← Chapters

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

​အခန်း ၁၁၃ - မင်းတို့က သတ်ဖြတ်ပြီး လုယက်ချင်တာလား

​မဟာရှ အင်ပါယာ၏ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများအားလုံး တုန်လှုပ်ချောက်ချားသွားကြသည်။

​"ဖန့်ချန် ကလည်း မြေကမ္ဘာအဆင့် ကို ရောက်နေတာလား"

​မဟာရှ ဧကရာဇ်သည် အံ့သြလွန်းသဖြင့် ကိုယ်ကို အနည်းငယ် ရှေ့သို့ ကိုင်းညွတ်သွားသည်။

ခဏအကြာမှ သူ၏ ထိုင်ခုံတွင် ပြန်လည်မှီလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် ခံစားချက်မျိုးစုံ ရောပြွမ်းနေတော့သည်။

​ပတ်ဝန်းကျင်ရှိ စစ်သည်များနှင့် နိုင်ငံသားများမှာလည်း ထိုမြင်ကွင်းကြောင့် မှင်တက်နေကြပြီး၊ ၎င်းမှာ သူတို့၏ စိတ်ထဲတွင် ထပ်ခါတလဲလဲ ပြန်လည် မြင်ယောင်နေကြသည်။

​ကျိလင်ယွီ ကို လက်ဝါးတစ်ချက်တည်းနှင့် အနိုင်ယူနိုင်ခြင်းမှာ ဖန့်ချန် သည် အနည်းဆုံး မြေကမ္ဘာ ကိုယ်တွင်းချီအဆင့် သိုင်းသမား ဖြစ်နေခြင်းပင်။

​"ငါတို့ မဟာရှ မှာလည်း မြေကမ္ဘာအဆင့် သိုင်းသမား ရှိနေပြီဟေ့"

​"သူ့ကို နတ်စစ်သူကြီး လို့ ဘွဲ့အပ်နှင်းခဲ့တာ မဆန်းတော့ဘူး သူက တကယ်ပဲ မဟာရှ ရဲ့ နံပါတ်တစ် သိုင်းသမားပဲ"

​"လုံတူး တို့၊ ချင်စုန်း တို့နဲ့ တခြားအင်ပါယာတွေ အခုရော မောက်မာရဲသေးရဲ့လား သိချင်စမ်းပါဘိ"

​လူအုပ်ကြီး၏ မျက်လုံးများတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။ တကယ့် သတင်းကောင်းပင်

​ယွီနတ်သမီး သည် လွန်ခဲ့သော ခဏကမှ ယုံကြည်ချက်အပြည့်နှင့် စကားပြောနေသော လူငယ်ကို လှမ်းကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

"အခု ဘာပြောစရာ ရှိသေးလဲ ပြောပါဦး၊ နတ်စစ်သူကြီး ဖန့် က အနိုင်ရဖို့ အခွင့်အလမ်း ရှိသေးလား"

​ထိုလူငယ်၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားပြီး ခဏမျှ တိတ်ဆိတ်သွားပြီးနောက်

"စစ်သူကြီး ဖန့် က မြေကမ္ဘာအဆင့် ဖြစ်နေလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး ဒါပေမဲ့... လှုပ်ရှားဖို့ စောင့်နေတဲ့ အိပ်မက်ဆိုး မြင်းစီးစစ်သည် တစ်ရာကျော် ရှိနေသေးတယ် သူ မြေကမ္ဘာအဆင့် ဖြစ်နေရင်တောင် အခြေအနေကို ပြောင်းလဲဖို့ ခက်ပါလိမ့်ဦးမယ်..."

ဟု ပြန်ဖြေသည်။

​ယွီနတ်သမီး က အသာအယာ ပြုံးလိုက်ရုံသာ။

"ဒါဆိုရင် ဆက်ကြည့်နေလိုက်ပေါ့"

​စင်မြင့်ထက်တွင်မူ အခြားအင်ပါယာများမှ သံတမန်များသည် တစ်ဦးကိုတစ်ဦး ထိတ်လန့်စွာ ကြည့်နေကြသည်။

ဖန့်ချန် မြေကမ္ဘာအဆင့်သို့ ရောက်ရှိနေခြင်းမှာ သူတို့၏ မျှော်လင့်ချက်ထက် ကျော်လွန်နေပြီး ၎င်းမှာ လျစ်လျူရှု၍မရသော ကိစ္စပင်။

​ထိုသည်မှာ သူတို့အင်ပါယာ တစ်ခုချင်းစီ၏ အခြေအနေကို လွှမ်းမိုးနိုင်လောက်အောင် အရေးပါလှသည်

​အခြားအင်ပါယာများတွင် ချီအမြုတေအဆင့် သိုင်းသမားများ ရှိသော်လည်း၊ မြေကမ္ဘာအဆင့် ကျွမ်းကျင်သူတစ်ဦး၏ ရှေ့တွင်တော့ အဲဒါတွေက ပြောပလောက်စရာ မဟုတ်တော့ပေ။

​လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း မဟာရှ ဆုံးရှုံးမှုများ ကြုံခဲ့ရစဉ်က အခြားအင်ပါယာများက အထက်စီးမှ ခံစားခဲ့ရသမျှ၊ ယခု သူတို့ရှေ့တွင် မြင်တွေ့နေရသည့် အရာများကြောင့် ထိုအထက်စီး ခံစားချက်မှာ အမှုန့်ဖြစ်သွားခဲ့ပြီ။

​မဟာရှ တွင် မြေကမ္ဘာအဆင့် သိုင်းသမား တစ်ဦး ရှိနေခြင်းကပင် သူတို့ကို အခြားအင်ပါယာများထက် ပိုမို အင်အားကြီးမားစေသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် မဟာရှ တွင် မြေကမ္ဘာအဆင့် သိုင်းသမား အနည်းငယ်သာ ထပ်ရှိလာပါက အဆင့်(၈)အင်ပါယာအဆင့်သို့ အလွယ်တကူ တက်လှမ်းနိုင်မည်ဖြစ်သည်။

​အနိမ့်ဆုံးအဆင့်ရှိ အဆင့်(၈) အင်ပါယာ ဖြစ်နေပါစေဦး၊ ၎င်းမှာ အဆင့်(၉)အင်ပါယာတစ်ခုအနေနဲ့ဘယ်လိုမှ နှိုင်းယှဉ်၍ မရနိုင်ပေ။

​သူတို့သည် စစ်ရေးလေ့ကျင့်မှုကို လာကြည့်ရုံလေးနှင့် ထိုကဲ့သို့ မြင်ကွင်းမျိုးကို မြင်တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ

