← Chapters

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

​အခန်း ၁၀၅ - ကျိမိသားစု၏ ပူဇော်မှု

​"မိုးခြိမ်းသံနဲ့တူတဲ့ အသံတွေ ဖန့်အိမ်တော်ထဲက ထွက်ပေါ်နေတာ ရက်တော်တော်ကြာနေပြီ..."

​"စစ်သူကြီး ဖန့်ချန်က သူ့ရဲ့ လျှပ်စီးလက်ဝါးကို လေ့ကျင့်နေတာ ဖြစ်မှာပါ"

​"သက်ပြင်းပဲ ချမိပါတယ် ဖန့်အိမ်တော်က အစောင့်တွေဟာ နှင်းရေခဲအင်ပါယာနဲ့ လက်ရည်စမ်းကြမယ်လို့ ကြားတယ် ရလဒ်က ဘယ်လိုထွက်လာမလဲ မသိဘူး"

​"ရလဒ်က ဘာရှိဦးမှာလဲ စစ်ရေးလေ့ကျင့်မှု လို့ ခေါ်တာက အပြောကောင်းအောင် ပြောတာပါ နှင်းရေခဲအင်ပါယာရဲ့ သံတမန်က ဒါကို အကြောင်းပြပြီး စစ်သူကြီးဖန့်ကို ဖိနှိပ်ဖို့နဲ့ ကျိုးရှို့ကိစ္စအတွက် လက်စားချေဖို့ လုပ်တာ ရှင်းနေတာပဲ"

​မြို့တော်ရှိ လူသားများသည် ထိုရက်ပိုင်းတွင် အချင်းချင်း တိုးတိုးဖော်ဖော်ဖြင့် အတင်းအဖျင်းပြောကာ အချိန်ကုန်လွန်နေကြပုံရသည်။

ဖန့်အိမ်တော်ကို ဖြတ်သွားသူတိုင်း၏ ပါးစပ်ဖျားတွင် ထို

အကြောင်းအရာကသာ ရေပန်းစားနေသည်။

​သာမန်ပြည်သူအများစုမှာ အိမ်တော်အတွင်း ဘာတွေဖြစ်ပျက်နေသည်ကို အသေးစိတ် မသိကြသော်လည်း အင်ပါယာ၏ အဆင့်မြင့်ပုဂ္ဂိုလ်များစွာမှာမူ အိမ်တော်အတွင်းမှ အသုံးဝင်မည့် သတင်းအချက်အလက်မှန်သမျှကို ရရှိရန် သူတို့၏ သူလျှိုများကို စေလွှတ်ထားကြသည်။

​နန်းတော်အတွင်း၌။

​ကျိလင်ယွီသည် ဝန်းခြံတစ်ခုအတွင်း တိတ်ဆိတ်စွာ ရပ်နေရင်း အိပ်မက်ဆိုး မြင်းစီးစစ်သည်တော်များ လေ့ကျင့်နေသည်ကို ကြည့်နေသည်။

မဟာရှအင်ပါယာကို ရင်ဆိုင်နေရသော်လည်း သူတို့အနေဖြင့် ပေါ့ဆ၍မရပေ

မီးတောက်အင်ပါယာ၏ အရိပ်အယောင်က လူတိုင်း၏ နှလုံးသားပေါ်တွင် လွှမ်းမိုးနေပြီး စိုးရိမ်ပူပန်မှုများ ပျံ့နှံ့နေသည်။

​"ဒါက ဖန့်ချန် လုပ်ခဲ့သမျှ အချက်အလက်တွေပါ သခင်လေး"

အိပ်မက်ဆိုး မြင်းစီးစစ်သည်တော်တစ်ဦး ချဉ်းကပ်လာပြီး ကျိလင်ယွီထံသို့ အစီရင်ခံစာတစ်ခု ကမ်းပေးလိုက်သည်။

​ကျိလင်ယွီသည် ၎င်းကို ဖတ်ကြည့်လိုက်ရာ မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။

"သူက ချင်စုန်းအင်ပါယာရဲ့ ဝံပုလွေစစ်တပ် တပ်မှူးကို သတ်ခဲ့တဲ့နေ့ကစပြီး လုံးဝကို နောက်ဆုတ်မယ့် အရိပ်အယောင် မပြတော့တာပဲ ငါးနှစ်ကြာပြီးတဲ့နောက် နောက်ဆုံးမှာတော့ သူက သူ့ရဲ့ အစွယ်တွေကို ပြန်ထုတ်ပြလာပြီ"

​ထို့နောက် ကျိုးရှို့ကို သတ်ခြင်းနှင့် နယ်စားရှန်းယွီကို ခေါင်းဖြတ်ခြင်း အဖြစ်အပျက်များ ရှိခဲ့သည်။

လုံတုအင်ပါယာနှင့် ရင်ဆိုင်ရစဉ်အတွင်း ထူးဆန်းသော ကျွမ်းကျင်သူများ ဝင်ရောက်ကူညီခဲ့သဖြင့် မဟာရှဘက်မှ အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပြီး လုံတု တပ်များကို လွယ်လွယ်ကူကူ မောင်းထုတ်နိုင်ခဲ့သည်။ နောက်ဆုံးတွင် အရာအားလုံးမှာ ဖန့်ချန်ထံသို့သာ ဦးတည်နေသည်။

​"ဒီလုပ်ရပ်တွေက ဖန့်ချန်ကိုယ်တိုင် လုပ်ခဲ့တာနဲ့ တူပေမဲ့"

ဟု ကျိလင်ယွီက ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"တကယ်တမ်းက လီတောက်ယဲ့ရဲ့ လက်ချက်ပဲ ဖြစ်ရမယ် သူကမှ ဒီလိုစွမ်းရည်မျိုး ရှိတာလေ ဘာပဲဖြစ်ဖြစ် သူက အဆင့်(၆)အင်ပါယာက ကျင့်ကြံသူတစ်ယောက်ပဲ"

​"သခင်လေး ကျင့်ကြံသူတွေဟာ သာမန်လူတွေကို ပုရွက်ဆိတ်တွေလိုပဲ မြင်ကြတာပါ သိုင်းသမားတွေတောင် သူတို့ရှေ့မှာ လေးစားမှု မရကြဘူး သူက ဘာလို့ ဖန့်အိမ်တော်မှာ နေဖို့ ဆန္ဒရှိနေတာလဲ သူက ဖန့်ချန်ကို ကူညီဖို့ သူ့အစွမ်းရှိသမျှ လုပ်ပေးနေပုံရတယ်"

