အခန်း (၁၆၃-၁၆၄)
Vol. 17 Ch. 163-164
အခန်း ၁၆၃ - ပြန်ပေးဆွဲခံရခြင်း
"အဘိုး"
"အဖေ၊ အမေ"
"ဒုတိယဦးလေး"
ဖန့်ချန် သည် မိသားစုဝင်များကို တစ်ဦးပြီးတစ်ဦး ဂါရဝပြုပြီးနောက် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ကျွန်တော့်ရဲ့ ညီမလေးကော ဘယ်ရောက်နေလဲဟင်"
ဖန့်ချန်းဟိုင် က ပြုံး၍
"ဖန့်ကျစ်ရွှယ် က ရှမင်းသား ရဲ့ စံအိမ်ကို သွားတယ်။ အခုတလော သူက ရှန်းမင်းသား ရဲ့ ဆဌမမြောက်သမီးနဲ့ တော်တော်လေး အဆင်ပြေနေတာ"
ဟု ဖြေသည်။
ဖန့်ချန် ခေါင်းညိမ့်လိုက်ပြီး ဖန့်ကျန့်ထျန် ကို ကြည့်လိုက်သည်။ အဘိုးဖြစ်သူ၏ ကျင့်ကြံမှုမှာ တိုးတက်လာပြီး ဒုတိယမြောက် မသေမျိုးသွေးကြောကိုပင် ဖွဲ့စည်းနိုင်ခဲ့ပုံရသည်။
ဖန့်ချန်းဟိုင် ဇနီးမောင်နှံနှင့် ဖန့်ချန်းယူ တို့မှာမူ မသေမျိုးသွေးကြောများကို မဖွဲ့စည်းနိုင်ကြသေးပေ။
"နေလို့ ထိုင်လို့ ဘယ်လိုရှိလဲ အဘိုး"
"မဆိုးပါဘူး မင်းပေးထားတဲ့ ဝိညာဉ်ကျောက်တုံးတွေကြောင့် ငါ့ရဲ့ ကျင့်ကြံမှုနှုန်းက တော်တော်လေး မြန်လာတယ်"
ဟု ဖန့်ကျန့်ထျန် က ဆိုသည်။
"မြို့တော်မှာကော အခြေအနေတွေ ဘယ်လိုရှိလဲ"
ဖန့်ချန် သည် ဝိညာဉ်ခြင်္ဆီ ပေါ်ထွက်လာခြင်း အပါအဝင် ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ပြန်ပြောပြလိုက်သည်။
ထို့အပြင် ဂိုဏ်းအသီးသီးမှ တပည့်လာရောက်ရွေးချယ်ကြပုံ၊ သူနှင့် ကျူးယွဲ့၊ ကျင်းနန် အကြီးအကဲတို့ ပူးပေါင်းပြီး ဝိညာဉ်သွေးဂိုဏ်း မှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကို သတ်ဖြတ်ခဲ့ပုံများကို ပြောပြသည်။
ထို့နောက် ရှယိ ၊ ရှောင်ဆန်းချဲ့ နှင့် အခြားသူများကို သတ်ဖြတ်ခဲ့ပုံကိုလည်း ဆက်ပြောပြလိုက်သည်။
သူ ပြောပြလေလေ၊ မိသားစုဝင်များ၏ မျက်နှာမှာ ပို၍ လေးနက်လာလေလေ ဖြစ်သည်။
အချိန်တိုအတွင်း ထိုမျှလောက် များပြားသော အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
ဖန့်ချန်းဟိုင် က ဒေါသတကြီးဖြင့်
"ရှယိ ကတော့ တကယ်ကို ဦးနှောက်မရှိတာပဲ အိမ်ရှေ့မင်းသား ဖြစ်နေပြီးတော့မှ ပြင်ပလူတွေနဲ့ ပူးပေါင်းပြီး မဟာရှ ပြည်သူတွေကို ဒုက္ခပေးရတယ်လို့"
ဟု အော်ဟစ်လိုက်သည်။
ဖန့်ချန်းယူ ကလည်း မျက်မှောင်ကြုတ်လျက်
"သေသွားတာပဲ ကောင်းပါတယ်"
ဟု ခေါင်းညိမ့်ထောက်ခံသည်။
ဖန့်ကျန့်ထျန် က ဖြည်းဖြည်းချင်း ခေါင်းညိမ့်ကာ
"ဝိညာဉ်သွေးဂိုဏ်း က အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ သေသွားပြီဆိုတော့ ဒီကိစ္စက အဆုံးသတ်သွားပြီလို့ ပြောလို့ရတယ် မဟာရှ က လောလောဆယ်တော့ ဘေးကင်းသွားပြီပေါ့"
ဟု ဆိုသည်။
"ဒါပေမဲ့ ဘိုးဘေး ရှယားယိ က တစ်ချိန်က တောင်ပိုင်းကောင်းကင်ဂိုဏ်း မှာ ရှိခဲ့ဖူးတာကတော့ အံ့သြစရာပဲ သူက မသေမျိုးလမ်းစဉ်ကို အမြဲတမ်း စွဲစွဲလန်းလန်း ရှာဖွေနေခဲ့တာ ငါမှတ်မိသေးတယ် အခုတော့ သူ တကယ်ပဲ အောင်မြင်သွားခဲ့တာပေါ့"
