← Chapters

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

​အခန်း ၁၃၅ - မျောက်ကိုခြောက်ရန် ကြက်ကိုသတ်ခြင်း၊ မင်းတို့က အဲဒီကြက်တွေပဲ

​"ငါ့ကို လွှတ်ပေး"

​"အခုချက်ချင်း လွှတ်စမ်း ငါက နှင်းရေခဲအင်ပါယာ ကျိမိသားစုရဲ့ တရားဝင်သားတော် ကျိလင်ယွဲ့ ကွ"

​"တောက်... မင်းတို့ ဘာလို့ စကားတစ်ခွန်းမှ မပြောကြတာလဲ"

ကျိလင်ယွဲ့ သည် ဖရိုဖရဲ ဖြစ်နေပြီး သူ၏ အကျဉ်းထောင် သံတိုင်များကို တဒုန်းဒုန်း ဆောင့်ကာ လှုပ်ယမ်းနေသည်။

"မင်းတို့ ငါ့ကို ဓားစာခံအဖြစ် ဖမ်းထားရင်တောင် ငါ့ကို ဒီလို မဆက်ဆံသင့်ဘူး"

​အပြင်ဘက်ရှိ ရဲရင့်သောဓားအစောင့်တပ် များကမူ သူ၏ အော်ဟစ်သံများကို မကြားချင်ယောင်ဆောင်ကာ လျစ်လျူရှုထားကြသည်။

​ဤနေရာမှာ အစွမ်းထက် ပုဂ္ဂိုလ်များကို ဖမ်းဆီးထားရန် ရဲရင့်သောဓားအစောင့်တပ် က အထူးအသုံးပြုသော အကျဉ်းထောင်ဖြစ်သည်။

ကျိလင်ယွဲ့ ၏ ချီပင်လယ် မှာ ဖျက်ဆီးခံထားရပြီး ဖြစ်သဖြင့် သူသည် မြေကမ္ဘာနက်နဲခြင်းအဆင့် ပညာရှင် မဟုတ်တော့ပေ။

ထို့ကြောင့် သူသည် အတောင်ပံ ပေါက်လာလျှင်ပင် ထိုနေရာမှ လွတ်မြောက်နိုင်မည် မဟုတ်ပါ။

​"ကျိလင်ယွဲ့ အော်မနေနဲ့တော့ မင်းရဲ့ သိုင်းပညာ မရှိဘဲနဲ့ မဟာရှ ကနေ ထွက်သွားနိုင်မယ်လို့ ထင်နေတုန်းလာ အိပ်မက် မက်မနေနဲ့"

​ဘေးပတ်ပတ်လည်ရှိ အကျဉ်းခန်းများမှ လှောင်ပြောင် သရော်သံများ ထွက်ပေါ်လာသည်။

အကျဉ်းသားများမှာ နှင်းရေခဲအင်ပါယာ မှ ကျော်ကြားသူတစ်ဦး ဒုက္ခရောက်နေသည်ကို ကြည့်ပြီး ပျော်ရွှင်နေကြသည်။

​"လက်ခံလိုက်စမ်းပါ"

ဟု အကျဉ်းသားတစ်ဦးက ဝင်ပြောသည်။

"ငါတို့လည်း ဒီမှာ အကျဉ်းကျနေတာ နှစ်အတော်ကြာပြီ မင်းလည်း ကျင့်သားရသွားရင် ဒီနေရာက တကယ်တော့ အတော်လေး နေလို့ကောင်းမှန်း သိလာလိမ့်မယ်"

​"ငါ့ရဲ့ ကျိမိသားစုက ငါ့ကို လာကယ်မှာ သေချာတယ် အဲဒီကျရင် မင်းတို့ အားလုံးကို ငါသတ်ပစ်မယ်"

ဟု ကျိလင်ယွဲ့ က ကြုံးဝါးရင်း သံတိုင်များကို ဆက်လက် လှုပ်ယမ်းနေသည်။

​"မင်းရဲ့ ကျိမိသားစုက မြို့စားကြီး ဖန့် ကို ယှဉ်နိုင်လို့လား ငါတို့ အပြင်လောကကို မရောက်တာ ကြာပေမဲ့ မင်းတို့ အကြီးအကျယ် ရှုံးနိမ့်ခဲ့တယ်ဆိုတာ သိပါတယ်။ ကူဟယ်၊ လုံတု နဲ့ ယီကျိုး တို့တောင် မဟာရှ ရဲ့ လက်အောက်ခံ နိုင်ငံတွေ ဖြစ်သွားပြီ မဟုတ်လား"

​"ဟင်း... ဒါက ကံတရားပဲ ငါ ဒီကို ရောက်တာ ဆယ်နှစ်တောင် မပြည့်သေးဘူး၊ မဟာရှ က အဆင့် ၈ အင်ပါယာ ဖြစ်သွားပြီပဲ"

​ထိုစကားများကို ကြားလိုက်ရသောအခါ ကျိလင်ယွဲ့ ၏ မျက်နှာမှာ ဖြူလျော်သွားပြီး သူ၏ မျက်ဝန်းများမှာ အရောင်မှိန်ကာ လမ်းပျောက်နေသူ တစ်ဦးကဲ့သို့ ဖြစ်သွားသည်။

ကျိမိသားစု အားကိုးခဲ့သော မသေမျိုးကျင့်ကြံသူမှာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ နှင်းရေခဲအင်ပါယာ ဧကရာဇ်သည်ပင် ထိုအကြောင်းကို သိသွားလျှင် ကျိမိသားစုအတွက် မဟာရှ ကို လာရောက် ကလဲ့စားချေပေးလိမ့်မည် မဟုတ်ပေ။

