အခန်း (၁၈၁-၁၈၂)
Vol. 19 Ch. 181-182
လောကကိုးပါးမသေမျိုး
ဘာသာပြန် အရှင်ငယ်
အခန်း ၁၈၁ - သူ့ကို ကစားပေးမယ်
နောက်ရက်များတွင် ဖန့်ချန် နှင့် အခြားသူများသည် သူတို့၏ အခန်းထဲ၌သာ နေထိုင်ပြီး ကျင့်ကြံခြင်းနှင့် တရားထိုင်ခြင်းများကို ပြုလုပ်ကြသည်။
သူတို့ထဲမှ မည်သူမျှ အစာမစားဘဲ နေနိုင်သည့်အဆင့် သို့ မရောက်သေးသော်လည်း ရက်အနည်းငယ်မျှ အစာမစားဘဲ နေခြင်းမှာ သူတို့အတွက် ပြဿနာမဟုတ်ပေ။
ထိုအတောအတွင်း ဖန့်ချန် သည် မည်သည့် အဆောင်ကိုမျှ မရေးဆွဲပဲ ဘဲ တာအိုသုံးထောင်ကျင့်စဥ် အတိုင်း ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို ဖြည်းညှင်းစွာ စုပ်ယူနေခဲ့သည်။
ရှယားယိ နှင့် အခြားသူများမှာ သူ့ကို အသေအချာ အကဲခတ်နေကြသည်။
သူတို့ စိတ်ပျက်သွားရသည်မှာ ဖန့်ချန် ၏ ကျင့်ကြံမှုနှုန်းသည် အလွန်ပင် နှေးကွေးနေခြင်းပင်။
ခေါင်းလောင်းနှစ်ချက်တီး ပါရမီသာရှိသော ရှယားယိ ထက်ပင် နှေးကွေးနေပုံရသည်။ သူတို့သည် တစ်ဦးကိုတစ်ဦး ဇဝေဇဝါဖြင့် ကြည့်လိုက်ကြပြီး၊ ဖန့်ချန် သည် သူ၏ ကျင့်ကြံမှုနည်းလမ်းကို အသိမပေးလို၍ ဟန်ဆောင်နေခြင်းသာ ဖြစ်လိမ့်မည်ဟု သံသယဝင်နေကြသည်။
သူတို့ မသိသောအချက်မှာ ဖန့်ချန် ၏ ပါရမီသည် အမှန်တကယ်ပင် ဆိုးရွားနေခြင်းဖြစ်သည်။
သူ၏ ကျင့်ကြံမှု လျင်မြန်ရခြင်းမှာ သူ၏ ဝိညာဉ်စွမ်းအင်များကို ကုန်ဆုံးအောင် သုံးစွဲပြီးတိုင်း စွမ်းအင်ပမာဏ အဆမတန် တိုးပွားလာနိုင်သည့် စွမ်းရည်ကြောင့်သာ ဖြစ်သည်။
ထိုအရာအားလုံးမှာ သူ၏ အစွမ်းထက်လှသောဝိညာဉ် နှင့် ဆက်စပ်နေသည်။
ဆုန့်ယီ ဘက်တွင်မူ အရှက်ရခဲ့သည့်နေ့မှစ၍ သူ၏အခန်းထဲမှ အပြင်မထွက်တော့ချေ။ သို့သော် သူ၏ လက်အောက်ငယ်သားများမှာမူ ဖန့်ချန် တို့အဖွဲ့၏ လှုပ်ရှားမှုများကို မကြာခဏ လာရောက် စောင့်ကြည့်နေကြသည်။
"သခင်လေး... သူတို့တွေ အပြင်မထွက်ကြသေးပါဘူး"
ဟု သိုင်းပညာရှင်တစ်ဦးက ဆုန့်ယီ ကို ရိုသေစွာ သတင်းပို့သည်။
ဆုန့်ယီ က မျက်မှောင်ကြုတ်လိုက်သည်။
"ဒီလူတွေမှာ နောက်ခံတစ်ခုခု ရှိပုံရပေမဲ့ အတော်လေး လူမသိအောင် နေကြတာပဲ သူတို့ မြို့တော်မှာ ဘာလာလုပ်မလဲဆိုတာ ငါသိချင်မိတယ်"
အဘိုးအို ကင် သည် ပြတင်းပေါက်အပြင်ဘက် ရှုခင်းကို ကြည့်ကာ ရယ်မောလိုက်သည်။
"သခင်လေး အခုဆိုရင် မြို့တော်ကို ရောက်ဖို့ မိုင်တစ်ရာတောင် မလိုတော့ဘူး ကျွန်တော် အရင် ကြိုသွားရမလား"
ဆုန့်ယီ က အသာအယာ ပြုံးလိုက်သည်။
"ကောင်းတာပေါ့ ကင် အဘိုး ကျွန်တော် ကျေးဇူးတင်ပါတယ်"
မကြာမီမှာပင် အဘိုးအို ကင် သည် သင်္ဘောပိုင်ရှင်ပေးသော လှေငယ်တစ်စင်းဖြင့် ထွက်ခွာသွားသည်။ သူ၏ အတွင်းအားကို အသုံးပြုပြီး လှေကို ခတ်နှင်လိုက်ရာ လှေငယ်မှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
သင်္ဘောပိုင်ရှင်မှာ စိတ်မသက်မသာ ဖြစ်နေပုံရသဖြင့် ဆုန့်ယီ ၏ လက်အောက်ငယ်သားတစ်ဦးက သူ့ကို စိုက်ကြည့်ကာ
