← Chapters

အခန်း (၂၀)

Vol. 2 Ch. 20

အခန်း (၂၀)

Vol. 2 Ch. 20

ကျီချောင်ချင် တစ်နေ့လုံး လမ်းလျှောက်ခဲ့ပြီးနောက် အဆုံးတွင် ထျန်းရွှမ်ဂိုဏ်းမှ ဆင်းသက်နိုင်ခဲ့သည်။

သစ်တောတစ်ခုကို ဖြတ်ကျော်ပြီးတဲ့နောက် သူမ မခံနိုင်တော့ဘဲ ထိုင်ချလိုက်ပြီး သွေးတစ်ပွက်အန်ထုတ်လိုက်ရသည်။

မနေ့ညက နာကျင်မှုကို အတင်းအကျပ် ဖိနှိပ်ထားခဲ့သော် လည်း ယခုအခါ တန်ပြန်သက်ရောက်မှုကြောင့် သူမ ကိုယ့်ကိုယ်ကို ရိုက်ချင်စိတ်ပင်ပေါက်လာသည်။

ကျီချောင်ချင်သည် ရုန်းကန်မှုကို ရပ်လိုက်ပြီးလှဲလျောင်း နေဖို ဆုံးဖြတ်လိုက်သည်။ သူမ ခန္ဓာကိုယ် အခြေအနေသည် သာမန်လူများထက်ပိုဆိုးနေသည်ကို ထည့်တွက်ပြီး အိပ်ရန်ရည်ရွယ်ကာလက်တစ်ဆုပ်စာ အရွက်ကိုကိုယ်ပေါ် အသာ အယာ ဖုံးအုပ်လိုက်သည်။

ထိုအချိန်တွင် ကျီချောင်ချင်သည် ဇီးပန်း၏အေးစိမ့်သော ရနံ့ကိုရလိုက်ပြီး မသိစိတ်မှ မျက်လုံးဖွင့်ကြည့်မိလိုက်ရာ အဖြူရောင် ဝတ်စုံနှင့် အေးစက်စက် အလှလေးသည် သူမဘေးတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

ကျီချောင်ချင် မျက်လုံး မဖွင့်ဘဲ ပြောလိုက်သည်။

"ရှန်ကျွင်း... ကျွန်မနောက်က လိုက်နေတာ ရပ်လိုက်တော့၊ကျွန်မ မကောင်းတာတွေ ထပ်မလုပ်တော့ဘူးလို ပြောပြီးပြီလေ၊ ရှင့်လမ်း ရှင်သွားပါ”

ရှန်ကျွင်းက ကျီချောင်ချင် နောက်ကို လမ်းတစ်လျှောက်လုံးလိုက်ခဲ့သော်လည်း သူတိုနှစ်ယောက် စကားတစ်ခွန်းမှ မပြောခဲ့ကြပေ။ ကျီချောင်ချင်သည် ထိုသူမှာ စိတ်ကောင်းရှိသူမှန်း သိသည်။ သူသည် အနီရောင်နဂါးကိုတောင် လွှတ်ပေးခဲ့ဖူးသူဖြစ်သောကြောင့် သူမ မနေ့ညက လုပ်ခဲ့သောအပြစ်များအတွက် အနောက်ကလိုက်နေခြင်းသာ။

ကံမကောင်းစွာဖြင့် သူမ လုပ်ခဲ့သည်များကို မှားသည်ဟု မထင်ခဲ့သောကြောင့် သူ့အတွေးများကို အာရုံမစိုက်ပေ။ ထိုသည်တင်မကသေး သူမသည် တခြားသူများဆီမှ အစီအရင်မျက်လုံးများကို ရှာဖွေပြီး အစီအရင်မျက်လုံး ငါးခုကိုစုဆောင်းပြီးသည်နှင့် နတ်ဆိုး၊ ဘီလူးနှင့် သရဲမျိုးနွယ်များကို လွှတ်ပေးလိုက်မည်ဖြစ်သည်။ သူမသည် ကမ္ဘာကြီးကို ရှုပ်ထွေး ပွတ်လောရိုက်စေချင်ပြီး သက်ရှိအားလုံးကို အဆုံးမရှိသော ရုန်းကန်မှုထဲသို ဆင်းသက်စေချင်သည်။

