အခန်း (၁၂၉-၁၃၀)
Vol. 13 Ch. 129-130
အခန်း ၁၂၉ - ဘုရင်ကို နှောင့်ယှက်ခြင်းနှင့် ပြစ်မှုပေါင်းများစွာ ကျူးလွန်ခြင်း
ရက်အနည်းငယ်အတွင်းမှာပင် တောင်ပိုင်းထာဝရခရိုင် ၌ ပြင်းထန်သော အပြောင်းအလဲကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး အရာရှိပေါင်း လေးရာကျော်နှင့် ဂိုဏ်းပေါင်း တစ်ရာ့ကိုးဂိုဏ်းတို့ ပါဝင်ပတ်သက်ခဲ့သည်။
အဖြစ်အပျက်ကို သိရှိသူများမှာ ထိတ်လန့်တုန်လှုပ်နေကြသော်လည်း သာမန်ပြည်သူအများစုမှာမူ ဘာဖြစ်နေမှန်း သေချာမသိကြပေ။
သို့သော် သူတို့အပေါ် ဖိစီးနေသော အခက်အခဲများမှာ တစ်နည်းနည်းဖြင့် လျော့ပါးသွားသည်ကို ခံစားနေရသည်။
သူတို့ထံမှ ဆက်ကြေးတောင်းနေကြ သိုင်းသမားများကိုလည်း ဘယ်နေရာမှာမှ မတွေ့ရတော့ပေ။ အကယ်၍ ထိုသိုင်းသမားများနှင့် တွေ့ဆုံခဲ့လျှင်ပင် သူတို့သည် ရိုင်းစိုင်းစွာ မပြုမူတော့ဘဲ ယဉ်ကျေးပျူငှာလာကြသည်။
ရှမင်းသား၏ စံအိမ် သည် တောင်ပိုင်းထာဝရခရိုင်၏ စည်ကားလှသော ဖေးကွမ်မြို့ တွင် တည်ရှိပြီး နက်နဲသောဓားဂိုဏ်း နှင့် မိုင် ၃၀ ခန့် ဝေးကွာသည်။
ရှမင်းသား သည် မဟာရှ ဧကရာဇ်၏ ညီတော်ဖြစ်ပြီး မင်းသားများထဲတွင် နဝမမြောက် နေရာကို ရရှိထားသူဖြစ်သည်။
သူသည် ငယ်စဉ်ကတည်းက စစ်ရေးစစ်ရာတွင် ထူးချွန်သော ပါရမီကို ပြသနိုင်ခဲ့သဖြင့် ထိုစဉ်က အိမ်ရှေ့စံဖြစ်သော လက်ရှိဧရာဇ်က သူ့ကို တောင်ပိုင်းဒေသ တစ်ခုလုံးအား အပိုင်စား ပေးသနားခဲ့ခြင်း ဖြစ်သည်။
ထိုနေ့မှစ၍ အနှစ် ၃၀ ကုန်ဆုံးခဲ့ပြီဖြစ်သည်။
ခန့်ညားထည်ဝါလှသော ရှမင်းသားစံအိမ် ထဲတွင် မင်းသားသည် စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီ လမ်းလျှောက်နေပြီး သူ၏ လှပသော ကြင်ယာတော်နှင့် သားများက ဘေးမှနေ၍ စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။
"မင်းသား... အခြေအနေကို ပြောင်းလဲနိုင်မယ့် အခွင့်အရေး ရှိပါဦးမလား"
ဟု ကြင်ယာတော်က မနေနိုင်ဘဲ တိုးတိုးလေး မေးလိုက်သည်။
"အခြေအနေကို ပြောင်းလဲဖို့လား"
ရှမင်းသား ၏ မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။
"ဖန့်ချန် ရဲ့ တစ်ချက်တည်းသော တိုက်ခိုက်မှုနဲ့ သိုင်းသမား ထောင်ပေါင်းများစွာ သေခဲ့ရတာ ပြောစမ်းပါဦး... ငါ ဘယ်လို ပြောင်းလဲရမှာလဲ သူ့ရဲ့ နည်းလမ်းတွေက ငါ့ရဲ့ စိတ်ကူးထက်တောင် အများကြီး ကျော်လွန်နေပြီ"
ခဏမျှ ရပ်ပြီးနောက် သူက သက်ပြင်းချကာ ဆက်ပြောသည်။
"မြေကမ္ဘာနက်နဲခြင်းအဆင့် ပညာရှင်တွေမှာ ဒီလို ထူးခြားတဲ့ စွမ်းအားတွေ ရှိလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးခဲ့ဖူးဘူး"
ကြင်ယာတော်က မျက်မှောင်ကြုတ်လိုက်သည်။
"ဒါပေမဲ့ သူ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ၊ သူက သူကောင်းမျိုး အဆင့်ပဲ ရှိတာပါ မင်းသားက နဝမမြောက် မင်းသားဖြစ်သလို တောင်ပိုင်းဒေသ တစ်ခုလုံးကလည်း မင်းသားရဲ့ နယ်မြေပဲလေဧကရာဇ်ကလည်း မင်းသားရဲ့ အစ်ကိုအရင်းပဲ ဖန့်ချန် ဘယ်လောက်ပဲ သတ္တိရှိပါစေ၊ မင်းသားကိုတော့ ဘာမှလုပ်ရဲမှာ မဟုတ်ပါဘူး၊ ဟုတ်တယ်မလား"
