← Chapters

အခန်း (၃၀၇-၃၀၈)

Vol. 16 Ch. 307-308

အခန်း (၃၀၇-၃၀၈)

Vol. 16 Ch. 307-308

အပိုင်း(၃၀၇) ကုန်တင်သင်္ဘော ပြုပြင်မွမ်းမံခြင်း

"သာမန်လူတွေက ဒီ ထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ် ကို လေ့ကျင့်နိုင်ပြီး အချိန်ကြာကြာ ဇွဲရှိရှိ ဆက်လုပ်သွားမယ်ဆိုရင် သန္ဓေပြောင်းစွမ်းအင်တွေ နိုးထလာနိုင်မလား"

"ဒီလိုနည်းနဲ့ နိုးထလာတာက အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့ လှုံ့ဆော်မှုတွေထက် အများကြီး ပိုလွယ်ကူနေမလား... ခံစားရမယ့် စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကလည်း အများကြီး သက်သာသွားနိုင်မလား"

"ငါ့ရဲ့ ဒီထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ်က သန္ဓေပြောင်းစွမ်းအင်တွေ ပြန်လည်ပြည့်ဖြိုးဖို့ သုံးတဲ့အရာမှ မဟုတ်တာ... ဒါက သေချာပေါက် သန္ဓေပြောင်းစွမ်းအင် လေ့ကျင့်ရေး ကျင့်စဉ်တစ်ခုပဲ"

"သာမန်လူတွေသာ ဒီကျင့်စဉ်ကို သင်ယူလိုက်မယ်ဆိုရင် သန္ဓေပြောင်းစွမ်းအင်တွေကို စတင် လေ့ကျင့်နိုင်ပြီပေါ့"

လင်းယွမ်က တစ်ခဏမျှ စိတ်လှုပ်ရှား တက်ကြွသွားကာ အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်သွားခဲ့သည်။

သူက မရည်ရွယ်ဘဲ သန္ဓေပြောင်းစွမ်းအင် လေ့ကျင့်ရေး ကျင့်စဉ်တစ်ခုကို နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

လင်းယွမ်၏ မျက်လုံးများက တောက်ပသွားသည် "ဒီ ထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ်ကိုသာ ဖြန့်ဝေပေးလိုက်မယ်ဆိုရင် ထိုက်ယန်တောင် ခိုလှုံရေးစခန်းက အသက်ရှင်ကျန်ရစ်သူတွေအားလုံး သန္ဓေပြောင်းစွမ်းအင် နိုးထလာနိုင်မယ့် အခွင့်အလမ်းတွေ တိုးလာမှာပဲ"

"အဲဒီအချိန်ကျရင် ထိုက်ယန်တောင်က အစွမ်းပိုင်ရှင် အရေအတွက်လည်း အလျင်အမြန် တိုးပွားလာပြီး တစ်တောင်လုံးရဲ့ စွမ်းရည်ကလည်း လိုက်ပါ မြင့်တက်လာလိမ့်မယ်"

လင်းယွမ်၏ စိတ်ထဲတွင် လှုပ်ရှားသွားခဲ့သည်၊ ခိုလှုံရေးစခန်း အဖွဲ့ဝင်များ၏ စွမ်းရည်များ မြင့်တက်လာပါက သူ၏ ကိုယ်စား သန္ဓေပြောင်း သတ္တဝါများကို ပိုဖမ်းပေးနိုင်မည် ဖြစ်ပြီး သူကလည်း အမှတ်များ ပိုမို ရရှိလာနိုင်မည် ဖြစ်သည်။

ထိုအချိန်ရောက်လျှင် အစွမ်းပိုင်ရှင်များ ဖြစ်လာမည့် ခိုလှုံရေးစခန်း နေထိုင်သူများက သာမန် ငါးလေး ပုစွန်လေးများကို ဖမ်းဆီးတော့မည် မဟုတ်ဘဲ ဆင့်ကဲပြောင်းလဲမှု အဆင့်ပိုမြင့်သော သန္ဓေပြောင်း သတ္တဝါများကို ပစ်မှတ်ထားလာနိုင်မည် ဖြစ်သည်။

ထိုသို့ဆိုလျှင် သန္ဓေပြောင်း သတ္တဝါ တစ်ကောင်ချင်းစီ၏ တန်ဖိုးကလည်း အလွန် ကြီးမားလာမည် ဖြစ်သည်။

ထိုအချိန်ကျလျှင် သူ၏ အမှတ်များကလည်း အဟုန်ဖြင့် တိုးတက်လာမည် မဟုတ်ပါလော။

"ဒါက ငါ့ရဲ့ စိတ်ကူးသက်သက်ပဲ ရှိသေးတယ်... တကယ် လက်တွေ့မှာ ဘယ်လိုဖြစ်မလဲ ဆိုတာကိုတော့ လူတစ်ယောက်ရှာပြီး စမ်းသပ်ကြည့်မှ ရမယ်"

လင်းယွမ်က ဤနေရာအထိ တွေးမိသောအခါ သူ၏ စိတ်ကူးထဲတွင် လုယွီယန်၏ ပုံရိပ်က အလိုအလျောက် ပေါ်လာခဲ့သည်။

ဤကောင်မလေးက ဆွံ့အနားမကြားသူ ဖြစ်သောကြောင့် လျှို့ဝှက်ချက်များကို အလွန် ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ပေမည်။

ထို့ပြင် သူမက သာမန်လူတစ်ယောက် ဖြစ်သည့်အတွက် သူက ဤထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ်ကို သင်ကြားပေးကာ သူမကို နမူနာယူ၍ သာမန်လူများအပေါ် ဤကျင့်စဉ်၏ အသုံးဝင်ပုံကို ဖြည်းဖြည်းချင်း စမ်းသပ်ကြည့်နိုင်သည်။

လေ့ကျင့်ရင်း ထိခိုက်ဒဏ်ရာ ရသွားနိုင်မလား ဆိုသည့် အချက်အတွက်မူ လင်းယွမ်က စိုးရိမ်မနေခဲ့ပေ။

