အခန်း (၁၇၁-၁၇၂)
Vol. 18 Ch. 171-172
လောကကိုးပါးမသေမျိုး
ဘာသာပြန် - အရှင်ငယ်
အခန်း ၁၇၁ - ကံကောင်းထောက်မမှု
"ဒါတွေက ကျွန်တော် အကြံပြုတဲ့ ယူဆချက်တွေသက်သက်ပါ အမှုတစ်ခုကို စုံစမ်းစစ်ဆေးတဲ့နေရာမှာ ရဲရဲဝံ့ဝံ့ ယူဆချက်ထုတ်ရမယ် ပြီးမှ အဲဒီယူဆချက်တွေကို အတည်ပြုဖို့ သက်သေရှာရမယ်"
ဖန့်ချန် က ပြုံးလိုက်သည်။
"ဖြစ်နိုင်ခြေရှိတာတွေကို ငါတို့ ပိုပြီး ထည့်သွင်းစဉ်းစားလေလေ အမှန်တရားကို ထိထိမိမိ ရှာဖွေနိုင်ဖို့ အခွင့်အလမ်း ပိုများလေလေပဲ အားလုံးကော ဘယ်လိုထင်ကြလဲ"
ယူဆချက် ဟုတ်လား
လူအုပ်ကြီးမှာ တဖြည်းဖြည်း သတိပြန်ဝင်လာကြသည်။ ရှမင်းသား က ဖန့်ချန် ကို တစ်ချက်ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။
"ဒါဆို ယွီကျန်း က သံသယရှိသူ ဖြစ်နေတာလား"
ယွီကျန်း ၏ အမူအရာမှာ အလျင်အမြန် ပြောင်းလဲသွားပြီး သူသည် ဖန့်ချန် ကို စိုက်ကြည့်ရင်း မသိစိတ်ဖြင့် လက်သီးကို တင်းတင်းဆုပ်ထားမိသည်။
"သေချာတာပေါ့"
ဖန့်ချန် က ခပ်ပြုံးပြုံးဖြင့် ပြန်ဖြေသည်။
"ယွီကျန်း တစ်ယောက်တည်းတင် မကဘူး၊ အဲဒီတုန်းက ကျောက်ယန် နဲ့ နီးစပ်ခဲ့သူတိုင်းဟာ သံသယရှိသူတွေပဲ ငါမှတ်မိသလောက်ဆိုရင် ရှယားယွီ ကလည်း ကျောက်ယန် နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့တာ မဟုတ်လားယ သူလည်း သံသယရှိသူပဲ"
ရှမင်းသား ၏ မျက်နှာ အနည်းငယ် ပျက်သွားသည်။ မြို့ဝန် အိုရန် ကဲ့သို့သော အရာရှိများမှာလည်း ရှယားယွီ ကို ထူးထူးဆန်းဆန်း ကြည့်လိုက်ကြသည်။
မိမိကိုယ်တိုင် ပါဝင်ပတ်သက်သွားသည်ကို သိလိုက်ရသောအခါ ရှယားယွီမှာ မှင်သက်သွားပြီး ဖန့်ချန် ကို ကြောင်တောင်တောင် ကြည့်နေမိသည်။
"ဒါပေမဲ့ ငာ သံသယတွေမှာတော့ အနည်းနဲ့အများ ကွာခြားမှု ရှိမှာပေါ့ ရှယားယွီ အပေါ် သံသယကတော့ အနိမ့်ဆုံး အဆင့်မှာပဲ ရှိပါလိမ့်မယ် ဒါကြောင့် ပိုပြီး သံသယဝင်စရာကောင်းတဲ့ အချက်တွေကနေပဲ စလိုက်ကြရအောင်"
ဖန့်ချန် က ပြုံးလျက် ဆက်ပြောသည်။
"ယွီကျန်း ဟုတ်တယ်မလား အဲဒီတုန်းက မင်းနဲ့ ဟွမ်ရှင်း နဲ့ ဆက်ဆံရေးက ဘယ်လိုလဲ အမှန်အတိုင်း ဖြေတာ ပိုကောင်းလိမ့်မယ် ငါတို့ရဲ့ စောင့်တပ်တွေက မင်းရဲ့ လုပ်ဖော်ကိုင်ဖက် ကျောင်းသားတွေကို တစ်ဦးချင်း လိုက်မေးလို့ ရတယ်ဆိုတာ မမေ့နဲ့"
ယွီကျန်း ဘာမှ မပြောရသေးမီ ဆရာချန် က ဝတ်လုံကို ခါယမ်းကာ ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ဖန့်ချန် ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"ဒါဟာ တကယ်ကို အဓိပ္ပာယ် မရှိတာပဲ"
ဟု သူက အော်ဟစ်လိုက်သည်။
"မြို့စားဖန့် ကျွန်တော်တို့ရဲ့ တောင်ပိုင်းတောင်တန်းကျောင်းတော်မှာ ကျောက်ယန် လို အရူးတစ်ယောက် ရှိခဲ့တာနဲ့တင် လုံလောက်ပါပြီ အခု ခင်ဗျားက ကျွန်တော်တို့ ကျောင်းတော်ရဲ့ ထိပ်တန်းကျောင်းသားကိုပါ သူခိုးတစ်ယောက်လို သဘောထားပြီး စစ်မေးနေတာလား"
"ဆရာချန် မြို့စားဖန့် က ယူဆချက်တစ်ခု ထုတ်ရုံသက်သက်ပါ အကယ်၍ ယွီကျန်း က တကယ် မလုပ်ခဲ့ဘူးဆိုရင် မြို့စားဖန့် က သူ့ကို မတရား စွပ်စွဲမှာ မဟုတ်ပါဘူး"
ဟု ရှန်းမင်းသား က ဝိုင်းဝန်း ဖြောင်းဖျပေးသည်။
မြို့ဝန် အိုရန် နှင့် အခြားသူများကလည်း တစ်ဦးပြီးတစ်ဦး ဝင်ပြောကြသည်။
