အခန်း (၁၅၉-၁၆၀)
Vol. 16 Ch. 159-160
အခန်း (၁၅၉) အနာဂတ်မြင်ကွင်း
"အား..." မင်းသမီးမင်ယုသည် သူမ၏ ရင်သားအစုံကို နူးညံ့သော လက်နှစ်ဖက်ဖြင့် အမြန်ဖုံးကွယ်ရင်း အော်ဟစ်လိုက်သည်။
"အား... မင်းထင်သလို မဟုတ်ပါဘူး။ ငါ မင်းကို ကူညီနေတာပါ" လုံချန်းက မိန်းကလေး၏ တုံ့ပြန်မှုကို မြင်သောအခါ မတ်တတ်ရပ်လိုက်သော်လည်း သူ၏ မျက်လုံးများကိုမူ သူမထံမှ လွှဲမသွားပေ။
"မြေငလျင်လှိုင်းဖြတ်ချက်" မင်းသမီးမင်ယုက လက်တစ်ဖက်ဖြင့် ရင်သားကို ဖုံးထားရင်း ကျန်လက်တစ်ဖက်ဖြင့် သူမ၏ သိုင်းကွက်ကို သုံးကာ လွှဲရိုက်လိုက်သည်။
လေထုထဲရှိ ဝိညာဉ်စွမ်းအင်များမှာ ကယောက်ကယက် ဖြစ်သွားပြီး ပြင်းထန်သော အလင်းတန်းတစ်ခု ပေါ်ထွက်လာကာ လုံချန်းထံသို့ ပြေးဝင်သွားသည်။
လုံချန်းသည် အချိန်ဆွဲမနေဘဲ သူ၏ ဘုရင်ဓားကို ထုတ်ယူကာ တုံ့ပြန်တိုက်ခိုက်လိုက်ရာ အလင်းတန်းနှစ်တန်းမှာ အရှိန်အဟုန်ဖြင့် ထိမှန်သွားသည်။ ကြိုတင်ကာကွယ်မှုအနေဖြင့် သူ၏ ခန္ဓာကိုယ်ကိုလည်း ဟင်းလင်းပြင် အကာအကွယ်ဖြင့် ဖုံးအုပ်ထားလိုက်သည်။
မင်းသမီး၏ တိုက်ကွက်မှာ လုံချန်း၏ ဓားချက်ကြောင့် နှစ်ပိုင်းကွဲသွားပြီး လုံချန်းကို မထိမှန်ဘဲ သူ၏ ဘေးတစ်ဖက်တစ်ချက်ရှိ သစ်ပင်များကိုသာ သွားရောက် ထိမှန်တော့သည်။
"ငါ အမှန်အတိုင်း ပြောနေတာပါ မိန်းကလေး။ မင်းရဲ့ ကျောပြင်မှာ တကယ့်ကို ဆိုးရွားတဲ့ ဓားဒဏ်ရာကြီး ရှိနေလို့ အဲဒါကို ကုဖို့ မင်းရဲ့ အင်္ကျီကို ချွတ်လိုက်ရတာ။ မင်းက သတိလစ်နေတာဆိုတော့ ခွင့်တောင်းလို့ မရဘူးလေ။ တကယ်တော့ မင်းအသက်ရှင်ဖို့ ငါ့ရဲ့ အဖိုးတန် အသက်ကယ်ဆေးလုံးကိုတောင် သုံးပေးခဲ့ရတာ။ ကျေးဇူးတင်မယ့်အစား ငါ့ကို တိုက်ခိုက်နေတာလား" လုံချန်းက ပြင်းထန်သော လေသံဖြင့် ပြောလိုက်သည်။
မင်းသမီးမင်ယုမှာ သူမ၏ တိုက်ကွက်ကို လုံချန်းက အလွယ်တကူ ဖြတ်တောက်ပစ်လိုက်သည်ကို မြင်ကတည်းက မှင်တက်နေခဲ့ရာ လုံချန်း၏ စကားကို ကြားသောအခါ ပို၍ပင် အံ့အားသင့်သွားသည်။
"ဓားဒဏ်ရာ... သုံးလောက... ဟုတ်သားပဲ။ ငါ အခု ဘယ်ရောက်နေတာလဲ" သူမက ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်သတိရသွားရင်း အော်မေးလိုက်သည်။
"မင်း မမှတ်မိဘူးလား၊ မင်းက ရွှေနဲ့ ဟွမ်ကျိ နိုင်ငံ နယ်စပ်ကြားမှာ ရောက်နေတာ" လုံချန်းက သူမ၏ မျက်နှာကိုသာ စိုက်ကြည့်ရန် ကြိုးစားရင်း ဖြေလိုက်သည်။ သို့သော် ခဏခဏ ခိုးကြည့်မိနေသဖြင့် သူ အတော်လေး ထိန်းချုပ်နေရသည်မှာ သိသာလှသည်။
"ရွှေ ဟုတ်လား၊ ဟွမ်းကျိ ဟုတ်လား၊ အဲဒါက ဘယ်မှာလဲ။ ကြယ်တာရာ အင်ပါယာနဲ့ ဘယ်လောက်ဝေးလဲ" သူမက စိုးရိမ်တကြီးဖြင့် အလျင်အမြန် မေးလိုက်သည်။