ရှန်ကျွင်းက အေးစက်စွာ ပြောလိုက်သည်။

"မင်း ငါ့ကို လိမ်ခဲ့တယ်၊ ငါ မင်းကို မယုံဘူး”

"အဲ့တော့? ကျွန်မကို သတ်ချင်ရင် သတ်လိုက်လေ၊ နောက်ကတော့ မလိုက်နဲ့!"

ကျီချောင်ချင်သည် တည်ငြိမ်စွာ ပြောလိုက်သော်လည်း သူမ သိုလှောင်လက်စွပ်ထဲမှ ခွင်းလွန်ဓားသည် တိုက်ခိုက်ဖို အသင့်အနေအထားရောက်နေပြီဖြစ်သည်။ ရှန်ကျွင်းသာ လှုပ်ရှားမှုတစ်ခုခု ပြုလုပ်သည်နှင့် ခွင်းလွန်ဓားသည် သူ့လည်ချောင်းကို ဖြတ်ပစ်လိမ့်မည်။

ရှန်ကျွင်း ပြောလိုက်သည်။

"မင်း မသေမချင်း ထွက်မသွားဘူး”

ကျီချောင်ချင် လှောင်ပြောင်လိုဟန်ဖြင့် မျက်လုံးဖွင့်လိုက်သည်။ သူ့ မျက်လုံးများမှာ စိန်ခေါ်သောအလင်း‌ရောင် တချက် လင်းလက်သွားပြီး

"သူတော်စင်ကြီးရယ်...ကျွန်မ ရှင့်ကို မနိုင်ပါဘူး၊ ဘာလို့ ကျွန်မကို သတ်မပစ်တာလဲ? ကျွန်မ အသက်ရှင်ဖို့ နှစ်တွေအများကြီး မကျန်တော့ဘူး၊နွေးထွေးတဲ့ နေရာလေးတစ်ခုရှာပြီး လဲလျောင်းချင်ရုံပါ၊ ရှင်ရှိနေတာက ကျွန်မကို တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်”

ရှန်ကျွင်းသည် ကျီချောင်ချင် စကားများကို လျစ်လျူရှုထားသည်။

"ထ...”

"မထဘူး”

"မင်းကို သွားခွင့်မပေးနိုင်ဘူး”

ကျီချောင်ချင်သည် ဆက်လဲလျောင်းနေလျက်

"ကျွန်မရဲ့ ဘေးမှာ နေတဲ့သူတိုင်း အဆုံးသတ်မကောင်းခဲ့ဘူး၊ ရှင့်ရဲ့ လေကို ချွေတာစမ်းပါ"

ရှန်ကျွင်း မျက်မှောင်ကြုတ်လိုက်သည်။

သူ ဒေါသထွက်နေသည်မှာ ထင်ရှားလှသည်။

ထိုအချိန်တွင် သိပ်မဝေးသောချုံပုတ်ထဲမှ တရှဲရှဲအသံတစ်ခု ထွက်ပေါ်လာသည်။

"ဒီနားမှာ သူ့ကို ရှင်းရှင်းလင်းလင်း မြင်ခဲ့တာပါ၊ ဘယ်လိုလုပ် ပျောက်သွားရတာလဲ!"

"လွဲချော်လို့မဖြစ်ဘူး၊ အခု ကျီချောင်ချင်က မြို့တစ်မြို့ ၀ယ်လို့ရတဲ့အထိ တန်ကြေးမြင့်နေပြီ"

"နည်းနည်း ရှေ့ဆက်ရှာရ‌အောင်၊ ဒါပေမဲ့ သိပ်မနီးစေနဲ့... မဟုတ်ရင် ဘယ်လိုသေသွားမှန်းတောင် သိရမှာမဟုတ်ဘူး!"

