← Chapters

အခန်း (၁၉၇-၁၉၈)

Vol. 20 Ch. 197-198

အခန်း (၁၉၇-၁၉၈)

Vol. 20 Ch. 197-198

​အခန်း ၁၉၇ - လီရှို့မင်ကို သတ်ဖြတ်ခြင်း

​ကျောက်ယန် က ပြုံးလိုက်သည်

"ကျွန်တော်တို့ ပြန်ဆုံကြပြန်ပြီနော် စီနီယာကျိ"

​ကျိချုံယွန်း ၏ အမူအရာမှာ ထူးဆန်းနေသည်။

"မင်းတို့က ဘာလို့ ဒီရောက်နေတာလဲ ပြီးတော့ ဝေါယာဉ်ထဲမှာက ဘယ်သူလဲ"

​ရွှီဂီ က လှောင်ပြောင်လိုက်သည်။

"ဝေါယာဉ်ထဲမှာ ဘယ်သူရှိရမှာလဲ ကျွန်တော်တို့ရဲ့ သခင်လေးပေါ့"

​ဖန့်ချန်လား

​ကျိချုံယွန်း နှင့် ပတ်ဝန်းကျင်ရှိ အိပ်မက်ဆိုးစစ်သည်များ၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားသည်။

​အိပ်မက်ဆိုးစစ်သည် ခေါင်းဆောင်က အော်ဟစ်လိုက်သည်။

"မင်းတို့ သခင်လေးက ဘယ်လိုလုပ်"

​သူ့စကား မဆုံးခင်မှာပင် ဝေါယာဉ်၏ လိုက်ကာများ ပွင့်သွားပြီး ဖန့်ချန် သည် အပျင်းကြောဆန့်ရင်း ထွက်လာခဲ့သည်။ ထို့နောက် သူသည် ကြောင်အမ်းနေသော အိပ်မက်ဆိုးစစ်သည် ခေါင်းဆောင်ကို ကြည့်လိုက်သည်။

​"ပြန်ဆုံကြပြန်ပြီနော်"

​"မင်း... မင်းက ဘယ်လိုလုပ် ဒီရောက်နေတာလဲ..."

အိပ်မက်ဆိုးစစ်သည် ခေါင်းဆောင်၏ နှုတ်ခမ်းများ တုန်ရင်နေပြီး မျက်နှာမှာ ဖြူလျော်သွားသည်။

သရဲမြင်လိုက်ရသကဲ့သို့ပင်။ ဖန့်ချန် တို့ ဂူထဲဝင်သွားတာကို သူကိုယ်တိုင် မျက်စိနဲ့ မြင်ခဲ့တာ မဟုတ်လား။ ဖန့်ချန် က ဘယ်လိုလုပ် ဒီအပြင်မှာ ရောက်နေရတာလဲ

​ကျိချုံယွန်း စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ထိုအိပ်မက်ဆိုးစစ်သည် အဖွဲ့တစ်ဖွဲ့လုံး အလှည့်စား ခံလိုက်ရပြီဖြစ်သည်။

​ဖန့်ချန် က ကျိချုံယွန်း ကို ကြည့်ကာ ပြုံးလိုက်သည်။

"ဟိုတံဆိပ်တုံးက အစီအရင်ကို ဖွင့်တဲ့ သော့လား"

​အားလုံး တုန်လှုပ်သွားကြသည်။ သူ အကုန်သိနေတာပဲ...

​ခဏမျှ စဉ်းစားပြီးနောက် ကျိချုံယွန်း သည် တံဆိပ်တုံးကို ဖန့်ချန် ထံသို့ ပစ်ပေးလိုက်သည်။

"ဟုတ်တယ်၊ ဒီတံဆိပ်တုံးက အစီအရင်ကို ဖွင့်တဲ့သော့ပဲ မင်းလိုချင်ရင် ယူထားလိုက်"

​ဖန့်ချန် သည် တံဆိပ်တုံးကို ကစားရင်း ပြုံးလိုက်သည်။

"ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေက ငါတို့ကို အထဲမှာ ပိတ်မိအောင် လုပ်ချင်နေတာ သူတို့ကို ဘယ်လို အပြစ်ပေးရမလဲ"

​အိပ်မက်ဆိုးစစ်သည် ခေါင်းဆောင်မှာ မျက်နှာဖြူလျော်သွားပြီး တောင်းပန်တိုးလျှိုးသော အကြည့်များဖြင့် ကြည့်လိုက်သည်။

"သခင်ကြီး... ကျွန်တော်..."

​ဘုန်း

​ကျိချုံယွန်း သည် သူ့ကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ အရိုးများ ကျိုးကြေသွားပြီး ပေအတော်ဝေးဝေးသို့ လွင့်စင်သွားကာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားတော့သည်။

​ပတ်ဝန်းကျင်ရှိ အိပ်မက်ဆိုးစစ်သည်များမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။

သူတို့သည် တစ်နေ့တွင် မဟာရှအင်ပါမှ သခင်လေးတစ်ဦးကြောင့် ထိုကဲ့သို့ အခြေအနေသို့ ရောက်ရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

​ကျိချုံယွန်း က လက်သီးဆုပ်ကာ ပြုံးပြသည်။

"ဒါဆိုရင် သခင်လေး ကျေနပ်ပြီလား"

​"မဆိုးပါဘူး"

ဖန့်ချန် က ခပ်ဖွဖွ ခေါင်းညိမ့်ပြသည်။ ထို့နောက် သူသည် ဂူဝင်ပေါက်သို့ လျှောက်သွားကာ တံဆိပ်တုံးကို တပ်ဆင်လိုက်ပြီး အစီအရင်ကို ဖွင့်လိုက်သည်။ မကြာမီမှာပင် အတွင်းဘက်မှ ဆူညံသံများကို ကြားလိုက်ရသည်။

