အခန်း (၁၉၉-၂၀၀)
Vol. 20 Ch. 199-200
အခန်း ၁၉၉ - အဆင့်သတ်မှတ်ချက်များ
ဖန့်ချန် က ပြုံးလိုက်သည်။
"စီနီယာ ဒါကလည်း ရုပ်သေးရုပ်ပါပဲ ကျွန်တော့်ရဲ့ ကိုယ်အစစ်က အပြင်မှာပါ"
သူက ဆက်ပြောသည်။
"ခင်ဗျား ဒီနေရာကနေ ထွက်သွားလို့ မရဘူး ထင်တယ်နော်"
ရုပ်သေးရုပ်ပဲ ဟုတ်လား
ပုဒုမသေမျိုး အနည်းငယ် မျက်မှောင်ကြုတ်ကာ ဖန့်ချန် ကို အကဲခတ်လိုက်သည်။
ကံမကောင်းစွာဖြင့် သူ၏ လက်ရှိ ကျင့်ကြံမှုအဆင့်မှာ နိမ့်လွန်းနေသဖြင့် ဖန့်ချန် လိမ်နေသလား၊ အတည်ပြောနေသလား ဆိုသည်ကို သူ ခွဲခြား၍ မရပေ။
"မင်းဆီမှာ ဓားသန္ဓေ ရှိနေလား မင်းကို သွေးဂျင်ဆင်းနဲ့ မြေဇာသီးတွေ ပေးလိုက်တာ ပြဿနာမရှိပေမဲ့ ဓားသန္ဓေကိုတော့ ငါ့ဆီ ပြန်ပေးရမယ် မဟုတ်ရင် ငါကိုယ်တိုင် လာယူလိမ့်မယ် အဲဒီအချိန်ကျရင် မင်းတစ်ယောက်တည်း မဟုတ်ဘဲ မင်းရဲ့ အင်ပါယာတစ်ခုလုံးပါ မင်းကြောင့် ဒုက္ခရောက်ကုန်လိမ့်မယ်"
"ခင်ဗျားသာ အပြင်ထွက်နိုင်ရင် အခုချိန်မှာ ထွက်သွားပြီးသား ဖြစ်မှာပေါ့ စီနီယာ နောက်ပြီး ကျွန်တော့်ဆီမှာ သူတော်စင်အဆင့် ဝိညာဉ်ဆေးပင်တွေ ရှိနေနိုင်တယ်လို့ ခင်ဗျား သံသယရှိနေတာ မဟုတ်လား"
ဖန့်ချန် က ပြုံးလျက် မေးလိုက်သည်။
"ပြီးတော့ ကျွန်တော် သိချင်တာတစ်ခု ရှိသေးတယ်၊ ကောင်းကင်ဝိညာဉ်ဆေးပင် အဆင့်သတ်မှတ်ချက် ဆိုတာ ဘာလဲ"
ပုတုမသေမျိူး ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ ဖန့်ချန် ခန့်မှန်းသည်မှာ မှန်ကန်သည်။ သူသည် သူ၏ကိုယ်အစစ်ဖြင့် ထိုနေရာမှ ထွက်ခွာရန်မှာ အနည်းဆုံးတော့ ကာလတိုအတွင်း အလွန်ခက်ခဲပေလိမ့်မည်။
"ကမ္ဘာပေါ်မှာ ရှိတဲ့ အဆင့်မြင့် အင်ပါယာကြီးတွေနဲ့ ဂိုဏ်းချုပ်တွေ ပေါင်းပြီးတော့ အဆင့်သတ်မှတ်ချက် စာရင်းအချို့ကို သတ်မှတ်ထားကြတယ် အဲဒီထဲမှာ ဧကရာဇ် အဆင့်သတ်မှတ်ချက် ၊ ဝိညာဉ်ဆေးပင် အဆင့်သတ်မှတ်ချက် နဲ့ ဝိညာဉ်ရတနာ အဆင့်သတ်မှတ်ချက် တွေက အကျော်ကြားဆုံးပဲ"
ဟု ပုတုမသေမျိုး က ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။
သူ စကားပြောနေစဉ်မှာပင် ဖန့်ချန် သည် တကယ့် ရုပ်သေးရုပ်လား၊ မဟုတ်ဘူးလား ဆိုသည်ကို တွက်ချက်နေသည်။
ဖန့်ချန် သည် အလကားနေရင်း အသေခံမည့်သူ မဟုတ်သဖြင့် ၎င်းမှာ သူ၏ကိုယ်အစစ် မဖြစ်နိုင်ပေ။ သို့သော် သူက ဘာကြောင့် ပြန်လာရသနည်း
ဖန့်ချန် က လက်သီးဆုပ် ဂါရဝပြုလိုက်သည်။
"အသေးစိတ်လေး သိပါရစေဦး။"
ပုတု မသေမျိုးက ပြုံးလိုက်သည်။
"ဒီနေရာမှာ စကားပြောရတာ မအဆင်ပြေဘူး။ာ ငါ့နောက်ကို လိုက်ခဲ့"
"ကောင်းပါပြီ"
ဖန့်ချန် က ခေါင်းညိမ့်ကာ နောက်မှ လိုက်သွားတော့သည်။
ဟင်
ပုတုမသေမျိုး ၏ စိတ်ထဲတွင် သံသယအချို့ ပေါ်လာသည်။
ဖန့်ချန် ၏ လုပ်ဆောင်ချက်များမှာ ရုပ်သေးရုပ်နှင့် တကယ်တူသော်လည်း သူ မသေချာသေးပေ။
သို့သော် အကယ်၍ ၎င်းမှာ သူ၏ကိုယ်အစစ်သာ ဆိုလျှင် ဖန့်ချန် က ထိုမျှအထိ ရဲတင်းဝံ့ပါ့မလား