ဟု အိပ်မက်ဆိုး မြင်းစီးစစ်သည်တစ်ဦးက တိုးတိုးလေး ပြောလိုက်သည်။

​ကျိလင်ယွီက ခေါင်းကို အသာအယာ ခါလိုက်သည်။

"သူ ဘာကြောင့် ဖန့်ချန်ကို ကူညီနေလဲဆိုတာ အခုလောလောဆယ် ငါတို့ မသိသေးဘူး"

ဟု သူက ဆိုသည်။

"ကျိုးရှို့အတွက် လက်စားချေဖို့နဲ့ မဟာရှကို ဖိနှိပ်ဖို့က လွယ်လိမ့်မယ်လို့ ငါထင်ခဲ့တာ ကျင့်ကြံသူတစ်ယောက် ရုတ်တရက် ပါဝင်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။"

​"ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကတော့ မိသားစုဆီကို သတင်းပို့ဖို့ ပြန်သွားပြီ နှင်းရေခဲအင်ပါယာမှာ ကျင့်ကြံသူ မရှိပေမဲ့ ငါ့ရဲ့ ကျိမိသားစုကတော့ ကျင့်ကြံသူတစ်ယောက်ကို ပံ့ပိုးပေးထားတယ် ဘိုးဘေးက သတင်းရတာနဲ့ အဲဒီကျင့်ကြံသူကို မဟာရှအင်ပါယာဆီ လွှတ်ပေးဖို့ တောင်းဆိုမှာ အသေအချာပဲ"

သူ၏ မျက်လုံးများ မှေးကျဉ်းသွားသည်။

"ဒါပေမဲ့... ကျင့်ကြံသူတစ်ယောက်ကို လှုပ်ရှားခိုင်းဖို့ အဖိုးအခက အရမ်းကြီးလွန်းတယ်"

​အိပ်မက်ဆိုး မြင်းစီးစစ်သည်၏ မျက်လုံးများ ဝင်းလက်သွားသည်။

ကျိမိသားစု၏ လူယုံတစ်ဦးအနေဖြင့် ထိုကျင့်ကြံသူ တည်ရှိကြောင်းကို သူ သိရှိထားသည်။

သူသည် ကျိမိသားစု ဘိုးဘေးနှင့်အတူ ထိုကျင့်ကြံသူကို တွေ့ဆုံဖူးသည်။

ထိုသူ၏ စွမ်းရည်မှာ တကယ့်ကို မှန်းဆ၍မရပေ။ အကယ်၍ ထိုအဘိုးကြီးသာ မဟာရှသို့ လာရန် သဘောတူလျှင် သူတို့အနေဖြင့် မီးတောက်အင်ပါယာမှ ကျင့်ကြံသူကို ကြောက်နေစရာ မလိုတော့ပေ။

​လေဟာနယ်အတွင်း၌။

​ဖန့်ချန်၏ ဝိညာဉ်သည် ထိုနှစ်ဦး၏ စကားဝိုင်းကို တိတ်ဆိတ်စွာ နားထောင်နေသည်။

ကျိမိသားစုက ကျင့်ကြံသူတစ်ဦးကို ပံ့ပိုးပေးထားကြောင်း သိလိုက်ရသောအခါ သူ၏ သံသယများစွာ ပြေလည်သွားသည်။

​'ကျိမိသားစုက ဘာလို့ အိပ်မက်ဆိုးစစ်မြင်းတွေကို ရှာနိုင်တာလဲ၊ ပြီးတော့ မကြာသေးမီနှစ်တွေအတွင်း ဘာလို့ နန်းတွင်းမိသားစုကိုတောင် ရင်ဆိုင်ရဲပြီး နှင်းရေခဲအင်ပါယာရဲ့ တစ်ဝက်လောက်ကို ထိန်းချုပ်နိုင်လာတာလဲဆိုတာ မဆန်းတော့ဘူးပဲ'

​ဖန့်ချန်၏ မျက်လုံးများတွင် အပြုံးရိပ်တစ်ခု ပေါ်လာသည်။

ကျိမိသားစုသည် ကျင့်ကြံသူတစ်ဦးကို ပံ့ပိုးထားသော တစ်ခုတည်းသော မိသားစု မဟုတ်နိုင်ပေ။ အဆင့်(၈)နှင့် အဆင့်(၇) အင်ပါယာများရှိ အင်အားကြီးမိသားစုများတွင်လည်း ကိုယ်ပိုင်ကျင့်ကြံသူများ ရှိနိုင်ပါသည်။

​သို့သော် ထိုကျင့်ကြံသူများ၏ စွမ်းရည်နှင့် နောက်ခံမှာ ကျင့်ကြံခြင်းလောက၏ အောက်ခြေတွင်သာ ရှိနိုင်ပေလိမ့်မည်။

ကျင့်ကြံသူများသည် ကြီးထွားရန်အတွက် ကျင့်ကြံခြင်း အရင်းအမြစ်များ လိုအပ်သည်။

အဆင့်(၉)၊ အဆင့်(၈)နှင့် အဆင့်(၇) အင်ပါယာများ၏ လက်ရှိ အခြေအနေမှာ သူတို့ သိမ်းပိုက်ထားသော နယ်မြေများတွင် ကျင့်ကြံခြင်း အရင်းအမြစ်များ မရှိခြင်းကြောင့်ပင် ဖြစ်သည်။

​ဥပမာအားဖြင့်၊ မဟာရှအင်ပါယာတွင် ထိုဝိညာဉ်စမ်းရေတွင်းမှလွဲ၍ အခြား ကျင့်ကြံခြင်း အရင်းအမြစ် မရှိပေ။

သူသည် ထိုနေရာ၌ နေထိုင်စဉ် တစ်သက်လုံး ဝိညာဉ်ကျောက်တုံး တစ်ဝက်ကိုပင် မမြင်ဖူးခဲ့ပေ။

မဟာရှသည် ကျင့်ကြံသူတစ်ဦးကို ပံ့ပိုးပေးနိုင်စွမ်း လုံးဝမရှိပါ။

သူတို့သည် နှစ်စဉ် ပူဇော်ရန် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အနည်းငယ်လေးကိုပင် မစုဆောင်းနိုင်ကြပေ။ ထိုကဲ့သို့ နိမ့်ကျသော အဖိုးအခကို လက်ခံမည့် ကျင့်ကြံသူဟူသည် ကမ္ဘာပေါ်တွင် ရှိလိမ့်မည် မဟုတ်ပေ

​နှင်းရေခဲအင်ပါယာသည် မဟာရှနှင့်ယှဉ်လျှင် အခြေအနေ ပိုကောင်းနိုင်သဖြင့် ကျိမိသားစုသည် ကျင့်ကြံသူတစ်ဦးကို ပံ့ပိုးနိုင်ခြင်း ဖြစ်လိမ့်မည်။