​လူရိပ်များ တစ်ယောက်ပြီးတစ်ယောက် ပြေးထွက်လာကြရာ လီတောက်ယဲ့ နှင့် အခြားသူများ ပါဝင်သည်။

​သူတို့အားလုံး ထွက်လာသည်ကို မြင်သောအခါ ဖန့်ချန် က အစီအရင်ကို ပြန်ပိတ်လိုက်သည်။

​"သီသီလေးပဲ တော်သေးတယ် လွတ်လာလို့၊ မဟုတ်ရင် အထဲမှာ သေပြီ"

ဟု လီတောက်ယဲ့ က ထိတ်လန့်မှု မပြေသေးသော လေသံဖြင့် ပြောလိုက်သည်။

​မီရှန့် ကတော့ သတိကြီးစွာဖြင့် ကျိချုံယွန်း တို့ကို အကဲခတ်နေသော်လည်း ဖန့်ချန် ကို မြင်လိုက်ရသောအခါ သူမ၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး မျက်ဝန်းထဲတွင် မယုံကြည်နိုင်မှုများ ပေါ်လာသည်။

​ထိုအချိန်တွင် လျူဆွေဖုန်း ၏ အသံ ထွက်ပေါ်လာသည်။

"လီတောက်ယဲ့ ငါတို့ အသက်ရှင်လျက် ထွက်လာပြီဆိုမှတော့ ငါတို့ပစ္စည်းတွေကို မင်း ပြန်ပေးဖို့ အချိန်တန်ပြီ မဟုတ်လား"

​ကျန့်ထိုင်ချင်းရွှမ်း ကလည်း လီတောက်ယဲ့ ကို အေးစက်စွာ စိုက်ကြည့်နေသည်။

ရှယားယိ သည် စကားမပြောသော်လည်း သူ၏ ရပ်တည်ချက်မှာ သိသာလှသည်။

​လီရှို့မင် မှာ ထိုသုံးဦး၏ အနောက်တွင် ရပ်ကာ မီရှန့် ကို အကဲခတ်နေပြီး အခွင့်အရေးကို စောင့်ဆိုင်းနေပုံရသည်။

​လီတောက်ယဲ့ က နှာခေါင်းရှုံ့လိုက်သည်။

"ငါ ပေးမယ်၊ ဒါပေမဲ့ မင်းတို့ အရင်ဆုံး လီရှို့မင် ကို သတ်ပေးရမယ် သူ့ကို သတ်လိုက်ရင် ဝိညာဉ်ကျောက်တုံးတွေနဲ့ သွေးဂျင်ဆင်း အကုန်လုံး ခင်ဗျားတို့ကို ပေးမယ်"

​လျူဆွေဖုန်း မျက်နှာ ပျက်သွားသည်။

"မင်း တော်တော် ရဲတင်းတာပဲ ငါတို့နဲ့ ဈေးဆစ်ဖို့ မင်းမှာ ဘာအရည်အချင်းမှ မရှိဘူး ရှစ်ထောင့်ဗေဒင်ဂိုဏ်းက တပည့်တွေမှာ ဒီလိုလုပ်ပိုင်ခွင့် မရှိဘူး"

​ထိုအချိန်မှာပင် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။

"အဲဒီလိုလား ဒါဆိုရင် ဘယ်သူ့မှာ အရည်အချင်း ရှိတာလဲ"

​အားလုံး မှင်သက်သွားကြပြီး သူတို့၏ အမူအရာများမှာ အလွန် ထူးဆန်းသွားသည်။ အဲဒါ ဖန့်ချန် ရဲ့ အသံ မဟုတ်လား

​ဒါပေမဲ့ မဖြစ်နိုင်တာ

ဖန့်ချန် က အထဲမှာ သေသွားပြီ မဟုတ်ဘူးလား မသေဘူးဆိုရင်တောင် သူတို့နဲ့အတူ အခုမှ ထွက်လာတာ မဟုတ်ဘဲ ဘာလို့ သူ့အသံက ဒီအပြင်မှာ ရုတ်တရက် ပေါ်လာရတာလဲ

​သူတို့ အသံလာရာသို့ လှည့်ကြည့်လိုက်သောအခါ ၎င်းမှာ တကယ့်ကို သူတို့ကို စိုက်ကြည့်နေသည့် ဖန့်ချန် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

​လီတောက်ယဲ့ အသက်ရှူမှားသွားသည်။

"ဖန့်ချန် "

သူ အော်လိုက်သည်။

"မင်းက သရဲလား ဒါမှမဟုတ် ငါအိပ်မက်မက်နေပြီး မင်းက အိပ်မက်ထဲမှာ စကားလာပြောနေတာလား"

​ဖန့်ချန် က ရယ်မောလိုက်သည်။

"နေ့ခင်းကြောင်တောင်ကြီး မင်းအိပ်မက်ထဲ ငါက ဘာလို့ လာရမှာလဲ"

​လီတောက်ယဲ့ က အမှတ်မထင် ပြန်ဖြေသည်။

"ဟုတ်သားပဲ ဘာလို့ နေ့ခင်းကြီး လာရတာလဲ ညမှ လာတာ မဟုတ်ဘူး"

​"ကျင့်ကြံသူ ဖန့် မသေပါဘူး"

ဟု မီရှန့် က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

​မသေဘူးလား လီတောက်ယဲ့ အခုမှ သတိဝင်လာပြီး မျက်လုံးကို ပွတ်ကြည့်လိုက်သည်။

ဖန့်ချန် ရဲ့ ခြေထောက်အောက်က အရိပ်ကို မြင်လိုက်ရသောအခါ သူ မအော်ဘဲ မနေနိုင်တော့ပေ။

"မင်ူ တကယ် မသေဘူးပဲ ဖန့်ချန်"