​အခြားအင်ပါယာများမှ သံတမန်များ ထိတ်လန့်နေသလောက်၊ မဟာရှ မှ အရာရှိကြီးများမှာမူ အတိုင်းထက်အလွန် ဝမ်းသာနေကြပြီး သူတို့၏ အသက်ရှူသံများပင် ပြင်းထန်လာကြသည်။

​"မဟာရှ တော့ ကယ်တင်ခြင်း ရပြီ"

​"စစ်သူကြီး ဖန့် က ချင်စုန်း ထိပ်တန်းသိုင်းသင်တန်းကျောင်း က သိုင်းသမားတွေကို သတ်ရဲတာ မဆန်းတော့ပါဘူး။ တကယ်တော့ သူက မြေကမ္ဘာအဆင့်ကို ရောက်နေတာကိုး ဒါက ဒဏ္ဍာရီထဲက 'မပျက်စီးခင်မှာ ပိုသန်မာအောင် တည်ဆောက်တာ' ဆိုတဲ့ အရာမျိုးလား"

​"စစ်သူကြီး ဖန့် လို ပါရမီရှင်မျိုးမှပဲ ဒါမျိုးကို လုပ်နိုင်တာပါ"

​"ဟုတ်တယ်၊ ဟုတ်တယ်"

​ပဉ္စမမင်းသားသည် သူ၏ မုတ်ဆိတ်ကို ပွတ်သပ်ရင်း ပြုံးနေသည်။

​တရားရေးဝန်ကြီး ကျန်းယွီရှူး သည်လည်း မျက်နှာတွင် အပြုံးလေး တစ်ခု ရှိနေသည်။

​သဘာဝကျစွာပင် ထောင်မင်ရှန်း တို့လို လူများအတွက်တော့ ပျော်စရာ တစ်စက်မှ မရှိပေ။

ဖန့်ချန် မြေကမ္ဘာအဆင့် ဖြစ်နေခြင်းမှာ အရင်က သူတို့လုပ်ခဲ့သမျှအတွက် လက်တုံ့ပြန်မှုများနှင့် ရင်ဆိုင်ရတော့မည်ကို ဆိုလိုခြင်းပင်

​ရှောင်းရှန်ချဲ ၏ မျက်နှာမှာ ခါးသက်နေပြီး

"မြေကမ္ဘာအဆင့်... ငါ ချီအမြုတေအဆင့် ရောက်ရင် သူ့ကို စိန်ခေါ်နိုင်မယ်လို့ ထင်ထားတာ ဘယ်သူက ထင်မှာလဲ..."

ဟု သူ့ဘာသာ ရေရွတ်လိုက်သည်။

​ယန်ပေ့ဟန် သည် သူ၏ စိတ်ဓာတ်ကျနေမှုကို သတိပြုမိပြီး သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ သူကိုယ်တိုင်လည်း ထိုအတိုင်းပင် ခံစားနေရသည်။

​သူတို့သည် ဖန့်ချန် ကို ကျော်တက်ရန် ကြိုးစားလေလေ၊ သူတို့ကြားက ကွာဟချက်မှာ အလွန်ကြီးမားကြောင်း သိလာရလေလေ ဖြစ်သည်။

သူသည် သူတို့နှင့် တဖြည်းဖြည်း ဝေးကွာသွားကာ နောက်ဆုံးတွင် သူ၏ ကျောပြင်ကိုပင် မမြင်နိုင်တော့သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

​ဒါကို သူတို့ ဘယ်လိုလုပ် လိုက်မီနိုင်တော့မှာလဲ

​"သူက ဘယ်လိုလုပ် မြေကမ္ဘာအဆင့် ဖြစ်နေရတာလဲ သူက ဘယ်လိုလုပ် မြေကမ္ဘာအဆင့် ဖြစ်နေရတာလဲ သူက ဘယ်လိုလုပ်..."

လီဟွာဖုန်း သည် မျက်လုံးများ ပြူးကျယ်ကာ စိတ်မနှံ့သူတစ်ဦးကဲ့သို့ ထပ်ခါတလဲလဲ ရေရွတ်နေသည်။

​သူသည် ချီထိန်းချုပ်ခြင်းအဆင့် သို့ အခုလေးတင် တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာ သူ့ကို ခြောက်လှန့်ခဲ့သည့် အာဃာတအတွက် သူ ကလဲ့စားချေရန် ပြင်ဆင်နေခြင်းပင် သို့သော် သူ၏ ပြိုင်ဘက်မှာ မြေကမ္ဘာအဆင့်သို့ ရောက်နှင့်နေပြီ ဖြစ်သည်။

​"သခင်ကြီး"

အိပ်မက်ဆိုး မြင်းစီးစစ်သည် များသည် နောက်ဆုံးတွင် သတိပြန်ဝင်လာကြသည်။ သူတို့အနက် တစ်ဦးက မြင်းပေါ်မှ ချက်ချင်းဆင်းကာ ကျိလင်ယွီ ကို ထူပေးလိုက်သည်။

​စစ်သား၏ အကူအညီဖြင့် မတ်တပ်ရပ်ရန် ကြိုးစားနေစဉ် ကျိလင်ယွီ ၏ ပါးစပ်မှ သွေးများ ထွက်ကျလာသည်။

​သူသည် ပြင်းထန်သော အတွင်းဒဏ်ရာများ ရရှိသွားပြီး သူ၏ ချီပင်လယ်ကို ထိခိုက်သွားခဲ့သည်။

သူသည် မကြာမီအတွင်း သူ၏ အတွင်းအားကို အသုံးမပြုနိုင်တော့ရုံတင်မက၊ တကယ်လို့ သေချာ မကုသပါက သူ၏ အနာဂတ် ကျင့်ကြံခြင်းမှာ ကိုယ်တွင်းချီအဆင့် ၌ပင် ရပ်တန့်သွားနိုင်သည်

​ကျိလင်ယွီ သည် ဖန့်ချန် ပြောခဲ့သည့် စကားများကို ပြန်လည် မြင်ယောင်လာသည်။

လက်ဝါးတစ်ချက်တည်းနှင့် သူ ဒဏ်ရာရသွားပုံကို တွေးမိသောအခါ သူ၏ မျက်နှာမှာ အမျိုးမျိုး ပြောင်းလဲနေတော့သည်။

​ရုတ်တရက် လက်ခုပ်တီးသံတစ်ခု လေထဲတွင် ဟိန်းထွက်သွားသည်။

​"ဖြောင်း... ဖြောင်း... ဖြောင်း..."

​မည်သူ လက်ခုပ်တီးနေသနည်းဟု လူအုပ်ကြီးက ဇဝေဇဝါဖြစ်ကာ အသံလာရာဆီသို့ လိုက်လံ ရှာဖွေလိုက်ကြသည်။

​"မိတ်ဆွေ တာအိုကျင့်ကြံသူ..."

