← Chapters

အခန်း (၃၀၅)

Vol. 28 Ch. 305

အခန်း (၃၀၅)

Vol. 28 Ch. 305

မြို့တော်အတွင်း အခြေအနေများ ပြန်လည် တည်ငြိမ်စပြုလာချိန်မှာပဲ ကောလာဟလအသစ်များ ထပ်မံ ထွက်ပေါ်လာပြန်သည်။

“မင်းတို့ ကြားပြီးပြီလား... ကောင်းကင်၊ မြေပြင်နဲ့ လူသားစစ်သူကြီးတို့ သုံးယောက်က အရှင်မင်းကြီးအပေါ် မကျေနပ်ရုံတင် မကဘူး၊ လွန်ခဲ့တဲ့အချိန်ကတည်းက ပုန်ကန်ဖို့ ကြံစည်နေကြတာတဲ့”

“ဟေ့... မင်းစကားကို ဆင်ဆင်ခြင်ခြင်ပြောဦး၊ ခေါင်းပြတ်သွားဦးမယ်”

“ငါက အပိုပြောနေတာမဟုတ်ဘူး၊ အဲဒီစစ်သူကြီး သုံးယောက်က မဟာရှနိုင်ငံကို မလာခင်ကတည်းက ဧကရာဇ်လုပ်ချင်တဲ့ ရည်မှန်းချက်ရှိခဲ့ကြတာ။ သူတို့ကိုယ်တိုင် ထီးနန်းသိမ်းပိုက်ဖို့အတွက် 'အဝါရောင်ကောင်းကင်ဂိုဏ်း' ကို တည်ထောင်ခဲ့ကြတာလေ။ တခြားနိုင်ငံတွေရဲ့ ချေမှုန်းတာကို ခံလိုက်ရလို့သာ အရှင်မင်းကြီးထံမှာ လာခိုလှုံကြတာ”

“အေး... ဟုတ်သားပဲ၊ သူတို့က ဧကရာဇ်ဖြစ်ဖို့ နီးနီး ဖြစ်ခဲ့ကြတာပဲ၊ ကံမကောင်းလို့သာပေါ့”

“စစ်သူကြီးအိမ်တော်မှာ အလုပ်လုပ်တဲ့ ငါ့ခဲအို ပြောပြတာတော့... စစ်သူကြီးသုံးယောက်က တိတ်တဆိတ် အဝါရောင် ဝတ်ရုံတော်တွေကို ဆင်မြန်းပြီး ဧကရာဇ် အဆောင်အယောင်တွေနဲ့ ကပြဖျော်ဖြေနေတာကို သူကိုယ်တိုင် မြင်ခဲ့ရတယ်တဲ့”

“အဝါရောင် ဝတ်ရုံတော်တွေတောင် ရှိနေပြီလား၊ တကယ့်ကို သတ္တိကောင်းကြတာပဲ”

“ငါကြားတာတော့ သူတို့က တော်ဝင်တံဆိပ်တော်ကိုတောင် အသင့်ပြင်ထားကြပြီဆိုပဲ”

ကောလာဟလများသည် တစ်ခဏအတွင်းမှာပင် တောမီးပမာ ပြန့်နှံ့သွားတော့သည်။

“ယုတ်မာလိုက်တာ”

လူသားစစ်သူကြီးမှာ ဒေါသတကြီးဖြင့် စားပွဲကို ရိုက်ကာ ထရပ်လိုက်သည် - “အရင်က ငါတို့ အရှင်မင်းကြီးအပေါ် မကျေနပ်ဘူးလို့ ကောလာဟလလွှင့်တယ်၊ အခုတော့ တိုက်ရိုက်ကြီးကို ပုန်ကန်မလို့ဆိုပြီး စွပ်စွဲလာကြပြီ၊ ငါတို့မှာသာ အဲဒီလို ရည်ရွယ်ချက်ရှိရင်တောင် အဲဒီလောက် အရည်အချင်းရှိလို့လား၊ သူတို့က ဦးနှောက်နဲ့ မစဉ်းစားကြဘူးလား”

