← Chapters

အခန် (၁၈၃-၁၈၄)

Vol. 19 Ch. 183-184

အခန် (၁၈၃-၁၈၄)

Vol. 19 Ch. 183-184

​​အခန်း ၁၈၃ - မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်

​ကျောက်ယန် သည် အစမှအဆုံးအထိ ကိုယ်တွင်းချီကိုသာ အသုံးပြုခဲ့သည်။

ထို့ကြောင့် ရွှီချင်းဖုန်း ရှုံးနိမ့်သွားသည်ကို မြင်သောအခါ ကျိလင်ရှင်း သည် အံ့သြသွားသော်လည်း ထိတ်လန့်တုန်လှုပ်ခြင်းမရှိပေ။ သူက ဖန့်ချန် ကို ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။

"မင်းရဲ့နောက်မှာ ကိုယ်တွငချီအဆင့်ရှိတဲ့သူတစ်ယောက် ရှိနေတာဆိုတော့ မင်းက အဆင့် ၈ အင်ပါယာတစ်ခုက လာတာလို့ ငါယူဆရမလား မင်းက ထျန်းခွန်း အင်ပါယာကလား ဟုန်ရီ အင်ပါယာလား ဒါမှမဟုတ် ယင်းချန်း အင်ပါယာကလား"

​ရွှီဂီ ၏ မျက်နှာ အနည်းငယ် ပျက်သွားသည်။

တစ်ဖက်လူပြောသော အင်ပါယာအမည်များထဲတွင် သူသည် ယင်းချန်း အင်ပါယာကိုသာ သိသည်။

အကြောင်းမှာ ချင်းစုန့် နိုင်ငံသည် ယင်းချန်းအင်ပါယာ၏ လက်အောက်ခံနိုင်ငံ ဖြစ်သောကြောင့်ပင်။

​သုံးလောကတောင်တန်း တိုက်ပွဲတုန်းကလည်း ယင်းချန်းအင်ပါယာက မြေကမ္ဘာနက်နဲသောအဆင့်ပညာရှင်တစ်ဦး စေလွှတ်ခဲ့သောကြောင့် ဖန့်ချန် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။

​ကျင့်ကြံသူများဖြစ်သော လီတောက်ယဲ့ နှင့် အခြားသူများမှာမူ ထိုအင်ပါယာအမည်များကို ရင်းနှီးခြင်းမရှိကြပေ။

အဆင့် ၆ နှင့်အထက် အင်ပါယာများသာလျှင် သူတို့၏ အာရုံစိုက်မှုကို ရထိုက်သည်။

ကျန်ရှိသော အဆင့် ၉၊ ၈ သို့မဟုတ် ၇ အင်ပါယာများမှာ သိုင်းပညာရှင်များအတွက်သာ နေရာများ ဖြစ်ကြသည်။

ထိုနေရာများတွင် ကျင့်ကြံသူ အနည်းငယ်ရှိနေလျှင်တောင် သူတို့မှာ ပြည့်စုံသော အမွေအနှစ်မရှိသည့် လေလွင့်ကျင့်ကြံသူ များသာဖြစ်ပြီး ကျင့်ကြံခြင်းလောကမှ အသိအမှတ်မပြုကြချေ။

​ဖန့်ချန် တို့အဖွဲ့က တိတ်ဆိတ်နေသည်ကို မြင်သောအခါ ကျိလင်ရှင်း က သူ၏ ခန့်မှန်းချက် မှန်ကန်သည်ဟု ယူဆလိုက်ပြီး အသံဩဩဖြင့် ဆက်ပြောသည်။

"ထျန်းခွန်း၊ ဟုန်ရီ နဲ့ ယင်းချန်း အင်ပါယာတွေက သံတမန်တွေအားလုံး နှင်းရေခဲအင်ပါယာကို ရောက်နေကြပြီ အခု သူတို့ နန်းတော်ထဲမှာ မဟာရှအင်ပါယာက အဆင့် ၈ အဖြစ် တိုးမြှင့်ဖို့ ကြိုးစားနေတဲ့ကိစ္စကို ဆွေးနွေးနေကြတယ် မင်းတို့က သူတို့နဲ့ ပူးပေါင်းဖို့ အမြန်လာခဲ့တာလား"

​ဆုန့်ယီ နှင့် အခြားသူများ၏ မျက်နှာမှာ မကောင်းလှပေ။ တကယ်လို့ ဖန့်ချန် တို့မှာ အဆင့် ၈ အင်ပါယာတစ်ခုမှ အရေးကြီးပုဂ္ဂိုလ်များ ဖြစ်နေပါက သူတို့အရှက်ရခဲ့သောကိစ္စကို ပြန်လည်လက်စားချေရန် ခက်ခဲသွားနိုင်ပေသည်။

​"ဪ... သူတို့အားလုံး ရောက်နေကြပြီပေါ့။ာ နန်းတော်ထဲမှာတောင် ဆွေးနွေးနေကြပြီလား"

ဖန့်ချန် က ပြုံးလိုက်သည်။

"သူတို့တွေ ဆုံးဖြတ်ချက် တစ်ခုခု ချပြီးပြီလားဆိုတာ သိချင်မိတယ်"

​ကျိလင်ရှင်း က သူ၏စကားမှာ ထိရောက်သွားသည်ဟု ထင်ကာ လေးနက်စွာ ဆိုသည်။

"မဟာရှမှာ အဆင့် ၈ အင်ပါယာတစ်ခုရဲ့ အခြေခံအုတ်မြစ် မရှိဘူး အခု သူတို့က အဆင့် ၈ လို့ မောက်မာစွာ ကြေညာရဲတာဆိုတော့ ငါတို့ အင်ပါယာ လေးခုရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို သဘာဝအတိုင်း ရင်ဆိုင်ရမှာပဲ"