ကျီချောင်ချင် စဉ်းစားလိုက်သည်။ ဤနေရာသည် နောင်တ ချောက်ကမ်းပါးမဟုတ်သောကြောင့် ကောင်းကင်ဆန့်ကျင် မှော်အစီအရင်မရှိပေ။ သူမ လက်ရှိ ခန္ဓာကိုယ်သည် သာမန်လူတစ်ယောက်ကိုတောင် အနိုင်ယူနိုင်မှာမဟုတ်ပေ။

ထို့အပြင် သူမနောက်ကို လိုက်ရဲသူများကလည်း အားနည်းသူများဖြစ်မှာမဟုတ်ပေ။

ကျီချောင်ချင် ဘာဆက်လုပ်ရမလဲဟု စဉ်းစားနေစဉ် ရှန်ကျွင်းသည် ရုတ်တရက် သူမလက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး ဆွဲထူလိုက်ကာ လက်တစ်ဖက်သည် သူမ ခါးကိုဖက်လာပြီး သူမနှင့်အတူ ရှေ့သို့ပြေးထွက်သွားသည်။

ကျီချောင်ချင်သည် နှစ်ပေါင်းတစ်ရာကျော် အသက်ရှင် ခဲ့သော်လည်း ယောင်္ကျားတစ်ယောက်နှင့် ဤသို့နီးနီးကပ်ကပ် မနေဖူးသောကြောင့် သူမ ရုန်းကန်ဖို့ ကြိုးစားသည်။

"ရှန်ကျွင်း ခွေးလိုကောင်! လွှတ်စမ်း!"

ရှန်ကျွင်းက သူမ ကို ပြန်မဖြေသော်လည်း သူ့လက်များမှာ သိသိသာသာ တင်းကြပ်လာသည်ကို ကျီချောင်ချင် ခံစားလိုက်ရသည်။

သူ့ဆုပ်ကိုင်မှုကြောင့် လဲကျမလို ဖြစ်သွားသော ကျီချောင်ချင်သည် သိုလှောင်လက်စွပ် ထဲတွင်ဝှက်ထားသော ခွင်းလွန်ဓားကို ဆွဲထုတ်ရန်ပြင်နေရာမှ ရပ်လိုက်သည်။ ဒီဖြူစင်တဲ့ အလှလေးက သူ့ကို ကယ်တင်ချင်မှတော့ သူ့မှာလည်း တားဆီးဖို့ အကြောင်းပြချက်မရှိဘူး...

ရှန်ကျွင်း၏ လှုပ်ရှားမှုများသည် မြန်ဆန်လွန်းနေပြီး သူတို့မြို့ထဲကို ရောက်ခါနီးအချိန်တွင် ကျီချောင်ချင်သည် လျင်မြန်စွာ တားလိုက်ပြီး

"ရှန်ကျွင်း... ကျွန်မကို လိုက်ဖမ်းနေတဲ့သူတွေ ပြောတာ မကြားခဲ့ဘူးလား? ကျွန်မက အခုတော်တော်တန်ကြေးရှိနေပြီ၊ ဘယ်သွားသွား အာရုံစိုက်ခံရလိမ့်မယ်၊ ကျွန်မ မျက်နှာကိုဖုံးဖို့ တစ်ခုခုတော့ ပေးလို့မရဘူးလား"

ရှန်ကျွင်းသည် ကျီချောင်ချင်ကိုချပေးလိုက်ပြီး ခဏစဉ်းစားလိုက်ကာ သူ့ သိုလှောင်အိတ်ထဲမှ ပဝါတစ်ခုကို ထုတ်ယူပြီး ကျီချောင်ချင် ခေါင်းပေါ်မှာ တင်ပေးလိုက်သည်။