"မင်း ပါးစပ်ပိတ်ထားတာ အကောင်းဆုံးပဲ ဒါ မင်းနဲ့ မဆိုင်ဘူး"
ဟု အေးစက်စွာ ပြောလိုက်သည်။
သင်္ဘောပိုင်ရှင်သည် ပြောမည့်စကားများကို ပြန်မျိုချလိုက်ရပြီး ခေါင်းကို တရစပ် ညိမ့်ပြလိုက်သည်။
"နားလည်ပါပြီ... နားလည်ပါပြီ"
သင်္ဘောပေါ်ရှိ သိုင်းပညာရှင် အများအပြားမှာ ထိုမြင်ကွင်းကို မြင်တွေ့ခဲ့ကြပြီး အဘိုးအို ကင် ဘာလုပ်ရန် ကြံစည်နေသည်ကို ခန့်မှန်းမိကြသည်။
ထိုသည်မှာ မထူးဆန်းပေ၊ ဆုန့်မိသားစုသည် မည်သည့်အခါမျှ အရှုံးပေးမည့်သူများ မဟုတ်ကြချေ။
နာရီအနည်းငယ် ကြာပြီးနောက် ကုန်တင်သင်္ဘောကြီးသည် အလွန်စည်ကားလှသော ဆိပ်ကမ်းတစ်ခုသို့ ဖြည်းညှင်းစွာ ဆိုက်ကပ်လိုက်သည်။
ထိုနေရာတွင် ခရီးသည်တင်သင်္ဘောများနှင့် ကုန်တင်သင်္ဘောများစွာ ကျောက်ချထားပြီး အချို့မှာ တောင်ကြီးများပမာ ထည်ဝါလှသည်။
ရှယားယိသည် ဝေးကွာလှသော မြို့ရိုးကြီးများကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့်
"နှင်းရေခဲအင်ပါယာရဲ့ မြို့တော်ကို မရောက်တာ ကြာလှပြီ"
ဟု ရေရွတ်လိုက်သည်။
"စီနီယာအစ်ကိုရှယားအခု ရောက်ပြီဆိုတော့ ငါတို့ သွားမယ့်နေရာနဲ့ ဘယ်လောက် ဝေးသေးလဲ"
ဟု လျူဆွေဖုန်း က မေးသည်။
"သိပ်မဝေးတော့ပါဘူး"
ဟု ရှယားယိက ပြုံးလျက် ဖြေသည်။ ထို့နောက် သူက ဖန့်ချန် ကို ကြည့်ကာ
"မိတ်ဆွေ ဖန့် ငါတို့ သွားမယ့်နေရာကို တိုက်ရိုက် သွားကြမလား ဒါမှမဟုတ်"
ဖန့်ချန် က ရယ်မောလိုက်သည်။
"အလျင်မလိုပါဘူး အဲဒီနေရာက ထွက်ပြေးသွားမှာမှ မဟုတ်တာ အရင်ဆုံး မဟာရှနဲ့ ပတ်သက်တဲ့ ကိစ္စအချို့ကို အရင် ရှင်းကြတာပေါ့"
ရှယားယိ တို့မှာ သူ ထိုသို့ပြောမည်ကို ကြိုတင်ခန့်မှန်းထားကြပြီးဖြစ်သဖြင့် တစ်ဦးပြီးတစ်ဦး ခေါင်းညိမ့်ကြသည်။
အကယ်၍ အခြားကျင့်ကြံသူများသာဆိုလျှင် စိတ်မရှည်နိုင်ကြတော့ပေ။
သို့သော် ဖန့်ချန် တွင် ကြီးမားသော နောက်ခံရှိနေသဖြင့် သူနှင့် ရင်းနှီးမှု တည်ဆောက်ထားခြင်းက ခရီးရောက်ရန်ထက် ပို၍ အရေးကြီးသည်။
ထို့ကြောင့်လည်း သူတို့သည် မြို့တော်တွင် သူ့ကို ရက်ပေါင်းများစွာ စောင့်ဆိုင်းပေးခဲ့ကြခြင်း ဖြစ်သည်။
ဆုန့်ယီ နှင့် သူ၏ အဖွဲ့သည်လည်း အခန်းထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။
ပထမဆုံးအနေဖြင့် သူသည် ဆိပ်ကမ်းဘက်သို့ လှမ်းကြည့်လိုက်ရာ အဘိုးအို ကင် ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် စိတ်သက်သာရာ ရသွားတော့သည်။
ထို့နောက် သူသည် ဝေးရာမှ ဖန့်ချန် ကို တစ်ချက်ကြည့်ကာ ရုတ်တရက် ပြုံးလိုက်ပြီး မေးလိုက်သည်။
"အားလုံးပဲ ငါတို့ သင်္ဘောပေါ်က အတူတူ ဆင်းကြမလား"
ပတ်ဝန်းကျင်ရှိ သိုင်းပညာရှင်များမှာ ဆိပ်ကမ်းတွင် အိမ်မက်မက်ဆိုးမြင်းသည်တော် အများအပြား ရှိနေသည်ကို သတိပြုမိကြသည်။
ထိုသည်မှာ ကျိမိသားစု မှ အရေးကြီးသော ပုဂ္ဂိုလ်တစ်ဦး ရောက်ရှိနေကြောင်း ပြသနေခြင်းပင်။
ကျန်ထိုင်ချင်းရွှမ် က မထီမဲ့မြင်ပြုသည့် အကြည့်များဖြင့် ရယ်မောလိုက်သည်။