ကျင့်ကြံသူသခင် ကျော့ သည် လီတောက်ယဲ့ ကို ကြည့်ကာ ခေါ်လိုက်သည်။

"သူ မြေကမ္ဘာအဆင့်ကို ရောက်သွားတာ မင်းနဲ့ ပတ်သက်နေမှာပဲ မင်း ဝိညာဉ်ကျောက်တုံးတွေ အများကြီး အကုန်ခံလိုက်တာလား"

​"အေးလေ..."

လီတောက်ယဲ့ ၏ အမူအရာ ပြောင်းလဲသွားသော်လည်း သူက ထူးဆန်းသော အပြုံးဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ "

ဘာဖြစ်လို့လဲ မင်းမှာ ကန့်ကွက်စရာ ရှိလို့လား"

​"သိုင်းသမား တစ်ယောက်အတွက် ဝိညာဉ်ကျောက်တုံးတွေကို ဖြုန်းတီးတာက မင်းတို့လို ဂိုဏ်းဝင်တပည့်တွေပဲ လုပ်နိုင်တဲ့ အရာမျိုးပါ ငါ့လို လေလွင့်ကျင့်ကြံသူ အတွက်ကတော့ ဒါက လုံးဝ မတွေးဝံ့စရာပဲ။"

ကျင့်ကြံသူသခင်က သက်ပြင်းချလိုက်သည်။

"ဒါဆိုရင် ငါ့ကိုလည်း အကူအညီလေး ပေးပါဦးလား မင်းကိုယ်ပေါ်မှာ ရှိသမျှ ဝိညာဉ်ကျောက်တုံးတွေနဲ့ ရတနာတွေကို ငါ့ကို လက်ဆောင်ပေးလိုက်စမ်းပါ"

​လူတိုင်း ချက်ချင်းပင် နားလည်သွားကြသည်။ ကျင့်ကြံသူသခင် ကျောက် သည် တကယ်တော့ ကျင့်ကြံသူတစ်ဦး ဖြစ်နေခြင်းပင်

​မဟာရှ ဧကရာဇ်သည် ဖြစ်ရပ်များ ပြောင်းလဲသွားပုံကြောင့် လန့်သွားပြီး ကျိချုံးယွန်း ကို အံ့သြစွာ ကြည့်လိုက်သည်။

​လီတောက်ယဲ့ က နှာခေါင်းရှုံ့လိုက်သည်။

"မင်းက ငါ့ကို ဗြောင်လုနေတာလား"

​"မင်းက ချီသန့်စင်ခြင်းအဆင့် တတိယအဆင့်မှာပဲ ရှိသေးတာ အသက်ရှင်ချင်ရင် မင်းရဲ့ ရတနာတွေကို အပ်လိုက်တာ အကောင်းဆုံးပဲ ငါတို့က ကျင့်ကြံသူချင်းမို့လို့ မင်းအသက်ကိုတော့ ငါ ချမ်းသာပေးပါ့မယ်"

ဟု ကျင့်ကြံသူသခင် ကျောက် က တည်ငြိမ်စွာ ဆိုသည်။

​"မင်းက ငါ့ကို လူအလို့ ထင်နေတာလား မင်း ငါ့ကို မသတ်ရင် ငါ့အဖေက မင်းကို အရှင်လတ်လတ် အရေခွံခွာမှာကို မကြောက်ဘူးလား"

လီတောက်ယဲ့ က ဒေါသတကြီး ဆဲဆိုလိုက်သည်။

​ထိုစကားကြောင့် ကျင့်ကြံသူသခင် ကျောက် ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ လင်းလက်သွားသည်။

ထို့နောက် သူက ရယ်မောလိုက်ပြီး ကျိချုံးယွန်း ဘက်သို့ လှည့်လိုက်သည်။

"ညီအစ်ကို ကျိ... ငါတို့ ဒီတစ်ခေါက် မဟာရှ ကို လာရတာ တန်သွားပြီ သူ့ဆီက ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရဖို့ အခွင့်အရေး ရသလို၊ မဟာရှ မှာ မြေကမ္ဘာအဆင့် သိုင်းသမား တစ်ယောက် ရှိနေတာကိုလည်း မင်း သိလိုက်ရပြီ ဘာပဲဖြစ်ဖြစ် သူ့ကို ဒီအတိုင်း လွှတ်ထားရင် နောက်နှစ်အနည်းငယ်အတွင်းမှာ မင်းတို့ နှင်းရေခဲ အင်ပါယာအတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်တယ်လေ"

​ကျိချုံးယွန်း ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး

"မှန်ပါတယ်"

ဟု ပြန်ဖြေသည်။

​ကျင့်ကြံသူသခင် ကျောက် က အသာအယာ ပြုံးလိုက်သည်။

"ဒီကောင်လေးက ချီသန့်စင်ခြင်း တတိယအဆင့်မှာပဲ ရှိသေးတာ၊ မင်းထက် အများကြီး အားနည်းပါတယ်။ မင်းပဲ သွားသတ်လိုက်ပါလား ငါ ဒါတွေထဲ မပါတော့ဘူး"

​ကျိချုံးယွန်း ၏ အပြုံးမှာ တောင့်တင်းသွားသည်။

​သူတို့ ထောက်ပံ့ထားသော ကျင့်ကြံသူမှာ တကယ်ကို သတိကြီးလွန်းသည်။

သူသည် တတိယအဆင့် ကျင့်ကြံသူလေးကိုတောင် ကိုယ်တိုင် မသတ်ချင်ဘဲ တခြားလူကို လက်ညှိုးထိုးခိုင်းနေခြင်းပင်

​လီတောက်ယဲ့ မှာ ချက်ချင်း ဒေါသထွက်သွားသည်။

"မင်းက ငါ့ကို သတ်ဖို့ သိုင်းသမားတစ်ယောက်ကို လွှတ်မလို့လား မင်း တကယ်ပဲ မင်းရဲ့ အဘိုးကြီးကို အထင်သေးနေတာပဲ..."