"ကျွန်တော့်မှာ ဒီတစ်ရုပ်ပဲ ကျန်တော့တာမို့လို့ ဖျက်မပစ်ပါနဲ့ဦး စီနီယာ"
ဟု ဖန့်ချန် က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ပြီးတော့ ခင်ဗျားသာ ဒါကို ဖျက်ဆီးလိုက်ရင် သူတော်စင်အဆင့် ဝိညာဉ်ဆေးပင်တွေ ဘယ်မှာရှိလဲဆိုတာ သိရတော့မှာ မဟုတ်ဘူး"
ပုတုမသေမျိုး သည် ဖန့်ချန် ကို စမ်းသပ်လိုသော သူ၏ စိတ်ဆန္ဒကို ချက်ချင်း ထိန်းချုပ်လိုက်ပြီး
"စကားမများနဲ့တော့၊ ငါ့နောက်ကိုသာ လိုက်ခဲ့"
ဟု အေးစက်စွာ ပြောလိုက်သည်။
မကြာမီမှာပင် သူတို့နှစ်ဦးမှာ ခြံဝင်းတစ်ခုသို့ ရောက်ရှိသွားကြသည်။
ဖန့်ချန် သည် ကျောက်သားခုံတန်းတစ်ခုတွင် အေးအေးလူလူ ထိုင်လိုက်ပြီး ပုဒုမသေမျိုးကတော့ မျက်နှာချင်းဆိုင်တွင် ထိုင်ကာ သူ့ကို စိုက်ကြည့်နေသည်။
"ပြောစမ်း မင်း ဘာလို့ ပြန်လာတာလဲ"
ဖန့်ချန် ပြုံးလိုက်သည်။
"ကျွန်တော် ခင်ဗျားနဲ့ အပေးအယူတစ်ခု လုပ်ချင်လို့ပါ ဒါပေမဲ့ အသေးစိတ် မပြောခင်မှာ ကျင့်ကြံခြင်းလောက အကြောင်းအချို့ကို ခင်ဗျားဆီက သိချင်ပါတယ်"
အပေးအယူ ဟုတ်လား
ပုဒုမသေမျိုး၏ မျက်လုံးများ အနည်းငယ် တောက်ပသွားသည်။
တစ်ဖက်လူမှာ သူ၏ ကျင့်ကြံမှုအဆင့်မှာ အလွန်မြင့်မားကြောင်း သိရှိသွားသဖြင့် အခွင့်အရေးကို အသုံးချကာ အကျိုးအမြတ်အချို့ ရယူလိုခြင်း ဖြစ်ရမည်ဟု သူ ထင်လိုက်သည်။
ထို့ကြောင့် ပုဒုမသေမျိုး မှာ ပိုမို တည်ငြိမ်သွားပြီး လေသံမှာလည်း အနည်းငယ် ပျော့ပြောင်းလာသည်။
"ကောင်းပြီ ဧကရာဇ် အဆင့်သတ်မှတ်ချက် ကနေ စကြစို့ အဲဒီစာရင်းကို ဘိုးဘေး တွေက သတ်မှတ်ခဲ့တာ အဲဒီ ဘိုးဘေးတွေရဲ့ ကျင့်ကြံမှုအဆင့်က ခန့်မှန်းလို့မရနိုင်အောင် မြင့်မားတယ် သူတို့ ဘာကြောင့် ဒီစာရင်းကို လုပ်ခဲ့လဲဆိုတာတော့ ငါလည်း မသိဘူး ဒီစာရင်းထဲ ပါတဲ့သူတွေက အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တွေပဲ နံပါတ် ၁ ကနေ ၂၀ အတွင်း ရှိတဲ့သူတွေကတော့ အားလုံး ဘိုးဘေးတွေ ဖြစ်ပြီး ကျန်တဲ့ ၈၀ ကတော့ အနည်းဆုံး တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေပဲ"
"ဆိုလိုတာက ဧကရာဇ်စာရင်းမှာ အစွမ်းအထက်ဆုံး အယောက်တစ်ရာ ရှိတယ်ပေါ့"
ဖန့်ချန် က စိတ်ဝင်စားသွားသည်။
"'တက်လှမ်းခြင်းအဆင့် ဆိုတာ ဘာလဲ ပြီးတော့ အဲဒီ ဘိုးဘေးတွေက ဘာအဆင့်မှာ ရှိတာလဲ"
"မင်းက အဆင့်တွေကိုတောင် မသိဘူးလား"
ပုဒုမသေမျိုး ၏ မျက်လုံးများ လှုပ်ရှားသွားသည်။
"မင်းက ဘယ်လိုလုပ် ကျင့်ကြံသူ ဖြစ်လာတာလဲ မင်းမှာ ဂိုဏ်းရော ရှိရဲ့လား"
ဖန့်ချန် ပြုံးလိုက်သည်။
"ကျွန်တော့်ကို စမ်းမနေပါနဲ့ စီနီယာ ကျွန်တော်က လေလွင့်ကျင့်ကြံသူ တစ်ယောက်ပါ ဝိညာဉ်ဆေးပင် တစ်ခုကို စားမိလို့ ကျင့်ကြံသူ ဖြစ်လာခဲ့တာ"
"ငါက မင်းကို စမ်းနေစရာ မလိုပါဘူး မင်း ဘာမှမသိဘူးဆိုမှတော့ ငါပဲ မင်းကို လမ်းပြပေးပြီး အဆင့်တွေအကြောင်း သင်ပေးရတာပေါ့ ကျင့်ကြံခြင်း အဆင့်တွေကို အောက်ပိုင်း ၄ အဆင့်၊ အလယ်ပိုင်း ၃ အဆင့် နဲ့ အထက်ပိုင်း ၃ အဆင့် ဆိုပြီး ခွဲထားတယ်"