"သူ့ကို ငါ့အစ်ကိုကိုယ်တိုင်က မဟာရှ မြို့စားကြီး ဘွဲ့ကို ပေးအပ်ထားတာ ပြောရရင် သူက ငါ့ထက်တောင် အဆင့်တစ်ဝက်လောက် မြင့်နေသေးတယ်"
ရှမင်းသား က အသံလေးလေးဖြင့် ပြောလိုက်သည်။
"ငါ့အစ်ကိုရဲ့ စရိုက်အရဆိုရင် အလွန်အမင်း အခြေအနေမျိုး မဟုတ်ရင် ဒီဘွဲ့ကို ဖန့်ချန် ကို ပေးမှာ မဟုတ်ဘူး ဒါက ငါ့အစ်ကိုကိုယ်တိုင်တောင် သူ့ကို မကိုင်တွယ်နိုင်တော့ဘူးလို့ အဓိပ္ပာယ်ရတယ် ငါ့ကိုတော့ ထည့်တောင် မပြောနဲ့တော့"
"အဖေ သူက မြို့စားကြီး ဖြစ်နေတော့ကော ဘာဖြစ်လဲ သူက အင်ပါယာ မိသားစုဝင်လည်း မဟုတ်တဲ့ အပြင်လူ တစ်ယောက်ပဲ သူ ဒီမှာ လာပြီး ပြဿနာရှာရဲမယ်လို့ ကျွန်တော် မယုံဘူး"
ဟု သူ၏ သားငယ်ဖြစ်သူ ရှယားယွီက ဝင်ပြောသည်။
"အစ်ကိုကြီး ပြောတာ မှန်တယ် သူ ဘယ်လောက်ပဲ သတ္တိကောင်းကောင်း၊ လူသိရှင်ကြားတော့ ပုန်ကန်မှာ မဟုတ်ဘူး မဟုတ်လား အင်ပါယာ မိသားစုဝင်တစ်ယောက်ကို သတ်တာက နိုင်ငံတော် ပုန်ကန်မှုနဲ့ အတူတူပဲလေ"
ပုံမှန်အချိန်တွင် အချင်းချင်း သဘောထားကွဲလွဲလေ့ရှိသော်လည်း ထိုအချိန်တွင် ညီအစ်ကို မောင်နှမများအားလုံးက ရှယားယွီ ၏ စကားကို ထောက်ခံနေကြသည်။
ရှမင်းသား က အသာအယာ ခေါင်းခါလိုက်သည်။
"သူ ငါ့ကိုတော့ သတ်မှာ မဟုတ်ပါဘူး ဒါပေမဲ့ ငါ နှစ်ပေါင်းများစွာ ကြိုးစားခဲ့တဲ့ အစီအစဉ်တွေ အကုန်လုံးတော့ ရေစုန်မျောကုန်ပြီ နောင်ကျရင် ငါတို့ တောင်ပိုင်းမှာ အမြီးကုပ်ပြီး နေရတော့မယ် ထင်တယ်"
ဂုဏ်သရေရှိလှသော ရှမင်းသား အတွက်မူ ဤအရာမှာ သေရသည်ထက်ပင် ပို၍ ကြောက်စရာကောင်းနေသည်။
သူသည် နှစ်ပေါင်းများစွာ သေသေချာချာ စီစဉ်ထားခဲ့သမျှ အရာအားလုံးကို တစ်ခဏအတွင်း ဆုံးရှုံးလိုက်ရသည်။ ထိုအရာကို လက်ခံရန် သူ၏ စိတ်ထဲတွင် အတော်ပင် ခက်ခဲနေပုံရသည်။
"ဒါက ငါ့ရဲ့ ကံဆိုးမှုလို့ပဲ ပြောရမှာပေါ့ နှစ်ပေါင်း ရာနဲ့ချီအတွင်းမှာ မဟာရှက ဘယ်တုန်းက မြေကမ္ဘာနက်နဲခြင်းအဆင့် ပညာရှင် ထွက်ဖူးလို့လဲ ပြီးတော့ ဖန့်ချန် ရဲ့ နည်းလမ်းတွေက သာမန်အဆင့်တွေထက်တောင် ပိုကြောက်စရာကောင်းတယ်။ သူက အိပ်မက်ဆိုးမြင်းစီးသူရဲ တွေနဲ့ နှင်းရေခဲ အင်ပါယာ က ကျိလင်ယွဲ့ ကို အနိုင်ယူခဲ့မှန်း သိရင် ငါ ဒီလို စွန့်စားမှာ မဟုတ်ဘူး"
ထိုအချိန်မှာပင် လူလတ်ပိုင်းတစ်ဦးမှာ ခန်းမထဲသို့ အလောတကြီး ပြေးဝင်လာသည်။
သူသည် ရှမင်းသား ရှေ့တွင် ဒူးထောက်ကျသွားသည်။ အပြင်ဘက်မှ အစောင့်များကလည်း ထိတ်လန့်တုန်လှုပ်စွာဖြင့် နောက်က လိုက်လာကြသည်။ သူတို့သည် ထိုသူ ဝင်လာသည်ကို မတားဆီးနိုင်ခဲ့ကြပေ။
"မင်းသား... ကျွန်တော့်ကို ကယ်ပါဦး မင်းသား"
ဟု ထိုသူက အော်ဟစ် အသနားခံလိုက်သည်။
ရှယားယွီ နှင့် အခြားသူများ၏ အမူအရာမှာ ထူးဆန်းသွားသည်။
သူတို့ရှေ့တွင် ရှိနေသူမှာ တောင်ပိုင်းထာဝရခရိုင် ၏ ခရိုင်ဝန်
ဖြစ်ပြီး ဝန်ကြီးဌာန ခြောက်ခုမှ ဝန်ကြီးများနှင့် ရာထူးတူညီသော ဒုတိယအဆင့် အရာရှိကြီး တစ်ဦးဖြစ်သည်။
သို့သော် ဖန့်ချန် ကြောင့် ထိုကဲ့သို့သော ဂုဏ်သရေရှိ ပုဂ္ဂိုလ်တစ်ဦးမှာ သူ၏ အဆင့်အတန်းကို မေ့လျော့ပြီး မျက်ရည်စက်လက်ဖြင့် လယ်ခွန်မဆောင်နိုင်၍ လယ်ယာသိမ်းခံရသော လယ်သမားအိုကြီး တစ်ဦးကဲ့သို့ ဖြစ်နေရရှာသည်။
