← Chapters

အခန်း (၁၉)

Vol. 2 Ch. 19

အခန်း (၁၉)

Vol. 2 Ch. 19

နာကျင်စွာ အော်ဟစ်သံများ ချက်ချင်းထွက်ပေါ်လာသည်။ကျီချောင်ချင်ကို လွန်ခဲ့သော စက္ကန့်ပိုင်းကမှ အပြစ်တင်ခဲ့သူများသည် လျင်မြန်စွာလဲကျသွားကြသည်။ ဤ တားမြစ်ထားသောနေရာ၏ အပြင်ဘက်တွင် သူတိုသည် လေကိုပင် အမိန့်ပေးနိုင်ပြီး မိုးကို ဆင့်ခေါ်နိုင်သည်။ သိုသော် သည်နေရာတွင်တော့ သူတိုသည် နင်းချေ ခံရမည်ကိုစောင့်နေသော ပိုးကောင်လေးများပမာ ကျီချောင်ချင် ခြေထောက်အောက်တွင် သနားစရာကောင်းစွာ လဲကျပြီး သူ့ထံမှ သနားညှာတာမှုကို တောင်းပန်နေကြသည်။

လူများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြသည်။လေထဲတွင် ဝေ့ဝဲ‌နေသော သွေးနံ့မှာ လက်တွေ့ဆန်လွန်းလှသည်။ မကျေနပ်ချက်များနှင့် သွေးညှီနံ့များသည် လေထုထဲတွင် အတူပျံဝဲနေပြီး အသက်ရှင်နေသောငရဲနှင့် ပိုလိုပင် ဆင်တူလာသည်။

သွေးနှင့်အတူ မြင်မကောင်းသော အသားစများသည် နေရာတိုင်းတွင် ပျံ့ကြဲနေသည်။ မြေပြင်ပေါ်ရှိ သွေးများသည် စုပုံလာပြီး တဖြည်းဖြည်း ချောင်းငယ်လေးတစ်ခုဖြစ်လာသည်။မကျေနပ်ချက်နှင့် နတ်ဆိုးစွမ်းအင်များလည်း တစ်စတစ်စ ရောယှက်လာသည်။ မကြာမှီတွင် ဤနေရာသည် နတ်ဆိုး နယ်မြေတစ်ခု ဖြစ်လာတော့မည်။

ကျီချောင်ချင် ပြုံးလိုက်သည်။ ဤလူများကို အပြီးအပိုင် ဖယ်ရှားနိုင်တော့မည်။ ထိုစဉ် ရုတ်တရက် သူမ ပခုံးပေါ်တွင် လက်တစ်ဖက်မှ သူမကို တင်းကြပ်စွာဖိလာသည်။

သူမ ခေါင်းလှည့်ကြည့်လိုက်သောအခါ ရှန်ကျွင်းသည် နောင်တ ချောက်ကမ်းပါး အောက်ခြေတွင် ပေါ်လာသည်ကို တွေ့လိုက်ရသည်။ သူ့ ကျောက်စိမ်းရောင် မျက်နှာသည် ပုံမှန်နှင့်မတူဘဲ တည်ကြည်နေသည်။

သူက ပြောလိုက်သည်။

"ကျီချောင်ချင်... ရပ်လိုက်!"

ကျီချောင်ချင် မျက်နှာပေါ်တွင် မည်းနက်သောမျဉ်းများမှာ တစ်စနှင့်တစ်စ ပိုများလာပြီး ရွေ့လျားနေသည်။ သူမ ရှန်ကျွင်းကို ကြည့်လိုက်ပြီး စိတ်ရင်းမှန်ဖြင့် မေးလိုက်သည်။