"အောက်ပိုင်း ၄ အဆင့်ကတော့ ချီသန့်စင်ခြင်း အခြေခံတည်ဆောက်ခြင်း ၊ ရွှေအမြုတေ နဲ့ ဝိညာဥ်သန္ဓေသား အဆင့်တို့ပဲ မင်းမြင်နေရတဲ့ ကျင့်ကြံသူ အများစုက ဒီ ၄ အဆင့်ထဲမှာပဲ ရှိကြတယ် ဝိညာဥ်သန္ဓေသားအဆင့်ကို ရောက်ရင် အသက် ရှစ်ရာအထိ နေနိုင်ပြီး သာမန်လူတွေရဲ့ အမြင်မှာတော့ ခငမင်းက တကယ့် မသေမျိုး ဖြစ်နေပြီ"
"ဒါဆို အလယ်ပိုင်း ၃ အဆင့်ကကော"
ဟု ဖန့်ချန် က မေးလိုက်သည်။
"အလယ်ပိုင်း ၃ အဆင့်လား"
ပုဒု မသေမျိုး က ထူးဆန်းသော အပြုံးဖြင့် ပြုံးလိုက်သည်။
"မင်းရဲ့ တစ်သက်တာမှာ ဒီအဆင့်တွေကို ခြေချခွင့်ရဖို့ မလွယ်ဘူး ဒီအဆင့်ကို ရောက်ပြီဆိုရင် ကမ္ဘာပေါ်မှာ ထိပ်သီးတွေ ဖြစ်သွားပြီ အဲဒါတွေကတော့ သိမြင်ခြင်းအဆင့် ၊ ဝိညာဉ်ခွဲဖြာခြင်းအဆင့် နဲ့ ပေါင်းစပ်ခြင်းအဆင့် တို့ပဲ"
"စီနီယာကတော့ အဲဒီအဆင့်မှာ ရှိတဲ့ အစွမ်းထက် ပုဂ္ဂိုလ်ကြီး ဖြစ်မှာ သေချာပါတယ်"
ဟု ဖန့်ချန် က ဟန်ဆောင်ပန်ဆောင် ချီးကျူးလိုက်သည်။ သူသည် ပုဒုမသေမျိုး ပြောသမျှကို စိတ်ထဲမှ မှတ်သားထားလိုက်သည်။
"မင်း ငါ့ကို စမ်းနေတာလား"
ပုဒု မသေမျိုး က ခပ်တိုးတိုး ရယ်မောလိုက်သည်။
"နောင်တစ်ချိန်မှာ ငါ့ကို တကယ်တွေ့ခွင့်ရရင် ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက် နက်ရှိုင်းလဲဆိုတာ ငါ မင်းကို ပြောပြပါ့မယ် ဘယ်လိုလဲ"
ဖန့်ချန် က ပြုံးပြသည်။
"ကျွန်တော်ကတော့ ခင်ဗျားကို သိပ်မတွေ့ချင်ပါဘူး"
ပုဒု မသေမျိုး က ထိုစကားကို အလေးမထားဘဲ နှာခေါင်းရှုံ့လိုက်ကာ ဆက်ပြောသည်။
"အထက်ပိုင်း ၃ အဆင့်ကတော့ တာအိုပေါင်းစည်းခြင် ၊ ဘေးဒုက္ခရင်ဆိုင်ခြင် နဲ့ တက်လှမ်းခြင်း အဆင့်တွေပဲ မင်း ဘယ်နှစ်ဘဝ ပြန်ဝင်စားစား ဒီအဆင့်ကို ရောက်ဖို့ ခက်ခဲလိမ့်မယ်"
ဖန့်ချန် က ထိုလှောင်ပြောင်မှုကို ဂရုမစိုက်ဘဲ ထပ်မေးလိုက်သည်။
"ကျင့်ကြံသူတွေအတွက် တက်လှမ်းခြင်းအဆင့်က အမြင့်ဆုံးပဲလား အဲဒီ ဘိုးဘေးတွေရဲ့ အဆင့်ကကော"
"ဘိုးဘေးတွေလား"
ပုဒုမသေမျိုး ခဏမျှ စဉ်းစားလိုက်ရာ သူ၏ မျက်ဝန်းထဲတွင် တောင့်တမှုအချို့ ဖြတ်ပြေးသွားသည်။
"တက်လှမ်းခြင်းအဆင့်က တကယ့် အကန့်အသတ်ပဲ အဲဒီနောက်မှာတော့ နတ်ဘုရားလောက ကို တက်လှမ်းပြီး တကယ့် လွတ်လပ်တဲ့ မသေမျိုး ဖြစ်သွားတာပေါ့ ဒါပေမဲ့ ကံမကောင်းစွာပဲ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သိန်းလုံးမှာ ဘယ်သူမှ အဲဒီကို မတက်လှမ်းနိုင်ကြတော့ဘူး"
" နတ်ဘုရားလောကရဲ့ တံခါးက လုံးဝ ပိတ်သွားပြီ ထင်ရတယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေဟာ သူတို့ရဲ့ သက်တမ်းကုန်ခါနီးမှာ အတားအဆီးတွေကို ချိုးဖျက်ဖို့ ကြိုးစားကြတယ် အောင်မြင်ရင်တော့ သူတို့ဟာ မသေမျိုးတွေ ဖြစ်လာကြတယ် မအောင်မြင်ရင်တော့ တစ်ခါ ပြန်ဝင်စားရတာပေါ့"