​"သူက မြေကမ္ဘာအဆင့် ရဲ့ အထွတ်အထိပ်မှာ ရှိနေတာ။ မင်းလိုလူကို သတ်ဖို့အတွက် လုံလောက်တာထက်တောင် ပိုသေးတယ်။"

ကျင့်ကြံသူသခင် ကျောက် က တဟဲဟဲ ရယ်လိုက်သည်။

​ဝိညာဉ်စွမ်းအင်က ဘယ်လောက်ပဲ သန့်စင်ပါစေ၊ တတိယအဆင့် ကျင့်ကြံသူတစ်ဦးသည် မြေကမ္ဘာအဆင့် အထွတ်အထိပ်သို့ ရောက်နေသည့် သိုင်းသမားကို ပြန်လည် ခုခံနိုင်စွမ်း မရှိပေ။

​အင်အားကွာခြားချက်က ကြီးမားလွန်းပါက အတွင်းအားသည် ဝိညာဉ်စွမ်းအင်ကို အနိုင်ယူနိုင်ပေသည်။

​လီတောက်ယဲ့ သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး

"မင်း... မင်းက စစ်ရေးလေ့ကျင့်မှု ပြီးတဲ့အထိတောင် မစောင့်ချင်တော့ဘူးလား"

ဟု မေးလိုက်သည်။

​"စစ်ရေးလေ့ကျင့်မှု ပြီးတာ"

ကျင့်ကြံသူသခင် ကျောက် သည် ဖန့်ချန် ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အော်ဟစ် ရယ်မောလိုက်သည်။

"သူတို့ရဲ့ ကံကြမ္မာက အစကတည်းက သတ်မှတ်ပြီးသားပဲ... ဒါပေမဲ့ မင်းပြောတာလည်း မှန်ပါတယ်၊ နောက်ထပ် ခဏလောက် စောင့်ပေးလိုက်တာက ဘာမှ မဖြစ်ပါဘူး"

​၎င်းကို ကြားသောအခါ ကျိချုံးယွန်း သည် အိပ်မက်ဆိုး မြင်းစီးစစ်သည် အုပ်စုဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်ရာ၊ သူတို့သည် အချက်ပြမှုကို နားလည်သွားပြီး ဖန့်ချန် နှင့် သူ၏လူများထံသို့ အရှိန်အဟုန်ဖြင့် စတင် တိုက်ခိုက်ကြတော့သည်။

​မဟာရှ ၏ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများသည် အရင်ကလို မပျော်ရွှင်နိုင်ကြတော့ပေ။ ထိုအစား သူတို့၏ စိတ်အခြေအနေမှာ လေးလံလာသည်။ ကျိ မိသားစုတွင်လည်း ကျင့်ကြံသူတစ်ဦး ရှိနေပြီး သူတို့သည် မဟာရှ ကို တိုက်ခိုက်ရန် ရည်ရွယ်နေကြခြင်းပင်

​ဖန့်ချန် ကို ကယ်တင်နိုင်မလား ဆိုသည်ကို ထားလိုက်ဦး၊ မီးတောက် အင်ပါယာမှ လီတောက်ယဲ့ တောင်မှ အသက်ရှင်နိုင်ပါဦးမလား မသိပေ

​လူတိုင်း ဘာဖြစ်လာမလဲဟု တွေးတောနေကြစဉ်မှာပင် လူတိုင်း၏ အမြင်အာရုံမှာ ခရမ်းရောင် လျှပ်စီးတန်းများဖြင့် ရုတ်တရက် ပြည့်နှက်သွားသည်။

​မိုးကြိုးတန်းများသည် ကောင်းကင်ယံမှ ကန့်လန့်ကာကြီးတစ်ခုကဲ့သို့ ဆင်းသက်လာပြီး အိပ်မက်ဆိုး မြင်းစီးစစ်သည် များပေါ်သို့ တိုက်ရိုက် ကျရောက်သွားသည်။

​တစ်စက္ကန့်အတွင်းမှာပင်၊ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ရှိသည့် အိပ်မက်ဆိုး မြင်းစီးစစ်သည် များမှာ မီးကျွမ်းနေသော အလောင်းများအဖြစ်သို့ ပြောင်းလဲသွားကာ မြေပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျသွားကြသည်။

​ကြောက်စရာကောင်းပြီး ခန့်ညားလှသော ဝိညာဉ်စွမ်းအင် လှိုင်းဂယက်များကြောင့် ကျင့်ကြံသူသခင် ကျောက် သည် ချက်ချင်း တုန်လှုပ်သွားသည်။ သူက အာမေဍိတ်သံဖြင့် အော်လိုက်သည်။

"ခရမ်းရောင်လျှပ်စီး အဆောင် လား"

​ဖန့်ချန် က ပြုံးလိုက်ပြီး

"စစ်ရေးလေ့ကျင့်မှုကတော့ ပြီးဆုံးသွားပါပြီ"

ဟု ဆိုသည်။

​သူသည် စင်မြင့်ထက်ရှိ ကျင့်ကြံသူသခင် ကျောက် ကို လှမ်းကြည့်လိုက်သည်။

"ဒါဆိုရင်... ခင်ဗျားက ကျွန်တော်တို့ကို သတ်ပြီး ရတနာတွေကို လုယူဖို့ ဒီကို လာတာလား"

​အခန်း ၁၁၄ - အဆင့်တက်လှမ်းခြင်း၊ အဆင့်(၈) အင်ပါယာ

​ကျင့်ကြံသူများသာ ဝိညာဉ်စွမ်းအင်ကို အာရုံခံနိုင်သည်။ မြေကမ္ဘာအဆင့် ၏ အထွတ်အထိပ်တွင် ရှိနေသော ကျိချုံးယွန်း ကဲ့သို့သော သူပင်လျှင် ၎င်းကို လုံးဝ သတိမပြုမိနိုင်ပေ။

​ကျင့်ကြံသူသခင် ကျောက် သည် ကောင်းကင်ယံတွင် မိုးကြိုးများ ပြည့်နှက်သွားသည်ကို မြင်လိုက်ရသောအခါ ခဏမျှ မှင်တက်သွားသည်။

​သို့သော် သူတစ်ယောက်တည်း မှင်တက်သွားသည်မဟုတ်။

​မဟာရှ အင်ပါယာမှ အရာရှိများ မှင်တက်သွားသည်။

​အရပ်သားများ မှင်တက်သွားသည်။

​အင်ပါယာများမှ သံတမန်များလည်း မှင်တက်သွားကြသည်။

​သူတို့အားလုံးမှာ မယုံကြည်နိုင်လောက်သော အခြေအနေသို့ ကျရောက်သွားကြသည်။

​အိပ်မက်ဆိုး မြင်းစီးစစ်သည် ရာပေါင်းများစွာသည် မျက်စိတစ်မှိတ်အတွင်းမှာပင် မိုးကြိုးမိုးရွာသွန်းမှုကြောင့် အပြတ်ရှင်းခံလိုက်ရသည်

​ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့၏ ပထမဆုံးအတွေးမှာ ၎င်းသည် သူတို့အပေါ် ကျရောက်လာသော နတ်ဘုရားတို့၏ ပြစ်ဒဏ် ဖြစ်နိုင်သည်ဟုပင်။

သို့သော် ထိုမိုးကြိုးများသည် ကောင်းကင်ယံမှ ဆင်းသက်လာခြင်းမဟုတ်ဘဲ ဖန့်အိမ်တော် အစောင့်များ၏ လက်ထဲမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း လူအုပ်ကြီးက မကြာမီ သတိပြုမိသွားကြသည်။