သူတို့ မိသားစုကိုပါ အခွင့်ကောင်းယူ နှိပ်ကွပ်ကောင်း နှိပ်ကွပ်လိမ့်မည်။ အခြေအနေက ထိုသို့ဖြစ်လာလျှင် သူတို့ မိသားစု တစ်ခုလုံးကို ကယ်မည့်သူ မရှိတော့သည့်အပြင်၊ အဝေးတစ်နေရာတွင် ဓားစာခံဖြစ်နေသော သူ့ကိုလည်း မည်သူမျှ လာကယ်မည် မဟုတ်တော့ပေ။

​ကျိလင်ယွဲ့ ၏ မျက်လုံးများမှ မျက်ရည်များ ဝဲလာသည်။

​ရုတ်တရက် အကျဉ်းထောင်တံခါး ပွင့်လာသည့် သံသံမြည်သံ ထွက်ပေါ်လာသည်။

​ဟွမ်စီဟိုင် သည် တပ်မှူး နျူကျူး နှင့်အတူ အကျဉ်းသား ၁၀ ဦးကို ခေါ်ဆောင်ကာ ဝင်လာသည်။

ထိုသူများထဲတွင် ဧရာမဓားဂိတ်ဂိုဏ်း ဂိုဏ်းချုပ် ရှန်းဝူချန်း လည်း ပါဝင်သည်။

​အကျဉ်းခန်း တန်းစီနေသည်ကို မြင်သောအခါ ရှန်းဝူချန်း သည် ခြေလှမ်းတုံ့သွားပြီး ဟွမ်စီဟိုင် ကို လှည့်ကြည့်လိုက်သည်။

"ဖန့်ချန် က ငါ့ကို ဘာလို့ မသတ်သေးတာလဲ ဘာလို့ ငါ့ကို ဒီမှာ လာပိတ်ထားတာလဲ"

​ဟွမ်စီဟိုင် က အသာအယာ ပြုံးလိုက်သည်။

"သေဖို့ ဘာလို့ ဒီလောက် အလောတကြီး ဖြစ်နေရတာလဲ စိတ်အေးအေးထားပါ သခင်လေးက ခင်ဗျားတို့ကို ဒီပြန်ခေါ်လာတာ အကြောင်းရှိလို့ နေမှာပေါ့ စိတ်ရှည်ရှည်နဲ့ပဲ စောင့်နေလိုက်ပါ"

​ရှန်းဝူချန်း ၏ နောက်တွင်မူ ပုန်ကန်ခဲ့ကြသော အခြားဂိုဏ်းချုပ်များ ပါဝင်သည်။

ချီရှန်းဂိုဏ်း ဂိုဏ်းချုပ်က မှောင်မည်းနေသော အကျဉ်းထောင်ကို ကြည့်ကာ ညည်းတွားလိုက်သည်။

"ငါက ဂုဏ်သိက္ခာရှိတဲ့ ချီရှန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေ ငါ့ကို ဒီလို နေရောင်မရတဲ့ နေရာဆိုးကြီးမှာ ဘယ်လိုလုပ် ပိတ်ထားနိုင်ရတာလဲ"

​ချီရှန်းဂိုဏ်းချုပ် ဟုတ်လား

​အကျဉ်းထောင်ထဲရှိ အချို့သော အကျဉ်းသားများမှာ ထိုအသံကို ကြားသောအခါ ထရပ်လိုက်ကြသည်။

သူတို့မှာ တစ်ချိန်က သိုင်းသမားများ ဖြစ်ခဲ့ကြသဖြင့် ထိုအသံမှာ မည်သူ့အသံ ဖြစ်သည်ကို ကောင်းကောင်း သိကြသည်။ သူတို့သည် သံတိုင်ကြားမှ ခြေဖျားထောက် ကြည့်လိုက်ကြသည်။

​"တကယ်ပဲ ချီရှန်းဂိုဏ်းချုပ်ပါလား ငါ သူနဲ့ တစ်ခါ တိုက်ဖူးတယ်"

ဟု တစ်ဦးက အော်ဟစ်လိုက်သည်။

​"ဒီလူတွေက ဂိုဏ်းချုပ်တွေချည်းပဲဟ ချီရှန်းဂိုဏ်း၊ ဝမ်ဟယ်တံခါး၊ ရေလှိုင်းဂိုဏ်း နေပါဦး ဟိုရှေ့ကလူက ဧရာမဓားဂိတ်ဂိုဏ်းချုပ် ရှန်းဝူချန်း မဟုတ်လား"

​"ဟင်း..."

အကျဉ်းသားများ အသက်ရှူပင် မှားသွားကြသည်။

သူတို့သည် ရှန်းဝူချန်း နှင့် အခြားသူများကို မှတ်မိကြသည်။ သူတို့အားလုံးမှာ တောင်ပိုင်းဒေသတွင် တစ်ချိန်က ကျော်ကြားခဲ့သော သိုင်းလောက အကျော်အမော်များ ဖြစ်ကြသည်။

​သူတို့အားလုံး ဘယ်လိုလုပ် ဒီနေရာကို ရောက်လာကြတာလဲ

​သူတို့က ရှန်းဝူချန်း တို့ကို မှတ်မိသကဲ့သို့ ရှန်းဝူချန်း တို့ကလည်း သူတို့ကို ပြန်မှတ်မိသွားကြသည်။

ပျောက်ဆုံးသွားပြီဟု ထင်ထားသော သိုင်းပညာရှင် အများအပြားကို ထိုနေရာတွင် တွေ့လိုက်ရသဖြင့် သူတို့ မျက်နှာတွင် အံ့သြမှုများ ပေါ်လာသည်။

​ထိုစဉ်မှာပင် သံတိုင်ကို ရိုက်ခတ်လိုက်သည့် အသံနှင့်အတူ အော်ဟစ်သံတစ်ခု ထွက်လာသည်။

"ဟွမ်စီဟိုင် ဖန့်ချန် ဘယ်မှာလဲ ငါ သူ့ကို တွေ့ချင်တယ်!"