"ဝိညာဉ်ခြင်္ဆီ ပေါ်တုန်းက ငါတို့ မြို့တော်မှာ မရှိခဲ့တာ နည်းနည်းတော့ နှမြောစရာပဲ"
ဖန့်ချန်းယူ က နောင်တရသလို ကြည့်ကာ
"ငါသာ အဲဒီမှာ ရှိရင် အကျိုးကျေးဇူးတွေ ရနိုင်မှာပဲ ငါ့ရဲ့ ပထမဆုံး မသေမျိုးသွေးကြောကိုတောင် ဖွဲ့စည်းနိုင်ခဲ့မလား မသိဘူး"
"ကျင့်ကြံခြင်းဆိုတာ အတင်းအကျပ် လုပ်ယူလို့ မရဘူး။ ပါရမီပါရင် ပါမယ်၊ မပါရင် မပါဘူးပေါ့"
ဟု ဖန့်ကျန့်ထျန် က ပေါ့ပေါ့ပါးပါး ပြောသည်။
"မင်း မသေမျိုးသွေးကြော မဖွဲ့စည်းနိုင်ရင်တောင် ခရမ်းရောင်ချီကျမ်း ကို အားကိုးပြီး ခန္ဓာကိုယ်ကို ကျန်းမာအောင် လုပ်လို့ရတယ်၊ အဲဒါက မင်းရဲ့ သိုင်းပညာကျင့်ကြံမှုအတွက်လည်း အကျိုးရှိတာပဲ"
"ဟုတ်ပါတယ် ဦးလေး နောက်ပြီး ဦးလေးသာ ကောင်းကင်နက်နဲခြင်းအဆင့် ကို ရောက်ရင် သာမန် ဝိညာဉ်စွမ်းအင်ကျင့်ကြံသူတွေထက် ပိုတောင် အစွမ်းထက်ဦးမှာပါ"
ဟု ဖန့်ချန် က ဝင်ပြောလိုက်သည်။ ထို့နောက် ခဏအကြာတွင် သူ၏မျက်နှာမှာ လေးနက်သွားတော့သည်။
မိသားစုဝင်အားလုံး တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားလိုက်ရသည်။
"တစ်ခုခု ဖြစ်လို့လား ချန်အာ"
ဟု ဖန့်ချန်းဟိုင် က မေးလိုက်သည်။
"အဒေါ်... သူမကို ရှရွှမ်ကျိ က ခေါ်သွားပြီ"
ဖန့်ချန်းဟိုင် နှင့် အခြားသူများ၏ မျက်နှာများ ချက်ချင်း ညိုးငယ်သွားကြသည်။
အံ့သြမှုပြီးနောက် ဒေါသများ ဝင်လာသည်။
ဖန့်ချန်းယူ ၏ မျက်နှာမှာ သွေးရောင်လွှမ်းသွားပြီး
"အဲဒီအကောင် သူကလည်း ကျင့်ကြံသူ ဖြစ်နေတာလား ငါ့နှမကို ခေါ်သွားတာ မင်းကို ခြိမ်းခြောက်ဖို့လား"
ဟု ဟိန်းဟောက်လိုက်သည်။
ဖန့်ကျန့်ထျန် ကမူ တည်ငြိမ်နေဆဲဖြစ်သည်။
"မလန့်ကြနဲ့ဦး သူ ဖန့်ချန်းယွဲ့ ကို ခေါ်သွားတာက ဖန့်ချန် ကို ရင်ဆိုင်နိုင်တဲ့အထိ ယုံကြည်မှု မရှိမချင်း သူမကို ထိခိုက်စေမှာ မဟုတ်ဘူး"
ဖန့်ချန်းဟိုင် က လက်သီးကို တင်းတင်းဆုပ်ထားသည်။
"ချန်အာ... သူတို့ကို ရှာဖို့ နည်းလမ်းမရှိဘူးလာ ရှရွှမ်ကျိ ရဲ့ အကြံအစည်က ဒီလောက်အထိ နက်ရှိုင်းလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး သူ့သားအရင်းကိုတောင် အသုံးချသွားတာလား"
ဟု ကြိမ်းဝါးလိုက်သည်။
ဖန့်ချန် က ခဏစဉ်းစားပြီး ခေါင်းခါပြသည်။
"သူက တမင်တကာ ပုန်းနေမယ်ဆိုရင်တော့ သူတို့ကို ရှာဖို့ ခက်ပါလိမ့်မယ်"
"သူက တော်ဝင်မိသားစုက ဖြစ်တဲ့အတွက် တစ်နေ့နေ့တော့ မဟာရှ ကို ပြန်လာရမှာပဲ"
ဖန့်ကျန့်ထျန် က အေးစက်စွာ ပြောသည်။
"အဲဒီအချိန်ကျမှ ငါ ကိုယ်တိုင် သူနဲ့ စာရင်းရှင်းမယ်"
ကျင့်ကြံရန် တွန့်ဆုတ်နေသော ဖန့်ချန်းယူ သည် ယခုအခါ စိတ်ပိုင်းဖြတ်လိုက်ပြီဖြစ်သည်။