​သူတို့ကိုယ်တိုင် မိုးကြိုးများကို ဖန်တီးခဲ့ကြခြင်းပင်

​"ဒါက... ဒါက ခရမ်းရောင်လျှပ်စီးလက်ဝါး လား"

တစ်စုံတစ်ယောက်က အာမေဍိတ်သံဖြင့် အော်လိုက်သည်။

​ဖန့်ချန် သည် နန်းတော်အတွင်း၌ ဝံပုလွေတပ်မတော် ၏ တပ်မှူးကို သတ်ပြီးနောက်တွင် ထို ခရမ်းရောင်လျှပ်စီးလက်ဝါး အကြောင်းကို တစ်ခါက ပြောဖူးသည်။

​ထိုဖြစ်ရပ်မှာ လူအများကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့ရာ ဤထူးခြားသော စွမ်းရည်မှာ လူသိများနေပြီဖြစ်သည်။

သို့သော် ချီထိန်းချုပ်ခြင်း အထွတ်အထိပ်အဆင့်ရှိ သိုင်းသမားများနှင့် တူညီသော အိပ်မက်ဆိုး မြင်းစီးစစ်သည် တစ်ယောက်ချင်းစီတိုင်းမှာ ပြန်လည်ခုခံခွင့်ပင် မရဘဲ ထိုနည်းဖြင့် အသတ်ခံလိုက်ရလိမ့်မည်ဟု လူအုပ်ကြီးက တစ်ခါမျှ မတွေးခဲ့မိပေ

​လီကော်ကျူး ၏ လက်များမှာ တုန်ရီနေပြီး သူ၏ မှုန်ဝါးဝါး မျက်လုံးများတွင် အံ့သြမှုအရိပ်အယောင်များ လင်းလက်သွားသည်။

"တကယ့်ကို ကြောက်စရာကောင်းတဲ့ နည်းစနစ်ပဲ သူ ဘယ်တုန်းက... ဒီလောက် နက်နဲတဲ့ စွမ်းအားတွေကို ရရှိသွားတာလဲ"

​ယခု သူမြင်တွေ့လိုက်ရသော မြင်ကွင်းမှာ ဖန့်အိမ်တော် ၏ အင်အားသည် မဟာရှ ရှိ မည်သည့်စစ်တပ်ထက်မဆို သာလွန်သွားပြီဖြစ်ကြောင်း သက်သေပြရန် လုံလောက်လှသည်။

ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ မဟာရှ ဧကရာဇ်က ဖန့်ချန် ကို စစ်တပ်ဦးဆောင်ခွင့် ပိတ်ပင်ခဲ့သည်ကို တွေးကြည့်စမ်း။ ထိုအမိန့်တော်မှာ ယခုအခါ ဟာသတစ်ခုကဲ့သို့ပင် ဖြစ်နေတော့သည်။

​ရှမိန်၊ ထောင်ယွီ နှင့် ရဲ့ချင်ဟဲ တို့၏ မျက်နှာများမှာ အလွန်ပင် ရှုပ်ထွေးသွားသည်။ ယနေ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် သူတို့၏ မျှော်လင့်ချက်အားလုံးကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

​ကျိလင်ယွီ ၏ ဒူးနှစ်ဖက်မှာ မြေပြင်ပေါ်သို့ ဝုန်းခနဲ ကျသွားသည်။

"ဒါက မဖြစ်နိုင်ဘူး..."

ဟု သူက မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။ သူသည် အိပ်မက်ဆိုး မြင်းစီးစစ်သည် များ၏ တိုက်ပွဲတွင် မပါဝင်ခဲ့သဖြင့် ပြာအဖြစ်သို့ ဖောက်ခွဲခံရမည့် ကံကြမ္မာမှ လွတ်မြောက်ခဲ့ခြင်းပင်။

​မြေပြင်ပေါ်ရှိ သူ၏ ရဲဘော်ရဲဘက်များ၏ မီးကျွမ်းနေသော အလောင်းများကို ကြည့်ရင်း သူ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲလာသည်။

နှစ်ပေါင်းများစွာ သူ့နောက်သို့ လိုက်ပါခဲ့သော အိပ်မက်ဆိုး မြင်းစီးစစ်သည် များမှာ ဖန့်အိမ်တော် အစောင့်အနည်းငယ်၏ လက်ထဲတွင် အဆုံးသတ်သွားခဲ့ရပြီ

​လွန်ခဲ့သော ခဏလေးကမှ ကောင်းကင်တစ်ခုလုံး ခရမ်းရောင် လျှပ်စီးတန်းများဖြင့် ပြည့်နှက်နေခဲ့သည် ၎င်းမှာ ကျင့်ကြံသူများသာ လုပ်နိုင်သည့်အရာဖြစ်ကြောင်း ရှင်းနေသည်။

ဖန့်အိမ်တော် အစောင့်များမှာ ဘယ်တုန်းက ကျင့်ကြံသူတွေလို စွမ်းရည်မျိုး ရသွားကြတာလဲ

​မဖြစ်နိုင်ဘူး

​ငါ အိပ်မက်မက်နေတာ ဖြစ်ရမယ်

​ကျိလင်ယွီ သည် သူ၏ မျက်လုံးများကို မသိစိတ်ဖြင့် ပွတ်လိုက်သော်လည်း၊ မီးကျွမ်းနေသော အလောင်းများမှာ မီးကျွမ်းနေသော အလောင်းများအတိုင်းပင် ရှိနေဆဲဖြစ်သည်။

သူ၏ မျက်နှာမှာ တဖြည်းဖြည်း ဖြူလျော်လာသည်။ သူသည် အင်အားကုန်ခမ်းသွားပြီး ဒူးများမှာလည်း မခိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားသည်။

သွေးများနှင့် ဖုန်မှုန့်များကြားတွင် လဲလျောင်းနေရင်း သူသည် ဖန့်ချန် ကို ကြောင်တောင်တောင်ဖြင့် ကြည့်နေမိသည်။

​ဖန့်ချန် ၏ အကြည့်မှာ ကျင့်ကြံသူသခင် ကျောက် ထံတွင် အချိန်အတန်ကြာ ကပ်နေခဲ့ပြီး၊ ထိုလူက သူ့ကို မဖြေကြားသည်ကို မြင်သောအခါ သူက ထပ်မံ မေးလိုက်သည်။

"ငါ မင်းကို မေးနေတယ်၊ မင်း ငါတို့ကို သတ်ပြီး ငါတို့ရဲ့ ရတနာတွေကို လုဖို့ ဒီကို လာတာလား"

