အခန်း (၁၃၇-၁၃၈)
Vol. 14 Ch. 137-138
အခန်း ၁၃၇ - သတိပေးချက်
မဟာရှ ဧကရာဇ်ရဲ့ ဘိုးအေကြီးလား
ပြန်စဉ်းစားကြည့်လျှင် တော်ဝင်မိသားစုတွင် ရှယားယိ အမည်ရှိသော ဘိုးဘွားတစ်ဦး တကယ်ရှိခဲ့ဖူးပြီး ယခုလက်ရှိ အိမ်ရှေ့မင်းသား နှင့် အမည်ချင်း တူနေသည်။
ဘိုးဘေး ရှယားယိ က ပြုံးလျက် လီတောက်ယဲ့ ကို ကြည့်လိုက်သည်။
"မင်းက မီးတောက်အင်ပါယာ က လာတာလို့ ငါကြားတယ်"
လီတောက်ယဲ့ယ က အသာအယာ ခေါင်းငြိမ့်ပြသည်။
"ဟုတ်ပါတယ်"
"မင်း မီးတောက်အင်ပါယာ က ကောင်းကင်တောင်ပိုင်းဂိုဏ်း ကို သိလား"
ဟု ဘိုးဘေးက မေးလိုက်သည်။
"သိတာပေါ့။"
လီတောက်ယဲ့ က အတည်ပြုပေးပြီးနောက် သူ၏မျက်လုံးများမှာ ရုတ်တရက် အံ့သြမှုကြောင့် အရောင်တောက်သွားသည်။
"နေပါဦး... ဒါဆို စီနီယာက..."
သူသည် ကောင်းကင်တောင်ပိုင်းဂိုဏ်း မှ ကျင့်ကြံသူတစ်ဦး ဖြစ်နေသလား
"ဟုတ်တယ်၊ မဟာရှကနေ ထွက်သွားပြီးနောက် ငါ မိုင်ပေါင်းများစွာ ခရီးနှင်ခဲ့ပြီးမှ မီးတောက်အင်ပါယာကို ရောက်ခဲ့တာ ငါက ကောင်းကင်တောင်ပိုင်းဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်ခွင့်ရခဲ့တဲ့အထိ ကံကောင်းခဲ့ပါတယ်"
"မဟာရှက ငါ့ရဲ့ အစေခံဟောင်းဆီကနေ မီးတောက်အင်ပါယာက ကျင့်ကြံသူတစ်ယောက် ဒီကို ရောက်နေတယ်ဆိုတဲ့ သတင်းကို ရလို့ ငါ အထူးတလည် ပြန်လာကြည့်တာပါ"
ဟု ဘိုးဘေး ရှယားယိ က ပြုံး၍ ရှင်းပြသည်။
လီတောက်ယဲ့က လက်သီးဆုပ် ဂါရဝပြုလိုက်သည်။
"စီနီယာက တကယ့်ကို အဆက်အသွယ် ကောင်းတာပဲ ကျွန်တော် ပေါ့ဆသွားတာကို ခွင့်လွှတ်ပါ"ာ
ဘိုးဘေးက ပြုံးလိုက်သည်။
"မင်းရဲ့ နောက်ခံနဲ့ ဂိုဏ်းကို ငါ သိခွင့်ရမလား"
"ကျွန်တော်က လေလွင့်ကျင့်ကြံသူ တစ်ယောက်ပါ၊ စိတ်ထဲမထားပါနဲ့"
ဟု လီတောက်ယဲ့ က အနည်းငယ် ရှက်ကိုးရှက်ကန်း ပြုံးလျက် ပြန်ဖြေသည်။
ဘိုးဘေး ရှယားယိ ဘာမှ မပြောသော်လည်း သူ၏ မျက်လုံးထဲတွင် အထင်အမြင်သေးသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
ကျင့်ကြံခြင်းလောကတွင် အဆင့်အတန်းခွဲခြားမှုမှာ အလွန်ရှင်းလင်းလှသည်။
ကျင့်ကြံသူများသည် သာမန်လူများကို လေထုကဲ့သို့သာ သဘောထားကာ အထင်သေးကြသော်လည်း၊ ပြည့်စုံသော အမွေအနှစ်မရှိသည့် လေလွင့်ကျင့်ကြံသူများနှင့် တွေ့ဆုံသောအခါ သူတို့၏ သဘောထားမှာ လုံးဝ ကွဲပြားသွားသည်။
"လေလွင့်ကျင့်ကြံသူတစ်ယောက်ရဲ့ ဘဝက ခက်ခဲပါတယ်၊ ငါလည်း အဲဒါကို သိတာပေါ့ ငါကိုယ်တိုင်လည်း အဲဒီလို အချိန်တွေကို ဖြတ်သန်းခဲ့ဖူးပါတယ်။ ငါက ကောင်းကင်တောင်ပိုင်းဂိုဏ်းရဲ့ မျက်စိကျခြင်းကို ခံခဲ့ရလို့သာ ကံကောင်းသွားတာ"
ဘိုးဘေးက သက်ပြင်းအသာချလိုက်သည်။
"မင်းက လေလွင့်ကျင့်ကြံသူ ဖြစ်ပေမဲ့ ချီသန့်စင်ခြင်း အဆင့် ၃ အထိ ရောက်နေပြီပဲ၊ ဘာလို့ လောကီကိစ္စတွေထဲမှာ ပါဝင်ပတ်သက်နေရတာလဲ မဟာရှက ကျင့်ကြံသူတွေအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေ မရှိလို့ အမြဲတမ်း အဆင့်(၉)အင်ပါယာပဲ ဖြစ်နေခဲ့တာ ဒီမှာနေပြီး မင်း ဘာအကျိုးအမြတ် ရနိုင်မှာမို့လို့လဲ"