ရှမင်းသား က တည်ငြိမ်စွာဖြင့်
"ခရိုင်ဝန် လီ
ထစမ်းပါ။ ကလေးလို မလုပ်ပါနဲ့"
ဟု ပြောလိုက်သည်။
ခရိုင်ဝန် လီကမူ ဒူးထောက်လျက်ပင် ဦးတိုက်၍ အသနားခံနေသည်။
"မင်းသား... ကျွန်တော့်ကို ကယ်ပါဦး"
ရှန်းမင်းသား က ခေါင်းခါပြလိုက်သည်။
"ငါ မင်းကို မကယ်နိုင်ဘူး။ မင်း အခု ဖန့်ချန် ဆီ သွားမယ်ဆိုရင် မင်းရဲ့ ခရိုင်ဝန် ရာထူးကို ထောက်ထားပြီး သူ မင်းအသက်ကို ချမ်းသာပေးကောင်း ပေးလိမ့်မယ်"
"မင်းသား... ကျွန်တော့်ရဲ့ ယုံကြည်ရတဲ့ လက်အောက်ငယ်သားတွေ အကုန်ဖမ်းခံထားရပြီ ကျွန်တော့်ရဲ့ စစ်အာဏာကိုလည်း ကျွယ်ပန်ရှီ က သိမ်းလိုက်ပြီ မြို့စားကြီး ဖန့် က ဒီခရိုင်ကို ပြုပြင်ပြောင်းလဲဖို့ ဆုံးဖြတ်ထားတာ ကျွန်တော် မင်းသားအတွက် အမှုထမ်းနေတုန်းက ပြစ်မှုတွေ အများကြီး ကျူးလွန်ခဲ့မိပါတယ် "
"တကယ်လို့ သူတို့သာ ကျွန်တော့်ကို စစ်ဆေးမယ်ဆိုရင် ကျွန်တော့်မှာ ထွက်ပေါက် ရှိမှာ မဟုတ်တော့ဘူး။ ကျွန်တော် မင်းသားကို တောင်းပန်ပါတယ် အင်ပါယာရဲ့ ဂုဏ်ဒြပ်နဲ့ ကျွန်တော့်ကို ကယ်ပေးပါ။ ကျွန်တော် တခြား ဘာမှမလိုချင်ပါဘူး၊ မြို့တော်မှာ အေးအေးဆေးဆေး အငြိမ်းစားယူခွင့်လေးပဲ ရချင်တာပါ..."
ဟု ခရိုင်ဝန် လီက ငိုယိုကာ ပြောရှာသည်။
ထိုစဉ်မှာပင် အစေခံတစ်ဦးက ထိတ်လန့်တုန်လှုပ်သော မျက်နှာဖြင့် ပြေးဝင်လာသည်။
"မင်းသား... မြို့စားကြီး ဖန့် ရောက်လာပါပြီဗိုလ်ချုပ် လင်ဟူ က အပြင်မှာ တားထားပါတယ်၊ သူ့ကို စံအိမ်ထဲ ပေးဝင်ရမလား ဆိုတာကို မင်းသားထံ မေးခိုင်းလိုက်ပါတယ်"
ရှမင်းသား၊ ကြင်ယာတော်၊ ခရိုင်ဝန် လီနှင့် ရှယားယွီ တို့၏ မျက်နှာများ ချက်ချင်း ပြောင်းလဲသွားကြသည်။
ဖန့်ချန် ရောက်လာပြီလား
စံအိမ်အပြင်ဘက်တွင်မူ
ဖန့်ချန် သည် ကျွယ်ပန်ရှီ နှင့် ရဲရင့်သောဓားအစောင့်တပ် အနည်းငယ်ကိုသာ ခေါ်ဆောင်လာခဲ့သည်။ သူတို့ကို ကောင်းမွန်လှသော ချပ်ဝတ်တန်ဆာနှင့် လက်နက်များ တပ်ဆင်ထားသည့် စစ်သား ရာပေါင်းများစွာက ဝိုင်းရံထားကြသည်။
စစ်သားများ၏ ခေါင်းဆောင်မှာ သန်မာထွားကြိုင်းသော လူငယ်ဗိုလ်ချုပ် တစ်ဦးဖြစ်သည်။ သူက ဖန့်ချန် ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်ကာ မောက်မာခြင်းလည်း မရှိ၊ နှိမ့်ချခြင်းလည်း မရှိဘဲ ပြောလိုက်သည်။
"မြို့စားကြီး ဖန့်... ကျွန်တော် မင်းသားထံ သတင်းပို့ထားပါတယ် မင်းသားက တွေ့ခွင့်ပြုမှသာ ကျွန်တော် ဝင်ခွင့်ပေးနိုင်မှာပါ အပြစ်မယူဖို့ မျှော်လင့်ပါတယ်"
"လင်ဟူရွှီ မြို့စားကြီး ဖန့် ဘာလို့ ဒီကို လာလဲဆိုတာ မင်း သိရဲ့လား မင်းလူတွေကို အခုချက်ချင်း ဖယ်ခိုင်းလိုက်စမ်း"
ဟု ကျွယ်ပန်ရှီ က ဟောက်လိုက်သည်။
"ကျွန်တော်က ရှမင်းသား ရဲ့ အမိန့်ကိုပဲ နာခံတာပါ။ ခင်ဗျားက တပ်မှူးတစ်ယောက်အနေနဲ့ ကိုယ့်ဘောင်ကို ကျော်နေပြီ"
ဟု လင်ဟူရွှီ က ပြန်ဖြေသည်။
ကျွယ်ပန်ရှီ ၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။ သူက ဖန့်ချန် ကို တိုးတိုးလေး ပြောလိုက်သည်။
