← Chapters

အခန်း (၁၇၅-၁၇၆)

Vol. 18 Ch. 175-176

အခန်း (၁၇၅-၁၇၆)

Vol. 18 Ch. 175-176

​အခန်း ၁၇၅ - ကြောက်ရွံ့ခြင်းကင်းသော အရိုးစု

​ဆရာချန် သည် ယွီကျန်း ၏ အသနားခံမှုကို လျစ်လျူရှုကာ အေးအေးဆေးဆေးပင် ပြောလိုက်သည်။

"ငါပြောရဦးမယ် ယွီကျန်း က နည်းနည်းတော့ ခေါင်းမာချင်မာလိမ့်မယ် ဒါပေမဲ့ သူက ဘက်ပေါင်းစုံမှာ တကယ်ကို တော်တဲ့ကလေးပါ အင်း သူက မိန်းကလေးတွေကို မကြိုက်တာတစ်ခုကလွဲရင်ပေါ့လေ"

​သူက မိန်းကလေးတွေကို မကြိုက်ဘူး ဟုတ်လား

​လူအုပ်ကြီးမှာ ထိုစကားကို ယုံကြည်ရန် ခက်ခဲနေကြသည်။

ကျောင်းတော်မှ ကျောင်းသားများမှာမူ ယွီကျန်း အနားမှ နောက်သို့ အလန့်တကြား ဆုတ်ခွာသွားကြပြီး သူတို့၏ မျက်နှာများမှာလည်း စိမ်းဖျော့သွားကြသည်။

​"ဪ ဒါနဲ့ မင်းတို့ မသိသေးတာ တစ်ခုရှိသေးတယ် သူက ကျောက်ယန် ကို တကယ် သဘောကျတာ ဟင်း အချစ်က နက်ရှိုင်းလေလေ အမုန်းက ပြင်းထန်လေလေပါပဲ"

ဆရာချန် ၏ မျက်နှာမှာ ဝမ်းနည်းသည့် အမူအရာ ပေါ်လာသည်။

"လောကမှာ အချစ်ဆိုတဲ့ ခံစားချက်ကနေ ဘယ်သူများ လွတ်မြောက်နိုင်မှာလဲ"

​ယွီကျန်း ၏ မျက်နှာမှာ ဖြူလျော်သွားပြီး မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။

သူသည် ယခုချက်ချင်းပင် သေဆုံးသွားချင်ပြီး ဤလူ့လောကထဲတွင် နောက်ထပ် အသက်တစ်ရှူတောင် မရှူချင်တော့ပေ

​"..."

​ဖန့်ချန် ဘာပြောရမှန်း မသိတော့ပေ။

​လူတိုင်း တိတ်ဆိတ်သွားကြသည်။

​ကျောက်ယန် မှာလည်း ထိုစကားကို ကြားလိုက်ရသည့်အခါ မှင်သက်သွားတော့သည်။ ဖင်တောင်ကျုံ့မိသွားသည်။

မြေကမ္ဘာနက်နဲသောအဆင့် ရဲ့ ထိပ်သီးပညာရှင်ဖြစ်သော သူသည်ပင် သူ၏ အတွင်းအားများကို မနည်းထိန်းချုပ်လိုက်ရပြီး ချီများမှာ သောင်းကျန်းလုနီးပါး ဖြစ်သွားသည်။

​ခဏအကြာတွင် ဖန့်ချန် က ယွီကျန်း ကို ကြည့်ကာ

"မင်းက ယောက်ျားလေးချင်း သဘောကျတော့ ဘာဖြစ်လဲ ရဲရဲဝံ့ဝံ့ ဝန်ခံလိုက်ရုံပဲလေ မင်းမှာ ကျောက်ယန် ကို ပြောပြဖို့ အခွင့်အရေးရှိသားနဲ့ ဘာလို့ သူ့ကို သတ်ဖို့ ကြိုးစားခဲ့တာလဲ ဘာလို့ ဆရာချန် ရဲ့ ထိန်းချုပ်မှုကို ခံပြီး သူ့ရဲ့ လက်ပါးစေ အဖြစ်ခံခဲ့တာလဲ"

​ယွီကျန်း ဘာမှ ပြန်မဖြေပေ။ ခေတ္တမျှ ကြာပြီးနောက် သူသည် ဒူးထောက်လိုက်ပြီး သူ၏ ဦးခေါင်းကို မြေကြီးနှင့် တရစပ် ရိုက်တော့သည်။

​ဘုန်း... ဘုန်း... ဘုန်း...

​သူသည် ရှိသမျှ အင်အားကုန်သုံးကာ ဦးတိုက်နေရင်း နောက်ဆုံးတွင် ထိုနေရာ၌ပင် သေဆုံးသွားတော့သည်။

​ဖန့်ချန် က ခေါင်းကို အသာအယာ ခါလိုက်သည်။

"ငါက ဒါကို သာမန် လူသတ်မှုလို့ ထင်နေတာတကယ်တော့ ဒါက ကျင့်ဝတ်နဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ကြေကွဲစရာ ဒရာမာတစ်ခု ဖြစ်နေတာပဲ"

​ဒါဟာ သေရမှာကို မကြောက်ဘဲ လူ့လောကမှာ မိမိရဲ့ သန့်ရှင်းမှုကို ထိန်းသိမ်းချင်တာမျိုးလည်း ဖြစ်နိုင်ပါသည်။

ယွီကျန်း သည် သေရမှာကို မကြောက်သော်လည်း သူ၏ စိတ်အခြေအနေကို လူအများ သိသွားမှာကိုတော့ အလွန်အမင်း ကြောက်ရွံ့ခဲ့ခြင်း ဖြစ်သည်။

​ကျွယ်ပန်းရှီ က ယွီကျန်း ကို သွားရောက် စစ်ဆေးပြီးနောက်

"မြို့စားဖန့် သူ သေသွားပါပြီ"