​ဖန့်ချန် က ပြုံးလျက် ခေါင်းညိမ့်ပြသည်။

​လီတောက်ယဲ့ ကတော့ ဇဝေဇဝါ ဖြစ်နေဆဲပင်။

"ဒါပေမဲ့ မင်းက ငါတို့ထက် ဘယ်လိုလုပ် အရင် ရောက်နေတာလဲ"

​ရှယားယိ နှင့် အပေါင်းအပါများမှာမူ အလွန် ကသိကအောက် ဖြစ်သွားကြသည်။ စောစောက လီတောက်ယဲ့ ကို ခြိမ်းခြောက်ခဲ့တာတွေကို ဖန့်ချန် ကြားသွားမှာ သေချာသည်။

​"မီရှန့် လှုပ်ရှားလိုက်တော့"

ဟု ဖန့်ချန် က ခပ်ပါးပါး ပြုံးရင်း ပြောလိုက်သည်။

​သူပြောပြီးသည်နှင့် သူနှင့် မီရှန့် သည် တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြရာ ပစ်မှတ်မှာ လီရှို့မင် ပင် ဖြစ်သည်

​ရှယားယိ တို့မှာ အံ့ဩသွားပြီး အလျင်အမြန် ဘေးသို့ ဖယ်ပေးလိုက်ကြသည်။

​လီရှို့မင် သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်းတို့ ရဲလှချည်လား"

ကျင့်ကြံမှုအဆင့် နိမ့်ပါးတဲ့ လူငယ်လေးက ဝူချန်းတောင်က တပည့်ကို တိုက်ခိုက်ဝံ့တယ် ဟုတ်လား မယုံနိုင်စရာပဲ အထူးသဖြင့် မီရှန့် က ရန်သူနဲ့ ပူးပေါင်းလိုက်တာကို သူ အလွန် မကျေမနပ် ဖြစ်နေသည်။

​သူမက သူတို့ရဲ့ အတိတ်တွေကို လုံးဝ မေ့သွားပြီလား

​မီရှန့် ၏ နှလုံးသားထဲရှိ နာကျည်းမှုမှာ အဆုံးအစ မရှိပေ။

"သေစမ်း လူယုတ်မာ"

​မီရှန့် သည် ဒဏ်ရာ မပျောက်သေးသော်လည်း နာကျည်းမှု၏ စွမ်းအားကြောင့် သူမ ထိန်းချုပ်ထားသော ဓားပျံမှာ ပို၍ပင် ပြင်းထန်လာသည်။

​အခြားတစ်ဖက်တွင်မူ သွေးစွမ်းအင်များ ဆုံးရှုံးထားရသော လီရှို့မင် မှာ အစွမ်းကုန် ခုခံရန် ကြိုးစားနေသည်။ သူ ဓားပျံကို ဆင့်ခေါ်လိုက်သည်နှင့် ၎င်းမှာ ရိုက်ထုတ်ခံလိုက်ရပြီး တောင်ကတုံးပေါ်သို့ ပြင်းထန်စွာ လွင့်စင်သွားကာ နက်ရှိုင်းစွာ စိုက်ဝင်သွားတော့သည်။

​လီရှို့မင် သည် အန္တရာယ်ကို အာရုံခံမိပြီး စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

တောက် သူသည် လက်ဗလာ ဖြစ်သွားပြီး မီရှန့် ၏ ဓားပျံကို ခုခံရန် ဝိညာဉ်စွမ်းအင်များကို အသုံးပြုရန် ကြိုးစားလိုက်သည်။

​ဖန့်ချန် ကိုတော့ သူ လုံးဝ ဂရုမစိုက်ပေ။

ချီသန့်စင်ခြင်း အဆင့်နိမ့် ကျင့်ကြံသူတစ်ယောက်က သူ့ရဲ့ ကာကွယ်မှုကို ဘယ်လိုမှ ဖောက်နိုင်မှာ မဟုတ်ဘူး

​သူက ဖန့်ချန် ကို လျစ်လျူရှုထားမိသောကြောင့်ပင် ဖန့်ချန် သည် လီရှို့မင် အနားသို့ လွယ်လွယ်ကူကူ ချဉ်းကပ်သွားနိုင်ပြီး နဂါးတုတ်ကောက် ကို ထုတ်ကာ ပြင်းထန်သော တစ်ချက်ကို နှက်လိုက်တော့သည်။

​တစ်ချက် ရိုက်ပြီးသည်နှင့် ဖန့်ချန် သည် တုတ်ကောက်ကို ပြန်သိမ်းလိုက်သည်။

​ဖောက်... ဖောက်... ဖောက်

​ဓားပျံများသည် လီရှို့မင် ၏ အသားထဲသို့ ဆက်တိုက် ထိုးဖောက်သွားသည်။

ဘေးမှ ကြည့်နေသူများ၏ အမြင်တွင် လီရှို့မင် သည် ခုခံနိုင်စွမ်း လုံးဝ ပျောက်ဆုံးသွားပုံရသည်။

သို့သော် မီရှန့် မှာတော့ အတော်လေး အံ့ဩသွားသည်။

​သူမ သိထားသည့် လီရှို့မင် ၏ အစွမ်းအရ သူသည် သူမနှင့် အနည်းဆုံး အချီတစ်ရာမက ယှဉ်နိုင်ရမည်ဖြစ်သည်။ ဘာကြောင့် သူ ရုတ်တရက် ပြန်မတိုက်နိုင်တော့တာလဲ