သူသည် ခရမ်းရောင်ချီကျမ်း ကို အသည်းအသန် ကျင့်ကြံပြီး နောက်တစ်ကြိမ်တွေ့လျှင် ရှရွှမ်ကျိ ကို သင်ခန်းစာ ပေးမည်ဟု ဆုံးဖြတ်လိုက်သည်။
"အဘိုး"
ဖန့်ချန် က ခေါ်လိုက်သည်။
"ဘိုးဘေး ရှယားယိ က ကျွန်တော့်ကို နေရာတစ်ခုဆီ လိုက်ခဲ့ဖို့ ဖိတ်ခေါ်ထားတယ် ကျွန်တော် သွားကြည့်မလို့ပါ။ ဒါက အဘိုးအတွက် ဝိညာဉ်ကျောက်တုံး ၃၀၀ ပါ နောက်ပြီး ဒီ ဝိညာဉ်တိုင်းတာရေး ခေါင်းလောင်း ကိုလည်း ယူထားပါ"
ဖန့်ချန် သည် သူ၏ သိုလောင်လက်စွပ်ထဲမှ ဝိညာဉ်ကျောက်တုံး ၃၀၀ ကို ထုတ်ပေးလိုက်ပြီး လိုအပ်လျှင် သုံးရန် ၃၀၀ သာ ချန်ထားတော့သည်။
ထို့နောက် ဝိညာဉ်သွေးဂိုဏ်း ကျင့်ကြံသူထံမှ ရခဲ့သော သိုလောင်လက်စွပ်ကိုလည်း အဘိုးအား ပေးလိုက်သည်။
သိုလောင်လက်စွပ်ကို မြင်သောအခါ ဖန့်ကျန့်ထျန် စိတ်ဝင်စားသွားသည်။ ထိုကဲ့သို့ ပစ္စည်းများမှာ အလွန်အသုံးဝင်ပြီး သူ့ဘဝကို ပို၍ လွယ်ကူစေမည် မဟုတ်ပါလား။
ဖန့်ကျန့်ထျန် လက်ထဲမှ ခေါင်းလောင်းလေးကို မြင်သောအခါ ဖန့်ချန်းယာ က စူးစမ်းလိုစိတ်ဖြင့် သူ၏ ဝှီးချဲကို ရှေ့သို့ တိုးလာသည်။
"ဒါက မင်းပြောတဲ့ ပါရမီကို စစ်ဆေးပေးနိုင်တဲ့ ဝိညာဉ်တိုင်းတာရေး ခေါင်းလောင်း လား"
ဦးလေးဖြစ်သူ၏ ခြေထောက်များကို ကြည့်ရင်း ဖန့်ချန် တစ်ချက် ပြုံးလိုက်မိသည်။ ထိုဦးလေးမှာ အဘိုးရှေ့မှာပင် အခုထိ သရုပ်ဆောင်နေတုန်းပင်။
သူ ထိုကိစ္စကို ဘေးဖယ်ထားလိုက်ပြီး
"ဟုတ်ပါတယ်၊ ဒါပေမဲ့ ဒါက နည်းနည်း ပျက်စီးနေလို့ အကြိမ်အရေအတွက် အများကြီး သုံးလို့မရဘူး ဖန့်ကျစ်ရွှယ် ပြန်လာရင် အားလုံးအတူတူ စမ်းသပ်ကြည့်ကြတာပေါ့ နောက်ပိုင်းမှာ ကျင့်ကြံဖို့ ပါရမီရှိတဲ့သူ တွေ့ရင်လည်း စမ်းပေးလို့ရတယ်၊ ဒါပေမဲ့ ချွေတာပြီး သုံးပါ နောက်မှ ကျွန်တော် ပိုကောင်းတဲ့ ခေါင်းလောင်းတစ်ခု ရှာခဲ့ပေးမယ်"
ဟု ပြောလိုက်သည်။
ဖန့်ချန်းဟိုင် က ချက်ချင်းပင် ဖန့်ကျစ်ရွှယ် ကို သွားခေါ်ခိုင်းလိုက်သည်။
သူတို့သည် ဖန့်ကျစ်ရွှယ် ပြန်လာမှ စမ်းသပ်ရန် စီစဉ်ထားသော်လည်း စိတ်မထိန်းနိုင်သဖြင့် သူမ မလာခင်မှာပင် စတင် စမ်းသပ်လိုက်ကြသည်။
အားလုံး တစ်ယောက်ပြီးတစ်ယောက် ဝိညာဉ်တိုင်းတာရေး ခေါင်းလောင်း ကို သုံးကြည့်ကြသည်။
ရလဒ်ကတော့ စိတ်မကောင်းစရာပင်။ ဖန့်ချန်းဟိုင် နှင့် ဇနီးမှာ ကျင့်ကြံရန် ပါရမီ လုံးဝမရှိဘဲ၊ ဖန့်ချန်းယူ မှာမူ ခေါင်းလောင်းကို နှစ်ကြိမ်သာ မြည်အောင် လုပ်နိုင်ခဲ့သည်။
"ငါတို့ ဖန့်မိသားစုဝင်တွေက ဒီလောက်အထိ ပါရမီ ညံ့တာလား"
ဟု ဖန့်ချန်းယူ က ရေရွတ်လိုက်သည်။
"ကိစ္စမရှိပါဘူး"
ဖန့်ချန်းဟိုင် ကတော့ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
သူသည် ဇနီးဖြစ်သူ၏ လက်ကို ကိုင်ကာ ဖန့်ကျန့်ထျန် ကို ပြုံး၍ ပြောလိုက်သည်။