မည်သို့ပင်ဖြစ်စေ သူ၏ လက်ထဲတွင် သန္ဓေပြောင်း အသီးများ ရှိနေသည်ဖြစ်ရာ လုယွီယန်သာ လေ့ကျင့်နေစဉ် တစ်စုံတစ်ရာ မှားယွင်းသွားပါက သူမကို သန္ဓေပြောင်း အသီး တိုက်ရိုက် ကျွေးလိုက်ရုံဖြင့် သန္ဓေပြောင်းစွမ်းအင်များ အလျင်အမြန် နိုးထလာမည် ဖြစ်သည်။

သန္ဓေပြောင်းစွမ်းအင် နိုးထလာသည့် လုပ်ငန်းစဉ်အတွင်း ရရှိထားသော ဒဏ်ရာများက သန္ဓေပြောင်း အသီး၏ အစွမ်းကြောင့် အလျင်အမြန် ပြန်လည် ကောင်းမွန်သွားမည် ဖြစ်သည်။

ထိုအကြောင်းကို တွေးမိပြီးနောက် လင်းယွမ်က သာမန်လူများကို ဤထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ် မည်သို့ သင်ကြားပေးရမည်ကို ပြန်လည် စဉ်းစားနေခဲ့သည်။

"သွေးကြောလှည့်ပတ်တာက နားထောင်ကြည့်ရင်တော့ လွယ်တယ်... ဒါပေမဲ့ တကယ့် လက်တွေ့မှာ ငါ ဒီလို လုပ်နိုင်တာက ငါ့ကိုယ်တိုင်မှာက စိတ်စွမ်းအင် ကြီးမားပြီး သွေးသားစွမ်းအင်လည်း များပြားနေလို့ ကိုယ်တွင်းက သွေးကြောလှည့်ပတ်မှုကို လွယ်လွယ်ကူကူ ထိန်းချုပ်နိုင်တာပဲ"

"ဒါပေမဲ့ သာမန်လူတွေက ဒါကို လုပ်နိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သလောက်ပဲ"

လင်းယွမ်က မျက်မှောင်ကြုတ်သွားပြီး သာမန်လူများကို ဤထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ် သင်ကြားပေးရခြင်း၏ အခက်အခဲသည် ဤကျင့်စဉ်ကို ကိုယ်တိုင် ဖန်တီးရခြင်းထက် အလျင်း မလျော့နည်းကြောင်း ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

လင်းယွမ်က နက်နက်နဲနဲ စဉ်းစားနေခဲ့သည် "သွေးကြောလှည့်ပတ်တာက အများအားဖြင့် ကြွက်သားတွေရဲ့ လှုပ်ရှားမှုနောက်ကို လိုက်ပြီး လည်ပတ်တာ... ငါက ဘာလှုပ်ရှားမှုမှ မလုပ်ဘဲ စိတ်စွမ်းအင်အားကိုးနဲ့ သွေးကြောတွေကို အတင်းအကျပ် လှည့်ပတ်စေပြီး ငါ့ဆန္ဒအတိုင်း စီးဆင်းစေခဲ့တာ"

"ဒါပေမဲ့ သာမန်လူတွေကတော့ ဒါကို သေချာပေါက် လုပ်နိုင်မှာ မဟုတ်ဘူး"

သွေးသားစွမ်းအင် အားနည်းသူများက သွေးကြောလှည့်ပတ်မှုကို စိတ်ကြိုက် လှည့်ပတ်နိုင်မည် မဟုတ်ပေ။

၎င်းသည် လူတစ်ယောက်က မိမိ၏ လက်မောင်းကို အလွယ်တကူ လှုပ်ရှားနိုင်ကာ ပေါင်တံကို လှုပ်ယမ်းနိုင်သည်နှင့် တူညီသည်။

သို့သော် မိမိ၏ ပိုမို သေးငယ်သော အင်္ဂါအစိတ်အပိုင်းများကိုကော ထိန်းချုပ်နိုင်ပါသလား။

ဥပမာအားဖြင့် တချို့လူများသည် ကြံ့ခိုင်ပုံရသော်လည်း ၎င်းတို့၏ နားရွက် လှုပ်ရှားမှုကိုမူ မထိန်းချုပ်နိုင်ကြပေ။

နားရွက်ကိုပင် မထိန်းချုပ်နိုင်ပါက ပိုမို သေးငယ်သော သွေးကြောများကို မည်သို့ ထိန်းချုပ်နိုင်မည်နည်း။

"သာမန်လူတွေ သွေးကြောလှည့်ပတ်နိုင်မယ့် နည်းလမ်းတစ်ခုကို ဖန်တီးဖို့ ငါ နည်းလမ်း ရှာရမယ်"

လင်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်၊ ဤလုပ်ငန်းစဉ်က အလွန် ကြီးမားလှပေသည်။

သူက အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ကာ ဤအချက်ကို မည်သို့ လုပ်ဆောင်ရမည်နည်းဟု စဉ်းစားနေခဲ့သည်။

ပထမဦးစွာ သာမန်လူများ သွေးကြောလှည့်ပတ်ခြင်းသည် လေ့ကျင့်ခန်း လှုပ်ရှားမှုများအပေါ် မှီခိုရသည်။

ဥပမာ ပြေးခြင်း သို့မဟုတ် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ခြင်း စသည်တို့ဖြစ်ပြီး ခန္ဓာကိုယ်တွင်းရှိ သွေးကြောများ အရှိန်အဟုန်ဖြင့် လည်ပတ်လာကာ ခန္ဓာကိုယ်ကို ပူနွေးလာစေပြီး သွေးလည်ပတ်မှုကို မြန်ဆန်စေသည်။

ထို့ပြင် ခွန်အားစိုက်ထုတ်ရသော အစိတ်အပိုင်းများတွင် သွေးကြော လှည့်ပတ်မှုက ပိုမို သိသာထင်ရှားပေသည်။

လေ့ကျင့်ခန်း အချိန်ကြာကြာ လုပ်မိပါက ကြွက်သားများ ညောင်းညာ ကိုက်ခဲသည့် ခံစားချက်ပင် ဖြစ်ပေါ်လာတတ်သည်။