သို့သော် ကျိလင်ယွီ၏ စကားအရဆိုလျှင် ထိုသို့လုပ်ဆောင်ရန်မှာ သူတို့အတွက် အလွန်ဝန်လေးလှကြောင်း ထင်ရှားသည်။

​'စွမ်းအားနဲ့ နောက်ခံ အနည်းငယ်ရှိတဲ့ ဘယ်ကျင့်ကြံသူမဆို ဒီလိုနေရာမျိုးမှာ နေမှာ မဟုတ်ဘူး။ ဒီမှာ နေတဲ့သူတွေက ကျင့်ကြံခြင်းလောကမှာ အဆင်မပြေလို့ လာနေတဲ့သူတွေပဲ ဖြစ်ရမယ်'

ဟု ဖန့်ချန် တွေးလိုက်သည်။

​သို့သော်... ထိုကျင့်ကြံသူသည် သွေးဝိညာဥ်ဂိုဏ်း မှ မဟုတ်ဟုလည်း သူ လုံးဝ အာမမခံနိုင်ပေ။

အခြေခံတည်ဆောက်ခြင်းအဆင့် ကျွမ်းကျင်သူသည် နှင်းရေခဲအင်ပါယာတွင် ရှိနေနိုင်ခြေလည်း ရှိပါသည်။

​ဖြစ်နိုင်ခြေ နည်းသော်လည်း ရှိနေဆဲပင်။ ဖန့်ချန်သည် ထိုအခွင့်အရေးကို အသုံးချကာ ဆက်လက် စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။

​ကျိလင်ယွီကို နောက်ဆုံးတစ်ချက် ကြည့်လိုက်ပြီးနောက်၊ ဖန့်ချန်၏ ဝိညာဉ်သည် လေဟာနယ်ကို ဖြတ်သန်းကာ အိမ်ရှေ့မင်းသား၏ အိမ်တော်သို့ ချက်ချင်း ရောက်ရှိသွားသည်။

​ယနေ့ အိမ်တော်အတွင်း၌ စည်ကားနေသည်။ မြို့တော်မှ နာမည်ကြီး ပညာရှိများနှင့် ထူးချွန်သော အမျိုးသမီးများစွာ ရောက်ရှိနေကြသည်။

သူတို့သည် ဝိုင်ကောင်းများကို သောက်သုံးကာ၊ အရသာရှိသော အစားအစာများကို စားရင်း၊ လက်ရှိ အခြေအနေများကို ဆွေးနွေးနေကြပြီး တစ်ခါတစ်ရံ ကဗျာများ ရေးစပ်နေကြသည်။

​ထောက်ယွီ၊ ရဲ့ချင်းဟဲ နှင့် အပေါင်းအပါများ ရှိနေကြသည်။

ဝန်ကြီးချုပ်၏ သားဖြစ်သူ လီဟွာဖုန်း ကိုလည်း ဖန့်ချန် မြင်လိုက်ရသည်။

သူသည် ယခုအချိန်တွင် အောင်မြင်မှုကြောင့် ယစ်မူးနေပုံရသည်။ သူ၏ ပြင်းထန်သော အတွင်းအားအရ သူသည် ချီထိန်းချုပ်ခြင်းအဆင့် သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ထင်ရှားသည်။

​ဖန့်ချန်၏ အကြည့်များ လှုပ်ရှားသွားသည်။

​သူ မြို့တော်သို့ ပြန်ရောက်သောအခါ ကျောက်စစ်ရှင်း ထံမှ လီဟွာဖုန်းသည် ချီထိန်းချုပ်ခြင်းအဆင့် သို့ တက်လှမ်းသွားပြီဖြစ်ကြောင်း ကြားသိခဲ့ရသည်။

​လီဟွာဖုန်းတွင် ရှိခဲ့သော ဒဏ်ရာများကို ဖန့်ချန်ကိုယ်တိုင် ဖန်တီးခဲ့ခြင်းဖြစ်သဖြင့် ထိုဒဏ်ရာများ မည်မျှဆိုးရွားကြောင်း သူ အသိဆုံးဖြစ်ပြီး၊ လီဟွာဖုန်း အနေဖြင့် ချီထိန်းချုပ်ခြင်းအဆင့် သို့ တက်လှမ်းနိုင်ခြေ ရှိမရှိကို သူ အရှင်းဆုံး သိထားသည်။

သို့သော် ထူးဆန်းသည်မှာ လီဟွာဖုန်း၏ ဒဏ်ရာဟောင်းများမှာ လုံးဝ ပျောက်ကင်းသွားရုံသာမက၊ ကျင့်ကြံခြင်းပါ တိုးတက်သွားခြင်းပင်။

​ဒါဟာ ပုံမှန်မဟုတ်ဘူး။ ဖန့်ချန် အနံ့ခံမိလိုက်သည်။

​လီဟွာဖုန်းသည် ဝိုင်တစ်ငုံ သောက်လိုက်ရင်း ရှမိန် (အိမ်ရှေ့မင်းသား) ကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။

"အိမ်ရှေ့မင်းသား... ဘာလို့ စိတ်ညစ်နေပုံရတာလဲ အခု နှင်းရေခဲအင်ပါယာက ဝင်ပါလာပြီဆိုတော့ ဖန့်ချန် အပြစ်ပေးခံရမှာကတော့ ရှောင်လို့မရတော့ပါဘူး"

​"ဟုတ်တယ်၊ ဖန့်ချန်က အရမ်းကို မောက်မာလွန်းတယ်။ သူ့ရဲ့ လုပ်ရပ်တွေကြောင့် နှင်းရေခဲအင်ပါယာက ငါတို့အပေါ် အမြင်မကြည်မလင် ဖြစ်သွားရသလို၊ အခုလည်း စစ်ဆေးဖို့ ရောက်လာကြပြီကံကောင်းတာက နှင်းရေခဲအင်ပါယာရဲ့ သံတမန်က ဒီပြဿနာအားလုံးရဲ့ အရင်းအမြစ်ဖြစ်တဲ့ ဖန့်ချန်တစ်ယောက်တည်းကိုပဲ အပြစ်ပေးဖို့ ရည်ရွယ်ထားတာ"

​"မြို့ထဲမှာ ဖန့်ချန် မရှိတော့ရင် အတော်လေး ကောင်းသွားမှာပဲ"

​လူအများအပြားက ထောက်ခံပြောဆိုကြသည်။

​ရှမိန်သည် လူတိုင်းကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

ပြီးခဲ့သည့်ရက်က ထာဝရငြိမ်းချမ်းရေး ခန်းမ ထဲတွင် ဘာတွေဖြစ်ပျက်ခဲ့သည်ကို သူတို့ မသိကြပေ။ ဖန့်အိမ်တော်တွင် အဆင့်(၆)မီးတောက်အင်ပါယာမှ ကျင့်ကြံသူတစ်ဦး အမှန်တကယ် ရှိနေသည်ကို သူတို့ မသိကြပေ။