ဟု ဆိုသည်။

​"သေသွားပြီဆိုရင်လည်း သူ့ကို ဒီကနေ လွှင့်ပစ်လိုက်ကြစမ်း"

ဟု ဖန့်ချန် က ခပ်အေးအေးပင် ပြောလိုက်သည်။

​ကျွယ်ပန်းရှီ က ခေါင်းညိမ့်သည်။

"ဟုတ်ကဲ့"

​ထိုအချိန်တွင် လူအုပ်ထဲမှ လူအချို့မှာ သေဆုံးသွားသော အမျိုးသမီးများနှင့် အသက်ရှင်ကျန်ရစ်သူ နှစ်ဦးကို မှတ်မိသွားကြသဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်လာတော့သည်။

ဆဲဆိုသံများ၊ ငိုကြွေးသံများနှင့် အော်ဟစ်သံများ လေထုထဲတွင် ပြည့်နှက်သွားသည်။

​ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဆရာချန် သည် ဤရုတ်ရုတ်သဲသဲ ဖြစ်မှုများကို သာယာနေသည့်အလား ထူးဆန်းသော အပြုံးတစ်ခုကို ပြသလိုက်သည်။

​"ရှမင်းသား ဒီကိစ္စကို သေချာ ကိုင်တွယ်လိုက်ပါ"

ဟု ဖန့်ချန် က တည်ငြိမ်စွာ ညွှန်ကြားလိုက်သည်။

​"ဟုတ်ကဲ့"

ရှမင်းသား က ခေါင်းညိမ့်ကာ ဒေသန္တရ အရာရှိများကို အခြေအနေကို ထိန်းသိမ်းရန် အမိန့်ပေးလိုက်သည်။

တစ်နာရီခန့် ကြာပြီးနောက်မှသာ ဆူညံမှုများ ငြိမ်သက်သွားပြီး အလောင်းများကိုလည်း ဖြည်းဖြည်းချင်း ဖယ်ရှားလိုက်ကြသည်။

​ဆရာချန် ကိုလည်း စောင့်တပ်များက ဖမ်းဆီးပြီး စခန်းသို့ ခေါ်ဆောင်သွားကြသည်။ မထွက်ခွာမီ သူက ဖန့်ချန် ကို မေးခဲ့သည်။

"ခင်ဗျား ငါ့ကို ဘယ်လို စီရင်ဖို့ စဉ်းစားထားလဲ"

​"မနက်ဖြန်ကျရင် သိရပါလိမ့်မယ်"

ဟု ဖန့်ချန် က ပြန်ဖြေခဲ့သည်။

​လူအုပ်ထဲတွင် ရပ်နေသော ကျောက်ယန် သည် ဆရာချန် ကို ခေါ်ဆောင်သွားသည်ကို ကြည့်နေမိသည်။ ထို့နောက် သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏ ကျန်ရှိသော မျက်လုံးတစ်ဖက်ဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။

​ဖန့်ချန် လျှောက်လာပြီး

"ဘာကို ကြည့်နေတာလဲ"

ဟု မေးသည်။

​"ကောင်းကင်ကို ကြည့်နေတာပါ ပထမဆုံးအကြိမ်အဖြစ် ကောင်းကင်ကြီးက ဒီလောက်အထိ ပြာလွင်နေတာကို မြင်ဖူးတာပဲ"

ဟု ကျောက်ယန် က ဖြေသည်။

​"နောက်နောင်မှာလည်း ဒီလိုပဲ ပြာနေမှာပါ"

ဖန့်ချန် က ပြုံးလျက်

"မိုးမရွာဘူးဆိုရင်ပေါ့လေ"

ဟု ဆိုလိုက်သည်။

​ကျောက်ယန် သည် သူ၏ အကြည့်ကို ဖန့်ချန် ဆီသို့ ဖြည်းဖြည်းချင်း လွှဲလိုက်ပြီးနောက် ဖန့်ချန် နောက်ကွယ်ရှိ ရှမင်းသား ၊ ရွှီဂီ နှင့် အခြားသူများကို ကြည့်လိုက်သည်။

ထို့နောက် ရုတ်တရက် သူသည် ဒူးထောက်လိုက်ပြီး ဖန့်ချန် ကို ဦးတိုက်တော့သည်။

​ဖန့်ချန် သူ့ကို မတားမြစ်ခဲ့ပေ။

​ဦးတိုက်ပြီးနောက် ကျောက်ယန် ပြန်မထသေးဘဲ တိုးတိုးလေး ပြောလိုက်သည်။

"မြို့စားဖန့် ကျွန်တော့်မှာ သွားစရာ နေရာမရှိတော့ပါဘူး ကျေးဇူးပြုပြီး ကျွန်တော့်ကို ခေါ်ထားပေးပါ ဖန့်မိသားစုက လူငယ်တွေကို ကျွန်တော် သိုင်းပညာတွေ သင်ပေးချင်ပါတယ်"

​လူအုပ်ကြီးမှာ ခဏမျှ အံ့သြသွားသော်လည်း ထို့နောက်တွင် ဤသည်မှာ မထူးဆန်းဟု ခံစားလိုက်ရသည်။

အကယ်၍ ဖန့်ချန် သာ ထိုအမှုကို ကူညီမဖြေရှင်းပေးခဲ့လျှင် ကျောက်ယန် ရဲ့ အပြစ်မရှိကြောင်း ဘယ်တော့မှ သက်သေပြနိုင်မှာ မဟုတ်ပေ။ ဆရာချန် က တကယ့်တရားခံ ဖြစ်နေလိမ့်မည်ဟုလည်း မည်သူမှ မထင်ထားခဲ့ကြပေ။

​တောင်ပိုင်းဒေသရှိ ဒေသန္တရ အရာရှိ အများအပြားမှာ ဆရာချန် နှင့် တစ်နည်းမဟုတ်တစ်နည်း ပတ်သက်မှုရှိနေသဖြင့် လူအချို့မှာမူ စိုးရိမ်ထိတ်လန့်နေကြဆဲ ဖြစ်သည်။

