← Chapters

နေနှင့်လကို သက်သေပြု၍

Vol. 34 Ch. 334

နေနှင့်လကို သက်သေပြု၍

Vol. 34 Ch. 334

“အကုန် ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်။ ဒီသခင်က မူလတာအိုခန္ဓာ ပိုင်ရှင်ပဲ...”

ချန်ဟွိုက်အန်က လူတိုင်း၏ မှင်တက်သွားသော၊ အံ့အားသင့်သွားသော အကြည့်များအောက်တွင် ဂုဏ်ယူဝင့်ကြွားသော အပြုံးဖြင့် ထိုဗုံးတစ်လုံးကို ဖောက်ခွဲလိုက်သည်။

အံ့ဩကြ... ငါ့ကို ကိုးကွယ်ကြစမ်း... ကြောက်ရွံ့ရိုသေကြစမ်း...

ဒါ ဓားကျောင်းတော်ဘိုးဘေးရဲ့ လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ ဆွဲဆောင်မှုပဲ...

သူက မေးစေ့ကို ပင့်တင်ပြီး မိမိကိုယ်မိမိ ဂုဏ်ယူဝင့်ကြွားနေစဉ်မှာပင် ကြည်လင်အေးစက်သော အသံလေးတစ်ခုက ရုတ်တရက် ကြားဖြတ်ဝင်လာသည်။

“ဆရာက... သူတော်စင် ယွိယောင်နဲ့ ဆရာတော် ဖန်ယဲ့တို့ကို ဆွဲဆောင်ဖို့အတွက် ဆရာ့ကိုယ်ဆရာ ငါးစာအဖြစ် အသုံးချမလို့လား။ မဟာတက်လှမ်းခြင်းအဆင့် နှစ်ယောက် ဒါမှမဟုတ် မြင့်မြတ်နယ်မြေ နှစ်ခုကြားမှာ ပဋိပက္ခဖြစ်အောင် လုပ်ပြီးတော့၊ အဲဒီရှုပ်ထွေးမှု အကြားကနေ စုရှင်းကို ကယ်ထုတ်မလို့လား။”

“မှန်တယ်။ ငါ့ရဲ့ တပည့် ဆိုတဲ့အိုင်း ထိုးထွင်းသိမြင်မှုကတော့ တကယ်ကို ထက်မြက်တာပဲ...” ချန်ဟွိုက်အန်က ခေါင်းညိတ်လိုက်သည်။

ဒါက ငါ့ရဲ့ အစီအစဉ်ပဲ။

တကယ်လို့ ကျန်းမုန့်ချူးက ဗျူဟာမှူးအဖြစ် သူတော်စင် ယွိယောင်ကို ထောင်ချောက်ဆင်ပြီး အထိနာအောင် လုပ်နိုင်ခဲ့ရင်...

ငါ ချန်ဟွိုက်အန်ကကော ဘာလို့ ဒီကစားပွဲထဲကို ကိုယ်တိုင်မဝင်နိုင်ရမှာလဲ။

ဒါပေမဲ့ ငါ့အခြေအနေမှာတော့ ငါက ကျားပါးစပ်ထဲ တိုးဝင်မယ့် သိုးတစ်ကောင် မဟုတ်ဘဲ ဝံပုလွေတွေကို ဖိတ်ခေါ်မယ့်... ဝံပုလွေတစ်ကောင်ပဲ ဖြစ်လိမ့်မယ်။

“ဆရာ... စုရှင်းကို ကယ်ချင်တဲ့ ဆရာ့ဆန္ဒကို ကျွန်မ နားလည်ပါတယ်။ ဒါပေမဲ့ ဒီအစီအစဉ်က အရမ်းအန္တရာယ်များလွန်းတယ်။ မသင့်တော်ပါဘူး...”

လီချင်းရန်သည် ဆရာဖြစ်သူ၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်ရင်း ဂါဝန်အနားသတ်ကို တင်းတင်းဆုပ်ကိုင်ထားသည်။ သူလည်း ယွန်စုရှင်းကို ကယ်ချင်သည်။ သို့သော် သူ၏နှလုံးသား အထဲတွင်တော့ ယွန်စုရှင်းပေါင်း အယောက် တစ်ထောင်ကိုပင် သူ့ဆရာ၏ ဘေးကင်းလုံခြုံမှုနှင့် မလဲနိုင်ပေ။

