← Chapters

မူလတာအိုခန္ဓာ

Vol. 34 Ch. 333

မူလတာအိုခန္ဓာ

Vol. 34 Ch. 333

ယွန်စုရှင်းအကြောင်း အစဖော်လိုက်သည်နှင့် ယွဲ့ချန်ချီ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် မှိုင်ကျသွားတော့သည်။

ယွန်ပိုင်ယွီ၏ မျက်လုံးများထဲမှ မျှော်လင့်ချက်နှင့် စိုးရိမ်ပူပန်မှုများကို မြင်လိုက်ရသည့်အခါ သူ့အတွက် ပြန်လည်ဖြေကြားရန် ပို၍ပင် ခက်ခဲသွားရသည်။

“ဘာရပ်လုပ်နေတာလဲ။ တစ်ခုခု ပြောဦးလေ...”

ယွဲ့ချန်ချီ တောင့်တောင့်ကြီး ရပ်နေသည်ကို မြင်သောအခါ သူ၏ လူမှုရေးခေါင်းပါးလှသော ဆရာ စုချီနျန်က စိတ်မရှည်စွာ တိုက်တွန်းလိုက်သည်။

ယွဲ့ချန်ချီက သူ၏ဆရာကို မျက်စောင်းတစ်ချက်လှန်လိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။ ယွန်ပိုင်ယွီအတွက် မည်သို့ နှစ်သိမ့်ရမည်ကို သူ မစဉ်းစားတတ်တော့သဖြင့် စကားလုံးကိုသာ အတတ်နိုင်ဆုံး ရွေးချယ်၍ ပြောလိုက်ရသည်။

“တောင်ကြားသခင်မ ယွမ်... အစကတော့ စုရှင်းက ကျွန်မနဲ့အတူ ရှိနေတာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ရက်က ယောင်ချီ မြင့်မြတ်နယ်မြေနဲ့ ဖန်ကျင်း မြင့်မြတ်နယ်မြေတို့ အပေးအယူတစ်ခု လုပ်ခဲ့ကြတယ်။ အဲဒီနောက်မှာ ယွန်စုရှင်းကို ဟိုဘက်ကို ပို့လိုက်ကြတာပါပဲ။”

“ဘိုးဘေးကိုတော့ အပြစ်မတင်ပါနဲ့။ ကျွန်မကို ကယ်ထုတ်တုန်း ဘိုးဘေးက သူတော်စင် ယွိယောင်ရဲ့ လိုက်လံတိုက်ခိုက်မှုကို ခံနေရတာတောင်မှ အချုပ်ခန်းရဲ့ ထောင့်စေ့အောင် လိုက်ရှာပေးခဲ့တာပါ...”

“အခုဆို ရက်တွေ အများကြီး ကုန်လွန်သွားပြီ။ အချုပ်ခန်းထဲမှာရှိတဲ့ ပါရမီရှင် တပည့် အတော်များများဟာ သူတော်စင် ယွိယောင်ရဲ့ လူသားဆေးလုံးအဖြစ် သန့်စင်ခြင်း ခံလိုက်ကြရပြီ။ ကျွန်မကတော့ ထူးခြားတဲ့ တာအိုခန္ဓာကိုယ်ကြောင့်သာ အသက်ရှင်ခဲ့ရတာပါ။ အဲဒီတော့ စုရှင်းကို ဟိုဘက် ပို့လိုက်တာဟာ တကယ်တော့ ကံကောင်းခြင်းလည်း ဖြစ်နိုင်ပါတယ်။ ဖန်ကျင်း မြင့်မြတ်နယ်မြေက လူတွေက သူ့ကို ဆေးလုံးလုပ်ဖို့ အဲဒီလောက် အလောတကြီး ရှိချင်မှ ရှိမှာပါ...”