သူတို့သည် ဖန့်ချန် ကို ခိုးကြည့်နေကြပြီး ဖန့်ချန် ဒေါသထွက်ကာ ဓားဆွဲပြီး ဒီပညာရှိ အဖိုးကြီးရဲ့ ခေါင်းကို ဖြတ်ပစ်မှာကို စိုးရိမ်နေကြသည်။
ဖန့်ချန် က တိတ်ဆိတ်နေသော်လည်း ရွှီဂီ က နှာခေါင်းရှုံ့လိုက်သည်။
"မင်းက ဘာလို့ ဒီလောက်တောင် စိုးရိမ်နေရတာလဲ တစ်ခုခု ထိန်ချန်ထားတာ ရှိလို့လား"
ဆရာချန် မှာ တဖြည်းဖြည်း တည်ငြိမ်သွားသော်လည်း သူ၏ မျက်နှာတွင် ဒေါသအရိပ်အယောင်များ ကျန်နေသေးသည်။ ရွှီဂီ ၏ စကားကို ကြားသောအခါ သူက လှောင်ပြုံးပြုံးလိုက်သည်။
"ငါက ဘာကို ထိန်ချန်ရမှာလဲ"
သူက ဖန့်ချန် ဆီသို့ အာရုံပြောင်းလိုက်ပြီး
"မြို့စားဖန့် က ယွီကျန်း ကို သံသယရှိတယ်ဆိုရင်လည်း စစ်မေးချင်သလို စစ်မေးနိုင်ပါတယ်"
"ဆရာ စိတ်ချပါ ကျွန်တော် ဒီကိစ္စနဲ့ ဘာမှ မသက်ဆိုင်ပါဘူး"
ယွီကျန်း က ဆရာချန် ကို ပြုံးပြပြီးနောက် ဖန့်ချန် ကို ကြည့်လိုက်သည်။
"မြို့စားဖန့် အဲဒီတုန်းက ကျွန်တော်နဲ့ ဟွမ်ရှင်း ရဲ့ ဆက်ဆံရေးက တကယ်ကို ကောင်းခဲ့ပါတယ်"
"မင်းတို့ နှစ်ယောက်က အသိတွေဆိုမှတော့ သူ အခု ဘယ်မှာလဲ"
ဟု ဖန့်ချန် က မေးသည်။
"သူက မိသားစုကိစ္စတွေကြောင့် ကျောင်းထွက်သွားတာပါ အဲဒီနောက်ပိုင်း သူ့ဆီက ဘာသတင်းမှ မကြားရတော့သလို ဘယ်မှာရှိနေလဲဆိုတာလည်း ကျွန်တော် မသိပါဘူး"
ဟု ယွီကျန်း က ခေါင်းခါရင်း ဖြေသည်။ ခေတ္တမျှ ရပ်ပြီးနောက် သူ၏ မျက်နှာတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
"မြို့စားဖန့် ရဲ့ ထူးကဲတဲ့ စွမ်းရည်တွေအကြောင်း ကျွန်တော် ကြားဖူးပါတယ် ခင်ဗျားကိုယ်တိုင် ဟွမ်ရှင်း ကို ဒီကို ခေါ်လာပေးလို့ မရဘူးလား ဒါမှ ကျွန်တော် အပြစ်မရှိကြောင်း သက်သေပြနိုင်မှာပါတကယ်လို့ ဟွမ်ရှင်း ကို ရှာမတွေ့ဘူးဆိုရင်တော့ ကောင်းကင်ဘုံရဲ့ အလိုတော်အတိုင်းပဲ လုပ်ပေးပါ ရှိပြီးသား သက်သေတွေအရ ကျောက်ယန် ကို ဒီနေ့ပဲ ကွပ်မျက်သင့်ပါတယ် မြို့စားဖန့် အနေနဲ့ သူ့အပေါ် မျက်နှာသာ ပေးမှာမဟုတ်ဘူးလို့ ကျွန်တော် မျှော်လင့်ပါတယ်"
ကြည့်ရှုသူများ၏ မျက်နှာများမှာ ထူးဆန်းသွားကြသည်။
အကယ်၍ ယနေ့ သဲလွန်စပေးခဲ့သူ ဟွမ်ရှင်း ကို ရှာမတွေ့ဘဲ ဖန့်ချန် က ကျောက်ယန် ကို ဆက်ပြီး အသက်ချမ်းသာပေးနေမည်ဆိုလျှင် တောင်ပိုင်းဒေသ လူထု၏ စိတ်ထဲတွင် ဖန့်ချန် ၏ ဂုဏ်သတင်းမှာ ကျဆင်းသွားပေလိမ့်မည်။
သူတို့သာ ဖန့်ချန် ၏ နေရာတွင်ဆိုလျှင် ထိုကဲ့သို့သော ရလဒ်မျိုးကို လောင်းကြေးထပ်ရဲကြမည် မဟုတ်ပေ။ လူထု၏ ထောက်ခံမှု ဆုံးရှုံးခြင်းမှာ တောင်ပိုင်းဒေသတွင် ခြေကုပ်ယူရန် ခက်ခဲသွားစေနိုင်သည်။
ကျွယ်ပန်းရှီ က မတ်တပ်ရပ်လိုက်သည်။
"မြို့စားဖန့် ကျွန်တော် အခုချက်ချင်း လူလွှတ်ပြီး ဟွမ်ရှင်း ကို ရှာခိုင်းလိုက်ပါ့မယ် အမှုကို နောက်ထပ် ရက်အနည်းငယ်လောက် ရွှေ့ဆိုင်းထားရင် ဘယ်လိုလဲ"
အပြင်ဘက်တွင် ရုတ်တရက် ဆူညံသွားသည်။
အချို့က ဆဲဆိုကြပြီး၊ အချို့ကမူ လှောင်ပြောင်သည့် စကားများ ပြောကြသည်။ သို့သော် ကျွယ်ပန်းရှီ က ထိုဆူညံသံများကို ဂရုမစိုက်ပေ။ ဖန့်ချန် သာ ခေါင်းညိမ့်မည်ဆိုလျှင် သူသည် ကျောက်ယန် ကို ချက်ချင်း ပြန်ခေါ်သွားမည်ဖြစ်သည်။
သို့သော်လည်း...