"ဒီ ထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ်ရဲ့ သွေးကြောပြမြေပုံကို လေ့ကျင့်ခန်း လှုပ်ရှားတဲ့ အရာအဖြစ် ခွဲထုတ်လိုက်လို့ ရမလား... လှုပ်ရှားတဲ့ နည်းလမ်းတွေကတစ်ဆင့် သွေးကြောတွေကို နိုးထစေပြီး လေ့ကျင့်ခန်း တစ်ဆက်တည်း ပြီးသွားတဲ့အခါ သွေးကြောပြမြေပုံကလည်း လိုက်ပါ ပြီးဆုံးသွားတဲ့ အဆင့်အထိ ရောက်အောင် လုပ်ရမယ်"

"ငါ့မှာ သွေးကြောပြမြေပုံ ရှိနေပြီ... အခု ငါလုပ်ရမှာက သွေးကြောပြမြေပုံကနေတစ်ဆင့် ကိုက်ညီတဲ့ လှုပ်ရှားမှုတွေကို နောက်ပြန် တွက်ဆရမှာပဲ"

"ဘယ်လို လှုပ်ရှားမှုတွေ... ဘယ်လို ကိုယ်ဟန်အနေအထားတွေက သက်ဆိုင်ရာ သွေးကြောတွေကို လှည့်ပတ်စေနိုင်လဲ ဆိုတာကို ငါ အဆက်မပြတ် စမ်းသပ်ကြည့်ဖို့ လိုတယ်"

လင်းယွမ်က ချက်ချင်းပင် စတင် စမ်းသပ်လိုက်ပြီး ထူးဆန်းသော ကိုယ်ဟန်အနေအထား အမျိုးမျိုးကို အဆက်မပြတ် လုပ်ဆောင်ကာ နေရာအသီးသီးရှိ ကြွက်သားများ၏ ခွန်အား စိုက်ထုတ်မှုကို ခံစားရင်း သက်ဆိုင်ရာ သွေးကြောများ နိုးထလာမှုကို ပြီးမြောက်စေရန် ကြိုးစားနေခဲ့သည်။

သို့သော် များမကြာမီမှာပင် သူက မျက်မှောင်ကြုတ်သွားခဲ့သည်။

သူ၏ စိတ်စွမ်းအင်က အလွန် အစွမ်းထက်လွန်းလှရာ ကိုယ်ဟန်အနေအထား မှားယွင်းနေလျှင်ပင် သူ၏ အသိစိတ်လေး တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် သွေးကြောများက လိုက်ပါ လှည့်ပတ်လာခဲ့သည်။

သူက သက်ဆိုင်ရာ ကြွက်သားများကို လှုပ်ရှားခြင်း မရှိသော်လည်း ထိုသွေးကြောများက သူ၏ အသိစိတ် တုံ့ပြန်မှုကြောင့် အလိုအလျောက် လိုက်ပါ လှုံ့ဆော်ခံရခြင်း ဖြစ်သည်။

လင်းယွမ်က မတတ်သာဘဲ ခါးသီးစွာ ပြုံးလိုက်သည် "စိတ်စွမ်းအင်က သိပ်အားကောင်းလွန်းတော့ မွေးရာပါ အလေ့အထလို ဖြစ်နေပြီ... ကြည့်ရတာ စိတ်စွမ်းအင်နဲ့ သွေးသားစွမ်းအင် နှစ်ခုစလုံးက သာမန်လူ အဆင့်ပဲ ရှိတဲ့ သူတစ်ယောက်ကို သေချာ ရှာပြီး လေ့လာမှ ရတော့မယ်"

လင်းယွမ်က ဟိုတွေးဒီတွေး စဉ်းစားပြီးနောက် လုယွီယန်က အသင့်တော်ဆုံး ဖြစ်ပုံရသည်။

ဤနိုးထစေခြင်း ကျင့်စဉ်ကို သာမန်လူများ လေ့ကျင့်နိုင်သည့် ကျင့်စဉ်အဖြစ် အပြည့်အဝ မဖြန့်ဝေနိုင်မီ အချိန်အထိ ၎င်းကို ပေါက်ကြားမသွားစေလိုပေ။

လုယွီယန်၏ အပေါင်းအသင်း စက်ဝိုင်းက ကျဉ်းမြောင်းပြီး ဆွံ့အနားမကြားသူလည်း ဖြစ်သောကြောင့် သင်ကြားရေး စမ်းသပ်မှုများ ပြုလုပ်ရန် အလွန် သင့်တော်ပေသည်။

သို့သော် တစ်ခုတည်းသော ပြဿနာမှာ တစ်ဖက်လူက ကောင်မလေး တစ်ယောက် ဖြစ်နေခြင်းပင်။

ကိုယ်တိုင် လေ့လာ သင်ကြားပေးရမည် ဆိုလျှင် တစ်ဖက်လူ၏ အရိုးအဆစ်နှင့် ကြွက်သားများ ခွန်အား စိုက်ထုတ်မှုကို ကိုယ်တိုင် ထိတွေ့ ခံစားရမည် ဖြစ်ရာ ခန္ဓာကိုယ်ချင်း ထိတွေ့မှု အချို့တော့ ရှောင်လွှဲ၍ ရမည် မဟုတ်ပေ။

အင်း... ဒါပေမဲ့ ပြန်တွေးကြည့်တော့လည်း ယောက်ျားကြီး တစ်ယောက်ကို သွားပြီး ပွတ်သပ် နှိပ်နယ်ပေးရမှာကလည်း ကိုယ့်စိတ်ထဲမှာ နည်းနည်းတော့ ကသိကအောက် ဖြစ်စရာပဲ။

မိန်းကလေးဆိုလည်း မိန်းကလေးပေါ့... နောက်မှ ရန်မေ... ဆုန့်ဝမ်... တင်းယန်တို့နဲ့ စကားစပ်ကြည့်ရမယ်။

စိတ်ကို အနည်းငယ် ပြင်ဆင်လိုက်ပြီးနောက် လင်းယွမ်က အခန်းထဲမှ ထွက်ကာ အပြင်ဘက်သို့ လမ်းလျှောက်ထွက်ရန် ပြင်ဆင်လိုက်သည်။