ဟု ကျိလင်ယွဲ့ က အော်လိုက်သည်။

​"ကျိလင်ယွဲ့ သခင်လေးက တောင်ပိုင်းဒေသကို သွားနေတာပါ ဒါပေမဲ့ သူ မကြာခင် မြို့တော်ကို ပြန်ရောက်တော့မှာပါ စိတ်မပူပါနဲ့ သူ မင်းဆီ လာတွေ့ပါလိမ့်မယ်"

ဟု ဟွမ်စီဟိုင် က ပြုံးပြုံးကြီး ပြောလိုက်သည်။

​ဖန့်ချန်က တောင်ပိုင်းဒေသကို သွားတယ်

​အကျဉ်းသားများမှာ ရှန်းဝူချန်း တို့ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်ကြသည်။

သူတို့အားလုံးကို ဖန့်ချန် ကိုယ်တိုင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သူတို့ ချက်ချင်း သဘောပေါက်သွားကြသည်။

​"ဒါနဲ့ မင်းတို့ကို တစ်ယောက်နဲ့ မိတ်ဆက်ပေးရဦးမယ် ဒါက နှင်းရေခဲအင်ပါယာ ကျိမိသားစုက ကျိလင်ယွဲ့ ပဲ သူ မဟာရှ ကို လာတုန်းက အိပ်မက်ဆိုး မြင်းစီးသူရဲ ၁၀၀ ကျော်တောင် ပါလာတာ!ာ"

ဟွမ်စီဟိုင် က ရှန်းဝူချန်း တို့ကို ကြည့်ကာ မိတ်ဆက်ပေးလိုက်သည်။

​"ကံမကောင်းတာက သခင်လေးက သူ့ကို ကိုင်တွယ်လိုက်တော့ သူ့လူတွေ အသက်ပျောက်ကုန်ကြရတယ် ကျိလင်ယွဲ့ ကတော့ ဒီမှာ ဓားစာခံ ဖြစ်သွားတာပေါ့"

သူက ကျိလင်ယွဲ့ ကို တစ်ချက်ကြည့်လိုက်သည်။

"သူ့ရဲ့ ကျင့်ကြံမှု မဖျက်ဆီးခံရခင်တုန်းက သူက ကိုယ်တွင်းချီ မြေကမ္ဘာနက်နဲခြင်းအဆင့် သိုင်းသမားပဲ ခင်ဗျားတို့ ရောက်တာ နည်းနည်း နောက်ကျသွားလို့ မဟုတ်ရင် မြေကမ္ဘာအဆင့် ပညာရှင်တစ်ယောက်ရဲ့ စွမ်းရည်ကို မြင်ဖူးမှာ ဟားဟားဟားဟား"

​နျူကျူး နှင့် အခြားသူများကလည်း လှောင်ပြောင် သရော်သည့် အပြုံးများဖြင့် လိုက်ရယ်ကြသည်။

သူတို့ မျက်နှာတွင် ဂုဏ်ယူမှုများလည်း ပါဝင်နေသည်။

​ရှန်းဝူချန်း တို့မှာ အသက်ရှူပင် မှားသွားကြပြီး ကျိလင်ယွဲ့ ကို အလွန်ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်ကြသည်။

​"အဲဒါကြောင့် သခင်လေးကျိတောင်မှ ဒီမှာ ငြိမ်ငြိမ်လေး နေရတာဆိုတော့၊ ခင်ဗျားတို့လည်း ဒီနေရာကို အထင်မသေးဘဲ အေးအေးဆေးဆေး နေကြပါ။ ပြဿနာ မရှာကြနဲ့"

​"ကျိလင်ယွဲ့"

ရှန်းဝူချန်း က ကျိလင်ယွဲ့ ကို စိုက်ကြည့်ရင်း မေးလိုက်သည်။

"ဖန့်ချန် က မင်းထက် တကယ်ပဲ အစွမ်းထက်တာလား"

​ကျိလင်ယွဲ့ ၏ အမူအရာမှာ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် နှာခေါင်းရှုံ့ကာ

"အေး... သူက ပိုအစွမ်းထက်တယ်"

​"ဒါဆို ငါတို့ ရှုံးတာ မနစ်နာပါဘူး လုံးဝ မနစ်နာဘူး ဟားဟားဟား"

ရှန်းဝူချန်း က အားရပါးရ ရယ်မောလိုက်သည်။

"ဖန့်ချန် သာ မရှိရင် ငါ တောင်ပိုင်းဒေသရဲ့ ဧကရာဇ် ဖြစ်နေပြီ တစ်လှမ်းပဲ လိုတော့တာကို ဟားဟား"

​"တောက်... ဒီကောင် တကယ် ရူးသွားတာပဲ သူ့ကိုယ်သူ ဧကရာဇ် လုပ်ဖို့တောင် စိတ်ကူးခဲ့တာလား..."

​"ငါ သိသားပဲ ငါ အရင်က တောင်ပိုင်းမှာ ရှိတုန်းက အဲဒီက သိုင်းသမားတွေက ပုန်ကန်ချင်တဲ့ စိတ်ရှိတယ်လို့ ခံစားခဲ့ရတယ်"

​"ဖန့်ချန် သာ မရှိရင် တောင်ပိုင်းဒေသက တကယ် အောင်မြင်သွားနိုင်တယ် အဲဒီက အခြေအနေက သိပ်ထူးခြားတာကိုး"

​အကျဉ်းသား အများအပြား တီးတိုး ပြောဆိုနေကြသည်။

​ရုတ်တရက် လေထဲတွင် အသံတစ်သံ ဖြတ်သန်းသွားသည်။

"တစ်လှမ်းပဲ လိုတာ ဟုတ်လား မဟုတ်ဘူး မင်းက သိုင်းဧကရာဇ် ဖြစ်ဖို့ မထိုက်တန်ဘူး မင်းနဲ့ အဲဒီနေရာရဲ့ ကြားမှာ ကောင်းကင်နဲ့ မြေကြီးလို ကွာခြားချက်ကြီး ရှိနေတယ်"