​သူ၏ အသံကြောင့် ကျင့်ကြံသူသခင် ကျောက် သည် ထိတ်လန့်တုန်လှုပ်နေရာမှ သတိပြန်ဝင်လာသည်။

​သူ၏ လည်ပင်းကို တောင့်တောင့်ကြီး လှည့်လိုက်ရင်း ကျင့်ကြံသူသခင် ကျောက် သည် ဖန့်ချန် ကို ဝေခွဲမရသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

​ခရမ်းရောင်လျှပ်စီး အဆောင် ၎င်းမှာ ကျင့်ကြံခြင်းလောကတွင် အလွန်ကျော်ကြားသော အဆောင်တစ်ခု ဖြစ်သည်။

ချီသန့်စင်ခြင်းအဆင့် တွင် ခရမ်းရောင်လျှပ်စီး အဆောင် ၏ ကျော်ကြားမှုမှာ ရတနာတစ်ခုထက် မနိမ့်ပေ ၎င်းတို့ကို အဆင့်မြင့်၊ အလယ်အလတ်နှင့် အောက်ဆင့်ဟူ၍ ခွဲခြားထားသည်။

ယခုလေးတင် အသုံးပြုသွားသော အဆောင်များမှာ မည်သည့်အဆင့်ဖြစ်ကြောင်း သူ မသေချာသော်လည်း၊ အဆင့်နိမ့်အဆောင်တစ်ခုတည်းကိုပင် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး အနည်းငယ် ပေးရကြောင်း သူသိသည်။

​သူသည် ချီသန့်စင်ခြင်း ဆဋ္ဌမအဆင့်တွင် ရှိနေပြီး ကျိ မိသားစု၏ ထောက်ပံ့မှုကို ရနေသော်လည်း၊ သူ၏ ကျင့်ကြံခြင်းတွင် အသုံးပြုပြီးပါက သူ့ထံတွင် ဝိညာဉ်ကျောက်တုံး အနည်းငယ်သာ ကျန်တော့မည်ဖြစ်သည်။

​ယခုလေးတင် ပြသသွားသော ကြောက်စရာကောင်းသော စွမ်းအားကို ကြည့်ခြင်းအားဖြင့် သူတို့သည် အနည်းဆုံး အဆောင်ပေါင်း တစ်ရာခန့်ကို အသုံးပြုခဲ့ကြပေလိမ့်မည် ဆိုလိုသည်မှာ ၎င်းအတွက် ဝိညာဉ်ကျောက်တုံး ရာနှင့်ချီ၍ ကုန်ကျမည် ဖြစ်သည်။

​ထိုအချက်ကို သူ နားလည်သွားသည်နှင့်အမျှ သူ၏ နှလုံးသားထဲတွင် ပြင်းထန်သော ကြောက်ရွံ့မှုများ ပေါ်ပေါက်လာသည်။

လီတောက်ယဲ့ က ဘယ်လို နောက်ခံမျိုး ရှိလို့လဲ သိုင်းသမား တစ်ရာလောက်ကို သတ်ဖို့အတွက် ဝိညာဉ်ကျောက်တုံး ရာပေါင်းများစွာကို သုံးရလောက်အောင် ဘယ်လိုတောင် ကြွယ်ဝနေရတာလဲ? ဘယ်လို အစွမ်းထက်တဲ့ နောက်ခံမျိုးက ဒီလောက်အထိ ဖြုန်းတီးခွင့် ပေးထားတာလဲ

​အကယ်၍ ထို ခရမ်းရောင်လျှပ်စီး အဆောင် တွေသာ သူ့ဆီကို ဦးတည်ခဲ့မယ်ဆိုရင်.

​ကျင့်ကြံသူသခင် ကျောက် သည် ထိုအတွေးကြောင့် တုန်လှုပ်သွားသည်။ သူ၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး သဘောထားမှာ လုံးဝ ပြောင်းပြန် ဖြစ်သွားတော့သည်။

သူသည် ဖန့်ချန် ကို နွေးထွေးစွာ ပြုံးပြလိုက်ပြီး၊ လီတောက်ယဲ့ ကို အရိုအသေပေးသည့် အနေဖြင့် လက်အုပ်ချီကာ ဦးညွှတ်လိုက်သည်။

"ဒါက ဟာသလုပ်တာပါ ကျေးဇူးပြုပြီး အလေးအနက် မထားပါနဲ့"

​"ဟာသ ဟုတ်လား မင်း ငါ့ကို သတ်ပြီး ငါ့ရတနာတွေကို လုဖို့ လုပ်နေတာလေ အဲဒါက ဘယ်လိုလုပ် ဟာသ ဖြစ်နိုင်မှာလဲ"

လီတောက်ယဲ့ က မပြုံးသော မျက်နှာဖြင့် မေးလိုက်သည်။

"မင်း တကယ်ပဲ 'ဟာသ' ဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ ဒီကနေ လွယ်လွယ်ကူကူ ထွက်သွားနိုင်မယ်လို့ ထင်နေတာလား"

​ကျင့်ကြံသူသခင် ကျောက် ၏ မျက်နှာမှာ ညှိုးငယ်သွားသည်။ အခြေအနေမှာ ပိုမိုဆိုးရွားလာသည်ကို မြင်သောအခါ သူသည် သူတို့နှစ်ဦးသာ ကြားနိုင်သော အသံဖြင့် ကျိချုံးယွန်း ကို တိုးတိုးလေး ပြောလိုက်သည်။

"ငါ့ကို ကာကွယ်ပေးပြီး ဒီကနေ ထွက်သွားခွင့်ပေးပါ ငါတို့ အင်ပါယာကို ပြန်ရောက်မှ ဒါကို ဆက်ပြီး ဆွေးနွေးကြတာပေါ့"

​ကျိချုံးယွန်း သည် ကျင့်ကြံသူသခင် ကျောက် နှင့် ဝေးရာသို့ ထိုင်ခုံ အနည်းငယ် ရွှေ့လိုက်သည်။

​၎င်းကို မြင်သောအခါ ကျင့်ကြံသူသခင် ကျောက်သည် ဒေါသများ ပေါက်ကွဲသွားပြီး မျက်နှာတစ်ခုလုံး နီမြန်းလာသည်။

"ကျိချုံးယွန်း... မင်း... မင်း တော်တော်လွန်တာပဲ"

ဟု သူက အော်ဟစ်လိုက်ပြီးနောက် လှည့်၍ ထွက်ပြေးတော့သည်။ သူ၏ အရှိန်နှင့် သွက်လက်မှုမှာ သိုင်းသမားများထက် သိသိသာသာ သာလွန်နေပြီး၊ သူသည် လေကို နင်း၍ တစ်ခဏအတွင်းမှာပင် ပေပေါင်း ရာနှင့်ချီ၍ ဝေးရာသို့ ရောက်ရှိသွားသည်။

​သတိမထားမိသော နိုင်ငံသားများမှာ ထိုမြင်ကွင်းကို မြင်ပြီး မှင်တက်သွားကြသည်။

"ဒါ နတ်ဘုရားတစ်ပါးရဲ့ စွမ်းအားလား"

​"ကျင့်ကြံသူတွေရဲ့ နည်းလမ်းတွေပဲ..."