"ဒီကောင်က ရုတ်တရက် ယုံကြည်မှုတွေ တက်လာတာပဲ"
"သူ့ကို ကစားပေးရတာ စိတ်ဝင်စားဖို့ ကောင်းမှာပါ"
ဟု လျူဆွေဖုန်း က ပြုံးလျက် ဆိုသည်။
"ဒါပေမဲ့ မိတ်ဆွေ ဖန့် ရဲ့ အဖော်နှစ်ယောက်ကောသူတို့က ကစားနိုင်ပါ့မလား"
"ကျွန်တော်ကတော့ သိပ်မကစားနိုင်ဘူး၊ ဒါပေမဲ့ ကျောက် အိုကြီးကတော့ ကစားနိုင်တယ်"
ဟု ရွှီဂီ က မြည်တွမ်းလိုက်သည်။
ကျောက်ယန် သည် ဖန့်ချန် ကို ကြည့်လိုက်ရာ ဖန့်ချန် က အသာအယာ ခေါင်းညိမ့်ပြလိုက်သည်။
ထိုအခါ သူ၏ မျက်နှာတွင် မျှော်လင့်စောင့်စားနေသည့် အမူအရာများ ပေါ်လာသည်။ သိုင်းပညာတွင် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ပြီးနောက် သူသည် ထိုမျှဝေးလံသော ခရီးကို တစ်ခါမှ မသွားဖူးပေ။
နှင်းရေခဲအင်ပါယာ၏ မြို့တော်သို့ ရောက်ရှိလာချိန်တွင် သူ၏ စွမ်းရည်များသည် ထိုနိုင်ငံ၏ ထိပ်သီးစစ်ပညာရှင်များနှင့် ယှဉ်လျှင် မည်သို့ရှိမည်ကို စမ်းသပ်လိုနေသည်။ မည်သူက ပို၍ သန်မာသလဲဆိုသည်ကို သူ သိလိုနေသည်။
ဖန့်ချန် တို့အဖွဲ့က သူ့ကို ဂရုမစိုက်သည်ကို မြင်သောအခါ ဆုန့်ယီ သည် နှာခေါင်းရှုံ့လိုက်ပြီး သူ၏လူများကို ဦးဆောင်ကာ သင်္ဘောပေါ်မှ အရင်ဆင်းသွားတော့သည်။
ခမ်းနားထည်ဝါသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး ခံ့ညားသော အရှိန်အဝါရှိသည့် လူငယ်တစ်စု ရှေ့သို့ တိုးလာကြသည်။
သူတို့တစ်ဦးချင်းစီမှာ အစွမ်းထက်သော အတွင်းအားများ ရှိသည့် စစ်ပညာရှင်များ ဖြစ်ကြသည်။
"ညီနောင် ဆုန့်ယီ မတွေ့ရတာ ကြာပြီနော်"
သူတို့ကို ဝန်းရံလျက် စောင့်ကြပ်နေသော သိုင်းပညာရှင် အများအပြားလည်း ရှိနေသည်။ သိသာသည်မှာ ထိုလူငယ်များ၏ အဆင့်အတန်းမှာ ထူးခြားလှသည်။
ခေါင်းဆောင်ဖြစ်သူ၏ အရှိန်အဝါမှာ အဘိုးအို ကင် ထက် မနိမ့်ကျဘဲ ကျိလင်ယွီ နှင့် အသက်အရွယ် တူညီပုံရသည်။ သူသည် ဆုန့်ယီ နှင့် သူ၏ညီမကို မြင်သောအခါ နွေးထွေးစွာ ပြုံးပြလိုက်သည်။
"အစ်ကို လင်ရှင်း "
ဆုန့်ယီ က နွေးထွေးစွာ နှုတ်ဆက်ပြီး ကျိမိသားစုဝင်များနှင့် စကားစမြည် ပြောဆိုတော့သည်။
"ညီနောင် ဆုန့်ယီ ညီမလေး ဆုန့်ဟွေ့ ငါ မိတ်ဆက်ပေးပါရစေ ဒါက မေ့လျော့ခြင်းပင်လယ် ဓားဂိုဏ်း က ရွှီချင်းဖုန်း ပဲ"
ကျိလင်ရှင်း နှင့်အတူ အေးဆေးတည်ငြိမ်သော လူငယ်တစ်ဦး ပါလာသည်။ သူသည် အခြားသူများထက် အသက်အနည်းငယ် ပိုကြီးပုံရသည်။
"ရွှီချင်းဖုန်း"
ဆုန့်ယီ ၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး
"ဒီလူက သိုင်းလောကမှာ တောက်ပသောဓားဘုရင် လို့ ကျော်ကြားတဲ့ အစ်ကို ရွှီချင်းဖုန်း လား"
ဟု အံ့သြတကြီး မေးလိုက်သည်။
"ဒါက သိုင်းလောက က လူတွေ ပေးထားတဲ့ နာမည်ပြောင်ပါပဲ ညီနောင် ဆုန့် က ကျွန်တော့်ကို ချင်းဖုန်း လို့ပဲ ခေါ်နိုင်ပါတယ်"
ဟု ရွှီချင်းဖုန်း က ခပ်ပါးပါး ပြုံးလျက် ဆိုသည်။
သူ၏ အသံမှာ တည်ငြိမ်သော်လည်း သိသိသာသာ မပြသသော မောက်မာမှုအချို့ ပါဝင်နေသည်။