ထိုဆူညံသံများကြားမှ ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။
"အားလုံး လမ်းဖယ်ပေးကြပါ ကျွန်တော်တို့မှာ မြို့စားဖန့် ဆီ သတင်းပို့စရာ အရေးကြီးကိစ္စ ရှိတယ်"
အသံရှင်မှာ...
' ဟွမ်ဖူကျဲပင် ဖြစ်သည်။
အားလုံး အံ့သြသွားကြပြီး တံခါးဝဆီသို့ လှည့်ကြည့်လိုက်ကြသည်။ မျှော်လင့်ထားသည့်အတိုင်း ဟွမ်ဖူကျဲ သည် သိုင်းပညာရှင် အုပ်စုတစ်စုကို ဦးဆောင်ကာ လျှောက်လာသည်ကို တွေ့ရသည်။
ယွီကျန်း မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။
ဟွမ်ဖူကျဲ က ဘာလို့ တရားရုံးကို ရောက်လာတာလဲ ဒီအမှုက သိုင်းပညာရှင်တစ်ယောက်နဲ့ ဘာဆိုင်လို့လဲ
ဟွမ်ဖူကျဲသည် ဖန့်ချန် အနားသို့ တိုးလာပြီး နှုတ်ဆက်လိုက်သည်။ ထို့နောက် သူက ပြုံးလျက်
"မြို့စားဖန့် ကျွန်တော် သူ့ကို ရှာတွေ့ပါပြီ"
ဟု ဆိုသည်။
လူအုပ်ကြီးမှာ မှင်သက်သွားကြသည်။ ဖန့်ချန် သည် ဟွမ်ရှင်း ကို ရှာရန်အတွက် တောင်ပိုင်းဒေသမှ သိုင်းပညာရှင်များကို ကြိုတင် စေလွှတ်ထားခဲ့သည် မဟုတ်ပါလား
ရှမင်းသား နှင့် အခြားသူများမှာ ထိုသိုင်းပညာရှင် အုပ်စုထဲတွင် ဟွမ်ရှင်း ပါမပါ ချက်ချင်း လိုက်ရှာကြသည်။
ဆရာချန် လည်း အခန်းထဲကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
ယွီကျန်း ကတော့ တည်ငြိမ်နေဆဲပင်။ သူသည် ဟွမ်ဖူကျဲ တို့ အုပ်စုကို လှည့်ကြည့်ရန်ပင် စိတ်မဝင်စားပေ။
ဖန့်ချန် က ပြုံးလိုက်သည်
"ကံတရားက ငါ့ဘက်မှာ ရှိနေတာပဲ"
အသက် ၃၀ ကျော်ခန့်ရှိသော သိုင်းပညာရှင် လူငယ်တစ်ဦးမှာ ဟွမ်ဖူကျဲ ၏ နောက်ကွယ်မှ ရှေ့သို့ ထွက်လာကာ ဖန့်ချန် ကို လက်အုပ်ချီ ဦးညွှတ်လိုက်သည်။
"မြို့စားဖန့် ခင်ဗျာ ကျွန်တော်က တောင်ပိုင်းဒေသက ပျံသန်းနေသော ကြိုးကြာဂိုဏ်းရဲ့ တပည့် ဝူချန်းဟွမ်း ပါ"
ပျံသန်းနေသော ကြိုးကြာဂိုဏ်းက ဝူချန်းဟွမ်း
လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြသည်။ ဒီကိစ္စမှာ သူတို့က ဘာလို့ ပါဝင်ပတ်သက်နေတာလဲ ပျံသန်းနေသော ကြိုးကြာဂိုဏ်းမှာ တောင်ပိုင်းဒေသတွင် အေးဆေးတည်ငြိမ်စွာ နေထိုင်တတ်သော ဂိုဏ်းငယ်လေးတစ်ခုသာ ဖြစ်သည်။
"မြို့စားဖန့် က ဟွမ်ရှင်း ကို ရှာတွေ့ပြီလို့ ကျွန်တော် ထင်နေတာ"
ဟု ယွီကျန်း က ခပ်ပြုံးပြုံးပင် ပြောလိုက်သည်။
"မြို့စားဖန့် ဒါက ပျံသန်းနေသော ကြိုးကြာဂိုဏ်းနဲ့ ဘာဆိုင်လို့လဲ"ာ
ဟု ရှမင်းသား က စူးစမ်းစွာ မေးသည်။
ဖန့်ချန် က ပြုံး၍
"မနေ့ညက ကျွန်တော် အိပ်မပျော်တာနဲ့ အမှုတွဲတွေကို ယူပြီး ပြန်ကြည့်နေခဲ့တာ"
ပြန်ကြည့်တာ ဟုတ်လား
လူတိုင်း ဖန့်ချန် ၏ ဖြူဆွတ်ဆွတ် မျက်လုံးများကို ကြည့်ကာ မျက်မမြင်တစ်ယောက်က စာရွက်စာတမ်းတွေကို ဘယ်လိုများ ဖတ်ပါလိမ့်ဟု တွေးတောနေကြသည်။
ထို့နောက် ရွှီဂီ ကို လှည့်ကြည့်လိုက်သောအခါ အားလုံး ရှင်းလင်းသွားကြသည်။
ဖန့်ချန် ၏ လက်အောက်ငယ်သားက သူ့အတွက် ဖတ်ပြပေးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ဖန့်ချန် က ထိုအမှုကို ဤမျှ လေးလေးနက်နက် ကိုင်တွယ်လိမ့်မည်ဟု လူတွေ မထင်ထားကြပေ။ သူသည် အမှုတွဲကို စစ်ဆေးရန် တစ်ညလုံး မအိပ်ဘဲ နေခဲ့သည် မဟုတ်ပါလား။
လူတိုင်း ကျောက်ယန် ကို ပိုပြီး အသေအချာ အကဲခတ်လာကြသည်။