"သခင်လေးဖန့်နဲ့ ပထမဆုံး စတွေ့ကတည်းက ကျွန်တော်တို့ကြားမှာ ရေစက်ရှိတယ်လို့ ခံစားခဲ့ရလို့ပါ"
ဟု လီသောက်ရီ က မချိပြုံး ပြုံးလျက် ဆိုသည်။
"သာမန်လူတစ်ယောက်နဲ့ နက်ရှိုင်းတဲ့ ရေစက် ရှိတယ် ဟုတ်လား"
ဘိုးဘေးက ရယ်မောလိုက်သည်။
"ဒါက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ မိတ်ဆွေ"
လီသတာက်ယဲ့ ၏ အမူအရာမှာ ထူးဆန်းနေသည်။ ဒီလူက ဖန့်ချန်ကလည်း ကျင့်ကြံသူတစ်ယောက်ဆိုတာကို မမြင်ဘူးလား
ဘိုးဘေးသည် ဖန့်ချန် က ကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း မသိရှိသည်ကို မြင်သောအခါ လီတောက်ယဲ့ မှာ ဖန့်ချန် ၏ ကျင့်ကြံမှုအဆင့်အပေါ် ပို၍ပင် သိချင်စိတ် ပြင်းပြလာသည်။
ဖန့်ချန် သည် လပြည့်နစ်မြုပ်ရွှေ နှင့် ပြုလုပ်ထားသော နဂါးတုတ်ကောက် ကို အလွယ်တကူ ဘာကြောင့် ကိုင်တွယ်နိုင်သည်ကို ယခုမှ နားလည်သွားတော့သည်။
ဖန့်ချန် လည်း အခြေအနေကို သဘောပေါက်သွားသည်။
ထိုစကားဝိုင်းမှတစ်ဆင့် သူ ကောက်ချက်ချနိုင်သည်မှာ ဖန့်မိသားစုနောက်ကွယ်တွင် နှင်းရေခဲအင်ပါယာမှ မသေမျိုးဆရာကြီးနှင့် မြေကမ္ဘာအဆင့် သိုင်းသမား ကျိလင်ယွဲ့ကိုပါ အနိုင်ယူနိုင်သည့် ကျင့်ကြံသူတစ်ဦး ရှိနေသည်ကို မြင်သောအခါ၊ မဟာရှ ဧကရာဇ်သည် စိုးရိမ်ထိတ်လန့်သွားပြီး မသေမျိုးလမ်းစဉ်သို့ ရောက်ရှိနေသော သူ၏ ဘိုးဘေးကို လူလွှတ်၍ ပင့်ဖိတ်ခဲ့ခြင်း ဖြစ်ရမည်။
မဟာရှတွင် ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီးတစ်ဦး ရှိနေသည်ကို သူ တကယ်မသိခဲ့ပေ။
ဘိုးဘေး ရှယားယိ၏ အကြည့်က ဖန့်ချန် ထံသို့ ရောက်လာသည်။
"မင်းနာမည်က ဖန့်ချန် မဟုတ်လား"
ဖန့်ချန် က ခေါင်းငြိမ့်ပြသည်။
"ဟုတ်ပါတယ်"
"မင်းတို့ ဖန့်မိသားစုက မဟာရှကို အလုပ်အကျွေးပြုလာတာ နှစ်ပေါင်းများစွာ ရှိပြီ။ မင်းရဲ့ အဘိုးက ဖန့်ကျန့်ထျန်း မဟုတ်လား ငါ အဲဒီကလေးကို အရင်က အကြိမ်အနည်းငယ် တွေ့ဖူးတယ် သူက တကယ်ကို အရည်အချင်းရှိတဲ့သူပဲ သူ အခု စံအိမ်မှာ ရှိလား ငါနဲ့ ပြန်တွေ့ရအောင် သူ့ကို ခေါ်လိုက်ပါဦး"
ဟု ဘိုးဘေးက ပြုံး၍ ဆိုသည်။
"ဖန့်စံအိမ်က တောင်ပိုင်းဒေသကို ပြောင်းသွားပါပြီ။"
ဖန့်ချန် က အနည်းငယ် အားနာသောလေသံဖြင့် ပြောလိုက်သည်။
"တကယ်လို့ အဘိုးကို အခုခေါ်မယ်ဆိုရင် အချိန်အတော်ကြာပါလိမ့်မယ် ပြီးတော့ အဘိုးက အသက်ကြီးနေပြီဆိုတော့ ခရီးပန်းဒဏ်ကို ခံနိုင်ပါ့မလားလို့ ကျွန်တော် စိုးရိမ်မိပါတယ်"
ဘိုးဘေးက အနည်းငယ် အံ့သြသွားပြီးနောက် ခေါင်းငြိမ့်လိုက်သည်။
"တောင်ပိုင်းဒေသကို ပြောင်းသွားတာလား ကောင်းတာပေါ့၊ ကောင်းတာပေါ့"
"စီနီယာက ကြည့်ရတာ အရမ်းငယ်သေးတာပဲအခြေတည်ခြင်းအဆင့် ကို ရောက်သွားပြီလား အဲဒီအဆင့်ကို ရောက်ရင် သက်တမ်း နှစ်နှစ်ရာအထိ ရှည်နိုင်တယ်လို့ ကျွန်တော် ကြားဖူးတယ်"
ဟု လီတေညက်ယဲ့ က သိချင်စိတ်ဖြင့် မေးလိုက်သည်။
"အခြေတည်ဆောက်ခြင်းအဆင့် ဟုတ်လား"
ဘိုးဘေးက ခပ်ဖွဖွ ရယ်မောလိုက်သည်။
