← Chapters

အခန်း (၁၈၉-၁၉၀)

Vol. 19 Ch. 189-190

အခန်း (၁၈၉-၁၉၀)

Vol. 19 Ch. 189-190

​အခန်း ၁၈၉ - ဂူဗိမာန်

​လီရှို့မင် ၏ အမူအရာမှာ လေးနက်သွားသည်။

“ဒီအရှိန်အဝါက အနည်းဆုံး ချီသန့်စင်ခြင်းအဆင့်အဆင့် ၁၂ မှာ ရှိရမယ်”

​မီရှန့် မှာ အတွေ့အကြုံမရှိသူပီပီ လမ်းညွှန်မှုရရန် သူမ၏စီနီယာအစ်ကိုဘက်သို့ အလျင်အမြန် လှည့်ကြည့်လိုက်သည်။

“စီနီယာအစ်ကို ကျွန်မတို့ ဘာလုပ်ကြမလဲ”

​“ရိုးရှင်းပါတယ်”

လီရှို့မင် က မီရှန့်၏ လက်မောင်းကို ဆွဲလိုက်သည်။

“ပြေးမယ်”

​သူတို့နှစ်ဦးသည် ချက်ချင်းပင် အဝေးသို့ ပြေးထွက်သွားကြတော့သည်။

​ထိုသူနှစ်ဦး ထွက်ပြေးသွားသည်ကို မြင်သောအခါ လီတောက်ယဲ့ က တီးတိုးကျိန်ဆဲလိုက်သည်။

“သစ္စာတရားကတော့ အောက်ခြေပဲဟေ့”

​သူ ညာဘက်သို့ လှည့်ကြည့်လိုက်ရာ ရှယားယိ နှင့် သူ၏အဖော်မှာလည်း ထွက်ပြေးသွားကြသည်ကို တွေ့လိုက်ရသည်။

​လီတောက်ယဲ့ မှင်သက်သွားသည်။

​ဘယ်ဘက်သို့ အမြန်လှည့်ကြည့်လိုက်ပြန်ရာ ဖန့်ချန် မှာလည်း ထွက်ပြေးသွားပြီးဖြစ်ကာ ပေရာချီ ဝေးကွာနေပြီ ဖြစ်ကြောင်း သတိထားမိလိုက်သည်။

​“ငါ့အဖေ ပြောတာ မှန်တာပဲ ကျင့်ကြံခြင်းလောကက တကယ် ရက်စက်တာပဲ လူတိုင်းက အတ္တသမားတွေချည်းပဲ”

​လီတောက်ယဲ့ စိတ်ထဲမှ ကျိန်ဆဲရင်း ဖန့်ချန် နောက်သို့ အမှီလိုက်လေသည်။

“ဖန်ချန် ငါ့ကို စောင့်ပါဦး”

​အသက်ရှူအကြိမ် အနည်းငယ်အကြာတွင် သူတို့နှစ်ဦးသည် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်၏ နောက်ကွယ်တွင် ပုန်းလိုက်ကြသည်။

​ရှယားယိ တို့အဖွဲ့မှာမူ သူတို့လောက် ကံမကောင်းလှပေ။ ကျောက်သားဘီလူးကြီးမှာ သူတို့ကို ပစ်မှတ်ထားထားပုံရပြီး ပါးစပ်မှ အမှောင်စိမ်းရောင် မီးတောက်များကို မကြာခဏ မှုတ်ထုတ်ကာ လိုက်လံတိုက်ခိုက်နေသည်။

​ပေရာချီ ရှည်လျားသော မီးတောက်တိုင်ကြီးမှာ အလွန် ပြင်းထန်လှသည်။ ၎င်းဖြတ်သန်းသွားသော နေရာတိုင်းတွင် လောင်ကျွမ်းထားသော မြေရိုင်းများသာ ကျန်ရစ်ခဲ့သည်။

ရှယားယိ နှင့် အခြားသူများမှာ မိစ္ဆာမီးကို ခုခံရန် သူတို့၏ ဝိညာဉ်စွမ်းအင် အကာအကွယ်များကို အလျင်အမြန် တည်ဆောက်လိုက်ကြရသည်။

​သာမန်အတွင်းချီနှင့် ဖောက်ထွင်း၍မရသော ဝိညာဉ်စွမ်းအင် အကာအကွယ်မှာ ထိုမီးတောက်တိုင်အောက်တွင် သိသိသာသာ အရည်ပျော်ကျလာနေသည်။ ၎င်းမှာ ခဏမျှသာ တောင့်ခံနိုင်တော့မည်မှာ အသေအချာပင်

​“ဒုက္ခပဲ အဲဒီအရာနဲ့သာ အထိခံလိုက်ရရင် ငါတော့ ချက်ချင်း ပြာဖြစ်မှာပဲ”

ဟု လီတောက်ယဲ့ က သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။

​ဖန့်ချန် က ပြုံးလိုက်သည်။

“အေးလေ မင်း ပြာဖြစ်သွားမှာ သေချာတယ်”

​“အခြေအနေက မကောင်းဘူး ဖန့်ချန် ဒီနေရာက တကယ့်ကို အန္တရာယ်များတာပဲ အခုမှ ဝင်လာတာရှိသေးတယ် ဒီလို အရာမျိုးနဲ့ တွေ့နေပြီ အဲဒါက မိစ္ဆာ လို့ မင်းထင်လား”

လီတောက်ယဲ့ က တိုးတိုးလေး မေးလိုက်သည်။

“ငါတို့ သွားကူရမလား”

​ဖန့်ချန် က အခြေအနေကို တည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာလိုက်သည်။