​နောက်တစ်ခဏတွင် လီရှို့မင် ၏ ခန္ဓာကိုယ်မှာ လေတိုက်ခံရသော သဲအိမ်လေးကဲ့သို့ ပြိုကွဲပျက်စီးသွားတော့သည်။

သူသည် နေရာမှာပင် သေဆုံးသွားပြီး မြေပြင်ပေါ်တွင် သိုလှောင်လက်စွပ် တစ်ကွင်းသာ ကျန်ရစ်ခဲ့သည်။

​၎င်းကို မြင်သောအခါ မီရှန့် အသက်ပြင်းပြင်း ရှူလိုက်ပြီး ဖန့်ချန် ကို ကြည့်လိုက်သည်။

"သူ့ရဲ့ သိုလှောင်လက်စွပ်ထဲမှာ ဝိညာဉ်ကျောက်တုံးအချို့ ရှိလိမ့်မယ် အဲဒါတွေ အကုန်လုံး ရှင်ယူလိုက်ပါ"

​ဖန့်ချန် က ပြုံးလျက် လက်စွပ်ကို ကောက်ယူလိုက်သည်။

"ဒါဆိုရင်တော့ ကျွန်တော် အားနာမနေတော့ဘူးနော်"

​လီရှို့မင် ၏ ပြာပုံကို တစ်ချက်ကြည့်ပြီးနောက် မီရှန့် က လက်သီးဆုပ် အရိုအသေ ပေးလိုက်သည်။

"ကျွန်မကို ကူညီခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကံပါရင် နောက်မှ ပြန်ဆုံကြတာပေါ့"

​ပြောပြီးသည်နှင့် သူမသည် ထိုနေရာတွင် ဆက်မနေတော့ဘဲ သူမ၏ ဓားပျံကို စီးကာ ပျံသန်းထွက်ခွာသွားတော့သည်။

​"သေတာ ကောင်းတယ်၊ ဟားဟား"

လီတောက်ယဲ့ က မြေပြင်ပေါ် တံတွေးထွေးလိုက်ပြီး လီရှို့မင် သေသွားသည့်အတွက် ဝမ်းသာနေသည်။

​ထိုအချိန်တွင် ရှယားယိ အနားသို့ ချဉ်းကပ်လာသည်ကို သူတို့နှစ်ဦး မြင်လိုက်ရသည်။ သူက လက်သီးဆုပ်ကာ ဂါရဝပြုသည်။

"ကျင့်ကြံသူ ဖန့် စောစောက ငါတို့ပြောခဲ့တဲ့ စကားတွေက နည်းနည်း မသင့်တော်ဘူး ဖြစ်သွားတယ် စိတ်ထဲမထားပါနဲ့"

​"ငါတို့က အစကတည်းက လမ်းကြောင်းတူတဲ့သူတွေ မဟုတ်ပါဘူး မင်းရဲ့ မျိုးရိုးက ရှ ဖြစ်နေလို့သာ မင်းတို့ကို အေးအေးဆေးဆေး ထွက်သွားခွင့် ပေးလိုက်တာပါ"

ဟု ဖန့်ချန် က အေးစက်စွာ ပြောလိုက်သည်။

​သုံးဦးစလုံး မှင်သက်သွားကြပြီး မျက်နှာများ တင်းမာသွားသည်။ ဖန့်ချန် ၏ စကားမှာ ဘာကို ဆိုလိုသည်ကို သူတို့ နားလည်ကြသည်။

​ရှယားယိ က စကားပြောရန် ပြင်လိုက်သည်။

"ဒီဂူကို ငါတို့က အရင် "

​"စဉ်းတောင် မစဉ်းစားနဲ့ ထွက်သွားတော့"

​လျိုဆွေဖုန်း ၏ မျက်နှာမှာ ညိုမည်းသွားသည်။

"သွားကြရအောင် စီနီယာအစ်ကို"

​"ကောင်းပြီ"

ရှယားယိ လည်း ဘာမှ ဆက်မပြောတော့ဘဲ အခြားနှစ်ဦးကို ခေါ်ကာ ထွက်ခွာသွားတော့သည်။

သူတို့သည် ဖန့်ချန် ၏ နောက်ကွယ်မှ ဂိုဏ်းကို ကြောက်ရွံ့သဖြင့် သူ့ကို မထိပ်တိုက်တွေ့လိုကြပေ။

​ကျိချုံယွန်း ၏ မျက်လုံးများကတော့ လှုပ်ရှားနေသည်။

ထိုကျင့်ကြံသူများသည် အချင်းချင်း စည်းလုံးမှု မရှိကြကြောင်း သူ သတိပြုမိသွားသည်။

​"အဲဒီသုံးယောက်က လူကောင်းတွေ မဟုတ်ဘူး"

လီတောက်ယဲ့ က ထိုသုံးဦး ထွက်သွားသည်ကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူက ဖန့်ချန် ဘက် လှည့်ကာ

"ဖန့်ချန် ငါတို့ အခု ပြန်ကြမလား ဟိုအတွင်းထဲက အကောင်တွေ ပြန်လိုက်မလာခင်မှာပေါ့"

​ဖန့်ချန် က ဂူဝင်ပေါက်ကို ကြည့်လိုက်သည်။

"မင်း ဒီမှာ ခဏစောင့်နေပါ ငါ အထဲကို တစ်ခေါက် ပြန်ဝင်ဖို့ လိုတယ်"

​လီတောက်ယဲ့ အသက်ရှူမှားသွားပြီး မျက်နှာမှာ အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။ သူ နားကြားမှားသလားပင် ထင်လိုက်မိသည်။

​"ဘာ"