ထိုစကားကို ကြားလိုက်ရသည်နှင့် ယွန်ပိုင်ယွီ၏ မျက်နှာမှာ သွေးမရှိတော့သလို ဖြူဖျော့ သွားသည်။ သူ၏ ခြေထောက်များမှာ အားအင်ကုန်ခမ်းသွားပြီး မြေပြင်ပေါ်သို့ ခွေခေါက် လဲကျသွားတော့သည်။

စုချီနျန်က သူ့ကို အမြန်ပင် ပြေးတွဲလိုက်ပြီး ယွဲ့ချန်ချီ ဘာကြောင့် စောစောက တွန့်ဆုတ် နေခဲ့သည်ကို နောက်ဆုံးတွင် နားလည်သွားတော့သည်။ လူတိုင်း ပျော်ရွှင်နေကြချိန်တွင် ယွဲ့ချန်ချီ ယူဆောင်လာသော ထိုသတင်းမှာ ယွန်ပိုင်ယွီအတွက်တော့ အိပ်မက်ဆိုးတစ်ခုပင် ဖြစ်နေပေလိမ့်မည်။

“တောင်ကြားသခင်မ ယွမ်... စကားပြောဖို့ ခဏဝင်ခဲ့ပါဦး။”

အခန်းထဲမှ အသံကို ကြားလိုက်ရသည်နှင့် ယွန်ပိုင်ယွီသည် ၎င်းကို နောက်ဆုံး မျှော်လင့်ချက်အလား ဆုပ်ကိုင်ကာ အခန်းထဲသို့ ပြေးဝင်သွားပြီး ခုတင်ဘေးတွင် ဒူးထောက်ချလိုက်သည်။ သို့သော် သူ စကားမပြောနိုင်ခဲ့ပေ။

သူ နှုတ်ခမ်းကို တင်းတင်းစေ့ကာ မျက်ရည်များ ဝဲလျက် ဒူးထောက်နေရုံသာ တတ်နိုင်ရှာသည်။ ဓားကျောင်းတော်ဘိုးဘေးသည် ယောင်ချီသို့ သွားရောက်စဉ်ကတည်းက သူ၏ အစွမ်းကုန် ကြိုးစားခဲ့ရပြီး ယခုလည်း ပြင်းထန်စွာ ဒဏ်ရာရထားကြောင်း သူ သိနေသည်။ ကျန်းမုန့်ချူး သည်လည်း သူတော်စင် ယွိယောင်ကို နှောင့်ယှက်ရန် ကြိုးစားရင်း သေလုနီးပါး ဖြစ်ခဲ့ရသည်ကိုလည်း သူ သိသည်။

သူ ထပ်ပြီး မည်သည့်တောင်းဆိုမှုမှ မလုပ်ရဲတော့ပေ။ သို့သော် သူသည် သမီးအတွက် ရင်ကွဲမတတ် စိတ်ပူနေရသော မိခင်တစ်ဦး ဖြစ်နေဆဲပင်။ ထို့ကြောင့် သူ လုပ်နိုင်သည်မှာ ခေါင်းငုံ့၍ ဒူးထောက်နေခြင်းသာ ဖြစ်သည်။ သူ၏ ပုံစံမှာ အဆုံးမဲ့ မျှော်လင့်ချက် ကင်းမဲ့ခြင်းထဲသို့ မကျရောက်မီ သေဒဏ်ပေးမည့် ဓားချက်ကို စောင့်ဆိုင်းနေသည့် ငှက်တစ်ကောင်နှင့် တူနေတော့သည်။

“ဟူး...” ချန်ဟွိုက်အန်က ယွန်ပိုင်ယွီ၏ ပိန်ချုံးနွမ်းနယ်နေသော ပုံစံကို ကြည့်ကာ စိတ်မကောင်း ဖြစ်မိသည်။

သူ အချုပ်ခန်းကို အပေါ်အောက် အနှံ့အပြား ရှာခဲ့သော်လည်း ယွန်စုရှင်းကို အမှန်တကယ် ရှာမတွေ့ခဲ့ပေ။ ထိုစဉ်က သူ ဆေးလုံးအဖြစ် သန့်စင်ခံလိုက်ရပြီဟု ချန်ဟွိုက်အန် ထင်ခဲ့မိသည်။ ယွဲ့ချန်ချီ အခုမှ ပြောလိုက်တော့မှ သူ့ကို ဖန်ကျင်း မြင့်မြတ်နယ်မြေသို့ ပြောင်းရွှေ့လိုက်ကြောင်း သူ သိလိုက်ရခြင်း ဖြစ်သည်။