"ကြယ်တာရာ ဟုတ်လား၊ တစ်ခါမှ မကြားဖူးဘူး။ အင်ပါယာတစ်ခုဆိုရင်တော့ ငါ့အထင် အတော်လေးကို ဝေးလိမ့်မယ်" လုံချန်းက စဉ်းစားဟန်ဖြင့် ပြောသည်။
"ဝေးတယ်..." သူမက တိုးညင်းစွာ ရေရွတ်ရင်း မျက်လုံးများတွင် မျက်ရည်များ ဝေ့သီလာသည်။
'ရော့... နတ်ဘုရားဗျာဒိတ်ရှင် တစ်ယောက်အတွက် သင့်တော်တဲ့ လက်ဆောင်ပဲ။ ဒါက ကံကြမ္မာပုံဆောင်ခဲပါ။ ဒါက မင်းကို မင်းရဲ့ ကံကြမ္မာဆီခေါ်ဆောင်သွားလိမ့်မယ်။ တကယ်လို့ မင်းရဲ့ ကံကြမ္မာက သေဖို့ဆိုရင် ဒါကို ထိလိုက်တာနဲ့ မင်း သေရလိမ့်မယ်။ တကယ်လို့ မင်းရဲ့ ကံကြမ္မာက စစ်ပွဲကို ရပ်တန့်ဖို့ဆိုရင် မင်း ရောက်သင့်တဲ့ နေရာဆီကို ပို့ဆောင်ပေးလိမ့်မယ်။ အလားတူပဲ မင်းရဲ့ ကံကြမ္မာက လက်စားချေဖို့ဆိုရင်လည်း မင်းရှိသင့်တဲ့ နေရာဆီ ပို့ပေးလိမ့်မယ်။ မင်း ကံကြမ္မာကို တိုက်ထုတ်ချင်ရင် ဒီပုံဆောင်ခဲကို မယူပါနဲ့၊ ဒါပေမဲ့ မင်း သေရလိမ့်မယ်။ တကယ်လို့ မင်း ကံကြမ္မာအတိုင်း သွားချင်ရင်တော့ ဒီပုံဆောင်ခဲကို ယူလိုက်ပါ။ မင်း အသက်ရှင်လိမ့်မယ်၊ ဒါပေမဲ့ မင်းဟာ ကံကြမ္မာရဲ့ ကျွန်တစ်ယောက် ဖြစ်သွားပြီး သူ့ရဲ့ အလိုကျ ဖြစ်ပျက်နေတာတွေကို ထိုင်ကြည့်နေရုံကလွဲလို့ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါကို လက်ဆောင်လို့ပဲ သဘောထားထား၊ ကျိန်စာလို့ပဲ သဘောထားထား' သူမသည် လျှို့ဝှက်ဆန်းပြားသော လူ၏ စကားများကို မလွဲမသွေ ပြန်လည် သတိရမိသွားသည်။
"အစ်ကို... ခမည်းတော်..." သူမသည် တိုးညင်းစွာ ရေရွတ်ရင်း မျက်ရည်များ စီးကျလာသည်။
"ဟေ့... အဆင်ပြေရဲ့လား။ အဝတ်အစားအတွက် မပူပါနဲ့၊ ငါ့မှာ အပိုတွေ အများကြီး ရှိပါတယ်။ ရော့... ဒီအင်္ကျီသစ်နဲ့ ဝတ်ရုံကို သုံးလိုက်" လုံချန်းသည် သူမ ငိုနေသည်ကို မြင်သောအခါ ပြောလိုက်သည်။ သူသည် သိုလှောင်လက်စွပ်ထဲမှ အဝတ်အစားများကို ထုတ်ယူကာ မိန်းကလေးထံသို့ လျှောက်သွားလိုက်သည်။
လုံချန်းက အဝတ်အစားများကို ကမ်းပေးလိုက်ရာ ဝမ်းနည်းပူဆွေးမှုတွင် နစ်မွန်းနေသော မိန်းကလေးသည်လည်း ဘာမှ မစဉ်းစားဘဲ သူမ၏ ဖြူဝင်းနုနယ်သော လက်ကလေးကို လှမ်းလိုက်သည်။
သူမ၏ လက်က လုံချန်း၏ လက်နှင့် ထိမိလိုက်သည်နှင့် သူမ၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး သူမ၏ သူငယ်အိမ် အရောင်မှာ အဖြူရောင်သို့ ပြောင်းလဲသွားတော့သည်။
မင်းသမီးမင်ယုသည် မှောင်မည်းနေသော ဟင်းလင်းပြင်ထဲတွင် မိုင်ပေါင်းများစွာကို ဖြတ်သန်းသွားရသလို ခံစားလိုက်ရသည်။ သူမ ပတ်ဝန်းကျင်ရှိ မြင်ကွင်းများ ပြောင်းလဲသွားပြီးနောက် သူမသည် ဖြစ်ပျက်နေသည်များကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