"မြို့စားကြီး ဖန့်. လင်ဟူရွှီ က နှောင်ကြိုးမဲ့နန်းတော် ကပါ ရှန်းဝူချန်း သိုင်းအင်ပါယာ လုပ်ချင်တုန်းက သူတို့ ပေါ်မလာခဲ့ပေမဲ့ သူတို့ ဒီကိစ္စမှာ မပါဝင်ဘူးလို့တော့ အသေအချာ ပြောလို့မရဘူး"
"စိတ်ရှည်ရှည် ထားစမ်းပါ ရှမင်းသား ငါ့ကို တွေ့ပါလိမ့်မယ်"
ဟု ဖန့်ချန် က အသာအယာ ပြုံး၍ ပြောလိုက်သည်။
ကျွယ်ပန်ရှီ လည်း ဘာမှ ဆက်မပြောတော့ဘဲ ငြိမ်သက်စွာ စောင့်နေလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း မကြာမီမှာပင် တစ်စုံတစ်ဦး ထွက်လာပြီး လင်ဟူရွှီ ကို ပြောလိုက်သည်။
"ဗိုလ်ချုပ် လင်ဟူ... မင်းသားက မြို့စားကြီး ဖန့် ကို စံအိမ်ထဲ ဖိတ်ကြားလိုက်ပါတယ်"
လင်ဟူရွှီ က လမ်းဖယ်ပေးလိုက်ပြီး
"မြို့စားကြီး ဖန့်. ကြွပါ"
ဟု ဖိတ်ခေါ်လိုက်သည်။
လက်ရွေးစင် စစ်သား ရာပေါင်းများစွာ၏ အစောင့်အရှောက်များကြားမှ ဖန့်ချန် သည် စံအိမ်၏ ခန်းမဆောင်ထဲသို့ ဝင်လာခဲ့သည်။
ချက်ချင်းပင် ရှမင်းသား က သူ့ထံသို့ နွေးထွေးစွာ လှမ်းလာသည်ကို မြင်လိုက်ရသည်။
"မြို့စားကြီး ဖန့် ကျွန်တော်တို့ မတွေ့ဖြစ်တာ နှစ်တော်တော် ကြာသွားပြီပဲ သေချာ ကြိုဆိုခွင့် မရတာကို ခွင့်လွှတ်ပါ"
ဟု ရှမင်းသား က စိတ်အားထက်သန်စွာ ပြောလိုက်သည်။
သူ၏ ကြင်ယာတော်နှင့် ရှယားယွီ တို့ကလည်း နောက်မှ လိုက်ပါလာကြသည်။ သူတို့သည် ဖန့်ချန် ကို တစ်ခါမှ မတွေ့ဖူးသဖြင့် ခြေဆုံးခေါင်းဆုံး စူးစမ်းကြည့်နေကြသည်။
"သတင်းတွေထဲကအတိုင်း သူက တကယ် ငယ်တာပဲ..."
ရှယားယွီ ၏ မျက်နှာမှာ ထူးဆန်းနေသည်။
သူသည် ဖန့်ချန် ထက် အသက်ကြီးသည့်အပြင် အင်ပါယာ သွေးသားလည်း ဖြစ်သော်လည်း သူ၏ ကျော်ကြားမှုမှာ ဖန့်ချန် နှင့် နှိုင်းယှဉ်၍ပင် မရပေ။
"ရှမင်းသား အားနာစရာကြီးဗျာ"
ဖန့်ချန် က ပြုံး၍ အသာအယာ ဦးညွှတ်လိုက်သည်။
ထို့နောက် သူက အခန်းထောင့်တစ်နေရာတွင် ခေါင်းငိုက်စိုက်ကျနေသော ခရိုင်ဝန် လီကို ကြည့်ကာ မပြောဘဲ မနေနိုင်တော့ပေ။
"ခရိုင်ဝန် လီ... မတွေ့တာ ကြာပြီနော်"
ခရိုင်ဝန် လီမှာ ထိတ်လန့်သွားပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။ သူက မချိပြုံးပြုံးရင်း ဖန့်ချန် ကို ကြည့်ကာ
"မြို့စားကြီး ဖန့်..."
"သူ့ကို ဖမ်းလိုက်စမ်း"
ဟု ဖန့်ချန် က စကားကို တိုတိုတုတ်တုတ်နှင့် လိုရင်းရောက်အောင် ဖြတ်ပြောလိုက်သည်။
ကျွယ်ပန်ရှီ သည် သူ၏လူများကို ဦးဆောင်ကာ ခရိုင်ဝန် လီကို ချက်ချင်းပင် တင်းတင်းကျပ်ကျပ် ချည်နှောင်လိုက်သည်။
ခရိုင်ဝန် လီက ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်ပြီး ဗိုလ်ချုပ် လင်ဟူ က လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် ရှမင်းသား က လက်မြှောက်၍ တားဆီးလိုက်သည်။
ထို့နောက် ကျွယ်ပန်ရှီ က ခရိုင်ဝန် လီကို ဖန့်ချန် ၏ ရှေ့သို့ ခေါ်ဆောင်လာခဲ့သည်။
"မင်းသားရဲ့ စံအိမ်ကို လာနှောင့်ယှက်မိတာ တောင်းပန်ပါတယ်ဗျာ စော်ကားမိသလို ဖြစ်သွားရင် ခွင့်လွှတ်ပါ"
ဟု ဖန့်ချန် က ရှမင်းသား ကို ပြုံး၍ ပြောလိုက်တော့သည်။
အခန်း ၁၃၀ - ခွင့်မလွှတ်နိုင်သော ပြစ်မှု
ရှမင်းသား က သက်ပြင်းအသာချကာ ပြောလိုက်သည်။