ဘာဖြစ်လို့ မျက်မမြင် မြို့စားမင်းက ဒီလို ရာဇဝတ်ကောင် တစ်ယောက်အပေါ် ဒီလောက်အထိ အာရုံစိုက်နေရတာလဲ
"အမှုတွဲကို စစ်ဆေးရင်းနဲ့ ဟွမ်ရှင်း အကြောင်းကို သတိထားမိလိုက်တယ်၊ အဲဒီကျမှ သူ ကျောင်းက ထွက်သွားတာကို သိရတာ"
ဖန့်ချန် က ခပ်ပြုံးပြုံး ပြောသည်။
"ဒါနဲ့ပဲ ကျွန်တော် ဟွမ်ဖူကျဲ ကနေတစ်ဆင့် သူ့အကြောင်း စုံစမ်းခိုင်းလိုက်တာပါ"
လူတိုင်း၏ မျက်နှာများမှာ လေးနက်သွားကြသည်။
ဖန့်ချန် က ပေါ့ပေါ့ပါးပါး ပြောနေသော်လည်း မနေ့ညက မည်မျှ အလုပ်များခဲ့မည်ကို သူတို့ ခန့်မှန်းနိုင်ကြသည်။
နက်နဲသောဓားဂိုဏ်း သည် တောင်ပိုင်းဒေသရှိ ဂိုဏ်းအသီးသီးကို တစ်ညလုံး လိုက်လံ မေးမြန်းခဲ့ရပေလိမ့်မည်။ ဤသည်မှာ ရှမင်းသား ပင်လျှင် လုပ်နိုင်ရန် ခက်ခဲသော အရာဖြစ်သည်။
ဖန့်ချန် က ဝူချန်းဟွမ်း ဘက်သို့ လှည့်ကာ
"ပြောပါဦး မင်းနဲ့ ဟွမ်ရှင်း နဲ့ ဘာပတ်သက်မှု ရှိလဲ"
ဟု မေးလိုက်သည်။
ဝူချန်းဟွမ်း က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး
"ကျွန်တော့်မှာ ဟွမ်ရှင်း နဲ့ တိုက်ရိုက် ပတ်သက်မှုတော့ မရှိပါဘူး ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်အတော်ကြာက ကျောက်ယန် ရဲ့ အမှု စတင်ပျံ့နှံ့ပြီး မကြာခင်မှာပဲ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရထားတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်ကို ကျွန်တော် ကယ်ခဲ့ဖူးပါတယ်"
ကိုယ်ဝန်ဆောင် အမျိုးသမီး ဟုတ်လား
လူတိုင်း ဇဝေဇဝါ ဖြစ်သွားသော်လည်း ယွီကျန်း တစ်ဦးတည်းသာ အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။
သူသည် သူ၏ စိတ်ခံစားချက်ကို ထိန်းချုပ်ရန် ကြိုးစားနေသော်လည်း အံ့သြမှုကို ဖုံးကွယ်ရန် ခက်ခဲနေပုံရသည်။
ကံမကောင်းစွာဖြင့် မြေကမ္ဘာနက်နဲသောအဆင့် ၏ အထွတ်အထိပ်တွင် ရှိနေသော ကျောက်ယန် အတွက်မူ ယွီကျန်း ၏ ရင်ခုန်သံ မြန်လာသည်ကို အထင်အရှား ကြားနေရသည်။
"သူမက ပြင်းထန်တဲ့ ဒဏ်ရာတွေ ရထားတာ သူမရဲ့ ဗိုက်မှာ နက်ရှိုင်းတဲ့ ဓားဒဏ်ရာတစ်ခု ရှိနေခဲ့တယ် သူမကို ပျံသန်းနေသော ကြိုးကြာဂိုဏ်း ဆီ ခေါ်သွားတုန်းက သူမ အသက်ရှင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ခဲ့တာ မမျှော်လင့်ဘဲ သူမက တော်တော်လေး ကြံ့ခိုင်ပြီး အသက်ရှင်ခဲ့ရုံတင်မကဘဲ နောက်ဆုံးမှာ သမီးလေး တစ်ယောက်ကိုပါ မွေးဖွားပေးနိုင်ခဲ့တယ်"
ဟု ဝူချန်းဟွမ်း က ဖြည်းဖြည်းချင်း ပြောပြသည်။
ရှမင်းသား မျက်မှောင်ကြုတ်လျက်
"ဒါက ဒီအမှုနဲ့ ဘာဆိုင်လို့လဲ သူမက သားကောင်တွေထဲက တစ်ယောက်လား"
ဟု မေးသည်။
ဝူချန်းဟွမ်း က ရှမင်းသား ကို ကြည့်ကာ တည်ငြိမ်စွာပင်
"သူမက ကျွန်တော့်ကို ပြောပြဖူးတယ် သူမနဲ့ ပညာရှိ ကျောင်းသားတစ်ယောက်ဟာ သူတို့ရဲ့ ဘဝကို အတူတူ ဖြတ်သန်းဖို့ တိတ်တဆိတ် ကတိပေးထားခဲ့ကြတယ်တဲ့ ဒါပေမဲ့ အဲဒီကျောင်းသားက မထိပါးသင့်တဲ့ အရှိန်အဝါရှိတဲ့ လူတစ်ယောက်ကို သွားပြီး စော်ကားမိလို့ သူတို့ နှစ်ယောက်လုံးဟာ နှုတ်ပိတ်သတ်ဖြတ်ခြင်း ခံရမယ့် ပစ်မှတ်တွေ ဖြစ်သွားခဲ့ရတာပါ"
"အဲဒီကျောင်းသားရဲ့ နာမည်က တောင်ပိုင်းဒေသကျောင်းတော်က ဟွမ်ရှင်း ပါ"
ဝုန်း
ထိုစကားလုံးများမှာ လူတိုင်း၏ နားထဲတွင် မိုးကြိုးပစ်လိုက်သကဲ့သို့ ဟိန်းထွက်သွားတော့သည်။