သူက အရမ်း သဘောထားကြီးသူ မဟုတ်ပေ။

အထူးသဖြင့် ဆရာနှင့် ပတ်သက်လာလျှင် သူက အလွန်အမင်း အတ္တကြီးနိုင်သူ ဖြစ်သည်။

“အင်း... ငါ့မှာလည်း စဉ်းစားစရာတွေ ရှိပါတယ်။” လီချင်းရန်က ပထမဆုံး ကန့်ကွက် လာလိမ့်မည်ဟု ချန်ဟွိုက်အန် မမျှော်လင့်ထားခဲ့ပေ။ သူ၏ဝမ်းနည်းရိပ်သန်းနေသော အကြည့်ကို ရင်ဆိုင်လိုက်ရသည့်အခါ ထူးထူးခြားခြား စကားလုံး ပျောက်ဆုံးသွားရသည်။

မိမိဆရာကို အန္တရာယ်ကြားထဲ မဝင်စေချင်သော တပည့်တစ်ယောက်ကို မည်သူက အပြစ်တင် နိုင်မည်နည်း။

“ဆရာ့ရဲ့ အစီအစဉ်တွေကို ကျွန်မ ဂရုမစိုက်ဘူး။ ဆရာ့ကို မေးစရာ ရှိတယ်။ အဲဒါကို ဆရာ ဖြေပေးစေချင်တယ်။”

လီချင်းရန်က ခုတင်အနားတွင် ထိုင်လိုက်ပြီး သူ၏မျက်လုံးများကို စိုက်ကြည့်ကာ အနားသို့ တိုးကပ်လာသည်။

“တကယ်လို့ ဆရာ့ရဲ့ကိုယ်ပွား သေသွားရင် ဆရာ့ရဲ့အစစ်အမှန်ခန္ဓာကော အန္တရာယ် တစ်ခုခု ရှိနိုင်လား။”

ချန်ဟွိုက်အန်က “မရှိဘူး”ဟု ဖြေရန် ကြံလိုက်သော်လည်း စကားလုံးများက လည်ချောင်းထဲ တစ်ဆို့သွားသည်။

သူက ကိုယ်ပွားကို ဂိမ်းထဲမှ ဇာတ်ကောင်တစ်ခုဟူ၍သာ အမြဲပင် တွေးနေခဲ့သည်။ သို့သော် အကောင့် အဖျက်ခံလိုက်ရလျှင် ဘာဖြစ်မလဲ မည်သူ သိနိုင်မည်နည်း။ ပြန်တောင် ရနိုင်ပါ့မလား။ လီချင်းရန်ကို မလိမ်ချင်၍ သူက ခပ်ဝေဝေသာ ခေါင်းညိတ်ပြလိုက်ပြီး ပြောသည်။

“ဖြစ်နိုင်ပါတယ်။ အန္တရာယ် ရှိနိုင်တယ်။ ဒါပေမဲ့ သိပ်တော့ မများပါဘူး။ ခြုံပြောရရင်တော့ အန္တရာယ်မရှိနိုင်ပါဘူး။ ပြောရရင်တော့ သိပ်မကြီးပါဘူး...”

“ဒါဆို အန္တရာယ် ရှိတာပဲပေါ့...” လီချင်းရန်က သူ၏ ရှောင်လွှဲနေသော အဖြေကို ဖြတ်တောက်ကာ အဓိကအချက်ကို တည့်ဆွဲထုတ်လိုက်သည်။

“ဒုတိယမေးခွန်းက ဆရာ့ရဲ့ ကိုယ်ပွား အချိန်တိုအတွင်းမှာ မဟာတက်လှမ်းခြင်းအဆင့်ကို ရောက်နိုင်လား။”

ချန်ဟွိုက်အန် ခေါင်းခါလိုက်သည်။ “မရောက်နိုင်ဘူး။”

“တတိယမေးခွန်း၊ မဟာတက်လှမ်းခြင်းအဆင့် ပညာရှင်နှစ်ယောက်ရဲ့ တိုက်ပွဲကြားကနေ ဆရာ လွတ်အောင် ပြေးနိုင်ဖို့အတွက် အသက်ကယ် ဝိညာဉ်ရတနာ တစ်ခုခုကော ရှိလား။”

သူ ထပ်ပြီး ခေါင်းခါလိုက်ပြန်သည်။ “မရှိဘူး။”

ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီးတော့ ကာကွယ်ရေးရတနာ တစ်ခုတောင် မရှိတာကတော့ တကယ့် ရှက်စရာပဲ။

သူ ခါးကို မတ်လိုက်ပြီး အမြန်ပင် ဖြည့်စွက်ပြောလိုက်သည်။

“အဟမ်း... ဒီသခင်က ဓားကျင့်ကြံသူလေ။ တိုက်စစ်က အကောင်းဆုံး ခံစစ်ပဲ။ ငါ့ရဲ့ ဓားတာအိုက အနိုင်မခံ အရှုံးမပေးတဲ့ လမ်းစဉ်ပဲ။ ကာကွယ်ရေးရတနာတွေကို အားကိုးနေရင် ဘယ်လိုလုပ် ဓားကျင့်ကြံသူ ပီသပါတော့မလဲ။”

“ဘိုးဘေး ပြောတာ မှန်လိုက်တာ...”