သူမ၏ ခမည်းတော်သည် သူမရှေ့တွင် ရပ်နေသော်လည်း သူ၏ မျက်နှာမှာ ကြီးမားသော ကြေကွဲစရာ ဖြစ်ရပ်တစ်ခုကို ကြုံတွေ့ခဲ့ရသကဲ့သို့ အလွန်ပင် နွမ်းနယ်အိုမင်းနေသည်။ သူမ၏ မယ်တော်မှာလည်း ခမည်းတော်၏ အနားတွင် ရှိနေသည်။ သူမက ခမည်းတော်ကို စကားတစ်ခွန်းမျှ မပြောနိုင်ခင်မှာပင် ကမ္ဘာကြီးမှာ မှောင်အတိ ကျသွားပြီး အရာအားလုံး ပျောက်ကွယ်သွားသည်။
နောက်ထပ် မြင်ကွင်းတစ်ခု သူမရှေ့တွင် ပေါ်လာပြန်သည်။ အသက် ၂၀ ကျော်ခန့်ရှိသော လူငယ်တစ်ဦးသည် နက်မှောင်သော ဓားတစ်လက်ကို ကိုင်ကာ လူပေါင်းရာချီကို သတ်ဖြတ်နေသည်ကို သူမ တွေ့လိုက်ရသည်။ သူသည် လူငယ်၊ လူအို မရွေး သူ၏ရှေ့သို့ ရောက်လာသမျှ လူတိုင်းကို သတ်ဖြတ်နေသည်။ ထိုလူက သူမဘက်သို့ လှည့်ကြည့်လိုက်သော်လည်း မြင်ကွင်းမှာ ထပ်မံ မှောင်မည်းသွားပြန်သည်။
နောက်တစ်ကြိမ်တွင် မြင်ကွင်းမှာ ပြန်လည် တောက်ပလာပြီး သူမနှင့် ရုပ်ချင်းဆင်သော အမျိုးသမီးတစ်ဦးကို သူမ တွေ့လိုက်ရသည်။ ထိုအမျိုးသမီးသည် အမျိုးသားတစ်ဦးကို နမ်းနေသော်လည်း ထိုအမျိုးသားမှာ ကျောပေးထားသဖြင့် မည်သူဖြစ်သည်ကို သူမ မသိရပေ။ သူမက ထိုစုံတွဲထံသို့ လှောက်သွားရန် ကြိုးစားသော်လည်း မြင်ကွင်းမှာ ထပ်မံ ပျောက်ကွယ်သွားပြန်သည်။
နောက်ဆုံး မြင်ကွင်းတစ်ခု ပေါ်လာပြန်သော်လည်း ဤမြင်ကွင်းမှာ အလွန်တိုတောင်းလှသည်။ သူမသည် အမျိုးသားတစ်ဦးကို မြင်လိုက်ရသည်။ ထိုအမျိုးသားမှာ လွန်ခဲ့သော ခဏက သူမ တွေ့ခဲ့သည့် ကောင်လေး၏ ပိုမိုအိုမင်းသော ပုံစံနှင့် တူနေသည်။ သူသည် ဒူးထောက်နေပြီး မျက်ရည်များ စီးကျနေသည်။ ထိုသူမှာ အရှုံးကြီး ရှုံးနိမ့်သွားသည့် ပုံစံမျိုးဖြင့် ငိုကြွေးနေခြင်း ဖြစ်သည်။ သူ ဘာကြောင့် ငိုနေသည်ကို သူမ မသိသော်လည်း သူမ၏ နှလုံးသားထဲတွင် အလွန်အမင်း ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။ ထို့နောက် ထိုမြင်ကွင်းသည်လည်း ပျောက်ကွယ်သွားတော့သည်။
လုံချန်းသည် ဘာမှမသိတော့သည့် အမူအရာဖြင့် တောင့်တောင့်ကြီး ဖြစ်နေသော မင်းသမီးမင်ယုကို ကြည့်နေမိသည်။ မကြာမီမှာပင် သူမ၏ မျက်လုံးများမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသော်လည်း သူမသည် သတိလစ်ကာ လဲကျသွားတော့သည်။ မြေပေါ်သို့ မလဲကျခင် လုံချန်းက သူမကို လက်ဖြင့် လှမ်းဖမ်းလိုက်သည်။ သူမကို ထိန်းထားရင်း သူ၏လက်များမှာ သူမ၏ နူးညံ့သော ကျောပြင်ကို ထပ်မံ ထိမိသွားပြန်သည်။
"မင်းက ဘာဖြစ်လို့ ခဏခဏ သတိလစ်နေရတာလဲ။ ကောင်းပြီလေ... ငါပဲ လူကြီးလူကောင်း ပီပီ မင်းကို အဝတ်အစား ပြန်ဝတ်ပေးရတော့မှာပေါ့" လုံချန်းက အနည်းငယ် ကျယ်လောင်သော အသံဖြင့် ပြောလိုက်သည်။