ထိုစဉ် တင်းယန်က ကျူးယွီချွမ်တို့ အဖွဲ့ကို ခေါ်ဆောင်လာသည်ကို မြင်လိုက်ရသည်။

"လင်းယွမ်... ရှင် အပြင်ထွက်မလို့လား" တင်းယန်က မေးလိုက်သည်။

လင်းယွမ်က သူတို့ကို ကြည့်ကာ "ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။

တင်းယန်က "ကျူးယွီချွမ်က ဖီးနစ်သင်္ဘောကို ပြုပြင်မွမ်းမံပြီးသွားပြီတဲ့... အဲဒါ သူတို့ကို ရှင့်ဆီ သတင်းပို့ဖို့ ခေါ်လာတာ... စကားစပ်လို့ ကျွန်မ ရှင့်ကို မေးရဦးမယ်... လင်ကျောင်းတက္ကသိုလ်ကို ရှာဖွေ ကယ်ဆယ်ရေး သွားမယ့်ကိစ္စ ရှင် ဘယ်လို စဉ်းစားထားလဲ"

"ကျွန်မတို့ အချိန်ဆွဲလေ ပိုကြာလေပဲ... လင်ကျောင်းတက္ကသိုလ်ဘက်မှာ သင်္ဘောတွေ ရှိနေရင်တောင် တခြားလူတွေ လုသွားမှာကို စိုးရိမ်တယ်"

"နောက်တစ်ခုက ကျွန်မတို့က ဒီမှာ တောင့်ခံထားနိုင်ပေမဲ့ ပါမောက္ခ လီဟန်ကျုံးသာ သန္ဓေပြောင်းစွမ်းအင် မနိုးထလာခဲ့ရင် အချိန်အကြာကြီး တောင့်ခံနိုင်မှာ မဟုတ်ဘူး"

"ကျွန်မ တွေးနေတာ... ကျွန်မတို့ အမြန်ဆုံး ထွက်ခွာပြီး ဒီလို အရည်အချင်းရှိတဲ့ လူတွေကို သွားကယ်သင့်တယ် မဟုတ်လား"

လင်းယွမ်က ခေါင်း အသာညိတ်လိုက်သည်၊ ဤအကြံအစည်ကို သူ အစောကြီးကတည်းက တွေးထားခဲ့သော်လည်း ကုန်တင်သင်္ဘော ပြုပြင်မွမ်းမံနေရသောကြောင့် တစ်လျှောက်လုံး ရှေ့မဆက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ကုန်တင်သင်္ဘောကို ပြုပြင်မွမ်းမံခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းများ ပြီးစီးသွားပြီ ဖြစ်ရာ ဤကိစ္စကို အစီအစဉ်ထဲ ထည့်ရတော့မည် ဖြစ်သည်။

လင်းယွမ်က ကျူးယွီချွမ်ဘက်သို့ ချက်ချင်း လှည့်ကြည့်ကာ "သင်္ဘော ကိုယ်ထည် ပြုပြင်တာ အားလုံး ပြီးသွားပြီလား" ဟု မေးလိုက်သည်။

"အားလုံး ပြီးသွားပါပြီ... ဆရာလင်းရဲ့ အမိန့်အတိုင်း ကုန်တင်သင်္ဘော တစ်ခုလုံးကို သံချေးတားဆေး သုတ်တာတင် မကဘဲ အတွင်းပိုင်းက စက်ပစ္စည်း အစိတ်အပိုင်းတွေကိုပါ ပြန်သုတ်ထားပါတယ်"

"ပြီးတော့ သင်္ဘောသုံး ဆီတွေလည်း အပြည့်ဖြည့်ထားပြီးပါပြီ... ဒီဇယ်မီးစက်တွေမှာလည်း ဒီဇယ်ဆီ အပြည့် ဖြည့်ထားပါတယ်... လျှပ်စစ်ပတ်လမ်း စစ်ဆေး ပြုပြင်တာတွေလည်း အကုန် လုပ်ပြီးသွားပါပြီ... အခြေခံအားဖြင့်တော့ အားလုံး အကောင်းပကတိအတိုင်းပါပဲ"

ကျူးယွီချွမ်က ဤဆယ်ရက်တာအတွင်း ပြုပြင်မွမ်းမံရေး လုပ်ငန်းစဉ်များကို အလျင်အမြန် သတင်းပို့လိုက်သည်။

သူကိုယ်တိုင်က သင်္ဘောသား တစ်ယောက် ဖြစ်သည့်အတွက် ဤအလုပ်များကို အလွန် ကျွမ်းကျင်လှပေသည်၊ ဆယ်ရက်ဟူသော အချိန်တိုလေးအတွင်း သင်္ဘောတစ်စီးလုံးကို ပြုပြင်ထိန်းသိမ်းမှု လုပ်ခဲ့ရုံသာမက သံချေးတက်ခြင်း ကာကွယ်ရေး ဆေးများကိုပါ အသစ် ပြန်သုတ်နိုင်ခဲ့သည်။

ထို့အပြင် ကုန်တင်သင်္ဘော၏ အင်ဂျင်နှင့် လျှပ်စစ်စက်ပစ္စည်း အစရှိသည်တို့ကိုပါ စစ်ဆေးမှုများ ပြုလုပ်နိုင်ခဲ့သည်။

ထို့အပြင် သင်္ဘောခန်းပေါ်ရှိ ဝါးအိမ်ခံတပ် ပြုပြင်မွမ်းမံရေး လုပ်ငန်းများကိုလည်း ပြီးစီးအောင် လုပ်ဆောင်နိုင်ခဲ့သည်။

လင်းယွမ်က ခေါင်းညိတ်ကာ "သင်္ဘောပေါ် သွားကြည့်ရအောင်" ဟု ပြောလိုက်သည်။

ကျူးယွီချွမ်က အလျင်စလို ခေါင်းညိတ်လိုက်ပြီးနောက် လင်းယွမ်ကို ဖီးနစ်သင်္ဘောပေါ်သို့ ချက်ချင်း ခေါ်ဆောင်သွားခဲ့သည်။