​ထိုသတင်းကို ဧကရာဇ်က ပိတ်ပင်ထားပြီး၊ အိမ်ရှေ့မင်းသား၏ ယုံကြည်ရသော လက်ထောက်ဖြစ်သည့် ထောက်မင်ရှန့် ပင်လျှင် သူ၏ မိသားစုဝင်များကိုပင် အသိမပေးရဲပေ။

​မဟာတောက်ပမှုဗျူရို ၏ ဒုတိယအကြီးအကဲဖြစ်သူ လီဟွာဖုန်းသည် ထိုနေ့က ခန်းမအတွင်း ရှိနေသင့်သော်လည်း သူသည် ချီထိန်းချုပ်ခြင်းအဆင့် သို့ မကြာသေးမီကမှ တက်လှမ်းနိုင်ခဲ့သဖြင့် ကျင့်ကြံခြင်း၌သာ အာရုံစိုက်နေခဲ့သည်။

ထို့ကြောင့် သူသည် ခွင့်ယူထားခဲ့ပြီး နန်းတွင်းသို့ မတက်ရောက်ခဲ့သဖြင့် ဤသတင်းကို မသိရှိခြင်းဖြစ်သည်။

​"မင်းတို့ နားမလည်တဲ့ အရာအချို့ ရှိနေတယ်"

ဟု ရှမိန်က ဝိုင်ခွက်ကို မြှောက်ကာ တစ်ငုံ သောက်ရင်း ပြောလိုက်သည်။

"ငါ့ကို ပြောစမ်း၊ နှင်းရေခဲအင်ပါယာနဲ့ စစ်ရေးလေ့ကျင့်မှုမှာ ဖန့်ချန် အနိုင်ရဖို့ အခွင့်အရေး ဘယ်လောက်ရှိမယ် ထင်သလဲ"

​"သူက နတ်ဘုရားမှ မဟုတ်တာ ဖန့်အိမ်တော်က အစောင့်တွေဟာ အိပ်မက်ဆိုး မြင်းစီးစစ်သည်တွေကို အနိုင်ရဖို့ အခွင့်အရေး မရှိပါဘူး"

ရဲ့ချင်းဟဲက အထင်သေးသော အမူအရာဖြင့် ပြောလိုက်သည်။

"သူကိုယ်တိုင် ပါဝင်တိုက်ခိုက်ရင်တောင် အလကားပါပဲ နှင်းရေခဲအင်ပါယာရဲ့ သံတမန်ဟာ မြေကမ္ဘာနက်နဲမှုအဆင့် ရှိတဲ့ သိုင်းသမားတစ်ယောက်လို့ ကျွန်မ ကြားထားတယ် သူ့ရဲ့ အတွင်းအားက ဖန့်ချန်ကို အားအင်ကုန်ခမ်းသွားအောင် လုပ်နိုင်လိမ့်မှာပါ"

​လူတိုင်းက ခေါင်းငြိမ့်လိုက်ကြပြီး သူတို့၏ မျက်လုံးထဲတွင် ကျိလင်ယွီ၏ အဆင့်အတန်းနှင့် ခွန်အားအပေါ် မနာလိုမှုနှင့် အားကျမှုများ ပေါ်လွင်နေသည်။

ရှမိန်သည် မဟာရှအင်ပါယာ၏ အိမ်ရှေ့မင်းသား ဖြစ်သော်လည်း သူ၏ အဆင့်အတန်းမှာ ကျိလင်ယွီနှင့်ယှဉ်လျှင် အများကြီး နိမ့်ကျနေဆဲဖြစ်သည်။

​ရှမိန်သည် စဉ်းစားရင်း မျက်မှောင်ကြုတ်လိုက်သည်။

"ဒါပေမဲ့ အနိုင်ရဖို့ အခွင့်အရေး မရှိဘူးဆိုရင် သူက ဘာလို့ ဒီစိန်ခေါ်မှုကို လွယ်လွယ်ကူကူ လက်ခံခဲ့တာလဲ"

​ထိုစဉ် လီဟွာဖုန်းက ရှမိန်ကို အသံတိုးတိုးဖြင့် ကြားဖြတ်ပြောလိုက်သည်။

"အိမ်ရှေ့မင်းသား... အရှင် ကျွန်တော့်ကို ပေးခဲ့တဲ့ အဲဒီဆေးက ကျန်သေးလား"

သူက မျှော်လင့်တကြီး မေးလိုက်သည်။

"အဲဒီဆေးကို သောက်လိုက်တဲ့အခါ ကျွန်တော့်ရဲ့ သွေးနဲ့ အားအင်တွေ အဆပေါင်းများစွာ တိုးလာသလို ခံစားရတယ် တကယ်လို့ ကျွန်တော် နောင်မှာ ချီအမြုတေအဆင့် ကို တက်လှမ်းနိုင်ခဲ့ရင်... ဖန့်ချန်ကို ဂရုစိုက်စရာ မလိုတော့ဘူး"

​သူ၏အသံမှာ တိုးသော်လည်း ဖန့်ချန်၏ နားမှ မလွတ်သွားပေ။

​'ဆေး ဟုတ်လား အိမ်ရှေ့မင်းသား ပေးတာလား'

​ဖန့်ချန်၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားသည်။

​တစ်စုံတစ်ရာကြောင့် ရှမိန်သည် ထိုအချိန်တွင် ကျောချမ်းသွားသလို ခံစားလိုက်ရသော်လည်း သူ ဂရုမစိုက်လိုက်ပေ။

"အဲဒါတွေက လွယ်လွယ်နဲ့ ရတာ မဟုတ်ဘူး အဲဒါကို လုပ်ပေးတဲ့သူက အခု မြို့တော်မှာ မရှိဘူး သူ ပြန်လာမှပဲ ငါတို့ ဆွေးနွေးကြတာပေါ့"

​'ရှမိန်က ဝိညာဥ်သွေးဂိုဏ်း နဲ့ ပူးပေါင်းနေတာလား?'