“ဟုတ်တယ်! ဒီအရပ်သားတွေက ဦးနှောက်ကို အသုံးမချကြဘူး။ ဒီလောက် ဟာကွက်များတဲ့ ကောလာဟလကို ဘယ်သူက ယုံမှာလဲ” ဟု မြေပြင်စစ်သူကြီးကလည်း ဒေါသတကြီး ထောက်ခံလိုက်သည်။

လူသားစစ်သူကြီးက အံကြိတ်ရင်း - “ငါတို့ကို သေတွင်းထဲတွန်းပို့ဖို့ ဘယ်သူက ကြံစည်နေတာလဲ။ ငါသာ မိလို့ကတော့ အဲ့ခွေးကောင် အသေဆိုးနဲ့ သေစေရမယ်”

ကောင်းကင်စစ်သူကြီးက သက်ပြင်းချကာ - “လူဖမ်းဖို့က အရေးမကြီးသေးဘူး၊ အရင်ဆုံး နန်းတော်ကိုသွားပြီး အရှင်မင်းကြီးကို အကျိုးအကြောင်း အရင်တင်ပြရအောင်”

သူတို့သုံးဦး နန်းတော်ထဲသို့ နောက်တစ်ကြိမ် ထပ်မံဝင်ရောက်လာကြသည်။

လင်းပိုင်ဖန်က သူတို့ကို မြင်တာနဲ့ ပြုံးလျက် - “မောင်မင်းတို့က အပြင်မှာ ပုန်ကန်ဖို့ ကြံစည်နေတယ်ဆိုတဲ့ ကောလာဟလတွေကြောင့် ရောက်လာကြတာလား” ဟု မေးလိုက်သည်။

စစ်သူကြီးသုံးဦးမှာ ထိတ်လန့်တကြားဖြင့် ချက်ချင်း ဒူးထောက်လိုက်ကြသည်။

“အရှင်မင်းကြီး... ဒါတွေက လုံးဝ မဟုတ်ပါဘူး၊ အပြင်က လူတွေ လျှောက်ပြောနေကြတာပါ”

“ကျွန်တော်မျိုးတို့က အရှင်မင်းကြီးအပေါ် အကြွင်းမဲ့ သစ္စာရှိပါတယ်။ ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ် လုပ်နိုင်မှာလဲ။ ဒါဟာ တစ်ယောက်ယောက်က မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်မျိုးတို့ကို ထောင်ချောက်ဆင်နေတာပါ။ အရှင်မင်းကြီးအနေနဲ့ သူတို့ရဲ့ အကြံအစည်ကို မြင်အောင်ကြည့်ပေးပါ”

“တကယ်လို့ အရှင်မင်းကြီးက မယုံကြည်ဘူးဆိုရင် ကျွန်တော်မျိုးတို့ရဲ့ အိမ်တော်တွေကို လူလွှတ်ပြီး ရှာဖွေနိုင်ပါတယ်”

လင်းပိုင်ဖန်က လက်ကာပြလိုက်ကာ - “စိုးရိမ်မနေကြနဲ့၊ အဲဒီလို ဒုက္ခခံနေဖို့လည်း မလိုပါဘူး။ ငါကိုယ်တော် မောင်မင်းတို့ရဲ့ အပြစ်ကင်းစင်မှုကို ယုံကြည်တယ်။ တခြားကိစ္စမရှိရင် ပြန်လို့ရပြီ။ နောင်မှာလည်း ဒီလို အခြေအမြစ်မရှိတဲ့ ကိစ္စတွေကို မောင်မင်းတို့ဘာသာ ဖြေရှင်းကြ၊ ငါကိုယ်တော့်ဆီအထိ လာတင်ပြနေဖို့ မလိုဘူး”

“ကျေးဇူးကြီးလှပါတယ် အရှင်မင်းကြီး” စစ်သူကြီးသုံးဦးမှာ သက်ပြင်းချနိုင်ကာ ထွက်ခွာသွားကြသည်။

“အရှင်မင်းကြီးက ငါတို့ကို ယုံကြည်လို့ တော်သေးတာပေါ့။ မဟုတ်ရင်တော့ ငါတို့မှာ ပါးစပ်တစ်ရာရှိရင်တောင် ရှင်းပြနိုင်မှာ မဟုတ်ဘူး”

“အရှင်မင်းကြီးက ငါတို့ကို ဒီလောက် ယုံကြည်ထားတာ၊ ငါတို့က သူ့ကို စိတ်မပျက်စေရဘူး!”