​ရှယားယိ သည် မျက်မှောင်ကြုတ်လိုက်မိသည်။

နှင်းရေခဲအင်ပါယာသည် သင်ခန်းစာမရသေးပုံရသည်။

ကျိလင်ယွဲ့ ကို မဟာရှတွင် ဓားစာခံအဖြစ် ဖမ်းဆီးထားဆဲ ဖြစ်သော်လည်း သူတို့က အခြားအင်ပါယာ သုံးခုနှင့်ပေါင်းကာ မဟာရှကို တိုက်ခိုက်ရန် ကြံစည်နေကြပြီ ဖြစ်သည်။

​ထိုအချိန်တွင် ပိတ်ဆို့ထားသော လူအုပ်ကြီးမှာ လမ်းပွင့်သွားပြီး လူအချို့ ဖြည်းညှင်းစွာ လျှောက်လာကြသည်။ ခေါင်းဆောင်ဖြစ်သူမှာ ခံ့ညားထည်ဝါသော အရှိန်အဝါရှိသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။

​ထိုသူကို မြင်သောအခါ ဆုန့်ယီ သည် ဝမ်းသာသွားသည်။

ထိုသူမှာ ကျိမိသားစု၏ လက်ရှိမျိုးဆက်တွင် ထင်ရှားသူတစ်ဦးဖြစ်သော ကျိကျွင်းဟွာ ဖြစ်ပြီး ကျိလင်ရှင်း ၏ ဖခင်လည်း ဖြစ်သည်။ သူသည် ဆုန့်ယီ တို့၏ ယောက္ခမလောင်းလည်း ဖြစ်သဖြင့် သူတို့မှာ အမျိုးတော်စပ်နေကြပြီ ဖြစ်သည်။

​ကျိလင်ရှင်း လည်း စိတ်သက်သာရာ ရသွားသည်။ သူသည် အချိန်ဆွဲနေခဲ့ခြင်းဖြစ်ပြီး သူ၏ဖခင်မှာ အချိန်ကိုက် ရောက်ရှိလာခဲ့သည်။

သိသာသည်မှာ သူ၏ဖခင်သည် ကျောက်ယန် နှင့် ရွှီချင်းဖုန်း တို့၏ တိုက်ပွဲမှ ထွက်ပေါ်လာသော အရှိန်အဝါကို ခံစားမိခဲ့ခြင်းပင်။

​ကျိကျွင်းဟွာ ၏ ရယ်မောသံမှာ သူတို့အနားသို့ မရောက်ခင်ကတည်းက ဟိန်းထွက်လာသည်။

"ဆုန့်ယီ၊ ဆုန့်ဟွေ့... မင်းတို့ မိဘတွေ နေကောင်းကြရဲ့လား အဘိုးအို ဆုန့် ကော ကျန်းမာရဲ့လား"

​ဆုန့်ယီ နှင့် အခြားသူများက ချက်ချင်းပင် ရိုသေစွာ နှုတ်ဆက်ကြသည်။

​ကျိကျွင်းဟွာ ၏ ဘေးတွင် ကျိလင်ရှင်း နှင့် ရုပ်ချင်းဆင်သော လူငယ်တစ်ဦး ပါလာသည်။ ကျိကျွင်းဟွာ က ထိုလူငယ်ကို တစ်ချက်ကြည့်ပြီး ဆုန့်ယီ နှင့် ဆုန့်ဟွေ့ ဘက်သို့ လှည့်လိုက်သည်။

"မင်းတို့နှစ်ယောက်က လက်မထပ်ရသေးဘူးဆိုတော့ ငါတို့ နှင်းရေခဲအင်ပါယာရဲ့ ဓလေ့အရ မတွေ့သင့်သေးဘူး ဒါပေမဲ့ လင်ရှောင် က မင်းတို့ရဲ့ ဘေးကင်းရေးကို စိတ်ပူနေလို့ လိုက်လာတာ"

​ဆုန့်ဟွေ့ သည် ကျိလင်ရှောင် ကို တစ်ချက်လှမ်းကြည့်လိုက်ရာ မျက်နှာလေး နီမြန်းသွားပြီး ခေါင်းငုံ့သွားတော့သည်။

​ကျိလင်ရှောင် က ရှက်ကိုးရှက်ကန်း ရယ်လိုက်သော်လည်း တိတ်ဆိတ်နေဆဲပင်။

​"အဖေ..."

ကျိလင်ရှင်း က ရှေ့သို့ တိုးလာပြီး ဖြစ်ပျက်ခဲ့သမျှကို သူ၏ဖခင်အား တိုးတိုးလေး ပြောပြလိုက်သည်။

​ဇာတ်ကြောင်းကို ကြားပြီးနောက် ကျိကျွင်းဟွာ က ခေါင်းအသာညိမ့်သည်။ သူသည် ဒဏ်ရာရထားသော ရွှီချင်းဖုန်း ကို ကြည့်ပြီးနောက် ကျောက်ယန် ဆီသို့ အကြည့်လွှဲလိုက်သည်။

​"ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ရွှီချင်းဖုန်း ကို အလွယ်တကူ အနိုင်ယူနိုင်တာ တကယ်ကို ရှားပါးပါတယ် မင်းရဲ့ ဆရာက ဘယ်သူလဲ"

ဟု ကျိကျွင်းဟွာ က ချီးမွမ်းသလိုနှင့် မေးလိုက်သည်။

​ကျောက်ယန် က ခပ်ပါးပါး ပြုံးကာ

"ကျွန်တော့် ဆရာရဲ့ အမည်ကို မဖော်ပြလိုပါဘူး"

ဟု ဆိုသည်။

​"မင်းက ကျိမိသားစုရဲ့ လက်စားချေမှုကို ကြောက်လို့ မင်းဆရာရဲ့ အမည်ကို မပြောတာလား"