"အဲဒီအဆင့်က ငါ့အတွက်တော့ လက်လှမ်းမမီသေးတဲ့ အရာပါ တကယ်လို့ ငါသာ အဲဒီအဆင့်မှာ ရှိနေရင် ဒီမှာ ရှိနေမှာ မဟုတ်ဘူး ဘာလို့လဲဆိုတော့ အဲဒီအဆင့်ကို ရောက်သွားတဲ့သူဟာ လောကီနဲ့ အဆက်အသွယ် ဖြတ်ရမယ့် အချိန်ရောက်ပြီလို့ ဆိုလိုတာပဲ ကံမကောင်းစွာနဲ့ ငါ့ရဲ့ ကျင့်ကြံမှုက အားနည်းနေသေးတယ် နှစ်ပေါင်းများစွာ ကြိုးစားကျင့်ကြံခဲ့တာတောင် ချီသန့်စင်ခြင်း အဆင့် ၈ ကိုပဲ ရောက်ပါသေးတယ် ငါ လောကီနဲ့ လုံးဝ အဆက်မဖြတ်နိုင်သေးဘူး"
"ချီသန့်စင်ခြင်း အဆင့် ၈ ဟုတ်လား"
လီတောက်ယဲ့ ထိတ်လန့်သွားသည်။
ကျင့်ကြံခြင်းလောကတွင်ပင် ထိုအဆင့်မှာ အထူးသဖြင့် မီးတောက်အင်ပါယာတွင် အလွန်အစွမ်းထက်သော ပညာရှင်တစ်ဦးဟု ဆိုနိုင်သည်။
အခြေတည်ခြင်းအဆင့် ရောက်နေသည့် သူ၏ ဖခင်မှလွဲ၍ ရှစ်ထောင့်ဗေဒင်ဂိုဏ်း တွင်ပင် အဆင့် ၈ ရောက်သည့် လူကြီးပိုင်း အနည်းငယ်သာ ရှိသည်။
လီတောက်ယဲ့ ၏ မျက်လုံးထဲမှ အံ့သြမှုကို မြင်သောအခါ ဘိုးဘေးက ပြုံးလျက်
"ကောင်းကင်တောင်ပိုင်းဂိုဏ်းမှာတော့ ဒီအဆင့်က ဘာမှ ထူးခြားတာ မဟုတ်ပါဘူး ငါ့ထက် အစွမ်းထက်တဲ့သူတွေ အများကြီး ရှိပါတယ်"
ဟု ဆိုသည်။
"စီနီယာ... စီနီယာ့ရဲ့ ပုံပန်းသဏ္ဍာန်အရဆိုရင်တော့ အဆင့် ၈ ပဲ ရှိသေးတယ်လို့ မထင်ရဘူး သာမန် ချီသန့်စင်သူတွေရဲ့ သက်တမ်းက ၁၃၅ နှစ် ဝန်းကျင်ပဲ ရှိတာလေ..."
လီတောက်ယဲ့ က သူ၏ အံ့သြမှုကို ဖော်ပြလိုက်သည်။
ဘိုးဘေးမှာ ပို၍ပင် ဂုဏ်ယူသွားပြီး ရယ်မောလိုက်သည်။
"ငါက သက်တမ်းတိုး ဝိညာဉ်ဆေးပင် နှစ်ပင်ကို ကံကောင်းလို့ ရခဲ့တာပါ ဆေးပင်တစ်ပင်စီက သက်တမ်း နှစ် ၈၀ တိုးစေတယ်၊ ငါ အဲဒီထဲက တစ်ပင်ကို စားသုံးခဲ့တာပါ"
"သက်တမ်း နှစ် ၈၀ တိုးစေတယ် ဟုတ်လား"
လီတောက်ယဲ့ အသက်ရှူပင် မှားသွားသည်။
"အဲဒီလို ဆေးပင်တွေက မီးတောက်အင်ပါယာမှာတောင် ရတနာတွေပဲ အခြေတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ် ရောက်နေတဲ့သူတွေတောင် လုယူချင်ကြတဲ့ အရာတွေ... ဒါဆို ကျန်တဲ့ တစ်ပင်ကကော"
"ကျန်တဲ့ တစ်ပင်ကိုတော့ ငါ့ဂိုဏ်း ကို ဆက်သလိုက်တယ်"
ဟု ဘိုးဘေးက ဖြေသည်။
လီတောက်ယဲ့ နှင့် ဖန့်ချန် တို့သည် ဘိုးဘေး ရှယားယိ ဘာကြောင့် ထိုဂိုဏ်းထဲသို့ ဝင်ခွင့်ရခဲ့သည်ကို ယခုမှ နားလည်သွားကြသည်။ သူသည် ဂိုဏ်းအတွက် ကြီးမားသော ပံ့ပိုးမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ဘိုးဘေးက ဖန့်ချန် ဘက်သို့ အာရုံပြန်လှည့်လိုက်သည်။
"ဒါနဲ့... ငါ့ရဲ့ မြေးတော်က မင်းကြောင့် မဟာရှဟာ အဆင့် ၈ အင်ပါယာ ဖြစ်လာတယ်လို့ ပြောတယ် ဒါက မကောင်းတဲ့ အရာလည်း ဖြစ်နိုင်တယ် မဟာရှမှာ အဆင့် ၈ အင်ပါယာတစ်ခု ဖြစ်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေ မရှိဘူး ပြီးတော့ မင်းရဲ့သူငယ်ချင်းကလည်း ဒီမှာ ထာဝရ ရှိနေမှာ မဟုတ်ဘူး သူ ထွက်သွားတာနဲ့ မဟာရှ က နာမည်ခံ အဆင့် ၈ အင်ပါယာပဲ ဖြစ်ကျန်ခဲ့လိမ့်မယ် အခြေခံမရှိဘဲ ဒါကို မင်း ဘယ်လို ကိုင်တွယ်မလဲ"
"အခြေခံဆိုတာက တဖြည်းဖြည်း စုဆောင်းယူလို့ ရပါတယ်"
ဟု ဖန့်ချန် က ဆိုသည်
ဘိုးဘေးက ခေါင်းကို အသာအယာ ခါလိုက်သည်။