သူ သိသလောက်ဆိုလျှင် ထိုနယ်မြေမှ ဘုန်းတော်ကြီးအိုသည် သူတော်စင် ယွိယောင်ထက်ပင် ပို၍ပင် လက်ပေါက်ကပ်သည်။ သူတော်စင် ယွိယောင်မှာ ကျန်းမုန့်ချူးနှင့် တန်ယွင်တို့၏ ထောင်ချောက်ထဲတွင် မိသွားခဲ့သည်။ သူ၏ ကျင့်ကြံမှုမှာ ဆက်လက် ကျဆင်းနေဦးမည်ဖြစ်ရာ အခုချိန်တွင် သူ၏ အခြေအနေကို ပြန်လည်တည်ငြိမ်အောင် လုပ်ဖို့သာ အာရုံစိုက် နေရပေလိမ့်မည်။ သူက အခုချိန်တွင်တော့ အန္တရာယ်အကြီးကြီး မရှိတော့ပေ။

သို့သော် ဖန်ယဲ့ကတော့ မတူပေ။ သူသည် စစ်မှန်သော မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ (ဒုတိယအကြိမ်မြောက် အတိဒုက္ခ) ဖြစ်သည်။ သူ့ကို ထိပ်တိုက်ရင်ဆိုင် အနိုင်ယူရန်အတွက် မှော်လက်နက်များကို ထည့်မတွက်ထားလျှင်တောင် ချန်ဟွိုက်အန်အနေဖြင့် တကယ့်ကမ္ဘာ၏ ရွှေရောင်အနှစ်သာရအဆင့် အလယ်အလတ်သို့ ရောက်ရှိရန် လိုအပ်သည်။

ထိုမျှလောက် ခွန်အားမျိုးမှာ တစ်ညတည်းနှင့် ရနိုင်သည်မဟုတ်။ သူက ထိုအဆင့်ကို ရောက်ချိန်တွင် ယွန်စုရှင်းမှာ ဆံပင်တစ်ပင်တောင် ကျန်ချင်မှ ကျန်ပေတော့မည်။

“တောင်ကြားသခင်မ ယွမ်... ဒီလောက်အထိ စိတ်မပူပါနဲ့။ အဲဒီ စုရှင်းလေးကို ဒီသခင်လည်း တော်တော်လေး သဘောကျပါတယ်။ ဒီသခင် သူ့ကို ပြန်ခေါ်လာဖို့ နည်းလမ်းတစ်ခုခု သေချာပေါက် ရှာပေးပါ့မယ်။”

ဇွဲရှိလျှင် လမ်းရှိစမြဲ။ တောင်ခြေရောက်လျှင် လမ်းပေါ်လာလိမ့်မည်။

ချန်ဟွိုက်အန် နည်းလမ်းများကို အသည်းအသန် စဉ်းစားနေစဉ် သူ၏ တာဝန်မှတ်တမ်းပေါ်မှ အရာတစ်ခုက သူ၏ အာရုံကို ဆွဲဆောင်သွား၏။

[ အဓိက တာဝန် ၄.၀ - မြင့်မြတ်နယ်မြေ၏ ပူးပေါင်းကြံစည်မှုကို ဖော်ထုတ်ခြင်း၊ ယောင်ချီ မြင့်မြတ်နယ်မြေကို စိန်ခေါ်ခြင်း၊ ဓားကျောင်းတော်၏ တိုက်ရိုက်တပည့် ယွဲ့ချန်ချီကို ကယ်တင်ခြင်း (ပြီးဆုံးပါပြီ၊ ဆုလာဘ် စောင့်ဆိုင်းနေဆဲ) ]