“ငါတို့ရဲ့ ကျင့်ကြံမှု အဆင့်တွေနဲ့ ဘာသွားကူနိုင်မှာလဲ အဲဒါ မိစ္ဆာ ဟုတ်ဟုတ် မဟုတ်ဟုတ် လီရှို့မင် ပြောတာကတော့ အနည်းဆုံး အဆင့် ၁၂ မှာ ရှိတယ်ဆိုပဲ ဟိုကို သွားတာက ကျားတွင်းထဲ ကိုယ့်ဘာသာ ခုန်ဆင်းတာနဲ့ အတူတူပဲ”

​သူ့မှာရှိသမျှ စွမ်းအားအားလုံးကို အသုံးပြုလျှင်တောင် အဆင့် ၁၂ ရှိသော ကျင့်ကြံသူကို အနိုင်ယူရန်မှာ မဖြစ်နိုင်သလောက်ပင်။

ခရမ်းရောင် လျှပ်စီးအဆောင် နှင့် နဂါးတုတ်ကောက် တို့ကို အခွင့်အရေးရှိတိုင်း အသုံးပြုနိုင်မှသာ အနိုင်ရရန် အခွင့်အလမ်း အနည်းငယ် ရှိပေလိမ့်မည်။

​“သွားကြစို့”

ဖန့်ချန် က ပြတ်သားစွာပင် လှည့်ထွက်သွားတော့သည်။

​လီတောက်ယဲ့ က အလျင်အမြန် လိုက်လာရင်း

“သူတို့ကို တကယ်ကြီး မကူညီတော့ဘူးလား”

ဟု မေးမြန်းသည်။

​“မင်းက အဲဒီလောက် သစ္စာရှိနေရင်လည်း သွားကူလိုက်လေ ကျောက်သားဘီလူးကြီးက မင်းနောက်ကို လိုက်လာတဲ့အခါ မင်း ဘယ်လောက်ကြာကြာ ပြေးနိုင်မလဲဆိုတာ ငါတို့ ကြည့်ရတာပေါ့”

ဟု ဖန့်ချန် က စိတ်မရှည်စွာ ပြောလိုက်သည်။

​လီတောက်ယဲ့ က အနေရခက်စွာ ပြုံးလိုက်သည်။

“ငါက အဲဒီလောက် သစ္စာရှိတဲ့လူ မဟုတ်ပါဘူး ထားလိုက်ပါတော့ ထားလိုက်ပါတော့ ရှယားယိက အဆင့် ၈ မှာ ရှိတာဆိုတော့ ဒီဘီလူးကြီးကို သူ ဖြတ်ကျော်နိုင်မှာပါ”

ခဏအကြာတွင် သူက ဆက်ပြောသည်။

“အခုက ရတနာရှာဖို့က ပိုအရေးကြီးတယ် ဒီနေရာမှာ ရတနာတွေ ဝိညာဉ်ကျောက်တုံးတွေ ဆေးလုံးတွေ ဒါမှမဟုတ် ဝိညာဉ်ဆေးပင်တွေ ရှာတွေ့မလား မသိဘူး”

​ဖန့်ချန် က သူ့ကို တစ်ချက် ကြည့်လိုက်သည်။

သူတို့ရဲ့ ရည်မှန်းချက်က ရတနာရှာဖို့ ဖြစ်ပေမယ့် ငါကတော့ ပုဒု မသေမျိုးယက ငါ့ကို ဘာလို့ ဒီနေရာကို လွှတ်လိုက်တာလဲဆိုတာကို သိဖို့ လာတာပဲ

​နောက်ရက်အနည်းငယ်တွင် ဖန့်ချန် နှင့် လီတောက်ယဲ့ တို့သည် ထိုနယ်မြေအတွင်း စူးစမ်းလေ့လာမှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ကြသည်။

ထိုအတောအတွင်း သူတို့သည် ကြမ်းတမ်းသော သားရဲအချို့နှင့် တွေ့ဆုံခဲ့သော်လည်း ကျောက်သားဘီလူးကြီးလောက် အစွမ်းထက်သူ မပါဝင်ပေ။

​သူတို့သည် အချို့ကို နှိမ်နင်းခဲ့ပြီး အလွန်အစွမ်းထက်သော သားရဲများကိုမူ သူတို့၏ အရှိန်ကို အသုံးပြု၍ ရှောင်တိမ်းခဲ့ကြသည်။

ဂူထဲသို့ စတင်ဝင်ရောက်စဉ်က သူတို့နှစ်ဦးစလုံးမှာ သန့်ပြန့်နေသော်လည်း ရက်အနည်းငယ်အတွင်းမှာပင် ဖန့်ချန် ၏ အဝတ်အစားများမှာ စုတ်ပြတ်သတ်နေပြီး ပုံစံမှာ အတော်လေး ဖရိုဖရဲ ဖြစ်နေတော့သည်။

​လီတောက်ယဲ့ က ညည်းညူရင်း သူ၏ စုတ်ပြတ်နေသော အဝတ်အစားများကို ဆွဲဖြဲကာ ခါးတွင် ပတ်လိုက်သည်။

“ဒီလိုမှန်းသိရင် ဝိညာဉ်ဝတ်ရုံ ယတစ်ထည်လောက် ဝယ်ခဲ့ပါတယ်”

​သူသည် အတော်လေး ပင်ပန်းနွမ်းနယ်နေပုံရသည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ထူးခြားသော ပန်းမန်များ၊ ဆေးပင်များ သို့မဟုတ် ကျင့်ကြံမှုအတွက် အကျိုးရှိမည့်အရာ ဘာတစ်ခုမှ မတွေ့ရသည့်အပြင် ကြမ်းတမ်းသော သားရဲများ၏ လိုက်လံတိုက်ခိုက်ခြင်းကိုသာ အမြဲတမ်း ခံနေရသောကြောင့် ဖြစ်သည်။