"အဖေ. ကျွန်တော်တို့ နှစ်ယောက်ကတော့ အဖေ့အနားမှာ အမြဲရှိနေမှာ မဟုတ်တော့ဘူး ကျွန်တော်တို့ တောင်ပိုင်းဒေသတစ်ဝိုက်မှာ ခရီးထွက်ပြီး လည်ပတ်ဖို့ စဉ်းစားထားတယ်"
"သွားချင်ရင် သွားပါ၊ ဒါပေမဲ့ လူအချို့ကိုတော့ ခေါ်သွားပါ။ မင်းတို့ရဲ့ အဆင့်အတန်းက အထူးအဆန်း ဖြစ်နေပြီ တစ်ယောက်ယောက်က ဖန့်ချန် ကို ဒုက္ခပေးဖို့ မင်းတို့ကို အသုံးချမှာ စိုးရိမ်ရတယ်"
ဟု ဖန့်ကျန့်ထျန် က ဆိုသည်။
ဖန့်ချန်းဟိုင် က ပြုံး၍
"မစိုးရိမ်ပါနဲ့ အဖေ ဖန့်ချန် က ကျွန်တော့်ကို ခရမ်းရောင်လျှပ်စီးအဆောင် တွေ ပေးထားတယ် ဝိညာဉ်စွမ်းအင်ကျင့်ကြံသူနဲ့ တွေ့ရင်တောင် သူတို့ ကျွန်တော်တို့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး"
ဟု ပြောသည်။
တစ်နာရီခန့် ကြာပြီးနောက်... မြို့ထဲသို့ ဖန့်ကျစ်ရွှယ် ကို သွားရှာသော အစေခံမှာ ပြာပြာသလဲ ပြန်ရောက်လာသည်။ သူ သယ်လာသော သတင်းမှာ မကောင်းလှပေ။ ဖန့်ကျစ်ရွှယ် ပြန်ပေးဆွဲခံလိုက်ရပြီ
ရှမင်းသား ရဲ့ သား ရှယားယွီ လည်း ထိုအစေခံနှင့်အတူ လိုက်ပါလာသည်။
သူသည် တစ်ကိုယ်လုံး ချွေးစေးများ ထွက်နေပြီး ဖန့်ချန် တို့ကို မြင်လိုက်ရသောအခါ မျက်နှာမှာ ဖြူလျော်သွားသည်။
"မြို့စားဖန့် ဒီကိစ္စက ကျွန်တော်တို့နဲ့ လုံးဝ မပတ်သက်ပါဘူး"
ဖန့်ချန် က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"ငါ့ညီမက မင်းတို့ စံအိမ်ကို သွားပြီးတော့မှ ပြန်ပေးဆွဲခံရတာလေ မင်းတို့နဲ့ မဆိုင်ဘူးလို့ ပြောရဲသေးတာလား"
ရှယားယွီ က မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး
"ကျေးဇူးပြုပြီး မြို့စားဖန့် ကျွန်တော့် အဖေက နေရာအနှံ့ လူလွှတ်ရှာနေပါပြီ"
"ထလိုက်ပါ"
ဖန့်ချန် က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"သူမ ဘယ်မှာလဲဆိုတာ ငါ သိပြီးသားပါ"
"မင်း အသက် ၃၀ ဝန်းကျင်လောက်ရှိပြီး မျက်စိတစ်ဖက် ကွယ်နေတဲ့ ပညာရှိ တစ်ယောက်ကို သိလား"
ဟု ဖန့်ချန် က မေးလိုက်သည်။
ရှယားယွီ မှင်သက်သွားပြီး သူ၏မျက်လုံးများတွင် မယုံနိုင်မှုများ ယှက်သန်းသွားသည်။
"သူလား"
အခန်း ၁၆၄ - သက်ရှည်ချီစွမ်းအင်
တောင်ပိုင်းဒေသတွင် စာပေဝါသနာထပ်သန်သူများ ပညာသင်ကြားနိုင်သည့် အကယ်ဒမီကျောင်းတော်တစ်ခု ရှိသည်။
ရှမင်းသား သည် ထိုကျောင်းတော်၏ ဂုဏ်ထူးဆောင်ကျောင်းအုပ်အဖြစ် တာဝန်ယူထားပြီး ဟောပြောပွဲများ နားထောင်နိုင်ရန် သူ၏သား ရှီးယားစုန်း ကို မကြာခဏ ခေါ်သွားလေ့ရှိသည်။
ထိုလမ်းခရီးတစ်လျှောက်တွင် ရှယားယွီသည် ကျောက်ယန် အမည်ရှိ ပညာရှိလေးတစ်ဦးနှင့် စတင်ရင်းနှီးခဲ့သည်။
ကျောက်ယန်သည် ဆင်းရဲသော မိသားစုမှ ဆင်းသက်လာသူဖြစ်သည်။
သူသည် ချောမောပြေပြစ်ပြီး အလွန်ထက်မြက်သည့် ဦးနှောက်ရှိသူဖြစ်ကာ ကျောင်းတော်မှ ဘာသာရပ်များကို လျင်မြန်စွာ နားလည်သဘောပေါက်သူ ဖြစ်သည်။