လင်းယွမ်က တစ်ဖက်တွင် စစ်ဆေးရင်း တစ်ဖက်တွင် ကျူးယွီချွမ်၏ သတင်းပို့ချက်ကို နားထောင်ကာ ခေါင်းကို အကြိမ်ကြိမ် ညိတ်နေခဲ့သည်။

ကျူးယွီချွမ်သည် တကယ်ကို အရည်အချင်းရှိပြီး အလုပ်လုပ်နိုင်သူ တစ်ယောက် ဖြစ်ပေသည်။

သေချာသည်မှာ သူလုပ်သော အလုပ်များက ရိုးရှင်းသော အရာများသာ ဖြစ်ပြီး အကယ်၍ အတွင်းပိုင်း တည်ဆောက်ပုံ ပြုပြင်မွမ်းမံခြင်း သို့မဟုတ် စက်ပစ္စည်း ပြဿနာများကို စစ်ဆေးရမည် ဆိုလျှင်မူ သူ အနည်းငယ် အခက်တွေ့သွားမည် ဖြစ်သည်၊ ၎င်းမှာ အမှန်တကယ် ကျွမ်းကျင်သူများ လာရောက် လုပ်ဆောင်ရန် လိုအပ်သော အရာများ ဖြစ်သည်။

ဖီးနစ်သင်္ဘော တစ်စီးလုံးသည် ယခုအခါ အသွင်အပြင် လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်၊ သင်္ဘောကိုယ်ထည်မှာ မူလ သံချေးတက်နေသည့် အနေအထားမှ အနီနှင့် အဖြူ ရောစပ်ထားသော အရောင်အဖြစ် ဆေးသုတ်ခံလိုက်ရသည်။

အနီရောင်ကို ရွေးချယ်ရသည့် အကြောင်းရင်းမှာ သင်္ဘောကိုယ်ထည်ကို ပိုမို ထင်ရှားစေရန်နှင့် ပင်လယ်ပြင်ပေါ်တွင် ခွဲခြားသိမြင်ရန် လွယ်ကူစေရန် ဖြစ်သည်။

ဤသို့ ပြုလုပ်ရခြင်း၏ ပထမ အကြောင်းရင်းမှာ အသက်ရှင်ကျန်ရစ်သူများ သင်္ဘောကို အချိန်မီ တွေ့ရှိပြီး အကူအညီ တောင်းခံလာနိုင်စေရန် ဖြစ်သည်။

ဒုတိယ အကြောင်းရင်းမှာ ရေကြီးနေသည့် အပေါ်မှ အခြား သင်္ဘောများကို သတိပေးရန်နှင့် တိုက်မိခြင်း ကဲ့သို့သော ကိစ္စများ မဖြစ်ပွားစေရန် ဖြစ်သည်။

တတိယ အကြောင်းရင်းမှာ အနီရောင်သည် အညစ်အကြေး ပေကျံမှုကို ပိုမို ခံနိုင်ရည်ရှိသောကြောင့် ဖြစ်သည်၊ နောင်တစ်ချိန် သန္ဓေပြောင်း ဘီလူးများကို သတ်ဖြတ်သည့်အခါ သွေးများ နေရာအနှံ့ ပေကျံသွားလျှင်တောင် ထိုမျှလောက် ထင်ရှားနေမည် မဟုတ်ပေ။

သင်္ဘောခန်းကို သစ်သားပြားများဖြင့် ဖုံးအုပ်ထားပြီး အပေါ်ဘက်တွင် အထပ်ငါးထပ်၊ အမြင့် ၆၅ ပေကျော်ခန့် ရှိသော ဝါးအိမ် နှစ်လုံးကို တည်ဆောက်ထားသည်။

ဝါးအိမ် နှစ်လုံးကြားရှိ အထပ်တိုင်းတွင် သွားလာရေး လွယ်ကူစေရန် ဝါးလှေကားများဖြင့် ဆက်သွယ်ထားသည်။

အပေါ်ဆုံးထပ်သည် ကင်းတဲ ဖြစ်ပြီး အဝေးမှ အခြေအနေများကို လှမ်းကြည့်နိုင်ရန် အဝေးကြည့်မှန်ပြောင်း စက်ပစ္စည်းများကို တပ်ဆင်ထားသည်။

အောက်ဘက်ရှိ အထပ်များမှာ အလွတ်ဖြစ်နေသော အိပ်ဆောင်များ ဖြစ်ပြီး အောက်ဆုံးထပ်မှာမူ မီးဖိုချောင် ဖြစ်သည်။

သင်္ဘော တစ်စီးလုံး ပြုပြင်မွမ်းမံမှုက ကုန်တင်သင်္ဘော အဖြစ်မှ စစ်သင်္ဘော တစ်စီးအဖြစ်သို့ လုံးဝ ပြောင်းလဲသွားခဲ့သည်။

လင်းယွမ်က ကြည့်ရှုပြီးနောက် ဖီးနစ်သင်္ဘော၏ ပြုပြင်မွမ်းမံမှုကို အတော်လေး ကျေနပ်သွားခဲ့သည်။

"ဆရာလင်း... အခု ကျွန်တော်တို့ရဲ့ ထိုက်ယန်တောင်ကို ကိုယ်စားပြုမယ့် အလံတစ်ခုပဲ လိုပါတော့တယ်" ကျူးယွီချွမ်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

လင်းယွမ်က ထိုစကားကို ကြားသောအခါ မျက်ခုံးပင့်လိုက်သည်။

သင်္ဘောပေါ်ရှိ အလံသည် တကယ်တမ်းတွင် အလွန် အရေးကြီးသော အရာ ဖြစ်သည်၊ ပထမအချက်အနေဖြင့် မိမိ၏ အဆင့်အတန်းကို ဖော်ပြနိုင်ပြီး ရန်သူနှင့် မိတ်ဆွေကို ခွဲခြားနိုင်ပေသည်။