​“ ဖန့်ချန် ငါတို့ အရူးလုပ်ခံလိုက်ရတာလား ငါတို့ပုံစံက တကယ့်ကို သနားစရာကြီး သိုင်းပညာရှင်တွေ ဝင်လာတုန်းက ဘာကောင်းတာတွေ ရှာတွေ့ခဲ့ကြလို့လဲ ဒါမှမဟုတ် ကောင်းတဲ့အရာတွေ ရှိခဲ့ပေမယ့် သူတို့ အကုန်ယူသွားကြတာလား ငါတို့ ပြန်ထွက်သင့်ပြီလား အချိန်ပြည့်တဲ့အထိ စောင့်ပြီးမှ ပြန်ထွက်ရအောင် ဒီမှာ အသက်နဲ့ရင်းရတာ မတန်ဘူး”

ဟု လီတောက်ယဲ့ က စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

​ဖန့်ချန် က လျှောက်လှမ်းနေရင်း မရယ်ဘဲ မနေနိုင်တော့ပေ။

“ငါတို့ ဂူဗိမာန်ကိုတောင် မတွေ့ရသေးဘူး မင်းက ပြန်ဖို့ စဉ်းစားနေပြီလား”

​“ဒါပေမဲ့ ဒါတွေအားလုံးက လှည့်စားမှုကြီးလို့ ငါ ခံစားနေရတယ် ဂူဗိမာန်ဆိုတာ တကယ်မရှိတာလည်း ဖြစ်နိုင်တာပဲ ရှိတယ်ဆိုရင်လည်း ရက်အတော်ကြာအောင် ရှာတာတောင် ဘာလို့ မတွေ့သေးတာလဲ”

ဟု လီတောက်ယဲ့ က မျက်မှောင်ကြုတ်ကာ ညည်းညူသည်။

​ရုတ်တရက် ဖန့်ချန် က ရှေ့သို့ ပြုံးလျက် လက်ညှိုးထိုးပြလိုက်သည်။

“ဟိုရှေ့မှာ မင်း ဘာမြင်လဲ”

​“အဲဒါက...”

လီတောက်ယဲ့ က သူ၏မျက်လုံးများကို ပွတ်ကာ ကြည့်လိုက်ရာ မလှမ်းမကမ်းတွင် တောင်ငယ်လေးတစ်ခုကို တွေ့လိုက်ရသည်။

ထိုတောင်ပေါ်တွင် အဆောက်အဦးများ ဟိုတစ်စ ဒီတစ်စ တည်ရှိနေကြသည်။

​“တကယ်ကြီး ရှာတွေ့သွားတာလား ဟားဟားဟား... ကောင်းလိုက်တာ ရှယားယိ တို့အဖွဲ့တော့ ဒါကို ရှာမတွေ့သေးဘူးလို့ ငါလောင်းရဲတယ် ငါတို့ မြန်မြန်သွားပြီး အရင်ဆုံး လက်ဦးမှု ယူကြတာပေါ့”

ဟု လီတောက်ယဲ့ က ရုတ်တရက် အားအင်များ ပြည့်ဝလာကာ အော်ဟစ်လိုက်သည်။ သူသည် တောင်ပေါ်သို့ အလျင်အမြန် ပြေးတက်သွားတော့သည်။

​ဖန့်ချန် ကတော့ ပုံမှန်အတိုင်းပင် အေးအေးလူလူ လိုက်သွားခဲ့သည်။

​ရုတ်တရက် ကောင်းကင်ယံမှ အရိပ်မည်းကြီးတစ်ခု ဆင်းသက်လာပြီး လီတောက်ယဲ့ ကို ဖမ်းဆွဲကာ အထက်သို့ ပျံတက်ရန် ကြိုးစားတော့သည်။

​၎င်းကို မြင်သောအခါ ဖန့်ချန် သည် ခရမ်းရောင် လျှပ်စီးအဆောင် နှစ်စောင်ကို ထိုအရိပ်မည်းကြီးထံသို့ ချက်ချင်း ပစ်လွှတ်လိုက်သည် လီတောက်ယဲ့ မှာ အော်ဟစ်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီး တစ်ကိုယ်လုံး မီးခိုးမှိုင်းများ စွဲထင်သွားသည်။

အကယ်၍ သူသာ ဝိညာဉ်စွမ်းအင်ကို အချိန်မီ မထုတ်လွှတ်နိုင်ခဲ့လျှင် ထိုလျှပ်စီးအဆောင် များကြောင့် အစိပ်စိပ်အမွှာမွှာ ဖြစ်သွားနိုင်ပေသည်။

​ဖန့်ချန် ပစ်လွှတ်လိုက်သော လျှပ်စီးအဆောင်များမှာ အလယ်အလတ်အဆင့်ဖြစ်ပြီး အဆင့် ၇ သို့မဟုတ် အဆင့် ၈ ကျင့်ကြံသူတစ်ဦး၏ အားအပြည့်ပါသော တိုက်ကွက်နှင့် ညီမျှသည်။

သို့သော် ထိုအရိပ်မည်းကြီးမှာ မည်သည့်ဒဏ်ရာမှ ရပုံမရဘဲ လေထုထဲတွင် ပျံဝဲလျက် ဖန့်ချန် ကို အေးစက်စွာ စိုက်ကြည့်နေသည်။

​“မင်းရဲ့ လျှပ်စီးအဆောင် တွေအောက်မှာ ငါ သေတော့မလို့ပဲ”

ဟု လီတောက်ယဲ့ က နှာမှုတ်ရင်း ဖန့်ချန် အနားသို့ တွားသွားကာ ပြောလိုက်သည်။

​“အဲဒီ လျှပ်စီးအဆောင်တွေသာ မရှိရင် မင်း သေနေတာ ကြာလှပြီ”

ဟု ဖန့်ချန် က ပေါ့ပေါ့ပါးပါးပင် တုံ့ပြန်လိုက်သည်။

​လီတောက်ယဲ့ က မျက်နှာဖြူလျော်စွာဖြင့် ကောင်းကင်သို့ မော့ကြည့်လိုက်သည်။

“အဲဒါ ဘာကြီးလဲ လင်းနို့မိစ္ဆာ လား”