တကယ်လို့ ဟွမ်ရှင်း သာ တကယ် နှုတ်ပိတ်ခံခဲ့ရသည်ဆိုလျှင် ကျောက်ယန် ၏ အမှုနောက်ကွယ်တွင် မရိုးသားမှု တစ်ခုခု ရှိနေသည်မှာ သေချာလှပေတော့သည်။
အခန်း ၁၇၂ - မလုပ်ရင် မပေါ်၊ လုပ်ရင် ပေါ်စမြဲ
ရှမင်းသား ၏ မျက်နှာမှာ အလွန်အမင်း တည်ကြည်လေးနက်သွားပြီး ဝူချန်းဟွမ်း ဘက်သို့ လှည့်ကာ
"ဆက်ပြောပါဦး"
ဟု ဆိုလိုက်သည်။
ဝူချန်းဟွမ်း က ခပ်လေးလေး ခေါင်းညိမ့်ပြသည်။
"အဲဒီအမျိုးသမီးက ကျွန်တော့်ကို ပြောပြတာကတော့ ဟွမ်ရှင်း ဟာ ကျောင်းတော်က ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ယောက်အတွက် တစ်ခုခု ကူညီပေးခဲ့ရတယ်တဲ့ အဲဒီအလုပ်ပြီးသွားတဲ့အခါမှာ ဟွမ်ရှင်း က သူ နှုတ်ပိတ်သတ်ဖြတ်ခံရတော့မယ်ဆိုတာကို ကြိုတင်သိမြင်သွားလို့ သူမကိုခေါ်ပြီး ထွက်ပြေးခဲ့တာပါ"
" ဒါပေမဲ့ တောင်ပိုင်းဒေသကနေ အထွက်မှာ သူတို့ ခြုံခိုတိုက်ခိုက်ခံခဲ့ရတယ် ဒီကိစ္စဟာ ကျောက်ယန် ရဲ့ အမှုနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်၊ ဘာလို့လဲဆိုတော့ ဟွမ်ရှင်း ကိုယ်တိုင်က ကျောက်ယန် ရဲ့ အိတ်ထဲကို အဲဒီ သစ်သားဆံထိုး ထည့်ခဲ့တာပါလို့ သူမကို ပြောပြခဲ့လို့ပါပဲ"
တရားရုံးတစ်ခုလုံး ဆူညံသွားတော့သည်
ဒါဆိုလျှင် ကျောက်ယန် က တကယ်ပဲ အပြစ်မရှိဘဲ တစ်စုံတစ်ယောက်ရဲ့ လုပ်ကြံမှုကို ခံခဲ့ရတာပေါ့ဘယ်သူက ကျောက်ယန် ကို ဒီလောက်အထိ ဒုက္ခပေးရက်တာလဲ? လူတိုင်း၏ အကြည့်များမှာ တစ်ပြိုင်နက်တည်း ယွီကျန်း ဆီသို့ ရောက်သွားကြသည်။
ယွီကျန်း ၏ မျက်နှာမှာ ဖြူလျော်သွားသည်။
ကျောက်ယန် မှာ သိသိသာသာ စိတ်လှုပ်ရှားလာပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များမှာလည်း လှုပ်ခတ်လာသည်။ ဖန့်ချန် က သူ့ကို တစ်ချက်ကြည့်လိုက်မှသာ သူသည် တဖြည်းဖြည်း ပြန်လည် တည်ငြိမ်သွားတော့သည်။
ယခုအချိန်မှစ၍ သူ ဘာမှ စိုးရိမ်စရာ မလိုတော့ကြောင်း သူသိသည်၊ အရာအားလုံးကို ဖန့်ချန် ထံသို့သာ ပုံအပ်ထားလိုက်တော့မည်
"ခင်ဗျားပြောတာတွေက တစ်ဆင့်စကားတွေပဲ ရှိသေးတာ ကျောက်ယန် ကို အပြစ်ကနေ ကယ်ထုတ်ဖို့အတွက် ခင်ဗျားက ဒီလောက်ကြီးမားတဲ့ မုသားကို တီထွင်ဖန်တီးမထားဘူးလို့ ဘယ်သူ အာမခံနိုင်မလဲ"
ဟု ယွီကျန်း က ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။
အခြားသော ကျောင်းသားများကလည်း ထောက်ခံရန် အသင့်ဖြစ်နေကြသည်။
"ဟုတ်တယ်၊ ဟုတ်တယ်"
"ဟွမ်ရှင်း က အကျိုးအမြတ် အနည်းငယ်အတွက်နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ကျောင်းသားတစ်ယောက်ကို ဒီလောက်အထိ ရက်ရက်စက်စက် ဒုက္ခပေးမှာ မဟုတ်ပါဘူး"
ဟု ဆရာချန် က ဆိုသည်။
"ဝူချန်းဟွမ်း မင်းပြောတဲ့ စကားလုံးတိုင်းဟာ အလွန်လေးနက်တယ် တကယ်လို့ မဟုတ်မမှန်တာ တစ်ခုခု ပါခဲ့ရင် ငါ မြို့တော်အထိ တိုင်တန်းပြီး မင်းတို့ရဲ့ ပျံသန်းနေသော ကြိုးကြာဂိုဏ်း ကို စစ်တပ်လွှတ်ပြီး နှိမ်နင်းခိုင်းမယ် ငါတို့ ပညာရှိတွေက သိုင်းပညာ မတတ်ပေမယ့် ငါတို့ကို ဒီအတိုင်း လာပြီး အနိုင်ကျင့်တာမျိုးတော့ လက်မခံနိုင်ဘူးး"
ဝူချန်းဟွမ်း ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
သူသည် အေးဆေးတည်ငြိမ်စွာ ရှိနေသော ဟွမ်ဖူကျဲ ကို မသိစိတ်ဖြင့် လှည့်ကြည့်မိသည်။
