်မှာ အရှုပ်ထွေးဆုံးအရာဖြစ်သည်။၎င်းတို့၏ကိုယ်ကျိုးအတွက်‌ဆိုမှ ၀င်ပါတတ်ကြသည်။

ကျီချောင်ချင်သည် ရုတ်တရက် စိတ်ဝင်စားစရာကောင်း သော စိတ်ကူးတစ်ခု ရလိုက်သည်။ သူမသည် ဝိဉာဉ်သွေးကြောကို ကောက်ယူပြီး စစ်ဆေးလိုက်ကာ ကျိုးကျွင်းလန်ကို သူမ၏ အခြားလက်ဖြင့် ဆွဲကိုင်ပြီး အစီအရင်၏ အစွန်းသို့ လွှင့်ပစ်လိုက်သည်။ ကျီချောင်ချင်သည် ကျိုးကျွင်းလန် ရှေ့တွင် ဒူးတစ်ဖက်ကွေးကာထိုင်ချပြီး သူ့ကို

လက်သီးဖြင့်ထိုးကာ ဝိဉာဉ်သွေးကြောအား သူ့လည်ချောင်းထဲသို့ ထိုးထည့်လိုက်သည်။

ချက်ချင်းဆိုသလို ကျိုးကျွင်းလန် ဝိဉာဉ်စွမ်းအင်များသည် တိုးပွားလာပြီး ဤသို့နက်နဲသည့် ဝိဉာဉ်စွမ်းအင်များမှာ နတ်ဘုရားများသာ ပိုင်ဆိုင်သောအရာဖြစ်သည်။ ဤနေရာသည် နောင်တရချောက်ကမ်းပါး အောက်ခြေသာ မဟုတ်ခဲ့ပါက

ကျိုးကျွင်းလန်သည် နေရာ၌ပင် ကောင်းကင်ဘုံသို့ တက်လှမ်းသွားနိုင်ဖွယ် ရှိသည်။

မကြာမီ ကျိုးကျွင်းလန် ခန္ဓာကိုယ်သည် ဝိဉာဉ်သွေးကြော များကြောင့် ပြန်လည် ပြုပြင်ခံလိုက်ရသည်။

ဝိဉာဉ်သွေးကြောသည် ၎င်း၏ ဂုဏ်သတင်းနှင့် အမှန်တကယ်ပင် ထိုက်တန်သည်။ နောင်တရချောက်ကမ်းပါး အောက်ခြေကဲ့သို့ နေရာမျိုး တွင်ပင် လူတစ်ယောက်ကို ကုသနိုင်စွမ်းရှိသည်။

လူတိုင်း၏ မျက်လုံးများတွင် မျှော်လင့်ချက် အလင်းရောင်တစ်ခု ပေါ်လာသည်။

ကျီချောင်ချင် မျက်လုံးများတွင် ထူးဆန်းသော အရောင်တစ်ခု လင်းလက်သွားပြီး

"အားလုံးပဲ ဒီအစီအရင်ထဲမှာ ဝိဉာဉ်သွေးကြောတွေကသာ ခန္ဓာကိုယ်ကို ကုသပေးနိုင်တယ်၊ ဒါပေမဲ့ ဒီ ဝိဉာဉ်သွေးကြောက အခုကျိုးကျွင်းလန်ရဲ့ဗိုက်ထဲမှာ ရောက်နေပြီ၊ ရှင်တို့ အသက်ရှင်ချင်တယ်ဆိုရင် ကိုယ့်ဘာသာ ကြည့်လုပ်ကြပါ"

ကျိုးကျွင်းလန် မျက်နှာသည် ချက်ချင်းဖြူဖျော့သွားသည်။

သေခြင်းတရားနှင့် ရင်ဆိုင်ရသောအခါ မည်သူမျှ လူသားဆန်မှုကို အလွန်အကျွံအထင်ကြီးရဲမည် မဟုတ်ပေ။

မကြာမီပင် ပထမဆုံးလူသည် ရှေ့သို့ တိုးလာပြီး ရှက်ရွံ့စွာ ပြောလိုက်သည်။

"ဂိုဏ်းချုပ်ကျိုး...ကျွန်တော့်မှာ ရွေးချယ်စရာမရှိဘူး ကျွန်တော့် မိသားစုက အိမ်မှာစောင့်နေတယ်၊ ကျွန်တော် မသေနိုင်ဘူး"

ထို့နောက် ဒုတိယ၊ တတိယ...