"ဟဲဟဲ... ဟုတ်ပါပြီ... လူကြီးလူကောင်းကြီးရယ်။ အခုလို အခွင့်အရေး ရလို့ နင် ပျော်နေတယ်လို့ ငါ ဘာလို့ ခံစားနေရတာလဲ" ရွှင်းသည် လုံချန်း အနားတွင် ပေါ်လာပြီး လှောင်ပြောင်သရော်လိုက်သည်။
"နင် လုပ်ပေးချင်တယ်ဆိုရင်လည်း ငါ မကန့်ကွက်ပါဘူး" လုံချန်းက ဖြီးပြရင်း ပြောလိုက်သည်။
"ဟား... ငါ သူ့ကို ထိလို့မရဘူးဆိုတာ နင် ကောင်းကောင်းသိသားပဲ။ ကဲ... လုပ်စရာရှိတာ ဆက်လုပ်ပါဦး... နင့်ရဲ့ နေ့လေးကို ပျော်ပျော်ပါးပါး ဖြတ်သန်းလိုက်" ရွှင်းက ပြုံးစိစိဖြင့် ပြောလိုက်သည်။
လုံချန်းသည် မင်းသမီးမင်ယုကို မြေပြင်ပေါ်တွင် ဘေးကင်းစွာ ချထားလိုက်ပြီး သူ၏ အင်္ကျီကို ဝတ်ပေးလိုက်သည်။ ကြယ်သီးများ တပ်ပေးနေစဉ် လုံချန်း၏ လက်ချောင်းများမှာ မင်းသမီးမင်ယု၏ နူးညံ့သော ရင်သားများကို ထိမိသွားသည်။ သူ ထိုခံစားမှုကို နှစ်သက်သော်လည်း ဤအခွင့်အရေးကို အလွဲသုံးစား မလုပ်ဘဲ အမြန်ဆုံး အဝတ်အစား ဝတ်ပေးလိုက်သည်။
အဝတ်အစား ဝတ်ပေးပြီးနောက် သူသည် သိုလှောင်လက်စွပ်ထဲမှ မွေ့ရာတစ်ခုအား ထုတ်ကာ သူမကို အိပ်စေပြီး သူမ နိုးလာသည်ကို အနားတွင် စောင့်နေလိုက်သည်။
"ကြယ်တာရာ အင်ပါယာ... သူမက အမှန်တကယ်ပဲ အင်ပါယာတစ်ခုက လာတာလား။ အင်ပါယာဆိုတဲ့ အသုံးအနှုန်းကိုပဲ ကြားဖူးတာ၊ ဘယ်အင်ပါယာရဲ့ နာမည်ကိုမှ ငါ မသိဘူး..." လုံချန်းက စဉ်းစားဟန်ဖြင့် တိုးညင်းစွာ ရေရွတ်လိုက်သည်။
"အင်ပါယာတွေဆိုတာ ထူးထူးခြားခြား မဟုတ်ပါဘူး။ သန်မာတဲ့ ကျင့်ကြံသူတွေ နေထိုင်ပြီး ဝိညာဉ်စွမ်းအင် ပိုသိပ်သည်းတဲ့ နေရာတွေပဲ။ သူတို့မှာ ခွန်အားရှိလို့ နိုင်ငံတွေကို အုပ်ချုပ်နေကြတာ" ရွှင်းက လုံချန်းကို ကြည့်ကာ ပြောလိုက်သည်။
"ကြယ်တာရာ အင်ပါယာ ဘယ်မှာရှိလဲ နင်သိလား။ သူ ဒီမှာ ရှိနေတယ်ဆိုရင် အဝေးကြီး မဖြစ်နိုင်ဘူး။ ဒါပေမဲ့ အနားမှာ ရှိနေရင်လည်း ငါ ဘာလို့ ကြယ်တာရာဆိုတဲ့ နာမည်ကို မကြားဖူးရတာလဲ။ ဒါက အဓိပ္ပာယ်မရှိဘူး" လုံချန်းက ရွှင်းကို ပြန်ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။
"ငါလည်း မသိဘူး... နင်တို့ရဲ့ အသေးအဖွဲ အင်ပါယာတွေရဲ့ နာမည်ကို ငါ စိတ်မဝင်စားဘူး။ ငါ သိထားရမယ့် ပိုအရေးကြီးတဲ့ ကိစ္စတွေ အများကြီး ရှိသေးတယ်" ရွှင်းက ပြုံးလျက် ပြန်ဖြေသည်။
"နင်က ဘာမှ အသုံးမကျဘူး" လုံချန်းက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
"ဟွန့်... မင်းက အမြဲတမ်း ရိုင်းစိုင်းတာပဲ" ရွှင်းက နှုတ်ခမ်းဆူကာ ပြောလိုက်သည်။
"ဒါနဲ့... သူက မြေကမ္ဘာအဆင့် တတိယအဆင့် ကျင့်ကြံသူပဲ။ သူ့အနားမှာ သတိထားနော်" ရွှင်းက လုံချန်းကို သတိပေးလိုက်သည်။
"ငါ ဘာလုပ်ရမလဲ ငါ သိပါတယ်... ငါ မိုက်မဲတဲ့သူ မဟုတ်ဘူး။ ငါ့အသက်ကို ငါ အပေါင်မခံပါဘူး" လုံချန်းက ပြုံးလျက် ပြောသည်။