သူက တာဝန်ပေးသည့် မျက်နှာပြင်ကို သတိပင်မထားမိခဲ့သော်လည်း တစ်နည်းနည်းဖြင့် ထိုတာဝန်မှာ သူ သတိမထားမိဘဲ ပြီးဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ယခုထိတော့ အဓိကတာဝန် ဆုလာဘ်အားလုံးမှာ တော်တော်လေး ကောင်းမွန်ခဲ့သည်။ ထို ၄.၀ ဆုလာဘ်က သူ၏ လောလောဆယ် အကျပ်အတည်းကို ပြောင်းလဲပေးနိုင်မည်လား။

ချန်ဟွိုက်အန်က ယွန်ပိုင်ယွီ၏ ဝမ်းနည်းပူဆွေးနေသော မျက်နှာကို ကြည့်ကာ ဆုလာဘ်ကို ရယူရန် တိတ်တဆိတ် ရွေးချယ်လိုက်သည်။

[ ဂုဏ်ယူပါတယ်၊ ကစားသူ ဆုလာဘ်ရရှိပါတယ်။ ခန္ဓာအမျိုးအစား ကံစမ်းမဲသေတ္တာ ]

[ ဆုလာဘ်ကို ဖွင့်ဖောက်နေသည်... ]

ချန်ဟွိုက်အန်၏ နှုတ်ခမ်းများ တွန့်သွား၏။ ဘာလဲဟ။ ဘာမှတောင် မနှိပ်ရသေးဘူးလေ... ဒီလို ကံစမ်းမဲမျိုးဆိုရင် ထူးခြားတဲ့နေ့တစ်နေ့ကျမှ ဖွင့်ရမှာ မဟုတ်ဘူးလား။ တကယ်လို့ အမှိုက်ကြီးပဲ ရလာရင် ဘယ်လိုလုပ်မလဲ...

[ ဂုဏ်ယူပါတယ်၊ ကစားသူက မူလတာအိုခန္ဓကို ရရှိသွားပါပြီ ]

“ထင်သားပဲ။ အမှိုက်ကြီး...”

သူ့စိတ်ဓာတ် တစ်ဝက်လောက် ကျသွား၏။

“မူလတာအိုခန္ဓာ....”

အမည်ကပင် ကြား၍သိပ်မကောင်းလှပေ။

[ မူလတာအိုခန္ဓာကို သင့်ပစ္စည်းစားရင်းထဲသို့ ထည့်သွင်းပြီးပါပြီ။ အသက်သွင်းရန် ရွေးချယ်ပါ ]

ချန်ဟွိုက်အန် ချက်ချင်း အသုံးမပြုသေးဘဲ အရင်စစ်ဆေးကြည့်လိုက်သည်။

[ မူလတာအိုခန္ဓာ - ကောင်းကင်နှင့် မြေကြီးသည် ၎င်း၏ အရင်းအမြစ်၊ နေနှင့် လသည် ၎င်း၏ မျက်ဝန်းများ၊ သတ္တဝါအားလုံး စုဆုံရာ - အမြင့်မြတ်ဆုံး တာအိုခန္ဓာ ]

ချန်ဟွိုက်အန် - “ဟမ်...”

ဟေ့လူ... ဒီလောက်အထိ အစွမ်းထက်နေရင်လည်း စောစောက ပြောရောပေါ့။ ငါကတော့ ပစ္စည်းစာရင်းထဲမှာ အပုပ်ခံထားတော့မလို့... ဒါတောင် ဖော်ပြချက်က အရမ်းကြီး ဟိတ်ဟန် များပြီးတော့ ဝေဝါးလွန်းနေတယ်။ ပိုပြီး လက်တွေ့ကျတဲ့ ရှင်းပြချက်မျိုး မရှိဘူးလား။

သူ၏ အကြည့်မှာ ယွန်ပိုင်ယွီဆီ တစ်ဖန် ရောက်သွားပြန်သည်။ သူက ဝမ်းနည်းပူဆွေးမှုကြောင့် ကြေကွဲနေဆဲပင်။ ထိုအရာက သူ့ကို အားအင်အနည်းငယ် ဖြစ်စေနိုင်မည်လား။