"ငါပြောတဲ့ ဘိုးဘေးတွေဆိုတာက အောင်မြင်သွားတဲ့ မသေမျိုး တွေကို ခေါ်တာ သူတို့မှာ တကယ့် နတ်ဘုရားတွေရဲ့ အစွမ်းမျိုး မရှိပေမဲ့ စွမ်းအားအရတော့ တော်တော်လေး နီးစပ်တယ် ဒါကြောင့် သူတို့ဟာ ဂိုဏ်းတစ်ခုလုံးရဲ့ ကံကြမ္မာကို ထိန်းချုပ်နိုင်တဲ့ ဘိုးဘေး တွေအဖြစ် အလေးအမြတ် ထားခံရတာပဲ"
မသေမျိုးတွေ ဘိုးဘေးတွေ ဖန့်ချန် သည် စိတ်ထဲမှ တွေးတောနေမိသည်။
စီနီယာ ယွင်ဟယ် ကော ဘိုးဘေးတစ်ယောက် ဖြစ်နေမလား ဒါပေမဲ့ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးက သူ့ကို ဘာကြောင့် စိတ်ဝင်စားရသနည်း။
ထို့နောက် ဖန့်ချန် သည် ပမသေမျိုးနတ်သမီးလေးသတိရလိုက်သည် သူမကော ဘိုးဘေးတစ်ယောက် ဖြစ်နေမလား
အကယ်၍သာ ထိုသို့ဆိုလျှင်... အတော်လေး ပြဿနာတက်လိမ့်မည်။
ဖန့်ချန် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
ထိုနေရာတွင် နှစ်ပေါင်းများစွာ နေခဲ့ပြီးနောက် သူ၏ နှလုံးသားကို လှုပ်ခတ်နိုင်ခဲ့သော တစ်ဦးတည်းသော အမျိုးသမီးမှာ ဘိုးဘေးတစ်ယောက် ဖြစ်နေမည်ဆိုပါက တကယ့်ကို အံ့ဩစရာပင်။
"ဝိညာဉ်ဆေးပင် အဆင့်သတ်မှတ်ချက်မှာတော့ ဆေးပင် အမျိုးမျိုးကို မှတ်တမ်းတင်ထားပြီး ထိပ်သီး တစ်ရာလုံးက သူတော်စင်အဆင့် ဆေးပင်တွေပဲ"
"ဝိညာဉ်ရတနာ အဆင့်သတ်မှတ်ချက်ကလည်း အတူတူပဲ၊ ကမ္ဘာပေါ်က ဝိညာဉ်ရတနာ အခု သုံးရာကို မှတ်တမ်းတင်ထားတယ်"
"ဝိညာဉ်ရတနာ ဆိုတာက ဝိညာဉ်လက်နက် တွေပဲ မဟုတ်လား"
ဟု ဖန့်ချန် က စဉ်းစားရင်း မေးလိုက်သည်။
ပုဒု မသေမျိုး က အထင်အမြင်သေးစွာဖြင့် ရယ်မောလိုက်သည်။
"ဝိညာဉ်လက်နက်တွေကို ကောင်းကင်၊ မြေကမ္ဘာ၊ လျှို့ဝှက်၊ အညံ့ ဆိုပြီး အဆင့် ၄ ဆင့် ခွဲထားတယ် ဝိညာဉ်ဆေးပင်တွေလည်း အတူတူပဲ ဒါပေမဲ့ ဝိညာဉ်ရတနာတွေကတော့ မတူဘူး အဲဒါတွေက ကောင်းကင်အဆင့်ထက်တောင် ကျော်လွန်ပြီး သူတော်စင်အဆင့် ဆေးပင်တွေလိုပဲ အစွမ်းထက်တယ်"
ဆိုတော့ ကောင်းကင်၊ မြေကမ္ဘာ၊ လျှို့ဝှက်၊ အညံ့ ဆိုတာတွေက အကုန်မဟုတ်သေးဘူးပေါ့ အဲဒီအထက်မှာ ပိုအစွမ်းထက်တာတွေ ရှိသေးတာပဲ ဖန့်ချန် ၏ အတွေးများ လှုပ်ရှားသွားသည်။
"'နှစ်တစ်ရာ မြေဇာသီး နဲ့ နှစ်တစ်ရာ သွေးဂျင်ဆင်း တွေက ဘယ်အဆင့်မှာ ရှိတာလဲ"
ပုဒုမသေမျိုး က ခပ်ပါးပါး ပြုံးရင်း
"အဲဒီနှစ်ခုကတော့ သာမန်အဆင့် ထိပ်သီး ဆေးပင်တွေပဲ ဘယ်လိုလဲ မင်း ငါ့ကို ဓားသန္ဓေသာ ပေးမယ်ဆိုရင် ငါ မင်းကို အဲဒီဆေးပင်တွေ ပေးရုံတင်မကဘဲ တကယ့် အမွေအနှစ် တစ်ခုကိုပါ လက်ဆင့်ကမ်းပေးမယ်"
သို့သော် ဖန့်ချန် ၏ နောက်ထပ် တုံ့ပြန်မှုမှာ စကားလုံးများ မဟုတ်ဘဲ ခရမ်းရောင် လျှပ်စီးအဆောင် များသာ ဖြစ်သည်။
၎င်းမှာ တစ်ခုတည်း မဟုတ်ဘဲ ဒါဇင်နှင့်ချီ၍ ရှိနေ၏
လျှပ်စီးသံများ ထွက်ပေါ်လာသည်နှင့် ဖန့်ချန် သည်
နဂါးတုတ်ကောက် ကို ထုတ်လိုက်ကာ ပုဒု မသေမျိုးဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
ပုဒု မသေမျိုးသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်း ရဲလှချည်လား"
သူ့ကို တိုက်ခိုက်ဝံ့တယ် ဟုတ်လား