​ကောင်းကင်တွင် ပျံဝဲနေသော အရိပ်မည်းကြီးမှာ လူနှင့်တူသော်လည်း အနက်ရောင် လင်းနို့တောင်ပံတစ်စုံ ရှိသည်။

၎င်း၏ ခန္ဓာကိုယ်မှာ အနက်ရောင် အမွေးတိုများ ဖုံးလွှမ်းနေပြီး မျက်နှာမှာ နှာခေါင်းချွန်သော အနက်ရောင် ခွေးအိုကြီးတစ်ကောင်နှင့် တူသည်။ ထိုသတ္တဝါတွင် ရှည်လျားသော ခြေလက်များရှိပြီး လူကဲ့သို့ပင် မတ်မတ်ရပ်သည့် ပုံစံရှိသည်။

​“အဲဒါ ဘာလဲဆိုတာ ငါလည်း မသိဘူး၊ူ ဒါပေမဲ့ သူက ပျံနိုင်တယ်”

ဟု ဖန့်ချန် က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

​လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူတို့သည် သားရဲအမြောက်အမြားနှင့် တွေ့ခဲ့သော်လည်း ပျံသန်းနိုင်သူ တစ်ကောင်မှ မပါဝင်ခဲ့ပေ။

ယခုအခါ ပျံသန်းနိုင်ပြီး အင်အားလည်း တော်တော်ရှိသော သားရဲတစ်ကောင်နှင့် ရင်ဆိုင်ရခြင်းမှာ အနည်းငယ် အခက်တွေ့စေသည်။

​နောက်တစ်ခဏတွင် ထိုအရိပ်မည်းကြီးမှာ အလွန်မြန်သော အရှိန်ဖြင့် သူတို့ထံသို့ ထိုးဆင်းလာပြန်သည်။

​ဖန့်ချန် နှင့် လီတောက်ယဲ့ တို့သည် လျှပ်စီးအဆောင်အတော်များများကို တစ်ပြိုင်နက် ပစ်လွှတ်လိုက်ကြသည်။

​ခရမ်းရောင် လျှပ်စီးများ လက်ခနဲ ဖြစ်သွားပြီး ထိုအရိပ်မည်းကြီးမှာ ၎င်း၏ တောင်ပံများဖြင့် ခန္ဓာကိုယ်ကို ချက်ချင်း လွှမ်းခြုံကာ လျှပ်စီးဒဏ်ကို ခုခံလိုက်သည်။

၎င်း တောင်ပံများကို ပြန်ဖြန့်လိုက်သောအခါ ဖန့်ချန် နှင့် လီတောက်ယဲ့ တို့မှာ အဆောက်အဦးများရှိရာ တောင်ခြေသို့ အတော်လေး နီးကပ်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

​“ဝေါ”

အရိပ်မည်းကြီးမှာ ဒေါသတကြီး ဟိန်းဟောက်ကာ နောက်မှ လိုက်လာသည်။

သို့သော် ဖန့်ချန် တို့က လျှပ်စီးအဆောငါများဖြင့် ထပ်မံ တုံ့ပြန်ခဲ့ကြသည်။

​နောက်ဆုံးတွင် သူတို့နှစ်ဦးမှာ တောင်ပေါ်သို့ ရောက်ရှိသွားသော်လည်း ထိုအရိပ်မည်းကြီးမှာမူ လေထုထဲတွင် တုံ့ဆိုင်းသွားပြီး ဆက်လက် လိုက်ရန် မဝံ့ရဲတော့ပေ။

​“ အဲဒီကောင် အထဲကို မဝင်ရဲဘူး ထင်တယ်”

ဟု လီတောက်ယဲ့ က အံ့အားသင့်စွာ ပြောလိုက်သည်။

​ဖန့်ချန် က

“အဲဒီကောင်ကလည်း ဒီနေရာရဲ့ အရှင်သခင် မွေးထားတဲ့ သတ္တဝါတွေထဲက တစ်ကောင်ပဲ ဖြစ်ရမယ် ဒါကြောင့် သူ့သခင်ရဲ့ ကျင့်ကြံတဲ့ နယ်မြေထဲကို မဝင်ရဲတာ ဖြစ်လိမ့်မယ်”

ဟု သုံးသပ်ပြသည်။

​“ဪ... အဲဒီလိုကိုး”

လီတောက်ယဲ့ သက်ပြင်းချလိုက်နိုင်ပြီး ထိုအရိပ်မည်းကြီးကို ရန်စလိုက်သည်။

“လာလေ... လာဦးလေ ခရမ်းရောင် လျှပ်စီးအဆောင် တစ်စောင်က ဘယ်လောက်တန်လဲ မင်းသိလား မင်းကြောင့် ငါ အများကြီး ဖြုန်းလိုက်ရပြီ။ မင်း အဲဒါရဲ့ တန်ဖိုးကို သိရဲ့လား”

​ထိုအရိပ်မည်းကြီးမှာ ဘာမှမတတ်နိုင်ဘဲ ဒေါသတကြီး ဟိန်းဟောက်နေပြီး သူတို့နှစ်ဦးကို တစ်ချက် စိုက်ကြည့်ကာ လှည့်ထွက်သွားတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ယံ၌ ပျောက်ကွယ်သွားခဲ့သည်။

​“မင်းရဲ့ လျှပ်စီးအဆောင်တွေအတွက် ကျေးဇူးတင်ပါတယ် ဒီသားရဲရဲ့ အင်အားက အနည်းဆုံး အဆင့် ၇ ဒါမှမဟုတ် အဆင့် ၈ မှာ ရှိတယ် အဲဒီလက်မှတ်တွေသာ မရှိရင် ငါတို့ ဒီနေ့ ဒီမှာပဲ အဆုံးသတ်သွားမှာ”