ကျီချောင်ချင်သည် ဤအချိန်တွင် သူမ ခန္ဓာကိုယ်ကိုသေချာ စစ်ဆေးရန် အခွင့်ကောင်းယူလိုက်သည်။ သူမ ခန္ဓာကိုယ်ထဲရှိ ပြင်းထန်သော နာကျင်မှုများပျောက်ကွယ်သွားသည်ကို သူမ ခံစားလိုက်ရသည်။

တခြားနေ့များဆိုပါက ယခုလိုအချိန်မျိုးဆို သေမတတ် နာကျင်ပေမယ့် ယခုအခါ ဘာမှမခံစားရတော့ပေ။ထိုသည်မှာ ဤတစ်ကြိမ်သာ မဟုတ်ပဲ တနေ့ညက ရှန်ကျွင်းနှင့် မတော်တဆ အိပ်မိတုန်းကလည်း မနက်နိုးလာတဲ့အခါ လန်းဆန်းနေသည်ဟု ခံစားလိုက်ရသည်။

ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာအတွင်း သူမ တစ်ခါမှမဖြစ်ခဲ့ဖူးတဲ့ အဖြစ်အပျက်ပဲ၊ တစ်ခုတည်းသော ပြောင်းလဲမှုက ရှန်ကျွင်းကြောင့်ပဲ...

ရှန်ကျွင်း နောက်ခံသည် အလွန်ကို ထူးဆန်းနေသည်။သူမသည် သူ့စိတ်နေစိတ်ထားကို သံသယမဖြစ်မိသော်လည်း ဤသို့ လူမျိုးကို သူမ ဘေးမှာ ထားခြင်းသည် သူ့အသက်ကို

တခြားသူတစ်ယောက်လက်ထဲ ပုံအပ်ထားသလိုဖြစ်နေသည်။

ထိုခံစားချက်ကို သူမ လုံးဝမနှစ်သက်ပေ။

ရှန်ကျွင်း ဘေးမှာ နေခြင်းသည် သူမ ကိုယ်တွင်းရှိ နတ်ဆိုးစွမ်းအင်ကို ခုခံနိုင်ရန် တစ်ခုတည်းသောနည်းလမ်း ဖြစ်နိုင်သော်လည်း ကျီချောင်ချင်သည် ထိုသို့ပြုလုပ်ရန် စိတ်ကူးမရှိပေ။

ကျီချောင်ချင်သည် ပဝါကို ဝတ်ဆင်ပြီးနောက် ပိုလို့ပင် တည်ငြိမ်သွားသည်။ သူ့ ယခင် အနီရောင်ဝတ်စုံမှာ သွေးစွန်းနေသော်လည်း သွေးများခြောက်သွားသောကြောင့် သိပ်မသိသာချေ။ ထို့ကြောင့် ကျီချောင်ချင်သည် ဂရုမစိုက်သောအမူအရာဖြင့် တည်းခိုခန်းထဲကို ဝင်လာသည်။

"စားပွဲထိုး အခန်းနှစ်ခန်းပေးပါ၊ အကောင်းဆုံး အစားအစာတွေအားလုံးကို အခန်းထဲ ယူလာခဲ့!"

"ခဏလေး”

ရုတ်တရက် ရှန်ကျွင်းက စကားဖြတ်ပြောလိုက်သည်။

"အခန်းတစ်ခန်း”

ကျီချောင်ချင် လှည့်ကြည့်ပြီး သူ့ကို စူးစိုက်စွာကြည့်လိုက်သည်။

"ရှင် ကျွန်မ အနားမှာရှိတာ မကြိုက်ဘူးမလား? ဘာလိုချင်တာလဲ”

စားပွဲထိုးက တုံ့ဆိုင်းသွားသည်။

ရှန်ကျွင်းက ထပ်ပြောသည်။

"အခန်းတစ်ခန်း”