စာသားများကို အလွတ်ရွတ်ဆိုနိုင်ရုံတင်မကဘဲ ၎င်းတို့အပေါ် ကိုယ်ပိုင်ထူးခြားသည့် အမြင်များကိုလည်း ဖော်ထုတ်နိုင်စွမ်းရှိသည်။
သို့သော် ရှမင်းသားက သူ့ကို အထူးတလည် အရေးပေးမှုကြောင့် ကျောင်းတော်ရှိ အခြားပညာရှိများက မနာလိုဖြစ်ကာ ကျောက်ယန်ကို နှိပ်စက်ညှင်းပန်းမှုများ ပြုလုပ်ခဲ့ကြသည်။
ကျောက်ယန်သည် ထိုရန်ငြိုးများကို ဂရုမစိုက်ဘဲ စာပေလေ့လာခြင်းကိုသာ အာရုံစိုက်ခဲ့သည်။
သူသည် စာအုပ်များစွာကို ဖတ်ရှုပြီး တစ်ခါတစ်ရံတွင် ရှယားယွီ၏ ဖိတ်ကြားချက်အရ မဟာရှမြစ် တစ်လျှောက် လှေစီးခြင်းနှင့် ကဗျာရွတ်ဆိုခြင်းများကို ပြုလုပ်လေ့ရှိသည်။
သို့သော် တစ်ချိန်တွင် တောင်ပိုင်းဒေသ၌ အမျိုးသမီးများ စတင်ပျောက်ဆုံးလာခဲ့သည်။
ပျိုမေများမှစ၍ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် မိန်းကလေးငယ်များအထိ ပါဝင်သည်။
ထိုအမှုမှာ အလျင်အမြန်ပင် အာရုံစိုက်ခြင်း ခံလိုက်ရပြီး ကျွယ်ပန်းရှီ ကိုယ်တိုင် တရားခံကို ဖမ်းဆီးရန် ဦးဆောင်ရှာဖွေခဲ့သည်။
ရက်အနည်းငယ်အကြာတွင် ကျောက်ယန်၏ ဟောင်းနွမ်းစုတ်ပြတ်နေသော အိမ်ဝင်းအတွင်း မြှုပ်နှံထားသည့် ပုပ်ပွနေသော အမျိုးသမီးအလောင်းများကို ရှာဖွေတွေ့ရှိခဲ့သည်။ သေဆုံးသူများ၏ ပုံသဏ္ဌာန်မှာ ပျောက်ဆုံးနေသူများနှင့် ထပ်တူကျနေသည်။
ထို့ကြောင့် ကျောက်ယန်မှာ သံသယရှိသူအဖြစ် သဘာဝကျကျ ဖမ်းဆီးခံလိုက်ရတော့သည်။
ပြင်းထန်သော စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သော်လည်း ကျောက်ယန်က သူလုပ်ခဲ့ခြင်း မဟုတ်ကြောင်းနှင့် သူ အပြစ်မရှိကြောင်း အစဉ်တစိုက် ငြင်းဆိုခဲ့သည်။
ရှယားယွီ သူ့ကို နောက်ဆုံးတွေ့ခဲ့ချိန်တွင် ကျောက်ယန်၏ မျက်စိတစ်ဖက်မှာ ကွယ်နေပြီဖြစ်ပြီး တစ်ကိုယ်လုံးတွင်လည်း ကြောက်မက်ဖွယ်ရာ ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။
ထိုစဉ်က ကျောက်ယန်မှာ အသက်ငွေ့ငွေ့သာ ကျန်တော့သည့် အခြေအနေ ဖြစ်သည်။
သူသည် သူ အပြစ်မရှိကြောင်း အသည်းအသန် ပြောဆိုနေခဲ့ပြီး ရှယားယွီအနေဖြင့် သူ့အတွက် အမှန်တရားကို ဖော်ထုတ်ပေးပြီး တကယ့်တရားခံကို ရှာဖွေပေးရန် မျှော်လင့်နေခဲ့သည်။
"မြို့စားဖန့် ကျောက်ယန်ကို လက်ပူးလက်ကျပ် မိခဲ့တာပါ၊ ခိုင်မာတဲ့ သက်သေတွေလည်း ရှိပါတယ်ကျွန်တော့်ရဲ့ အာဏာကို သုံးပြီး သူ့အပြစ်ကို ဘယ်လိုလုပ် ဖုံးကွယ်ပေးနိုင်မှာလဲ အသက်ဆုံးရှုံးသွားတဲ့ အပြစ်မဲ့ အမျိုးသမီးတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို ကျွန်တော် ဘယ်လို မျက်နှာပြရမလဲ"
ရှယားယွီက သွားကြိတ်လျက် ပြောသည်။
"အဲဒီ အကွပ်မျက်ခံရမယ့် ကျောက်ယန်က အချုပ်ထဲကနေ ထွက်ပြေးနိုင်လိမ့်မယ်လို့ ကျွန်တော် လုံးဝ မထင်ထားခဲ့ဘူး သူက ရုတ်တရက်ပဲ ထူးခြားတဲ့ စသိုင်းပညာစွမ်းရည်တွေကို ပြသပြီး အထူးအစောင့် တော်တော်များများကို အနိုင်ယူကာ တောင်ပိုင်းဒေသကနေ ပျောက်ကွယ်သွားခဲ့တယ်"
