← Chapters

လိုက်လံရှာဖွေခြင်း

Vol. 3 Ch. 22

လိုက်လံရှာဖွေခြင်း

Vol. 3 Ch. 22

လီတာဖု စိတ်မကောင်း ဖြစ်သွားသည်။ သူ့မြို့စားရာထူးတော့ မြဲတော့မည် မဟုတ်မှန်း သိလိုက်သည်။ ဤကိစ္စအတွက် သူ့တွင် တာဝန်အပြည့် ရှိနေသည်။

"မင်းတို့က တော်တော် ပါးနပ်တာပဲ... ဒါပေမဲ့ ဒါက ငါ စိတ်စွမ်းအင် အနည်းငယ် ထည့်သွင်းထားတဲ့ ရုပ်သေးရုပ် တစ်ရုပ်သာသာပဲ ရှိသေးတာ... ငါ့အစီအစဉ်ကို ဖျက်ဆီးရဲတယ် ဆိုရင်တော့ မင်းတို့ သေပြီသာ မှတ်..."

"ဘုန်း..." ချင်ထျန်းက တာအိုဆရာ၏ ခေါင်းကို ကန်ထုတ်လိုက်ရာ အဖြူရောင် အရည်များ နေရာအနှံ့ ပျံ့ကျဲသွားလေသည်။

"ဒီလူက ရက်စက်လိုက်တာ... ဟောက်ရန်ဂိုဏ်းသား တကယ်ရော ဟုတ်ရဲ့လား..." လီတာဖု သံသယ ဝင်လာမိသည်။ ဒီလူက မိစ္ဆာတစ်ကောင်က ဟောက်ရန်ဂိုဏ်းသား ယောင်ဆောင်ထားတာများလား...။

တာအိုဆရာ၏ ခေါင်း ပေါက်ကွဲသွားသည့် အချိန်၌ ချင်ထျန်း၏ နဖူးပေါ်တွင် နောက်ထပ် မသေမျိုးသွေးကြောမှတ် တစ်ခု ထပ်မံ ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ချင်ထျန်း၏ ခေါင်းပေါ်၌ ဖြူစင်သော အရှိန်အဝါ တစ်ခု ပေါ်ထွက်လာသည်။ ထိုအရှိန်အဝါ၏ လေပြည်အောက်တွင် ချင်ထျန်း၏ ဆံနွယ်နက်များ တလွင့်လွင့် ဖြစ်နေပြီး ကွန်ဖြူးရှပ် ပညာရှင် တစ်ဦး၏ အငွေ့အသက်များ ပျံ့နှံ့နေကာ သူ့ကို လူကြီးလူကောင်း တစ်ဦးအလား ထင်မှတ်ရစေသည်။

"ဒါ ဟောက်ရန်ဖြောင့်မတ်ခြင်း ချီစွမ်းအင်လား..."

ဤမျှ ရက်စက်ကြမ်းကြုတ်လှသော လူသတ်သမားက ဟောက်ရန်ဖြောင့်မတ်ခြင်း ချီစွမ်းအင်ကို ပိုင်ဆိုင်ထားပြီး ကွန်ဖြူးရှပ်သူတော်စင်တစ်ပါး၏ ဟန်ပန်မျိုးကို ပြသနေသည်တဲ့လော။

လီတာဖု၏ ကမ္ဘာကြီး ဇောက်ထိုးမှောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

"မစ်ရှင် ဆုလာဘ်က တကယ် မိုက်တာပဲ..." ချင်ထျန်း ဆုလာဘ် ရလိုက်သဖြင့် ပျော်ရွှင်သွားသည်။

နေဦး...။

ချင်ထျန်း ပျော်ရတာ တစ်စက္ကန့်တောင် မကြာလိုက်ချေ...မျက်နှာ ပြန်လည်မည်းနက်သွားသည်။

" ရုပ်သေးပညာရှင် ဆိုတာ ဘာကောင်လဲ... ဒီသခင်လေးကို ခြိမ်းခြောက်ရဲတယ် ဟုတ်လား... သတ္တိတွေ ကောင်းလှချည်လား"