"ဪ... စိတ်မပူပါနဲ့၊ နင် ဘယ်လောက် တော်တယ်ဆိုတာ ငါ သိပြီးသားပါ။ နင့်ရဲ့ လုပ်ရပ်တွေကို ငါ အများကြီး မြင်ဖူးတယ်" ရွှင်းက ရယ်မောလိုက်သည်။
"သူ နိုးလာပြီ" ရွှင်းက မင်းသမီးမင်ယုကို ကြည့်ကာ ရုတ်တရက် ပြောလိုက်သည်။ လုံချန်းလည်း သူမဘက်သို့ လှည့်ကြည့်လိုက်သည်။
မကြာမီမှာပင် မင်းသမီး လုမင်ယုသည် မျက်လုံးများကို ဖွင့်လိုက်လေတော့သည်
အခန်း (၁၆၀) ငါ မင်းကို မကူညီနိုင်ဘူး
"သူ နိုးလာပြီ" ရွှင်းက မင်းသမီးမင်ယုကို ကြည့်ရင်း ရုတ်တရက် ပြောလိုက်သည်။
လုံချန်း၏ စောင့်ကြည့်နေသော အကြည့်အောက်တွင် လုမင်ယုသည် ဖြည်းညှင်းစွာ မျက်လုံးပွင့်လာသည်။ သူမသည် မွေ့ရာပေါ်တွင် ထိုင်လိုက်ရင်း လုံချန်းကို လှမ်းကြည့်လိုက်သော်လည်း သူမ၏ နှလုံးသားထဲတွင် အဘယ်ကြောင့် ဤမျှ နာကျင်နေရသည်ကို သူမ နားမလည်နိုင်ပေ။ သူမ မြင်တွေ့ခဲ့ရသော အနာဂတ်မြင်ကွင်းထဲမှ နောက်ဆုံးအခန်းမှာ သူမကို အကျိုးသက်ရောက်နေဆဲ ဖြစ်ပုံရသည်။
'ဘာလို့ သူ့ကို ကြည့်လိုက်ရင် ဝမ်းနည်းသလို ခံစားနေရတာလဲ၊ အနာဂတ်မြင်ကွင်းထဲမှာ ငါ တွေ့ကြုံခဲ့ရတာတွေကြောင့်လား' မင်းသမီးမင်ယုက မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့် လုံချန်းကို ကြည့်ရင်း တွေးနေမိသည်။
"အား... မင်း ငိုစရာမလိုပါဘူး။ ငါ မင်းကို အဝတ်အစား ဝတ်ပေးခဲ့တာ မှန်ပေမဲ့ ဘာကိုမှ မထိခဲ့ဘူးလို့ ငါ ကတိပေးပါတယ်" လုံချန်းက မင်ယု၏ မျက်လုံးထဲမှ မျက်ရည်များကို မြင်သောအခါ ရှုံ့မဲ့မဲ့ အပြုံးဖြင့် ပြောလိုက်သည်။
"အဝတ်အစား ဝတ်ပေးတယ် ဟုတ်လား" မင်းသမီးမင်ယုသည် သူမ အနာဂတ်မြင်ကွင်းများ မမြင်ခင်က အပေါ်ပိုင်း ဗလာကျင်းနေခဲ့သည်ကို သတိရသွားကာ တိုးတိုးလေး ရေရွတ်လိုက်သည်။ သူမ၏ မျက်နှာမှာ ရဲတက်သွားပြီး သူမ၏ ရင်သားကို အလျင်အမြန် ဖုံးအုပ်လိုက်သည်။ ထို့နောက် အောက်ကို ငုံ့ကြည့်လိုက်ရာ အင်္ကျီတစ်ထည် ဝတ်ထားသည်ကို တွေ့လိုက်ရသဖြင့် သက်ပြင်းချနိုင်တော့သည်။
"ရှင် ကျွန်မကို အဝတ်အစား ဝတ်ပေးခဲ့တာလား" မင်းသမီးမင်ယုက လုံချန်းကို ကြည့်ကာ မေးလိုက်သည်။
"ဟုတ်တယ်၊ ဒါပေမဲ့ မင်းကို ဒီအတိုင်း အပြင်မှာ ဗလာကျင်းပြီး လဲနေတာကို မမြင်ချင်လို့ပါ။ ဒီကမ္ဘာမှာ လူဆိုးတွေ အများကြီး ရှိတယ်၊ ငါက မင်းကို သူတို့ရန်ကနေ ကာကွယ်ပေးချင်တာ။ တကယ်တော့ ငါ မင်းရဲ့ အင်္ကျီကို စပြီး ချွတ်ခဲ့တာက မင်းရဲ့ ဒဏ်ရာကို ဆေးလိမ်းပေးဖို့ပဲ၊ ဝတ်ပေးဖို့ လုပ်တုန်းမှာ မင်း နိုးလာပြီး ငါ့ကို အထင်လွဲသွားတာ။ မင်း ထပ်ပြီး သတိလစ်သွားတော့ ငါပဲ ဝတ်ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်တာပါ။ မင်းက အကြောင်းပြချက်မရှိဘဲ ငါ့ကို တိုက်ခိုက်ခဲ့ပေမဲ့ မင်းကို ဒီလို အခြေအနေမျိုးမှာ ပစ်မထားနိုင်လို့ပါ" လုံချန်းက သူမ၏ မျက်ဝန်းနက်နက်များကို စိုက်ကြည့်ကာ ရိုးသားသော မျက်နှာပေးဖြင့် ပြောလိုက်သည်။