ဟု ဖန့်ချန် စဉ်းစားလိုက်သည်။ သို့သော်လည်း ဒါဟာ သူ့အတွက်တော့ သိပ်အံ့သြစရာ မဟုတ်ပေ။

​​အခန်း ၁၀၆ - သူ့မှာ ဘာအရည်အချင်းရှိလို့လဲ

​ဖန့်ချန် သည် သွေးဝိညာဥ်ဂိုဏ်း တည်ရှိကြောင်း သိရှိခဲ့ကတည်းက လူအများအပြားကို သံသယဝင်ခဲ့သည် ၎င်းတို့ထဲတွင် ရှမိန် (အိမ်ရှေ့မင်းသား) လည်း တစ်ဦးအပါအဝင် ဖြစ်သည်။

လီဟွာဖုန်း ၏ ရုတ်တရက် ဒဏ်ရာပျောက်ကင်းသွားခြင်းနှင့် ချီထိန်းချုပ်ခြင်းအဆင့် သို့ တက်လှမ်းနိုင်ခြင်းမှာ ရှမိန် ပေးသော ဆေးလုံးများကြောင့်ပင် ဖြစ်သည်။

သို့သော် ရှမိန် သည် ထိုကဲ့သို့ အစွမ်းထက်ပြီး အံ့ဖွယ်ကောင်းသော ဆေးလုံးများကို မည်သည့်နေရာမှ ရခဲ့သနည်း တကယ်လို့ ထိုဆေးလုံးများသည် လီဟွာဖုန်း ၏ ဒဏ်ရာများကို ပျောက်ကင်းစေနိုင်ခဲ့လျှင် ၎င်းတို့မှာ သာမန်ဆေးလုံးများ မဟုတ်သည်မှာ သေချာသည် ၎င်းတို့ကို ကျင့်ကြံသူ တစ်ဦးက ဖော်စပ်ခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။

​ချင်းစီလန် သည် ရှမိန် နှင့် ပတ်သက်မှုရှိသလို၊ ဓားစောင့်တပ်ဖွဲ့ ၏ အကြီးအကဲဟောင်း လျိုကျန့် သည်လည်း ရှမိန် ၏ လက်အောက်ခံ ဖြစ်ခဲ့သည်။

သွေးဝိညာဥ်ဂိုဏ်း သည် မဟာရှ အင်ပါယာအတွင်း အမှန်တကယ် ဘာတွေလုပ်နေသည်ကို ရှမိန် အသေးစိတ် မသိနိုင်သော်လည်း၊ ထိုဂိုဏ်း၏ တပည့်များသည် သူတို့၏ ကိုယ်ပိုင်အကျိုးအတွက် မဟာရှ ပြည်သူများ၏ အနှစ်သာရကို စုပ်ယူနေသည်ကိုမူ သူ အနည်းနှင့်အများ သိရှိထားသင့်သည်။

သို့သော် နှင်းရေခဲ အင်ပါယာမှ ကျိမိသားစု ပင်လျှင် ကျင့်ကြံသူများကို ရိုသေကိုးကွယ်ကြသည် မဟုတ်ပါလား။ ရှမိန် ကဲ့သို့သောသူသည် မှောင်မိုက်သော အင်အားစု၏ မြှူဆွယ်မှုကို မည်သို့ ခုခံနိုင်ပါမည်နည်း

​မကြာမီမှာပင် ပွဲလမ်းသဘင် အခြေအနေမှာ အေးစက်သွားပြီး လူများ တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြသည်။

ရှမိန် နှင့်အတူ ကျန်ရစ်ခဲ့သူများမှာ ထောက်ယွီ၊ ရဲ့ချင်းဟဲ နှင့် လီဟွာဖုန်း တို့သာ ဖြစ်တော့သည်။

​ရှမိန် သည် ထိုသုံးဦးကို ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။

"မင်းတို့ သုံးယောက် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ငါ ဘာလို့ စိတ်ညစ်နေရလဲဆိုတာ သိကြလား"

​သူတို့ သုံးဦးမှာ ဇဝေဇဝါဖြစ်ကာ ခေါင်းခါပြကြသည်။

​"သိုင်းသမားတွေထက်တောင် စွမ်းအားပိုကြီးတဲ့သူတွေ ကောင်းကင်ကိုတောင် တုန်လှုပ်စေနိုင်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့သူတွေ ရှိတယ်ဆိုတာ မင်းတို့ ကြားဖူးကြမယ် ထင်တယ်"

ဟု ရှမိန် က ဆိုသည်။

​"ကျင့်ကြံသူ တွေကို ပြောတာလား အိမ်ရှေ့မင်းသား"

ဟု ထောက်ယွီ က အသံထွက်ကာ စဉ်းစားလိုက်သည်။

"ဒီလို ပုဂ္ဂိုလ်တွေဟာ နတ်ဘုရားနယ်မြေတွေမှာ နေထိုင်ကြတာ ဒါမှမဟုတ် ပိုပြီး အင်အားကြီးတဲ့ အင်ပါယာတွေမှာ တစ်ခါတစ်ရံ တွေ့ရတတ်တယ်လို့ ကောလာဟလတွေ ရှိတယ် သူတို့က သာမန်လူတွေရှေ့မှာ သူတို့ရဲ့ ပုံစံအစစ်အမှန်ကို ဘယ်တော့မှ ထုတ်မပြကြဘူး သာမန်လူတွေအတွက် သူတို့ကို မြင်တွေ့ဖို့ဆိုတာ ခဲယဉ်းလှပါတယ်"

​"ကျင့်ကြံသူတွေ ဟုတ်လား ဟဲဟဲ ကျင့်ကြံသူ ဆိုတဲ့ အယူအဆက အရမ်းကို စိတ်ကူးယဉ်ဆန်လွန်းပြီး လက်တွေ့မကျပါဘူး"

ဟု လီဟွာဖုန်း က ရယ်မောရင်း ကြားဖြတ်ပြောလိုက်သည်။

"ဒါဟာ အင်အားကြီးတဲ့ အင်ပါယာတွေက သူတို့ရဲ့ လက်အောက်ခံနိုင်ငံတွေကို ခြောက်လှန့်ဖို့အတွက် လုပ်ကြံဖန်တီးထားတဲ့ လိမ်ညာမှုတွေပဲ ဖြစ်မှာပါ"

​ရဲ့ချင်းဟဲ ကမူ ဘာမှမပြောဘဲ ရှမိန် ဆက်ပြောမည့်စကားကိုသာ စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။