"မင်းက ငယ်သေးတာပဲ ငါ့အမြင်အရတော့ မင်း ဒီအင်ပါယာ အဆင့်တိုးမြှင့်တဲ့ ကိစ္စကို မလုပ်သင့်ဘူး"
ဖန့်ချန် မျက်မှောင်ကြုတ်လိုက်သည်။
"စီနီယာ ဘာလို့လဲ တကယ်လို့ မဟာရှက အဆင့် ၈ အထိ ရောက်သွားရင် နှင်းရေခဲအင်ပါယာကို အခွန်ဆက်စရာ မလိုတော့သလို၊ ကူဟယ်၊ လုံတုနဲ့ ယီကျိုး အင်ပါယာတွေဆီကနေလည်း နှစ်စဉ် အခွန်တွေ ရနိုင်မှာလေ"
"မင်းက ဒီအတိုင်းပဲ လုပ်မယ်ဆိုရင်တော့ ငါ အများကြီး ဝင်မစွက်ဖက်ပါဘူး ဒါပေမဲ့ ငါ့မြေးတော် စိတ်အေးရအောင် ဒီနေ့ ငါ့ကို တည့်တည့်တိုးတိုးပဲ ဖြေစမ်းပါ မင်းတို့ ဖန့်မိသားစုက မဟာရှရဲ့ ထီးနန်းကို လိုချင်တဲ့ ရည်မှန်းချက် ရှိနေတာလား"
ဟု ဘိုးဘေးက ဖန့်ချန် ကို စိုက်ကြည့်ကာ မေးလိုက်သည်။
ဖန့်ချန် က ပြုံး၍ ခေါင်းခါလိုက်သည်။
"စီနီယာ တကယ်လို့ စီနီယာက မဟာရှ ထီးနန်းရဲ့ တည်ငြိမ်မှုကို စိုးရိမ်နေတယ်ဆိုရင် မဟာရှမှာ ရန်သူတွေ အများကြီးနဲ့ ရင်ဆိုင်နေရတဲ့ ဒီနှစ်တွေအတွင်းမှာ ဘာလို့ အကူအညီ မပေးခဲ့တာလဲ"
"ကျင့်ကြံသူတစ်ယောက်ဟာ မသေမျိုးလမ်းစဉ်ကို စတက်ပြီဆိုတာနဲ့ လောကီနဲ့ အဆက်အသွယ် ဖြတ်ရမယ် ပြီးတော့ ကျင့်ကြံသူတွေဟာ နောင်တစ်ချိန်မှာ ကံကြမ္မာရဲ့ တုံ့ပြန်မှုကို မခံရအောင် တခြားသူတွေနဲ့ ကံအကျိုးပေး တွေ အများကြီး မလုပ်သင့်ဘူး မဟာရှဟာ ပျက်စီးမယ့် အန္တရာယ်နဲ့ မကြုံသရွေ့ ငါ ဝင်မစွက်ဖက်ဘူး "
"တကယ်တော့ အဲဒီလို အန္တရာယ် ရှိနေရင်တောင်... အင်ပါယာတစ်ခုဟာ ပျက်စီးဖို့ ကံပါလာရင်လည်း ပျက်စီးပါစေပေါ ငါက ရှမိသားစုရဲ့ ဘေးကင်းမှုကိုပဲ တာဝန်ယူမှာပါ မဟာရှကတော့ သူ့ရဲ့ သဘာဝအတိုင်းပဲ ဖြစ်သွားလိမ့်မယ်"
ဟု ဘိုးဘေးက တည်ငြိမ်စွာ ဆိုသည်။
ကျင့်ကြံသူတွေ အားလုံးက ဒီလောက်အထိ အတ္တကြီးကြတာလား ဖန့်ချန် ခဏမျှ အံ့သြသွားသော်လည်း ချင်းဟယ် နှင့် လီတောက်ယဲ့ တို့ကို တွေးမိလိုက်သောအခါ စိတ်သက်သာရာ ရသွားသည်။
ကျင့်ကြံသူတိုင်းက ဘိုးဘေး ရှယားယိ ကဲ့သို့ ကိုယ့်ကိုယ်ကိုယ်သာ ဗဟိုပြုပြီး အတ္တကြီးကြသည် မဟုတ်ပေ။
ဘိုးဘေး၏ စကားအရဆိုလျှင် မဟာရှက သူ့ကို လုံလောက်သော အကျိုးအမြတ် မပေးနိုင်သရွေ့ သူ ဝင်ရောက် ကူညီလိမ့်မည် မဟုတ်ပေ။
အာဏာအကူးအပြောင်းနှင့် မင်းဆက်အပြောင်းအလဲများသည် သဘာဝတရား၏ အစိတ်အပိုင်းတစ်ခု ဖြစ်သဖြင့် ကျင့်ကြံသူများက ဝင်မစွက်ဖက်ရန် ရွေးချယ်နိုင်သည်မှာ မှန်သော်လည်း၊ ၎င်းမှာ လောကီမှ ကင်းကွာရန် ရွေးချယ်ထားသော ကျင့်ကြံသူများ၏ အမြင်သာ ဖြစ်သည်။
တကယ်လို့ မိမိ၏ ဇာတိမြေမှာ ကြီးမားသော ဘေးအန္တရာယ်နှင့် ကြုံတွေ့နေရပါလျက် ကျင့်ကြံသူက ဝင်ရောက်မကူညီရန် ရွေးချယ်ခဲ့မည်ဆိုလျှင်၊ ၎င်းမှာ လောကီနှင့် အဆက်အသွယ် ဖြတ်ခြင်းထက် ပိုလွန်နေပြီဟု ဖန့်ချန် ထင်မြင်မိသည်။
အစောပိုင်းက ဘိုးဘေးသည် ဖန့်ချန် ကို သတိမပေးမီ လီတောက်ယဲ့ ၏ နောက်ခံကို မေးမြန်းခဲ့သည်။
တကယ်လို့ လီတောက်ယဲ့ တွင် ကြီးမားသော နောက်ခံတစ်ခု ရှိနေခဲ့လျှင် သူသည် အဆင့် ၃ သာ ရှိသော်လည်း ဘိုးဘေး ရှယားယိ သည် ဖန့်ချန် ကို ထိုကဲ့သို့ သတိပေးရဲလိမ့်မည် မဟုတ်ပေ
အခန်း ၁၃၈ - ဝိညာဉ်ခြင်ဆီ၏ မွေးဖွားခြင်း