မကြာခင်မှာပဲ ကျိုးကျွင်းလန်ကို လူများ ဝိုင်းရံလာခဲ့သည်။တစ်ဖက်က သူ့ ယုံကြည်ရသူများဖြစ်ပြီး အခြားတစ်ဖက်က သူ့ဗိုက်ကိုခွဲထုတ်ချင်သူများဖြစ်သည်။

ဤနေရာရှိ လူတိုင်းသည် အားနည်းကြပြီး ဝိဉာဉ်စွမ်းအင် ကင်းမဲ့နေကြသည်။သူတို့ တိုက်ခိုက်ချင်ပါက အင်အားကိုသာ အသုံးပြုနိုင်တော့သည်။

အစီအရင်အောက်တွင် သွေးမှုန်များ ရောနှောနေသည်။ လူတိုင်း၏ မျက်လုံးများက နီရဲနေကြလျက် ကျင့်ကြံသူ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြသည်။တစ်ချိန်က လေးစားရသော ထျန်းရွှမ်ဂိုဏ်း၊ ကောင်းကင်ဘုံဂိုဏ်း ဟုနာမည်တွင်သော ဂိုဏ်းမှာ အသက်ရှင်နေသော ငရဲတစ်ခု ဖြစ်သွားခဲ့သည်။

အစီအရင်၏ အပြင်ဘက်တွင် ကျီချောင်ချင်သည် ကျောက်တုံးပေါ်တွင် ထိုင်နေပြီး ရယ်မောလိုက်သည်။

"ဝမ်းနည်းစရာပဲ၊ ဒီလို ခမ်းနားတဲ့ မြင်ကွင်းကို လူတွေအားလုံး မြင်သင့်တာ၊ အခုတော့ ငါ တစ်ယောက်တည်းပဲ မြင်နိုင်တာ ဝမ်းနည်းစရာပဲ!"

ရုတ်တရက် လူအုပ်ထဲမှ ကျိုးကျွင်းလန်သည် နှလုံးကွဲမတတ် အော်ဟစ်လိုက်သည်။

ကျီချောင်ချင် မော့ကြည့် လိုက်သောအခါ ကျင့်ကြံသူတစ်ဦးသည် ကျိုးကျွင်းလန် နှလုံးနှင့် အဆုတ်ကို ဆွဲထုတ်နေသည်ကို တွေ့လိုက်ရသည်။

"ဘာတွေဖြစ်နေတာလဲ၊ ဘာလို့ ဝိဉာဉ်သွေးကြောကို မတွေ့ရတာလဲ?!"

"မဟုတ်ဘူး၊ ဒါတွေ တစ်ခုမှ မဟုတ်ဘူး! ဝိဉာဉ်သွေးကြောက ဘယ်မှာလဲ?!"

အချို့လူများ သဘောပေါက်သွားကြသည်။

"ငါတို့ ကျီချောင်ချင်ရဲ့ လှည့်စားတာကို ခံလိုက်ရပြီ!"

လူအုပ်ကြီး၏ ဒေါသထွက်နေသော အကြည့်များအောက်တွင် ကျီချောင်ချင်က အပြစ်ကင်းစင်စွာ ပြောလိုက်သည်။

"ဟုတ်တယ် ရှင်တို့ လှည့်စားခံလိုက်ရပြီ၊ ဝိဉာဉ်သွေးကြောတွေက အရမ်းနူးညံ့သိမ်မွေ့တယ်၊တစ်ခါ နှောင့်ယှက်လိုက်ရင် ချက်ချင်းပျောက်ကွယ်သွားလိမ့်မယ် မဟုတ်ရင် ဝိဉာဉ်သွေးကြောကို နောင်တ ချောက်ကမ်းပါးအောက်မှာ ဘာလို့ ထားမှာလဲ၊ ဘာလို့ဆို ဒါက ရွှေ့လို့မရနိုင်လို့ပဲ!"

"ဒါဆို မင်း ကျိုးကျွင်းလန်ကို ဘာတွေကျွေးလိုက်တာလဲ?!"