ယုံကြည်မှု အားကိုးရာကို တွေ့ရှိသွားပြီးနောက် ဝူချန်းဟွမ်း က ဆက်ပြောသည်။
"အဲဒီအမျိုးသမီးဟာ အခု ကျွန်တော့်ရဲ့ ဇနီးပါကျွန်တော် လိမ်နေသလား မလိမ်ဘူးလားဆိုတာ သူမကိုယ်တိုင်ပဲ ဆုံးဖြတ်ပါစေ ပြီးတော့ သူမ ပြောပြတာကတော့ ဟွမ်ရှင်း ဟာ အဲဒီအချိန်တုန်းက ဆံထိုးထည့်တဲ့ ကိစ္စက ကျောက်ယန် အပေါ် ဒီလောက်အထိ ကြီးမားတဲ့ ဘေးဒုက္ခ ကျရောက်စေမယ်လို့ မသိခဲ့ဘူးတဲ့ သူက ကျောက်ယန် ကို ကြည့်မရတဲ့ ကျောင်းသားတစ်ယောက်က သူ့ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် စနောက်တာလို့ပဲ ထင်ခဲ့တာ ကျောက်ယန် အဖမ်းခံရတယ်လို့ သိလိုက်ရတဲ့အချိန်မှာ ဟွမ်ရှင်း က သူလုပ်ခဲ့တာတွေအတွက် နောင်တအကြီးအကျယ် ရခဲ့တာပါ"
"ကံမကောင်းစွာနဲ့ပဲ အဲဒီနောင်တက သူ့ရဲ့ အသက်နဲ့ လဲလိုက်ရတာပေါ့"
တစ်ချိန်လုံး တိတ်ဆိတ်နေသော ကျောက်ယန် က ဝင်ပြောရင်း သက်ပြင်းချလိုက်သည်။
"အဲဒီတုန်းက သူ့ကိုတွေ့တိုင်း သူ့မျက်နှာမှာ စိုးရိမ်ပူပန်မှုတွေ ရှိနေတာကို ငါသတိထားမိတယ် သူက ငါ့လိုပဲ ဆင်းရဲတဲ့သူဆိုတော့ အဲဒါကြောင့်လို့ပဲ ငါထင်ခဲ့တာ ဂုဏ်ပကာသနနဲ့ ငွေကြေး မရှိဘဲနဲ့ သူက ဇနီးတစ်ယောက်ကို မဆိုထားနဲ့ ကလေးတစ်ယောက်ကိုတောင် မထောက်ပံ့နိုင်ဘူးလေ သူက အမြဲတမ်း တစ်ခုခုကို တွေးတောပြီး စိတ်ညစ်နေတတ်တာ ယငါသာ ဒါကို စောစောစီးစီး သိခဲ့ရင်..."
ထိုအချိန်တွင်ပင် ငိုရှိုက်သံတစ်ခု ဟိန်းထွက်လာပြီး အဝတ်အစား ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် အသက် သုံးလေးနှစ်အရွယ် ကောင်မလေးတစ်ဦးကို ချီလျက် တရားရုံးထဲသို့ ဖြည်းဖြည်းချင်း ဝင်လာသည်ကို လူတိုင်း မြင်လိုက်ရသည်။
ထိုအမျိုးသမီး၏ မျက်လုံးများမှာ ငိုထားသဖြင့် နီမြန်းနေသည်။ သူမက ကျောက်ယန် ကို ကြည့်လိုက်သောအခါ မျက်လုံးထဲတွင် နောင်တရမှုများဖြင့် ပြည့်နှက်နေသည်။
"ကျောက် သခင်လေး ကျောက် ကျွန်မတို့ ရှင့်အပေါ် တကယ်ပဲ မှားခဲ့ပါတယ်ယ ရှင့်ကို နှစ်ပေါင်းများစွာ ဒီလို မတရား ခံစားရအောင် လုပ်ခဲ့မိတာ"
လူအများအပြား အံ့သြတကြီးဖြင့် ထိုအမျိုးသမီးကို ကြည့်လိုက်ကြသည်။ သူမက ဟွမ်ရှင်း ရဲ့ ချစ်သူဟောင်းလား သူမကို ကယ်တင်ခဲ့တဲ့ ဝူချန်းဟွမ်း နဲ့ လက်ထပ်ခဲ့တဲ့ အမျိုးသမီးလား
ကျောက်ယန် က ထိုအမျိုးသမီးကို ကြည့်လိုက်သောအခါ သူမ မည်သူဖြစ်သည်ကို ချက်ချင်း သိသွားသည်။
"ဪ... မင်းကိုး..."
သူမ မည်သူဖြစ်သည်ကို မြင်သောအခါ ရှယားယွီက မအောင့်နိုင်ဘဲ အာမေဍိတ် ထွက်သွားသည်။
"သူမက ကျောက်စိမ်းမျှော်စင် က ဇီဟဲ မဟုတ်လား"
အားလုံး ချက်ချင်း သဘောပေါက်သွားကြသည်။ ဒါကြောင့် ဟွမ်ရှင်း က ထွက်ပြေးခဲ့တာပေါ့ အဲဒီအမျိုးသမီးက ပြည့်တန်ဆာတစ်ယောက် ဖြစ်နေတာကိုး
တောင်ပိုင်းတောင်တန်းကျောင်းတော်က ကျောင်းသားတစ်ယောက်ဟာ ပြည့်တန်ဆာမတစ်ယောက်နဲ့ ပတ်သက်မှု ရှိနေရုံတင်မက ကိုယ်ဝန်ပါ ရအောင်လုပ်ခဲ့တယ်ဆိုတဲ့ သတင်းသာ ပြန့်သွားရင် သူ့ရဲ့ အနာဂတ်က ပျက်စီးသွားမှာ အမှန်ပဲ
"သခင်လေး ကျောက် ကျွန်မလို မိန်းမတစ်ယောက်အတွက်နဲ့ ဟွမ်ရှင်း ဟာ ကြီးမားတဲ့ အမှားကို ကျူးလွန်ခဲ့ရုံတင်မက နောက်ဆုံးမှာ အသက်ပါ ပေးခဲ့ရပါတယ် ဒါ့အပြင် ရှင့်ကိုလည်း မတရား စွပ်စွဲခံရအောင် လုပ်ခဲ့ပြီး တကယ့် တိရစ္ဆာန်ကောင်ကိုတော့ လွတ်မြောက်စေခဲ့မိတယ်..."