ဒုတိယအချက်အနေဖြင့် အချက်အလက် အမျိုးမျိုးကို ပေးပို့ရာတွင် အသုံးပြုနိုင်သည့် အချက်ပြအလံ တစ်မျိုးလည်း ရှိသေးသည်။

သို့သော် ထိုအရာက သင်္ဘောအုပ်စု တစ်ခုလုံး ပိုင်ဆိုင်ထားသည့် အခြေအနေမျိုးမှသာ ဖြစ်သည်၊ လက်ရှိတွင် လင်းယွမ်ဘက်၌ ဤသင်္ဘော တစ်စီးသာ ရှိသောကြောင့် အချက်ပြအလံ၏ အသုံးဝင်မှုက သိပ်မကြီးမားပေ။

သေချာသည်မှာ အခြား သင်္ဘောများနှင့် ကြုံတွေ့ရပါက အချက်ပြအလံသည် အသုံးဝင်လာမည် ဖြစ်သည်။

ထို့ကြောင့် အချက်ပြအလံကိုလည်း သေချာပေါက် ပြုလုပ်ရမည် ဖြစ်သည်။

အဆင့်အတန်းကို ကိုယ်စားပြုသည့် အလံအတွက်မူ သေချာပေါက် ပြုလုပ်ရမည်ပင်။

အထူးသဖြင့် လင်းယွမ်က ထိုက်ယန်တောင်ကို ကြီးမားသော ခိုလှုံရေးစခန်း တစ်ခုအဖြစ် တည်ဆောက်ရန်နှင့် မိမိပိုင် သင်္ဘောအုပ်စု တစ်ခု ဖွဲ့စည်းရန် ရည်ရွယ်ထားသောကြောင့် ဤကိုယ်စားပြု အလံသည် မရှိမဖြစ် လိုအပ်ပေသည်။

"ခင်ဗျားတို့ ပြောကြည့်... ကျွန်တော်တို့ရဲ့ ကိုယ်စားပြု အလံက ဘယ်လိုပုံစံမျိုးဆို ပိုကောင်းမလဲ"

လင်းယွမ်က ပြုံးကာ တင်းယန်တို့ကို မေးလိုက်သည်။

လူအားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အပြင်းအထန် ဆွေးနွေးလာကြသည်။

"ကျွန်တော့် အထင်တော့ ထိုက်ယန်တောင်ကို ကိုယ်စားပြုမယ့် အလံတစ်ခု လုပ်သင့်တယ်... အပြင်ကလူတွေ ကြည့်လိုက်တာနဲ့ ဒါက ထိုက်ယန်တောင်ရဲ့ သင်္ဘောဆိုတာ ချက်ချင်း သိနိုင်အောင်လို့လေ"

"ထိုက်ယန်တောင်... ထိုက်ယန်တောင်ဆိုတော့... ကျွန်မထင်တာ နေမင်း ပုံစံ အမှတ်အသားပါတဲ့ အလံတစ်ခု လုပ်ရင် ထိုက်ယန်တောင်ကို ကိုယ်စားပြုနိုင်မယ် ထင်တယ်"

"နေမင်း... အဲဒါတော့ မဖြစ်ဘူး... အဲဒါဆို ဂျပန်စစ်တပ်က ဟာနဲ့ တူမနေဘူးလား... မကောင်းဘူး... မကောင်းဘူး"

"မက်မွန်ပန်းကရော ဘယ်လိုလဲ... မိန်တောင်ကို ကိုယ်စားပြုတယ်လေ... ဘာပဲဖြစ်ဖြစ် အခုဆို မိန်တောင်ကလည်း ကျွန်တော်တို့ ခိုလှုံရေးစခန်းရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်နေပြီပဲ"

"မက်မွန်ပန်း... အဲဒါလည်း မဆိုးပါဘူး"

"မီးဖီးနစ်ကရော ဘယ်လိုလဲ... ဒီသင်္ဘောက အစကတည်းက ဖီးနစ်သင်္ဘောလို့ နာမည်ပေးထားတာပဲ... မီးဖီးနစ် ပုံစံလေး ထိုးလိုက်ရင်လည်း တော်တော် ခန့်ညားမှာပဲ"

"ကျွန်တော် ပြောရရင်တော့ တောင်ကြီး တစ်လုံး ပုံဆွဲလိုက်တာက ပိုကောင်းမယ်... ကြည့်လိုက်တာနဲ့ ထိုက်ယန်တောင်မှန်း သိသာတယ်"

"လင်ကျောင်းမြို့မှာ တောင်တွေ အများကြီး ရှိတာပဲ... ခင်ဗျား အလံပေါ်က တောင်က ဘယ်တောင်မှန်း ဘယ်သူက သိမှာလဲ"

"ကျွန်တော် ပြောရရင်တော့ ရွှေနဂါး တစ်ကောင် ပုံစံ ထိုးသင့်တယ်... ယောက်ျားပီသတဲ့ အစွမ်းအစနဲ့ ဘုရင်တစ်ပါးရဲ့ ပုံရိပ်ကို ကိုယ်စားပြုတယ်"

... ...

လူအားလုံးက တစ်ယောက်တစ်ပေါက်ဖြင့် အပြင်းအထန် ဆွေးနွေးလာကြသည်။

အထူးသဖြင့် ကျူးယွီချွမ်သည် ဤအလံက မည်သို့ ပုံစံမျိုး ဖြစ်သင့်သည်ကို အလွန် စွဲလမ်းနေပုံရသည်။

ရေကြောင်း သွားလာသူများသာလျှင် အလံတစ်ခု၏ အရေးပါမှုကို သိရှိကြသည်။

ဤအလံသည် နောင်တစ်ချိန်တွင် အဆင့်အတန်း၏ သင်္ကေတ ဖြစ်လာမည် ဖြစ်ရာ လုံးဝ ပေါ့ဆ၍ မရပေ။

လင်းယွမ်က မတတ်သာဘဲ ပြုံး၍ ခေါင်းယမ်းကာ "ရပါပြီ... ရပါပြီ... ဒီလိုလုပ်ကြ... ခင်ဗျားတို့ ပြန်ရောက်တဲ့အခါ တစ်ယောက်ကို ပုံစံ တစ်ခုစီ ရေးဆွဲခဲ့ကြ... အချိန်ကျရင် အစည်းအဝေး လုပ်ပြီး အားလုံး လက်ထောင် မဲပေးကြတာပေါ့" ဟု ပြောလိုက်သည်။