ဟု လီတောက်ယဲ့ က သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူက ထိုသို့ပြောသော်လည်း အမှန်တကယ်တွင်မူ နှမြောစိတ် ဖြစ်နေမိသည်။

သူသည် မီးတောက် အင်ပါယာ သို့ ပြန်ရောက်သောအခါ ထိုအဆောင်အစောင် ၂၀ ခန့်ကို ဝိညာဉ်ကျောက်တုံး အနည်းငယ်ဖြင့် ပြန်ရောင်းကာ အမြတ်ထုတ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

သို့သော် ရက်အနည်းငယ်အတွင်းမှာပင် လျှပ်စီးအဆောင်၁၀ စောင်ထက်မက အသုံးပြုလိုက်ရပြီ ဖြစ်သည်။

ဝိညာဉ်ကျောက်တုံး ၁၀၀-၂၀၀ ခန့်တန်သော ရတနာများ မတွေ့ခဲ့လျှင် သူသည် အရှုံးပေါ်ပေလိမ့်မည်။

​​အခန်း ၁၉၀ - နှစ်တစ်ရာသက်တမ်းရှိ မြေဇာသီး

​သူတို့နှစ်ဦး ရှေ့ဆက်ရန် ပြင်လိုက်စဉ်မှာပင် အဝေး၌ လီရှို့မင် နှင့် မီရှန့် တို့ ပေါ်လာသည်ကို တွေ့လိုက်ရသည်။

သူတို့နောက်မှ လိုက်လံတိုက်ခိုက်နေသည်မှာ စောစောကမှ ထွက်ခွာသွားသော အရိပ်မည်းကြီးပင် ဖြစ်သည်။

​ထိုသူနှစ်ဦး ဓားပျံစီးနင်းနေသည်ကို မြင်သောအခါ လီတောက်ယဲ့ မနာလိုဖြစ်မိသွားသည်။

"ဒီနှစ်ယောက်က ဓားပျံစီးနည်း ကို တတ်မြောက်ထားကြပြီပဲ"

​ဖန့်ချန် က ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

"ဓားပျံစီးရတာ ခက်လို့လား"

​လီတောက်ယဲ့ က ရှင်းပြသည်။

"ခက်တာပေါ့ ဘယ်သူမဆို ဓားတစ်စင်းကို အလိုရှိသလို ထိန်းချုပ်ပြီး ပျံသန်းနိုင်တာမှ မဟုတ်တာ ဓားပျံစီး နိုင်ဖို့ဆိုတာ ကိုယ့်ရဲ့ ဓားသန္ဓေကို အရင်ပျိုးထောင်ရတယ် ဓားသန္ဓေ ပျိုးထောင်တဲ့ လုပ်ငန်းစဉ်က ဓားပျံတစ်စင်းကို သန့်စင်တာနဲ့ အတူတူပဲ "

" ဓားရဲ့အရှင်သခင် သေဆုံးသွားရင်တောင် တခြားလူတွေအတွက် အဲဒီဓားပျံကို သန့်စင်ပြီး အသုံးပြုဖို့ဆိုတာ ခက်ခဲတယ် အဲဒီလို ဓားပျံမျိုးကို ကံပါရတနာ လို့ ခေါ်ကြတယ် ဓားပျံတွေအပြင် အချို့လူတွေကတော့ သူတို့စိတ်ကြိုက် ထူးဆန်းတဲ့ ဝိညာဉ်ရတနာ အမျိုးမျိုးကိုလည်း ပျိုးထောင်ကြတယ်"

​ဖန့်ချန် ၏ မျက်လုံးများ အနည်းငယ် တုန်လှုပ်သွားသည်။

"မင်း ဆိုလိုတာက ဘာလဲ"

​"သာမန်ရတနာတွေက သဘာဝအတိုင်း ဖြစ်ပေါ်လာတာ ဒါပေမဲ့ ကံပါရတနာ တွေကတော့ မတူဘူး အဲဒါတွေက ဝိညာဉ်တံဆိပ် ပါရှိပြီးသား ဖြစ်ပေမယ့် ပုံစံမကျသေးတဲ့ ရတနာတွေကို အသုံးပြုရတာဝိညာဉ်စွမ်းအင်နဲ့ နေ့ညမပြတ် ကျွေးမွေးပြီး ကိုယ့်ရဲ့ အနှစ်သာရသွေး နဲ့ ပျိုးထောင်ရတယ်"

"ဒီနည်းလမ်းကို ကံပါရတနာ မွေးမြူခြင်း လို့ ခေါ်တယ် ပုံမှန်အားဖြင့် ဂိုဏ်းငယ်လေးတွေမှာ ဒီလို အမွေအနှစ်မျိုး မရှိကြဘူး မီးတောက်အင်ပါယာ မှာတောင် ဒီလို အမွေအနှစ်ရှိတဲ့သူ အများကြီး မရှိပါဘူး"

လီတောက်ယဲ့ က ဆက်ပြောသည်။

"ငါတို့ရဲ့ ရှစ်ထောင့်ဗေဒင်ဂိုဏ်း ကိုပဲ ကြည့်ဦးတပည့်တွေဟာ နှစ်တိုင်း အပြင်ထွက်ပြီး ကံပါရတနာ ပျိုးထောင်နည်း အမွေအနှစ်ကို ရှာဖွေကြရတယ် အဆင့်နိမ့်ရင်တောင် ကိစ္စမရှိဘူး ကံပါရတနာတစ်ခုဟာ အဆင့်တူ သာမန်ရတနာထက် အများကြီး ပိုအစွမ်းထက်တယ် ဒါတင်မကဘဲ အဲဒါကိုသုံးပြီး ကောင်းကင်မှာ ပျံသန်းနိုင်တာကတော့ အကြီးမားဆုံး အားသာချက်ပဲ"