​လူတိုင်း ထိတ်လန့်သွားပြီး ဝင်ပေါက်ဆီသို့ လှည့်ကြည့်လိုက်ကြသည်။ လူတစ်ဦးသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြုံးလျက် ရပ်နေပြီး ရှန်းဝူချန်း ကို ကြည့်နေသည်။

​ဟွမ်စီဟိုင် က ချက်ချင်းပင် လှည့်၍ ဦးညွှတ်လိုက်သည်။

"သခင်လေး"

​နျူကျူး နှင့် အခြားသူများလည်း မပေါ့ဆရဲဘဲ ဂါရဝပြုလိုက်ကြသည်။

​ယခုအခါ ရဲရင့်သောဓားအစောင့်တပ် မှာ ဟွမ်စီဟိုင် ၏ လက်အောက်တွင် ရှိနေပြီး၊ ဟွမ်စီဟိုင် နောက်ကွယ်တွင် မဟာရှမြို့စားကြီး ဖန့်ချန် ရှိနေကြောင်း လူတိုင်း သိကြသည်။

​အကျဉ်းထောင်တစ်ခုလုံး မကြုံစဖူး တိတ်ဆိတ်သွားသည်။ အကျဉ်းသားများလည်း ပါးစပ်ပိတ်ကာ ဖန့်ချန် ကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

​"ဟွမ်စီဟိုင် အကျဉ်းထောင်အုပ်ချုပ်ရေးမှူး လုပ်ရတာ အဆင်ပြေရဲ့လား"

ဟု ဖန့်ချန် က ပြုံး၍ စနောက်လိုက်သည်။

​ဟွမ်စီဟိုင် က ပြုံးလိုက်ပြီး

"ဟင်း... မဟာတောက်ပရေးဌာန မှာ နေရတုန်းကလောက်တော့ မကောင်းပါဘူး ဒီကာလအတွင်းမှာ လူအသေးအမွှားလေးတွေကို လိုက်ရှင်းရတာ တော်တော် ခေါင်းကိုက်ပါတယ် ကံကောင်းတာက လီတောက်ယဲ့ က ကျွန်တော့်ကို အများကြီး ကူညီပေးတယ်"

​ဖန့်ချန် က ခေါင်းငြိမ့်ပြလိုက်သည်။

"အစောင့်တပ်စခန်းက အခု ပိုပြီး စနစ်တကျ ရှိသွားပြီလား"

​နျူကျူး နှင့် အခြားသူများမှာ ကိုယ်ကို တောင့်ထားလိုက်ကြသည်။

လွန်ခဲ့သော ရက်ပေါင်း ၂၀ အတွင်း ဟွမ်စီဟိုင် သည် အစောင့်တပ်အတွင်းရှိ အရာရှိကြီး အတော်များများနှင့် ရာနှင့်ချီသော အရာရှိလတ်များကို အမြစ်ပြတ် ရှင်းထုတ်ခဲ့သည်။

တစ်တပ်လုံးကို လူသစ်လဲပစ်သလောက် ဖြစ်သွားခဲ့သည်။

တကယ်တော့ အဲဒါတွေက ဖန့်ချန် ရဲ့ အမိန့်တွေ ဖြစ်နေတာကိုး။

ဟွမ်စီဟိုင် ဒါကို လုပ်တဲ့အချိန်မှာ ဘာလို့ ခုခံမှု မရှိခဲ့တာလဲဆိုတာ နားလည်သွားကြပြီ။

​ဟွမ်စီဟိုင် က ခေါင်းငြိမ့်ပြသည်။

"အတော်လေး သန့်ရှင်းသွားပါပြီ"

​ရှန်းဝူချန်း သည် ဖန့်ချန် ကို အသေအချာ စိုက်ကြည့်နေသည်။

"မြို့စားကြီး ဖန့်... ခင်ဗျား ကျွန်တော်တို့ကို ဘာလို့ ဒီကို ခေါ်လာတာလဲ"

​"မျောက်ကို ခြောက်ဖို့ ကြက်ကို သတ်တယ်ဆိုတာ ကြားဖူးလား အေး မင်းတို့က အဲဒီကြက်တွေပဲ"

ဟု ဖန့်ချန် က ပြန်ဖြေလိုက်ပြီး၊ မျက်နှာ ဖြူလျော်သွားသော ရှန်းဝူချန်း တို့ကို ထားခဲ့ကာ ကျိလင်ယွဲ့ ထံသို့ လျှောက်သွားလိုက်သည်။

​"ဖန့်ချန် ငါ့ကို လွှတ်ပေး"

ကျိလင်ယွဲ့ က ဖန့်ချန် ကို စိုက်ကြည့်ကာ အော်လိုက်သည်။

​"ဒီနေရာက ဘယ်မှာလဲဆိုတာ မင်း သိလား"

ဖန့်ချန် က သူကိုယ်တိုင် ဆွဲထားသော မြေပုံတစ်ခုကို ထုတ်လိုက်သည်။

၎င်းတွင် မည်သည့်အမည်မှ မတပ်ထားသော တောင်တန်းများ၊ မြစ်များနှင့် ချိုင့်ဝှမ်းများ ပါဝင်နေသည်။ သာမန်လူတစ်ယောက် ကြည့်လျှင် ဘာမှန်း သိနိုင်မည် မဟုတ်ပေ။

​ကျိလင်ယွဲ့ က တစ်ချက်ကြည့်လိုက်ပြီး ခေါင်းခါပြလိုက်သည်။

"ငါ မသိဘူး"

​သို့သော် သူ၏ ကျဉ်းမြောင်းသွားသော သူငယ်အိမ်ကမူ သူ့ကို သစ္စာဖောက်လိုက်ပြီ ဖြစ်သည်။