စုချီနျန်ကတော့ တကယ်ကို စိတ်လှုပ်ရှားသွားပုံရသည်။ သူက လက်ခုပ်တီးကာ သက်ပြင်း ချလိုက်သည်။

“စစ်မှန်တဲ့ ဓားကျင့်ကြံသူတစ်ယောက်ဟာ ကာကွယ်ရေးရတနာတွေ မလိုဘူး။ အကောင်းဆုံး ခံစစ်ဆိုတာ ကိုယ့်လက်ထဲကဓားပဲ...”

ယွဲ့ချန်ချီက သူ့ဆရာ၏ ခြေဖနောင့်ကို အားနှင့် ကန်လိုက်သည်။ သူ ခေါင်းကိုက်လာတော့သည်။

အခုက အဲဒီလို စကားတွေ ပြောရမယ့် အချိန်မဟုတ်ဘူးလေ...

ဂျူနီယာညီမလေး ချင်းရန် ငိုတော့မှာကို မမြင်ဘူးလား။

“ဒီဓားတာအို အယူအဆတွေကို ကျွန်မ ဂရုမစိုက်ဘူး...” လီချင်းရန်က နှုတ်ခမ်းကို တင်းတင်း စေ့ထားပြီး အသံက တုန်ရီနေသည်။

“တကယ်လို့ ဆရာက သူရဲကောင်းလုပ်ချင်တယ်ဆိုရင် အခုပြောတဲ့ အချက်သုံးချက်ထဲက အနည်းဆုံး တစ်ချက်ကို ပြည့်စုံရမယ်။ ကိုယ်ပွား ပျက်စီးသွားရင်လည်း အစစ်အမှန်ခန္ဓာကို အန္တရာယ်မဖြစ်စေရဘူး။ ကိုယ်ပွားက မဟာတက်လှမ်းခြင်းအဆင့် စွမ်းအား ရှိရမယ်။ ဒါမှမဟုတ် ပညာရှင်နှစ်ယောက်ကြားကနေ ဘေးကင်းကင်း ထွက်ပြေးနိုင်မယ့် အသက်ကယ် ဝိညာဉ်ရတနာ အနည်းဆုံး တစ်ခု ရှိရမယ်။”

...

“အဲဒါမှ မဟုတ်ဘဲ ဆရာက သူရဲကောင်း လုပ်ချင်နေသေးတယ်ဆိုရင် တပည့်ကိုပါ တစ်ခါတည်း ခေါ်သွားပါ။ အဲဒါမှ ဆရာ့ကို စိတ်ပူနေရတဲ့ ဒုက္ခကနေ လွတ်မှာ။”

“မင်းကတော့...” ချန်ဟွိုက်အန်က ခါးသက်သက် အပြုံးနဲ့ ခေါင်းခါလိုက်ပြီး သက်ပြင်း ချလိုက်သည်။

“ကောင်းပါပြီ။ ငါ နားလည်ပါပြီ။ ယွန်စုရှင်းကို မကယ်ခင် အဲဒီ အချက်သုံးချက်ထဲက တစ်ချက် ပြည့်စုံအောင် အရင်လုပ်ပါ့မယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင် ငါ လုပ်နိုင်တာက မူလတာအိုခန္ဓာ သတင်းကို ပျံ့နှံ့အောင် လုပ်ဖို့ပဲ။ အဲဒါဆိုရင် သူတော်စင် ယွိယောင်နဲ့ ဆရာတော် ဖန်ယဲ့တို့ရဲ့ အာရုံက ငါ့ဆီ ရောက်လာပြီး သူတို့ကြားက ပဋိပက္ခက ပိုကြီးထွားလာလိမ့်မယ်။ အဲဒီအခါကျမှ စုရှင်းလေးရဲ့ အခြေအနေက ပိုပြီး စိတ်ချရမှာ။”