သူ့အပေါ် တစ်စုံတစ်ဦးက အငြိုးအတေးထားနေပြီဆိုလျှင် သူ ဖြောင့်ဖြောင့်တန်းတန်း အိပ်ပျော်လေ့မရှိပေ။ ထို့ကြောင့် ဤကိစ္စကို ပြတ်ပြတ်သားသား ဖြေရှင်းပစ်မှသာ ရပေမည်။

"ရှောင်ဖုန်း... ရုပ်သေးပညာရှင် အကြောင်း ကြားဖူးလား..."

ချန်းဖုန်းသည် ချင်ထျန်း၏ နောက်ထပ် အဆင့်တက်သွားမှုကြောင့် အံ့အားသင့်နေရာမှ သတိပြန်ဝင်လာပြီး ခေါင်းညိတ်လိုက်သည်။

" ရုပ်သေးပညာရှင် ဆိုတာ... တောင်ပိုင်းဒေသမှာ နာမည်ကြီးတဲ့ ရုပ်သေးဆရာ တစ်ယောက်ပါ..."

"ကဲ... အခု သူ့ကို သွားရှာကြစို့..."

"စီနီယာအစ်ကိုကြီး... ဂိုဏ်းကို အရင်ပြန်ပြီး မစ်ရှင် အပ်သင့်တယ် မဟုတ်လား" အခုမှ မစ်ရှင် တစ်ခု ပြီးတာလေ။ နောက်တစ်ခု လုပ်ဖို့ အလောတကြီး လုပ်နေပြန်ပြီလား။

"မရဘူး... အဲဒီ ရုပ်သေးပညာရှင် ဆိုတဲ့ကောင်ကို အမြန်ဆုံး ရှင်းပစ်မှ ဖြစ်မယ်... မဟုတ်ရင် ငါ အိပ်ပျော်မှာ မဟုတ်ဘူး... အရေးအကြီးဆုံး အချက်က အဲဒီကောင်စုတ်က ငါ့ကို ခြိမ်းခြောက်ရဲတာပဲ"

ချန်းဖုန်း ပါးစပ်အဟောင်းသား ဖြစ်သွား၏။ ခြိမ်းခြောက်ခံလိုက်ရလို့ ဒီလောက် အလောတကြီး လိုက်ရှာတာလား။

ချန်းဖုန်း မလိုအပ်ဘူးဟု ထင်သော်လည်း ပျံသန်းလှေကို ထုတ်ပေးလိုက်သည်။

"နေပါဦး စီနီယာအစ်ကိုကြီး... ကျွန်တော် တစ်ခု သတိရသွားလို့..." ချန်းဖုန်း မျက်မှောင်ကြုတ်ပြီး အပြင်းအထန် စဉ်းစားလိုက်သည်။

"မြို့စားမင်း... ခင်ဗျားဆီမှာ မွေးသက္ကရာဇ်နဲ့ အချိန် စာရင်း ပါလာလား..."

"ပါလာတယ်..." လီတာဖုက သူ စုဆောင်းထားသော လူ ၅၊ ၆ ယောက်၏ မွေးသက္ကရာဇ်နှင့် အချိန်များကို ချန်းဖုန်းထံ ပေးလိုက်သည်။

"ဒါပေါ့... အလောင်း ၄၀ ကျော်... ရုပ်သေးပညာရှင်ရဲ့ ရည်ရွယ်ချက်က ယင်နေ့၊ ယင်အချိန်မှာ မွေးဖွားတဲ့ လူ ၄၉ ယောက်ကို စုဆောင်းပြီး ယင်ရုပ်သေး အလောင်းကောင် လုပ်ဖို့ပဲ"