"မြို့စားကြီး ဖန့် တောင်ပိုင်းဒေသရဲ့ အနေအထားက ထူးခြားပါတယ်၊ မြောက်ပိုင်းနဲ့ ပဋိပက္ခဖြစ်တာက ရှောင်လွှဲလို့မရတဲ့ ကိစ္စပါ ကျွန်တော့်မျက်နှာကို ထောက်ထားပြီး ခရိုင်ဝန် လီ ရဲ့ အသက်ကို ချမ်းသာပေးလို့ မရဘူးလား"
ဖန့်ချန် က ခရိုင်ဝန် လီ ကို တစ်ချက်ကြည့်ပြီး ခေါင်းခါလိုက်သည်
"ရှမင်းသား. ကျွန်တော် အဲဒီလို မလုပ်နိုင်တာ စိတ်မကောင်းပါဘူး သူ သေကို သေရမယ်"
ရှမင်းသား က ဆက်၍ မတောင်းပန်တော့ပေ။
သို့သော် သူ၏သား ရှယားယွီ မှာမူ ထိုအခြေအနေကို မကျေမနပ်ဖြစ်ကာ အသံလေးလေးဖြင့် ပြောလိုက်သည်။
"မြို့စားကြီး ဖန့်... ဒီနိုင်ငံမှာ ဥပဒေဆိုတာ ရှိပါတယ် ခရိုင်ဝန် လီ က ဒုတိယအဆင့်ရှိတဲ့ အရာရှိကြီးတစ်ယောက်ပါ တကယ်လို့ သူ့ကို သေဒဏ်ပေးမယ်ဆိုရင်တောင် ခင်ဗျားက ပေးပိုင်ခွင့်မရှိပါဘူး"
ဖန့်ချန် က ပြုံးရုံသာ ပြုံးလိုက်ပြီး
"ဒီနိုင်ငံမှာ ဥပဒေရှိတာ မှန်ပါတယ် ဒါပေမဲ့ ငါ့မှာလည်း ကိုယ်ပိုင်မူဝါဒ ရှိတယ် ငါ မွေးဖွားလာတဲ့နေ့ကစပြီး ဒီနေ့အထိ မဟာရှ ဟာ ငါ့ရဲ့ အဓိကဦးစားပေး မဟုတ်ခဲ့ဖူးဘူး"
သူက မင်းသားကို ကြည့်လိုက်သည်။
"ကျွန်တော် ပြောတာကို ရှမင်းသား နားလည်လိမ့်မယ်လို့ ယုံကြည်ပါတယ်"
ဖန့်ချန် ၏ ထိုကဲ့သို့ ရဲတင်းလှသော စကားများကြောင့် ရှမင်းသား က ဒေါသထွက်မသွားဘဲ အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
ရှယားယွီ နှင့် အခြားသူများမှာ ထိုမြင်ကွင်းကြောင့် မှင်တက်သွားကြသည်။ သူတို့ ကြားလိုက်ရသည့် စကားကို ယုံရန်ပင် ခက်ခဲနေကြသည်။
"ဒါပေမဲ့ ခရိုင်ဝန် လီ ရဲ့ အပြစ်က သေဒဏ်ပေးရလောက်တဲ့အထိတော့ မကြီးမားပါဘူး"
ဟု ရှမင်းသား က ထပ်ဖြည့်ပြောသည်။
မင်းသားက သူ့အသက်ကို ကယ်ရန် ကြိုးစားနေသည်ကို မြင်သောအခါ ခရိုင်ဝန် လီ ၏ မျက်လုံးထဲတွင် ကျေးဇူးတင်မှုများ ပေါ်ပေါက်လာသည်။
ရှယားယွီ ကလည်း ဆက်ပြောသည်။
"ခရိုင်ဝန် လီ က တာဝန်ပျက်ကွက်လို့ တောင်ပိုင်းမှာ ရှုပ်ထွေးမှုတွေ ဖြစ်ခဲ့ရတာ မှန်ပေမဲ့ အဲဒီအမှားရဲ့ နောက်ဆက်တွဲတွေကို ဖြေရှင်းပြီးသား ဖြစ်နေပါပြီ ဒါအပြင် သူ ဘာကြီးလေးတဲ့ အပြစ်မှ မကျူးလွန်ထားပါဘူး"
ဖန့်ချန် က ဘာမှ ပြန်မပြောတော့ဘဲ ကျွယ်ပန်ရှီ ဘက်သို့ လှည့်ကာ
"တပ်မှူးကျွယ်... ခင်ဗျားအလှည့်ပဲ"
ဟု ပြုံး၍ ပြောလိုက်သည်။
ကျွယ်ပန်ရှီ က ခေါင်းညိတ်ကာ စာအုပ်တစ်အုပ်ကို ထုတ်ပြီး အသံကျယ်ကျယ်ဖြင့် ဖတ်ပြတော့သည်။
"ဒီနှစ် ဧပြီလမှာ ခရိုင်ဝန် လီ ဟာ အိမ်ဖော်မလေး တစ်ဆယ့်ခုနစ်ယောက်ကို ရိုက်နှက်အပြစ်ပေးခဲ့တယ် အဲဒီမိန်းကလေးတွေဟာ အိမ်ငှားခမပေးနိုင်လို့ သူ့စံအိမ်ကို အပို့ခံရသူတွေဖြစ်သလို သူတို့မိသားစုပိုင်တဲ့ မြေတွေကလည်း ခရိုင်ဝန် လီ ပိုင်တဲ့မြေတွေပဲ"
" အိမ်ဖော် အေ ဆိုရင် သူ့ခြေထောက်ဆေးဖို့ ယူလာတဲ့ရေက သူစိတ်ကြိုက်မဖြစ်ဘဲ အေးစက်နေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သေတဲ့အထိ ရိုက်သတ်ခံခဲ့ရတယ်ယ အိမ်ဖော် ဘီ ကတော့ ခရိုင်ဝန် လီ ရဲ့ ကြင်ယာတော်ပိုင်တဲ့ ပန်းအိုးကို မှားခွဲမိလို့ ရက်ပေါင်းများစွာ နေပူထဲမှာ တန်းလန်းဆွဲထားခြင်းခံရပြီး ရေငတ်ကာ သေဆုံးခဲ့ရတယ်။ အိမ်ဖော် စီ ကတော့..."