"ရှင်... မသင့်တော်တာ ဘာမှ မလုပ်ခဲ့ဘူး မဟုတ်လား" သူမက သံသယရှိသော အကြည့်ဖြင့် မေးသည်။
"ဒါပေါ့၊ ငါ ဘာမှ မလုပ်ဘူး။ ငါက လူကောင်း တစ်ယောက်ပါ။ ငါ ဒီလို မဟုတ်မကန်တာတွေ ဘယ်တော့မှ မလုပ်ဘူး" လုံချန်းက ခေါင်းကို အနည်းငယ် မော့ကာ ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
"ကျွန်မကို ကယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်" လုမင်ယုက သူမ၏ နူးညံ့သော အသံဖြင့် ပြောကာ ခေါင်းကို အနည်းငယ် ညွှတ်လိုက်သည်။
"တကယ်လား၊ မင်း ငါ့ကို ထပ်ပြီး မတိုက်ခိုက်တော့ဘူးပေါ့" လုံချန်းက မသင်္ကာသလို မေးလိုက်သည်။
"မတိုက်ခိုက်တော့ပါဘူး" မင်းသမီးမင်ယုက ပြုံးလျက် ပြန်ဖြေသည်။
"နောက်ဆုံးတော့ ငါ စိတ်မှန်တဲ့သူတစ်ယောက်နဲ့ တွေ့ရပြီပဲ" လုံချန်းက ပြုံးလျက် ပြောလိုက်သည်။
"ကျွန်မက ဘာလို့ ကျွန်မရဲ့ ကံကြမ္မာကို တိုက်ခိုက်ရမှာလဲ" မင်းသမီးမင်ယုက လုံချန်း၏ မျက်လုံးကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"ဟင်... ဘာကြီးလဲ" လုံချန်းမှာ မင်းသမီးမင်ယု၏ စကားကို ကြားသောအခါ ကြောင်အမ်းအမ်း ဖြစ်သွားသည်။
"ရှင်က ကျွန်မရဲ့ ကံကြမ္မာလို့ ကျွန်မ ယုံကြည်တယ်..." မင်းသမီးမင်ယုက ထပ်မံ အတည်ပြုပြောဆိုလိုက်သည်။
"ဒါ ဘာစကား တွေလဲ၊ မင်း စိတ်မှန်တယ်လို့ ငါ ပြောလိုက်တာ စောသွားပြီ ထင်တယ်" လုံချန်း၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ထင်ဟပ်နေသည်။
"ရှင် နားမလည်ပါဘူး။ ဒါက ပြောင်းလဲလို့ မရတဲ့ အရာပဲ" မင်းသမီးမင်ယုက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"မိန်းကလေး... မင်း ရူးသွားတာလား။ ငါတို့ အခုမှ ဆုံတာလေ။ မင်းကို ငါ့လူအဖြစ် လုပ်ဖို့ ငါ မကန့်ကွက်ပေမဲ့ မင်းက အတော်လေး မြန်ဆန်လွန်းနေပြီ" လုံချန်းက လုမင်ယုကို ကြည့်ကာ အံ့ဩတကြီး ပြောလိုက်သည်။
"ကျွန်မ ပြောတာကို တစ်ခါလောက် နားထောင်ပေးပါဦး..." မင်းသမီးမင်ယုက မတ်တတ်ရပ်ကာ အသံကျယ်ကျယ်ဖြင့် ပြောသည်။
"ကောင်းပြီ၊ မင်း ပြောချင်တာ ပြောပါ" လုံချန်းကလည်း မတ်တတ်ရပ်ကာ သူမကို ပြန်ကြည့်ရင်း ဖြေလိုက်သည်။
"ကျွန်မက ကြယ်တာရာ အင်ပါယာရဲ့ မင်းသမီးပါ။ ကျွန်မရဲ့ အစ်ကိုက ကျွန်မ မျက်စိရှေ့တင် အသတ်ခံလိုက်ရတယ်..." မင်းသမီးမင်ယုသည် လုံချန်းအား အကြောင်းစုံကို စတင် ပြောပြတော့သည်။