"ငါပြောတာကို မင်းသဘောမတူဘူးလား"
ဘိုးဘေး ရှယားယိက စကားကို ရပ်လိုက်ပြီး ဖန့်ချန် ကို အပြုံးဖြင့် ကြည့်ကာ ဆက်ပြောသည်။
"ကောင်းပြီလေ၊ မင်းက ကျင့်ကြံသူ မဟုတ်တော့ ငါတို့လောကကို နားမလည်တာ မဆန်းပါဘူး သာမန်လူတွေရဲ့ မျက်လုံးထဲမှာ ငါတို့က အကုန်လုံးကို အနိုင်ယူနိုင်စွမ်းရှိတယ်လို့ ထင်ရပေမဲ့၊ တကယ်တော့ ငါတို့ လှမ်းတဲ့ ခြေလှမ်းတိုင်းက အလွန်ခက်ခဲပြီး သေသေချာချာ စဉ်းစားရပါတယ် မဟုတ်ရင် ပြန်ပြင်လို့မရတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်လို့ပဲ"
ထို့နောက် သူက ဆက်ပြောသည်။
"နှင်းရေခဲအင်ပါယာ မှာ ကျိမိသားစုနဲ့ ပတ်သက်တဲ့ မသေမျိုးဆရာကြီး တစ်ယောက် ပေါ်လာတယ်လို့ ငါကြားတယ် အဲဒီကျင့်ကြံသူက မင်းရဲ့သူငယ်ချင်းလောက် အစွမ်းမထက်လို့ အသတ်ခံလိုက်ရပေမဲ့၊ သူ့ရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုတွေက ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး တစ်ယောက်ထက်လည်း ပိုနိုင်တယ် အဲဒီလိုဆိုရင် ကူဟယ်၊ လုံတု၊ ယီကျိုး နဲ့ တခြားအင်ပါယာတွေရဲ့ နောက်ကွယ်မှာလည်း ကျင့်ကြံသူတွေ ရှိမနေနိုင်ဘူးလား"
" ငါ့လိုပဲ ကျင့်ကြံခြင်းလမ်းစဉ်ကို ရှာဖွေဖို့ ထွက်သွားပြီး ကိုယ့်လမ်းကိုယ် ရှာတွေ့ခဲ့တဲ့သူတွေ ရှိနိုင်တာပဲ သူတို့က ငါ့ထက် အားနည်းရင် ပြဿနာမရှိပေမဲ့၊ ငါ့ထက် အစွမ်းထက်တဲ့သူတွေဆိုရင် ငါ့ရဲ့ မသေမျိုးလမ်းစဉ်ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်တယ်။ မသေမျိုးလမ်းစဉ်ဆိုတာ ရှည်လျားပြီး ခက်ခဲတယ်ဆိုတာ မင်းသိဖို့ လိုတယ်"
ဖန့်ချန် က ပြုံးလိုက်သည်။
"စီနီယာ. အဲဒီလိုဆိုရင် စီနီယာက ဘာလို့ ပြန်လာတာလဲ"
"ငါက နှင်းရေခဲအင်ပါယာ မှာ ကျင့်ကြံသူတွေ ကျန်သေးလားဆိုတာ လာမေးတာပါ တကယ်လို့ သူတို့က ငါ့ထက် အားနည်းရင် မင်းတို့ကို ငါကူညီပေးမယ်။ အစွမ်းထက်ရင်တော့ သူတို့နဲ့ ညှိနှိုင်းပေးမယ် ဒါ့အပြင် ငါက ရည်ရွယ်ချက်ရှိရှိ လာတာလည်း မဟုတ်ပါဘူး တခြားနေရာကို သွားရင်းနဲ့ ဒီနားကနေ ဖြတ်သွားတာပါ"
ဟု ဘိုးဘေးက ဆိုသည်။
ထိုစဉ်မှာပင် အပြင်ဘက်မှ အခြားအသံတစ်သံ ဟိန်းထွက်လာသည်။
"စီနီယာရှယား.ကိစ္စပြီးပြီလားကျွန်တော်တို့ ဝင်ပါဖို့ လိုမလား"
နောက်ထပ် ကျင့်ကြံသူတစ်ယောက် လီတောက်ယဲ့၏ မျက်နှာ အနည်းငယ် ပျက်သွားသည်။
ဖန့်ချန် ကမူ ထိုအသံကို မကြားချင်ယောင် ဆောင်နေလိုက်သည်။
ထိုအသံမှာ ကျင့်ကြံသူများသာ ကြားနိုင်အောင် ပြုလုပ်ထားခြင်းဖြစ်ပြီး ဘိုးဘေး ရှယားယိ သည်လည်း ဖန့်ချန် ကို သာမန်သိုင်းသမား တစ်ယောက်ဟုသာ ထင်ထားဆဲပင်။
ဘိုးဘေး ရှယားယိ ၏ နောက်တွင် လူနှစ်ဦး ပေါ်လာသည်။ တစ်ဦးမှာ အမျိုးသားဖြစ်ပြီး တစ်ဦးမှာ အမျိုးသမီး ဖြစ်သည် သူတို့၏ မျက်လုံးများတွင် မာနထောင်လွှားမှုများ ပြည့်နှက်နေသည်။
ဘိုးဘေးက ထိုသူနှစ်ဦးကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
"ဂျူနီယာညီလေး လျို၊ ဂျူနီယာညီမလေး ကျန်ထိုင် စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ် ဒီက မိတ်ဆွေနဲ့ မိတ်ဆက်ပေးပါရစေ"