​အခန်း ၁၉၈ - ကွေ့ဟန်တောင်သို့ တစ်ကျော့ပြန်ခရီး

​"မင်း ရူးနေတာလား အထဲမှာ ဘာတွေရှိလဲဆိုတာ မင်း လည်း မြင်သားနဲ့ သေချင်လို့လား"

လီတောက်ယဲ့ တစ်ယောက် ပျာပျာသလဲ ဖြစ်နေသည်။

​ကျောက်ယန် နှင့် ရွှီဂီ တို့ကတော့ ပုံမှန်ဆိုလျှင် ဘာကိုမျှ မကြောက်တတ်သော လီတောက်ယဲ့ ကို ထိုမျှအထိ ကြောက်လန့်အောင် မည်သည့်အရာက လုပ်ဆောင်နိုင်သနည်းဟု သိချင်နေကြသည်။

သူသည် ဝိညာဉ်သွေးဂိုဏ်း အကြောင်း ပြောလျှင်ပင် အနည်းငယ် တုန်လှုပ်ရုံသာ ရှိခဲ့သည် မဟုတ်လား။

​ကျိချုံယွန်း ၏ မျက်လုံးများမှာ အနည်းငယ် လှုပ်ရှားသွားသည်။ ဒီကျင့်ကြံသူတွေတောင် အန္တရာယ်ရှိတယ်လို့ ယူဆရအောင် အထဲမှာ တစ်ခုခု ရှိနေတာပဲ

​"နေဦး မင်းက တကယ့် ဖန့်ချန် ရော ဟုတ်ရဲ့လား "

လီတောက်ယဲ့ ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။

"မင်းက အစစ်ဆိုရင် စောစောက ငါတို့နဲ့အတူ အထဲကို ဝင်ခဲ့တာက ဘယ်သူလဲ"

​ဝင်ပေါက်က အခုမှ ပွင့်ခဲ့တာဖြစ်ပြီး ဖန့်ချန် က သူတို့ထက် အရင် ထွက်လာနိုင်သည်ဟု သူ မယုံကြည်နိုင်ပေ။

​ထိုနေရာမှ မဟာရှ သို့ အကွာအဝေးမှာ မဝေးလှပေ။

ဝတ်ရုံနက်နှင့်လူသာ ပတ်ဝန်းကျင်ကို ရှာဖွေပြီး မဟာရှကို တွေ့သွားနိုင်သည်။

ဆယ်စုနှစ် သို့မဟုတ် ရာစုနှစ်တစ်ခု ကြာလျှင်တောင်မှ ထိုကဲ့သို့သော တည်ရှိမှုမျိုး တံခါးလာခေါက်ပါက သေကျေပျက်စီးမှုမှာ ရေတွက်၍ ရနိုင်မည် မဟုတ်ပေ။

​ဖန့်ချန် က လီတောက်ယဲ့ ၏ ပုခုံးကို ပုတ်လိုက်သည်။

"ဒုက္ခအားလုံးကို အမြစ်ပြတ်အောင် လုပ်ဖို့ဆိုရင် အမြစ်ကို ဆွဲနှုတ်ပစ်ဖို့ လိုအပ်တယ်လေ"

​"ဒီမှာပဲ စောင့်နေပါ တစ်ခုခု ထူးခြားတာ မြင်တာနဲ့ မင်းတို့ဘာသာ အသက်လွတ်အောင် ပြေးကြ"

ဟု ဖန့်ချန် က ပြောကာ တံဆိပ်တုံးဖြင့် ဝင်ပေါက်ကို ပြန်ဖွင့်လိုက်ပြီး ဂူထဲသို့ တိုက်ရိုက် လျှောက်လှမ်း ဝင်ရောက်သွားတော့သည်။

​ဖန့်ချန် သည် ရုတ်တရက် လှည့်ကြည့်ကာ ကျိချုံယွန်း ကို လက်ယပ်ခေါ်လိုက်သည်။

"အကြီးအကဲ ကျိ ခင်ဗျားလည်း အထဲကို လိုက်ခဲ့ပါဦး၊ ကူညီဖို့ပေါ့"

​"ကျွန်တော်လား"

ကျိချုံယွန်း အနည်းငယ် အံ့ဩသွားပြီး မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။

"ကျွန်တော်က သာမန်လူသား တစ်ယောက်ပါ သိုင်းပညာရှင်တစ်ယောက်ပဲလေ အထဲမှာ ကျွန်တော် ကူညီနိုင်မယ် မထင်ဘူး"

​ဖန့်ချန် က သက်ပြင်းချလိုက်သည်။

"ခင်ဗျားကို အပြင်မှာ ထားခဲ့ဖို့ ကျွန်တော် သိပ်စိတ်မချဘူး အထဲကို ကျွန်တော်နဲ့အတူ လိုက်မဝင်ဘူးဆိုရင်တော့ ကျွန်တော် စိတ်အေးရမယ့် တခြားနည်းလမ်းတစ်ခု ရှာရလိမ့်မယ်"

​ကျိချုံယွန်း မျက်နှာ ပျက်သွားသည်။

"ကောင်းပါပြီ ကျွန်တော် လိုက်ခဲ့ပါ့မယ်"

သူသည် ချက်ချင်းပင် ဂူထဲသို့ လိုက်ဝင်သွားတော့သည်။

​ရွှီဂီ က လီတောက်ယဲ့ ၏ ပုခုံးကို ပုတ်ကာ

"အထဲမှာ ဘာရှိလို့လဲ ကျိမိသားစုရဲ့ ဘိုးဘေးတောင် ဒီလောက်အထိ သတိထားနေရအောင် ဘာတွေ ရှိနေတာလဲ"