"ရှန်ကျွင်း...ရှင် ကျွန်မကို သတ္တဝါအားလုံးက ဆင်းရဲဒုက္ခကို ခံစားရတယ်၊ အဆိုးဆုံးလူတောင်မှ လူကောင်းဖြစ်ဖို အခွင့် အရေးရှိတယ်လို ပြောခဲ့တယ် ၊ဘာလို ဘယ်သူမှ ကျွန်မကို မကယ်တင်နိုင်ရတာလဲ?ဘာလို လူတိုင်းက ကျွန်မကို ထိခိုက်အောင် လုပ်ချင်နေရတာလဲ? ဘာလို ဘယ်သူမှ ကျွန်မကို ကောင်းမွန်တဲ့ ဘဝတစ်ခုမှာ ရှင်သန်ဖို အခွင့်အရေးမပေးတာလဲ? ဒါ ကျွန်မ လွတ်လပ်ဖိုအတွက် တစ်ခုတည်းသော အခွင့်အရေးပဲ၊ ဘာလို ရှင်က ကျွန်မကို တားနေတာလဲ?"

ရှန်ကျွင်းသည် ကျီချောင်ချင် လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည်။

"ငါ မင်းကို ကယ်တင်နေတာ"

ကျီချောင်ချင် ထပ်ပြီး ရယ်လိုက်ကာ ရှန်ကျွင်း၏ လက်ထဲမှ ရုန်းထွက်လိုက်ပြီး နောက်သို ခြေနှစ်လမ်းဆုတ်လိုက်သည်။သူမ၏ မျက်လုံးများသည် သွေးနီရောင် ပြောင်းသွားသည်။

"ကျွန်မ ရှင့်ကို တစ်ခုပဲ မေးမယ်၊ ကျွန်မ သူတိုအကုန်လုံးကို ဒီနေ့ သတ်တော့မယ်၊ရှင် တကယ်ပဲ ကျွန်မကို တားမှာလား?"

ရှန်ကျွင်းသည် သူ၏ လက်သီးများကို တင်းတင်းဆုပ်လိုက်ပြီး အေးစက်စွာ ပြန်ဖြေသည်။

"ငါ မင်းကို ကယ်တင်..."

ကျီချောင်ချင် ရှန်ကျွင်းကို စကားပြောခွင့် မပေးတော့ပဲ ပြတ်သားစွာ အော်လိုက်သည်။

"ရေခဲချိုးဖျက်ယပ်တောင် သူ့ကို သတ်!"

ရေခဲချိုးဖျက်ဓားသည် ရုတ်တရက် ရှန်ကျွင်း၏ လက်ထဲမှ လွတ်သွားပြီး လေထဲတွင် ခေါက်ယပ်တောင်အဖြစ် ပြောင်း လဲသွားသည်။ ၎င်းမျက်နှာပြင်သည် အေးစက်စွာ တောက်ပနေပြီး ရှန်ကျွင်းဆီသို လျင်မြန်စွာ ခုတ်ပိုင်းလိုက်သည်။

ရှန်ကျွင်းသည် ဘေးသို ရှောင်လိုက်သည်။ ဤနေရာတွင် ဝိဉာဉ်စွမ်းအင်ကို အသုံးမပြုနိုင်ပေ။ ကျီချောင်ချင်သည် ယပ်တောင်၏ ကိုယ်ပိုင်အသိစိတ် အပေါ်မူတည်ပြီး ရေခဲချိုးဖျက်ယပ်တောင်အား သူ့ကိုသတ်ရန် အမိန့်‌ပေးခဲ့သည်။ ဝိဉာဉ်စွမ်းအင်မရှိသဖြင့် ရေခဲချိုးဖျက်ယပ်တောင်သည် အလွန် အစွမ်းထက်မည်မဟုတ်ပေ။ ထိုပြင် ရှန်ကျွင်းသည် ဝိဉာဉ်စွမ်းအင်ကျင့်ကြံသူ မဟုတ်ပေ။ ထိုနေရာတွင် မည်သူမှ သူ့ကို အနိုင်မယူနိုင်ပေ။

သူ ကျီချောင်ချင်ကို ရပ်တန့်လိုက်ပြီးတည်ငြိမ်စွာပြောလိုက် သည်။

"မင်း နတ်ဆိုး ပူးကပ်ခြင်းထဲကို ကျရောက်တော့မယ်"