ထိုသူနှစ်ဦး၏ ကျင့်ကြံမှုအဆင့်မှာ ဘိုးဘေးထက် သိသိသာသာ နိမ့်ပြီး ချီသန့်စင်ခြင်း အဆင့် ၄ သို့မဟုတ် ၅ ခန့်သာ ရှိပုံရသည်။
"ကျွန်တော်က လီတောက်ယဲ့ ပါ"
"လီတောက်ယဲ့ "
အမျိုးသားနှင့် အမျိုးသမီးက မျက်မှောင်ကြုတ်လိုက်ပြီး သူတို့၏ မျက်လုံးထဲတွင် အထင်အမြင်သေးသည့် အရိပ်အယောင်များ ပေါ်လာသည်။
"စီနီယာရှယား စီနီယာ့ရဲ့ မြေးတော်ကို သွားတွေ့ရအောင် ပြီးတော့ စီနီယာ နားမလည်နိုင်ဖြစ်နေတဲ့ အရာကိုလည်း ကျွန်တော်တို့ကို ပြပါဦး တန်ဖိုးရှိတဲ့အရာ ဟုတ်မဟုတ် ကြည့်ပေးမယ်"
ဟု အမျိုးသားဖြစ်သူက တိုက်တွန်းလိုက်သည်။
ဘိုးဘေးက အကြိမ်ကြိမ် ခေါင်းငြိမ့်ပြသည်။ သူသည် ထရပ်လိုက်ပြီး ထိုသူနှစ်ဦးကို ခေါ်ကာ ဖန့်ချန် နှင့် လီတောက်ယဲ့ တို့ကို နှုတ်ပင်မဆက်ဘဲ ထွက်ခွာသွားတော့သည်။
သူတို့ ထွက်သွားပြီးနောက် လီတောက်ယဲ့က နှာခေါင်းရှုံ့လိုက်သည်။
"သူက ဘာများ ထူးခြားနေလို့လဲ ကောင်းကင်တောင်ပိုင်းဂိုဏ်း က သာမန်တပည့်တစ်ယောက်ပဲကို ငါက ရှစ်ထောင့်ဗေဒင်ဂိုဏ်း ရဲ့ ဂိုဏ်းချုပ်လောင်း ကွ"
"မင်းရဲ့ ပါရမီက ဂိုဏ်းချုပ်လောင်း တစ်ယောက်နဲ့ မလိုက်ဖက်ဘူးနော်"
ဟု ဖန့်ချန် က ပြုံးစစဖြင့် နောက်လိုက်သည်။
"မင်းက ချီသန့်စင်ခြင်း အဆင့် ၃ ပဲ ရှိသေးတာခုနက လူနှစ်ယောက်က အဆင့် ၅ ရောက်နေပြီ၊ ကြည့်ရတာ မင်းထက်တောင် သိပ်မကြီးကြဘူး"
လီတောက်ယဲ့ မှာ ချက်ချင်းပင် စိတ်မကောင်းဖြစ်သွားပြီး
"ငါတို့ ရှစ်ထောင့်ဗေဒင်ဂိုဏ်း က ဗေဒင်ပညာကို အထူးပြုတာလေ ကျင့်ကြံမှုမှာ နည်းနည်းအားနည်းနိုင်ပေမဲ့ တခြားသူတွေ မမြင်နိုင်တဲ့ အရာတွေကို ငါတို့ ကြိုမြင်နိုင်တယ်"
ဟု ပြန်ချေပလိုက်သည်။
ဖန့်ချန် က ရုတ်တရက် ပြောလိုက်သည်။
"အဲဒီလိုဆိုရင် နန်းတော်ထဲကို တစ်ချက်လောက် ကြည့်ပေးစမ်းပါ တစ်ခုခု ထူးခြားနေတာမျိုး ရှိလားလို့"
လီတောက်ယဲ့ က ခေါင်းခါပြသည်။
"နန်းတော်လား အဲဒီမှာ ဘာမှ မရှိပါဘူး ငါ အရင်က အကြိမ်အတော်များများ ကြည့်ဖူးတယ်"
ဖန့်ချန် ၏ မျက်လုံးထဲတွင် စဉ်းစားဟန်တစ်ခု ပေါ်လာသည်။
ယခင်က သူ၏ ဝိညာဉ်ခန္ဓာ ကိုယ်ထဲမှ ထွက်ခွာစဉ်က နန်းတော်အတွင်းမှ အားနည်းသော ခြိမ်းခြောက်မှုတစ်ခုကို သူ ခံစားခဲ့ရဖူးသည်။
ထို့ကြောင့်ပင် သူသည် နန်းတော်အနီးတစ်ဝိုက်သို့ ဝိညာဉ်ဖြင့် သွားလာခြင်းကို ရှောင်ကြဉ်ခဲ့ခြင်း ဖြစ်သည်။
ခုနက လူငယ်ပြောသွားသည်မှာ နန်းတော်ထဲရှိ အရာတစ်ခုကို သွားကြည့်မည်ဟု ဆိုသည်။ ထိုနှစ်ခုမှာ ဆက်စပ်နေနိုင်သလား
"တကယ်ပဲ ဘာမှ မထူးခြားဘူးလို့ မင်းသေချာလား"
ဟု ဖန့်ချန် က ထပ်မေးလိုက်သည်။
"ထူးဆန်းတာ ဘာမှမရှိပါဘူး။"
လီတောက်ယဲ့ က ထပ်ပြောသော်လည်း သူကိုယ်တိုင်လည်း သံသယဝင်လာပြီး အံ့သြတကြီး ပြန်မေးလိုက်သည်။
"မင်း တစ်ခုခု သတိထားမိလို့လား မဟာရှ မှာ ဘာလျှို့ဝှက်ရတနာတွေ ရှိနေလို့လဲ"
ဖန့်ချန် က ပြုံးလိုက်သည်။
"ဖြစ်နိုင်တာကတော့ မင်းရဲ့ ကျင့်ကြံမှုအဆင့်က ဒါကို သတိထားမိဖို့ မမြင့်သေးတာ ဖြစ်မှာပါ."