"ဒါ့အပြင် ခရိုင်ဝန် လီ တောင်ပိုင်းမှာ တာဝန်ကျနေတဲ့ နှစ်တွေအတွင်းမှာ လူပေါင်း တစ်ထောင်ကျော်ဟာ သူ့ကြောင့် သေဆုံးခဲ့ရတယ် သုံးရက်တစ်ခါ သတ်ဖြတ်မှုအသေးစားတွေ ရှိသလို ခုနစ်ရက်တစ်ခါ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးတွေလည်း ရှိခဲ့တယ်။ သူ့ရဲ့ အပြစ်က ခွင့်မလွှတ်နိုင်စရာပဲ"
ဖန့်ချန် က ခေါင်းကို အသာခါလိုက်သည်။
"လူတစ်ထောင် ကျွန်တော် စစ်သားတစ်သောင်းကို ဦးဆောင်ပြီး စစ်တိုက်ရင်တောင် အကျအဆုံးက လူတစ်ထောင် ရှိချင်မှရှိမှာ"
ခရိုင်ဝန် လီ ၏ မျက်လုံးများမှာ မယုံနိုင်လောက်အောင် ပြူးကျယ်သွားသည်။
သူ၏ ယုံကြည်ရဆုံး လက်အောက်ငယ်သားများက သူ့ကို သစ္စာဖောက်လိုက်ကြပြီ ဖြစ်သည်။ သူ၏ မျက်နှာမှာ ဖြူလျော်သွားပြီး ထိတ်လန့်လွန်းသဖြင့် ချွေးအေးများ စိမ့်ထွက်လာတော့သည်။
ရှမင်းသား ရော၊ သူ၏ ကြင်ယာတော်နှင့် သားသမီးများပါ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
ကျွယ်ပန်ရှီ ပြောပြီးသွားသည်ကို မြင်သောအခါ ရှယားယွီက မနေနိုင်ဘဲ မေးလိုက်သည်။
"ဒါတွေက တကယ်ပဲလား ခရိုင်ဝန် လီ က ကြည့်ရတာ ဒီလောက်ရက်စက်မယ့်ပုံ မပေါ်ဘူး..."
ရှမင်းသား က ခရိုင်ဝန် လီ ကို စိတ်ပျက်အားလျော့သော အကြည့်ဖြင့် ကြည့်လိုက်သည်။
"မင်း ငါ့ကို တကယ်ပဲ စိတ်ပျက်အောင် လုပ်လိုက်တာပဲ"
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး မင်းသား သူ့စကားတွေကို မယုံပါနဲ့ သူက ရဲရင့်သောဓားအစောင့်တပ် က တပ်မှူးလေ၊ သူ့စကားကို ယုံလို့မရပါဘူး"
ဟု ခရိုင်ဝန် လီ က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် အော်ဟစ်လိုက်သည်။
ရှမင်းသား က သက်ပြင်းချလိုက်သည်။
"မြို့စားကြီး ဖန့် မှာ ခိုင်လုံတဲ့ အထောက်အထား မရှိရင် ငါ့စံအိမ်အထိ လာမှာမဟုတ်ဘူး။ ဆင်ခြေတွေ ပေးမနေပါနဲ့တော့"
ထို့နောက် ရှမင်းသား သည် ဖန့်ချန် ကို နှုတ်ဆက်လိုက်သည်။
"မြို့စားကြီး ဖန့် သူ့ကို ဘယ်လို ကိုင်တွယ်ဖို့ ရည်ရွယ်ထားလဲ ကျွန်တော် ဘာမှ ဝင်မပါတော့ပါဘူး"
"မင်းသား ပြောသလိုပါပဲ၊ တောင်ပိုင်းနဲ့ မြောက်ပိုင်းက ကွဲပြားပြီး ကိုယ်ပိုင် ထူးခြားတဲ့ အခြေအနေတွေ ရှိပါတယ်။ ဒါပေမဲ့ ဒါက သိုင်းသမားတွေ ပုန်ကန်ဖို့ အကြောင်းပြချက် မဟုတ်ဘူး"
"တကယ်လို့ ပုန်ကန်မှု အောင်မြင်သွားရင်တောင် မင်းသားအနေနဲ့ တောင်ပိုင်းရဲ့ အခြေအနေကို ပြောင်းလဲဖို့ ဘာနည်းလမ်းရှိလို့လဲ သိုင်းသမားတွေနဲ့ ပူးပေါင်းတာဟာ နောက်ဆုံးမှာ မင်းသားဟာ သူတို့ရဲ့ ရုပ်သေးရုပ် ဖြစ်သွားလိမ့်မယ်ဆိုတာ သတိပြုမိရဲ့လား သူတို့ဟာ သူတို့ရထားတဲ့ အကျိုးအမြတ်တွေကို အလွယ်တကူ လက်လွှတ်မှာ မဟုတ်သလို တောင်ပိုင်းရဲ့ စနစ်ကလည်း ပိုပြီး ဆိုးရွားလာမှာပါ"
ဟု ဖန့်ချန် က အေးဆေးစွာ ပြောလိုက်သည်။
ရှမင်းသား ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး သူ၏ ကြင်ယာတော်ကလည်း စိုးရိမ်တကြီးဖြင့် သူ့ကို လှမ်းကြည့်လိုက်သည်။
ရှယားယွီ နှင့် အခြားသူများမှာမူ လက်သီးကို တင်းတင်းဆုပ်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဗိုလ်ချုပ် လင်ဟူရွှီ ဘက်သို့ အားကိုးတကြီး လှမ်းကြည့်လိုက်ကြသည်။
လင်ဟူရွှီ သည် နှောင်ကြိုးမဲ့နန်းတော် မှ လာသူဖြစ်ပြီး မင်းသား၏ လက်အောက်မှ ဗိုလ်ချုပ်တစ်ဦးလည်း ဖြစ်သည်။
သူ၏ သိုင်းပညာမှာလည်း ထူးချွန်လှသည်။ ထိုအချိန်တွင် သူတို့သည် ထူးခြားသော အံ့ဖွယ်တစ်ခု ဖြစ်လာရန် သူ့ကိုသာ အားကိုးနိုင်သည်။
"အဲဒီကိစ္စနဲ့ ပတ်သက်လို့..."