​"အဲဒီလို ပြောစရာမလိုလို့ မပြောတာပါ ပြီးတော့ ဟုတ်ပါတယ် ကျိမိသားစုကိုတော့ ကျွန်တော် နည်းနည်း သတိထားမိတယ်"

​"ကြည့်ရတာ သူ ကျိမိသားစုကို ကြောက်နေပုံရတယ်"

ဟု ပတ်ဝန်းကျင်ရှိ လူများကြားတွင် တိုးတိုးလေး ပြောဆိုသံများ ထွက်ပေါ်လာသည်။

​"ပြောမပြချင်လည်း ရပါတယ်"

ဟု ကျိကျွင်းဟွာ က ဆိုသည်။ သူသည် ဖန့်ချန် ကို တစ်ချက်ကြည့်ပြီးမှ ကျောက်ယန် ဆီသို့ ပြန်ကြည့်လိုက်သည်။

"ဒါပေမဲ့ အဲဒီလိုဆိုရင် ဒီလူက မင်းအတွက် ဘယ်သူလဲ မင်းရဲ့ သိုင်းပညာအဆင့်အတန်းနဲ့ဆိုရင် ဘယ်သူ့လက်အောက်မှာမှ နေဖို့ မလိုအပ်ဘူးလို့ ငါထင်တယ်"

​"ဒါက ကျွန်တော့်ရဲ့ သခင်လေးပါ"

ဟု ကျောက်ယန် က ဖြေလိုက်သည်။

​"မင်းရဲ့ သခင်လေး ဟုတ်လား"

​လူတိုင်းက တစ်ဦးကိုတစ်ဦး ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်ကြသည်။

ဖန့်ချန် ၏ နောက်ခံအကြောင်းကို လူတိုင်း ပို၍ စိတ်ဝင်စားလာကြသည်။

ကိုယ်တွင်းချီအဆင့်ရှိ သိုင်းပညာရှင်တစ်ဦးကို ကိုယ်ရံတော်အဖြစ် ထားနိုင်ခြင်းမှာ သူ၏ နောက်ခံသည် အလွန်ပင် ကြီးမားနေကြောင်း သက်သေပြနေခြင်းပင်။

​ထိုအချိန်တွင် ဖန့်ချန် က စကားပြောလာသည်။

"ကျွန်တော် သိချင်တာက ခင်ဗျားမှာ ကျိလင်ရှင်း၊ ကျိလင်ရှောင် ဆိုတဲ့ သားတွေရှိသလို၊ ကျိလင်ယွဲ့ ဆိုတဲ့ သားတစ်ယောက်ကော ရှိသေးလား"

​လူအုပ်ကြီး၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး ကျိကျွင်းဟွာ က သူ၏ မျက်လုံးများကို အနည်းငယ် ကျဉ်းလိုက်သည်။

​"မင်း ငါ့ရဲ့ သားကြီးကို သိတာလား"

​ဖန့်ချန် က မပြုံးဘဲ မနေနိုင်တော့ပေ။

"အင်း... သိတာပေါ့"

​"မင်းက ဘယ်ကလာတာလဲ ညီငယ်လေး ထျန်းခွန်းလား ဟုန်ရီလား ယင်းချန်းလား"

ဟု ကျိကျွင်းဟွာ က မေးသည်။

"မင်းရဲ့ လူကြီးတွေ မြို့တော်ကို ရောက်နေပြီလားသူတို့ နန်းတော်ထဲမှာ ရှိနေပြီလား"

​"ကျွန်တော် ဘယ်ကလာသလဲဆိုတာ ခဏထားပါဦး ကျွန်တော် သိချင်တာက ဆုန့်ယီ အတွက် ကျိမိသားစုက ရှေ့ထွက်ပေးမှာလား ဆိုတာပါပဲ သင်္ဘောပေါ်မှာ သူ့ရဲ့ အစေခံမလေးက အရင် စော်ကားခဲ့တာကို သူ ခင်ဗျားကို ပြောပြခဲ့လားကျွန်တော်တို့က သူ့ကို ဦးသုံးကြိမ်ပဲ တိုက်ခိုင်းခဲ့တာ၊ ဒါဟာ သေးငယ်တဲ့ အပြစ်ပေးမှုပဲ ရှိပါသေးတယ်"

​ပတ်ဝန်းကျင် တစ်ခုလုံး ခဏမျှ တိတ်ဆိတ်သွားသည်။ ဆုန့်ယီ ၏ မျက်နှာတွင် အရှက်ရသည့် အမူအရာများ ပေါ်လာသည်။ ကျိကျွင်းဟွာ သည် ဆုန့်ဟွေ့ နှင့် ကျိလင်ရှောင် တို့ကို တစ်ချက်ကြည့်လိုက်ပြီးမှ လက်ကို ခပ်ဖွဖွလေး တီးလိုက်သည်။

​"စိတ်ဝင်စားဖို့ ကောင်းတာပဲ နှင်းရေခဲအင်ပါယာရဲ့ နယ်နိမိတ်ထဲမှာ ငါ့ရဲ့ ကျိမိသားစုကို စော်ကားရဲတာ... ထျန်းခွန်း၊ ဟုန်ရီ နဲ့ ယင်းချန်း အင်ပါယာ သုံးခုရဲ့ တော်ဝင်မိသားစုတွေတောင် အဲဒီလို လုပ်ဖို့ သတ္တိရှိမှာ မဟုတ်ဘူး"

စကားဆုံးသည်နှင့် ကျိကျွင်းဟွာ သည် ခြေထောက်ကို မြေပြင်ပေါ်သို့ အသာအယာ နင်းလိုက်သည်။