​ဖန့်ချန် စိတ်ဝင်စားသွားပြီး သူတို့နောက်ကွယ်ရှိ အဆောက်အဦးများကို လှမ်းကြည့်လိုက်သည်။

ခရီးသွားလာရာတွင် ပိုမိုအဆင်ပြေစေမည့် အလားတူ အမွေအနှစ်မျိုး ဤနေရာတွင် ရှိနေမလားဟု သူ စဉ်းစားနေမိသည်။

​ထိုအချိန်တွင် လီရှို့မင် နှင့် မီရှန့် တို့သည် အရိပ်မည်းကြီးနှင့် ကောင်းကင်ယံ၌ တိုက်ပွဲဖြစ်ပွားနေကြပြီဖြစ်သည်။

နှစ်ဖက်စလုံး အင်အားချင်း မျှနေပုံရသော်လည်း လီရှို့မင် နှင့် မီရှန့် တို့မှာ အားနည်းချက် ပြလာနေသည်။

​နောက်ဆုံးတွင် ထိုသူနှစ်ဦးသည် တိုက်ပွဲမှ ရုန်းထွက်နိုင်မည့် အခွင့်အရေးကို ရှာတွေ့သွားပြီး တောင်ပေါ်သို့ ပျံသန်းလာကာ ဖန့်ချန် နှင့် လီတောက်ယဲ့ တို့နှင့် မလှမ်းမကမ်းတွင် ဆင်းသက်လိုက်ကြသည်။ သူတို့သည် ထိုသားရဲကြီးကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်နေကြသည်။

​"ဒီကောင် တောင်ပေါ်ကို ခြေမချရဲဘူးပဲ"

ထိုသားရဲကြီး ရှေ့ဆက်မတိုးဝံ့ဘဲ တုံ့ဆိုင်းနေသည်ကို မြင်သောအခါ လီရှို့မင် သက်ပြင်းချလိုက်နိုင်သည်။

​"မင်းတို့ ရှယားယိ တို့အဖွဲ့ကို မြင်ခဲ့သေးလား"

ဟု ဖန့်ချန် က မေးလိုက်သည်။

​လီရှို့မင် က ခေါင်းခါပြသည်။

"သူတို့ကို ကျောက်သားဘီလူးကြီး လိုက်သွားတာဘယ်ရောက်သွားလဲ ငါတို့လည်း မသိဘူး"

​"ဒါက သူတို့ရဲ့ ကံကြမ္မာပဲ"

လီတောက်ယဲ့ သက်ပြင်းချကာ ဆက်ပြောသည်။

"သူတို့အတွက် အခုလောလောဆယ် စိတ်မပူကြနဲ့ဦး ဒီနေရာကတော့ အစွမ်းထက်တဲ့ ကျင့်ကြံသူရဲ့ ဂူဗိမာန် ဖြစ်ရမယ် ဘာကောင်းတာတွေ ကျန်ခဲ့မလဲ ကြည့်ကြတာပေါ့ ကျိမိသားစုက သိုင်းပညာရှင်တွေ ဒီနေရာအထိ ရောက်နိုင်လိမ့်မယ်လို့ ငါမထင်ဘူး။း သူတို့တွေ့ခဲ့တာတွေက အပြင်ဘက်နားက အပိုအလျှံတွေပဲ ဖြစ်မှာပါ"

​ကျိမိသားစု၏ ကွယ်လွန်သူ ကျင့်ကြံသူမှာ ကျင့်ကြံမှုအဆင့် မမြင့်လှပေ။

သူ၏ အစွမ်းအစ အနည်းငယ်ဖြင့် ထိုနေရာသို့ ရောက်ရှိရန်ပင် ခက်ခဲပေလိမ့်မည်။

ထို့အပြင် ကျိလင်ယွီ နှင့် မြင်းသည်တော်ခေါင်းဆောင်တို့ နှစ်ဦးစလုံးက ထိုကျင့်ကြံသူသည် အသက်ဘေးမှ လွတ်ကင်းစေရန် ဂူထဲသို့ ဝင်ရောက်ရန် ဝန်လေးနေခဲ့ကြောင်း ပြောဖူးသည်။

​သူတို့ လေးဦးသည် တောင်ပေါ်သို့ အတူတူ တက်လာကြရာ မကြာမီမှာပင် "ဘုရားဖူးတံခါး" ဟု ရေးထိုးထားသော တံခါးဝတစ်ခုသို့ ရောက်ရှိလာသည်။

​"ဘုရားဖူးတံခါးလား တော်တော်ကြီးကျယ်တဲ့ နာမည်ပဲ"

လီရှို့မင် ပြုံးလိုက်သည်။

"ဒါ ရွှေအမြုတေအဆင့် ကျင့်ကြံသူရဲ့ ဂူဗိမာန်များ ဖြစ်နေမလား"

​မီရှန့် နှင့် လီတောက်ယဲ့ တို့သည် ထိုစကားကို ကြားသောအခါ မျက်လုံးများ တောက်ပသွားသည်။

အကယ်၍ ၎င်းမှာ ရွှေအမြုတေ ကျင့်ကြံသူတစ်ဦး၏ ဂူဗိမာန် အမှန်တကယ် ဖြစ်ခဲ့လျှင် အလွန် ကောင်းမွန်ပေလိမ့်မည်။

​ဘုရားဖူးတံခါးကို ဖြတ်ကျော်ပြီးနောက် သူတို့လေးဦးသည် ခဏမျှ လျှောက်လှမ်းလာရာ ခန်းမကြီးတစ်ခုသို့ ရောက်ရှိလာသည်။

ခန်းမမှာ အနည်းငယ် ပျက်စီးနေသော်လည်း ထိုပျက်စီးမှုများမှာ သဘာဝအတိုင်း ပျက်စီးခြင်းထက် တစ်စုံတစ်ယောက်က တမင်တကာ ဖျက်ဆီးထားသည့် ပုံစံမျိုး ဖြစ်နေသည်။