​"ကျင့်ကြံသူတွေဆိုတာ မင်းတို့ထင်သလို ရှာရခက်တဲ့သူတွေ မဟုတ်ပါဘူး ငါသိရသလောက်တော့ နှင်းရေခဲ အင်ပါယာက ကျိမိသားစု ဟာ ကျင့်ကြံသူတစ်ယောက်ကို ပံ့ပိုးထားတယ် ဒါ့အပြင် ကမ္ဘာတစ်ဝှမ်းက အဆင့်(၆) အင်ပါယာတွေမှာ သူတို့ကို ဦးစီးပေးနေတဲ့ ကျင့်ကြံသူတွေ ရှိကြတယ် အဲဒီလို ကျင့်ကြံသူတွေ ရှိနေလို့လည်း ဒီအင်ပါယာတွေက ခုအဆင့် (၇)ထက် ကျော်လွန်သွားနိုင်တာပေါ့ လွန်ခဲ့တဲ့ ရက်ပိုင်းက ထာဝရငြိမ်းချမ်းရေး ခန်းမ ထဲမှာ ကျိလင်ယွီ က ဖန့်ချန် ကို ဖမ်းဆီးဖို့ ကြိုးစားခဲ့တယ် ဒါပေမဲ့ အဆင့်(၆)&မီးတောက် အင်ပါယာက ကျင့်ကြံသူတစ်ယောက်ဟာ ဖန့်မိသားစု နဲ့အတူ ရှိနေလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ။"

​"ထိုကျင့်ကြံသူ ပေါ်လာလို့သာ ကျိလင်ယွီ က မဆင်မခြင် မလုပ်ရဲဘူး နောက်ပိုင်းမှာ စစ်ရေးလေ့ကျင့်မှုအကြောင်း ပြောခဲ့တာကလည်း ဖန့်ချန် ပဲ သူ့အိမ်တော်က အစောင့်တွေဟာ အိပ်မက်ဆိုး မြင်းစီးစစ်သည်တွေနဲ့ လက်ရည်စမ်းမယ်လို့ သူက ပြောခဲ့တယ်"

​ထိုသုံးဦးစလုံးမှာ အံ့အားသင့်သွားကြပြီး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

​လီဟွာဖုန်း သည် မျက်မှောင်ကြုတ်ကာ စဉ်းစားနေပြီးမှ ပြောလိုက်သည်။

"အိမ်ရှေ့မင်းသား... ဒီကျင့်ကြံခြင်းဆိုတဲ့ အရာက..."

​ရှမိန် က နှာခေါင်းရှုံ့လိုက်သည်။

"မင်းရဲ့ ဒဏ်ရာဟောင်းတွေကို ကုသပေးနိုင်တဲ့ ဆေးလုံးက ဘယ်လိုဆေးမျိုးလို့ မင်းထင်လို့လဲ"

​လီဟွာဖုန်း ၏ သန်မာသော ခန္ဓာကိုယ်မှာ အနည်းငယ် တုန်လှုပ်သွားပြီး သူ၏ မျက်လုံးများမှာ တဖြည်းဖြည်း အံ့သြမှုများဖြင့် ဝင်းလက်လာသည်။

​"ငါ မင်းတို့ကို ဖုံးကွယ်မထားပါဘူး ငါ့ရဲ့ ငယ်စဉ်အခါတုန်းက ကျင့်ကြံသူအချို့နဲ့ ဆုံခဲ့ဖူးတယ် ငါတို့ တော်တော်လေးကို ရင်းရင်းနှီးနှီး စကားပြောခဲ့ကြဖူးတယ်"

ဟု ရှမိန် က ပြုံးလျက် ဆိုသည်။

"ငါ သူတို့ထဲက အချို့ကို ရံဖန်ရံခါ ပူဇော်သက္ကာတွေ ပေးပြီး ထောက်ပံ့ခဲ့တယ် အဲဒီလိုနဲ့ပဲ ကျိမိသားစု ပံ့ပိုးထားတဲ့ ကျင့်ကြံသူအကြောင်းကို ငါ သိခဲ့ရတာပေါ့ ခိုနားဖို့ သစ်ပင်ကောင်းကို ရွေးချယ်တယ် ဆိုတာ သူတို့လုပ်နေတဲ့ အလုပ်ပဲ ဒါပေမဲ့ ကျင့်ကြံသူတစ်ဦးရဲ့ အသိအမှတ်ပြုမှုကို ရဖို့ဆိုတာ မလွယ်ဘူး သူတို့က သာမန်လူပေးတဲ့ ပူဇော်သက္ကာကိုမဆို လက်ခံတာ မဟုတ်ဘူး ကျိမိသားစု ကို ကျင့်ကြံသူတွေက အလေးထားသလို၊ ငါ့ကိုလည်း သူတို့က အလေးထားတယ်"

​"ဒါဆို အခု အရှင် စိတ်ညစ်နေရတာက ဖန့်မိသားစု ကလည်း ကျင့်ကြံသူတွေရဲ့ အသိအမှတ်ပြုမှုကို ခံရတဲ့ပုံစံ ဖြစ်နေလို့လား"

ဟု ထောက်ယွီ က မေးလိုက်သည်။

​"မှန်တယ်"

ရှမိန် က ခေါင်းငြိမ့်လိုက်သည်။

"ဒါပေမဲ့ ငါက မကြာသေးမီနှစ်တွေအတွင်း တိတ်တိတ်လေးပဲ လှုပ်ရှားခဲ့ပြီး ငါ့ရဲ့ စွမ်းဆောင်နိုင်ရည်တွေကို သိပ်ပြီး ထုတ်မပြခဲ့ဘူး ဒါကြောင့် လူတွေက ငါဟာ ဖန့်ချန် လောက် မတော်ဘူးလို့ ထင်နေကြတာ ငါ့လက်ထဲမှာ ရှိတဲ့ နည်းလမ်းတွေနဲ့ ကျင့်ကြံသူတွေရဲ့ အကူအညီနဲ့ ဖန့်ချန် ကို သတ်ဖို့ဆိုတာ အေးဆေးပါပဲ ချီအမြုတေအဆင့် သိုင်းသမားဆိုတာ သူတို့မျက်လုံးထဲမှာ ပုရွက်ဆိတ်တစ်ကောင်ထက် မပိုဘူး။"

သူက အတည်ပြုပြောဆိုလိုက်သည်။

"ဒါပေမဲ့..."