​ချက်ချင်းပင် မြေပြင်မှာ အက်ကွဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြောင့် ကျောက်ခဲများစွာသည် လေထဲသို့ ပျံတက်သွားသည်။ နောက်တစ်ခဏ၌ ထိုကျောက်ခဲများသည် အမြောက်ဆန်များအလား ဖန့်ချန် တို့အဖွဲ့ဆီသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။

​ကျောက်ယန် က လက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်ခဲများစွာမှာ သူ၏ အရှိန်အဝါကြောင့် လမ်းကြောင်းပြောင်းသွားပြီး သူ၏နောက်ကွယ်ရှိ ပင်လယ်ထဲသို့ ကျသွားရာ လှိုင်းလုံးကြီးများ ထပေါ်လာသည်။ အမြင့်ဆုံးလှိုင်းမှာ ၁၀ မီတာခန့်အထိ ရှိပြီး ရောက်ရှိနေသူတိုင်း အသက်ရှူကျပ်မတတ် ဖိအားကို ခံစားလိုက်ရသည်။

​"ကောင်းပြီ... လာခဲ့စမ်း"

ကျိကျွင်းဟွာ က ဟိန်းဟောက်ကာ ရယ်မောလိုက်ပြီး သူ၏ခန္ဓာကိုယ်မှ ခမ်းနားသော ချီ များ စီးထွက်လာသည်။

သူသည် လူ့လောကသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးအလား ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါနှင့်အတူ ကျောက်ယန် ရှေ့တွင် ပေါ်လာသည်။

​သူ့ကို ကျောက်ယန် က ဖမ်းကိုင်လိုက်ပြီး ဘေးသို့ ပြင်းထန်စွာ ပစ်ပေါက်လိုက်သည်။

ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ကျိကျွင်းဟွာ ၏ ခန္ဓာကိုယ်သည် သင်္ဘောကြီး အများအပြားကို ဖောက်ထွက်သွားကာ နောက်ဆုံးတွင် ပင်လယ်ထဲသို့ ကျသွားတော့သည်။

​တိတ်ဆိတ်သွားပြန်သည်။

​ပွဲကြည့်ပရိသတ်များ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်သည့် အရိပ်အယောင်များ ပေါ်လာသည်။

အနှစ်သာရပြန်လည်ရောက်ရှိခြင်းချီအဆင့်ပညာရှင် တစ်ဦးဖြစ်သော ကျိကျွင်းဟွာ သည် ကျောက်ယန် ၏ ပစ်ပေါက်ခြင်းကို ဤမျှ လွယ်လွယ်ကူကူ ခံလိုက်ရသည်လား

​"သူ... သူက အနှစ်သာရပြန်လည်ရောက်ရှိခြင်းချီအဆင့်ပဲ"

ဟု အဘိုးအို ကင် က တုန်တုန်ယင်ယင် ပြောလိုက်သည်။

​အနှစ်သာရပြန်လည်ရောက်ရှိခြင်းချီအဆင့် ဟုတ်လား

​ကျိလင်ရှင်း နှင့် အခြားသူများ၏ မျက်နှာများ ပျက်သွားပြီး သူတို့သည် မီတာအတော်ဝေးဝေးအထိ နောက်ဆုတ်သွားကြသည်။

သူတို့သည် ကျောက်ယန် က တစ်ချက်တည်းနှင့် သူတို့ကို သတ်ပစ်မည်ကို ကြောက်ရွံ့နေကြသည်။

​ထိုအခါမှ ရွှီချင်းဖုန်း ၏ တင်းမာနေသော မျက်နှာမှာ ပြေလျော့သွားတော့သည်။

"ဪ သူက အနှစ်သာရပြန်လည်ရောက်ရှိခြင်းချီအဆင့်ကိုး ငါ ရှုံးရတာ နောင်တမရတော့ပါဘူး"

​"သူက ဘယ်လိုလုပ်ပြီး အနှစ်သာရပြန်လည်ရောက်ရှိခြင်းခြင်းချီအဆင့် ဖြစ်နေတာလဲ ဒါက မဖြစ်နိုင်တာ"

​ဆုန့်ယီ ၏ မျက်နှာမှာ ဖြူလျော်သွားပြီး ဖန့်ချန် ကို စိုက်ကြည့်နေမိသည်။

အကယ်၍ ကျောက်ယန် သာ အနှစ်သာရပြန်လည်ရောက်ရှိခြင်းချီအဆင့် ဖြစ်နေလျှင် ဖန့်ချန် က မည်မျှအထိ အဆင့်မြင့်သော နောက်ခံ ရှိနေမည်နည်း

​သူ ပို၍ မစဉ်းစားနိုင်ခင်မှာပင် ကျိကျွင်းဟွာ သည် ပင်လယ်ထဲမှ ပြန်တက်လာပြီး သင်္ဘောရွက်တိုင် ထိပ်ပေါ်တွင် တည်ငြိမ်စွာ ရပ်လိုက်သည်။

သူသည် ကျောက်ယန် ကို ကြည့်ကာ အမူအရာမှာ ပုံမှန်ထက် ပို၍ လေးနက်နေသည်။

"မင်းက အနှစ်သာပြန်လည်ရောက်ရှိခြင်းချီအဆင့်ကိုး စောစောက ငါ ပေါ့ဆသွားလို့ပါ ပြန်လာခဲ့စမ်း"

​"မင်းရဲ့ ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်"

ာ

ကျောက်ယန် က ဟိန်းဟောက်ကာ ရယ်မောလိုက်သည်။ သူသည် တစ်လှမ်းတည်းနှင့် မီတာများစွာကို ဖြတ်ကျော်လိုက်ပြီး ခြေလှမ်းအနည်းငယ်အတွင်းမှာပင် ကျိကျွင်းဟွာ နှင့် အမြင့်ချင်း တူညီသောနေရာသို့ ခုန်တက်သွားသည်။