​"စာပေပညာကော"

ဖန့်ချန် က ခပ်ပြုံးပြုံး မေးလိုက်သည်။

"မင်းက စာပေမှာလည်း ထူးချွန်တယ်လို့ ငါကြားထားတယ်"

​ကျောက်ယန် က ပြုံးပြီး

"ကျွန်တော် စာပေလုပ်ငန်းတွေကို နောက်ထပ် မလုပ်ချင်တော့ပါဘူး"

ဟု ဆိုသည်။

​ပတ်ဝန်းကျင်ရှိ သိုငပညာရှင်များမှာ ထိုစကားကို ထောက်ခံသည့်အနေဖြင့် တိုးတိုးတိုးတိုး ပြောကြသည်။

ရှမင်းသား နှင့် အခြားသူများမှာမူ စာပေနှင့် သိုင်းပညာ မျှတမှုကို အလေးထားသူများ ဖြစ်သဖြင့် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားကြသည်။

​ဖန့်ချန် က ခေါင်းညိမ့်ကာ

"ထတော့" ဟု ဆိုလိုက်သည်။

​ထိုအချိန်တွင် ရှယားယွီသူတို့အနားသို့ ချဉ်းကပ်လာသည်။ သူသည် ကျောက်ယန် ကို အားနာသည့် မျက်နှာဖြင့် ကြည့်ကာ

"ကျောက် ညီကို ဒီနှစ်တွေတစ်လျှောက်လုံး မင်းအပေါ် ငါအထင်လွဲခဲ့တာ တောင်းပန်ပါတယ်အကယ်၍ အဲဒီတုန်းက ငါသာ အမှန်အတိုင်း မြင်နိုင်ခဲ့ရင် မင်းရဲ့ မျက်လုံးတစ်ဖက် ဆုံးရှုံးရမှာ မဟုတ်ဘူး"

​"မျက်လုံးတစ်ဖက် ဆုံးရှုံးလိုက်ရတာက လူတွေရဲ့ စိတ်နှလုံးကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့ အခွင့်အရေး ရလိုက်တာပါပဲ ဒါက ဆိုးတဲ့ကိစ္စတော့ မဟုတ်ပါဘူး မြို့စားဖန့် ကို ကြည့်ပါဦး သူက မျက်စိနှစ်ဖက်လုံး မမြင်ရပေမဲ့ သူ့ရဲ့ စိတ်နှလုံးကတော့ အရမ်းကို လင်းလက်တောက်ပနေတာပဲ"

ဟု ကျောက်ယန် က တည်ငြိမ်စွာ ပြောလိုက်သည်။

​ပတ်ဝန်းကျင်ရှိ လူများမှာ ထိုစကားကြောင့် ထူးဆန်းသွားကြသည်။ ကျောက်ယန် က ထိုကဲ့သို့ ပြောရဲသည်မှာ တကယ်ကို သတ္တိရှိလှသည်။ သူတို့ဆိုလျှင် ထိုကဲ့သို့သော အချက်ကို မြွက်ဟရန်ပင် မဝံ့ရဲကြပေ။

​သို့သော် မည်သူထင်ထားမည်နည်း၊ ဖန့်ချန် မှာ ဒေါသမထွက်သည့်အပြင် ထူးထူးခြားခြားပင် ရှိနေသည်။ ဖန့်ချန် က ကျောက်ယန် ကို ထိုမျှအထိ တန်ဖိုးထားတာလား

​"မင်း ငါ့ကို မနာကျည်းဘူးလား"

ဟု ရှယားယွီက အားနာစွာ မေးသည်။

​ကျောက်ယန် က ခေါင်းခါလိုက်သည်။

"ငါသာ မင်းကို တကယ် နာကျည်းခဲ့ရင် မင်းသားရဲ့ အိမ်တော်ဟာ ပြာကျသွားတာ ကြာလှပါပြီ ငါ့မှာ အဲဒီလို လုပ်နိုင်တဲ့ စွမ်းအားရှိတယ်ဆိုတာ မြို့စားဖန့် သိပါတယ် သူ ငါ့အတွက် အာမခံပေးနိုင်တယ်ယ ဒါ့အပြင် အဲဒီတုန်းက မင်းရဲ့ အခြေအနေကိုလည်း ငါနားလည်ပါတယ် မင်း ငါ့ကို မကူညီခဲ့တာက ငါ့ကို လူသတ်သမားလို့ ယုံကြည်နေလို့ပဲ မင်း မမှားသလို၊ တခြားသူတွေလည်း မမှားပါဘူး မှားတာက ဆရာချန် နဲ့ ယွီကျန်း တို့ပဲ"

​ရှယားယွီ ၏ နှုတ်ခမ်းများမှာ ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။

"ငါသာ ကြိုသိခဲ့ရင်"

​ကျောက်ယန် က သူ၏ စကားကို ဖြတ်လိုက်သည်။

"မင်း သိခဲ့ရင်တောင် ဘာမှ ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး ဒါဟာ အဲဒီနှစ်ယောက်ရဲ့ အပြစ်ပါပဲ"

​ဟွမ်ဖူကျဲ က မျက်မှောင်ကြုတ်လျက် ဖန့်ချန် ကို တစ်ချက်ကြည့်ပြီးနောက် ကျောက်ယန် ဘက်သို့ လှည့်ကာ

"လူငယ်လေး မင်း စကားပြောတာ တကယ်ကို ရဲတင်းလှချေလား ငါတို့ နက်နဲသောဓားဂိုဏ်း က လောကီရေးရာတွေကို ဝင်မပါပေမဲ့ ရှမင်းသားရဲ့ အိမ်တော်ကိုတော့ ဘယ်သူ့ကိုမှ လွယ်လွယ်နဲ့ လာဖျက်ဆီးခွင့် ပေးမှာမဟုတ်ဘူး"