ထိုအမျိုးသမီးသည် ပြောရင်းပြောရင်းနှင့် ပို၍ စိတ်လှုပ်ရှားလာကာ သူမ၏ မျက်နှာမှာ မိမိကိုယ်ကို အပြစ်တင်မှုများဖြင့် ပြည့်နှက်နေသည်။
ထို့နောက် ရုတ်တရက် သူမက ယွီကျန်း ကို လက်ညှိုးထိုးပြလိုက်သည်။
"ရှင်ပဲ ရှင်က လူယုတ်မာပဲ ရှင်က အပြစ်မဲ့ အမျိုးသမီးတွေကို သတ်ခဲ့တာ ရှင်က ဟွမ်ရှင်း ကို သခင်လေး ကျောက် ရဲ့ အိတ်ထဲ ဆံထိုးထည့်ခိုင်းတာ ရှင်က သခင်လေး ကျောက် ကို လုပ်ကြံတာ ပြီးတော့ ရှင်ပဲ ဟွမ်ရှင်း ကို သတ်လိုက်တာ"
ယွီကျန်း ၏ မျက်နှာမှာ ပြာနှမ်းသွားသည်။ သူသည် မသိစိတ်ဖြင့် နောက်သို့ နှစ်လှမ်းခန့် ဆုတ်လိုက်မိသည်။
ရှမင်းသား နှင့် အခြားသူများ၏ မျက်နှာမှာလည်း လေးနက်သွားကြပြီး သူတို့၏ အကြည့်များမှာ ယွီကျန်း ဆီသို့ ရောက်သွားသည်။
ဖန့်ချန် ခန့်မှန်းခဲ့သော အမှန်တရားမှာ ထိုမျှ တိကျလိမ့်မည်ဟု သူတို့ မထင်ထားကြပေ။
တကယ့် တရားခံက ကျောက်ယန် မဟုတ်ဘဲ ကျောင်းတော်ရဲ့ ထိပ်တန်းကျောင်းသား ယွီကျန်း ဖြစ်နေတာလား
တရားရုံးအပြင်ဘက်တွင် လူတိုင်း တိတ်ဆိတ်သွားသည်။
သူတို့၏ မျက်လုံးများတွင် မယုံကြည်နိုင်မှု၊ ဇဝေဇဝါဖြစ်မှု၊ ထိတ်လန့်မှုများ ပေါ်လာပြီးနောက် ပြင်းထန်သော ဒေါသများအဖြစ် ပြောင်းလဲသွားတော့သည်
တောင်ပိုင်းဒေသရှိ လူတိုင်းကို ယွီကျန်း က လှည့်စားခဲ့ခြင်းပင် သေဆုံးသူများ၏ မိသားစုဝင်များမှာ ပို၍ပင် ဒေါသထွက်နေကြသည်။
သူတို့ ချစ်ရသူတွေကို ဆုံးရှုံးခဲ့ရရုံတင်မက၊ နှစ်ပေါင်းများစွာ တရားခံလို့ သတ်မှတ်ပြီး ကျိန်ဆဲခဲ့တဲ့ လူဟာ အပြစ်မရှိသူ ဖြစ်နေသည် မဟုတ်ပါလား
ရှမင်းသား ၏ မျက်နှာမှာ ဖြူဖျော့သွားပြီး နှုတ်ခမ်းများ တုန်ရီလာသည်။ ရုတ်တရက် သူက သွေးတစ်လုပ် အန်လိုက်ရသည်။
"ကျွန်တော့်ကို မတရား မစွပ်စွဲပါနဲ့"
ယွီကျန်း ၏ မျက်နှာမှာ နီလိုက်ဖြူလိုက် ဖြစ်နေသည်။ နောက်ဆုံးတွင် သူက သွားကြိတ်လျက် အမျိုးသမီးကို လက်ညှိုးထိုးကာ
"မင်းက ဟွမ်ရှင်း နဲ့ ကတိကဝတ် ရှိခဲ့တယ်လို့ ပြောတယ် မင်းမှာ ဘာသက်သေရှိလဲ လမ်းဘေးက မိန်းမတစ်ယောက်ကို ဒီအတိုင်း ခေါ်လာပြီး ဒီလို အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ လုပ်လို့ရတယ်ဆိုရင် မဟာရှအင်ပါယာရဲ့ ဥပဒေတွေက အဓိပ္ပာယ် မရှိတော့ဘူးပေါ့"
"မလုပ်ရင် မပေါ် လုပ်ရင် ပေါ်စမြဲပဲ"
ဖန့်ချန် က ခပ်လေးလေး သက်ပြင်းချလိုက်သည်။
"အမှန်ပါပဲ ဒီအမျိုးသမီးက ဟွမ်ရှင်း နဲ့ ကတိကဝတ် ရှိခဲ့တယ်ဆိုတာကို သက်သေပြဖို့ ဘာသက်သေမှ မရှိသလို သူမပြောတာတွေက အမှန်တရား ဖြစ်တယ်ဆိုတာကိုလည်း သက်သေပြဖို့ ဘာမှ မရှိသေးဘူး"
ဖန့်ချန် ၏ သဘောထား ပြောင်းလဲသွားမှုကြောင့် လူအုပ်ကြီးမှာ ဇဝေဇဝါ ဖြစ်သွားသည်။
ယွီကျန်း ၏ မျက်လုံးထဲတွင် ဝမ်းသာရိပ်တစ်ခု ဖြတ်ပြေးသွားသည်။
"မြို့စားဖန့် ပြောတာ လုံးဝ မှန်ပါတယ်"
ကျောက်ယန် ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသော်လည်း သူ၏ စိတ်ထဲတွင်မူ ဖန့်ချန် ကို ယုံကြည်နေဆဲပင်။ ထိုအမျိုးသမီး ရောက်လာခြင်းသည်ပင် သက်သေတစ်မျိုး ဖြစ်နေသည် မဟုတ်ပါလား