ယင်ရုပ်သေးအလောင်းကောင် ဖန်တီးရန်အတွက် ယင်သဘာဝရှိသော အလောင်း ၄၉ လောင်းနှင့် ယင်သဘာဝ ဆေးဖက်ဝင်အပင် အမျိုးမျိုးတို့ လိုအပ်ပေသည်။ ထိုအထဲမှ အလောင်းတစ်လောင်းတည်းကိုသာ ယင်ရုပ်သေးအလောင်းကောင်အဖြစ် ပြောင်းလဲမည်ဖြစ်ပြီး၊ ကျန်ရှိနေသော အလောင်းများ၏ ယင်ချီစွမ်းအင်များကို ထိုအလောင်းက စုပ်ယူသွားမည်ဖြစ်သည်။

"မင်း ဘာတွေ တွေးနေတာလဲ..." ချင်ထျန်းသည် ဗဟုသုတ ဘဏ်တိုက်ကြီး တစ်ခုလို ဖြစ်နေသော ချန်းဖုန်းကို အလွန် သဘောကျနေသည်။

"စီနီယာအစ်ကိုကြီး... ဒီထဲမှာ အလောင်း တစ်လောင်း ရှိတယ်... အဲဒီအလောင်းက ကျန်တဲ့ အလောင်းတွေရဲ့ ယင်ချီစွမ်းအင်တွေကို စုပ်ယူထားပြီး ယင်ရုပ်သေး အလောင်းကောင် ဖြစ်လာတော့မယ့် အနေအထား ရောက်နေပြီ"

"အဲဒါ ဘာဖြစ်လို့လဲ" ချင်ထျန်း ဂရုမစိုက်ပေ။ သူ အလောင်းကောင်တွေကို သဘောမကျချေ။

"ဒီ ယင်ရုပ်သေး အလောင်းကောင်က စတင် ဖွဲ့စည်းနေပြီ ဆိုတော့ တန်ဖိုး အရမ်းကြီးတယ်... အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၁၀ တုံးလောက် တန်တယ်..."

"ဒါဆို ဘာစောင့်နေတာလဲ..." ချင်ထျန်း အထဲဝင်သွားပြီး ခဏလောက် မွှေနှောက်လိုက်ကာ အလောင်း တစ်လောင်းကို ထမ်းပြီး ပြန်ထွက်လာသည်။

"ကဲ... သွားကြစို့" ချင်ထျန်းက အလောင်းကို ပခုံးပေါ် ထမ်းထားသော်လည်း မရွံရှာပေ။ ဒီအရာက ဝိညာဉ်ကျောက်တုံး အများကြီး တန်တာကိုး။

"စီနီယာအစ်ကိုကြီး... ဒီ ရုပ်သေးပညာရှင်က နာမည်ဆိုးနဲ့ ကျော်ကြားတယ်... သူက အမြဲတမ်း ရုပ်ဖျက်ထားတတ်လို့ အရမ်း ရှာရခက်တယ်"

"ဒါဆို ဒီနေ့ သူ့ကို ရှာမတွေ့နိုင်တော့ဘူး ဆိုတဲ့ သဘောလား..."

"စီနီယာအစ်ကိုကြီး...အဲလို မဟုတ်ပါဘူး... သူ့ရဲ့ ရုပ်သေးရုပ်က ထင်းဖုန်းမြို့ထဲမှာ ရှိနေတာ ဆိုတော့... ဒီလူက ထင်းဖုန်းမြို့ အနီးအနားမှာ ရှိနေမှာ သေချာတယ်"

"ရုပ်သေးဆရာတွေက ရုပ်သေးရုပ်တွေကို ထိန်းချုပ်နိုင်ပေမဲ့... အကွာအဝေး အရမ်းဝေးလို့ မရဘူး... ဝေးလွန်းရင် ထိန်းချုပ်မှု ပြတ်တောက်သွားလိမ့်မယ်"

"ဒီလူက မြို့ထဲမှာ ရှိနေသယောင် ဟန်ပြထားပေမဲ့... ရုပ်သေးပညာရှင်ရဲ့ သတိကြီးတဲ့ သဘာဝအရ... သူ့ရဲ့ ခန္ဓာကိုယ် အစစ်က မြို့ပြင်က လျှို့ဝှက်တဲ့ နေရာ တစ်ခုခုမှာ ရှိနေမှာပဲ... ဒါမှ အချိန်မရွေး ထွက်ပြေးလို့ ရမှာလေ..." ချန်းဖုန်းက စာအုပ်ထဲမှာ ဖတ်ဖူးသမျှကို ပြန်လည် သုံးသပ်ပြီး ပြောပြလိုက်သည်။