ဟု ဆိုသည်။

​ကျောက်ယန် က ပြုံးလိုက်ပြီး သူ၏ လက်ကို အသာအယာ ခါယမ်းလိုက်သည်။ ထိုအခါ ဟွမ်ဖူကျဲ ၏ ခန္ဓာကိုယ်ပတ်လည်ရှိ ဓားခုနစ်စင်းမှာ လေထဲသို့ ပျံတက်သွားပြီး ကျောက်ယန် ၏ ပတ်ပတ်လည်တွင် လှည့်ပတ်နေတော့သည်။

​အားလုံး ထိတ်လန့်သွားကြသည်။

​ဟွမ်ဖူကျဲ လည်း မှင်သက်သွားသည်။

သူသည် ဓားခုနစ်စင်းကို သူ၏ အတွင်းအားဖြင့် ထိန်းချုပ်ရန် ကြိုးစားသော်လည်း မမြင်ရသော စွမ်းအားတစ်ခုက ပိတ်ဆို့ထားသည့်အလား ဖြစ်နေသည်။ ဝူချန်းဟွမ်း နှင့် အခြားသိုင်းပညာရှင်များမှာ ရုတ်တရက် ထိတ်လန့်သွားကြသည်။

ကျောက်ယန် ၏ သိုင်းပညာ အဆင့်အတန်းမှာ သူတို့ ထင်ထားသည်ထက် များစွာ မြင့်မားနေနိုင်သည်။

နက်နဲသောဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပင်လျှင် ဓားခုနစ်စင်းလုံးကို မထိန်းချုပ်နိုင်သေးသော်လည်း၊ ဂိုဏ်းဝင်မဟုတ်သည့် ကျောင်းသားတစ်ယောက်ဖြစ်သော ကျောက်ယန် ကမူ ဓားများနှင့် ဟွမ်ဖူကျဲ တို့၏ ဆက်သွယ်မှုကို ဖြတ်တောက်ပြီး သူကိုယ်တိုင် ထိန်းချုပ်ပြလိုက်ခြင်းပင်။

​"ဟွမ်ဖူကျဲ ငါပြောခဲ့သလိုပဲ ကိုယ့်ထက်တော်တဲ့သူဆိုတာ အမြဲရှိနေတာပဲ မင်းသာ တိုးတက်အောင် မလုပ်ရင် သူများတွေ ကျော်တက်သွားတာ ခံရလိမ့်မယ် ကျောက်ယန် ရဲ့ သိုင်းပညာက မြေကမ္ဘာနက်နဲသောအဆင့် ယကို ရောက်နေပြီ မင်း သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး"

ဟု ဖန့်ချန် က ခပ်ပြုံးပြုံး ပြောလိုက်သည်။ ထို့နောက် ကျောက်ယန် ဘက်သို့ လှည့်ကာ

"ကဲ ဓားတွေကို သူ့ဆီ ပြန်ပေးလိုက်တော့"

ဟု ဆိုသည်။

​ကျောက်ယန် က ခေါင်းညိမ့်ကာ လက်ကို တစ်ချက်ခါလိုက်ပြန်ရာ ဓားများမှာ ဟွမ်ဖူကျဲ ဆီသို့ ပြန်ရောက်သွားတော့သည်။

​မြေကမ္ဘာနက်နဲသောအဆင့်

​ကြည့်ရှုနေသူများမှာ ထိုသတင်းကြောင့် မှင်သက်သွားကြသည်။

​ဝူချန်းဟွမ်း နှင့် အခြားသူများမှာ မြေကမ္ဘာနက်နဲသောအဆင့် ရှိသည့် သိုင်းပညာရှင်တစ်ယောက်က ထိုကဲ့သို့သော အခြေအနေမျိုးကို ဘာကြောင့် ခံစားခဲ့ရသလဲဆိုသည်ကို ယုံကြည်ရန် ခက်ခဲနေကြသည်။

တောင်ပိုင်းဒေသမှာ မြေကမ္ဘာနက်နဲသောအဆင့် ရှိသူကို ဘယ်သူက ယှဉ်နိုင်မှာလဲ စစ်သည်ပေါင်း သောင်းနဲ့ချီပြီး ဝိုင်းတိုက်မှသာ သူ့ကို နှိမ်နင်းနိုင်လိမ့်မည် မဟုတ်ပါလား။

​"ဒါဆို သူက မြေကမ္ဘာနက်နဲသောအဆင့်ပေါ့... တောင်ပိုင်းဒေသမှာ ဒီလို သိုင်းပညာ ပါရမီရှင်တစ်ယောက် ပေါ်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"

ဟု ဟွမ်ဖူကျဲ က ထူးဆန်းသော အမူအရာဖြင့် ရေရွတ်ရင်း ဖန့်ချန် ကို အကြိမ်ကြိမ် ခိုးကြည့်နေမိသည်။

​ကျောက်ယန် က သူ ဘာတွေးနေသည်ကို သိပုံရသဖြင့် ပြုံးကာ

"ကျွန်တော်က မြို့စားဖန့် ကိုတော့ မယှဉ်နိုင်ပါဘူး သူသာ ကျွန်တော့်ကို သတ်ချင်ရင် အားစိုက်စရာတောင် မလိုပါဘူး"

ဟု ဆိုလိုက်သည်။

​လူတိုင်း အသက်ရှူချနိုင်သွားကြသည်။

ဒါဆို မြို့စားဖန့်က ပိုပြီး အစွမ်းထက်သေးတာပေါ့။

​ထိုအချိန်တွင် ရှမင်းသား က မေးလိုက်သည်။

"မြို့စားဖန့် ဆရာချန် ကို ဘယ်လို စီရင်မှာလဲမနက်ဖြန် သူ့ခေါင်းကို ဖြတ်ပစ်ရမလား"