ရှမင်းသား က သက်ပြင်းချလိုက်သည်။
"ကျွန်တော် ခဏတာ စိတ်ဝေဝါးသွားခဲ့တာပါ။ နှောင်ကြိုးမဲ့ နန်းတော် ရဲ့ သွေးဆောင်မှုကို ခံလိုက်ရပြီး နောက်ဆက်တွဲတွေကို သေသေချာချာ မစဉ်းစားမိဘဲ အဲဒီလို ဆုံးဖြတ်ချက်မျိုး ချမိခဲ့တာ ဒါက ကျွန်တော့်ရဲ့ မိသားစုနဲ့ ဘာမှမဆိုင်ပါဘူး၊ မြို့စားကြီးအနေနဲ့ သက်ညှာပေးဖို့ မျှော်လင့်ပါတယ်"
"မင်းသား"
လင်ဟူရွှီ မှာ အံ့သြသွားသည်။
"ဒီကိစ္စက နှောင်ကြိုးမဲ့ နန်းတော် နဲ့ ဘယ်လို ပတ်သက်နိုင်မှာလဲ ကျွန်တော့်ရဲ့ စီနီယာတွေက လောကီရေးရာတွေကို စိတ်မဝင်စားသလို သိုင်းလောကရဲ့ ကိစ္စတွေမှာလည်း ဘယ်တော့မှ ဝင်မပါပါဘူး နှောင်ကြိုးမဲ့ နန်းတော် က ပါဝင်ပတ်သက်နေတယ်လို့ မင်းသား ဘယ်လိုပြောနိုင်ရတာလဲ"
ရှမင်းသား က ခေါင်းခါလိုက်သည်။
"မင်းက အပေါ်ယံကိုပဲ မြင်တာပါ၊ ဖုံးကွယ်ထားတာတွေကို မသိပါဘူး"
"ကောင်းပါပြီ၊ ကျွန်တော် နှောင်ကြိုးမဲ့ နန်းတော် ကို သွားလည်ပါဦးမယ် မင်းသားအနေနဲ့ကတော့... နောင်ကျရင် ပြည်သူတွေရဲ့ စားဝတ်နေရေးကို ပိုပြီး ဂရုစိုက်ပေးဖို့ မျှော်လင့်ပါတယ် တကယ်လို့အကူအညီ လိုအပ်ရင် မြို့ပြင်က ဝိညာဉ်စမ်းချောင်းနားမှာ ကျွန်တော့်ကို လာရှာနိုင်ပါတယ် ကျွန်တော် နောင်ကျရင် အဲဒီမှာ ဖန့်စံအိမ် ကို တည်ဆောက်ပြီး မြောက်ပိုင်းနဲ့ တောင်ပိုင်းရဲ့ ဆုံမှတ်မှာ အခြေချဖို့ စီစဉ်ထားပါတယ်"
(စိမ့်စမ်းရေကို ဝိညာဥ်ရေတွင်းအဖြစ် ပြောင်းပါမယ်နော် 😘)
ဟု ဖန့်ချန် က ပြောလိုက်သည်။ ထို့နောက် သူက ပြုံး၍ သူ၏ လူများနှင့်အတူ ထွက်ခွာသွားတော့သည်။
မင်းသား၏ ကြင်ယာတော်နှင့် အခြားသူများမှာ အံ့သြသွားကြသည်။ ဖန့်ချန် က သူတို့ကို ဒီနေ့ တစ်ခုခု လုပ်လိမ့်မည်ဟု မျှော်လင့်ထားသော်လည်း သူက မမျှော်လင့်ဘဲ ဒီအတိုင်း ထွက်သွားခဲ့ခြင်း ဖြစ်သည်။
"အဖေ ဖန့်မိသားစုက ငါတို့ တောင်ပိုင်းကို ပြောင်းလာဖို့ ကြံနေတာလား"
ရှယားယွီ မှာ ထိတ်လန့်နေသည်။
"သူ ရူးသွားတာလား ဘာလို့ စည်ကားလှတဲ့ မြို့တော်ကို စွန့်ပြီး ဒီလို ဝေးလံတဲ့နေရာကို လာမှာလဲ တောင်ပိုင်းရဲ့ ရာသီဥတုက သာမန်လူတွေအတွက် အတော်လေး ဆိုးရွားတယ်လေ"
"ဖန့်မိသားစုက သူတို့မျိုးနွယ်စုရဲ့ အင်အားကို သုံးပြီး ဒေသနှစ်ခုကြားက ရှုပ်ထွေးမှုတွေကို တည်ငြိမ်အောင် လုပ်ဖို့ ဆုံးဖြတ်လိုက်ပုံရတယ် နောင်ကျရင် ပြဿနာရှာချင်တဲ့သူတိုင်း သူတို့ကို ထည့်သွင်းစဉ်းစားရတော့မယ်"
ဟု ရှမင်းသား က ရေရွတ်လိုက်သည်။ သူသည် ဖန့်မိသားစုက မြို့တော်က စည်းစိမ်တွေကို စွန့်ပြီး တောင်ပိုင်းကို ထိန်းချုပ်ဖို့ ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဗိုလ်ချုပ် လင်ဟူရွှီ ၏ မျက်နှာမှာ ဝေခွဲမရဖြစ်နေသည်။
"မင်းသား..."