​ကျိကျွင်းဟွာ သည် သူ၏ လျှို့ဝှက်နည်းစနစ်များကို သုံးရန် ပြင်လိုက်သော်လည်း ကျောက်ယန် ထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းပြီး ရင်းနှီးနေသော အရှိန်အဝါကြောင့် တုန်လှုပ်သွားတော့သည်။

​သက်ရှည်ချီ လား သူ ထိုသို့ စဉ်းစားလိုက်မိချိန်မှာပင် ကျိကျွင်းဟွာ သည် ကျောက်ယန် ၏ လည်ပင်းညှစ်ကာ ဖမ်းကိုင်ခြင်းကို ခံလိုက်ရပြီး ကြက်ကလေးတစ်ကောင်အလား အမောက်ခံလိုက်ရတော့သည်။

​သက်ရှည်ချီ ၏ အဝိုင်းခံထားရသော ကျိကျွင်းဟွာ သည် သူ၏ အတွင်းအားကို အနည်းငယ်မျှပင် အသုံးမပြုနိုင်တော့ဘဲ ခုခံနိုင်စွမ်း အားလုံး ပျောက်ဆုံးသွားတော့သည်။

​အခန်း ၁၈၄ - စူးစမ်းလေ့လာခြင်း

​လူအုပ်ကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်။

​ကျိလင်ရှင်း ၏ မျက်နှာမှာ သေလူကဲ့သို့ ဖြူလျော်သွားပြီး ကျိမိသားစုဝင်များမှာလည်း သစ်သားရုပ်ထုများအလား ကြောင်စီစီ ရပ်နေမိကြသည်။

အနီးရှိ အိမ်မက်ဆိုးမြင်းသည်တော်များမှာ စိုးရိမ်တကြီး ဖြစ်နေကြသော်လည်း သူတို့၏သခင် ကျိကျွင်းဟွာ သည် ရန်သူ့လက်ထဲတွင် ရောက်နေပြီး အချိန်မရွေး အသတ်ခံရနိုင်သဖြင့် မည်သည့်ရမ်းကားသော လှုပ်ရှားမှုကိုမျှ မလုပ်ရဲကြချေ။

​ထိုအချိန်တွင် ခန့်ညားထည်ဝါသော အသံတစ်ခုသည် မြို့တော်အတွင်းမှ ရုတ်တရက် ဟိန်းထွက်လာသည်။

"ဘယ် သက်ရှည်ချီ အဆင့် ပညာရှင်က ရောက်လာတာလဲ ကျေးဇူးပြုပြီး ငါ့သားကို ချမ်းသာပေးပါ သူ စော်ကားမိတာရှိရင် သူ့ကိုယ်စား ငါပဲ တောင်းပန်ပါရစေ"

​ရောက်ရှိနေသူများမှာ အံ့အားသင့်သွားကြသည်။ ထိုအသံမှာ ကျိမိသားစု၏ လက်ရှိခေါင်းဆောင် ကျိချုံယွန်း ၏ အသံပင် ဖြစ်သည်။

​သူ ခုနက သက်ရှည်ချီ လို့ ပြောလိုက်တာလား

​လူတိုင်းက တောင့်တောင့်ကြီး ဖြစ်နေသော သူတို့၏ခေါင်းများကို ကျောက်ယန် ဆီသို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်မှုမှလွဲ၍ ဘာမှမရှိတော့ပေ။

​ထိုလူငယ်သည် 'ူသက်ရှည်ချီအဆင့် သိုင်းပညာရှင် တစ်ဦး ဖြစ်နေသည်လား ထိုအဆင့်မှာ မြေကမ္ဘာနက်နဲသောအဆင့် ၏ အထွတ်အထိပ်ပင် ဖြစ်သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ကိုယ်ရံတော်အဖြစ် ထားရှိနိုင်ခြင်းမှာ...

​လူတိုင်း၏ အကြည့်များသည် ကျောက်ယန် ထံမှ ခွာသွားပြီး ဖန့်ချန် ဆီသို့ ရောက်သွားကြသည်။ သူတို့၏ နှလုံးသားများမှာ တုန်လှုပ်စွာဖြင့် ခုန်ပေါက်နေတော့သည်။

​ဒီလူက ဘယ်လို နောက်ခံမျိုး ရှိနေတာလဲ

​ဆုန့်ယီ သည် ကြောက်ရွံ့လွန်း၍ တုန်ရီနေပြီး နောင်တများဖြင့် ပြည့်နှက်နေသည်။

အကယ်၍ ကျောက်ယန် သည် ကျိကျွင်းဟွာ တောင်မှ ယှဉ်နိုင်ခြင်းမရှိသော သက်ရှည်ချီအဆင့် ပညာရှင် ဖြစ်နေမှန်း သူသိခဲ့လျှင် အဘိုးအို ကင် ကို သတင်းသွားပို့ခိုင်းမည် မဟုတ်ပေ။

​ဆုန့်ယီ ၏ ဘေးမှ အစေခံမလေး၏ မျက်နှာမှာလည်း သေလူကဲ့သို့ ဖြူလျော်နေတော့သည်။

ဖန့်ချန် တို့အဖွဲ့ကို ကြည့်သော သူမ၏ အကြည့်များတွင် ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

​"သက်ရှည်ချီ သူက ဘယ်လိုလုပ် သက်ရှည်ချီအဆင့် ဖြစ်နေရတာလဲ သူက အဆင့် ၇ အင်ပါယာက လာတာလား"

ကျိလင်ရှင်း က ဖန့်ချန် ကို ကြောင်ကြည့်နေမိသည်။

သူ စောစောက ခံစားနေရသော သာလွန်မှုများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