​ဖန့်ချန် ၏ နှုတ်ခမ်းများမှာ ကွေးညွတ်သွားသည်။

"မဟုတ်ဘူး အဲဒါက သူ့အတွက် သက်ညှာလွန်းရာ ရောက်သွားလိမ့်မယ်"

​လူအုပ်ကြီး၏ မျက်နှာများမှာ ပြောင်းလဲသွားကြသည်။

​ဆရာချန် အတွက် အလွန်ရက်စက်သော ကံကြမ္မာတစ်ခု စောင့်ကြိုနေပုံရသည်။

​​အခန်း ၁၇၆ - ပြစ်ဒဏ်သစ်

​တောက်ပသော နေမင်းသည် ကောင်းကင်ယံတွင် အရှိန်အဟုန်ပြင်းစွာ ထွန်းလင်းနေသည်။

တောင်ပိုင်းဒေသ၏ ရာသီဥတုမှာ သာမန်လူများ မွန်းတည့်ချိန်တွင် အပြင်ထွက်ရန် မသင့်တော်လှပေ။ ထို့ကြောင့်ပင် ပုံမှန်အားဖြင့် ထိုအချိန်တွင် လမ်းမများမှာ ခြောက်ကပ်နေလေ့ရှိသည်။

သို့သော် ယနေ့မှာမူ သိသိသာသာ ကွဲပြားနေသည်။ ပြင်းထန်သော နေရောင်အောက်တွင် လူအုပ်ကြီးသည် မြို့ဝန်ရုံးတော်တံခါးဝသို့ အလုအယက် ဦးတည်နေကြသည်။

​ထိုနေရာတွင် အဆုံးမရှိသော လူပင်လယ်ကြီးဖြင့် ပြည့်နှက်နေပြီး လူတိုင်းက အဖြစ်အပျက်ကို လှမ်းကြည့်ရန် ကြိုးစားနေကြသည်။ ရှေ့သို့ တိုးရန် ကြိုးပမ်းမှုတိုင်းကို သန်မာသော စောင့်တပ်များက တားဆီးထားသည်။

​ရုံးတော်တံခါးရှေ့တွင် မြင့်မားသော သစ်တုံးကြီးတစ်ခု ရှိနေသည်။ ဆရာချန် ကို ကလေးငယ်တစ်ဦး၏ လက်သီးဆုပ်ခန့်ရှိသော သံခြေကျင်း၊ သံလက်ထိပ်များဖြင့် ထိုသစ်တုံးတွင် တင်းကြပ်စွာ ချည်နှောင်ထားသည်။

ပြင်းထန်သော နေရောင်ကြောင့် သူသည် မျက်လုံးကို အသာလေးသာ မှေးထားနိုင်ပြီး နဖူးတွင်လည်း ချွေးစက်များဖြင့် ပြည့်နှက်နေသည်။

​သူ၏ ဘေးတွင် စားပွဲတစ်လုံးနှင့် ကုလားထိုင်တစ်လုံး ရှိနေပြီး မြို့စားဖန့် သည် ကုလားထိုင်ပေါ်တွင် အေးဆေးတည်ငြိမ်စွာ ထိုင်နေသည်။

ပြင်းထန်သော နေရောင်ခြည်သည် သူ့အပေါ်တွင် ဘာသက်ရောက်မှုမှ ရှိပုံမရဘဲ သူသည် အေးမြတည်ငြိမ်နေကာ စိတ်မသက်မသာဖြစ်သည့် အရိပ်အယောင် လုံးဝမရှိပေ။ သူ၏ အရေပြားပေါ်တွင် ချွေးတစ်စက်ပင် မတွေ့ရချေ။

​တောင်ပိုင်းဒေသမှ အရာရှိများသည် ရှမင်းသား ၏ နောက်ကွယ်တွင် ရပ်နေကြပြီး စူးရှသော နေရောင်ကို လက်ဖြင့် ကာကွယ်ရင်း ခန္ဓာကိုယ်ပေါ်မှ ချွေးများကို သုတ်နေကြသည်။

​တောင်ပိုင်းတောင်တန်းကျောင်းတော် မှ ကျောင်းသားများစွာလည်း ရောက်ရှိနေကြပြီး သူတို့၏ အမူအရာများမှာ ရှုပ်ထွေးလှသည်။

ကျောက်ယန် အမှု၏ နောက်ကွယ်က တကယ့် တရားခံမှာ ဆရာချန် ဖြစ်နေပြီး ထိပ်တန်းကျောင်းသား ယွီကျန်း က ကြံရာပါ ဖြစ်နေသည်ဆိုသည်ကို သူတို့ လက်ခံရန် ခက်ခဲနေဆဲပင်။

​ကံမကောင်းစွာဖြင့် သက်သေအထောက်အထားများမှာ ခိုင်လုံလွန်းလှသဖြင့် ငြင်းချက်ထုတ်ရန် နေရာမရှိတော့ပေ။

​"ဆရာချန် က ဒီလိုလူမျိုး ဖြစ်နေလိမ့်မယ်လို့ ငါတစ်ခါမှ မထင်ခဲ့ဘူး"

​"သူက တကယ်ကို ယုတ်မာလွန်းတယ် ငါ့ရဲ့ တစ်ဦးတည်းသောသားကိုတောင် ဒီကျောင်းကို ပို့ဖို့ စဉ်းစားခဲ့သေးတာ ယတော်သေးတာပေါ့ မြို့စားဖန့် က ဆရာချန် ရဲ့ တကယ့်ရုပ်မှန်ကို ဖော်ထုတ်ပေးလိုက်လို့ မဟုတ်ရင် ငါ့သားလည်း သူ့လို လူယုတ်မာ ဖြစ်သွားနိုင်တယ်"