လက်မှုပညာရှင်များသည် အလောင်းကောင် ပြုလုပ်ခြင်းကို စွဲလမ်းကြပြီး အပြစ်မဲ့သူများစွာကို သတ်ဖြတ်ခဲ့ကြသည်။ သက်ရှိလူသားများကို အသုံးပြု၍ ရုပ်သေး ပြုလုပ်သည် ဟူသော ကောလာဟလများပင် ရှိသည်။ သူတို့၏ ပြစ်မှုများမှာ များပြားလှသဖြင့် ဂိုဏ်းအသီးသီးက နှိမ်နင်းရန် ကြိုးစားနေကြသော မိစ္ဆာလမ်းစဉ် လိုက်သူများ ဖြစ်ကြသည်။

သို့သော် ဒီလူက လျှို့ဝှက်လွန်းပြီး ရှာရခက်လွန်းသဖြင့် မည်သူမျှ သူ့ကို ရှာမတွေ့နိုင်ကြပေ။ အဓိက ပြဿနာမှာ မည်သူမျှ သူ့ကို အကဲခတ်နိုင်စွမ်း မရှိကြခြင်း ဖြစ်သည်။

"မြို့ပြင်ထွက်ပြီး လိုက်ရှာကြည့်ရအောင်..." ချင်ထျန်း ပြတ်သားစွာ ဆုံးဖြတ်လိုက်သည်။

​လူတစ်ဦးတစ်ယောက်ကို မြင်တွေ့လိုက်သည်နှင့် စနစ်က အကြောင်းကြားချက် ပေးပို့လာမည်ကို သူ သိထားပြီးသား ဖြစ်သည်။ ထို့ကြောင့် ထိုလက်မှုပညာရှင် ပေါ်လာသည်နှင့် သူ ချက်ချင်း မှတ်မိပေလိမ့်မည်။ အကယ်၍ မယှဉ်နိုင်ပါကလည်း ချက်ချင်း ထွက်ပြေးလိုက်ရုံသာ ရှိသည်။ သို့သော် ယခုအချိန်အထိမူ 'ကျွမ်းကျင်သူ' ဆိုသည့် သတိပေးချက်မျိုး စနစ်ထံမှ ထွက်ပေါ်လာခြင်း မရှိသေးပေ။ ကြည့်ရသည်မှာ အရှေ့ပိုင်း မြေရိုင်းဒေသမှ ကျင့်ကြံသူများသည်လည်း ထင်သလောက် အစွမ်းထက်ပုံ မရချေ။

ချင်ထျန်း ကိုယ့်ကိုယ်ကိုယ် ပိုပြီး ယုံကြည်မှု ရှိလာသလို ခံစားလိုက်ရသည်။

"ဟုတ်ကဲ့... စီနီယာအစ်ကိုကြီး" ချန်းဖုန်းက ပျံသန်းလှေကို မြို့ပြင်ဘက်သို့ ချက်ချင်း ဦးတည်မောင်းနှင်လိုက်သည်။

သူ့ပါရမီက သာမန်ပဲ ရှိပြီး မိသားစုထဲမှာလည်း မျက်နှာမရတဲ့သူ ဆိုတာ သူ ကောင်းကောင်း သိသည်။ ဒါကြောင့် သူ လုပ်ရမှာက လမ်းပြပေးဖို့ပဲ ဆိုတာ နားလည်ထားသည်။ တိုက်ခိုက်မယ့်သူက သူမှ မဟုတ်တာ။

ပျံသန်းလှေသည် မြို့စားအိမ်တော်ကို ဖြတ်ကျော် ပျံသန်းသွားသည်။

ပျံသန်းလှေ၏ အရှိန်သည် ဖူယောင်အဆင့် ရောက်နေသော ကျင့်ကြံသူ တစ်ယောက်၏ အရှိန်နှင့် တန်းတူ ရှိသည်။