​လီတောက်ယဲ့ က ဂုဏ်ယူစွာဖြင့်

"အထဲမှာလား ဟဲဟဲ အဲဒီနေရာက မိစ္ဆာတွေနဲ့ ပြည့်နေတာ ငါ့ရဲ့ နည်းလမ်းတွေသာ မရှိရင် ငါတောင် အရှင်ပြန်ထွက်လာနိုင်မှာ မဟုတ်ဘူး မင်းတို့လို သိုင်းပညာရှင်တွေသာ ဝင်သွားရင် ဆယ်ခါလောက် သေပြီးသားပဲ"

​ရွှီဂီ အနည်းငယ် အံ့ဩသွားသည်။

"အဲဒီလောက်တောင် အစွမ်းထက်တာလား"

​ကျောက်ယန် က ပတ်ဝန်းကျင်ရှိ အိပ်မက်ဆိုးစစ်သည်များကို ကြည့်လိုက်သည်။

သူတို့၏ လက်ခံသော အမူအရာများကို မြင်သောအခါ သူသည် လီတောက်ယဲ့ ၏ စကားကို အတိုင်းအတာတစ်ခုအထိ စတင်ယုံကြည်လာသည်။

"ဒါဆို ငါကော"

ဟု သူက မေးလိုက်သည်။

​"မင်းလား"

လီတောက်ယဲ့ ခဏမျှ စဉ်းစားပြီးနောက်

"မင်းကတော့ အသက်ရှင်နိုင်ကောင်း ရှင်နိုင်လိမ့်မယ် ဒါပေမဲ့ အခွင့်အရေးက သိပ်မများဘူး အထဲက လင်းနို့မိစ္ဆာနဲ့ တွေ့ရင် မင်း အင်အားကုန်ပြီး အသတ်ခံရနိုင်တယ်"

​သက်ရှည်ချီ အဆင့် သိုင်းပညာရှင်များသည် တစ်နည်းအားဖြင့် ချီသန့်စင်ခြင်း အဆင့် ၈ ခန့်နှင့် ဆင်တူသော်လည်း ဝိညာဉ်စွမ်းအင်အစား အတွင်းအားကို အသုံးပြုခြင်းသာ ကွာခြားသည်။

​ကျောက်ယန် သည် အထဲက မိစ္ဆာများကို အများကြီး မသတ်နိုင်သော်လည်း လွယ်လွယ်နှင့် အသတ်ခံရမည် မဟုတ်ကြောင်း သူ ပြောနိုင်သည်။

သူ၏ ရှင်သန်နိုင်စွမ်းမှာ ရွှီဂီ ထက် များစွာ ပိုမြင့်လိမ့်မည်။

​"ဒါဆိုရင် ငါအထဲဝင်ပြီး ဖန့်ချန် ကို ကူညီမယ်"

ဟု ကျောက်ယန် က ဆိုသည်။

​လီတောက်ယဲ့ က လက်ကို အလျင်အမြန် ဝှေ့ယမ်းကာ

"ဒုက္ခသွားမပေးနဲ့ ငါက မင်း သေဖို့မလွယ်ဘူးလို့ပဲ ပြောတာ၊ မသေနိုင်ဘူးလို့ မပြောဘူး အထဲက မိစ္ဆာတစ်ကောင်ကောင်နဲ့ တွေ့ရင် မင်း ထိန်းနိုင်မှာ မဟုတ်ဘူး အတွင်းအားနဲ့ ဝိညာဉ်စွမ်းအင်ကြားမှာ ကျော်ဖြတ်လို့မရတဲ့ ကွာဟချက်တစ်ခု ရှိတယ်လေ"

​ကျောက်ယန် က တုံ့ဆိုင်းနေဆဲပင်။

"ဒါပေမဲ့"

​လီတောက်ယဲ့ က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"'ဒါပေမဲ့ တွေ လုပ်မနေနဲ့ မင်းရဲ့ သခင်လေးအကြောင်း မင်းမသိဘူးလား ငါတောင် သူ အထဲမှာ သေသွားပြီထင်လို့ သူ့အတွက် ယောက်ျားမျက်ရည်တောင် ကျလုနီးပါးပဲ ဒါပေမဲ့ အခု ဘာဖြစ်လဲ ကြည့်ဦးလေ"

သူက ဆက်ပြောသည်။

"ဘာပဲဖြစ်ဖြစ် သူ အထဲကို ရဲရဲဝံ့ဝံ့ ဝင်သွားတယ်ဆိုရင် သူ့မှာ ယုံကြည်ချက် တစ်ခုခု ရှိမှာပေါ့ ငါတို့က ဒီမှာပဲနေပြီး ဒီကောင်တွေ ဒုက္ခမပေးအောင်နဲ့ သူ့ရဲ့ ထွက်ပေါက်ကို မပိတ်အောင် စောင့်ပေးရမယ်"

သူသည် ပတ်ဝန်းကျင်ရှိ အိပ်မက်ဆိုးစစ်သည်များကို တစ်ချက် ဝှေ့ကြည့်လိုက်သည်။

​"လီတောက်ယဲ့ ပြောတာ မှန်တယ် သခင်လေးက ယုံကြည်ချက်ရှိလို့ ဝင်သွားတာပဲ ငါတို့ ဒီမှာပဲ အေးအေးဆေးဆေး စောင့်နေကြတာပေါ့"

ဟု ရွှီဂီက ဆိုသည်။

​ကျောက်ယန် လည်း ခပ်ဖွဖွ ခေါင်းညိမ့်ကာ

"ကောင်းပါပြီ။"