လူအားလုံးက စိတ်လှုပ်ရှားစွာဖြင့် သဘောတူလိုက်ကြသည်။

လင်းယွမ်က လူအားလုံးကို ပြန်လွှတ်လိုက်ပြီး တင်းယန်နှင့်အတူ အိမ်သို့ ပြန်လာခဲ့သည်။

လမ်းတွင် တင်းယန်က "ဒီတစ်ခေါက် သွားရင် ရှင် ဘယ်သူတွေကို ခေါ်သွားဖို့ စဉ်းစားထားလဲ... ကျွန်မ ကြိုပြောထားမယ်... ရှင် ကျွန်မကို ခေါ်သွားရမယ်... လင်ကျောင်းတက္ကသိုလ်ဘက်ကို ကျွန်မ ကျွမ်းတယ်" ဟု မေးလိုက်သည်။

လင်းယွမ်က ပြုံးကာ "အင်းပါ... နင့်ကို ခေါ်သွားမှာပါ... နင် အကြံပြုချင်တဲ့ လူတွေ ရှိလား" ဟု ပြောလိုက်သည်။

"ကျောက်ခိုင်ကလည်း အခုဆို တာဝန်ကြီးတွေကို ထမ်းဆောင်နိုင်နေပြီ... ကျွန်မ ထင်တာတော့ သူ မိန်တောင်မှာ နေခဲ့သင့်တယ်" တင်းယန်က ပြောလိုက်သည်။

လင်းယွမ်က ခေါင်း အသာညိတ်လိုက်သည် "အင်း... ထိုက်ယန်တောင်မှာ အစောင့်အဖြစ် ပညာရှင် တချို့တော့ ချန်ထားရမယ်"

"ချန်ယန်း... နိချီတို့ ကလေးတွေကိုတော့ ခေါ်သွားရမယ် ထင်တယ်... ဒီတစ်ခေါက် ထွက်သွားတာနဲ့ အတော်ပဲ ယန်ကွမ်းမြို့သစ်က ဒုက္ခသည်တွေကို သွားကြိုလို့ ရတယ်လေ... အဲဒါက သူတို့ကို ပေးထားတဲ့ ကတိကို ဖြည့်ဆည်းပေးတာနဲ့လည်း အတူတူပဲ"

"ပြီးတော့ ဒီကလေးတွေမှာ သန္ဓေပြောင်းအစွမ်းတွေ ကိုယ်စီ ရှိနေကြတာ... အပြင်ထွက်ပြီး အတွေ့အကြုံ များများ ယူခိုင်းရင် နောက်ဆို တာဝန်ကြီးတွေ ထမ်းဆောင်နိုင်ကြလိမ့်မယ်"

"အထူးသဖြင့် ချန်ယန်းနဲ့ နိချီပေါ့... ဒီကလေး နှစ်ယောက်ကို ကျွန်မ တော်တော်လေး အထင်ကြီးတယ်"

လင်းယွမ်က ခေါင်းညိတ်ကာ "အင်း ဟုတ်တယ်... အရင်ကတည်းက သူတို့ကို ကတိပေးထားခဲ့တာပဲ... ဒါပေမဲ့ ကျုံးဆန်းရဲ့ အစွမ်းက အပြင်ထွက်ဖို့ သိပ်မသင့်တော်ဘူး... သူက သန္ဓေပြောင်းအစွမ်း ထုတ်သုံးနိုင်ဖို့ မြေကြီးကို အားကိုးနေရတာ... သူ့ကို ချန်ထားခဲ့လိုက်တာ ပိုကောင်းမယ်" ဟု ပြောလိုက်သည်။

"ထူလုံကိုကော ခေါ်သွားရမလား... သူ့မှာ လေထဲကနေ တိုက်ခိုက်နိုင်စွမ်း ရှိတယ်" တင်းယန်က မေးလိုက်သည်။

လင်းယွမ်က ခဏမျှ စဉ်းစားပြီးနောက် "ခေါ်လို့ရတယ်... ဒီတစ်ခေါက် ငါတို့ ထွက်သွားတာက လူရှာဖို့ အဓိကပဲလေ... သူ့အစွမ်းက တော်တော်လေး သင့်တော်တယ်" ဟု ပြောလိုက်သည်။

"ရေဓာတ် အစွမ်းရှိတဲ့ အစွမ်းပိုင်ရှင် တချို့ကိုလည်း ထည့်စဉ်းစားလို့ ရတယ်"

"ပြီးတော့ ယန်ယန်ပေါ့... သူ့ရဲ့ စိတ်စွမ်းအင် ချိတ်ဆက်မှု အစွမ်းက တချို့ အခြေအနေတွေမှာ တော်တော်လေး လိုအပ်တယ်"

လင်းယွမ်က ထိုစကားကို ကြားသောအခါ ခေါင်း အနည်းငယ် ယမ်းလိုက်သည် "ယန်ယန်က ထိုက်ယန်တောင်မှာ နေခဲ့မှ ရမယ်... သူ့မှာ တိုက်ခိုက်ရေး စွမ်းရည် နည်းတော့ နောက်တန်းမှာ နေဖို့ လိုတယ်... ပြီးတော့ ဒီဘက်မှာ သူ့အတွက် ငါ ပေးစရာ တာဝန်လည်း ရှိသေးတယ်"

တင်းယန်က အံ့ဩသွားသည် "ဘာတာဝန်လဲ"

"ထိုက်ယန်တောင်ရဲ့ အတိုင်းအတာက တဖြည်းဖြည်း ကြီးမားလာပြီ... ငါတို့ရဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းက ပဏာမ အဆင့် တည်ထောင်ပြီးပြီ ဆိုပေမဲ့ လူတွေကို ကြီးကြပ်တဲ့ အဖွဲ့အစည်းတော့ မရှိသေးဘူး... ငါက သူ့ကို ဒီကြီးကြပ်ရေး အဖွဲ့အစည်းမှာ ပါဝင်ခိုင်းဖို့ ရည်ရွယ်ထားတယ်"