"ဘယ်သူလဲဟ... မသေမျိုးမြို့တော်ထဲမှာ တိုက်ရိုက် ပျံသန်းလို့ မရဘူး ဆိုတာ မသိဘူးလား... ပျံသန်းလှေတောင် စီးထားသေးတယ်"

မြို့စောင့်များ သတိထားမိသွားကြပြီး ဆူပူကြိမ်းမောင်းရန် ပြင်လိုက်ကြသည်။

"ဖယ်ကြစမ်း... မဟုတ်ရင် ရိုက်သတ်ပစ်မယ်..." ချင်ထျန်း၏ ဟိန်းဟောက်သံကြောင့် မြို့စောင့်များ ကြောက်ရွံ့သွားကြသည်။

ချန်းဖုန်းက မစ်ရှင်တံဆိပ်ပြားကို ထုတ်ပြလိုက်ရာ မြို့စောင့်များ လမ်းဖယ်ပေးလိုက်ကြသည်။

"စီနီယာအစ်ကိုကြီး... ကျွန်တော်တို့က ဟောက်ရန်ဂိုဏ်းရဲ့ နယ်မြေထဲမှာ ရှိနေတာပါ... မစ်ရှင်တံဆိပ်ပြားကို ပြလိုက်ရင် ဒေသ ခေါင်းဆောင်တွေက ဦးစားပေး ဆက်ဆံကြပါတယ်"

"တခြား ဂိုဏ်းတွေရဲ့ နယ်မြေထဲမှာတောင် ဟောက်ရန်ဂိုဏ်းရဲ့ မစ်ရှင်တံဆိပ်ပြားကို ပြလိုက်ရင် အဆင်ပြေလေ့ ရှိပါတယ်... တကယ်တော့ ဒီလောက်ထိ ကြမ်းတမ်းဖို့ မလိုပါဘူး..." ချန်းဖုန်းက ရှင်းပြလိုက်သည်။

ဟောက်ရန်ဂိုဏ်း... "ဝိုး... သူတို့က တော်တော် မျက်နှာပန်းလှတာပဲ..." ချင်ထျန်း တီးတိုး ရေရွတ်လိုက်သည်။ တခြား ဂိုဏ်းတွေကတောင် မျက်နှာသာ ပေးရတယ် ဆိုတော့ အံ့ဩစရာပဲ။

"ဒါပေါ့... ဟောက်ရန်ဂိုဏ်းက ဖြောင့်မတ်မှန်ကန်မှုကို ရှေ့တန်းတင်ပြီး အပြစ်မဲ့သူတွေကို ဘယ်တော့မှ မသတ်ဘူးလေ... ဖြောင့်မတ်သောလမ်းစဉ် ဂိုဏ်း အဖြစ် အားလုံးက အသိအမှတ် ပြုထားကြတာ..."

"တောထဲမှာ ကိုယ့်ဆီ ရတနာ ပါလာလို့ အလိုက်ခံနေရရင်... တခြားသူတွေဆီ သွားအကူအညီတောင်းရင် နောက်ထပ် ရန်သူတစ်ယောက် တိုးလာနိုင်ပေမဲ့... ဟောက်ရန်ဂိုဏ်းသား တစ်ယောက်နဲ့ တွေ့ရင်တော့ ဘေးကင်းဖို့ သေချာသလောက် ရှိပါတယ်..."