အခန်း ၂၀၀ - သစ်ပင်ကြီးကို လှုပ်ခါရန် ကြိုးစားသည့် ပုရွက်ဆိတ်
ဘုန်း
နဂါးတုတ်ကောက်သည် ဖန့်ချန်၏ ရှေ့ရှိ ကျောက်စားပွဲကို ရိုက်ခွဲလိုက်သော်လည်း ပုတုမသေမျိုး ကိုတော့ ထိမှန်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။
ခဏချင်းမှာပင် ပုဒုမသေမျိုး သည် ဆယ်ပေခန့် အကွာအဝေးသို့ ဆုတ်ခွာသွားပြီးဖြစ်ကာ သူ၏ အေးစက်သော မျက်လုံးများမှာ ဖန့်ချန်ထံသို့ စိုက်ကြည့်နေသည်။
"စီနီယာရဲ့ လှုပ်ရှားမှုတွေက တကယ့်ကို ထူးကဲတာပဲ"
ဖန့်ချန် က ပြုံးလိုက်သည်။
"ခုနက စမ်းသပ်ကြည့်ရုံတင်ပါ စိတ်ထဲမထားပါနဲ့"
"မင်းစကားကို ငါယုံမယ် ထင်နေလား"
ပုဒုမသေမျိုး၏ မျက်နှာမှာ အုံ့မှိုင်းနေပြီး သူ၏အကြည့်မှာ နဂါးတုတ်ကောက်ထံသို့ ရောက်ရှိသွားသည်။
"လနစ်မြုပ်ရွှေနဲ့ သွန်းလုပ်ထားတဲ့ ဝိညာဉ်တံဆိပ် ၁၂ ခုပါတဲ့ သာမန် အဆင့်နိမ့် ရတနာတစ်ခုပဲ မင်း ဘာလို့ ပြန်လာဝံ့လဲဆိုတာ အံ့ဩစရာ မရှိတော့ဘူးဒါကိုသုံးပြီး ငါ့ကို သတ်ချင်တာကိုး"
ဝိညာဉ်တံဆိပ် ၁၂ ခုပါသော ရတနာသည် ထိုခန္ဓာကိုယ်အတွက် အမှန်တကယ်ပင် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နိုင်သည်။
အကယ်၍ စောစောကသာ အထိခံလိုက်ရပါက သူ၏ ဝိညာဉ်စွမ်းအင်များ ချက်ချင်း ပြိုကွဲသွားပေလိမ့်မည်။
"စီနီယာက ဒီရတနာကိုတောင် အသိအမှတ်ပြုနိုင်တာလား တကယ့်ကို မသေမျိုး ပီသပါပေတယ်"
ဟု ဖန့်ချန် က ချီးကျူးလိုက်သော်လည်း စိတ်ထဲတွင်တော့ အနည်းငယ် ထိတ်လန့်သွားသည်။
တစ်ဖက်လူမှာ နဂါးတုတ်ကောက်၏ ပစ္စည်းကို ချက်ချင်း ခွဲခြားသိမြင်နိုင်ခဲ့သည်။
ထိုကဲ့သို့သော အခွင့်အရေးမျိုး နောက်တစ်ကြိမ် ရတော့မည် မဟုတ်ပေ။
ပုဒုမသေမျိုး က နှာခေါင်းရှုံ့လိုက်သည်။
"မင်းရဲ့ ဝိညာဉ်က အစွမ်းထက်တယ် အဲဒါကြောင့်လည်း ဒီလိုရတနာကို သုံးနိုင်တာပေါ့ ဒါပေမဲ့ ဒါကို ငါ့အပေါ် သုံးချင်တာလား မင်းရဲ့ ကျင့်ကြံမှုက အားနည်းလွန်းသေးတယ် ချီသန့်စင်ခြင်း အဆင့် ၇ ဟဲဟဲ ဒီအဆင့်လေးနဲ့ ငါ့ကို လုပ်ကြံချင်တာလား"
"နောက်နေတာလား စီနီယာ"
ဟု ဖန့်ချန် က ဆိုသည်။
"ကျွန်တော်က စီနီယာကို ဘယ်လိုလုပ် လုပ်ကြံဝံ့ပါ့မလဲ စီနီယာရဲ့ အစွမ်းကို စမ်းကြည့်ချင်ရုံပါ ကျွန်တော်တို့ အပေးအယူအကြောင်း ပြန်ဆွေးနွေးကြမလား"
"အချိန်ဆွဲတဲ့ နည်းလမ်းပဲ မင်းရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ဒီလိုရတနာကို သုံးရတာ ဝိညာဉ်စွမ်းအင် အများကြီး ကုန်မှာပဲ မဟုတ်လား ကုန်သွားတဲ့ ဝိညာဉ်စွမ်းအင်တွေ ပြန်ဖြည့်ဖို့ အချိန်ဆွဲနေတာလား ငါ့ကို လူအ ထင်နေတာလား မင်း ဒီလိုလုပ်လိုက်မှတော့ ဒါက ရုပ်သေးရုပ်ပဲ ဖြစ်ဖြစ်၊ ငါ ဒီနေ့ ဒါကို ဖျက်ဆီးပစ်မယ်"
ပုဒုမသေမျိုး က လှောင်ပြောင်လိုက်သည်။
"ငါ့ရဲ့ တာအိုပညာရပ်ဖြစ်တဲ့ ရွှေရောင်တာအိုခန္ဓာကိုယ် ကို ပြပေးရတာပေါ့"
ရုတ်တရက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး ရွှေစင်ရုပ်တုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