​"မင်း ငါ့ကို မပြောရင်တောင် ဒီနေရာကို ငါရှာတွေ့ဖို့က အချိန်တစ်ခုပဲ လိုတာပါ မင်းသိတာကို ငါ့ကိုပြောပြီး မြို့ထဲမှာ လွတ်လွတ်လပ်လပ် နေခွင့်နဲ့ မလဲချင်ဘူးလား"

ဖန့်ချန် က ပြုံး၍ မေးလိုက်သည်။

​ကျိလင်ယွဲ့ ၏ မျက်လုံးများထဲတွင် ဝေခွဲမရမှုများ ဖြစ်ပေါ်လာသည်။ သူ၏ စိတ်ထဲတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားနေပုံရသည်။

​အခန်း ၁၃၆ - ဧကရာဇ်၏ ဘိုးဘေကြီး

​"မင်းရဲ့စကားကို မင်းတည်ပါ့မလား"

ကျိလင်ယွဲ့ က လေးနက်သောအသံဖြင့် မေးလိုက်သည်။

​ဟွမ်စီဟိုင် က နှာခေါင်းရှုံ့လိုက်သည်။

"ရယ်စရာပဲ ငါတို့သခင်လေးရဲ့ စကားက ရွှေထက်တန်ဖိုးရှိတယ်"

​ကျိလင်ယွဲ့ သည် သူ့ကို တစ်ချက်ကြည့်ပြီးနောက် ဖန့်ချန် ဘက်သို့ လှည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။

"ငါ မင်းကို ပြောပြနိုင်ပါတယ် ဒါပေမဲ့ မင်း ငါ့ကို နှင်းရေခဲအင်ပါယာ ဆီ ပြန်ပို့ပေးဖို့ လူတစ်ယောက် စီစဉ်ပေးရမယ်"

​"မင်းရဲ့အလောင်းကို ပြန်ပို့ပေးဖို့လား"

ဖန့်ချန် က ခေါင်းငြိမ့်လိုက်သည်။

"အဲဒါတော့ စီစဉ်ပေးလို့ရပါတယ်"

​"ငါပြောတာ ဘာကိုဆိုလိုလဲဆိုတာ မင်းသိသားပဲ"

ကျိလင်ယွဲ့ က ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ငါ့ကို လွှတ်ပေးမယ်ဆိုရင် မင်းသိချင်တာကို ငါပြောပြမယ်"

​"ငါက ကျိမိသားစုရဲ့ အဆင့်မြင့်အဖွဲ့ဝင် တစ်ယောက်ယောက်ကို အလွယ်တကူ ထပ်ဖမ်းပြီး မေးလို့ရသလို၊ အဲဒီကို လူလွှတ်ပြီး စုံစမ်းလို့လည်း ရတယ်။ မင်းနဲ့ ဘာလို့ အကျိုးမရှိတဲ့ သဘောတူညီချက် လုပ်နေမှာလဲ"

ဖန့်ချန် က ခေါင်းကို အသာအယာ ခါလိုက်သည်။

"မင်း လက်ရှိအခြေအနေကို သဘောပေါက်စေချင်တယ် အခု မင်းမှာ ငါနဲ့ ဈေးဆစ်နိုင်တဲ့ အင်အားမရှိဘူး ဒါပေမဲ့ မင်း အခုပြောပြမယ်ဆိုရင် မင်းအတွက် အစောင့်တပ်စခန်းထဲမှာ အစေခံတွေပါတဲ့ သီးသန့်ခြံဝန်းတစ်ခု စီစဉ်ပေးမယ်"

​"မြို့ထဲမှာ လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးမယ်လို့ ခုနကပဲ ပြောခဲ့တာ မဟုတ်ဘူးလား"

ကျိလင်ယွဲ့ က အံ့သြတကြီး အော်လိုက်သည်။

​"အဲဒါက ခုနကလေ အခု မင်းက ငါနဲ့ ဈေးဆစ်ချင်တော့ ငါလည်း လိုက်ပြီး ဈေးဆစ်ရတာပေါ့ ဒါက ငါ့ဘက်က ပြန်ကမ်းလှမ်းတဲ့ ဈေးနှုန်းပဲ တရားမျှတတယ် မဟုတ်လား"

ဖန့်ချန် က ပြုံး၍ ဆိုသည်။

"ကဲ... နောက်ထပ် ဈေးထပ်ဆစ်ဦးမလား"

​"တောက်"

ကျိလင်ယွဲ့ အလွန်အမင်း ဒေါသထွက်သွားသော်လည်း ဖန့်ချန် ကို ဘာမှ မတတ်နိုင်ပေ။

သူသည် မှောင်မည်းသော အကျဉ်းထောင်ထဲတွင် နေရသည်ကို လုံလောက်အောင် စိတ်ကုန်နေပြီဖြစ်သည်။ အပြင်ထွက်ရမည်ဆိုလျှင် မည်သည့်တန်ဖိုးကိုမဆို ပေးရန် သူ အသင့်ရှိနေသည်။

​"ငါတို့ ကျိမိသားစုရဲ့ အိပ်မက်ဆိုး မြင်း တွေကို အဲဒီနေရာမှာ ဖမ်းခဲ့တာပါ"

ဟု ကျိလင်ယွဲ့ က အခြားရွေးချယ်စရာ မရှိတော့သဖြင့် ဖွင့်ပြောလိုက်သည်။

​အိပ်မက်ဆိုး မြင်းတွေ

​ရှန်းဝူချန်း နှင့် အခြားသူများမှာ နားစွင့်လိုက်ကြသည်။

ဒါက သေချာပေါက် လျှို့ဝှက်ချက် အကြီးကြီးပင် နှင်းရေခဲအင်ပါယာ ရဲ့ အိပ်မက်ဆိုး မြင်းစီးသူရဲ တွေ အစွမ်းထက်ရခြင်းမှာ သူတို့၏ မြင်းများနှင့် ခွဲခြားမရသောကြောင့် ဖြစ်ကြောင်း သူတို့ သိကြသည်။