"သူ့ရဲ့ လုပ်ရပ်ကြောင့် သူက တကယ့်တရားခံဆိုတာ ကျွန်တော်တို့ ပိုသေချာသွားခဲ့တာပေါ့ သူက လူရုပ်ဆောင်ထားတဲ့ အသည်းနှလုံးမရှိတဲ့ သားရဲတစ်ကောင်ပဲ သူ့မှာ အစွမ်းထက်တဲ့ သိုင်းပညာရှိပေမဲ့ ကမ္ဘာကြီးကို ဖုံးကွယ်ထားပြီး တိတ်တဆိတ် ယုတ်မာတဲ့ အလုပ်တွေကို လုပ်နေခဲ့တာ သူ့လုပ်ရပ်တွေက ကောင်းကင်ဘုံနဲ့ ကိုယ်ကျင့်တရားကို ဆန့်ကျင်နေတယ်"
ဟု ရှယားယွီက ဆိုသည်။
"ကျောက်ယန်မှာ သိုင်းပညာရှိတာ သိကတည်းက ကျွန်တော်တို့ ရှာနေခဲ့တာ၊ ဒါပေမဲ့ အခုထိ နှစ်ပေါင်းများစွာကြာအောင် ဘာသတင်းမှ မရခဲ့ဘူး"
နောက်ဆုံးတွင် ရှယားယွီက ဖန့်ချန် ကို စိုက်ကြည့်ကာ အလျင်အမြန် မေးလိုက်သည်။
"ကျောက်ယန်က ကျွန်တော့်ရဲ့ ညီမလေးနဲ့ သခင်မလေး ကျစ်ရွှယ် ကို ပြန်ပေးဆွဲသွားတာလား"
ဖန့်ချန် ရုတ်တရက် ရယ်မောလိုက်သည်။
"ဒီလောက် အစွမ်းထက်တဲ့ သိုငပညာရှင်တစ်ယောက်က ဘာလို့ သာမန်အစောင့်တွေရဲ့ ဖမ်းဆီးညှင်းပန်းမှုကို ခံယူနေမှာလဲ"
ရှယားယွီခဏမျှ မှင်သက်သွားပြီး သူ၏ အမူအရာမှာ ရှုပ်ထွေးသွားသည်။
ထိုအချက်မှာ လူတိုင်း စဉ်းစားခဲ့ကြသည့် အချက်ပင်။ သို့သော် ထိုစဉ်က ကျောက်ယန်အပေါ် လူထု၏ ပြင်းထန်သော ဆန့်ကျင်မှု ရေလှိုင်းကြီးက သူတို့အား ကျောက်ယန်ကို အရေးယူရန် ဖိအားပေးခဲ့ခြင်း ဖြစ်သည်။
အခြားဖြစ်နိုင်ခြေတစ်ခုမှာ ကျောက်ယန်သည် သူ၏ စွမ်းရည်များကို မထုတ်ပြဘဲ ထိုဘေးဒုက္ခမှ လွတ်မြောက်ကာ ကျောင်းတော်တွင် ဆက်လက်ပညာသင်ကြားလိုခြင်း ဖြစ်နိုင်သည်။
သူသည် နန်းတွင်းအရာရှိအဖြစ် ဝင်ရောက်လိုခြင်း ဖြစ်ပေလိမ့်မည်။ သူ ထွက်ပြေးခဲ့လျှင် အရာအားလုံး ဆုံးရှုံးသွားပေလိမ့်မည်။
ခဏကြာ နားထောင်ပြီးနောက် ဖန့်ချန်းဟိုင် နှင့် ဇနီးဖြစ်သူက ဖန့်ချန် ကို လှည့်ပြောလိုက်သည်။
"ချန်အာ... မင်း ချက်ချင်းသွားပြီး ကျစ်ရွှယ်ကို ပြန်ခေါ်လာပါဦး သူမကို အထိခိုက်မခံစေနဲ့"
ဖန့်ချန် ခေါင်းညိမ့်လိုက်ပြီး ထွက်ခွာသွားတော့သည်။
ဖန့်စံအိမ်တော်နှင့် မိုင် ၁၀၀ ခန့်အကွာ တောင်နက်ထဲတွင် မတ်စောက်သော ကျောက်ဆောင်ကြီးတစ်ခုကို တူးဖော်ထားသည့် ဧရာမ ဂူကြီးတစ်ခု ရှိသည်။
ထိုနေရာမှာ လူသူကင်းမဲ့ပြီး သာမန်လူများ မလာနိုင်သဖြင့် ထိုဂူကြီးမှာ ကြာမြင့်စွာကတည်းက မည်သူမျှ မတွေ့ရှိခဲ့ပေ။
ဂူအတွင်းတွင် အခန်းပေါင်းများစွာ ပါဝင်သည့် လျှို့ဝှက်စံအိမ်တစ်ခု ရှိသည်။
သာမန် စံအိမ်တစ်ခုနှင့် ဆင်တူသော်လည်း သဘာဝအလင်းရောင် မရသဖြင့် နံရံများတွင် ဆီမီးခွက်များ ထွန်းညှိထားသည်။
ဖန့်ကျစ်ရွှယ် နှင့် မင်းသား၏ ဆဌမမြောက်သမီးတို့သည် မှောင်မည်းနေသော ဂူထောင့်ရှိ အေးစက်သော ကျောက်တုံးပေါ်တွင် အတူတူ ကပ်ထိုင်နေကြသည်။ မင်းသမီးလေးမှာ ဖန့်ကျစ်ရွှယ်၏ လက်မောင်းကို တင်းတင်းဖက်ထားပြီး ကြောက်လန့်နေဆဲ ဖြစ်သည်။