​

​ကျောက်သားဘီလူးကြီးနှင့် လင်းနို့မိစ္ဆာတို့ ထွက်ခွာသွားပုံရသည်၊ ဝင်ပေါက်အနားတွင် အလွန်တိတ်ဆိတ်နေ၏။

​ကျိချုံယွန်း က ခဏမျှ တုံ့ဆိုင်းနေပြီးမှ

"ငါတို့ အထဲဝင်သွားရင် ထွက်လာဖို့ အနည်းဆုံး ဆယ်ရက် ကြာလိမ့်မယ် ငါတို့ ဘာအတွက် ဒီကို လာတာလဲဆိုတာ ပြောပြလို့ ရမလား ငါ ကြိုတင်ပြင်ဆင်ထားချင်လို့ပါ"

​သူတို့ ကိုးကွယ်ခဲ့သော ကျင့်ကြံသူသည်ပင် ထိုနေရာသို့ တစ်ကြိမ်သာ လာခဲ့ပြီးနောက် ဘယ်တော့မှ ခြေမချတော့ပေ။

သူကိုယ်တိုင်လည်း တစ်ကြိမ် ရောက်ဖူးသဖြင့် ဤနေရာ၏ အန္တရာယ်ကို ကောင်းကောင်းသိသည်။

ထို့ကြောင့် ဖန့်ချန် ကဲ့သို့ပင် သူသည်လည်း ဒုတိယအကြိမ် ဝင်ရောက်လာခြင်း ဖြစ်သော်လည်း အနည်းငယ် ထိတ်လန့်နေမိသည်။

​သူသည် သက်ရှည်ချီ သိုင်းပညာရှင် ဖြစ်သော်လည်း သေခြင်းတရားနှင့် ရင်ဆိုင်ရလျှင် သာမန်လူများနှင့် မခြားနားပေ။

​"ကျွန်တော် လုပ်ရမယ့် အလုပ်အတွက် ခင်ဗျား ကူညီနိုင်မှာ မဟုတ်ဘူး"

ဟု ဖန့်ချန် က ခပ်ပါးပါး ပြုံးရင်း ပြန်ဖြေသည်။

​"တောက်"

ငယ်စဉ်ကတည်းက ယဉ်ကျေးသိမ်မွေ့စွာ ကြီးပြင်းလာခဲ့သော ကျိချုံယွန်း ပင်လျှင် စိတ်ထဲမှ မဆဲဘဲ မနေနိုင်တော့ပေ။ မကူညီနိုင်ရင် ဘာလို့ ခေါ်လာတာလဲ ငါ့ကို အသေခံခိုင်းဖို့ တမင် လုပ်နေတာလား

​ဖန့်ချန် က ဆက်ပြောသည်။

"ဒါပေမဲ့ ခင်ဗျား တိုက်ပွဲတွေမှာတော့ ကူညီနိုင်ပါသေးတယ် မိစ္ဆာတွေနဲ့ တွေ့ရင် သူတို့ အာရုံလွှဲပေးဖို့ ကူညီပေးပါ နောက် ဆယ်ရက်နေရင် ဒီနေရာမှာ ပြန်ဆုံကြမယ် အထဲမှာ ထူးဆန်းတဲ့ ပန်းတွေ၊ အသီးတွေ အများကြီး ရှိတယ် ကျင့်ကြံသူတွေအတွက် အသုံးမဝင်ပေမဲ့ ခင်ဗျားတို့လို သိုင်းပညာရှင်တွေအတွက်တော့ အသုံးဝင်ပါတယ်ကျွန်တော် လုပ်ရမယ့် အလုပ် အောင်မြင်သွားရင် ငါတို့ ဒီနေရာကနေ မထွက်ခင် တစ်နေရာလုံးကို ရှင်းလင်းသွားလို့ ရတယ်"

​ကျိချုံယွန်း အနည်းငယ် အံ့ဩသွားပြီး ဖန့်ချန် ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

"မင်း အတည်ပြောနေတာလား"

​ဖန့်ချန် က

"အတည်ပေါ့ အဲဒီအချိန်ကျရင် ခင်ဗျားရဲ့ အကူအညီ လိုအပ်လိမ့်မယ်။ ဝေစုကတော့ ကိုးပုံ တစ်ပုံပဲ။ ကျွန်တော်က ကိုးပုံ ယူမယ်၊ ခင်ဗျားက တစ်ပုံ ရမယ်"

​"ကိုးပုံ တစ်ပုံ ဟုတ်လား အဲဒါက နည်းနည်း"

ကျိချုံယွင် က ဈေးဆစ်ရန် ပြင်လိုက်သော်လည်း ဖန့်ချန် က ကြားဖြတ် ပြောလိုက်သည်။

"ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ပါ ခင်ဗျားတို့ ဟိုကျင့်ကြံသူကို ပူဇော်တုန်းကလည်း ဘာမှ အများကြီး ရခဲ့တာ မဟုတ်ဘူး မဟုတ်လား အဲဒါကြောင့်လည်း 'းသက်ရှည်ချီ အဆင့်မှာပဲ ဒီလောက် အကြာကြီး သောင်တင်နေတာပေါ့"

​ယခင်တစ်ခေါက် လာစဉ်က ဖန့်ချန် သည် ကွေ့ဟန်တောင် သို့ သွားရာလမ်းတစ်လျှောက် နေရာအနှံ့တွင် ထူးဆန်းသော ပန်းများနှင့် အသီးအနှံများကို မြင်တွေ့ခဲ့ရသည်။

ထိုအသီးနှင့် ပန်းများရှိ ဝိညာဉ်စွမ်းအင်မှာ မလုံလောက်သဖြင့် နှစ်တစ်ရာ မြေဇာသီး သို့မဟုတ် သွေးဂျင်ဆင်း တို့နှင့် မယှဉ်နိုင်ပေ။