ကျိလင်ရှင်း က ရယ်မောလိုက်သည်။
"အားနာမနေပါနဲ့ အခုခေတ် နှင်းရေခဲအင်ပါယာရဲ့ နယ်နိမိတ်အတွင်းမှာ မင်းရဲ့အသက်အရွယ်နဲ့ ကိုယ်တွင်း ချီအဆင့်ကို ရောက်တဲ့သူဟာ လက်ချိုးရေလို့ ရပါတယ်"
ထို့နောက် ကျိလင်ရှင်း က ဆုန့်ယီ ဘက်သို့ လှည့်ကာ
"စောစောက အဘိုး ကင် ဆီက ကြားတယ် မင်းတို့ သင်္ဘောက လမ်းမှာ ပျက်သွားလို့ ကုန်တင်သင်္ဘောနဲ့ လိုက်လာရင်း တစ်ယောက်ယောက်နဲ့ အငြိုးအတေး ဖြစ်ခဲ့တယ်ဆို"
ဆုန့်ယီ က ခေါင်းကို ဖြည်းဖြည်းချင်း ညိမ့်လိုက်သည်။
"ဟုတ်ပါတယ် အဲဒီအတိုင်းပါပဲ"
"ကောင်းပြီလေ"
ဟု ကျိလင်ရှင်း က ပြုံးလျက် ဆိုသည်။
"ညီနောင် ရွှီ ကလည်း အလည်လာနေတာနဲ့ အတော်ပဲ ဒီကိစ္စကို ကြားတော့ သူလည်း လိုက်လာခဲ့တာ မင်းကို စော်ကားခဲ့တဲ့သူကို လက်ညှိုးထိုးပြလိုက်ရုံပဲ ဆုန့်မိသားစုဝင်တစ်ယောက်ကို လက်ဖျားနဲ့တောင် ထိရဲတဲ့သူက ဘယ်လောက်တောင် သတ္တိကောင်းနေသလဲဆိုတာ ငါ မြင်ချင်မိတယ်"
တိုက်တိုက်ဆိုင်ဆိုင်ပင် သူ ထိုသို့ ပြောနေစဉ်မှာပင် ဖန့်ချန် နှင့် အခြားသူများ သင်္ဘောပေါ်မှ ဆင်းလာကြသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ဆုန့်ယီ က ချက်ချင်းပင် လက်ညှိုးထိုးပြလိုက်သည်။
"အစ်ကို လင်ရှင်း အဲဒီလူတွေပါပဲ သူတို့က နှင်းရေခဲအင်ပါယာက လူတွေ မဟုတ်ကြဘူး"
ကျိလင်ရှင်း က ရယ်မောလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။
"သူတို့ ဘယ်အင်ပါယာကပဲ လာလာ ဒီကို ရောက်လာပြီဆိုရင်တော့ ငါတို့ နှင်းရေခဲအင်ပါယာရဲ့ စည်းကမ်းတွေကို လိုက်နာရမယ်"
နောက်တစ်ခဏတွင် မရေတွက်နိုင်သော အိမ်ဆိုးမြင်းသည်တော်များသည် ရှေ့သို့ တိုးလာကြပြီး ဆိပ်ကမ်းတစ်ခုလုံးကို ပိတ်ဆို့လိုက်ကြသည်။
ထိုနေရာရှိ ကုန်သည်များ၊ ခရီးသည်များနှင့် သင်္ဘောပိုင်ရှင်များ အားလုံးမှာ ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားကြတော့သည်။
"ဆုန့်မိသားစုက တကယ်ပဲ ကျိမိသားစုကို အကူအညီ တောင်းလိုက်တာကိုး"
"ဟိုလူတွေတော့ ဒုက္ခရောက်ပြီ"
သိုင်းပညာရှင် အများအပြားမှာ ထူးဆန်းသော အမူအရာများ ပြလာကြသည်။
အိမ်မက်ဆိုးမြင်းသည်တော် တစ်စုသည် ဖန့်ချန် တို့အဖွဲ့ကို ဝိုင်းထားလိုက်ကြသည်။ ခေါင်းဆောင်ဖြစ်သူက မြင်းပေါ်မှနေ၍ သူတို့ကို ငုံ့ကြည့်ကာ
"သခင်လေး လင်ရှင်း က ခင်ဗျားတို့ကို တွေ့ချင်နေတယ် စကားပြောဖို့ လိုက်ခဲ့ကြပါ"
ဟု ဆိုသည်။
ဆုန့်ယီ သည် ဖန့်ချန် တို့အဖွဲ့ကို ခေါ်ဆောင်လာသည်ကို ကြည့်ကာ သူ၏မျက်နှာတွင် စိတ်လှုပ်ရှားသည့် အမူအရာများ ပေါ်လာသည်။
သူ ခံစားခဲ့ရသော အရှက်ရမှုများကို အဆပေါင်း ရာနှင့်ချီ၍ ပြန်လည် ပေးဆပ်စေတော့မည်
အခန်း ၁၈၂ - မတုန်မလှုပ် တောက်ပသောဓားဘုရင်
"ဒီလူတွေက ဘယ်သူတွေလဲ ဘာလို့ ကျိမိသားစု က သူတို့ကို ဒီလောက်တောင် အလေးထားနေရတာလဲနှင်းရေခဲအင်ပါယာ ဆိပ်ကမ်းတစ်ခုလုံးကိုတောင် ပိတ်ဆို့ထားတယ်နော်"