ဘိုးဘေး ရှယားယိနှင့် အခြားတပည့်နှစ်ဦး၏ မမျှော်လင့်ဘဲ ရောက်ရှိလာမှုမှာ သူ၏ ထင်မှတ်ချက်ထက် ကျော်လွန်နေသည်။
သို့သော် ၎င်းမှာ ပို၍ပင် ကောင်းသွားနိုင်သည်။
တကယ်လို့ ဝိညာဉ်သွေးဂိုဏ်း က ကျင့်ကြံသူတွေသာ အခုပေါ်လာရင် သူတို့ကိုလည်း ဒီကိစ္စထဲ ဆွဲထည့်လိုက်လို့ ရသည်။ အဲဒီကျရင်တော့ သူတို့က ပါဝင်ချင်သည်ဖြစ်စေ၊ မပါဝင်ချင်သည်ဖြစ်စေ သူတို့အပေါ်မှာ မူတည်တော့မည် မဟုတ်ပေ။
လျှို့ဝှက်ခြံဝန်းအတွင်း၌...
နတ်သမီးယွီ သည် အုတ်တံတိုင်းပေါ်တွင် မေးစေ့ကို လက်ဖြင့်ထောက်ကာ ထိုင်နေသည်။
သူမသည် ဖန့်ချန် ကို မြင်လိုက်ရသောအခါ ဝမ်းသာအားရ ခုန်ဆင်းလာသည်။
"သခင်လေး... သခင်လေး ဘယ်တော့လာမလဲလို့ မျှော်နေတာ"
"ငါ မရှိတဲ့အချိန် နန်းတော်ထဲမှာ ဘာတွေဖြစ်သေးလဲ"
ဟု ဖန့်ချန် က ပြုံး၍ မေးလိုက်သည်။
"ထူးထူးခြားခြားတော့ မရှိပါဘူး။"
နတ်သမီးယွီ က ဆိုသည်။
"ထောင်ယွီ နဲ့ ရဲချင်းဟယ် တို့ကတော့ ပိုပြီး ထင်ပေါ်လာကြတယ် မြို့တော်ထဲက လူကုံထံ အသိုင်းအဝိုင်းတွေရဲ့ ပွဲတွေကို ခဏခဏ တက်နေကြတယ် ရံဖန်ရံခါ အိမ်ရှေ့မင်းသားလည်း အဲဒီပွဲတွေကို လာတတ်တယ်"
ဖန့်ချန် က ခေါင်းငြိမ့်လိုက်ပြီး
"အလောင်းက အထဲမှာလား"
ဟု မေးလိုက်သည်။
"အထဲမှာပါ၊ ကျွန်မ သေသေချာချာ စောင့်ကြည့်နေပါတယ်"
ဟု သူမက ပြုံး၍ ဖြေသည်။
ဖန့်ချန် က ရယ်မောလိုက်သည်။
"မင်းက ကျောက်စိမ်းမသေမျိုးလှေ နဲ့ အကြာကြီး ဝေးနေရင် လူတွေက မင်း တစ်ခုခု ဖြစ်နေပြီလို့ ထင်ကုန်ကြဦးမယ်"
"ကျွန်မက နေမကောင်းလို့ အနားယူနေတယ်လို့ ပြောထားတာပဲ၊ သူတို့က ကျွန်မကို ဘာလုပ်နိုင်မှာမို့လို့လဲ"
ဟု သူမက မာန်တက်စွာ ဆိုသည်။
ထို့နောက် သူတို့နှစ်ဦး အခန်းထဲသို့ ဝင်သွားကြသည်။ အခန်းထဲရှိ ကုတင်ပေါ်တွင် ကျိမိသားစုမှ မသေမျိုးဆရာကြီး ကျောက် ၏ အလောင်း ရှိနေသည်။
"ဒီလောက်ကြာတာတောင် သူ့ခန္ဓာကိုယ်က လုံးဝ မပုပ်မသိုးသေးဘူး တကယ့်ကို အံ့သြဖို့ ကောင်းတယ်"
ဟု သူမက အံ့သြတကြီး ဆိုသည်။
"သူ့ကိုယ်ထဲမှာ ဝိညာဉ်စွမ်းအင်တွေ ရှိနေလို့လေ သူ့အသားထဲက ဝိညာဉ်စွမ်းအင်တွေ လုံးဝ မကုန်ဆုံးသရွေ့ သူ့ခန္ဓာကိုယ်က ပုပ်မှာ မဟုတ်ဘူး"
ဟု ဖန့်ချန် က ရှင်းပြလိုက်သည်။ သူသည် အနီးသို့ ချဉ်းကပ်ကာ အလောင်းကို ရှာဖွေကြည့်ရာ ဝိညာဉ်အမှတ်အသား ၄ ခုပါသော ရတနာတစ်ခုကိုသာ တွေ့ရသည်။ ဝိညာဉ်ကျောက်တုံး တစ်တုံးတောင် ပါမလာပေ
ချီသန့်စင်ခြင်း အဆင့် ၆ ကျင့်ကြံသူတစ်ဦး ဖြစ်ပါလျက် ဝိညာဉ်အမှတ်အသား ၄ ခုသာရှိသော ရတနာကို အသုံးပြုနေသည်မှာ တကယ့်ကို ဆင်းရဲလွန်းသည့် လူတစ်ယောက်ဟုသာ ဆိုရမည်။
ဖန့်ချန် က ထိုရတနာကို ယူလိုက်သည်။
ထို့နောက် စိတ်အာရုံဖြင့် မီးတောက်တစ်ခုကို ဖန်တီးကာ အလောင်းပေါ်သို့ ချလိုက်ရာ ချက်ချင်းပင် ပြာအဖြစ် ပြောင်းလဲသွားတော့သည်။
ထိုမီးတောက်မှာ အခန်းထဲရှိ တခြားအရာများကို လုံးဝ မထိခိုက်စေပေ။
၎င်းကို မြင်သောအခါ နတ်သမီးယွီ ၏ မျက်လုံးများ အရောင်တောက်သွားသည်။
"ကျွန်မကော အဲဒီလို အတတ်ပညာတွေကို ဘယ်တော့ သင်ရမှာလဲ သခင်လေး"
ဖန့်ချန် က သူမကို ပြုံးပြလိုက်ပြီး