“ဒါကြောင့် အခု အရေးကြီးဆုံးက ဒီနောက်ကွယ်ကလူကို ရှာဖွေပြီး ဒီကိစ္စကို အပြတ်ရှင်းဖို့ပဲ”

စစ်သူကြီးသုံးဦး၏ ကြိုးပမ်းမှုကြောင့် ကောလာဟလလွှင့်သူ အချို့ကို ဖမ်းဆီးနိုင်ခဲ့ပြီး လူထု၏ ဝေဖန်မှုများလည်း တဖြည်းဖြည်း ငြိမ်သက်သွားသည်။

ထိုအိမ်တော်အတွင်းရှိ မြေအောက်ခန်းထဲတွင်မူ...

အရိပ်အဖွဲ့၏ ဒုခေါင်းဆောင်မှာ အလွန် စိတ်ပျက်နေလေသည် - “ဘာလို့ ဘာအကျိုးသက်ရောက်မှုမှ မရှိရတာလဲ။ သူတို့ ပုန်ကန်မယ်ဆိုတဲ့ ကောလာဟလတွေတောင် ထွက်နေတာကို အဲဒီ 'ခွေးဧကရာဇ်' က ဘာတုံ့ပြန်မှုမှ မရှိဘူးလား၊ ငါတို့ သူတို့ကြားမှာ အက်ကြောင်းထအောင် မလုပ်နိုင်ဘူးလို့တော့ မယုံဘူး”

“ဒုခေါင်းဆောင်... ကျွန်တော်တို့ အထက်ပိုင်း လူကြီးတွေကနေ စတင်သင့်တယ်လို့ ထင်ပါတယ်”

တစ်ယောက်က အကြံပေးလိုက်သည် - “အဲဒီ ခွေးဧကရာဇ်က လမ်းဘေးက စကားတွေကို ကောလာဟလလို့ပဲ သတ်မှတ်ပြီး မယုံဘူးလေ။ ဒါပေမဲ့ ဒီစကားတွေကို နန်းတွင်းအမတ်တွေကသာ ပြောလာရင်တော့ သူယုံမှာပဲ မဟုတ်ဘူးလား”

“အဓိပ္ပာယ်ရှိတယ်၊ ဆက်ပြောစမ်း” ဒုခေါင်းဆောင်က ခေါင်းညိတ်လိုက်သည်။

“ကျွန်တော့်မှာ အကြံတစ်ခုရှိပညတယ်။ မဟာရှက အမတ်တွေကို ကျွန်တော်တို့ဘက်ကနေ ပြောပေးဖို့ လာဘ်ထိုးလို့ ရပါတယ်။ မဟာရှနန်းတွင်းက အမတ်အများစုက အဂတိလိုက်စားပြီး ကောက်ကျစ်ကြတာပဲ၊ သူတို့တွေ ဆွဲဆောင်မှုကို ငြင်းနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဘက်က ထိုက်တန်တဲ့ အဖိုးအခ ပေးနိုင်ရင်တော့...”

ဒုခေါင်းဆောင်က လက်ခုပ်တီးလိုက်ကာ - “ကောင်းတယ်၊ တကယ့်ကို ကောင်းတဲ့အကြံပဲ”

တစ်ဖက်တွင်မူ လင်းပိုင်ဖန်သည် စာကြည့်ဆောင်အတွင်း၌ စာအချို့ကို ရေးသားပြီး စာအိတ်ထဲသို့ ထည့်ကာ တံဆိပ်ခတ်နေသည်။

“ဒီကိစ္စက အလွန်အရေးကြီးတယ်။ မိန်းမစိုးလျှူကို တစ်ခေါက်လောက် သွားပေးဖို့ အကူအညီတောင်းပါတယ်၊ ပြီးတော့ ဒီကိစ္စကို ဘယ်သူ့ကိုမှ မပေါက်ကြားစေနဲ့၊ ဖတ်ပြီးတာနဲ့ မီးရှို့ပစ်ဖို့ ပြောလိုက်”