ကျီချောင်ချင် ပြုံးလိုက်သည်။ သူမ၏ အမူအရာသည် ကြမ်းတမ်းနေသည်။

"ကျွန်မ နတ်ဆိုး ပူးကပ်ခြင်းထဲကို ကျရောက်ချင်လိုပဲ၊ ဒီလောကမှာ ဘယ်သူက ကျွန်မကို ထိန်းချုပ်နိုင်မှာလဲ? ဘယ်သူက ကျွန်မကို ထိန်းချုပ်ဖို သတ္တိရှိမှာလဲ? ကျွန်မ ကိစ္စတွေမှာ ဝင်ပါဖို ကြိုးစားတဲ့သူ မှန်သမျှသေရမယ်"

ကျီချောင်ချင် သူမ၏ ညာဘက်လက်ကို ဆန့်တန်းလိုက်ရာ ခွင်းလွန်ဓားသည် ထောင့်တစ်နေရာမှ ပျံသန်းလာသည်။တစ်ချိန်က နှင်းဖြူရောင် ဖြစ်ခဲ့သော ဓားသည် ယခုအခါ မည်းနက်နေပြီး နတ်ဆိုးစွမ်းအင်များပင် ရောယှက်နေသလို ထင်ရသည်။

ထိုစဥ် တပည့်တစ်ယောက်သည် သွေးအန် ထွေးထုတ်လာကာ ကျီချောင်ချင်ကို မကျေနပ်ချက်များဖြင့် စိုက်ကြည့်လိုက်သည်။

"ခွင်းလွန်ဓားက သခင်ကို ဘာလို့ အသိအမှတ်မပြုတာလဲဆိုတာ အံ့သြစရာမရှိဘူး၊ မင်းက တကယ်စွန့်လွှတ်ခဲ့တာမှမဟုတ်တာ"

ကျီချောင်ချင်သည် ထိုလူကို လှည့်ပင်မကြည့်ခဲ့ပေ။သူမ ဘယ်လိုလုပ် ခွင်းလွန်ဓားကို ဆုံးရှုံးခံမှာလဲ ? မနေ့က သူမသည် ဂိုဏ်းကို အာရုံပြောင်းဖို့သာ အသုံးပြုခဲ့ခြင်းဖြစ် သည်။

ရှန်ကျွင်းသည် အဖြူရောင်ဝတ်စုံနှင့် ခန့်ညားစွာသာရှိသေးပြီး သွေးတစ်စပင် မစွန်းထင်းဘဲရှိနေသည်။

အတိတ်က ကျီချောင်ချင်နှင့် နှိုင်းယှဉ်လျှင် သူသည် နတ်ဘုရားနှင့် ပိုတူသည်။သူသည် အစွမ်းလည်း ထက်ပြီး၊ဆင်ခြင်တုံတရားရှိကာ၊သနားကြင်နာတတ်သူ ဖြစ်သော် လည်း လူ့သဘာဝအကြောင်းကို လုံးဝနားမလည်သူဖြစ်သည်။

ကျီချောင်ချင် ဒေါသများလှိုက်တက်လာသည်။ ရှန်ကျွင်းမှာ သူ့ရဲ့လှပတဲ့ရုပ်ရည်ကလွဲရင် သူြကို တားဆီးဖို့ ဘာအခွင့် အရေးရှိလို့လဲ?

ကျီချောင်ချင် ဓားဖျားသည် ရှန်ကျွင်းကို ချိန်ရွယ်နေသော်လည်း သူသည် မရွေ့လျားဘဲ ရှိနေသည်။

ကျီချောင်ချင်၏ မျက်လုံးများတွင် ‌မကျေမနပ်ချက်များ ပြည့်နှက်နေသည်။

"ကျွန်မ နောက်ဆုံးတစ်ကြိမ် ပြောမယ်၊ ဖယ်!"