ဤဂုဏ်သတင်းကို နှစ်ပေါင်းများစွာတိုင်အောင် တည်ဆောက်ခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် အချို့သော မသေမျိုးကျင့်ကြံသူ မိသားစုများသည် သူတို့၏ သားသမီးများကို ဟောက်ရန်ဂိုဏ်းသို့ စေလွှတ်ကာ ပညာသင်ယူစေချင်ကြခြင်း ဖြစ်ပေသည်။

ချင်ထျန်းတို့ ထွက်ခွာသွားပြီးနောက် ကျီးပုဖန် မြို့စားအိမ်တော်သို့ ရောက်ရှိလာသည်။

သူ တောင်ပေါ်မှ မဆင်းသည်မှာ ကြာပြီ ဖြစ်သဖြင့် ဝိညာဉ်ကျောက်တုံး မရှိသောကြောင့် ပျံသန်းသော မှော်ပစ္စည်းများ မဝယ်နိုင်ပေ။ သူသည် ဓားစီး၍သော်လည်းကောင်း၊ မြေပြင်ပေါ်တွင် ပြေးလွှား၍သော်လည်းကောင်း ခရီးနှင်လာခဲ့ရပြီး အတော်လေး ပင်ပန်းနေပြီ ဖြစ်သည်။

"ချင်ထျန်းတို့ ရောက်လောက်ဦးမှာ မဟုတ်ဘူး... မြို့ထဲဝင်ပြီး စောင့်ကြတာပေါ့"

ကျီးပုဖန် ရောက်ရောက်ချင်း မြို့စားအိမ်တော် ရှေ့ရှိ ကြော်ငြာစာရွက် ဆုတ်ဖြဲခံထားရသည်ကို တွေ့လိုက်ရသည်။ အမှုဖြေရှင်းနိုင်သူကို အကူအညီ တောင်းခံထားသော ကြော်ငြာစာ ဖြစ်သည်။

"ဘာလို့ ဆုတ်ဖြဲလိုက်တာလဲ... တရားခံကို မိသွားပြီလား..." ကျီးပုဖန် မေးလိုက်သည်။

သူလည်း ဤတာဝန်ကို ယူရန် စိတ်ကူးထားလေသည်။ ဂိုဏ်းသားဖြစ်လာသည်မှာ ခြောက်နှစ်တိုင်ခဲ့ပြီ ဖြစ်သော်လည်း တာဝန်တစ်ခုကိုမျှ ထွက်မလုပ်ရသေးပေ။ မကြာသေးမီက အဆင့်တက်ရန် အခက်အခဲကြုံတွေ့နေရသဖြင့် အချိန်ရခိုက် တာဝန်တစ်ခုခုကို ထွက်လုပ်မှသာ ဖြစ်ပေမည်။ အပြင်စည်းဂိုဏ်းတွင်ချည်း တစ်သက်လုံး အောင်းနေ၍တော့ မဖြစ်နိုင်ချေ။

​ကြော်ငြာစာရွက်ကို ဆုတ်ဖြဲနေသော စစ်သည်များသည် ကျီးပုဖန်ကို မြင်လိုက်ရသောအခါ... သူ၏ ထူးကဲသော အရှိန်အဝါနှင့် လျှို့ဝှက်ဆန်းကြယ်သည့် ဝတ်စုံကို ကြည့်ကာ သာမန်လူမဟုတ်မှန်း သိလိုက်ကြသဖြင့် အကျိုးအကြောင်းကို ချက်ချင်း ရှင်းပြလိုက်ကြလေသည်။

"တွေ့ပါပြီ... လွန်ခဲ့တဲ့ နာရီဝက်လောက်ကပဲ... မြို့စားမင်းက လူသတ်သမားကို ကွပ်မျက်လိုက်ပြီ... အမှုပိတ်လိုက်ပြီလို့ ပြောပါတယ်"

"ပြီးသွားပြီလား..."

"ဒါက ငရဲခက်ခဲအဆင့် မစ်ရှင်လေ... ပြီးသွားပြီ ဟုတ်လား..."

နာရီဝက် ဆိုတာ မိနစ်ပိုင်းလောက်ပဲ ရှိသေးတာ မဟုတ်ဘူးလား။ ခက်ခဲအဆင့် မစ်ရှင်ကို လုပ်နိုင်တဲ့ ဂိုဏ်းသား လာတယ်လို့ မကြားမိပါဘူး။ မြို့စားမင်း ကိုယ်တိုင် ဖြေရှင်းလိုက်တာများလား...။

All Chapters