မဟာရှ မှ အရာရှိကြီးများမှာ သူတို့ဘာသာ တိုးတိုးလေး ရေရွတ်နေကြသည်။

​ကျိလင်ယွီ အရင်က ပြသခဲ့သော ပေပေါင်းများစွာ ခုန်ပျံမှုနှင့် နှိုင်းယှဉ်လျှင်၊ ကျင့်ကြံသူသခင် ကျောက်၏ ခြေလှမ်းများမှာ ကောင်းကင်မှ နတ်သားတစ်ပါးနှင့် ပို၍ပင် တူနေတော့သည်

​လူတိုင်းက ကျင့်ကြံသူသခင် ကျောက် တစ်ယောက် လှပစွာ ထွက်ခွာသွားတော့မည်ဟု ထင်နေကြစဉ်၊ မိုးကြိုးပစ်သံ ပေါင်းများစွာသည် တစ်ပြိုင်နက်တည်းနီးပါး ဟိန်းထွက်လာပြီး၊ မရေမတွက်နိုင်သော ခရမ်းရောင် လျှပ်စီးတန်းများမှာ ကျင့်ကြံသူသခင် ကျောက် ကို တိုက်ရိုက် ထိမှန်သွားတော့သည်။

​သူသည် အသည်းခိုက်မတတ် အော်ဟစ်လိုက်ပြီးနောက် မီးကျွမ်းနေသော သစ်တုံးတစ်တုံးကဲ့သို့ အောက်သို့ တည့်တည့် ပြုတ်ကျသွားကာ ဝေးလံသော တောအုပ်ထူထပ်သည့် နေရာသို့ ကျရောက်သွားသည်။

​အဖွဲ့တစ်ဖွဲ့က သွားရောက် စစ်ဆေးကြည့်ရာ၊ မကြာမီအတွင်းမှာပင် ကျင့်ကြံသူသခင် ကျောက် ၏ မီးကျွမ်းနေသော အလောင်းနှင့် သူ၏ ပိုင်ဆိုင်မှုများကို ပြန်လည် ယူဆောင်လာခဲ့ပြီး ထိုလူ သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုလိုက်ကြသည်။

​စင်မြင့်ထက်ရှိ လူတိုင်းမှာ သူတို့မြင်တွေ့လိုက်ရသည့် အရာကြောင့် အံ့သြတုန်လှုပ်ကာ စကားပင် မပြောနိုင်တော့ပေ။

သူတို့၏ အကြည့်များမှာ ဖန့်ချန် ထံသို့သာ စိုက်ကျနေတော့သည်။ အခုလေးတင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံး၏ နောက်ကွယ်တွင် သူရှိနေသည်မှာ လူအေးတစ်ယောက်တောင် သိနိုင်ပေသည်။

​ဖန့်ချန် က ပြုံးလိုက်ပြီး ကျိချုံးယွန်း ကို ကြည့်လိုက်သည်။

"စီနီယာကျိ... အခု ကျွန်တော့်ရဲ့ ဖန့်အိမ်တော် ကို ဘယ်လို ထင်ပါသလဲ ခင်ဗျားတို့ရဲ့ အိပ်မက်ဆိုး မြင်းစီးစစ်သည် တွေကို ကျွန်တော် ကစားကွက်ထဲ ထည့်ထားနိုင်မလားဆိုတာ သိချင်မိတယ်"

​"စီနီယာကျိ"

ကျိချုံးယွန်း က မည်သူဖြစ်ကြောင်း တစ်စုံတစ်ယောက်က နောက်ဆုံးတွင် ခန့်မှန်းမိသွားသည်။

သူသည် ကျိချုံးယွန်း မှာ ကျိ မိသားစု၏ ဘိုးဘေးဖြစ်ကြောင်း မသိနိုင်သော်လည်း၊ သူသည် ကျိ မိသားစုထဲတွင် အလွန်အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်းကိုမူ သိရှိသွားခဲ့ပြီ ဖြစ်သည်။

​ကျိချုံးယွန်း က အတင်းအကျပ် ပြုံးလိုက်ပြီး အသာအယာ ခေါင်းငြိမ့်ပြသည်။

"ဖြစ်နိုင်တာပေါ့"

​"ဒါဆိုရင် မဟာရှ ဟာ အဆင့်(၈) အင်ပါယာအဖြစ် သတ်မှတ်ခံရဖို့ အရည်အချင်း ပြည့်မီပြီလို့ ခင်ဗျား ထင်ပါသလား"

ဖန့်ချန် က ထပ်မံ မေးလိုက်သည်။

​အဆင့်(၈)အင်ပါယာ လူတိုင်းမှာ အံ့သြလွန်းသဖြင့် အသက်ရှူမှားသွားကြသည်။

​သူတို့သည် ဖန့်ချန် ဘာကို ဆိုလိုနေသည်ကို နောက်ဆုံးတွင် နားလည်သွားကြပြီ ဖြစ်သည်။

​ကျိချုံးယွန်း က ဖြည်းဖြည်းချင်း ခေါင်းငြိမ့်လိုက်သည်။

"တကယ်လို့ မင်းတို့ အင်ပါယာမှာ မြေကမ္ဘာအဆင့် သိုင်းသမား တစ်ယောက်ပဲ ရှိနေမယ်ဆိုရင်တော့ သဘာဝကျစွာပဲ အဲဒီအဆင့်ထဲ မဝင်နိုင်ပါဘူး ဒါပေမဲ့ ခုနက ပြသသွားတဲ့ အရာတွေနဲ့တင် မင်းတို့က အရည်အချင်း ပြည့်မီတာထက်တောင် ပိုနေပါပြီ"

​ဝုန်း!