“မှန်လှပါ အရှင်မင်းကြီး” မိန်းမစိုးလျှူသည် စာအိတ်ကို ယူဆောင်ကာ ဟီရှန်း၊ လီလင်းဖူ နှင့် တခြားအမတ်ကြီးများ၏ အိမ်တော်များသို့ ချက်ချင်း ပြေးသွားတော့သည်။

စာထဲတွင် ပါရှိသည့် အကြောင်းအရာများကို ဖတ်ပြီးနောက် ထိုအမတ်ကြီးများမှာ အံ့အားသင့်သွားကြပြီး စာများကို ချက်ချင်း မီးရှို့ဖျက်ဆီးပစ်လိုက်ကြသည်။

ထိုအချိန်တွင် ချင်ဟွေ့သည်လည်း သူ၏စာကို မီးရှို့ပြီးကာစမှာပင် အိမ်စေဖြစ်သူ ရောက်လာသည်ကို တွေ့လိုက်ရသည်။

“သခင်ကြီး... အပြင်မှာ လျှို့ဝှက်ဆန်းပြားတဲ့ ကုန်သည်တစ်ယောက် ရောက်နေပြီး အရေးကြီးကိစ္စ ဆွေးနွေးချင်လို့တဲ့၊ ဒါက သူပေးလိုက်တဲ့ လက်ဆောင်ပါ၊ သခင်ကြီးအနေနဲ့ အချိန်ခဏလောက် ပေးစေချင်လို့ပါတဲ့”

အိမ်စေက သေတ္တာကို ဖွင့်ပြလိုက်ရာ ငွေတေး ၃၀၀၀ တန်ဖိုးရှိသည့် ကြက်မောက်သီးအရွယ် ပုလဲ (၁၀) လုံးကို တွေ့လိုက်ရသည်။

ချင်ဟွေ့၏ ဦးနှောက်က လျင်မြန်စွာ အလုပ်လုပ်သွားသည် - “သူ့ကို အထဲလွှတ်လိုက်”

မကြာမီမှာပင် ချင်ဟွေ့သည် ခရီးပန်းလာပုံရသော ကုန်သည်တစ်ဦးကို ဧည့်ခန်းမဆောင်တွင် တွေ့ဆုံခဲ့သည်။

“အရပ်သား ရှုတုန်းက အမတ်ကြီး ချင်ဟွေ့ကို ဂါရဝပြုပါတယ်။ ကံကောင်းခြင်းတွေ ရရှိပါစေ”

ချင်ဟွေ့က လက်ဖက်ရည်သောက်ရင်း ပြောလိုက်သည် - “ငါက အစိုးရကိစ္စတွေနဲ့ အတော်လေး အလုပ်များနေတယ်၊ ပြောစရာရှိတာ မြန်မြန်ပြော”

“အမတ်ကြီးချင်... ဒါက...”

တစ်ဖက်လူက ဘေးပတ်ပတ်လည်ရှိ အိမ်စေများနှင့် အမှုထမ်းများကို ကြည့်ကာ ပြောလိုက်သည် - “ကျွန်တော်တို့ ဆွေးနွေးမယ့်ကိစ္စက အတော်လေး လျှို့ဝှက်လို့ပါ၊ သူတို့ရှေ့မှာ ပြောဖို့ ခက်နေလို့ပါ”

ချင်ဟွေ့က လက်ကာပြလိုက်သည် - “အားလုံးပဲ ထွက်သွားကြ”

လူအားလုံး ထွက်သွားပြီးနောက် ချင်ဟွေ့က ထပ်မေးလိုက်သည် - “အခု ငါတို့နှစ်ယောက်တည်း ရှိနေပြီ၊ ဘာကိစ္စလဲဆိုတာ အရှိအတိုင်း ပြောလို့ရပြီလား”

“ရပါပြီ! အမတ်ကြီးချင်အနေနဲ့ မြို့တော်ထဲမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို ကြားပြီးပြီ မဟုတ်လား”