"ရှူး တိုးတိုးနေစမ်းပါ ဒီလို အထက်တန်းစားတွေရဲ့ အားပြိုင်မှုကြားထဲ ငါတို့ ဝင်မပါတာ အကောင်းဆုံးပဲ ကိုယ့်ဆီ ဒုက္ခမရောက်အောင် နေကြရအောင်"
"မင်းတို့ မသိလို့ပါ ငါ သူတို့နဲ့ သင်္ဘောတစ်စင်းတည်း အတူတူ လိုက်လာတာ ဒီလူတွေက နှင်းရေခဲအင်ပါယာက သိုင်းပညာရှင်တွေ မဟုတ်ကြဘူးသင်္ဘောပေါ်မှာတောင် ဆုန့်မိသားစုဝင် တစ်ယောက်ကို ဒူးထောက်ခိုင်းပြီး ကန်တော့ခိုင်းခဲ့တာ"
"ဟင်"
"တကယ်ကြီးလား သူတို့ကတော့ တကယ့်ကို သေမင်းကို ဖိတ်ခေါ်နေတာပဲ ကျိမိသားစုက ဘာလို့ ဝင်ပါလာတာလဲဆိုတာ မဆန်းတော့ဘူး နှင်းရေခဲအင်ပါယာမှာ ဆုန့်မိသားစုက ကျိမိသားစုရဲ့ နံပါတ်တစ် ထောက်တိုင်ဆိုတာ သူတို့ မသိကြဘူးလား"
"ဒါပေမဲ့ ဒီသိုင်းပညာရှင်တွေကလည်း အားမနည်းဘူးနော် တစ်ယောက်ဆိုရင် ကိုယ်တွင်းချီအဆင့်(ာ တောင် ရောက်နေတာ"
"ကိုယ်တွင်းချီ ဒါဆို မြို့တော်မှာတောင် ထိပ်တန်းပညာရှင်လို့ သတ်မှတ်လို့ရတယ် အဲဒီလူတွေက အနှစ်သာရပြန်လည်ရောက်ရှိခြင်းချီအဆင့် ကို ရောက်သွားရင်တော့ ဒေသတစ်ခုရဲ့ အရှင်သခင်တွေ ဖြစ်ကုန်ကြပြီ ဂိုဏ်းတွေ ဒါမှမဟုတ် အင်အားကြီး မိသားစုတွေရဲ့ ဘိုးဘေးတွေ ဖြစ်သွားကြပြီး လူမြင်ကွင်းကို ထွက်ခဲကြတယ်"
"ကျိမိသားစုရှေ့မှာတော့ ကိုယ်တွင်းချီအဆင့်ဆိုတာ ဘာမှမဟုတ်ပါဘူး အနှစ်သာရပြန်လည်ရောက်ရှိခြင်းချီအဆင့် ဆိုရင်တောင် မလုံလောက်သေးဘူး သက်ရှည်ချီအဆင့် ရောက်မှသာ ကျိမိသားစုကို ရင်ဆိုင်နိုင်မှာ ဒါပေမဲ့ ငါတို့ အင်ပါယာမှာ အဲဒီလို ပညာရှင်မျိုးက လက်ချိုးရေလို့ ရပါတယ်"
"ဟိုဘက်က လူကို မြင်လား အဲဒါ မေ့လျော့ခြင်းပင်လယ် ဓားဂိုဏ်း က 'းတောက်ပသောဓဘုရင်လို့ ကျော်ကြားတဲ့ ရွှီချင်းဖုန်း ပဲ သူရှိနေရင် ကျိမိသားစုတောင် လှုပ်ရှားစရာ မလိုတော့ဘူး ဒီလူတွေတော့ တကယ် ဒုက္ခရောက်တော့မှာပဲ"
လူအုပ်ကြီးမှာ တိုးတိုးတိတ်တိတ် ဝေဖန်နေကြရင်း ဖန့်ချန် တို့အဖွဲ့ ကျိလင်ရှင်း တို့အနားသို့ ရောက်သွားသည်အထိ စောင့်ကြည့်နေကြသည်။
နှစ်ဖက်စလုံး မျက်နှာချင်းဆိုင် မိသွားသည့်အခါ ဆူညံသံများမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားတော့သည်။
ဆုန့်ယီ သည် ဖန့်ချန် နှင့် ကျောက်ယန် တို့ကို စိုက်ကြည့်နေသည်။ ရုတ်တရက် သူက ပြုံးလိုက်ပြီး
"မိတ်ဆက်ပေးပါရစေ ဒါက ကျိမိသားစုရဲ့ အမွေဆက်ခံသူ ကျိလင်ရှင်း ပဲ"
ဟု ဆိုသည်။
ဖန့်ချန် က ပြုံးလျက်
"ဘာကိစ္စ ရှိလို့လဲ"
ဟု မေးလိုက်သည်။
ဘာကိစ္စ ရှိလို့လဲ
တစ်ဖက်လူက လူ့ အလိုကို နားမလည်ဟန်ဆောင်နေသည်ကို မြင်သောအခါ ဆုန့်ယီ ၏ မျက်နှာပေါ်မှ အပြုံးမှာ ပို၍ တောက်ပလာသည်။ သူ ကြောက်နေပြီထင်တယ်
"ဘာကိစ္စလဲ ဟုတ်လား သင်္ဘောပေါ်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ မင်း မေ့သွားပြီလား"
ဟု ဆုန့်ယီ က မေးသည်။
"ဪ မင်းကို သုံးကြိမ် ကန်တော့ခိုင်းတဲ့ ကိစ္စကို ပြောတာလား"