သူ၏ အသံမှာ ရုတ်တရက် ပြောင်းလဲသွားပြီး မျက်နှာမှာ လေးနက်သွားသည်။

"ဖန့်မိသားစု မှာလည်း အခု ကျင့်ကြံသူတစ်ယောက် ရှိနေပြီ ဒါက တကယ်ကို မထင်မှတ်ထားတဲ့ အရာပဲ ငါက အိမ်ရှေ့မင်းသားဖြစ်လို့ ကျင့်ကြံသူတွေရဲ့ အလေးထားမှုကို ခံရတာက ကျိုးကြောင်းဆီလျော်တယ် ဒါပေမဲ့ ဖန့်ချန် က ဘယ်သူမို့လို့လဲ ပြီးတော့ သူ့မှာ ဘာအရည်အချင်းရှိလို့ ကျင့်ကြံသူတစ်ယောက်က သူ့ကို လက်ခံပေးရတာလဲ"

​ဖန့်ချန် သည် ထိုစကားကို ကြားသောအခါ လှောင်ပြုံးပြုံးမိသွားသည်။

​ရဲ့ချင်းဟဲ က အသက်ကို ပြင်းပြင်းရှူလိုက်သည်။

"ထိုကျင့်ကြံသူက ဖန့်ချန် ကို ပုန်ကန်ဖို့ ကူညီနေတာလို့ အရှင် ထင်ပါသလား"

​"အရှင်မင်းသား... အရှင်နဲ့အတူရှိတဲ့ ကျင့်ကြံသူတွေက အခု ဘယ်မှာလဲ"

ဟု လီဟွာဖုန်း က ရုတ်တရက် မေးလိုက်သည်။

​"သူတို့က အကြောင်းအမျိုးမျိုးကြောင့် အခုလောလောဆယ် မြို့တော်မှာ မရှိကြဘူး သူတို့ ဘယ်ရောက်နေလဲဆိုတာ ငါလည်း မသိဘူး ဒီလိုပုဂ္ဂိုလ်တွေဟာ လျှို့ဝှက်နဂါးတွေလိုပဲ လာချင်တဲ့အချိန်လာပြီး ပျောက်ချင်တဲ့အချိန် ပျောက်သွားတတ်ကြတယ် ငါက သူတို့ကို ပူဇော်သက္ကာတွေပဲ ပေးနိုင်တာ၊ သူတို့ကို လုံးဝ ထိန်းချုပ်လို့ မရဘူး"

ဟု အိမ်ရှေ့မင်းသားက ခေါင်းခါရင်း ပြောသည်။

​လီဟွာဖုန်း ၏ မျက်လုံးများ ဝင်းလက်သွားသည်။

"အဆင့်(၆) အင်ပါယာတွေရဲ့ အင်အားက ကျင့်ကြံသူတွေ ရှိလို့ဆိုရင်၊ တကယ်လို့ အရှင်သာ သူတို့ဆီက ကျင့်ကြံခြင်း ပညာရပ်တွေကို ရခဲ့မယ်ဆိုရင် ငါတို့ မဟာရှ ကလည်း..."

​ရှမိန် က ပြုံးလိုက်သော်လည်း သူ၏ အပြုံးမှာ နောင်တရနေပုံရကာ အနည်းငယ် ရယ်မောလိုက်သည်။

"ငါ ဒါကို သူတို့ကို တစ်ခါ ပြောဖူးတယ်။ ကျင့်ကြံခြင်း ပညာရပ်တစ်ခုအတွက် ငါက အမြောက်အမြား ပေးဖို့ အသင့်ရှိတယ်လို့လည်း ပြောခဲ့ဖူးတယ် ဒါပေမဲ့ သူတို့က ငါ့ကို ဘာပြောလဲဆိုတော့... ငါက မဟာရှ တစ်ခုလုံးကို ပေးမယ်ဆိုရင်တောင် အဖိုးတန်တဲ့ ကျင့်ကြံခြင်း ပညာရပ်တစ်ခုရဲ့ တန်ဖိုးကို မမီဘူးတဲ့"

​လီဟွာဖုန်း က မျက်မှောင်ကြုတ်ကာ ဟောက်လိုက်သည်။

"တကယ့်ကို မောက်မာတာပဲ"

​"အဲဒီလိုတော့ မဟုတ်ပါဘူး သူတို့ ဘာလုပ်နိုင်လဲဆိုတာ မင်းတို့ ကိုယ်တိုင် မမြင်ဖူးလို့ပါ သူတို့ပြောတာက တကယ်တော့ အမှန်တရားပါပဲ အင်ပါယာတစ်ခုရဲ့ အိမ်ရှေ့မင်းသားဖြစ်တဲ့ ငါတောင် ကျင့်ကြံခြင်း ပညာရပ်တစ်ခုကို ရဖို့ မမျှော်လင့်ရဲဘူး "

"အရာအားလုံးက ကံကြမ္မာအပေါ်မှာပဲ မူတည်နေတာ ငါကတော့ ထိုကျင့်ကြံသူတွေရဲ့ လက်ကိုငှားပြီး မဟာရှ ကို သန်မာအောင် လုပ်ချင်ရုံပဲ ဒါမှ ငါတို့ကို ချင်စုန်း လို အင်ပါယာတွေက ထပ်ပြီး အရှက်မခွဲနိုင်တော့မှာဖြစ်သလို၊ နောင်တစ်ချိန်မှာ နှင်းရေခဲ အင်ပါယာနဲ့ ရင်ပေါင်တန်းနိုင်ဖို့ ငါ မျှော်လင့်ထားတာ "

ဟု ရှမိန် က ဂုဏ်ယူစွာ ကြေညာလိုက်သည်။

​ရှမိန် ၏ ကြီးမားလှသော ရည်မှန်းချက်ကြောင့် ထိုသုံးဦးမှာ အံ့အားသင့်သွားကြသည်။

နှင်းရေခဲ အင်ပါယာနှင့် ရင်ပေါင်တန်းရန်လား တကယ်လို့ ထိုနေ့သာ အမှန်တကယ် ရောက်လာခဲ့လျှင် ရှမိန် သည် သံသယဖြစ်ဖွယ်မရှိဘဲ မဟာရှ ၏ အကြီးမြတ်ဆုံး ဧကရာဇ် ဖြစ်လာပေလိမ့်မည်

​"ငါ့ရဲ့ အစီအစဉ်အရဆိုရင် အဲနေ့က တကယ် ရောက်လာနိုင်တယ် ဒါပေမဲ့... အခု ဖန့်အိမ်တော် မှာ ကျင့်ကြံသူတစ်ယောက် ပေါ်လာတာက ငါ့ရဲ့ အစီအစဉ်တွေကို ပျက်စီးစေတယ်။ သူဟာ ငါ့လမ်းမှာ အတားအဆီးတစ်ခု ဖြစ်လာနိုင်တယ်။ မင်းတို့ ငါ့ကို ဘာလုပ်စေချင်လဲ"

ဟု ရှမိန် က မေးလိုက်သည်။

​တကယ်လို့ ကျင့်ကြံသူတစ်ဦးက ဖန့်ချန် ကလွဲ၍ မဟာရှ ရှိ အခြားမည်သူ့ကိုမဆို ကူညီမည်ဆိုလျှင် ရှမိန် သည် ဤမျှအထိ စိတ်လှုပ်ရှားမည် မဟုတ်ပေ။