ဖန့်ချန် ၏ အမူအရာ ပျက်ယွင်းသွားပြီး ထွက်ပြေးရန် အနောက်သို့ လှည့်လိုက်သည်။
"ဘယ်ကို ပြေးမလို့လဲ"
ပုဒုမသေမျိုး သည် မြေပြင်ကို ကန်လိုက်ရာ ကျင်းကြီးနှစ်ကျင်း ဖြစ်သွားသည်။
သူ၏ ပုံရိပ်မှာ ရွှေရောင်လျှပ်စီးကဲ့သို့ ဖန့်ချန် အနောက်သို့ လိုက်ပါသွားတော့သည်။
သူ၏ အရှိန်မှာ ဖန့်ချန် ထက် နှစ်ဆခန့် ပိုမြန်နေသည်။ အသက်တစ်ရှိုက်စာအတွင်းမှာပင် မှီလာသော်လည်း ခရမ်းရောင် လျှပ်စီးအဆောင် ဒါဇင်ပေါင်းများစွာနှင့် ရင်ဆိုင်လိုက်ရသည်။
လျှပ်စီးများ ဖျတ်ခနဲ လက်သွားပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် လျှပ်စစ်စီးကြောင်းများ ပြေးလွှားနေသည်။
သို့သော် သူ၏ ရွှေရောင်ခန္ဓာကိုယ်က ကာကွယ်ထားသဖြင့် ၎င်းတို့မှာ သူ့ကို ဘာမှ မလုပ်နိုင်ပေ။
သူ၏ မျက်နှာတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။
ပုရွက်ဆိတ်တစ်ကောင်က ကောင်းကင်ကို စိန်ခေါ်ဝံ့တယ် ဟုတ်လား
သူ၏ လက်ဝါးမှာ ဖန့်ချန် ၏ ကျောပြင်ပေါ်သို့ ကျရောက်သွားသည်။
ဘုန်း
ဖန့်ချန် လွင့်ထွက်သွားတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော အားအင်နှင့် ပြင်းထန်သော ဝိညာဉ်စွမ်းအင်များ ပေါင်းစပ်ထားသည့် ထိုတိုက်ခိုက်မှုမှာ ဖန့်ချန် ၏ ကာကွယ်ရေး ဝိညာဉ်စွမ်းအင်ကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သည်။
ဖန့်ချန် သည် သွေးတစ်လုတ် ထွေးထုတ်လိုက်ရပြီး မြေပြင်ပေါ်တွင် ပေအတော်ဝေးဝေးအထိ လိမ့်ထွက်သွားကာ အရှိန်သတ်သွားတော့သည်။
"တောက်... ခက်ပြီ..."
ဖန့်ချန် အသက်ကို လုရှူနေရသည်။
ပုဒုမသေမျိုး က သူထင်ထားတာထက် အများကြီး ပိုစွမ်းသည်။
"ငါ့ရဲ့ လက်ဝါးတစ်ချက်တောင် မခံနိုင်ဘူးလား"
ပုဒု မသေမျိုး က ဆက်မတိုက်သေးဘဲ ကြွက်ကလေးကို ကစားနေသည့် ကြောင်တစ်ကောင်ကဲ့သို့ အပေါ်စီးမှ ကြည့်နေသည်။
"ဒီလောက် ကျင့်ကြံမှုနဲ့ ငါ့ကို တိုက်ခိုက်ဖို့ ဘယ်သူက မင်းကို သတ္တိပေးလိုက်တာလဲ ဒီခန္ဓာကိုယ်ရဲ့ ကျင့်ကြံမှုက မမြင့်ဘူးဆိုပေမဲ့ ချီသန့်စင်ခြင်း အဆင့် ၁၂ မှာ ရှိနေတုန်းပဲ"
ဟု သူက လှောင်ပြောင်ရင်း ပြောလိုက်သည်။
"ဝိညာဉ်လက်နက်တစ်ခုတည်းနဲ့ ဒီကွာဟချက်ကို ဖြည့်နိုင်မယ် ထင်နေတာလား"
ဖန့်ချန် သည် ပုဒုမသေမျိုး ကို ကြည့်ရင်း အတွေးများ ဗလောင်ဆူနေသည်။
သူပြောတာ မှန်တယ်၊ ကွာဟချက်က ကြီးလွန်းတယ်။
အကယ်၍ ငါသာ ချီသန့်စင်ခြင်း အဆင့် ၁၁ မှာ ရှိနေရင် နဂါးတုတ်ကောက်ကို သုံးပြီး သူ့ကို ယှဉ်နိုင်ကောင်း ယှဉ်နိုင်လိမ့်မယ်။
ဒါမှမဟုတ် အဆင့်မြင့် လျှပ်စီးအဆောင်တွေ အများကြီး ကြိုလုပ်ထားနိုင်ရင် သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်မှာပဲ။
ကံမကောင်းစွာဖြင့် အဆင့်မြင့် လျှပ်စီးအဆောင်များ ပြုလုပ်ရန် အလွန်ကောင်းမွန်သော ပြဒါးမှင်၊ စက္ကူဝါနှင့် စုတ်တံများ လိုအပ်သည်။