ဟု ဖန့်ချန် က အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။
ဆုန့်ယီ ၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး သူ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
သူ စကားမပြောရသေးခင်မှာပင် ကျိလင်ရှင်း က ရှေ့သို့ တစ်လှမ်းတိုးလာကာ ဖန့်ချန် တို့အဖွဲ့ကို တစ်ချက်ကြည့်ပြီးနောက်
"မင်းကပဲ ခေါင်းဆောင်လား"
ဟု မေးလိုက်သည်။
ရှယားယိ နှင့် အခြားသူများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ခေါင်းညိမ့်ကြသည်။
"အဲဒီလိုပဲ ပြောလို့ရပါတယ်"
ဟု ဖန့်ချန် က ခေါင်းညိမ့်သည်။
"ကောင်းပြီလေ မင်း ဆုန့်ယီ ကို သုံးကြိမ် ကန်တော့ခိုင်းတာက မလျော်ကန်ဘူး ငါ့ရဲ့ ကျိမိသားစုနဲ့ ဆုန့်မိသားစုက အမြဲတမ်း ရင်းနှီးခဲ့ကြတာ ဒီတစ်ခေါက်လည်း ဆုန့်ယီ က ငါ့ညီနဲ့ လက်ထပ်ဖို့ ဆုန့်ဟွေ့ ကို ခေါ်လာတာ"
ကျိလင်ရှင်း က ပြုံးလိုက်သည်။
"ဒါဟာ ဝမ်းမြောက်စရာ ကိစ္စဖြစ်သင့်ပေမဲ့ မင်းက လာပြီး ဖျက်ဆီးလိုက်တယ် မင်းက ပြဿနာရှာပြီး သူ့ကို အရှက်ရအောင် လုပ်ခဲ့တယ် အဲဒီအတွက် မင်း ငါတို့ကို ရှင်းပြချက်တစ်ခု ပေးသင့်တယ်"
"ဘယ်လို ရှင်းပြချက်မျိုးကို လိုချင်တာလဲ"
ဟု ဖန့်ချန် က ပြုံးလျက် မေးသည်။
"နှင်းရေခဲအင်ပါယာက ပြင်ပလူတွေအပေါ် ဘယ်တုန်းကမှ မရက်စက်ခဲ့ဘူး ပြီးတော့ အဆင့် ၈ အင်ပါယာက အရာရှိကြီး အများအပြားလည်း မြို့တော်ကို ရောက်နေကြတယ် ဒါကြောင့် ငါ ကိစ္စကို မကြီးကျယ်ချင်ဘူး မင်းတို့ ခုနစ်ယောက်လုံး လူအများရှေ့မှာ အချက်သုံးဆယ် ကန်တော့လိုက်မယ်ဆိုရင် ဒီကိစ္စကို အပြီးသတ်ပေးမယ်"
ဟု ကျိလင်ရှင်း က ပြုံးလျက် ဆိုသည်။ ခဏအကြာတွင် သူက ဆုန့်ယီ ကို ကြည့်ကာ
"ညီနောင် ဆုန့်ယီ ဒီအစီအစဉ်က သင့်တော်ရဲ့လာ မင်းရဲ့ ရင်ထဲက အာဃာတတွေ ပြေပျောက်ပါ့မလား"
"အရမ်း သင့်တော်ပါတယ်"
ဟု ဆုန့်ယီ က အံကြိတ်ကာ ပြန်ဖြေသည်။
ထို့နောက် သူ၏ နှုတ်ခမ်းပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
"ဒါဆိုရင်တော့ ကောင်းပြီ"
ကျိလင်ရှင်း က ဖန့်ချန် တို့အဖွဲ့ကို ကြည့်ကာ
"လုပ်ကြလေ အချိန်မဖြုန်းနဲ့ မြန်မြန် ကန်တော့လိုက်ကြ၊ ဒါမှ ဒီကိစ္စ ပြီးသွားမှာ ဆိပ်ကမ်းမှာ လူတွေအများကြီးပဲ၊ လူတိုင်းမှာ ကိုယ်စီ အလုပ်ရှိကြတယ် တခြားသူတွေရဲ့ အသက်မွေးဝမ်းကျောင်းကို မထိခိုက်ပါစေနဲ့"
ဆုန့်ယီ ၏ နောက်ကွယ်မှ အစေခံမလေးသည် ကျေနပ်အားရသော အမူအရာဖြင့် ကျန်ထိုင်ချင်းရွှမ် ကို ရန်စသော အကြည့်ဖြင့် ကြည့်နေသည်။
ကျန်ထိုင်ချင်းရွှမ် က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ဖန့်ချန် ကို ပြောလိုက်သည်။
"မိတ်ဆွေ ဖန့် ဒီကိစ္စကို ကျွန်မပဲ ရှင်းလိုက်ရမလား"
ကျိလင်ရှင်း နှင့် အခြားသူများမှာလည်း ကျန်ထိုင်ချင်းရွှမ် ကို တိတ်တဆိတ် သတိထားနေမိကြသည်။
အဘယ်ကြောင့်ဆိုသော် သူမ၏ အလှမှာ ထူးခြားလွန်းနေသောကြောင့် ဖြစ်သည်။ သို့သော် ယခုအချိန်တွင် ဆုန့်ယီ ၏ မျက်နှာကို ပြန်ဆယ်ပေးရန်မှာ သူတို့အတွက် ပို၍ အရေးကြီးသည်။