"အဲဒီလူပေးတဲ့ ပုံဆောင်ခဲကို ကျွန်မ သုံးလိုက်တော့ အဲဒါက ရှင့်ဆီကို ခေါ်လာခဲ့တာ။ ရှင်က ကျွန်မရဲ့ အင်ပါယာကို ကယ်တင်ဖို့ ကူညီပေးမယ့် ကျွန်မရဲ့ ကံကြမ္မာပဲ" မင်းသမီးမင်ယုက အကြောင်းစုံ ပြောပြပြီးနောက် လုံချန်းကို ကြည့်ကာ ပြောလိုက်သည်။
"အာ... မဟုတ်ဘူး... စိတ်မကောင်းပါဘူး။ အဲဒီ ပုံဆောင်ခဲက မင်းကို ငါ့ဆီ ခေါ်လာတာ မဟုတ်ဘူး၊ ဒီကောင်ဆီ ခေါ်လာတာ" လုံချန်းက ပြောကာ သိုလှောင်လက်စွပ်ထဲမှ ချပ်ဝတ်လေပြေကျား ၏ အလောင်းကို ထုတ်ပြီး အနားတွင် ချလိုက်သည်။
"ငါ တကယ် စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ မင်းရဲ့ ကံကြမ္မာကို လွန်ခဲ့တဲ့ နာရီပိုင်းကမှ ငါ သတ်လိုက်မိပြီ ထင်တယ်" လုံချန်းက ရှုံ့မဲ့မဲ့ အပြုံးဖြင့် ပြောလိုက်သည်။
"မဟုတ်ဘူး၊ ရှင် တစ်ယောက်တည်းပဲ ကျွန်မကို ကူညီနိုင်တာ" မိန်းကလေးက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် အော်ပြောလိုက်သည်။
"ငါက သာမန် ကောင်လေးတစ်ယောက်ပါ။ ငါ မင်းကို မကူညီနိုင်ဘူး" လုံချန်းက မင်းသမီးမင်ယုကို ကျောခိုင်းရင်း ပြန်ဖြေလိုက်သည်။
"ရှင်က သာမန် ကောင်လေး ဟုတ်လား။ မြေကမ္ဘာအဆင့် ကျင့်ကြံသူ တစ်ယောက်တောင် ကျင့်ကြံဆင့်ကို မမြင်နိုင်တဲ့သူက သာမန်ကောင်လေးလား။ မြေကမ္ဘာအဆင့် တတိယအဆင့် ကျင့်ကြံသူရဲ့ တိုက်ကွက်ကို ဒီလောက် အလွယ်တကူ ဖျက်ဆီးနိုင်တဲ့သူက သာမန်ကောင်လေးလား။ ရှင် ကျွန်မကို လိမ်လို့ရမယ် ထင်နေတာလား။ ကျေးဇူးပြုပြီး ကျွန်မကို ကူညီပေးပါ။ ရှင်က ကျွန်မရဲ့ နောက်ဆုံး မျှော်လင့်ချက်ပါ" လုံချန်းမှာ မိန်းကလေး၏ ဝမ်းနည်းပူဆွေးနေသော မျက်နှာကို ကြည့်ကာ အတွေးနက်သွားသည်။
"မင်းနောက်ကို လိုက်နေတဲ့ ကျင့်ကြံသူတွေက ဘယ်လောက်တောင် သန်မာလို့လဲ" လုံချန်းက စဉ်းစားဟန်ဖြင့် မေးလိုက်သည်။
"သူတို့က ကောင်းကင်ဘုံအဆင့် ထိပ်သီးတွေလို့ ကျွန်မ ထင်တယ်" မင်ယုက ပြန်ဖြေသည်။
"အဲဒါတွေက အဲဒီ မင်းသားကျင်ရဲ့ နောက်လိုက်တွေလား" လုံချန်းက ထပ်မေးသည်။
"ဟုတ်ပါတယ်" မင်ယုက ခေါင်းငြိမ့်ပြသည်။
"ဒါဆို ရှင်းရှင်းလင်းလင်း ပြောရရင်... ကောင်းကင်ဘုံအဆင့် နောက်လိုက်တွေ ရှိတဲ့သူတွေကို ငါက သွားတိုက်ပေးရမယ်ပေါ့။ သုံးလောကရဲ့ တကယ့် ထိပ်သီးကျင့်ကြံသူတွေကို ထားပါဦး၊ သူတို့ရဲ့ နောက်လိုက်တွေတောင် ငါ့ကို အကြိမ်ပေါင်း ရာနဲ့ချီ သတ်နိုင်တယ်" လုံချန်းက ရှုံ့မဲ့မဲ့ အပြုံးဖြင့် ပြောလိုက်သည်။
"ငါ တောင်းပန်ပါတယ်။ ငါ မင်းကို တကယ် မကူညီနိုင်ဘူး။ အင်ပါယာတွေရဲ့ စစ်ပွဲတွေနဲ့ ပူးပေါင်းကြံစည်မှုတွေထဲကို အမှားအမှန် ခွဲခြားချင်တဲ့ စိတ်ဓာတ်လေး တစ်ခုတည်းနဲ့ ငါ ဝင်မပါချင်ဘူး။ ငါ့အသက်ကို ငါ အခုထိ မစွန့်လွှတ်နိုင်သေးဘူး။ ငါက သူရဲကောင်း မဟုတ်သလို ငါ့အသက်ကိုလည်း ငါ ချစ်တယ်" လုံချန်းက မင်းသမီး၏ တောင်းဆိုချက်ကို ငြင်းပယ်လိုက်သည်။