သင့်တော်သော ဝိညာဉ်ပစ္စည်းများ မရှိဘဲ သူသည် အလတ်စားအဆင့် အဆောင်များကိုသာ အများဆုံး ထုတ်လုပ်နိုင်သည်။
သူ၏ သိုလှောင်လက်စွပ်ထဲတွင် အလတ်စား လျှပ်စီးအဆောင် နှစ်ရာကျော် ကျန်ပါသေးသည်။
သို့သော် ပုဒုမသေမျိုး ၏ အံ့မခန်း ရွှေရောင်ခန္ဓာကိုယ်၏ ကာကွယ်မှုနှင့် ဆိုလျှင် ကျန်ရှိသောအဆောင်နှစ်ရာလုံး ပစ်ပေါက်လိုက်လျှင်ပင် သူ့ကို အနည်းငယ်မျှ ဒဏ်ရာရစေမည် မဟုတ်ပေ။
"ခင်ဗျားသာ ကျုပ် ရုပ်သေးရုပ်ကို ဖျက်ဆီးလိုက်ရင် သူတော်စင်အဆင့် ဆေးပင်တွေ ဘယ်မှာရှိလဲဆိုတာ ဘယ်တော့မှ သိရတော့မှာ မဟုတ်ဘူး"
ဟု ဖန့်ချန် က ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"အဲဒီဆေးပင်တွေကို ငါ စိတ်မဝင်စားတော့ဘူး"
ဟု ပုဒုမသေမျိုး က ဆိုသည်။
"ဒါက မင်းရဲ့ ရုပ်သေးရုပ်ပဲ ဖြစ်ဖြစ်၊ ငါ ဖျက်ဆီးပစ်ဦးမှာပဲ ပြီးရင် မင်းရဲ့ ကိုယ်အစစ်ကို ရှာပြီး တာအိုမီးတောက် နဲ့ မင်းကို နှစ်ပေါင်းတစ်ရာကြာအောင် နှိပ်စက်ပြီး မင်းရဲ့ ဝိညာဉ်ကို ကြေမွသွားအောင် လုပ်မယ်၊ မင်းကို ဘယ်တော့မှ ပြန်ဝင်စားခွင့် မရအောင် ဖြတ်တောက်ပစ်မယ်"
ပုဒုမသေမျိုးသည် စိတ်ရှည်မှု ကုန်ဆုံးသွားပုံရသည်။
ဖန့်ချန် က ကံကြမ္မာကို လက်ခံလိုက်သကဲ့သို့ သက်ပြင်းခပ်ဖွဖွ ချလိုက်သည်။
"ဒါဆိုရင်လည်း ကျုပ် လုံးဝ အညံ့ခံလိုက်ပါ့မယ်"
ပုဒု မသေမျိုး က ပြုံးစိစိဖြင့် ဖန့်ချန် အနားသို့ လျှောက်လာသည်။
သို့သော် ရုတ်တရက် ဖန့်ချန် သည် နဂါးတုတ်ကောက်ကို ထုတ်ကာ အစွမ်းကုန် တစ်ချက် ထပ်မံ ရိုက်ချလိုက်ပြန်သည်။
"ပုရွက်ဆိတ်လေး"
ပုဒုမသေမျိုး က လက်ကို ဝှေ့ယမ်းကာ နဂါးတုတ်ကောက်ကို ဖမ်းဆုပ်လိုက်ပြီး ၎င်းပေါ်မှ ဝိညာဉ်စွမ်းအင်များကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်ခွင့် ပေးလိုက်သည်။
၎င်းက သူ့ကို အနည်းငယ်မျှ မထိခိုက်စေပေ။ တောင်ငယ်လေးတစ်ခုကို မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားစေနိုင်သည့် နဂါးတုတ်ကောက်မှာ သူ၏ ရှေ့တွင် ကစားစရာ တစ်ခုနှင့်သာ တူနေတော့သည်။
ဘုန်း!း
ပုဒု မသေမျိုး က ဖန့်ချန် ၏ ဝမ်းဗိုက်ကို ကန်လိုက်ရာ သူသည် လေထဲသို့ လွင့်ထွက်သွားပြီး ရှေးဟောင်း သစ်ပင်ကြီးတစ်ပင်နှင့် ပြင်းထန်စွာ တိုက်မိကာ ရပ်တန့်သွားသည်။
ပုဒု မသေမျိုးက သူ၏ လက်ထဲမှ နဂါးတုတ်ကောက်ကို ငုံ့ကြည့်ကာ ရုတ်တရက် ရယ်မောလိုက်သည်။
"ဒီလို အမှိုက်ကိုတောင် ဝိညာဉ်လက်နက်လို့ ခေါ်ထိုက်သေးလား"
ဂျွတ်
သူသည် နဂါးတုတ်ကောက်ကို လက်ဖြင့် ချေဖျက်လိုက်ရာ အစိပ်စိပ်အမွှာမွှာ ဖြစ်သွားပြီး မြေပြင်ပေါ်သို့ ပြန့်ကျဲသွားတော့သည်။
ထိုမြင်ကွင်းကို ကြည့်ကာ ဖန့်ချန် ၏ နှလုံးသားမှာ အေးစက်သွားသည်။
နဂါးတုတ်ကောက်ပေါ်ရှိ ဝိညာဉ်တံဆိပ်များသည် သူ၏ ဝိညာဉ်နှင့် ဆက်နွှယ်နေသဖြင့် ၎င်းပျက်စီးသွားမှုက သူ့ကို ပြင်းထန်စွာ တန်ပြန်သက်ရောက်မှု ဖြစ်စေသည်။ သူ၏ ပါးစပ်ထောင့်မှ သွေးများ ဆက်တိုက် စီးကျလာတော့သည်။
"တကယ်တော့..."