ကျန်ထိုင်ချင်းရွှမ် ၏ စကားကို ကြားသောအခါ ကျိလင်ရှင်း က ယဉ်ကျေးစွာ ပြုံးလိုက်သည်။
"မိန်းကလေး ဒီကိစ္စက မင်းနဲ့ မဆိုင်ပါဘူး ဒီလိုလုပ်ပါ ဟို ခြောက်ယောက်ပဲ ကန်တော့ကြပါစေ မင်းကိုတော့ ငါ ချွင်းချက်ပေးပါ့မယ်"
လီတောက်ယဲ့ မှာမူ မအောင့်နိုင်ဘဲ ရယ်မောလိုက်တော့သည်။
လျူဆွေဖုန်း ၏ မျက်နှာပေါ်တွင်လည်း ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။ သူ ထိုကဲ့သို့သော အခြေအနေမျိုးကို ယခင်ကလည်း ကြုံဖူးသည်။
"ဂျူနီယာညီမလေး နောက်ခါ အပြင်ထွက်ရင် မျက်နှာကို ဖုံးထားတာ အကောင်းဆုံးပဲ ဒီလူသားတွေက နင့်ကို မြင်တာနဲ့တင် အရူးတွေ ဖြစ်ကုန်ကြတာပဲ"
ဟု လျူဆွေဖုန်း က စနောက်လိုက်သည်။
"ဘယ်သူ့ကို လူသားလို့ ခေါ်တာလဲ"
ကျိလင်ရှင်း ၏ ဘေးရှိ ကျိမိသားစု တပည့်များမှာ ချက်ချင်းပင် ဒေါသထွက်သွားကြသည်။
ထိုကဲ့သို့သော အခြေအနေတွင်ပင် ထိုလူက သူတို့ကို လှောင်ပြောင်ရဲသည်လား သေချင်နေတာလား
ဖန့်ချန် က မပြုံးဘဲ မနေနိုင်တော့ချေ။
"မိန်းကလေး ကျန်ထိုင် ဒီကိစ္စကို ကျောက်ယန် ပဲ ရှင်းပါစေ သိုင်းပညာရှင် အချင်းချင်းပဲ ရှင်းတာက ပိုကောင်းပါတယ် ဒါမှ အနိုင်ကျင့်တယ်လို့ မဖြစ်မှာ"
ကျန်ထိုင်ချင်းရွှမ် က အသာအယာ ခေါင်းညိမ့်သည်။
"ကောင်းပါပြီ"
ကျိလင်ရှင်း ၏ အမူအရာမှာ တဖြည်းဖြည်း တည်ကြည်သွားသည်။
"မင်းတို့အားလုံး အေးအေးဆေးဆေး မရှင်းချင်ကြဘူးပေါ့ ဟုတ်လား"
"အစ်ကို လင်ရှင်း သူတို့ကို စကားအများကြီး ပြောမနေပါနဲ့ ကိုယ်တွင်းချီအဆင့် ကျင့်ကြံမှုနဲ့ သူတို့မှာ ဘယ်လို နည်းလမ်းတွေ ရှိလဲဆိုတာ ငါ မြင်ချင်သေးတယ်"
ဟု ရွှီချင်းဖုန်း က ဆိုသည်။ သူသည် ကျောက်ယန် ကို သေချာ စိုက်ကြည့်နေပြီး တိုက်ခိုက်လိုစိတ်များ ပြင်းပြနေပြီ ဖြစ်သည်။ သူက ပြုံးလျက် တစ်ဖက်လူဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။
ကျိလင်ရှင်း နှင့် အခြားသူများကလည်း ခေါင်းညိမ့်ပြကာ နောက်သို့ တစ်လှမ်းဆုတ်ပေးလိုက်ကြသည်။
ကျောက်ယန် က ပြုံးလိုက်သည်။
"ဒါဆို မင်းက ငါ့ကို စိန်ခေါ်တာပေါ့"
ဆုန့်ယီ က ဘေးမှနေ၍ ကြွားဝါလိုက်သည်။
"မင်း မကြောက်ဘူးလား သိုင်းလောကမှာ တောက်ပသောဓားဘုရင်လို့ ကျော်ကြားတဲ့ ရွှီချင်းဖုန်း ဟာ နှင်းရေခဲအင်ပါယာရဲ့ နံပါတ်တစ် ဓားဂိုဏ်းဖြစ်တဲ့ မေ့လျော့ခြင်းပင်လယ် ဓားဂိုဏ်းရဲ့ အဓိကတပည့်ပဲ"
"ကိစ္စမရှိပါဘူး ခဏနေရင် မင်းပဲ ပြန်ပြီး ကန်တော့ရဦးမှာပါ"
ကျောက်ယန် က သက်ပြင်းအသာချရင်း ဆုန့်ယီ ကို သနားသလို ကြည့်လိုက်သည်။ ထို့နောက် သူက ရွှီချင်းဖုန်း ကို ပြောလိုက်သည်။
"မင်းရဲ့ ဓားကို ထုတ်လိုက်ပါ"
ရုတ်တရက် ရွှီချင်းဖုန်း ၏ အရှိန်အဝါမှာ ပြောင်းလဲသွားပြီး အားကောင်းသော ချီများမှာ သူ၏ ပတ်ပတ်လည်တွင် တိုးထွက်လာသည်။ သာမန်လူများပင်လျှင် သူ၏ အမူအရာ ပြောင်းလဲသွားသည်ကို ခံစားမိကြသည်။