"ဒါပေမဲ့ မနေ့ညက ကျွန်တော် နောက်ထပ် တစ်ခုကို တွေ့ရှိခဲ့တယ်"
ဖန့်ချန် က ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။
"ကျောက်ယန် သာ လူသတ်သမား မဟုတ်ခဲ့ဘူးဆိုရင် တကယ့် လူသတ်သမားက တောင်ပိုင်းဒေသမှာ ရှိနေတုန်းဆိုရင် သူဟာ နောက်ထပ် ရာဇဝတ်မှုတွေကို ဆက်ပြီး ကျူးလွန်နေဦးမှာလား ကျွန်တော် ရာဇဝတ်မှုတွေ အများကြီးကို မြင်ဖူးပါတယ် "
"ဒီလို လူသတ်သမားမျိုးတွေရဲ့ ရင်ဘတ်ထဲမှာ မှောင်မိုက်တဲ့ တိရစ္ဆာန်တစ်ကောင် ရှိနေတတ်တယ် ဒီလို ရက်စက်တဲ့ နည်းလမ်းတွေက သူတို့ရဲ့ ဆန္ဒအချို့ကို ဖွင့်ထုတ်တဲ့ ပေါက်ကွဲထွက်မှုတွေပဲ ဒါဟာ လူသတ်ပြီး အပြစ်ပုံချဖို့ သက်သက်ပဲ မဟုတ်ဘူးလူသတ်သမား ကိုယ်တိုင်က အဲဒီ ဖြစ်စဉ်ကို နှစ်သက်ပြီး သာယာနေတတ်တာ"
"ဒါကြောင့် ကျောက်ယန် က လူသတ်သမား မဟုတ်ဘူးဆိုရင် တကယ့် လူသတ်သမားက လွတ်နေတုန်းပဲဆိုတဲ့ အဓိပ္ပာယ်ပဲ ဒါဆိုရင် ဘယ်သူမှ မသိဘဲ သူ့လက်ထဲမှာ သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ အမျိုးသမီးတွေ အများကြီး ရှိနေနိုင်သေးတယ် ဒါက လူသတ်သမားဟာ အရမ်းကို သတိကြီးပြီး သူ့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို အလွယ်တကူ မသိနိုင်အောင် ဖုံးကွယ်ထားတာကို ပြနေတာပဲ"
"ကျောက်ယန် က အပြစ်ပုံချခံရတဲ့ သူ ဖြစ်သွားပြီးတဲ့နောက်မှာတော့ တကယ့် လူသတ်သမားဟာ ပိုပြီး ရက်စက်လာလိမ့်မယ် သူ့ရဲ့ ရင်ထဲက တိရစ္ဆာန်ဆန်တဲ့ ဆန္ဒတွေကို ပိုပြီး လွတ်လွတ်လပ်လပ် ဖွင့်ထုတ်လာလိမ့်မယ် ဘာလို့လဲဆိုတော့ သူဟာ တကယ့် လူသတ်သမားဖြစ်ကြောင်း ဖော်ထုတ်နိုင်မယ့်သူ ဘယ်သူမှ မကျန်တော့ဘူးလို့ ထင်သွားလို့ပဲ"
လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဖန့်ချန် ၏ စကားထဲမှ မကောင်းသော အရိပ်အယောင်များကို ခံစားမိလိုက်ကြသည်။
"မြို့စားဖန့်. ဒါဆိုရင် လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ တောင်ပိုင်းဒေသမှာ တရားခံရဲ့ လက်ချက်နဲ့ ဒုက္ခရောက်ခဲ့ရတဲ့ အမျိုးသမီးတွေ ဆက်ရှိနေသေးတယ်လို့ ဆိုလိုတာလား"
ရှမင်းသား ၏ အသံမှာ တုန်ရီနေသည်။
ဒီလို ဖြစ်ရပ်မျိုးတွေက သူ့ရဲ့ နယ်မြေထဲမှာ တကယ် ဖြစ်ပျက်နေပြီး ဒီနယ်မြေကို တာဝန်ယူထားတဲ့ သူကတော့ ဘာမှ မသိခဲ့ဘူးတဲ့လား အကယ်၍ ဖန့်ချန် ရဲ့ ခန့်မှန်းချက်သာ မှန်ကန်ခဲ့ရင် သူဟာ ကြီးမားတဲ့ တာဝန်ကို ထမ်းဆောင်ရပါလိမ့်မယ်
"မှန်ပါတယ် အဲဒီ သားကောင်တွေကို ရှာတွေ့လိုက်တာနဲ့ သက်သေတွေက ပေါ်လာပါလိမ့်မယ်"
ဟု ဖန့်ချန် က အေးစက်စွာ ပြောလိုက်သည်။
"အားလုံး သဘောတူမယ်ဆိုရင် ကျွန်တော် ခင်ဗျားတို့ကို နေရာတစ်ခုဆီ ခေါ်သွားပါ့မယ်"
လူတိုင်း အသက်ရှူ မှားသွားကြပြီး ယွီကျန်း ၏ မျက်နှာမှာ ပို၍ပင် ကြည့်ရဆိုးလာသည်။
"မြို့စားဖန့် က လူသတ်သမား ဘယ်သူလဲဆိုတာကို ရှာတွေ့သွားပြီလို့ ဆိုလိုတာလား"