“အဟမ်း...” ချန်ဟွိုက်အန်က ချောင်းဟန့်လိုက်ပြီး ရုတ်တရက် မေးလိုက်သည်။

“တောင်ကြားသခင်မယွမ်... မင်းက ဗဟုသုတ အရမ်းကြွယ်ဝတယ်လို့ ဒီသခင် ကြားဖူးတယ်။ ဒီသခင်မှာ မင်းကို မေးစရာတစ်ခုရှိတယ်။ ဒါက မင်းရဲ့ သမီးကို ကယ်တင်ဖို့အတွက် အထောက်အကူ ဖြစ်နိုင်လိမ့်မယ်။”

“ကယ်တင်ခြင်း” ဆိုသည့် စကားလုံးကြောင့် ယွန်ပိုင်ယွီ၏ လူသေကဲ့သို့ မျက်ဝန်းများတွင် အသက်ဝင်လာပြန်သည်။ သူက ဒူးဖြင့် ချက်ချင်း ရှေ့သို့တိုးလာကာ ရိုသေစွာ ဦးချလိုက်သည်။

“စီနီယာ... မေးပါ။ ကျွန်မ သိသမျှ အကုန် ဘာမဆို၊ ဘယ်လိုအရာမျိုးမဆို အကုန်လုံးကို ဖြေပါ့မယ်...”

“အင်း...” ချန်ဟွိုက်အန်က လေးနက်သော အမူအရာဖြင့် ညည်းလိုက်သည်။

“မင်း မူလတာအိုခန္ဓာ အကြောင်း ကြားဖူးလား။”

အခန်းထဲမှာ တိတ်ဆိတ်သွား၏။ ဓားကျောင်းတော်တပည့်များမှာ ဇဝေဇဝါဖြင့် အချင်းချင်း ကြည့်နေကြပြီး စုချီနျန်တို့ကဲ့သို့ အဆင့်ရှိသူများသာ လေးနက်စွာ စဉ်းစားနေပုံရသည်။

“ကြားဖူးပါတယ်...” ယွန်ပိုင်ယွီက ခေတ္တစဉ်းစားပြီးနောက် ပြောလိုက်သည်။

“ချင်းယွန်ဘုံမှာ ပထမဆုံး အင်မော်တယ်အဖြစ် တက်လှမ်းသွားတဲ့သူဟာ မူလတာအိုခန္ဓာကို ပိုင်ဆိုင်ထားတယ်လို့ ဆိုကြပါတယ်။ ဓာတ်ကြီးငါးပါး ခန္ဓာဟာ တစ်ချိန်ချိန်မှာ အင်မော်တယ် ဖြစ်ဖို့ အာမခံချက် ရှိတယ်ဆိုရင် ဒီခန္ဓာကိုယ်ကတော့ မွေးရာပါ အင်မော်တယ် ဖွဲ့စည်းပုံပါပဲ။ ချီသန့်စင်ခြင်းအဆင့်မှာတောင် ဒီခန္ဓာကိုယ်ဟာ အင်မော်တယ် တံခါးဝကို ခြေတစ်ဖက် လှမ်းထားပြီးသားလို့ ဆိုပါတယ်။”

“အင်း... ဟုတ်ပြီ...” ချန်ဟွိုက်အန်တစ်ယောက် စိတ်ထဲ အတိုင်းမသိ ပျော်ရွှင်နေမိသည်။ သူ ထပ်မေးလိုက်သည်။ “အဲဒီတော့ ဒီခန္ဓာကိုယ်က ဘာထူးခြားတဲ့ စွမ်းရည်တွေ ရှိလို့လဲ။”

“သူတို့ ပြောကြတာကတော့ ဒီခန္ဓာကိုယ်ဟာ လောကမှာရှိတဲ့ တာအိုနိယာမတိုင်းကို နားလည် သဘောပေါက်နိုင်တယ်တဲ့။ တကယ်လို့ ဓားကျင့်ကြံခြင်းကို ရွေးချယ်ရင် ဓားတာအိုရဲ့ ထိပ်ဆုံးကို ရောက်လိမ့်မယ်။ ဒြပ်စင်ငါးပါးကို လေ့လာရင်လည်း အဲဒီမှာ ကျွမ်းကျင်သူ ဖြစ်လာလိမ့်မယ်။”

“သူတို့ရဲ့ နားလည်သဘောပေါက်နိုင်စွမ်းက ကြောက်စရာကောင်းလောက်အောင် မြန်တယ်လို့ ဆိုကြပါတယ်။ အမြဲတမ်းလိုလို ဉာဏ်အလင်းပွင့်နေတတ်တယ်ပေါ့...”