မလှမ်းမကမ်းတွင် ပညာရှိတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော လူငယ်တစ်ဦးက စာအုပ်တစ်အုပ်ကို အာရုံစိုက်ကာ ဖတ်နေသည်။
"မင်း ငါက ဘယ်သူလဲဆိုတာ တကယ်မသိဘူးလားငါတို့နှစ်ယောက်ကို ပြန်ပေးဆွဲရဲတယ်ပေါ့ မင်း ဘယ်မှာပုန်းပုန်း ငါ့အစ်ကိုကြီးက မင်းကို ရှာတွေ့ပြီး သတ်လိမ့်မယ်"
ဟု ဖန့်ကျစ်ရွှယ် က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"မင်း ငါတို့ကို အခု လွှတ်ပေးလိုက်ရင် ဘာမှမဖြစ်ခဲ့သလို ငါ ဟန်ဆောင်ပေးမယ် ငါ ဖန့်ကျစ်ရွှယ်ရဲ့ စကားက အတည်ပဲ"
ထိုပညာရှိမှာ မည်သို့မျှ တုံ့ပြန်ခြင်း မရှိပေ။
ဖန့်ကျစိရွှယ် စိုးရိမ်စိတ် တိုးလာသည်။
ထိုသူ၏ နောက်ခံကို သူမ မသိသော်လည်း သူ၏ နည်းလမ်းများမှာ ကြောက်စရာ ကောင်းလှသည်။
သူမသည် ချီပေါက်ကွဲခြင်းအဆင့် ရှိသည့် သိုင်းပညာရှင်တစ်ဦး ဖြစ်သည့်အပြင် 'ူခရမ်းရောင်စွမ်းချီကျမ်း ကိုလည်း ကျင့်ကြံထားပြီး ဝိညာဉ်စမ်းရေများကိုလည်း သောက်သုံးထားသူဖြစ်ရာ သူမ၏ အာရုံခံစားမှုမှာ သာမန်လူထက် ပိုမိုထက်မြက်သည်။
သို့သော် ထိုသူသည် သူမကို တစ်ချက်တည်းနှင့် အလွယ်တကူ ဖမ်းဆီးနိုင်ခဲ့သည်။
ထိုစွမ်းရည်မှာ ချီပေါက်ကွဲခြင်းအဆင့် ကျွမ်းကျင်သူထက်ပင် သာလွန်နေပုံရသည်။
ဖန့်ကျစ်ရွှယ် က ဆက်ပြောသည်။
"ငါ့အစ်ကိုကြီးက ဖန့်ချန် ပဲ မင်းက ချီအမြုတေအဆင့် ရှိရင်တောင် သူ့ကို မပြောနဲ့ သူ့တပည့်တွေကိုတောင် မင်း မနိုင်ဘူး မင်း ကိုယ့်ကိုယ်ကိုယ် အသက်ရှင်ချင်ရင် အခုလွှတ်ပေးစမ်း"
ထိုပညာရှိက နောက်ဆုံးတွင် နှုတ်ဖွင့်လိုက်သည်။
"မြို့စားဖန့် အကြောင်းကို ငါ ကြားဖူးတာ ကြာပါပြီ"
ဟု သူက တည်ငြိမ်သောအသံဖြင့် ဆိုသည်။
"ငါလည်း တစ်ချိန်က မြို့တော်ကို သွားပြီး အရာရှိအဖြစ် အမှုထမ်းကာ မြို့စားဖန့် နဲ့အတူ သောက်စားပြီး စကားပြောချင်ခဲ့ဖူးတယ် ဒါပေမဲ့ စိတ်မကောင်းစရာပဲ... အဲဒီလို ဖြစ်လာတော့မှာ မဟုတ်ဘူး"
"နင်လို လူမျိုးက ငါ့အစ်ကိုကြီးနဲ့ စကားပြောဖို့ ဘာအရည်အချင်း ရှိလို့လဲ မင်းက ဓားပြတစ်ယောက်ပဲငါတို့ကို ဖမ်းထားပြီး ဘာလုပ်ချင်နေတာလဲ"
ဟု ဖန့်ကျစ်ရွှယ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ပိုက်ဆံ လိုချင်လို့လား"
ထိုသူက သူ့ကိုယ်သူ လှောင်ရယ်လိုက်သည်။
"ဓားပြ တစ်ယောက်လား"
ထိုအခါမှသာ ဖန့်ကျစ်ရွှယ်သည် ထိုသူ၏ မျက်စိတစ်ဖက်မှာ ကွယ်နေသည်ကို သတိပြုမိသွားပြီး ခေတ္တ အံ့သြသွားသည်။
ထို့နောက် သူမက အသံကို နှိမ့်ကာ မေးလိုက်သည်။
"မင်း ငါတို့ ဖန့်မိသားစုအပေါ် ရန်ငြိုးရှိလို့လား"