​"မြို့စားဖန့် က ဒီနေ့ ဆရာချန် ကို လူပုံအလယ်မှာ ကွပ်မျက်လိမ့်မယ် ထင်တယ် ယဒီလိုလူမျိုးက နှမြောနေစရာ မလိုပါဘူး နှစ်ပေါင်းများစွာအတွင်း သူဟာ အပြစ်မဲ့တဲ့ အမျိုးသမီးပေါင်းများစွာကို ဒုက္ခပေးခဲ့တာပဲ"

​တိုးတိုးတိုးတိုး ပြောသံများ လေထဲတွင် ပြည့်နှက်နေသည်။

​မြို့ဝန် အိုရန် က ချွေးများကို သုတ်လိုက်ပြီး ရှမင်းသား ကို တိုးတိုးလေး မေးလိုက်သည်။

"အရှင် မြို့စားဖန့် က ဆရာချန် ကို ဘယ်လို စီရင်မယ်လို့ ထင်ပါသလဲ"

​ရှမင်းသား က နှာခေါင်းရှုံ့လိုက်သည်။

"ငါက ဘယ်လိုလုပ် သိမှာလဲ"

​မြို့ဝန် အိုရန် က အားနာစွာ ပြုံးလိုက်သည်။ သူ နောက်ထပ် စကားမပြောရဲတော့ဘဲ တိတ်ဆိတ်စွာ စောင့်နေလိုက်တော့သည်။

​သစ်တုံးကြီးအနားတွင် ဆရာချန် သည် အိပ်ငိုက်နေပုံရသော မြို့စားဖန့် ကို ကြည့်ကာ ရုတ်တရက် ရယ်မောလိုက်သည်။

"မြို့စားဖန့်ယယ ဟန်ဆောင်နေတာတွေ တော်ပါတော့ယ သေရမှာပဲ မဟုတ်လား ငါက နတ်ဘုရားတွေကို ယုံကြည်တယ်ယ တမလွန်မှာ သံသရာဆိုတာ ရှိတယ် ဖြစ်နိုင်တာကတော့ မကြာခင်မှာ ငါတို့ ပြန်ဆုံကြဦးမှာပါ"

​ကြည့်ရှုသူများမှာ တိတ်တဆိတ် ထိတ်လန့်သွားကြသည်။ ဆရာချန် သည် သေဘေးနှင့် ရင်ဆိုင်နေရချိန်တွင်ပင် ကြောက်ရွံ့သည့် အရိပ်အယောင် လုံးဝ မပြပေ။

​"ပညာတတ် တစ်ယောက်က ဒီလောက်အထိ ရူးသွပ်နိုင်လိမ့်မယ်လို့ မထင်ထားဘူး ငါတို့ သိုင်းပညာရှင်တွေတောင် သေရမှာကို ကြောက်သေးတာ မဟုတ်လား"

ဟု ဘေးရှိ စစ်သည်တစ်ဦးက အံ့သြစွာ မှတ်ချက်ပေးသည်။

​"မဟာရှအင်ပါယာရဲ့ သမိုင်းတစ်လျှောက်မှာ သေဒဏ်အတွက် ပြစ်ဒဏ်တွေက ရိုးရှင်းပါတယ်ခေါင်းဖြတ်တာ ဒါမှမဟုတ် ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် သတ်တာမျိုးပေါ့ ဒါမှမဟုတ်လည်း စခန်းအသီးသီးက သူတို့ဘာသာ တီထွင်ထားတဲ့ နည်းလမ်းတွေပေါ့"

ဟု ဖန့်ချန် က ခပ်ပြုံးပြုံး ပြောလိုက်သည်။

​ကျွယ်ပန်းရှီ သည် ထိုစကားကို ကြားလိုက်ရသည့်အခါ အနည်းငယ် အရှက်ရသွားသည်။ အမှန်ပင် သူတို့ စခန်းတွင် အသုံးပြုသော နှိပ်စက်နည်း အချို့မှာ အလွန်ပင် လက်ဝင်လှသည်။

​"ဘာလဲ မင်းက ငါ့ကို အရှက်ခွဲဖို့ ကြံနေတာလား"

ဆရာချန် က နှာခေါင်းရှုံ့လိုက်သည်။

"ငါ ကြောက်နေမယ်လို့ မင်းထင်နေတာလား"

​"မင်းကို အရှက်ခွဲဖို့ မလိုပါဘူး မဟာရှအင်ပါယာမှာ မင်းလို ယုတ်မာလှတဲ့ ရာဇဝတ်ကောင်တွေအတွက် နောက်ထပ် ပြစ်ဒဏ်တစ်မျိုး ရှိသင့်တယ်လို့ ငါယုံကြည်တယ် အယုတ်မာဆုံးသော သူတွေအတွက်ပဲ သီးသန့် ပြစ်ဒဏ်ပေါ့"

ဟု ဖန့်ချန် က ဆိုသည်။

​သူ၏ စကားလုံးများက လူအုပ်ကြီးကို စိတ်ဝင်စားသွားစေသည်။ မြို့စားဖန့် က ယနေ့ အယုတ်မာဆုံးသော ရာဇဝတ်ကောင်များအတွက် ပြစ်ဒဏ်အသစ်တစ်ခုကို တီထွင်တော့မည်လား

​လူတိုင်း၏ မျက်နှာတွင် မျှော်လင့်စောင့်စားနေသည့် အမူအရာများ ပေါ်လာကြသည်။

​"ငါ့လက်ထဲက ဒီဓားငယ်လေးကို သုံးပြီး မင်းရဲ့ အသားတွေကို တစ်စစီ လှီးဖြတ်မယ်၊ တစ်ခါလှီးရင် တစ်စ... စုစုပေါင်း အချက်ရေ သုံးထောင့်ခြောက်ရာ (၃၆၀၀) တိတိပဲ ပြီးရင် မင်းရဲ့ ကလီစာတွေကို ထုတ်ပစ်မယ်၊ ဒါပေမဲ့ မင်းကို အရှင်လတ်လတ် ထားထားဦးမှာပဲ မင်းကိုယ်တိုင် အရိုးစုအဖြစ် ပြောင်းလဲသွားတာကို ကြည့်ခွင့်ပေးမယ်"