​ကြည့်ရှုနေသူများ၏ နှလုံးသားမှာ လှုပ်ခတ်သွားသည်။

​အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ အမူအရာများမှာ တဖြည်းဖြည်းနှင့် စိတ်လှုပ်ရှားလာကြသည်။ သူတို့သည် ထူးခြားဆန်းပြားသော သမိုင်းဝင် အဖြစ်အပျက်တစ်ခုကို မျက်မြင်တွေ့ကြုံရတော့မည် ဖြစ်သည်

​ပတ်ဝန်းကျင်ရှိ နိုင်ငံသားများသည် စင်မြင့်ထက်ကို စိုက်ကြည့်ရင်း အသက်ကို ပြင်းပြင်းရှူလိုက်ကြသည်။

​ဖန့်ချန် က ထိုမြင်ကွင်းကို ကြည့်ကာ ပြုံးလိုက်သည်။

"ကောင်းပြီ။ အခုကစပြီး ငါတို့ရဲ့ မဟာရှ အင်ပါယာကို အဆင့်(၈) အင်ပါယာအဖြစ် သတ်မှတ်လိုက်ပြီ။"

သူက ကြေညာလိုက်သည်။

"စီနီယာကျိ... ခင်ဗျား ပြန်ရောက်တဲ့အခါ နှင်းရေခဲ အင်ပါယာ ဧကရာဇ်ကို ပြောလိုက်ပါ မဟာရှ ဟာ ခင်ဗျားတို့ရဲ့ လက်အောက်ခံနိုင်ငံ မဟုတ်တော့ဘူးလို့"

​ကျိချုံးယွန်း က လေးနက်စွာ ခေါင်းငြိမ့်လိုက်သည်။

"ကျွန်တော် ပြောလိုက်ပါ့မယ်"

​"ဒါ့အပြင်... မဟာရှ ဟာ အခု အဆင့်(၈) အင်ပါယာ ဖြစ်သွားပြီဆိုတော့ ကိုယ်ပိုင် လက်အောက်ခံနိုင်ငံတွေလည်း ရှိသင့်တာပေါ့"

သူက ခေါင်းငြိမ့်ရင်း ဆက်ပြောသည်။

"အခုကစပြီး ကုဟယ်၊ လုံတူး နဲ့ ယီကျိုး တို့ဟာ ငါတို့ပိုင်တဲ့ နိုင်ငံတွေ ဖြစ်သွားပြီ"

​၎င်းကို ကြားသောအခါ ကျိချုံးယွန်း ၏ အမူအရာ ပြောင်းလဲသွားပြီး တုံ့ဆိုင်းစွာဖြင့်

"ဒါက... ကျွန်တော် ဧကရာဇ်မင်းမြတ်နဲ့ အရင် ဆွေးနွေးကြည့်ရဦးမယ် ထင်တယ်"

ဟု ဆိုသည်။

​နိုင်ငံသုံးခုမှ သံတမန်များမှာမူ ဖန့်ချန် ၏ ကြေညာချက်ကြောင့် မျက်နှာများ ဖြူလျော်နေကြပြီဖြစ်သည်။ အကယ်၍ သူတို့သာ မဟာရှ ၏ လက်အောက်ခံ ဖြစ်သွားပါက သူတို့၏ အနာဂတ်နေ့ရက်များသည် မည်သို့ဖြစ်လာမည်ကိုပင် မတွေးရဲတော့ပေ

​ဖန့်ချန် က ပြုံးလိုက်သည်။

"ထပ်ပြီး ဆွေးနွေးနေဖို့ မလိုတော့ဘူး။ ဒီကိစ္စက ပြီးသွားပြီ"

​ကျိချုံးယွန်း ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းငြိမ့်လိုက်သည်။

"ဒါဆိုလည်း အဲဒီအတိုင်းပဲ ဖြစ်ပါစေတော့"

​ထိုအခိုက်အတန့်တွင် မဟာရှ ၏ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများအားလုံး စိတ်လှုပ်ရှားနေသော အမူအရာများ ပေါ်ပေါက်လာသည်။ သူတို့သည် မျက်စိတစ်မှိတ်အတွင်းမှာပင် အဆင့်(၈) အင်ပါယာအဖြစ် တိုးတက်သွားရုံတင်မက လက်အောက်ခံနိုင်ငံ သုံးခုကိုပါ ရရှိလိုက်ခြင်းပင်

​"သခင်ကြီး..."

နိုင်ငံသုံးခုမှ သံတမန်များသည် စိုးရိမ်တကြီးဖြင့် ကျိချုံးယွန်း ကို တစ်ယောက်ပြီးတစ်ယောက် ကြည့်လိုက်ကြသည်။

​ကျိချုံးယွန်း က သူတို့ကို လျစ်လျူရှုလိုက်သည်။ သူတို့သည် နှင်းရေခဲ အင်ပါယာအတွက် ဘာမှမဟုတ်သကဲ့သို့ သူတို့မရှိခြင်းကြောင့်လည်း ကြီးမားသော ထိခိုက်မှု ရှိမည်မဟုတ်ပေ။

​"စစ်သူကြီး ဖန့်... တခြား ဘာများ ရှိသေးလဲ ကျွန်တော့်မြေးက ဒဏ်ရာ အပြင်းအထန် ရထားလို့ သူ့ကို ကုသဖို့ အမြန် ပြန်ခေါ်သွားရပါမယ်"

ဟု ကျိချုံးယွန်း က ဆိုသည်။

​ဖန့်ချန် က ခေါင်းခါပြလိုက်သည်။ သို့သော် သူ၏ နောက်ထပ်ပြောလိုက်သော စကားမှာ လူတိုင်းကို အံ့အားသင့်သွားစေသည်။

"လောလောဆယ်တော့ ဘာမှမရှိတော့ပါဘူး ဒါပေမဲ့ ကျိလင်ယွီ ကတော့... ဒီမှာပဲ နေခဲ့ရမယ် သူ့ကို ဒီမှာ ဓားစာခံအဖြစ် ထားမယ်လို့ ပြောလို့ရတာပေါ့ စီနီယာကျိ... ခင်ဗျား အခု ထွက်သွားလို့ရပါပြီ"

​ဘာ

​ကျိလင်ယွီ က ဓားစာခံအဖြစ် ကျန်နေခဲ့ရမယ် ဟုတ်လား

​ရောက်ရှိနေသူများအားလုံး ဖန့်ချန် ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်ရင်း မှင်တက်သွားကြသည်။

သူတို့၏ နတ်ဘုရားစစ်သူကြီး ဖန့် တစ်ယောက်သာလျှင် ထိုကဲ့သို့ ရဲတင်းသော လုပ်ရပ်မျိုးကို လုပ်ဝံ့ပေလိမ့်မည်။ သူတို့သည် ရုတ်တရက် ထူးထူးခြားခြား စိတ်သက်သာရာရမှုကို ခံစားလိုက်ရသည်။

​"ကောင်းပြီလေ။"

ကျိချုံးယွန်း သည် ဘာမှထပ်မပြောဘဲ လှည့်ထွက်သွားတော့သည်။

​"စိတ်ဝင်စားစရာပဲ... သူက တကယ်ကို ပြတ်သားတာပဲ။ ချီးကျူးဖို့ ကောင်းတယ်။"ာ

ဖန့်ချန် က အသာအယာ ရယ်မောရင်း သူ့ဘာသာ ရေရွတ်လိုက်သည်။

All Chapters