ချင်ဟွေ့က ခေါင်းညိတ်ပြကာ - “ကြားတာပေါ့! အခုတလော မြို့တော်ထဲမှာ ဆူညံနေတာပဲ၊ အထူးသဖြင့် စစ်သူကြီး သုံးယောက်က ပုန်ကန်ဖို့ ကြံနေတယ်ဆိုတဲ့ ကောလာဟလတွေက လူထုကြားမှာ ပျံ့နေတာလေ... ဒါက လုံးဝ အဓိပ္ပာယ်မရှိတဲ့ စကားတွေပဲ! သူတို့မှာသာ အဲဒီလို ရည်ရွယ်ချက်ရှိရင်တောင် အဲဒီလောက် သတ္တိရှိမှာ မဟုတ်ဘူး၊ သူတို့တွေက ဓားအဖိုးအိုရဲ့ ဓားဒဏ်ကို ခံနိုင်မှာမို့လို့လား”

“နေဦး... မင်းက ဘာလို့ ဒါကို ရုတ်တရက် ထပြောတာလဲ။ ဒါဆိုရင်...”

ချင်ဟွေ့က မျက်လုံးကို ကျဉ်းလိုက်ကာ - “ဒီကိစ္စမှာ မင်းတို့ လက်ချက်ပါနေတာလား”

ရှုတုန်းက ရိုသေစွာဖြင့် - “အမတ်ကြီးချင်က တကယ်ကို ထက်မြက်တာပဲ။ ဟုတ်ပါတယ်၊ ဒါတွေအားလုံးက ကျွန်တော်တို့ နောက်ကွယ်က လုပ်ဆောင်ခဲ့တာပါ”

ချင်ဟွေ့က စားပွဲကို ရိုက်ကာ ကျယ်လောင်စွာ အော်လိုက်သည် - “မင်းတို့က မဟာရှရဲ့ စစ်သူကြီးသုံးယောက်ကို ကြံစည်ရဲတယ်ပေါ့၊ တကယ့်ကို သတ္တိကောင်းနေတာပဲ”

ရှုတုန်းက ခေါင်းယမ်းကာ - “တကယ်တော့ ကျွန်တော်တို့ သူတို့ကို နစ်နာစေလိုတဲ့ ဆန္ဒမရှိပါဘူး၊ ကျွန်တော်တို့က အဲဒီစစ်သူကြီး သုံးယောက်ရဲ့ အရည်အချင်းကို လေးစားလို့ ကျွန်တော်တို့ဆီမှာ အမှုထမ်းစေချင်တာပါ။ ဒါပေမဲ့ သူတို့က ခေါင်းမာလွန်းလို့ ကျွန်တော်တို့ ဒီနည်းလမ်းကို သုံးခဲ့ရတာပါ၊ အခုထိတော့ အောင်မြင်မှု မရသေးပါဘူး”

“ဒါဆို... မင်းက ငါ့ဆီကို အကူအညီလာတောင်းတာပေါ့” ချင်ဟွေ့က ဒေါသတကြီး ပြောလိုက်သည်။

“အမတ်ကြီးချင်က တကယ်ကို ပါးနပ်ပါပေတယ်။ အခုလို ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလို ရာထူးအဆင့်အထိ တက်လှမ်းနိုင်တာ မဆန်းပါဘူး”

ရှုတုန်းက ထပ်မံ ဦးညွှတ်ကာ - “ကျွန်တော်တို့ မျှော်လင့်တာကတော့ အမတ်ကြီးချင်အနေနဲ့ နန်းတွင်းမှာ ကျွန်တော်တို့ဘက်ကနေ ပြောပေးဖို့ပါ။ အောင်မြင်ခဲ့မယ်ဆိုရင်တော့ ထိုက်တန်တဲ့ ဆုလာဘ်တွေက သေချာပေါက် ရလာမှာပါ။ ဒါကတော့ အမတ်ကြီးရဲ့ ပင်ပန်းမှုအတွက် စရန်ငွေအဖြစ် လက်ခံပေးပါ”