"ရှင့်ရဲ့ ဘေးကင်းရေးကို ရှင် စိုးရိမ်တာ ကျွန်မ သိပါတယ်၊ စိုးရိမ်သင့်တာလည်း ဟုတ်ပါတယ်။ ရှင်က ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူတွေလောက် မသန်မာသေးဘူးဆိုတာ ကျွန်မ သိပေမဲ့ ရှင်က သူတို့ထက် ပိုသန်မာလာနိုင်တယ်လေ။ ကျွန်မ နန်းတော်ကို မရောက်ဘဲ ဒီကို ရောက်လာတာက အကြောင်းရင်း ရှိပါတယ်။ ကျွန်မ ဘယ်လောက်ပဲ မလုပ်ချင်ဘူး ပြောပြော... စစ်ပွဲကို ရပ်တန့်ဖို့က ကျွန်မရဲ့ ကံကြမ္မာ မဟုတ်ဘူး။ ကျွန်မ လုပ်နိုင်တာက သေဆုံးသူ အရေအတွက်ကို လျှော့ချဖို့နဲ့ ကျွန်မတို့ရဲ့ မြေတွေကို သုံးလောက အင်ပါယာက သစ္စာဖောက်တွေ လက်ထဲ မရောက်အောင် ကာကွယ်ဖို့ပဲ" မင်းသမီးမင်ယုက ဝမ်းနည်းသော အမူအရာဖြင့် အောက်ကို ငုံ့ကြည့်ကာ ပြောလိုက်သည်။
သူ့ရှေ့တွင် ရပ်နေသော အမျိုးသမီးငယ်၏ မျက်လုံးမှ မျက်ရည်များ မြေပြင်ပေါ်သို့ ကျလာသည်ကို လုံချန်း သတိပြုမိသွားသည်။
"ငါ အခုတော့ ဒါကို မလုပ်ပေးနိုင်သေးဘူး။ ဒါပေမဲ့ ငါ လုံလောက်အောင် သန်မာလာပြီး ငါ့ရဲ့ ဘေးကင်းရေးကို မထိခိုက်ဘဲ လုပ်ပေးနိုင်မယ့် နေ့ကျရင်တော့ ငါ မင်းကို ကူညီပါ့မယ်" လုံချန်းက မင်းသမီးမင်ယုကို ကြည့်ကာ နူးညံ့သော အသံဖြင့် ပြောလိုက်သည်။
"ကျွန်မရဲ့ တောင်းဆိုချက်ကို သဘောတူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" မင်းသမီးမင်ယုက လုံချန်း၏ မျက်လုံးကို ကြည့်ကာ ပြောလိုက်သည်။
"စစ်ပွဲက ဘယ်လောက်ကြာရင် စတင်မယ်လို့ မင်း ထင်လဲ" လုံချန်းက လေးနက်သော မျက်နှာဖြင့် မေးလိုက်သည်။
"ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ အရာတွေအရ... စစ်ပွဲက နောက်လအနည်းငယ် အတွင်းမှာ စတင်လိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ နောက်နှစ် အနည်းငယ် အတွင်းမှာတော့ စစ်ပွဲက အရှိန်အဟုန် အမြင့်ဆုံးကို ရောက်သွားလိမ့်မယ်" မင်ယုက စိုးရိမ်တကြီး ပြောသည်။
"ဟင်း... ဒါနဲ့ တစ်ခုလောက် မေးပါရစေ" လုံချန်းက မင်ယုကို မေးလိုက်သည်။
"ဘာလဲဟင်" မင်ယုက ပြန်မေးသည်။
"နင် အဲဒီ ပုံဆောင်ခဲ ပေးတဲ့လူကို မုန်းလား။ ဆိုလိုတာက... သူက မင်းကို အလွယ်တကူ ကူညီပေးနိုင်ရဲ့သားနဲ့ မင်းကို ဒီလို ဒုက္ခထဲ ထည့်ခဲ့တာလေ" လုံချန်းက စိတ်ဝင်တစား မေးလိုက်သည်။
"ကျွန်မ... သူ ဒီလိုလုပ်ရတဲ့ အကြောင်းရင်း ရှိမယ်ဆိုတာ သိပါတယ်။ သူက ကျွန်မ အသက်ရှင်အောင်လည်း ကူညီပေးခဲ့တယ်။ ဒါပေမဲ့ ဟုတ်ပါတယ်... ကျွန်မ သူ့ကို မုန်းတယ်။ အရမ်းကို မုန်းတယ်" မင်းသမီးမင်ယုက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူမ၏ လေသံထဲတွင် ဒေါသအရိပ်အယောင်အချို့ကိုလည်း ခံစားနေရလေတော့သည်။