ရှန်ကျွင်း၏ နဖူးကြောများသည် တွန့်ကွေးလာပြီး

"ငါ မင်းကို ရပ်ဖို့ပြောနေတယ်"

ကျီချောင်ချင်သည် သူမ သူ့ကို မနိုင်ကြောင်း ကောင်းစွာ သိသည်။

သူမ အစီအရင်ကို ကြည့်လိုက်သည်။ အတွင်းမှ လူအားလုံးနီးပါး သေဆုံးသွားခဲ့ပြီး ကျန်ရှိနေသေးသော အနည်းငယ်သည် အသက်လုနေရသည်။ ကျီချောင်ချင် အစီအရင်ကို ယခုဖယ်ရှားလိုက်လျှင်ပင် သူတို့ အသက်ရှင်နိုင်မည် မဟုတ်တော့သည်မှာ သေချာသည်။

ကျီချောင်ချင် ရုတ်တရက် လှောင်ပြုံးလိုက်သည်။

မည်သူမှ သူမ၏ ဝမ်းနည်းပူဆွေးမှုကို နားမလည်ခဲ့ကြသလို မည်သူမှ သူမ၏ နာကျင်မှုကို မသိခဲ့ကြပေ။ သူမသည် ထျန်းရွှမ်ဂိုဏ်းအတွက်ဓားတစ်လက်ဖြစ်ပြီး ထိုဓားတစ်လက်၏ ခံစားချက်ကို မည်သူမှ ဂရုမစိုက်ခဲ့ကြပေ။

ကျီချောင်ချင်သည် လျှပ်စီးအဆောင်လက်ဖွဲ့ကိုအစီအရင် ဖြင့် တစ်ဖန် ဖောက်ခွဲလိုက်သည်။ နောင်တ ချောက်ကမ်းပါးထိပ်ရှိ ထျန်းရွှမ်ဂိုဏ်းပေါ်တွင် ရုတ်တရက်ဆိုသလို ပြင်းထန်သော မီးတစ်ခု လောင်ကျွမ်းလာသည်။ မီးလျှံများသည် တောင်ထိပ်တစ်ခုပြီးတစ်ခုမှ ကောင်းကင်ထိတိုင် လောင်ကျွမ်းနေသည်။

ထျန်းရွှမ်ဂိုဏ်း ကျဆင်းမှုကို မည်သူမျှ တားဆီးနိုင်မည် မဟုတ်ပေ။

ကျီချောင်ချင်သည် ထျန်းရွှမ်ဂိုဏ်း၏အမြင့်ဆုံး တောင်ထိပ်ဖြစ်သော ထျန်းရွှမ်ဂိုဏ်းဘိုးဘေး ရှန်းတူးပိုင် တိတ်ဆိတ်စွာ ကျင့်ကြံခဲ့သည့် နေရာကို မော့ကြည့်လိုက်သည်။

လေက ထိုနေရာကို မရောက်နိုင်တော့ မီးကလည်း

၎င်းနေရာထိ မလောင်နိုင်ပေ...

သူမ ဤအချက်ကို သဘောပေါက်လိုက်သောကြောင့် ဒေါသဖုံးလွှမ်းနေသော ကျီချောင်ချင်ကို အသိပြန်ဝင်လာစေခဲ့သည်။ သူ့ လက်ကောက်ဝတ်ပေါ်ရှိ ပုတီးစေ့များသည် ယခုအခါ အေးခဲလောက်အောင် အေးစက်နေသည်။ သူမသည် ခွင်းလွန်ဓားကို အဝေးသို့ ပစ်ချလိုက်သည်။