ဖန့်ချန် က သူ၏ လက်ထဲရှိ ဓားငယ်လေးကို ပြရင်း ရှင်းပြသည်။

"ကလီစာတွေကို ထုတ်ပြီးရင် အရိုးတွေကို ပြောင်စင်အောင် ခြစ်ထုတ်မယ် အရိုးခြင်ဆီတွေကိုလည်း ချေဖျက်ပစ်မယ် ဪ... ငရဲဆိုတာ တကယ်ရှိဖို့ ငါမျှော်လင့်ပါတယ် ဘာလို့လဲဆိုတော့ အပြစ်ရှိသူဟာ သေပြီးရင် သူတို့ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ကို အဆုံးမရှိ ထပ်ခါတလဲလဲ ခံစားရတယ်လို့ သတင်းစကားတွေ ရှိလို့ပဲ"

​ဖန့်ချန် ၏ အသံမှာ မကျယ်သော်လည်း လူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားသဖြင့် ကြက်သီးမွှေးညင်းများ ထသွားစေသည်။

အတွေ့အကြုံရင့်လှသော ရှမင်းသား ကဲ့သို့သော သူများပင်လျှင် ထိုပြစ်ဒဏ်ကို ကြားလိုက်ရသည့်အခါ ကျောချမ်းသွားကြသည်။

​ဆရာချန် ၏ မျက်နှာပေါ်မှ အပြုံးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ထိတ်လန့်တုန်လှုပ်မှုများက အစားထိုးဝင်ရောက်လာသည်။

သူသည် ဖန့်ချန် ကို စိုက်ကြည့်ကာ

"ဖန့်ချန် မင်း တကယ်ကို ရက်စက်လွန်းတယ်

"

ဟု အော်ဟစ်လိုက်သည်။

​"မျက်လုံးအတွက် မျက်လုံး၊ သွားအတွက် သွားပဲ"

ဖန့်ချန် ၏ မျက်နှာတွင် ခပ်ပါးပါး အပြုံးတစ်ခု ပေါ်လာသည်။

"မင်းလို လူတစ်ယောက်ကို စီရင်တဲ့နေရာမှာ ငါကသာ မရက်စက်ဘူးဆိုရင် ငါ့ရင်ထဲက ဒေါသတွေကို ဘယ်လိုများ ဖြေဖျောက်နိုင်မှာလဲ"

​"ငါ မင်းကို အဲဒီအခွင့်အရေး ပေးမှာမဟုတ်ဘူး"

ဟု ဆရာချန် က ပြန်ပြောရင်း သူ၏ မျက်နှာမှာ အေးစက်သွားသည်။ သူသည် မိမိဘာသာ လျှာကို ကိုက်ဖြတ်ပြီး အဆုံးစီရင်ရန် ကြိုးစားလိုက်သော်လည်း ရုတ်တရက် သူ၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားတော့သည်။

​သူ ကြွက်သားတစ်ခုလေးတောင် မလှုပ်နိုင်တော့ပါ! သူ၏ ခန္ဓာကိုယ်မှာ သူ၏ အမိန့်ကို နားမထောင်တော့ချေ

​အစောပိုင်းက ဘာကိုမှ မကြောက်သယောင်ရှိသော ဆရာချန် မှာ အလွန်အမင်း ထိတ်လန့်သွားတော့သည်။ သူ၏ စိတ်ဓာတ်များ ပြိုလဲသွားပြီး သူ၏ အမူအရာမှာလည်း ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတော့သည်။

​ဖန့်ချန် က လက်ကို တစ်ချက် ခါယမ်းလိုက်ရာ ဆရာချန် ၏ ကိုယ်ပေါ်ရှိ အဝတ်အစားများ အားလုံးမှာ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားသည်။

​ပထမဆုံး တစ်ချက်...

​လက်သည်းခွံခန့်ရှိသော အသားတစ်စမှာ လှီးဖြတ်ခြင်း ခံလိုက်ရသည်။

ဆရာချန် သည် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသော်လည်း သူသည် အော်ဟစ်သံပင် မထွက်နိုင်သဖြင့် ဝေဒနာမှာ ပို၍ ဆိုးရွားလှသည်။

ထူးဆန်းသည်မှာ ဒဏ်ရာထဲတွင် သွေးများမှာ လှုပ်ရှားနေသော်လည်း အပြင်သို့ စီးမကျလာခြင်းပင်။ ဖန့်ချန် ၏ နည်းလမ်းများက လူတိုင်းကို မှင်သက်သွားစေသည်။

လှီးဖြတ်ချက်တိုင်းမှာ တိကျလွန်းလှသည်။ ဆရာချန် အနေဖြင့် သွေးထွက်လွန်ပြီး မသေသွားစေရန် သေချာစေပြီး၊ အချက်ရေ သုံးထောင့်ခြောက်ရာလုံးကို အပြည့်အဝ ခံစားသွားစေရန် စီစဉ်ထားခြင်း ဖြစ်သည်။

​အသားစများကို ဖန့်ချန် က မြေကြီးပေါ်သို့ ပစ်ချလိုက်ရာ လမ်းမပေါ်တွင် ကျင်လည်နေကျ လေလွင့်ခွေးအချို့မှာ ပြေးလာကြပြီး လတ်ဆတ်သော အသားများကို အငမ်းမရ စားသောက်ကြတော့သည်။ စောင့်တပ်များက ထိုခွေးများကို မောင်းထုတ်ရန် ပြင်သော်လည်း ဖန့်ချန် က လက်ကာပြကာ ခွေးများကို စားခွင့်ပြုလိုက်သည်။