လီချင်းရန် နှာတစ်ချက်ရှုံ့လိုက်ပြီး မျက်နှာလွှဲကာ စူပုပ်ပုပ်လေး ပြောလိုက်သည်။

“သွားပါ ဆရာ။ ဆရာလုပ်ချင်တာ လုပ်ပါ။ ဒီတပည့်ရဲ့ စိတ်ကို ဘာလို့ ဂရုစိုက်နေမှာလဲ။ ကျွန်မက ဆရာ သူရဲကောင်းကြီး ဖြစ်ဖို့အတွက် အနှောင့်အယှက် တစ်ခုပဲလေ။ ကျွန်မကို လမ်းဘေးပဲ ကန်ထုတ်လိုက်ပါတော့။”

စုချီနျန် လေထဲမှ အချဉ်နံ့ ခပ်သိုးသိုးလေးကို ရလိုက်၏။

လေထုက တစ်မျိုးကြီး ဖြစ်လာပြီ...

ဘိုးဘေး မည်လို ပြန်ပြောရမလဲ စဉ်းစားမရခင်မှာပင် စုချီနျန်က ကြားဖြတ်ဝင်ပြီး ဦးညွှတ်လိုက်သည်။

“ဘိုးဘေး။ ဂိုဏ်းမှာ လုပ်စရာ ကိစ္စတွေ အများကြီး ရှိနေသေးတယ်။ ဘိုးဘေးရဲ့ ခန္ဓာကိုယ် အဆင်ပြေတာ မြင်ရပြီဆိုတော့ ကျွန်တော်တို့ ထပ်ပြီး မနှောင့်ယှက်တော့ပါဘူး... ဓားကျောင်းတော်တပည့်တွေ၊၊ သတိ...”

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်...”

“ပြန်ကြမယ်...”

“ဟုတ်ကဲ့ပါ...”

စုချီနျန်က လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်ပြီး ဓားကျောင်းတော်တပည့်များကို စနစ်တကျ ပြန်ခေါ်သွားတော့သည်။ ကျန်ဧည့်သည်များဖြစ်သော ကျိုးရွှမ်ကျိနှင့် တန်ယွင်တို့ကလည်း ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ပြီး ထွက်သွားကြသည်။

ယွန်ပိုင်ယွီလည်း သူ လုပ်ပေးနိုင်သည့်အရာ မရှိတော့မှန်း သိလိုက်သည်။ ဘိုးဘေး ကူညီပေးရန် သဘောတူသည်နှင့်တင် သူ့အတွက်တော့ အတိုင်းမသိ ကျေးဇူးတင်စရာ ဖြစ်နေလေပြီ။ သူက ကျေးဇူးတင်စကား ပြောကြားပြီးနောက် ရိုရိုသေသေ ပြန်သွားခဲ့သည်။

အခန်းထဲ ချန်ဟွိုက်အန်နှင့် လီချင်းရန်တို့ နှစ်ယောက်တည်း ကျန်ခဲ့ပြီး တိတ်ဆိတ်သွားသည်။ လေထုက ငြိမ်သက်နေ၏။ စက္ကူပြတင်းပေါက်ကို လာတိုးသော လေတိုးသံ သဲ့သဲ့လေးကိုသာ ကြားနေရသည်။ အပြင်ဘက်မှာ ဝါးပင်ရိပ်များ လှုပ်ခတ်နေပြီး လရောင်က သစ်ကိုင်းများပေါ်ကို ဖြည်းဖြည်းချင်း တက်လာသည်။

အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် ချန်ဟွိုက်အန်က စကားစလိုက်သည်။ သူက လက်မောင်းပေါ် ခေါင်းတင်ပြီး ပါးလေးကို အမှီပြုထားသော၊ ဆံနွယ်နက်များက လှပသော မျက်နှာလေးကို တစ်ဝက်လောက် ဖုံးအုပ်ထားသော တပည့်မလေးကို ကြည့်လိုက်သည်။

“တပည့်... ဆရာ ကတိပေးပါတယ်။ အဲဒီအချက်သုံးချက်ထဲက အနည်းဆုံး တစ်ချက် ပြည့်စုံမှ အဲဒီထောင်ချောက်ထဲကို ဝင်ပါ့မယ်။ ရွေးချယ်စရာ မရှိဘူး။ သူတော်စင် ယွိယောင်နဲ့ ဆရာတော်ဖန်ယဲ့ကိုတော့ ရှင်းမှဖြစ်မယ်။ သူတို့က ငါတို့အတွက် အမြဲတမ်း ခြိမ်းခြောက်မှုပဲ။ သူတို့ကို မရှင်းရသေးသရွေ့ ငါ့ရဲ့စိတ်က မအေးချမ်းနိုင်ဘူး။”