မလုံလောက်သေး... မလုံလောက်သေးဘူး! ကောင်းကင်ဘုံက မတရားလိုက်တာ၊ ဘာလို့ သူက ကိုယ့်ဘက်ကိုယ် ကြည့်လို့မရတာလဲ? ဘာလို့ သူက လူတိုင်းရဲ့ ရှေ့မှာ ရပ်ပေးရမှာလဲ? ဘာလို့ သူက လက်နက်တစ်ခုလို အသုံးပြုခံရတာလဲ?နှစ်တစ်ရာလုံးလုံး ညတိုင်းညှဉ်းပန်းနှိပ်စက်မှုကို ခံယူခဲ့ရတဲ့အတွက် ဘာတွေရခဲ့လဲ? ပိုပြီး ကြီးမားတဲ့ မီးကို လောင်ကျွမ်းစေရမယ်၊ ကျီ‌‌ချောင်ချင်ကို ထိခိုက်အောင် လုပ်ခဲ့တဲ့သူတွေနဲ့ အသရေဖျက်ခဲ့တဲ့သူတွေ အားလုံးကို သူတို့ရဲ့ အသက်တွေနဲ့ ပေးဆပ်စေရမယ်!

ကျီချောင်ချင်သည် သူ့ ရင်ဘတ်ထဲရှိ အစီအရင်မှာ သူမကို နှစ်ပေါင်းများစွာ ညှဉ်းပန်း နှိပ်စက်ခဲ့သောအကြောင်းကို တွေးလိုက်မိသည်။ သူသာ အစီအရင် ငါးခုကို ရရှိနိုင်မည်ဆိုလျှင် နတ်ဆိုးနှင့် ဘီလူးမျိုးနွယ်စုများကို စည်းတံဆိပ် ဖွင့်နိုင်ပေမည်။

"နတ်ဘုရား လက်နက်လေးခုပေါ်လာပြီ၊ ကောင်းကင်ဘုံက လှုပ်ရှားတော့မယ်"

လေပြင်းတိုက်ခတ်မှုက သူမ ဆံပင်များကိုပင် ဖြတ်တိုက် သွားသည်။မီးရောင်က ကျီချောင်ချင် မျက်နှာကို ပိုလို့ပင်ထင်ရှားစေသည်။သူမသည် သူမရှေ့မှ ရှန်ကျွင်းကို ကြည့်လိုက်သည်။

"ဒီည ငါ့ဒေါသကို ဖြေခဲ့ပြီးပြီ၊ ငါ့နှလုံးသားထဲက ရန်ငြိုးတွေပြေသွားပြီ၊ ငါ ဒီလူတွေကို ဆက်မသတ်ချင်တော့ဘူး၊ ရှန်ကျွင်း... ရှင်လည်း သွားသင့်ပြီ"

"သတင်းထူးဟေ့၊ ထျန်းရွှမ်ဂိုဏ်း ရေခဲချိုးဖျက်တောင်ထိပ်ရဲ့ အကြီးအကဲ ကျီချောင်ချင် မနေ့ညက ရူးသွပ်ပြီး ထျန်းရွှမ်ဂိုဏ်းကို မီးမြိုက် ဖျက်ဆီးလိုက်ပြီတဲ့၊ သူက ထျန်းရွှမ်ဂိုဏ်းရဲ့ နှစ်ပေါင်းတစ်ထောင်အခြေခံရှိတဲ့ ဝိညာဉ်သွေး ကြောတွေကိုလည်းကြေမွအောင် ချိုးဖျက်ပစ်ပြီး ဘဏ္ဍာ တိုက်ကရတနာတွေကိုလည်း ခိုးယူသွားတယ်! ဂိုဏ်းပေါင်းစုံက ဧည့်သည်တွေကိုပါ ထျန်းရွှမ်ဂိုဏ်း တပည့်တွေကြား အချင်းချင်းသတ်ဖြတ်ဖို သွေးထိုးလှုဆော်ခဲ့လို ဂိုဏ်းချုပ်ကျိုးကျွင်းလန်က နေရာမှာတင် အသက်ဆုံးရှုးသွားရတယ်၊ဒီတစ်ညတာတွင်းမှာ ထျန်းရွှမ်ဂိုဏ်းက သွေးချောင်းစီးပြီး နက်ရှိင်းတဲ့ နာကြည်းမှုတွေနဲ့ ပြည့်နေတဲ့ နတ်ဆိုးနယ်မြေလိုဖြစ်နေပြီ!"