“ဒါပေမဲ့ ဒါတွေအားလုံးက ရှေးဟောင်းမှတ်တမ်းတွေထဲမှာပဲ ရှိတာပါ။ တကယ် ဟုတ်မဟုတ် ဆိုတာကိုတော့ ဘယ်သူမှ သက်သေမပြနိုင်ပါဘူး။”

ယွန်ပိုင်ယွီက သူ သိသမျှကို အကုန်ပြောပြလိုက်သည်။ ထို့နောက် ကုတင်ပေါ်တွင် လဲလျောင်းနေသော ဓားသခင်ကို မျှော်လင့်တကြီး မော့ကြည့်ကာ သူ ဘာပြောမလဲ ဆိုသည်ကို စောင့်ဆိုင်းနေသည်။

“အမြဲတမ်း ဉာဏ်အလင်းပွင့်နေတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံပေါ့ ဟုတ်လား။ အဲဒါကြောင့် ဒီသခင်ရဲ့ ကျင့်ကြံမှုနှုန်းက အရမ်းနှေးနေတာလား။ ချင်းရန်ရဲ့ ကြောက်စရာကောင်းတဲ့ နားလည်နိုင်စွမ်းနဲ့ ယှဉ်လိုက်ရင် ငါက ငတုံး တစ်ယောက်လို ဖြစ်နေလို့လား...”

ချန်ဟွိုက်အန်က လေးနက်စွာ တွေးတောရင်း မျက်မှောင်ကြုတ်လိုက်မိပြီး စိတ်ပင် အနည်းငယ် လှုပ်ရှားလာသည်။

“မင်းကတော့ တကယ်ပဲ လက်စွမ်းထက်တဲ့ စနစ်ပဲ... ဒီသခင်ကို အချိန်ကိုက် နွေးထွေးမှုလေးတွေ အမြဲပေးတတ်တာ။ ဆဲဗင်းစပေ့စ် အမျိုးသမီးသုံး ဂွမ်းထုတ်လေးတွေလိုပဲ...”

ယွန်စုရှင်း၏ ပြဿနာကို ဖြေရှင်းရပေမည်။ အဓိက အကြောင်းရင်းကတော့ သူတော်စင် ယွိယောင်နှင့် ဖန်ယဲ့ နှစ်ယောက်လုံးက အရာတစ်ခုတည်းအတွက်သာ လုပ်ဆောင် နေကြခြင်း ဖြစ်၍ပင်။

၎င်းမှာ အင်မော်တယ်အဖြစ် တက်လှမ်းလိုသည့် ဆန္ဒပင်။

ထို့ကြောင့်...

ချန်ဟွိုက်အန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး နှုတ်ခမ်းများမှာ မြေခွေးအိုကြီးတစ်ကောင်၏ လိမ္မာပါးနပ်သော အပြုံးမျိုးဖြင့် တွန့်ကွေးသွား၏။ သူက ယွန်ပိုင်ယွီဘက်သို့ လှည့်ကာ အသံတိုးတိုးဖြင့် မေးလိုက်သည် -

“တောင်ကြားသခင်မယွမ်။ ငါ မင်းကို တစ်ခုလောက် မေးပါရစေ။ တကယ်လို့ ဒီလောကမှာ မူလတာအိုခန္ဓာကို ပိုင်ဆိုင်တဲ့ ပါရမီရှင်တစ်ယောက် ပေါ်လာခဲ့ရင် သူတော်စင် ယွိယောင်နဲ့ အဲဒီဖန်ကျင်းက ဘုန်းတော်ကြီးတို့ အဲဒီလူကို ရဖို့အတွက် အသေအလဲ တိုက်ကြမယ် မဟုတ်လား။”

...

All Chapters