ရှပ်
ဓားအိမ်ထဲမှ ဓားထွက်လာသော အသံကို လူတိုင်း ကြားလိုက်ကြရသည်။
နောက်တစ်ခဏတွင် ရွှီချင်းဖုန်း သည် မတုန်မလှုပ် တောက်ပသော ဘုရင် တစ်ပါးအဖြစ် ပြောင်းလဲသွားသလို မြင်တွေ့လိုက်ကြရသည်။
ကြောက်မက်ဖွယ်ကောင်းပြီး ခံ့ညားလှသော အရှိန်အဝါမှာ နှင်းအင်ပါယာ ဆိပ်ကမ်းတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်!း
"မတုန်မလှုပ် တောက်ပသောဓားဘုရင်"
သည် မေ့လျော့ခြင်းပင်လယ် ဓားဂိုဏ်း၏ နံပါတ်တစ် အမြင့်ဆုံး လျှို့ဝှက်ချက် ဖြစ်သည်။
ထိုဓားအတတ်ကို အထွတ်အထိပ်အထိ ကျင့်ကြံနိုင်ပါက ကောင်းကင်နက်နဲသောအဆင့် သို့ပင် ရောက်ရှိနိုင်သည်ဟု သတင်းကြီးလှသည်။
ကျောက်ယန် က ခေါင်းအသာညိမ့်သည်။
"ဪ အခုမှပဲ ငါ နားလည်တော့တယ်"
ထိုသို့ပြောရင်း သူသည်လည်း ရွှီချင်းဖုန်း နှင့် ဆင်တူသော အရှိန်အဝါတစ်ခုကို ထုတ်လွှင့်လိုက်သည်။
သို့သော် သူ၏ အရှိန်အဝါမှာ ရွှီချင်းဖုန်း ထက်ပင် ပို၍ စင်ကြယ်နေသည်။ ထူးဆန်းသည်မှာ သူသည် ရွှီချင်းဖုန်း ထက်ပင် မတုန်မလှုပ် တောက်ပသော ဘုရင် နှင့် ပို၍ တူနေခြင်းပင်။
သူသည် လက်ညှိုးကို ဓားအဖြစ် အသုံးပြုကာ လှီးဖြတ်လိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှီချင်းဖုန်း ၏ လက်ထဲရှိ ဓားရှည်မှာ အစအနမကျန် ကြေမွသွားတော့သည်။
သူသည်လည်း နောက်သို့ ခြေလှမ်း တစ်ဆယ်ကျော်မျှ လွင့်စင်သွားပြီး သွေးတစ်လုပ် အန်ထုတ်လိုက်ရတော့သည်။
ရွှီချင်းဖုန်း ၏ မျက်နှာမှာ ဖြူလျော်သွားပြီး ကျောက်ယန် ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။
"မင်း... မင်းက ဘာလို့ ငါ့ဂိုဏ်းရဲ့ အမြင့်ဆုံး ပညာရပ်ကို သိနေရတာလဲ"
ကျောက်ယန် ၏ အရှိန်အဝါမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး လူများမှာ သူ ထုတ်လွှင့်ခဲ့သော အရှိန်အဝါကို မခံစားရတော့ပေ။ သို့သော် ဖြစ်ပျက်ခဲ့သမျှမှာ သူတို့၏ စိတ်ထဲတွင် စွဲထင်ကျန်ရစ်နေခဲ့ပြီ ဖြစ်သည်။
ကျောက်ယန် သည် ရွှီချင်းဖုန်း နှင့် တစ်ပုံစံတည်း တူညီသော အမြင့်ဆုံး ပညာရပ်ကို အမှန်တကယ် ပြသခဲ့ခြင်းပင်
အဘိုးအို ကင် မှာ ထိတ်လန့်တုန်လှုပ်သွားသည်။ မေ့လျော့ခြင်းပင်လယ် ဓားဂိုဏ်း၏ အဓိကတပည့်မှာ ကျောက်ယန် ၏ လက်တစ်ချက်အတွင်းမှာပင် ရှုံးနိမ့်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ကျိလင်ရှင်း မှာလည်း မှင်သက်သွားသော်လည်း ချက်ချင်းပင် သတိပြန်ဝင်လာသည်။
ပထမဦးဆုံး သူသည် ရွှီချင်းဖုန်း ကို တွဲကူရန် လူလွှတ်လိုက်ပြီးနောက် သူ၏လူများကို ခေါ်ဆောင်ကာ ဖြည်းဖြည်းချင်း နောက်ဆုတ်လိုက်သည်။
သူ၏ ပတ်ပတ်လည်ရှိ အိမ်မက်ဆိုးမြင်းသည်တော်များမှာလည်း သူတို့ကို ဝန်းရံထားပြီး တိုက်ခိုက်ရန် သို့မဟုတ် ကာကွယ်ရန် အသင့်ပြင်ထားကြသည်။
"ဒါ... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ"
ဆုန့်ယီ တစ်ယောက် ကြောင်တောင်တောင်ဖြင့် ရေရွတ်နေမိတော့သည်။