ရှန်ကျွင်းသည် သူမ ထွက်ပြေးမှာကို ကြောက်သည်ဆိုတာကို သိသောကြောင့် ကျီချောင်ချင် စိတ်ထဲတွင် ကျိန်ဆဲလိုက်ပြီး ချက်ချင်းဆိုသလို ရှန်ကျွင်း လက်မောင်းကို ဆုပ်ကိုင်လိုက်ကာ ပြုံးလိုက်ပြီး အံကိုကျစ်ကျစ်ပါအောင် ကြိတ်လျက်

"ရှင်က ကျွန်မ ထွက်ပြေးမှာကို ကြောက်နေတာပဲ၊ ကျွန်မလို လူမျိုးက ထွက်ပြေးတာမျိုး မလုပ်ပါဘူး၊ အခန်းနှစ်ခန်းယူလိုက်၊ ကျွန်မ ထွက်ပြေးရင် ရှင် ကျွန်မကို ကြိုးတုပ်ထားလိုရတယ်!"

ရှန်ကျွင်း၏ အမူအရာသည် အေးဆေးတည်ငြိမ်နေသည်။

"အခန်းနှစ်ခန်း ပေး”

စားပွဲထိုးက ပြုံးပြီး သဘောတူလိုက်သည်။

အပေါ်ထပ်ကိုမတက်ခင် ကျီချောင်ချင် သည် စားပွဲထိုးကို အဝတ်အစားအချို ဝယ်ခိုင်းလိုက်သည်။

ကျီချောင်ချင်အခန်းမှာ ရှန်ကျွင်း၏ အခန်းဘေးမှာဖြစ် သည်။ ကျီချောင်ချင်သည် ရေချိုးပြီး အဝတ်အစားအသစ်များ လဲပြီးနောက် အခန်းထဲ ဝင်သွားသည်။

အပြင်ဘက်တွင် လုံးဝ မှောင်မိုက်နေပြီဖြစ်ပြီး သူမ ပဝါကိုဝတ်လျက် ပြတင်းပေါက်တံခါး ဖွင့်လိုက်ချိန် အပြင်ဘက်လမ်းမတွင် မီးပုံးလေးများစီထားသော အစားအသောက်ဆိုင်တန်းများကို တွေ့လိုက်ရပြီး လူများလည်းစည်ကားနေသည်။

ကျီချောင်ချင် အသက်ပြင်းပြင်းရှူလိုက်ချိန်လတ်ဆတ်သောကိတ်မုန့်အနံ့ကို ရလိုက်သည်။

သူမ သက်ပြင်းချလိုက်သည်။ ဖြစ်နိုင်ရင် အဲ့လိုမျိုး တုနှိင်းမမှီအောင် လှပတဲ့ အလှလေးမျိုးကို သူ့ဘေးမှာ မထားချင်ဘဲ ဘယ်နေမလဲ? ကံမကောင်းစွာနဲ့ ဒီအလှလေးက အရမ်းရက်စက်တော့ သူမ သူ့ကိုမထိန်းနိုင်ဘူး...

ထိုသို တွေးပြီးနောက် ကျီချောင်ချင်သည် ခြေထောက်တစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။ ရှန်ကျွင်းသည် ဘ၀ကြီး အကြောင်းကိုလုံး၀နားမလည်သည့် စာရွက်ဖြူလေး တစ်ရွက်လိုသာဖြစ်သောကြောင့် သူမကို ထွက်ပြေးနိုင်ရန် အလွန်အထောက်အကူ ဖြစ်စေသည်။

ကျီချောင်ချင် ပြတင်းပေါက်မှ ခုန်ချဖို ကြိုးစားနေစဉ် ဘေးဘက်မှ ရေခဲချိုးဖျက်ဓားသည် လျှပ်တစ်ပြက် ပျံသန်းလာပြီး သူမ ခြေထောက်ကို ထိခါနီးဖြစ်သွားသည်။

All Chapters