သူ၏ အဆင့်အတန်းမှာ သက်ရှည်ချီအဆင့်ရှိသူကို ကိုယ်ရံတော်အဖြစ် ထားနိုင်လောက်အောင် မမြင့်မားသော်လည်း ထိုကဲ့သို့သော ဆက်ဆံမှုကို ခံယူနိုင်သူများကို သူ မြင်ဖူးသည်။

ထိုသူများ အားလုံးမှာ အဆင့် ၇ အင်ပါယာများမှ လာသူများ ဖြစ်ကြသည်။

​ကျိလင်ရှင်း သည် ထိုသူများကို ပထမဆုံးအကြိမ် မြင်ဖူးစဉ်က ငြူစူစိတ်များ ပေါ်ပေါက်ခဲ့ပြီး တစ်နေ့တွင် ကျိမိသားစုကိုလည်း ထိုမျှအထိ အင်အားကြီးအောင် လုပ်မည်ဟု တိတ်တဆိတ် ကျိန်ဆိုခဲ့သည်။

သို့သော် ထိုအရာမှာ ကျိမိသားစုအတွက် အလှမ်းဝေးလွန်းနေသေးသည်။

ယခုအချိန်အထိ သူတို့မိသားစုတွင် ကောင်းကင်နက်နဲသောအဆင့် ရှိသူ တစ်ယောက်မှ မထွက်ပေါ်သေးချေ။

​ဖန့်ချန် တို့နှင့်အတူ လိုက်ပါလာသော သိုင်းပညာရှင်များ၊ ခရီးသည်များနှင့် သင်္ဘောပိုင်ရှင်မှာမူ တုန်ရီနေကြပြီး သွားများမှာပင် တဂတ်ဂတ် မြည်နေတော့သည်။

ဖန့်ချန် တို့မှာ ကံဆိုးသူများ မဟုတ်ဘဲ ဆုန့်ယီ သာလျှင် ကံဆိုးသူဖြစ်ကြောင်း သူတို့ သဘောပေါက်လိုက်ကြသည်။

​ကျိမိသားစု၏ နှင်းရေခဲအင်ပါယာ ဆိပ်ကမ်းကို ပိတ်ဆို့ထားခြင်းမှာ ယခုအခါ ပြက်လုံးတစ်ခုနှင့် တူနေတော့သည်။ အားလုံးမှာ ကျိမိသားစုခေါင်းဆောင်က ထိုအထင်လွဲမှုကို ဘယ်လို ဖြေရှင်းမလဲဆိုသည်ကိုသာ စောင့်ကြည့်နေကြရသည်။

​ကျောက်ယန် သည် ကျိကျွင်းဟွာ ကို သယ်ဆောင်လျက် ဖန့်ချန် ၏ ဘေးသို့ လျင်မြန်စွာ ပြန်ရောက်လာသည်။

"သခင်လေး သက်ရှည်ချီ ပညာရှင် တစ်ယောက် လာနေပြီ နောက်ပြီး အနှစ်သာရပြန်လည်ရောက်ရှိခြင်းချီအဆင့် ရှိတဲ့သူ အချို့လည်း ပါလာတယ်"

​မျက်လုံးများကို မှိတ်ထားဆဲဖြစ်သော ဖန့်ချန် သည် နှာခေါင်းကို အနည်းငယ် လှုပ်ရှားလိုက်ပြီး နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသည်။

"ငါ ရင်းနှီးတဲ့ အရှိန်အဝါတစ်ခုကို ခံစားနေရတယ်. အဲဒါ ယင်းချန်း က ဓားသမားရဲ့ အရှိန်အဝါပဲ"

​ထိုအခါမှ လူတိုင်းက ထူးဆန်းသော အချက်တစ်ခုကို သတိထားမိလိုက်ကြသည်။

"ဟင်"

ဖန့်ချန် သည် အစမှအဆုံးအထိ မျက်လုံးကို တစ်ခါမှ မဖွင့်ခဲ့သည်မှာ ထူးဆန်းလှသည်။

​ရွှီဂီက သွားကြိတ်လျက်

"သခင်လေး သူ့ကို အရှင်ထားရမှာလား"

ဟု မေးလိုက်သည်။

​"မထားနဲ့လေ"

ဖန့်ချန် က ရယ်မောလိုက်သည်။

"ဒီနေ့တော့ အတိုးလေး နည်းနည်းပဲ ယူထားဦးမယ်နောက်တစ်နေ့ကျမှ ယင်းချန်း တစ်နိုင်ငံလုံးကို မြေလှန်ပစ်ကြတာပေါ့"

​ထိညစကားမှာ ရွှီဂီ အတွက် အလွန် နားထောင်ကောင်းသော စကားဖြစ်ပြီး သူ မစောင့်နိုင်တော့ပေ။

​ရှယားယိ နှင့် အခြားသူများ၏ အမူအရာမှာ အနည်းငယ် ထူးဆန်းနေသည်။

ကျင့်ကြံသူများအနေဖြင့် ထိုလောကီရေးရာ ကံတရား များတွင် ဝင်ရောက်ပတ်သက်ခြင်းမှာ သူတို့၏ အနာဂတ်ကျင့်ကြံမှုအတွက် အလွန် ထိခိုက်စေနိုင်သည်။

ချီသန့်စင်ခြင်းအဆင့် တွင် မသိသာသော်လည်း အခြေခံတည်ဆောက်ခြင်းအဆင့် သို့ ရောက်သောအခါ အဆင့်တိုင်းတွင် မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ခြင်း ရှိသည်။

ကံတရား အရှုပ်အထွေး နည်းလေ၊ အောင်မြင်ရန် လွယ်ကူလေဖြစ်သည်။

​အပြန်အလှန်အားဖြင့် ကံတရားများ အများကြီး စုဆောင်းမိလျှင် မိစ္ဆာလမ်းစဉ်သို့ ကျရောက်နိုင်ခြေ ပိုများသည်။