လီချင်းရန် မော့ကြည့်လိုက်ရာ သူ့မျက်ဝန်းများထဲ နူးညံ့သော အလင်းတန်းလေးများ ကခုန်နေ၏။

“ဒါပေမဲ့ ချင်းယွန်ဘုံက ဒီလောက် ကျယ်တာကို ဘာလို့ အမြဲတမ်း ဆရာပဲ ဒီလို အန္တရာယ်များတဲ့ အလုပ်တွေကို လုပ်နေရတာလဲ။”

ချန်ဟွိုက်အန် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မတတ်သာသော အပြုံးလေး ပြုံးလိုက်သည်။

“စွမ်းအားကြီးရင်... တာဝန်လည်း ကြီးတာပေါ့။”

တကယ့် ကမ္ဘာတွင် ဖြစ်စေ၊ ချင်းယွန်ဘုံတွင် ဖြစ်စေ၊ ဘယ်ကဘယ်လို ထိုကဲ့သို့ စကားများ ပြောတတ်လူ ဖြစ်သွားမှန်း သူလည်း မသိတော့ပေ။

“ဒါဆိုရင်တော့ ဒီတပည့်က ဆရာ့မှာ အဲဒီလို စွမ်းအားကြီးကြီးမားမား မရှိတာကိုပဲ ပိုပြီးတော့ လိုလားပါတယ်။”

“တကယ်လား။” ချန်ဟွိုက်အန် ရယ်လိုက်သည်။ “တကယ်လို့ မင်းရဲ့ ဆရာက အခြေခံအုတ်မြစ်အဆင့် ကျင့်ကြံသူလေးပဲ ဆိုရင်ကော။”

“ဒါဆိုလည်း အဆင်ပြေတာပဲ။ ဆရာက စွမ်းအားကြီးမှ ဖြစ်မယ်လို့ ဘယ်သူပြောလို့လဲ။”

“ဒါပေမဲ့ ငါ့မှာ ခွန်အားမရှိရင် ချင်းယွန်ဂိုဏ်းကနေ မင်းကို ကယ်နိုင်မှာ မဟုတ်ဘူးလေ။”

လီချင်းရန် ခဏမျှ တိတ်ဆိတ်သွားပြီး ရှုပ်ထွေးသော ရလဒ်များကို စဉ်းစားနေပုံရသည်။ ဘယ်အရာက ပိုအရေးကြီးလဲဆိုသည်ကို သူ ခွဲခြားနေပုံပင်။ ချန်ဟွိုက်အန်က ပြတင်းပေါက် အပြင်ဘက်မှ ဝါးပင်ရိပ်များကို ငေးကြည့်ရင်း အသံက ဝေးလွင့်သွားသည်။

“ငါက အခြေခံအုတ်မြစ်အဆင့်ထက် ပိုတယ်ဆိုတာ မင်းသိနေလို့ ဒါကို ပြောတာပါ။ ဒါပေမဲ့ တစ်နေ့မှာ ငါ့ရဲ့ ကျင့်ကြံမှုတွေက အခြေခံအုတ်မြစ်အဆင့် ဒါမှမဟုတ် ချီသန့်စင်ခြင်းအဆင့်အထိ ထိုးကျသွားရင်ကော။ အဲဒီအခါကျရင် မင်း ဘာလုပ်မလဲ။”

လီချင်းရန်က လက်နှစ်ဖက်နှင့် မေးစေ့ကို ထောက်ပြီး မျက်တောင်ခတ်ရင်း ကြည့်နေသည်။ သူက တွန့်ဆုတ်မနေဘဲ ဖြေလိုက်သည်။

“ဒါဆိုရင်တော့ ကျွန်မက ဆရာ့ရဲ့ ဆရာ ဖြစ်လာမှာပေါ့။ ဆရာ့ကို တစ်သက်လုံး ကျွန်မ ပြုစုစောင့်ရှောက်သွားမှာ။”

ချန်ဟွိုက်အန်က မျက်ခုံးပင့်လိုက်သည်။ “တကယ် ပြောတာလား။”

“တကယ်ပေါ့...”

“သက်သေကော ရှိလား။”

လီချင်းရန်က ကောင်းကင်ကို လက်ညှိုးသုံးချောင်း ထောင်ပြလိုက်ပြီး လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“နေနဲ့လကို သက်သေပြုပါတယ်...”

...

All Chapters