ချင်ဟွေ့သည် သူ့ထံ ကမ်းပေးလိုက်သော ငွေစက္ကူကို လှမ်းယူလိုက်သည်။

‘ ဒါက ငွေတေး ၅၀,၀၀၀တောင်ပဲ၊ ပြီးတော့ ဒါက စရန်ငွေ သက်သက်ပဲ ရှိသေးတယ်’

ဒါပေမဲ့ ချင်ဟွေ့က ဒေါသထွက်နေဆဲဖြစ်ပြီး ငွေစက္ကူကို တစ်ဖက်လူဘက်သို့ ညွှန်ပြကာ - “ဒီလောက် ငွေလေးနဲ့ ငါ့ကို သစ္စာရှိတဲ့သူတွေကို ဒုက္ခပေးခိုင်းနေတာလား၊ ငါ အဲဒီလို မလုပ်နိုင်ဘူး၊ အခုချက်ချင်း ထွက်သွားတော့”

“အမတ်ကြီးချင်... ဆုံးဖြတ်ချက်ကို အဲဒီလောက်ထိ အစောကြီး မချပါနဲ့ဦး”

ရှုတုန်းက လှောင်ပြုံးဖြင့် ပြောလိုက်သည် - “အမတ်ကြီး ရာထူးရကတည်းက စုစုပေါင်း ငွေတေး ၅၀၀,၀၀၀ လောက် အဂတိလိုက်စားခဲ့တာကို ကျွန်တော်တို့ သိထားပါတယ်။ အမတ်ကြီးရဲ့ အဂတိလိုက်စားမှု မှတ်တမ်းနဲ့ အထောက်အထားတွေ အားလုံးက ကျွန်တော်တို့ဆီမှာ ရှိနေတယ်။ တကယ်လို့ ဒါတွေအားလုံး ပေါက်ကြားသွားရင် ဘာဖြစ်မလဲဆိုတာ စဉ်းစားကြည့်ဖူးလား”

ချင်ဟွေ့၏ မျက်နှာ အေးစက်သွားပြီး - “...မင်း ငါ့ကို ခြိမ်းခြောက်နေတာလား”

“ခြိမ်းခြောက်တာ မဟုတ်ပါဘူး၊ အပြန်အလှန် အကျိုးရှိအောင် လုပ်နေတာပါ”

ရှုတုန်းက ပြုံးလျက် - “အမတ်ကြီးချင်သာ ကျွန်တော်တို့ကို ကူညီပေးမယ်ဆိုရင် အမတ်ကြီးရဲ့ အဂတိမှတ်တမ်းတွေ အားလုံးကို ပြန်ပေးမှာပါ။ အဲဒီလိုဆိုရင် အမတ်ကြီးအတွက် အန္တရာယ်လည်း ကင်းသွားမယ်၊ ငွေလည်း အလွယ်တကူ ရမယ်။ မကောင်းဘူးလား”

ချင်ဟွေ့၏ မျက်နှာတွင် အမျိုးမျိုးသော စိတ်ခံစားချက်များ ဖြစ်ပေါ်နေပြီး ဆုံးဖြတ်ချက်ကို ဝေခွဲမရ ဖြစ်နေသည်။

ခဏအကြာတွင် သူက - “ဒီတစ်ကြိမ်ပဲနော်၊ နောက်တစ်ခါ ထပ်မလာနဲ့တော့”

“အမတ်ကြီးချင်က တကယ်ကို ပညာရှိတာပဲ” ရှုတုန်းက ဦးညွှတ်လိုက်သည်။

“ဒါပေမဲ့ ငွေကတော့ ဒီထက် မနည်းရဘူး” ချင်ဟွေ့က ထပ်လောင်းပြောလိုက်သည်။

ရှုတုန်းက ဒါကို ကြိုတင်သိထားသည့်အလား ပြုံးကာ - “အမတ်ကြီး ဘယ်လောက် လိုချင်လို့လဲ”

ချင်ဟွေ့က လက်ငါးချောင်း ထောင်ပြလိုက်ကာ - “အနည်းဆုံး ငွေတေး ၅၀၀,၀၀၀”

ရှုတုန်း - “F**k” ( မင်းက ငါ့ထက်တောင် ပိုယုတ်မာသေးတယ် )

All Chapters