ပုဒုမသေမျိုး က ဖန့်ချန် ကို ကြည့်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"မင်းသာ ချီသန့်စင်ခြင်း အဆင့် ၁၂ မှာ ရှိနေရင် ခုနက မင်းရဲ့ လှုပ်ရှားမှုတွေက ထိရောက်နိုင် တယ် အနည်းဆုံးတော့ မင်း အခုလို သနားစရာကောင်းတဲ့ အခြေအနေမျိုး ရောက်မှာ မဟုတ်ဘူး"
ဖန့်ချန် က ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်ပြီး သစ်ပင်ကြီးကို မှီကာ အနားယူလိုက်သည်။
"အဲဒီလိုလား"
ပုဒုမသေမျိုး က ရယ်မောလိုက်သည်။
"ချီသန့်စင်ခြင်း ကျင့်ကြံသူတွေထဲမှာ ငါ့ကို ဒီလောက်အထိ ဒေါသထွက်အောင် လုပ်နိုင်တာ မင်းက ပထမဆုံးပဲ ဒါနဲ့တင် မင်း ဂုဏ်ယူထိုက်ပါတယ် ဟုတ်ပါတယ်၊ ကိုယ်အစစ်နဲ့ လာရဲတဲ့ မင်းရဲ့ သတ္တိကိုလည်း ငါ ချီးကျူးပါတယ်"
ဖန့်ချန် က ပြုံးလိုက်သည်။
"ဒါက ရုပ်သေးရုပ်ပါပဲ ခင်ဗျား ကျုပ် ကို သတ်လိုက်ရင်တောင် ဘာမှ မဖြစ်ပါဘူး နောက်ဆုံးတော့ ကျုပ် က ရုပ်သေးရုပ် တစ်ခုပဲ ဆုံးရှုံးရမှာပါ"
"မင်းသာ တကယ် ရုပ်သေးရုပ် ဖြစ်နေရင် ငါ ဝိညာဉ်လက်နက်ကို ဖျက်ဆီးလိုက်တဲ့အခါ မင်းမှာ တန်ပြန်သက်ရောက်မှု ဖြစ်မှာ မဟုတ်ဘူးလေ..."
ဟု ပုဒုမသေမျိုး က အရယ်အပြုံးမပါသော မျက်နှာဖြင့် ပြောလိုက်သည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဖန့်ချန် သက်ပြင်း ခပ်ဖွဖွ ချလိုက်သည်။
"ခင်ဗျား ကျုပ် ကို အခုထိ မသတ်သေးတာဆိုတော့ သူတော်စင်အဆင့် ဆေးပင်တွေကို စဉ်းစားနေတုန်းပဲ ထင်တယ် ပြောပါဦး ခင်ဗျား ဘာလုပ်ချင်တာလဲ"
ပုဒုမသေမျိုး က ပြုံးလိုက်သည်။
"သေချာတာပေါ့၊ ငါ ဝိညာဉ်ရှာဖွေခြင်း လုပ်မှာပါ မင်း ခံစားရမယ့် နာကျင်မှုက ငါ့ကို စိန်ခေါ်ခဲ့တဲ့ အကျိုးဆက်ကို သိသွားအောင် အပြစ်ပေးဖို့ လုံလောက်ပါတယ် ဒါပေမဲ့ အဲဒီမတိုင်ခင် ငါ့မှာ မေးစရာ ရှိသေးတယ်၊ မင်း ဘာလို့ ပြန်လာတာလဲ ငါ့ကို သတ်ဖို့က မင်းအတွက် အဲဒီလောက် အရေးကြီးလို့လား ဘာအကျိုးအမြတ် ရမှာမို့လို့လဲ"
"ခင်ဗျားရဲ့ ဒီခန္ဓာကိုယ် ရှိနေသရွေ့ ဒါက အမြဲတမ်း ပြဿနာပဲ ဖြစ်နေမှာ နောင်တစ်ချိန်မှာ ခင်ဗျားက ကျုပ်ကို ဒုက္ခလာပေးနေမယ့်အစား အခုကတည်းက အမြစ်ပြတ်အောင် ဖြေရှင်းလိုက်တာက ပိုကောင်းတယ်လေ"
ဟု ဖန့်ချန် က ပင်ပန်းနွမ်းလျသော အပြုံးဖြင့် ပြန်ဖြေသည်။
"ဒီအကြောင်းပြချက် တစ်ခုတည်းနဲ့လား"
ပုဒုမသေမျိုး၏ အမူအရာမှာ အနည်းငယ် ထူးဆန်းသွားသည်။
သူသာဆိုလျှင် တစ်ယောက်တည်း ဘယ်တော့မှ ပြန်လာမည် မဟုတ်ပေ။
သို့သော် သူ၏ရှေ့မှ ချီသန့်စင်ခြင်း ကျင့်ကြံသူမှာ သူကိုယ်တိုင်ပင် မရှိသော ပြတ်သားမှုမျိုးကို ပြသနေသည်။
"ဒီအကြောင်းပြချက်က လုံလောက်ပြီး ကျိုးကြောင်းဆီလျော်ပါတယ် ခင်ဗျား နားမလည်ဘူးဆိုရင် ခင်ဗျားက နုနယ်သေးပြီး အတွေ့အကြုံ မရှိသေးလို့ပဲ ဖြစ်မှာပါ"
"ဟားဟားဟား"
ပုဒုမသေမျိုး မှာ အလွန် ဒေါသထွက်သွားသဖြင့် ရယ်ပင် ရယ်မောလိုက်မိသည်။
ချီသန့်စင်ခြင်း ကျင့်ကြံသူတစ်ယောက်က သူ့ကို နုနယ်ပြီး အတွေ့အကြုံ မရှိဘူးဟု လှောင်ပြောင်နေသည် မဟုတ်လား။
သူသည် ချက်ချင်းပင် ဖန့်ချန် ၏ ဘေးသို့ ရောက်လာပြီး သူ၏ ဦးခေါင်းကို လှမ်းဖမ်းလိုက်သည်။
"ဝိညာဉ်ရှာဖွေခြင်း"