"မင်းကို ချီသန့်စင်ခြင်း ကျင့်စဉ်တစ်ခု သင်ပေးဖို့ ငါ စဉ်းစားထားပါတယ် မင်း ဒီလမ်းစဉ်ပေါ်ကို တက်လှမ်းနိုင်မလားဆိုတာ ကြည့်ရမှာပေါ့တကယ်လို့ မအောင်မြင်ခဲ့ရင်လည်း အတင်းအကျပ် မလုပ်ပါနဲ့"
ဟု ဆိုသည်။
နတ်သမီးယွီ နှင့် အခြားသူများကို သူကိုယ်တိုင် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
သူတို့၏ သိုင်းပညာပါရမီမှာ ထူးချွန်သော်လည်း ၎င်းမှာ ကျင့်ကြံခြင်း ပါရမီရှိသည်ဟု မဆိုလိုနိုင်ပေ။
ထိုစဉ်မှာပင် ဖန့်ချန် ၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး သူသည် နန်းတော်တည်ရှိရာ ဘက်သို့ မသိစိတ်ဖြင့် လှည့်ကြည့်လိုက်သည်။
ခဏအကြာတွင် သူက နတ်သမီးယွီ ကို ပြောလိုက်သည်။
"ခဏစောင့်ဦး"
စိတ်အာရုံကို စုစည်းကာ ဖန့်ချန် ၏ ဝိညာဉ်ခန္ဓာမှာ လေထဲသို့ ပျံတက်သွားပြီး မျက်တောင်တစ်ခတ်အတွင်း နန်းတော်အထက်သို့ ရောက်ရှိသွားသည်။
သူ ခံစားခဲ့ရသော ခြိမ်းခြောက်မှု အရှိန်အဝါမှာ ယခုအခါ ပို၍ ပြင်းထန်လာပြီး သူ၏ ဝိညာဉ် ကိုယ်ထဲမှ မထွက်မီကပင် သိသိသာသာ ခံစားနေရခြင်း ဖြစ်သည်။
ဒါက နန်းတော်ထဲမှာ ထူးခြားတဲ့ အရာတစ်ခုခု ဖြစ်ပျက်နေတယ်ဆိုတာကို သံသယဖြစ်စရာ မရှိအောင် သက်သေပြနေခြင်းပင်
နန်းတော်၏ နောက်ဖေးခြံဝန်းအတွင်း၌ မဟာရှဧကရာဇ်သည် လူအားလုံးကို ဖယ်ရှားထားပြီး ဖြစ်သည်။
ယခုအခါ ဘိုးဘေး ရှယားယိ နှင့် သူ၏ ဂျူနီယာနှစ်ဦးသာ ကျန်ရှိတော့သည်။
သူတို့ရှေ့တွင် ဖြူလွလွ အလင်းတန်းများ ထွက်ပေါ်နေသော အရာတစ်ခု လေထဲတွင် ဝဲနေသည်။
အမျိုးသားနှင့် အမျိုးသမီးမှာ အံ့သြတကြီး ဖြစ်နေကြပြီး သူတို့၏ မျက်လုံးထဲတွင် လောဘရိပ်များ ဝေ့သီနေသည်။
"စီနီယာရှ မဟာရှ မှာ ဘယ်လိုလုပ် ဝိညာဉ်ခြင်ဆီ ရှိနေရတာလဲ"
ဧကရာဇ်၏ အကြည့်မှာ လှုပ်ခတ်သွားသည်။
"ဝိညာဉ်ခြင်ဆီ ဟုတ်လား"
ဘိုးဘေး ရှ ယားယိ က အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ ဂျူနီယာနှစ်ဦးကို ကြည့်လိုက်သည်။
"ဂျူနီယာလျို၊ ဂျူနီယာကျန်ထိုင်... ဒီကျောက်စိမ်းလို အရာက ဒဏ္ဍာရီလာ ဝိညာဉ်ခြင်ဆီ လို့ ပြောနေတာလား"
သူ၏ နှလုံးခုန်သံများ မြန်လာသည်။
"ဝိညာဉ်ခြင်ဆီ မှာ ကိုယ်ပိုင်အသိဉာဏ် ရှိတယ်လို့ ပြောကြတယ် အဲဒါရဲ့ အစိတ်အပိုင်း အနည်းငယ်လေးကို စားသုံးမိရုံနဲ့တင် ထူးခြားတဲ့ ပါရမီတွေကို ရရှိစေနိုင်တယ် အဲဒါက ငါတို့ကို မသေမျိုးအဆင့်အထိတောင် ပို့ဆောင်ပေးနိုင်တယ်..."
ဝိညာဉ်ခြင်ဆီ ဟုတ်လား
ဟင်းလင်းပြင်ထဲတွင် ဖန့်ချန် သည် ထိုအရာကို စိုက်ကြည့်နေသည်။
သူ ခံစားခဲ့ရသော ခြိမ်းခြောက်မှုမှာ ထိုအရာထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ကျောက်စိမ်းကဲ့သို့သော ထိုအရာတွင် တကယ်ပဲ အသိဉာဏ် ရှိနေပုံရသည်
ထိုစဉ်မှာပင် ဂျူနီယာလျို က သတိပြန်ဝင်လာပြီး အလျင်အမြန် တိုက်တွန်းလိုက်သည်။
"မြန်မြန်... မြန်မြန်... အဲဒါကို နှိပ်ကွပ်လိုက် လွတ်မသွားစေနဲ့ ဝိညာဉ်ခြင်ဆီ က ပေါ်လာပြီဆိုရင် သူ့ဘာသာ သခင်ရွေးတတ်တယ် အခု သူ လုံးဝ နိုးထမလာသေးတဲ့ အချိန်မှာ ငါတို့မှာ သူ့ကို ဖမ်းဖို့ အခွင့်အရေး ရှိသေးတယ်"