ဆန်းစစ်ခြင်းတွင် ကျရှုံးပါက ကျင့်ကြံခြင်း ခရီးလမ်းမှာ အဆုံးသတ်သွားပေလိမ့်မည်။

ထို့ကြောင့် ရှယားယိ သည် လောကီရေးရာများတွင် ဝင်ပါလေ့မရှိပေ။

မဟာရှအင်ပါယာ တစ်နေ့တွင် ပျက်သုဉ်းသွားလျှင်တောင် ၎င်းကို ကောင်းကင်ဘုံ၏ အလိုဆန္ဒဟုသာ သူ သတ်မှတ်ပေလိမ့်မည်။

​မဟာရှကို တည်ထောင်သူ ဧကရာဇ်သည် ကျင့်ကြံသူ နှစ်ဦး စစ်တုရင် ကစားနေသည်ကို တိုက်ဆိုင်စွာ မြင်တွေ့ခဲ့ရပြီး နတ်မျိုးစေ့ အနည်းငယ် ရရှိခဲ့ရာမှ သာမန်လူသားဘဝမှ ဧကရာဇ် ဖြစ်လာခဲ့သလိုမျိုးပင်။ အရာအားလုံးမှာ ကောင်းကင်ဘုံက သတ်မှတ်ထားပြီးသား ဖြစ်သည်

​လက်ဖက်ရည် တစ်ခွက်သောက်စာ အချိန်အတွင်းမှာပင် ကျိချုံယွန်း သည် လူတစ်စုနှင့်အတူ ဆိပ်ကမ်းသို့ ရောက်ရှိလာသည်။

သူနှင့်အတူ ပါလာသောသူများမှာ ဝတ်စုံချင်း မတူကြပေ။

ထိုသူများထဲမှ တစ်ဦးမှာ ခါးတွင် ဓားတိုတစ်စင်း၊ ဓားရှည်တစ်စင်း ချိတ်ဆွဲထားပြီး အနှစ်သာပြန်လည်ရောက်ရှိခြင်းချီအဆင့်ယယပညာရှင်တစ်ဦး၏ ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။

​"ဘိုးဘေး"

ကျိလင်ရှင်း နှင့် အခြားသူများမှာ သက်ပြင်းချလိုက်နိုင်ပြီး ကျိချုံယွန်း ကို ရိုသေစွာ ဦးညွှတ်ကြသည်။ ကျိချုံယွန်း ရောက်လာပြီဆိုလျှင် ကိစ္စက ပြေလည်သွားနိုင်ခြေ ရှိသည်။

​ကျိချုံယွန်း က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ကျောက်ယန် ဘက်သို့ လှည့်လိုက်သည်။

"လူကို လွှတ်လိုက်ပါ ဒီအထင်လွဲမှုကို ငါတို့ ရှင်းလင်းလို့ ရပါတယ်"

​ကျောက်ယန် က ပြုံးလိုက်သည်။

"သူ့ကို လွှတ်ပေးဖို့ ဆုံးဖြတ်ရမှာက ငါ မဟုတ်ဘူး ငါ့ရဲ့ သခင်လေးကိုပဲ မေးကြည့်ပါ"

​သခင် လေး ဟုတ်လား

ကျိချုံယွန်း နှင့် အခြားသူများမှာ မျက်မှောင်ကြုတ်သွားကြသည်။

သူတို့သည် ဖန့်ချန် တို့အဖွဲ့ကို လှမ်းကြည့်လိုက်ကြရာ ချက်ချင်းပင် လူနှစ်ဦးမှာ ထူးခြားသော တုံ့ပြန်မှု ရှိလာသည်။

​တစ်ဦးမှာ ကျိချုံယွန်း ကိုယ်တိုင် ဖြစ်သည်။

​ကျန်တစ်ဦးမှာ ကိုယ်တွင်းချီအဆင့် သိုင်းပညာရှင်များ ဝိုင်းရံထားသော ဓားသမား ဖြစ်သည်။

​"မင်း... မင်းပဲ..."

ကျိချုံယွန်း က ဖန့်ချန် ကို စိုက်ကြည့်နေပြီး သူ့ကို ဤနေရာတွင် တွေ့ရမည်ဟု မယုံကြည်နိုင်အောင် ဖြစ်နေသည်။

​ကျိကျွင်းဟွာ နှင့် အခြားသူများမှာ အံ့သြသွားကြသည်။

"သူ့ကို သိတာလား"

​ဖန့်ချန် က ပြုံးလိုက်သည်။

"ပြန်ဆုံကြပြန်ပြီနော် စီနီယာကျိ ကျိလင်ယွဲ့ လည်း ကျွန်တော့်ဆီမှာ နေကောင်းပါတယ် အားရင် လာလည်ပါဦး"

​ကျိလင်ယွဲ့

​ဖန့်ချန် က ကျိလင်ယွဲ့ ဟူသော အမည်ကို ပြောလိုက်သည်ကို ကြားသောအခါ ကျိချုံယွန်း နှင့် အခြားသူများမှာ ဇဝေဇဝါ ဖြစ်သွားကြသည်။

သို့သော် မကြာမီမှာပင် အားလုံးက အခြေအနေကို သဘောပေါက်သွားပြီး အသက်ကို ပြင်းပြင်းရှူလိုက်ကြသည်။

​"မင်းက မဟာရှရဲ့ နတ်ဘူစစ်သူကြီး ဖန့်ချန် ပဲ"