​"အဲဒီနေရာမှာ မသေမျိုးဆရာကြီး အလိုရှိတဲ့ အရာတစ်ခု ရှိတယ် ဒါပေမဲ့ အဲဒီနေရာက တော်တော်လေး အန္တရာယ်များတယ် ဒီအကြောင်းကို တခြားသူတွေ မသိစေချင်ဘူးဆိုရင် ငါတို့ အပြင်မှာ ဆက်စကားပြောလို့ရမလား"

ဟု ကျိလင်ယွဲ့ က ဆိုသည်။

​"သူ့အတွက် သီးသန့်ခြံဝန်းတစ်ခု စီစဉ်ပေးလိုက်ပါ"

ဟု ဖန့်ချန် က အမိန့်ပေးလိုက်သည်။

​တစ်နာရီအကြာတွင် ကျိလင်ယွဲ့ သည် မှောင်မည်းစုတ်ပြတ်သော အကျဉ်းထောင်ထဲမှ နောက်ဆုံးတွင် ထွက်လာနိုင်ခဲ့ပြီး ဟွမ်စီဟိုင် စီစဉ်ပေးထားသော ခြံဝန်းသို့ ရောက်ရှိလာသည်။

ကြည်လင်နေသော ကောင်းကင်ပြာကြီးကို ကြည့်ရင်း သူ အသက်ပြင်းပြင်း ရှူလိုက်သည်။ ထို့နောက် ဖန့်ချန် ဘက်သို့ လှည့်ကာ

"မင်း ဒီမြေပုံကို ဘယ်လိုရခဲ့တာလဲ"

ဟု မေးလိုက်သည်။

​ဖန့်ချန် က ပြုံးလိုက်သည်။

"မေးခွန်းမေးရမှာက ငါလား၊ မင်းလားအကျဉ်းထောင်ထဲကို ပြန်ဝင်ချင်သေးလို့လား"

​ကျိလင်ယွဲ့ ၏ မျက်နှာ အနည်းငယ် ပျက်သွားသည်။ သူက စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်ပြီးနောက် ဖြည်းဖြည်းချင်း ပြောပြလိုက်သည်။

"အဲဒီနေရာကို မသေမျိုးဆရာကြီးကျောက် က ပျက်စီးနေသော လျှို့ဝှက်မသေမျိုးဂူ လို့ ခေါ်တယ် အဲဒါက မသေမျိုးအဖြစ် အဆင့်တက်သွားပြီဖြစ်တဲ့ အစွမ်းထက် ကျင့်ကြံသူတစ်ယောက် ချန်ထားခဲ့တဲ့ နေရာလို့ ပြောကြတယ် အထဲမှာ ထူးဆန်းတဲ့ ပန်းမန်တွေ၊ အိပ်မက်ဆိုး စစ်မြင်းတွေနဲ့ ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရှိတယ်"

​အစွမ်းထက် ကျင့်ကြံသူ ဖန့်ချန် စဉ်းစားလိုက်သည်။

အထွတ်အထိပ်မသေမျိုး ပုဒု သည် ထိုနေရာတွင် အရင်က ကျင့်ကြံခဲ့ခြင်း ဖြစ်နိုင်သလို၊ ထိုနေရာသည် သူ၏ ဇာစ်မြစ် သို့မဟုတ် သူ နှစ်အတော်ကြာ နေထိုင်ခဲ့သည့် နေရာလည်း ဖြစ်နိုင်သည်။

​"ဒါပေမဲ့ အဲဒီနေရာက အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ် မသေမျိုးဆရာကြီး တောင်မှ အထဲကို အလွယ်တကူ မဝင်ရဲဘူး အဲဒါကြောင့် ငါတို့ ကျိမိသားစုက နှစ်တိုင်း အဲဒီထဲကို ပညာရှင်အများအပြား လွှတ်ပြီး အိပ်မက်ဆိုး မြင်းတွေကို ဖမ်းခိုင်းတယ်၊ ထူးဆန်းတဲ့ ဆေးပင်တွေနဲ့ ဝိညာဉ်ကျောက်တုံးတွေကို ရှာခိုင်းတယ် နှစ်စဉ် လူပေါင်း သုံးရာကနေ ငါးရာလောက်အထိ အဲဒီမှာ အသက်ဆုံးရှုံးကြရတယ်"

​"ချီသန့်စင်ခြင်း အဆင့် ၆ ရှိတဲ့ ကျင့်ကြံသူတစ်ယောက်တောင် အဲဒီ ပျက်စီးနေတဲ့ လျှို့ဝှက်မသေမျိုးဂူ ထဲကို မဝင်ရဲဘူးပေါ့"

​"ဟုတ်တယ်"

​ဖန့်ချန် က ခေါင်းငြိမ့်လိုက်သည်။

"အခုကစပြီး မင်း ဒီမှာပဲ နေရမယ် ခြံဝန်းတံခါးမှာ အစောင့်တွေ ရှိနေလိမ့်မယ် ထွက်ပြေးဖို့ စိတ်မကူးနဲ့။ မင်းရဲ့ ကျင့်ကြံမှု မရှိတော့တဲ့အတွက် မင်း အပြင်ကို လွတ်အောင်ထွက်နိုင်ရင်တောင် မြို့တော်ထဲကနေ လွတ်အောင် ပြေးနိုင်မှာ မဟုတ်ဘူး"

​"မင်း ငါ့ရဲ့ ကျင့်ကြံမှုကို ဖျက်ဆီးလိုက်ပြီဆိုတော့ ငါက ကျိမိသားစုအတွက် အသုံးမဝင်တော့ဘူး ငါ့ကို ဒီမှာ ထားထားလည်း ဘာမှ ထူးမှာ မဟုတ်ပါဘူး"