သို့သော် သိုင်းပညာရှင်များအတွက်မူ ၎င်းတို့မှာ စွမ်းအားမြှင့်တင်ပေးနိုင်သည့် အဆင့်မြင့် ပစ္စည်းများ ဖြစ်ကြသည်။

အကယ်၍ ထိုအရာအားလုံးကို ရိတ်သိမ်းနိုင်ပါက မြေကမ္ဘာနက်နဲသောအဆင့် သိုင်းပညာရှင် အနည်းဆုံး တစ်ရာခန့်ကို မွေးထုတ်ပေးနိုင်လိမ့်မည်ဟု သူ ခန့်မှန်းထားသည်။

​"ငါ့ကို ကောင်းကင်နက်နဲသော အဆင့် ရောက်အောင် ကူညီပေးနိုင်မယ့် ဝိညာဉ်ဆေးပင်တွေရော ရှိလား"

ဟု ကျိချုံယွန်း က ဝေခွဲမရစွာ မေးလိုက်သည်။

​ဖန့်ချန် က ပြုံးလျက်

"ရှိရင် ရှိမှာပေါ့ ကဲ အလုပ်စကြရအောင်

"

​ရုတ်တရက် လေတိုးသံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။

​ဖန့်ချန် သည် ချက်ချင်းပင် ခုန်ထွက်သွားပြီး ကွေ့ဟန်တောင် ဘက်သို့ ဦးတည်သွားတော့ရာ ကျိချုံယွင် မှာတော့ ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့သည်။

​လင်းနို့မိစ္ဆာသည် နေရာမှာပင် ရပ်နေသေးသော ကျိချုံယွန်း ကို ပစ်မှတ်အဖြစ် ရွေးချယ်လိုက်ပြီး သူ့ထံသို့ တိုက်ရိုက် ထိုးဆင်းလာတော့သည်။

​ကျိချုံယွန်းသတိပြန်ဝင်လာပြီး နှလုံးခုန်သံများ မြန်လာသည်။

သူသည် အော်ဟစ်လိုက်ကာ လက်ဝါးဖြင့် ရိုက်ထုတ်လိုက်ရာ ကြီးမားသော အတွင်းအားများ ထွက်ပေါ်လာပြီး လက်ဝါးပုံရိပ်တစ်ခုအဖြစ် ငြှိတွယ်သွားသည်။

​ဘုန်း

​လင်းနို့မိစ္ဆာမှာ မီတာအနည်းငယ် အနောက်သို့ လွင့်ထွက်သွားသော်လည်း ဒဏ်ရာ မရရှိပေ။

၎င်း၏ ဝိညာဉ်စွမ်းအင်ကြောင့် အတွင်းအားဖြင့် တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိသော်လည်း သာမန်လူသားတစ်ယောက်၏ ရဲတင်းမှုကိုတော့ အလွန် ဒေါသထွက်သွားပုံရသည်။

​ကျိချုံယွင် မျက်နှာ ဖြူလျော်သွားသည်။

"ငါ့အင်အား ရှစ်ဆယ်ရာခိုင်နှုန်း သုံးတာတောင် သူ့ကို မီတာအနည်းငယ်ပဲ တွန်းထုတ်နိုင်တာလား..."

​သူသည် သွားကြိတ်ကာ ဖန့်ချန် နှင့် ဆန့်ကျင်ဘက် လမ်းကြောင်းသို့ လှည့်၍ ထွက်ပြေးလေတော့သည်။ ဆယ်ရက်လောက် တောင့်ခံနိုင်သရွေ့ သူ အသက်ရှင်လိမ့်မည်။

​သူသည် ဖန့်ချန် ၏ စကားများကိုသာ ထပ်ခါတလဲလဲ စဉ်းစားနေမိသည်။ အကယ်၍ ထိုနေရာမှ အရာအားလုံးကို ရိတ်သိမ်းနိုင်ပါက ကျိမိသားစုသည် တော်ဝင်မိသားစုကို လုံးဝ လွှမ်းမိုးနိုင်လိမ့်မည် ဖြစ်သည်။

​

​ရက်အနည်းငယ် ကြာပြီးနောက်...

​ဖရိုဖရဲ ဖြစ်နေသော ဖန့်ချန် သည် ကွေ့ဟန်တောင် သို့ ပြန်ရောက်လာခဲ့သည်။ တောင်ခြေရှိ ကျောက်သားဘီလူးကြီးနှင့် မိစ္ဆာအချို့မှာ သူ့ကို စိုက်ကြည့်နေကြသော်လည်း တောင်ပေါ်သို့ ခြေမချဝံ့ကြပေ

​"စိတ်ဝင်စားစရာပဲ ငါ့ကို လှည့်စားပြီးရင် မင်း လုံးဝ ပျောက်ကွယ်သွားမယ်လို့ ငါ ထင်နေတာ နောက်တစ်ခါ မင်းကို တွေ့ရမှာက ငါကိုယ်တိုင် မင်းကို ဖမ်းမိတဲ့ အချိန်ကျမှလို့ ထင်နေခဲ့တာ ဒါပေမဲ့ မမျှော်လင့်ဘဲ မင်းက ငါ့ဆီကို ကိုယ်တိုင် လာခဲ့တာပဲ"

​မလှမ်းမကမ်းတွင် ပုဒုမသေမျိုး သည် လက်ကို အနောက်ပစ်ကာ ရပ်နေသည်။

သူသည် တောင်ပေါ်သို့ တက်လာနေသော ဖန့်ချန် ကို ကြည့်ကာ ရက်စက်သော အပြုံးဖြင့် စိုက်ကြည့်နေတော့သည်

All Chapters