"မင်း နှောင်ကြိုးမဲ့နန်းတော် နဲ့ ဝေးနေတာ နှစ်တော်တော် ကြာပါပြီ၊ ဒီကိစ္စမှာ ဝင်မပါပါနဲ့တော့အနောက်ကနေ လှုံ့ဆော်နေတာ သူတို့ဆိုတာ အမှန်ပဲ ငါကတော့ ဒါကို သုံးပြီး တောင်ပိုင်းမှာ စနစ်သစ်တစ်ခု တည်ထောင်ဖို့၊ အဲဒီကနေ မြောက်ပိုင်းကို အကျိုးပြုဖို့ပဲ ကြံစည်ခဲ့တာ"
" ခရိုင်ဝန် လီ က ဒီလောက် ရက်စက်လိမ့်မယ်လို့ မထင်ထားမိဘူး ပြီးတော့ သူက သူတို့ထဲက တစ်ယောက်ပဲ ရှိသေးတာ သူတို့မှာ ဒီလိုလူတွေ အများကြီး ရှိဦးမှာပဲ ငါသာဆိုရင် သူတို့အားလုံးကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး အခုလို ဖန့်ချန် တာဝန်ယူလိုက်တာဟာ ငါ့ကို ကယ်တင်လိုက်တာနဲ့ အတူတူပါပဲ"
ရှမင်းသား က သက်ပြင်းအရှည်ကြီး ချလိုက်ကာ ပြုံးလိုက်သည်။
သူက ရှယားယွီ နှင့် အခြားသူများကို လှည့်ကြည့်ကာ ပြောလိုက်သည်။
"ဖန့်စံအိမ် က အခု ဖေးကွမ်မြို့ပြင်မှာ ရှိလာတော့မှာ မင်းတို့ လူငယ်တွေ သူတို့ဆီကို ခဏခဏ သွားလည်ကြဦး"
"...ဟုတ်ကဲ့ပါ"
ဟု ရှယားယွီ နှင့် အခြားသူများက ဝေခွဲမရသော မျက်နှာများဖြင့် ပြန်ဖြေကြသည်။
"မင်းသား ကျွန်မတို့ အခု ဘေးကင်းသွားပြီလား"
ဟု ကြင်ယာတော်က တိုးတိုးလေး မေးလိုက်သည်။
"သီအိုရီအရဆိုရင်တော့ ဘေးကင်းသွားပါပြီ ဒါပေမဲ့ နောင်ကျရင် ရိုးရိုးသားသား နေထိုင်ပြီး အစေခံတွေအပေါ်မှာလည်း ပိုပြီး သီးခံကြပါ မြို့စားကြီး ဖန့် က မတရားမှုကို လုံးဝသည်းမခံတဲ့သူမျိုး ဖြစ်နေလို့ပဲ"
ဟု ရှမင်းသား က သတိပေးလိုက်သည်။
သူ၏ ကြင်ယာတော်မှာ အနည်းငယ် တုန်လှုပ်သွားပြီး ထိုစကားကို စိတ်ထဲတွင် စွဲမြဲစွာ မှတ်သားထားလိုက်တော့သည်။
စံအိမ်အပြင်ဘက်တွင်မူ ကျွယ်ပန်ရှီ ၏ မျက်နှာမှာ ထူးဆန်းနေသည်။
သိုင်းလောကရဲ့ ရှုပ်ထွေးမှုတွေထဲမှာ ဧရာမဓားဂိတ်သခင် ရှန်းဝူချန်း ဟာ ရုပ်သေးရုပ် တစ်ရုပ်သာဖြစ်ကြောင်း သူ နားလည်သွားပြီ ဖြစ်သည်။ စိတ်မကောင်းစရာက အဲဒီလူကိုယ်တိုင်က ဒါကို မသိတာပဲ။
သို့သော် ဘာကြောင့် ဖန့်ချန် က အနောက်ကွယ်က ကြိုးကိုင်သူ တစ်ဦးဖြစ်နိုင်တဲ့ ရှမင်းသား ကို ချမ်းသာပေးခဲ့တာလဲ
"မြို့စားကြီး ဖန့် ရှမင်းသား ကို ဒီအတိုင်း လွှတ်ထားလိုက်လို့ နောက်ထပ် ဒီလိုကိစ္စတွေ ထပ်ဖြစ်လာမှာကို မစိုးရိမ်ဘူးလား"
ကျွယ်ပန်ရှီ က မနေနိုင်ဘဲ မေးလိုက်သည်။ သူသည် ဖန့်ချန် ၏ အတွေးကို သိချင်နေခြင်း ဖြစ်သည်။
"ဖန့်မိသားစုက နောင်ကျရင် ဖေးကွမ်မြို့ပြင်မှာပဲ အခြေချတော့မှာလေ ဒီလိုကိစ္စမျိုး ထပ်ဖြစ်ဦးမယ်လို့ မင်း ထင်လို့လား"
ဖန့်ချန် က အသာအယာ ပြုံး၍ မေးလိုက်သည်။
"သူ့ကို ကိုင်တွယ်တာက ဘာမှ အကျိုးမရှိဘဲ ဆိုးကျိုးပဲ များလိမ့်မယ် ငါဂရုမစိုက်ရင်တောင် မြို့တော်က ဝေဖန်သံတွေ အများကြီး ထွက်လာလိမ့်မယ်"
"ဒါ့အပြင် တောင်ပိုင်းမှာ ဒီလိုကိစ္စတွေက ရှောင်လွှဲလို့မရဘူး ရောဂါကို ပျောက်ချင်ရင် အမြစ်ကို ဖြတ်ရမယ် အဲဒီအမြစ်ဆိုတာကတော့ စိတ်ဓာတ်မမှန်တဲ့ အဲဒီသိုင်းသမားတွေပဲ"
ကျွယ်ပန်ရှီ ချက်ချင်း နားလည်သွားသည်။
တောင်ပိုင်း ခရိုင်ကိုးခုမှာရှိတဲ့ သိုင်းဂိုဏ်းတွေကို သန့်စင်ဖို့ လိုအပ်နေပြီး နှောင်ကြိုးမဲ့နန်းတော် ကတော့ ပထမဆုံး ပစ်မှတ် ဖြစ်လာတော့မည် ဖြစ်သည်။