​"တစ်ယောက်ယောက် ဒီကို အရင်ရောက်ခဲ့ဖူးတယ်"

ဟု လီရှို့မင် က မျက်နှာပျက်ပျက်ဖြင့် ပြောလိုက်သည်။

​"ဟာ... ဒုက္ခပဲ ငါ့ခရီးစဉ်က အလကား ဖြစ်မသွားပါစေနဲ့လို့ ဆုတောင်းရမှာပဲ ဆုံးရှုံးမှုတွေက အရမ်းများနေပြီ"

ဟု လီတောက်ယဲ့ က ငိုမဲ့မဲ့ဖြင့် အော်လိုက်သည်။

​"သူတို့ အကုန်လုံး ယူသွားနိုင်မှာ မဟုတ်ပါဘူး အတူတူ ရှာကြတာပေါ့"

ဟု လီရှို့မင် က ဆိုသည်။

​"ဒီနေရာက မသေးဘူး လူခွဲပြီး ရှာကြမလား"

ဟု ဖန့်ချန် က အကြံပြုသည်။

​လီရှို့မင် က ဖန့်ချန် ကို ကြည့်ကာ မဲ့ပြုံး ပြုံးလိုက်သည်။

"ဒီထဲမှာ တားမြစ်ချက်တွေနဲ့ ထောင်ချောက်တွေ ရှိနိုင်တယ် အားလုံး အတူတူသွားတာက ပိုစိတ်ချရပါတယ် မင်းတို့ရဲ့ ကျင့်ကြံမှုအဆင့်တွေက မမြင့်သေးဘူး အန္တရာယ်နဲ့ တွေ့ရင် ငါနဲ့ ညီမလေးက ကူညီနိုင်တာပေါ့"

​လီတောက်ယဲ့ ခေါင်းညိမ့်လိုက်သည်။

"ဖန်ချန် သူပြောတာလည်း အဓိပ္ပာယ်ရှိသားပဲ"

​ထို့နောက် သူက ဖန့်ချန် ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"သူက ငါတို့ တန်ဖိုးရှိတဲ့အရာတွေ တွေ့ပြီး တစ်ယောက်တည်း သိမ်းထားမှာကို ကြောက်နေတာ ဒါပေမဲ့ သူတို့က ကျင့်ကြံမှုအဆင့် ပိုမြင့်နေတော့ ငါတို့ သဘောမတူရင် သူတို့ အင်အားသုံးလာနိုင်တယ်"

​အစကတည်းက ဖန့်ချန် သည် လီရှို့မင် တို့ကို ယုံကြည်ရန် စိတ်ကူးမရှိပေ။

ကျင့်ကြံခြင်းလောက၏ ရက်စက်မှုနှင့် အတ္တကြီးမှုကို သူ ကောင်းကောင်း သိထားသည်။

ထို့အပြင် သူတို့၏ နောက်ခံ သို့မဟုတ် ဂိုဏ်းအကြောင်းကိုလည်း သူ မသိရှိသဖြင့် အလွယ်တကူ မယုံကြည်နိုင်ခြင်း ဖြစ်သည်။

​ဖန့်ချန် အနည်းငယ် ခေါင်းညိမ့်ပြလိုက်သည်။

"ဒါဆိုလည်း ကောင်းပါပြီ။ မင်းတို့နှစ်ယောက်ကိုပဲ အားကိုးရတော့မှာပေါ့"

​လီရှို့မင် က ပြုံးလျက် လက်ဝှေ့ယမ်းပြသည်။

"ကိစ္စမရှိပါဘူး"

ထို့နောက် လေးဦးသား ရှေ့ခန်းမအတွင်းသို့ ဝင်သွားကြသည်။ အထဲတွင် ရုပ်တုတစ်ခုရှိရာ ၎င်းမှာ အခြားသူမဟုတ်ဘဲ ပုဒုမသေမျိုး ၏ ရုပ်တုပင် ဖြစ်သည်။

​ထူးခြားချက်မှာ ထိုရုပ်တုမှာ တစ်ဖက်တွင် ကျိုးပဲ့နေပြီး ခန်းမမှာလည်း ဖျက်ဆီးခံထားရသည့် လက္ခဏာများ ရှိနေခြင်း ဖြစ်သည်။

​လီရှို့မင် က ခပ်ပါးပါး ပြုံးလိုက်သည်။

"ဒီမှာ ဘာဖြစ်ခဲ့လဲဆိုတာ ငါ နားလည်သွားပြီ ဒီမှာကျင့်ကြံတဲ့ စီနီယာတွေဟာ ရန်သူတွေရဲ့ နှောင့်ယှက်ခြင်းကို ခံရလို့ အလျင်အမြန် စွန့်ခွာသွားခဲ့ကြတာ ဖြစ်မယ်"

​လီတောက်ယဲ့ က ဇဝေဇဝါ ဖြစ်နေသည်။

"အဲဒါဆိုရင် တန်ဖိုးရှိတဲ့ ပစ္စည်းမှန်သမျှကို ရန်သူတွေ အကုန်ယူသွားကြမှာပေါ့ ဟုတ်လား"

​ဖန့်ချန် ကတော့ ထိုရုပ်တုကိုသာ စိုက်ကြည့်နေမိသည်။

"ဒါဆို ပုဒုမသေမျိုး ဟာ ဒီနေရာကနေပဲ သူ့ရဲ့ မသေမျိုး လမ်းစဉ်ကို စတင်ခဲ့ပြီး ကိုးကွယ်ဆည်းကပ်သူတွေကို စုဆောင်းခဲ့တာလား"