"ကြားမိကြလား?ဒီရက်ပိုင်း ထျန်းရွှမ်ဂိုဏ်းထဲဝင်သွားတဲ့သူ ဘယ်သူမှ အသက်ရှင်လျက် ပြန်မလာကြဘူးတဲ့၊ မနေ့ညက ထျန်းရွှမ်ဂိုဏ်းမှာရှိတဲ့ လူအားလုံးကို အဲ့ဒီမိစ္ဆာမကျီချောင်ချင်က သတ်ဖြတ်ခဲ့တာ!"

"ကျွန်တော် ကြားတာကတော့ ထျန်းရွှမ်ဂိုဏ်း တောင်ခြေက လူတွေ တစ်ညလုံး အော်သံတွေ၊ ငိုညည်းသံတွေကို ကြားခဲ့ရတယ်တဲ့၊ တောင်ထိပ်မှာ မီးတောက်ကြီးတစ်ခုကလည်း လောင်နေတာ၊ ဒီမနက် လှမ်းကြည့်လိုက်တော့ ထျန်းရွှမ်ဂိုဏ်းတစ်ခုလုံး ပြားပြား၀ပ်နေပြီ"

လက်ဖက်ရည်ဆိုင်ထဲမှ လူတိုင်းသည် ဤသတင်းကို ပွက်လောရိုက်အောင် ဆွေးနွေးနေကြသည်။

"ဒီနေ့ ဂိုဏ်းပေါင်းစုံက လူတွေ ထျန်းရွှမ်ဂိုဏ်းကိုသွားကြတာကို ကျွန်တော်မြင်ခဲ့တယ်၊ သူတို ဘာများရှာတွေ့မလဲ မသိဘူး၊ လူတိုင်းက ကျီချောင်ချင်က ထျန်းရွှမ်ဂိုဏ်းရဲ့ ဘဏ္ဍာတိုက်က ပစ္စည်းအများစုကို ခိုးသွားတယ်လို ပြောနေကြတာ၊ ကျန်တာကလည်း မနည်းလောက်ဘူး!"

"ဒါပေမဲ့ လမ်းစဉ်ခြောက်ခုမှတ်တမ်းက ဂိုဏ်းချုပ်ရဲ့အခန်းထဲက လျှိဝှက်ခန်းထဲမှာပဲ ရှိနေသေးတယ်လို ကြားတယ်၊တခြားဂိုဏ်းတွေက ကာကွယ်ပေးခဲ့တာဖြစ်မယ်!"

"တော်ပြီ မပြောနဲ့တော့! တစ်စုံတစ်ယောက်ကကျီချောင်ချင် မနေ့ညက သွေးစွန်းနေတဲ့ ဝတ်ရုံဝတ်ပြီး တောင်ပေါ်က ဆင်းလာတာကို မြင်ခဲ့ရတယ်လို ကျွန်တော် ကြားတယ်၊ သူ ဘယ်ကို သွားတယ်ဆိုတာ ဘယ်သူမှ မသိကြဘူး၊ ဒီမိစ္ဆာမရဲ့ လှုပ်ရှားမှုက ခန့်မှန်းရခက်လွန်းတယ်၊ကျွန်တော်တိုလို သာမန်လူတွေ သူမနဲ့ မျက်နှာချင်းဆိုင်ဖို လုံးဝ မဖြစ်နိုင်ဘူး"

ခဏတာအတွင်းမှာ ကျီချောင်ချင်ဆိုသော နာမည်သည် ပိတ်ပင်ထားသော အရာတစ်ခုပမာ ဖြစ်သွားပြီး လူတိုင်းသည် သူမထံမှ ပစ်မှတ်ထားခြင်း ခံရမည်ကိုကြောက်ရွံသော ကြောင့် အသံများကို တိုးတိုးသာပြောဆိုရဲကြသည်။

All Chapters