​ကြည့်ရှုသူများမှာ ရှုပ်ထွေးသော အမူအရာများဖြင့် ရှိနေကြပြီး ဤသည်မှာ သမိုင်းတစ်လျှောက် အကြောက်စရာအကောင်းဆုံး ပြစ်ဒဏ်ဖြစ်ကြောင်း အသိအမှတ်ပြုလိုက်ကြသည်။

ဆရာချန် သည် လှီးဖြတ်ချက် သုံးထောင့်ခြောက်ရာကို ခံစားရရုံတင်မကဘဲ သူ၏ အသားများကိုပါ လေလွင့်ခွေးများ စားသောက်နေသည်ကို မြင်နေရခြင်းပင်။

​အချိန်အတော်ကြာသွားပြီးနောက် ဆရာချန် ခံစားနေရသော နာကျင်မှုမှာ အနည်းငယ် လျော့ပါးသွားတိုင်း ဖန့်ချန် က နောက်ထပ် တစ်ချက် လှီးလိုက်ပြန်သည်။

ဆရာချန် ၏ မျက်နှာမှာ ဝေဒနာကြောင့် တွန့်လိမ်နေပြီး သူ၏ စိတ်နှင့် ခန္ဓာနှစ်ပါးစလုံးမှာ ကြီးမားသော ဒုက္ခကို ခံစားနေရသည်။

ရှေ့တွင် ကျန်ရှိနေသေးသော ရှည်လျားလှသည့် ပြစ်ဒဏ်များကို တွေးမိလိုက်သောအခါ သူသည် အဆုံးမရှိသော မျှော်လင့်ချက်ကင်းမဲ့မှုထဲသို့ နစ်မြုပ်သွားတော့သည်။

​သူသည် ဖန့်ချန် ၏ မျက်လုံးများကို စိုက်ကြည့်ကာ သူ့ကို မြန်မြန်သတ်ပေးရန် တောင်းပန်နေသည့်အလား ရှိနေသည်။

​"ဒီ အကြွင်းမဲ့ သုတ်သင်ခြင်း ပြစ်ဒဏ်မှာ လှီးဖြတ်ချက်တွေက အရမ်း မြန်လို့မရဘူး အရင်ဒဏ်ရာက ထုံကျင်မသွားခင်မှာ နောက်ထပ် တစ်ချက်ကို လှီးရမယ် ဒါမှ အပြစ်ပေးခံရသူဟာ ပြစ်ဒဏ်တစ်ခုလုံးရဲ့ ဝေဒနာကို အပြည့်အဝ ခံစားရမှာ ဖြစ်တယ် ဒီဖြစ်စဉ်က အဆုံးအထိ ထပ်ခါတလဲလဲ ဖြစ်နေလိမ့်မယ်"

ဟု ဖန့်ချန် က ခပ်ပြုံးပြုံးဖြင့် ကျွယ်ပန်းရှီ ကို ရှင်းပြလိုက်ရာ၊ ကျွယ်ပန်းရှီ ကလည်း ထိုအချက်အလက်များကို မှတ်သားထားသည့်အလား ခေါင်းကို တရစပ် ညိမ့်နေမိသည်။

​ရှမင်းသား နှင့် အခြားသူများ၏ အမူအရာမှာ ထူးဆန်းနေပြီး သူတို့၏ စိတ်ထဲတွင် ပြင်းထန်သော ရိုက်ခတ်မှုကို ခံစားလိုက်ရသည်။

မကြာမီမှာပင် ရဲရင့်သောဓားစောင့်တပ် အားလုံးသည် ဤပြစ်ဒဏ်အကြောင်းကို သိရှိသွားကြတော့မည်ဖြစ်သည်။

​အကယ်၍ တစ်နေ့မှာ သူတို့သာ ဆရာချန် လိုမျိုး ရာဇဝတ်မှု ကျူးလွန်ခဲ့ရင်၊ သူတို့ဟာ နောက်ထပ် ဆရာချန် ဖြစ်မသွားနိုင်ဘူးလား

​ထိုအတွေးဝင်လာသည်နှင့်အမျှ သူတို့သည် ထိုအတွေးကို ချက်ချင်း ဖယ်ထုတ်ကာ စိတ်ထဲမှ ဆုတောင်းနေကြတော့သည်။

​ဖန့်ချန် သည် တစ်နာရီလျှင် အချက်ရေ တစ်ရာနှုန်းဖြင့် ပုံမှန် လှီးဖြတ်နေသည်။ မြန်လွန်းခြင်းလည်း မရှိ၊ နှေးလွန်းခြင်းလည်း မရှိပေ။

​အချိန်များမှာ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်လွန်သွားသည်။

​နာရီပေါင်းများစွာ ကြာပြီးနောက် အချို့သော အရပ်သားများမှာ ဆက်မကြည့်ရဲတော့ဘဲ ထိုနေရာ၌ပင် အန်ကြတော့သည်။ အချို့မှာ မျက်နှာများ ဖြူလျော်နေပြီး

"ဒီလို ကြောက်စရာကောင်းတဲ့ ပုံစံနဲ့ဆိုရင် ငရဲပြည်ကတောင် သူ့ကို လက်ခံရဲပါ့မလား မသိဘူး"

ဟု တိုးတိုးလေး ရေရွတ်နေကြသည်။

​ဆရာချန် ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ ကလေးငယ်များ၏ ပါးစပ်ငယ်လေးများအလား စိပ်စိပ်လေးများ ဖြစ်နေသော်လည်း သွေးများမှာ ဒဏ်ရာထဲတွင်သာ လှည့်ပတ်နေပြီး အပြင်သို့ ကျမလာချေ။ ဤမြင်ကွင်းမှာ တကယ့်ကို ထူးဆန်းလှပြီး ထိတ်လန့်စရာ ကောင်းလှသည်။

​လူတိုင်းကို ဇဝေဇဝါ ဖြစ်စေတော့သည်။

All Chapters