​ဖန့်ချန် သံသယဖြစ်မိသွားသည်။

ထိုနေရာမှာ တော်တော်လေး ကျယ်ဝန်းလှသည်။

ပုဒုမသေမျိုးသည် တစ်ချိန်က သာမန်လူသားများကို ဤနေရာတွင် ထားရှိခဲ့ခြင်း ဖြစ်နိုင်ပေသည်။

​" ဖန့် ချန် မင်း ဘာလို့ ဒီရုပ်တုကိုပဲ စိုက်ကြည့်နေတာလဲ"

လီတောက်ယဲ့ က ရယ်မောလိုက်သည်။

"ဒီရုပ်တုကို ပုဒု လို့ ခေါ်တာ ငါမှတ်မိတယ်"

​"ပုဒု မသေမျိုး ပေါ့ နေရာအတော်များများမှာ သူ့ကို ကိုးကွယ်ကြတယ်"

ဟု ဖန့်ချန် က ဆိုလိုက်သည်။

​"ဟုတ်တယ်၊ ဟုတ်တယ် အဲဒါပဲ"

လီတောက်ယဲ့ သက်ပြင်းချသည်။

"ဒီမှာရှိခဲ့တဲ့ ကျင့်ကြံသူတွေတောင် သူ့ကို ကိုးကွယ်ကြတယ်ဆိုတော့ သူက တကယ့် မသေမျိုးစစ်စစ် ဖြစ်ရမယ်"

​"သူက အထက်ဘုံမှာတောင် ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ရမယ်"

လီရှို့မင် က ပြုံးလျက် ပြောသည်။

"ငါတို့ရဲ့ ဝူချန်းတောင်မှာလည်း ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို ကိုးကွယ်ကြတယ် ဂိုဏ်းက လူကြီးတွေ ပြောတာတော့ သူကလည်း အထက်ဘုံမှာ ဂုဏ်သိက္ခာရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲတဲ့ တစ်နေ့မှာ ငါတို့ နတ်ဘုံကို တက်လှမ်းနိုင်ခွင့် ရခဲ့ရင် ဒီလို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီးတွေနဲ့ တွေ့ဆုံနိုင်ကောင်း တွေ့ဆုံနိုင်လိမ့်မယ်"

​ဖန့်ချန် ၏ အမူအရာမှာ ထူးဆန်းသွားသည်။

ပုဒုမသေမျိုးသည် အထက်ဘုံသို့ တက်လှမ်းသွားပြီး ဖြစ်သော်လည်း လောကီလူ့ပြည်သို့ သူ၏ နတ်ဘုရား အရှိန်အဝါကို ထုတ်ဖော်ပြသနိုင်ဆဲ ဖြစ်နိုင်ပါ့မလား အကယ်၍ ထိုသို့သာ ဖြစ်ခဲ့လျှင် ထိုစွမ်းရည်မှာ တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလှပေလိမ့်မည်။

​"ဒီမှာ ဘာမှမရှိတော့ဘူး တခြားနေရာတွေ သွားကြည့်ရအောင်"

ဟု လီရှို့မင် က ပြောကာ အဖွဲ့ကို နောက်ထပ် နယ်မြေတစ်ခုသို့ ဦးဆောင်ခေါ်သွားသည်။

​လမ်းလျှောက်လာရင်း သူတို့သည် ဆေးပင်စိုက်ခင်းတစ်ခုကို ဖြတ်ကျော်ခဲ့ကြသည်။ စိုက်ခင်းမှာ ပေါင်းပင်များ ဖုံးလွှမ်းနေသော်လည်း တောက်ပသော အနီရောင် အသီးများ သီးနေသည့် အပင်တစ်ပင်က သူတို့၏ အာရုံကို ဖမ်းစားလိုက်သည်။

​လီရှို့မင် ၏ မျက်လုံးများ တောက်ပသွားသည်။

"မြေဇာသီး အဲဒါက အနည်းဆုံး သက်တမ်း နှစ်တစ်ရာ ရှိရမယ် နှစ်တစ်ရာ သက်တမ်းရှိတဲ့ မြေဇာသီးတစ်လုံးဟာ အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၂၀၀ လောက် တန်ဖိုးရှိသလို ကျင့်ကြံသူတွေအတွက်လည်း အများကြီး အကျိုးရှိစေတယ်"

​လီတောက်ယဲ့ ၏ နှလုံးသားမှာ ဒိတ်ခနဲ ခုန်သွားသည်။

တကယ်လို့ သူ တစ်လုံးရခဲ့လျှင် ဤတစ်ခေါက် ဆုံးရှုံးမှုများအတွက် ပြန်ကာမိပေလိမ့်မည်။

သို့သော် ထိုအပင်တွင် မြေဇာသီး သုံးလုံးသာ ရှိနေသည်ကို သူ သတိထားမိလိုက်ရာ အညီအမျှ ခွဲဝေရန်မှာ ခက်ခဲပုံရသည်။

​"ငါက အခု ချီသန့်စင်ခြင်းအဆင့် ၁၀ မှာ ရှိနေပြီး ငါ့ညီမလေးကတော့ အဆင့် ၉ မှာ ရှိနေတာ ငါတို့ရဲ့ ကျင့်ကြံမှု လမ်းစဉ်က ပိုပိုပြီး ခက်ခဲလာတာကြောင့် ဒီအသီးက ငါတို့နှစ်ယောက်လုံးအတွက် အရမ်း အကျိုးရှိစေတယ်"

လီရှို့မင် က ဖန့်ချန် နှင့် လီတောက်ယဲ့ တို့ကို ပြုံးလျက် ကြည့်လိုက်သည်။

"ဒီမြေဇာသီး သုံးလုံးကို ငါတို့ပဲ အခုလောလောဆယ် သိမ်းထားလိုက်မယ် နောက်မှ တခြားရတနာတွေ ထပ်တွေ့ရင် အညီအမျှ ထပ်ခွဲကြတာပေါ့၊ ဟုတ်ပြီလား"

​

​

All Chapters