သို့သော် ဖန့်ချန် ၏ နံဘေးတွင် ကျင့်ကြံသူတစ်ဦး ပေါ်လာခြင်းကိုမူ သူ လုံးဝ ခွင့်မပြုနိုင်ပေ ဖန့်ချန် သည် သူ၏ စိတ်ထဲရှိ မိစ္ဆာတစ်ကောင်ကဲ့သို့ပင်။

ဖန့်ချန် နှင့် သူ၏ တတိယညီတော်ကို ဖယ်ရှားပစ်နိုင်မှသာ သူသည် မဟာရှ ၏ အနာဂတ် အမွေဆက်ခံသူအဖြစ် အာရုံစိုက်နိုင်ပြီး တောက်ပသော အနာဂတ်ကို စီစဉ်နိုင်မည်ဖြစ်သည်။

​"စိတ်မပူပါနဲ့ အိမ်ရှေ့မင်းသား"

ဟု လီဟွာဖုန်း က နှစ်သိမ့်လိုက်သည်။

"ကျိမိသားစု မှာ ကျင့်ကြံသူတစ်ယောက် ရှိနေတာပဲ အဆင့်နိမ့်တဲ့ ဖန့်မိသားစု က ကျင့်ကြံသူက ကျိမိသားစု ရဲ့ ကျင့်ကြံသူကို ဖိနှိပ်နိုင်မှာ မဟုတ်ပါဘူး။ ဒီစစ်ရေးလေ့ကျင့်မှုမှာ ဖန့်ချန် နဲ့ ကျိလင်ယွီ တို့ ကိုယ်တိုင် ပါဝင်ကြမှာပဲ။ ကျိလင်ယွီ က သူ့ကို အရှင်လတ်လတ် ပြန်လွှတ်မှာ မဟုတ်ဘူး"

​"တကယ်လို့ ဖန့်ချန် သေသွားလို့ ဖန့်အိမ်တော် က ကျင့်ကြံသူက ဒေါသထွက်လာရင်ရော"

ရှမိန် က မျက်မှောင်ကြုတ်လိုက်သည်။

"သူ့ရဲ့ နောက်ခံက ဘယ်လိုမျိုးလဲဆိုတာ ဘယ်သူမှ မသိဘူး။ ဒါက ငါတို့ကို နောက်ဆုံးမှာ ထိခိုက်စေနိုင်တယ်"

​"အရှင်မင်းသားရဲ့ နံဘေးက ကျင့်ကြံသူတွေ လှုပ်ရှားလိုက်ရင် သူ ပြန်မထွက်သွားနိုင်အောင် လုပ်လို့ရပါတယ် အဲဒီအခါကျရင် အပြစ်အားလုံးကို နှင်းရေခဲ အင်ပါယာအပေါ် ပုံချလိုက်လို့ ရတာပေါ့..."

ဟု လီဟွာဖုန်း က ရက်စက်သော အပြုံးဖြင့် အကြံပြုလိုက်သည်။

"ဒါက ဘေးအန္တရာယ်ကို လွှဲပြောင်းလိုက်ရုံတင်မကဘဲ နှင်းရေခဲ အင်ပါယာလည်း အကြီးအကျယ် ထိခိုက်သွားလိမ့်မယ် ဒါဆိုရင် သူတို့တွေ ခဏတဖြုတ် မဟာရှ ကို အာရုံမစိုက်နိုင်တော့ဘဲ အရှင်မင်းသားရဲ့ ရည်မှန်းချက်တွေကို အပြည့်အဝ အကောင်အထည်ဖော်နိုင်မှာပါ"

​ရှမိန် သည် အတန်ကြာ တိတ်ဆိတ်သွားသည်။ တဖြည်းဖြည်းနှင့် သူ၏ မျက်နှာမှာ ပြေလျော့သွားသည်။

​သူသည် ကျင့်ကြံသူများကို ကြိုးကိုင်ရန် တစ်ခါမှ မစဉ်းစားခဲ့ဖူးသော်လည်း၊ လီဟွာဖုန်း ၏ စကားကို ကြားပြီးနောက် ကျင့်ကြံသူများကိုပါ သူ၏အကျိုးအတွက် အသုံးချနိုင်ကြောင်း သိလိုက်ရသည်။

​"ငါနဲ့ ဆက်သွယ်ထားတဲ့ ကျင့်ကြံသူတွေ မြို့တော်ကို ပြန်မရောက်သေးဘူး၊ သူတို့ ဘယ်တော့ပြန်လာမလဲဆိုတာလည်း ငါမသိဘူး ဒါပေမဲ့ သူတို့ ငါ့ဆီမှာ ပစ္စည်းတစ်ခု ထားခဲ့ဖူးတယ်။ သူတို့ပြောပုံအရဆိုရင် အဲဒီအရာကို စားမိရင် ကျင့်ကြံသူတစ်ယောက်တောင် သေနိုင်တယ်တဲ့"

ဟု ရှမိန် က ဆိုကာ ပြုံးလိုက်သည်။

"စစ်ရေးလေ့ကျင့်မှုအတွင်း မင်း လှုပ်ရှားပြီး ဖန့်အိမ်တော် က ကျင့်ကြံသူကို အဆိပ်ခတ်လိုက်ပါ။ ပြီးရင် အပြစ်ကို နှင်းရေခဲ အင်ပါယာအပေါ် ပုံချလိုက်"

​ထိုအချိန်တွင် ဖန့်ချန် သည် ခေါင်းခါမိတော့သည်။ ဆက်နားထောင်နေစရာ မလိုတော့ပေ။

ကျိုးရီဆင်း နှင့် အခြားသူများ သေဆုံးသွားပြီဖြစ်ကြောင်း ရှမိန် မသိသေးသလို၊ လီတောက်ယဲ့ ကို ဒုက္ခပေးရန် သူ၏ အစီအစဉ်ကိုလည်း ဖန့်ချန် က အကုန်ကြားသိသွားပြီဖြစ်သဖြင့် ၎င်းမှာ ဘယ်တော့မှ အောင်မြင်လာလိမ့်မည် မဟုတ်ပေ။

​စိတ်ကူးလိုက်ရုံဖြင့် ဖန့်ချန် ၏ ဝိညာဉ်သည် မှောင်မိုက်သော ညကောင်းကင်ယံကို ဖြတ်သန်းကာ အိမ်တော်သို့ ပြန်ရောက်လာသည်။

​သူ၏ ဝိညာဉ်သည် ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားသည်နှင့် ဖန့်ချန်းယူ ၏ အသံသည် အခန်းပြင်ပမှ ထွက်ပေါ်လာသည်။

"ဖန့်ချန်... အဘိုးက မင်းကို ခေါ်နေတယ်။ အမြန် လာခဲ့ဦး"

All Chapters