ဟု ကျိလင်ယွဲ့ က ဆိုသည်။

​"မင်း အသုံးဝင်တာ၊ မဝင်တာက ငါ့အတွက် အရေးမကြီးဘူး မင်းကို ဒီမှာ ပိတ်ထားရတဲ့ အကြောင်းရင်းက ငါ မင်းကို ကြည့်မရလို့ပဲ၊ တခြား ဘာအကြောင်းမှ မရှိဘူး"

ဖန့်ချန် က သူ၏ပုခုံးကို ပုတ်ကာ ထွက်ခွာသွားသည်။

​မကြာမီ အစောင့်တပ်ဖွဲ့ဝင်များ ရောက်လာပြီး ခြံဝန်းကို ဝိုင်းရံထားလိုက်ကြသည်။

ကျိလင်ယွဲ့ သည် ထွက်ခွာသွားသော ဖန့်ချန် ၏ ကျောပြင်ကို စိုက်ကြည့်ရင်း သူ၏ မျက်လုံးထဲတွင် နာကျည်းမှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

​ဖန့်စံအိမ် သို့ ပြန်ရောက်သောအခါ...

​ယခင်က အစေခံများနှင့် အလုပ်သမားများကို တောင်ပိုင်းဒေသသို့ ခေါ်သွားခဲ့သဖြင့် ယခုအခါ အလုပ်သမားအသစ်များကို "ခန့်အပ်" ထားပြီး ဖြစ်သည်။

​သူတို့သည် သာမန်လူများကဲ့သို့ ထင်ရသော်လည်း ထိုပုံရိပ်၏ နောက်ကွယ်တွင်မူ သူတို့သည် မဟာရှ ၏ အထူးစစ်သည်တော်များဖြစ်သည့် လျှို့ဝှက်အစောင့်တပ် များ ဖြစ်ကြသည်။

​သူတို့အားလုံးသည် ဖန့်ချန် ပေးထားသော ခရမ်းရောင်လျှပ်စီးအဆောင်၊ အမြန်နှုန်း အဆောင် ၊ စိန်ကိုယ်ထည် အဆောင် နှင့် ခွန်အားမနအဆောင် များကို ကိုယ်စီ ဆောင်ထားကြသည်။

သူတို့သာ အလိုရှိလျှင် တစ်ဦးချင်းစီ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သာမန် ချီထိန်းချုပ်ခြင်း အဆင့် သိုင်းသမားများကိုပင် ကျော်လွန်နေမည်ဖြစ်သည်။

​"သခင်လေး ပြန်လာပါပြီလား"

​ဖန့်ချန် စံအိမ်သို့ ပြန်ရောက်သောအခါ အစေခံများက လာရောက် ဂါရဝပြုကြသည်။ သူတို့သည် ပြင်းထန်သော လေ့ကျင့်မှုများ ရထားသဖြင့် အလွန် စည်းကမ်းရှိကြပြီး မည်သည့် ထူးခြားသော အရိပ်အယောင်မျှ ပြသခြင်း မရှိပေ။

​ဖန့်ချန် က ပြုံး၍ ခေါင်းငြိမ့်ပြလိုက်သည်။

"မင်းတို့ အလုပ် မင်းတို့ သွားလုပ်ကြတော့"

​လူတိုင်း ထွက်သွားပြီးနောက် ဖန့်ချန် ပြန်ရောက်လာသည့် သတင်းကို ကြားလိုက်ရသော လီတောက်ယဲ့ သည် အပြေးအလွှား ရောက်လာသည်။

​"မင်း နောက်ဆုံးတော့ ပြန်လာပြီပဲ ဝိညာဉ်သွေးဂိုဏ်း က အခြေတည်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ယောက် အချိန်မရွေး ရောက်လာမလားဆိုပြီး ငါ စိုးရိမ်နေတာ"

​"စိတ်မပူပါနဲ့ ချင်းဟယ် လည်း အခုဆို လမင်းပုန်းကွယ်သီလရှင်ကျောင်း ကို ရောက်နေလောက်ပြီအစီအစဉ်အတိုင်းဆိုရင် သူမရဲ့ ဆရာက မဟာရှ ကို လာနေလောက်ပြီ"

ဟု ဖန့်ချန် က စိတ်အေးအောင် ပြောလိုက်သည်။

​ချင်းဟယ် ၏ ဆရာအကြောင်းကို ပြောလိုက်သောအခါ လီတောက်ယဲ့ ၏ မျက်နှာမှာ အနည်းငယ် ထူးဆန်းသွားသည်။

"ဆရာမကြီး ကျူးယွဲ့ သူက အဲဒီလောက် ဖျောင်းဖျရ လွယ်တဲ့သူ မဟုတ်ဘူးနော်"

​ဖန့်ချန် က ရယ်မောလိုက်သည်။

"ငါ သူမ ငြင်းလို့မရမယ့် ကမ်းလှမ်းချက်တစ်ခု ပေးလိုက်တယ်လေ"

​"ငြင်းလို့မရမယ့် ကမ်းလှမ်းချက်"

လီသောက်ရီ အနည်းငယ် လန့်သွားသည်။

"ရတနာ တစ်ခုခုလား"

​ဖန့်ချန် က ပြုံး၍

" ခရမ်းရောင်လျှပ်စီးအဆောင် ရဲ့ အမွေအနှစ်ပေါ့"

​လီတောက်ယဲ့ သည် အသက်ရှူပင် မှားသွားပြီး စိုးရိမ်တကြီး ပြောလိုက်သည်။

"မင်း ဒါကို စောစောက ပြောပါလား ဒါဆို ငါ ငါ့အဖေကို ပြန်ပြီး အကူအညီ တောင်းလိုက်မှာပေါ့ ခရမ်းရောင်လျှပ်စီးအဆောင် ရဲ့ အမွေအနှစ်သာ ရှိရင် ဝိညာဉ်သွေးဂိုဏ်း နေနေသာသာ၊ မသေမျိုးတွေ ဆင်းလာရင်တောင် ငါတို့ အသေအလဲ တိုက်မှာပေါ့"

​ဖန့်ချန် က ပြုံးလျက်

"မင်းက ယုံကြည်လို့ မရဘူးလေ လမ်းခုလတ်မှာ မင်း ထွက်ပြေးသွားမှာကို ငါ စိုးရိမ်လို့ပါ..."