"ငါက ရှမင်းသား ရဲ့ ဆဌမမြောက်သမီးကိုပဲ ဖမ်းချင်တာ မင်းကို ပါလာတာက မတော်တဆပါ ငါ ကျောက်ယန် က မင်းတို့ ဖန့်မိသားစုအပေါ် ဘာရန်ငြိုးမှ မရှိဘူး စိတ်မပူပါနဲ့၊ ငါ မင်းကို အန္တရာယ် မပေးဘူး"
ဟု ကျောက်ယန်က ညင်သာစွာ ပြန်ဖြေသည်။
ရှမင်းသား၏ သမီးမှာ ထိုသူက သူမတို့ စံအိမ်ကို တကယ် ပစ်မှတ်ထားနေကြောင်း သိလိုက်ရသောအခါ ပို၍ပင် ကြောက်လန့်သွားတော့သည်။
သူမက တုန်တုန်ရီရီဖြင့်
"ကျွန်မ... ကျွန်မ ရှင့်ကို မသိဘူး"
ဟု
ငိုသံပါပါ ပြောလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက မင်းက မိန်းကလေးငယ်လေးပဲ ရှိသေးတာလေ မင်း ငါ့ကို မသိတာ မဆန်းပါဘူး"
ဟု ကျောက်ယန်က ခပ်ပြုံးပြုံး ဆိုလိုက်သည်။
ဖန့်ကျစ်ရွှယ်တစ်ခုခုကို စတင် နားလည်လာသည်။ ကျောက်ယန်သည် ရှမင်းသားစံအိမ်အပေါ် ရန်ငြိုးတစ်ခုခု ရှိနေပေလိမ့်မည်။
သူမက ခဏ စဉ်းစားပြီး မေးလိုက်သည်။
"နင် ဘာလုပ်ဖို့ ကြံနေတာလဲ"
"သိပ်မမေးပါနဲ့"
ကျောက်ယန်က ခေါင်းခါပြသည်။
"ဒီမှာ ရက်အနည်းငယ်လောက် တိတ်တိတ်လေး နေပေးရုံပါပဲ"
"ရက်အနည်းငယ် ဟုတ်လား"
ဖန့်ကျစ်ရွှယ် က နှာခေါင်းရှုံ့လိုက်သည်။
"နာရီပိုင်းအတွင်းမှာတင် ငါ့အစ်ကိုကြီးက ငါ့ကို လာရှာတွေ့လိမ့်မယ်"
သူမသည် ဖန့်ချန် ပြန်ရောက်မလာသေးသည်ကို မသေချာသော်လည်း သူ၏ နာမည်ကျော်ကြားမှုဖြင့် ထိုသူကို ခြိမ်းခြောက်နိုင်ရန် မျှော်လင့်နေသည်။ မဟာရှတွင် ဖန့်ချန် ၏ နာမည်ကြားရုံနှင့် မတုန်လှုပ်သူ မည်သူ ရှိပါသနည်း
သို့သော် ကျောက်ယန်က တည်ငြိမ်စွာ ပြုံးပြလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
"မင်းရဲ့ အစ်ကိုကြီး ဒီမှာ ရှိနေရင်တောင် သူ ငါ့ကို နိုင်မှာ မဟုတ်ဘူး ငါ့နာမည်က ဒီလောကမှာ မကျော်ကြားတာက ငါ့နာမည်ကို ထုတ်မပြောဖို့ ငါ ကိုယ်တိုင် ဆုံးဖြတ်ထားလို့ပဲ"
ဟု ကျောက်ယန်က ဆိုသည်။
ဖန့်ကျစ်ရွှယ် က မထီမဲ့မြင် ပြန်ရယ်လိုက်သည်။
"ငါ့အစ်ကိုကြီးက မင်းကို မနိုင်ဘူး ဟုတ်လားရယ်စရာပဲ ငါ့အစ်ကိုကြီးရဲ့ နည်းလမ်းတွေက မင်းရဲ့ စိတ်ကူးထက်ကို ကျော်လွန်တယ်"
ကျောက်ယန်က ခပ်ပြုံးပြုံးဖြင့်
"ငါ ခုနစ်နှစ်သားတုန်းက လူသားနက်ရနဲခြင်းအဆင့်ယ ကို အောင်မြင်ခဲ့ပြီးပြီ အသက် ၁၆ နှစ်မှာ သက်ရှည်ချီစွမ်းအင် ကို ငါ နားလည်သဘောပေါက်ခဲ့တယ်"
ဖန့်ကျစ်ရွှယ် အသက်ရှူပင် မှားသွားမိသည်။
သူမ ကျောက်ယန်ကို မယုံနိုင်စွာ စိုက်ကြည့်နေမိသည်။
သူ နောက်နေတာလား သက်ရှည်ချီစွမ်းအင် ဟုတ်လား မြေကမ္ဘာနက်နဲ အဆင့်တွင် အဆင့် လေးဆင့် ရှိသည်။
၎င်းတို့မှာ ကိုယ်တွင်းချီ ၊ မွေးရာပါချီ ၊အနှစ်သာရပြန်ရောက်ခြင်းချီ နှင့် သက်ရှည်ချီ တို့ ဖြစ်ကြသည်။
ဒီလူက သူဟာ သက်ရှည်ချီ စွမ်းအင် အဆင့်ကို ရောက်နေတဲ့ သိုင်းပညာရှင် တစ်ယောက်လို့ ပြောနေတာလား မြေကမ္ဘာနက်နဲ ခြင်းအဆင့် ရဲ့ အထွတ်အထိပ်ကို ရောက်နေတဲ့သူ တစ်ယောက်ပေါ့