ကျီချောင်ချင် ရယ်မောလိုက်သည်။

"ဝိဉာဉ်အားဖြည့်ဆေး တစ်ချို့ပါပဲ၊ အစီအရင်ထဲမှာဆို အသုံးမဝင်ဘူး၊ ကျွန်မ ရှင်တို့ကို စနေတာ"

ထျန်းရွှမ်ဂိုဏ်း၏ ဂိုဏ်းချုပ်၊ ဂိုဏ်းကြီးငါးခု၏ခေါင်း ဆောင် ကျိုးကျွင်းလန်သည် ဤနည်းလမ်းကြောင့် သေဆုံးခဲ့ရသည်။

"ယုတ်မာပြီး အရှက်မဲ့လိုက်တာ"

"ကျီချောင်ချင်... မင်း ငါတို့ထဲက လူ ဒီလောက်များများကို သတ်ခဲ့တယ်၊မင်းနဲ့ စည်းတံဆိပ်ခတ်ထားတဲ့ နတ်ဆိုးတွေက ဘာများ ကွာခြားတော့မှာလဲ"

"နတ်ဆိုးမ...ဒီနေ့ ငါတို့ သေသွားမယ်ဆိုရင်တောင် ဂိုဏ်းကြီးတွေကို သတ်ပစ်ဖို့ အမိန့်ထုတ်ခိုင်းပြီး နင့်ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်မှာ!"

"အမှိုက်!နတ်ဆိုးလိုမိန်းမ!နင်အဲ့တုန်းက ပြန်လမ်းမဲ့ချောက် ကမ်းပါး အောက်ခြေမှာပဲ သေသင့်တာ!"

ကျီချောင်ချင်သည် သူမ လက်ချောင်းများကို အနည်းငယ် လှုပ်ရှားလိုက်ရာ အစီအရင်သည် အရှိန်မြှင့်သွားခဲ့သည်။ဝိဉာဉ်စွမ်းအင် နည်းပါးသော တပည့်များစွာသည် သူတို့၏ ခန္ဓာကိုယ် တစ်ဝက်ကို ဆုံးရှုံးသွားခဲ့ပြီး နာကျင်မှုကြောင့် အော်ဟစ်သံများမှာ မဆုံးနိုင်အောင် ထွက်ပေါ်လာသည်။

သူမ၏ လက်ကောက်ဝတ်ပေါ်ရှိ ဗုဒ္ဓ ပုတီးစေ့များသည် သိမ်မွေ့သော အေးမြမှုကို ထုတ်လွှတ်နေသည်။ ကျီချောင်ချင် ညင်သာစွာ မျက်လုံးများကို မှိတ်လိုက်ပြီး သူမ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားသည်။ထိုပုံစံမှာ ဆွဲဆောင်မှုရှိသော ဂီတကို နားထောင်နေသည့်ပမာထင်ရသည်။

သူမသည် ဂိုဏ်းအမျိုးမျိုးမှ အကြီးအကဲ များပြောခဲ့သော စကားများကို ပြန်လည် အမှတ်ရပြီး ထိုစကားများကို သူတို့အား ပြန်လည် ပြောပြလိုက်သည်။

"အားလုံးပဲ...ရှင်တို့ သေဆုံးပြီးရင် ရှင်တို့ရဲ့ ဝိဉာဉ်စွမ်းအင်တွေက သက်ရှိအားလုံးကို အကျိုးပြုလိမ့်မယ်၊ ဒါကလည်း ကောင်းမှုတစ်ခုပါပဲ၊ ရှင်တို့ရဲ့ အသက်တွေက အသက်တွေဖြစ်သလို သက်ရှိအားလုံးရဲ့ အသက်ကလည်း အသက်တွေပဲ၊ ရှင်တို့က ကျင့်ကြံသူတွေဖြစ်ပေမယ့် ဒီလို အဆုံးသတ်က ရှင်တို့ရဲ့ကံကြမ္မာပဲ"

ကျီချောင်ချင်အသံသည်ပိုလို့ပင် နူးညံ့ပြီး သူမ လေသံထဲတွင် ကရုဏာသက်မှု အရိပ်အယောင်တစ်ခုပါဝင်နေသည်။သို့သော်လည်း ဤကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသော သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်တွင် သူမနူးညံ့မှုနှင့် ကရုဏာများသည် လူတိုင်းကို အရိုးထဲအထိချမ်းတုန်သွားစေသည်။

မည်သူမျှ အသံမထွက်ရဲကြပေ။

ကျီချောင်ချင် ရူးသွပ်သွားပြီဖြစ်သည်။

All Chapters