​"........"

​လီတောက်ယဲ့ မှာ လုံးဝကို ဆွံ့အသွားတော့သည်။

ရှစ်ထောင့်ဗေဒင် ဂိုဏ်း အနေဖြင့် ကြီးမားသော အခွင့်အရေးကြီးတစ်ခုကို လက်လွတ်ခဲ့ရလေပြီ။

​ရုတ်တရက် အသံတစ်သံ သူတို့၏ နားထဲတွင် ဟိန်းထွက်လာသည်။

"ဒီမှာ ဘယ်သူရှိလဲ"

​လီတောက်ယဲ့ ၏ မျက်နှာ သိသိသာသာ ပျက်သွားသည်။

၎င်းမှာ သာမန် တံခါးခေါက်သံ မဟုတ်ဘဲ တစ်ဖက်လူက ဝိညာဉ်စွမ်းအင် ကို အသုံးပြုထားခြင်း ဖြစ်သည်။ သာမန်လူများ လုံးဝ ကြားနိုင်မည် မဟုတ်ဘဲ ကျင့်ကြံသူများသာ ကြားနိုင်သည့် အသံဖြစ်သည်။

​"ဝိညာဉ်သွေးဂိုဏ်း ကလူတွေ ရောက်လာပြီ"

လီတောက်ယဲ့ သည် ဖန့်ချန် ကို ကြည့်လိုက်ရာ သူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး နဖူးတွင်လည်း ချွေးစေးများ ထွက်လာသည်။ သူသည် အားကိုးရာ တစ်ခုခုကို ရှာနေသကဲ့သို့ ဟိုဟိုဒီဒီ စမ်းတဝါဝါ လုပ်နေမိသည်။

​"စိတ်အေးအေးထားပါ၊ သူတို့ မဟုတ်လောက်ဘူး"

ဟု ဖန့်ချန် က ဆိုသည်။

"သူတို့ရဲ့ သဘာဝအရဆိုရင် ဒီလောက်အထိ ယဉ်ကျေးနေမှာ မဟုတ်ဘူး။ လာ... ငါနဲ့အတူ သွားကြည့်ရအောင်"

​ဖန့်စံအိမ် ၏ အပြင်ဘက်တွင် ခန့်ညားထည်ဝါသော ပုံစံရှိသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦး ရပ်နေသည်။ သူသည် စိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ပညာရှိ တစ်ယောက်နှင့် တူလှသည်။

​ခဏအကြာတွင် ဖန့်စံအိမ် ၏ တံခါးကြီး ပွင့်လာပြီး အစေခံတစ်ဦးက ထိုသူကို ရိုသေစွာ ဖိတ်ခေါ်လိုက်သည်။

"ကြွပါခင်ဗျာ၊ အတွင်းကို ဝင်ပါ"

​"ဟဲဟဲ။"

လူလတ်ပိုင်း အမျိုးသားက ပြုံး၍ ခေါင်းငြိမ့်ပြပြီးနောက် အစေခံနောက်မှ စံအိမ်အတွင်းသို့ လိုက်ဝင်သွားသည်။

​မကြာမီ ထိုအမျိုးသားသည် ဖန့်ချန် နှင့် လီတောက်ယဲ့ တို့နှင့်အတူ ဧည့်ခန်းတွင် ထိုင်နေသည်။

သူသည် ဖန့်ချန် နှင့် လီတောက်ယဲ့ တို့ကို ကြည့်ကာ သက်ပြင်းချရင်း ဆိုလိုက်သည်။

"မဟာရှ ကနေ ငါ ထွက်သွားခဲ့တာ နှစ်အတော်ကြာပြီးမှ အခုလို ကျင့်ကြံသူတွေ ပေါ်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး ငါ့ရဲ့ အစောပိုင်း ကာလတွေတုန်းက မသေမျိုးလမ်းစဉ်ရဲ့ အရိပ်အယောင်လေးကို မြင်ရဖို့အတွက် အန္တရာယ်များတဲ့ နေရာပေါင်းစုံကို သွားခဲ့ရတယ်၊ ခရီးပေါင်း မိုင်သောင်းချီ နှင်ခဲ့ရတာ"

​ထိုသူမှာ ဝိညာဉ်သွေးဂိုဏ်း မှ မဟုတ်ကြောင်း သိလိုက်ရသဖြင့် လီတောက်ယဲ့ ၏ မျက်နှာမှာ အနည်းငယ် ပေါ့ပါးသွားသည်။

​ဒီလူက မဟာရှ ပြည်သူတစ်ယောက်လား အဲဒီလိုဆိုရင်တော့ ဝိညာဉ်သွေးဂိုဏ်းက ကျင့်ကြံသူ မဟုတ်ဖို့ များတယ်။

​ဖန့်ချန် က ပြုံး၍ လက်သီးဆုပ် ဂါရဝပြုလိုက်သည်။

"စီနီယာ... စီနီယာ့ရဲ့ အမည်ကို သိခွင့်ရမလား"

​"ငါ့နာမည်... ငါ မသုံးတာ ကြာပြီပဲ နေပါဦး... ငါ စဉ်းစားကြည့်ဦးမယ်"

သူသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် သတိရသွားဟန်ဖြင့်

"အော်... ဟုတ်ပြီ၊ ငါ့နာမည်က ရှယားယိ ပါ အခုလက်ရှိ မဟာရှ ဧကရာဇ်ရဲ့ ဘိုးဘေကြီး ပေါ့"

ဟု ပြုံးလျက် မိတ်ဆက်လိုက်သည်။

All Chapters