ဟု ကျိလင်ရှင်း က အော်လိုက်သည်။

​မဟာရှ... စစ်သူကြီး ဟုတ်လား

​အားလုံး၏ အမူအရာမှာ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေကြသည်။

သူတို့ရှေ့မှ လူသည် နှင်းရေခဲအင်ပါယာ၏ လက်အောက်ခံနိုင်ငံဟောင်း ဖြစ်ခဲ့ပြီး ယခုအခါ အဆင့် ၈ အင်ပါယာအဖြစ် ကိုယ့်ကိုယ်ကိုယ် ကြေညာထားသော မဟာရှအင်ပါယာမှ ဖန့်ချန် ဖြစ်နေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။

​ထိုကိစ္စမှာ နှင်းရေခဲအင်ပါယာအတွင်း၌ အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်စေခဲ့သည်။ စစ်လိုလားသော အမတ်များမှာ လက်စားချေရန်အတွက် စစ်တပ်စေလွှတ်ရန်ပင် တောင်းဆိုနေကြသည် မဟုတ်လား

​"ဒီကောင်က ငါတို့ နှင်းရေခဲအင်ပါယာကိုတောင် လာရဲတယ်ပေါ့"

​"သူက တကယ့်ကို ရဲတင်းလွန်းတာပဲ"

​"မဟာရှက ဘာလို့ ဒီလောက် ရုတ်တရက် ရဲတင်းလာတာလဲဆိုတာ မထူးဆန်းတော့ဘူး သူတို့မှာ သက်ရှည်ချီ သိုင်းပညာရှင် တစ်ယောက် ရှိနေတာကိုး ဒါပေမဲ့ ငါတို့ အင်ပါယာမှာ အဲဒီလိုလူတွေ အများကြီး ရှိတယ် သူတို့က ငါတို့ကို ဘယ်လို ယှဉ်နိုင်မှာလဲ!"

​"ဒီသက်ရှည်ချီ ပညာရှင်ကို ဒီကနေ အရှင်ထွက်သွားခွင့် မပေးသင့်ဘူး အဲဒါဆိုရင် မဟာရှရဲ့ ကံကြမ္မာက လုံးဝ ပြတ်တောက်သွားလိမ့်မယ်!"

​လူများက တစ်ဦးကိုတစ်ဦး တီးတိုးပြောဆိုနေကြသည်။ သူတို့သည် ဘေးကြည့်ပရိသတ်များ မဟုတ်တော့ဘဲ သူတို့၏ အင်ပါယာဘက်မှ ခိုင်မာစွာ ရပ်တည်နေကြသူများ ဖြစ်သည်။

​ကျိချုံယွန်း ၏ အကြည့်မှာ သိသိသာသာ ပြောင်းလဲသွားပြီး သူ၏ဘေးမှ သက်ရှည်ချီ ပညာရှင် သုံးဦးနှင့် သူတို့၏ နောက်လိုက်များသည်လည်း ဖန့်ချန် ကို အသေအချာ စူးစမ်းလိုက်ကြသည်။

​"ဖန့်ချန် မင်းက ဘယ်လောက်ပဲ အစွမ်းထက်ပါစေ၊ ဒါက နှင်းရေခဲအင်ပါယာပဲ ငါတို့ မြို့တော်မှာ အခုထိ လက်မလှုပ်ရသေးတဲ့ သက်ရှည်ချီ သိုင်းပညာရှင် နှစ်ယောက် ရှိသေးတယ် မင်းတို့အားလုံးကို ဒီမှာ တင်ထားခဲ့ဖို့ သူတို့နဲ့ ငါပူးပေါင်းလိုက်မှာကို မင်းမကြောက်ဘူးလား"

ဟု ကျိချုံယွန်း က ခြိမ်းခြောက်လိုက်သည်။

​ထိုအချိန်တွင် ရှယားယိ က ခပ်ပါးပါး ပြုံးလျက် စကားထဲ ဝင်ပါလာသည်။

"မိတ်ဆွေ ဖန့် ကြည့်ရတာ သက်ရှည်ချီ ပညာရှင် တစ်ယောက်တည်းနဲ့တော့ သူတို့ကို ခြောက်လို့ မရဘူး ထင်တယ်"

သူက စဉ်းစားလိုက်သည်နှင့် သူ၏လက်ထဲတွင် မီးလုံးတစ်လုံး ဖြစ်ပေါ်လာပြီး သူတို့နောက်ကွယ်ရှိ ကျယ်ပြောလှသော ပင်လယ်ပြင်ဆီသို့ ပစ်လွှတ်လိုက်သည်။

​ဘုန်း

​မီးတောက်များမှာ ကောင်းကင်ယံသို့ ပျံတက်သွားသည်။ ကိုက် ဒါဇင်ပေါင်းများစွာအတွင်းရှိ ပင်လယ်ရေများမှာ ချက်ချင်းပင် အငွေ့ပျံသွားပြီး အဖြူရောင် အငွေ့များမှာ လေထုထဲတွင် ပျံ့နှံ့သွားသည်ကို အားလုံး မြင်လိုက်ရသည်။ ၎င်းမှာ အိပ်မက်တစ်ခုကဲ့သို့ပင်။

​အကယ်၍ ထိုမီးလုံးသာ သူတို့အပေါ် ကျရောက်လာလျှင် ဘယ်လိုဖြစ်သွားမလဲ ထိုအတွေးက လူတိုင်းကို ကျောချမ်းသွားစေသည်။

​ကျိချုံယွန်း ၏ အမူအရာမှာ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေပြီး နောက်ဆုံးတွင် သူသည် ရှယားယိနှင့် အခြားသူများကို လေးနက်စွာ အကဲခတ်လာတော့သည်။ ထို့နောက် သူသည် သူ့ကိုယ်သူပင် ထိတ်လန့်သွားစေသော ကောက်ချက်တစ်ခုကို ချလိုက်သည်။

​ဒီလူတွေ အားလုံးက ကျင့်ကြံသူ တွေပဲ

All Chapters