တင်းယန်က ထိုစကားကို ကြားသောအခါ မတတ်သာဘဲ လင်းယွမ်ကို ကြည့်ကာ ပြုံးလိုက်သည် "ရှင်က ဒီလိုကိစ္စမျိုးကိုတောင် စဉ်းစားထားပြီးပြီလို့ ထင်မထားဘူး"

လင်းယွမ်က ပြုံးလိုက်သည် "အမှားအယွင်း အသေးအဖွဲကနေ စပြီး ကာကွယ်ရမယ်လေ... ဘယ်လောက်ပဲ အင်အားကြီးတဲ့ အဖွဲ့အစည်း ဖြစ်ပါစေ ပြိုကွဲသွားတယ် ဆိုတာ အများအားဖြင့် အတွင်းပိုင်းကနေ ပုပ်သိုးလာတာက စတာပဲ"

တင်းယန်က လေးနက်စွာ ခေါင်းညိတ်လိုက်သည် "ရှင် ပြောတာ မမှားဘူး... ဒီအချက်ကိုတော့ ကျွန်မ ရှင့်ကို ထောက်ခံတယ်"

"ကုဖုန်းကိုကော ခေါ်သွားရမလား... သူ့ရဲ့ မီးခိုးအစွမ်းက ကျွန်မတို့ရဲ့ ခြေရာတွေကို ဖုံးကွယ်ပေးနိုင်တယ်" တင်းယန်က စကားလမ်းကြောင်း လွှဲကာ ထပ်မေးလိုက်သည်။

လင်းယွမ်က ခေါင်းညိတ်လိုက်သည် "ကောင်းတယ်... ကုဖုန်းရဲ့ အစွမ်းက တကယ် သင့်တော်တယ်... ဒါပေမဲ့ ဒီတစ်ခေါက်တော့ သူ့ကို ခေါ်သွားဖို့ အစီအစဉ် မရှိဘူး"

"ဘာဖြစ်လို့လဲ"

"ကျိုးချင်းမင်လို့ ခေါ်တဲ့ မြူအစွမ်းပိုင်ရှင်ကို မှတ်မိသေးလား... သူ့အစွမ်းက ကုဖုန်းနဲ့ ဆင်တယ်... ပြီးတော့ သူက ရွေ့လျားရင်း တိုက်ခိုက်နိုင်စွမ်း ရှိတော့ ကုဖုန်းထက် အသက်ရှင်နိုင်စွမ်း ပိုများတယ်"

"ပြီးတော့ လီရှန်ယန်ကိုလည်း ခေါ်သွားရမယ်... သူ့ရဲ့ အလင်းဓာတ် အစွမ်းက အမှောင်ထုထဲမှာဆို အလွန် ကောင်းမွန်တဲ့ အချက်ပြ မီးလုံး တစ်လုံးနဲ့ တူတယ်"

တင်းယန်က ချက်ချင်းပင် ရယ်မောလိုက်သော်လည်း ငြင်းဆိုခြင်းတော့ မပြုခဲ့ပေ။

ကျယ်ပြောလှသော ရေလွှမ်းမိုးမှုကြီးထဲတွင် အလင်းဓာတ် အစွမ်းသည် အမှန်တကယ်ပင် အသုံးဝင်လှသည်။

ထို့နောက် သူတို့ နှစ်ယောက်က ထပ်မံ ရွေးချယ်ကာ လူနာမည် အချို့ကို အဆိုပြုလိုက်ကြသည်။

ထိုအထဲတွင် ခွန်အား အမျိုးအစား အစွမ်းပိုင်ရှင်၊ အလျင် အမျိုးအစား အစွမ်းပိုင်ရှင်နှင့် ကုသရေး အမျိုးအစား အစွမ်းပိုင်ရှင်များလည်း ပါဝင်သည်။

သင်္ဘောအုပ်စု တစ်ခုအတွက် အခြေခံ လိုအပ်သော လူအင်အားမှာ အတော်လေး ပြည့်စုံလုနီးပါး ဖြစ်သွားပြီ ဖြစ်သည်။

ထို့အပြင် အသုံးဝင်သော အစွမ်းပိုင်ရှင် အားလုံးကို ခေါ်ဆောင်သွား၍ မရပေ၊ ဤကာလအတွင်း ထိုက်ယန်တောင်သို့ လူများ ကျူးကျော် ဝင်ရောက်လာခြင်းမှ ကာကွယ်ရန် လုံလောက်သော တိုက်ခိုက်ရေး အင်အားများကို ချန်ထားခဲ့ရန် လိုအပ်သည်။

အိမ်သို့ ရောက်သည့်အခါ သူတို့ နှစ်ယောက်က လူစာရင်းကို အခြေခံအားဖြင့် အတည်ပြုပြီး ဖြစ်နေပြီ ဖြစ်သည်။

အိမ်ထဲတွင် မည်သူမျှ မရှိပေ၊ ရန်မေ၊ ဆုန့်ဝမ်၊ တုံယန် တို့ တစ်ယောက်မျှ အိမ်၌ မရှိကြပေ။

တင်းယန်က ထူးဆန်းသည်ဟု ခံစားရကာ "ခုတလော မိန်တောင် မြေနေရာ ဖွံ့ဖြိုးရေးကြောင့် ဆုန့်ဝမ်နဲ့ အဒေါ်ကြီးလီတို့က နေ့မအား ညမအား အလုပ်ရှုပ်နေကြတာ... ရန်မေနဲ့ ယန်ယန်ကကော ဘယ်လိုဖြစ်လို့ မရှိကြတာလဲ" ဟု ပြောလိုက်သည်။

လင်းယွမ်က ပြုံးကာ "ကုန်တိုက်ဘက်မှာလည်း အလုပ်များနေကြပြီလေ... ရန်မေလည်း မနားရဘူး... ငါတောင် သူ ချက်တဲ့ နေ့လယ်စာ မစားရတာ ရက်တော်တော် ကြာနေပြီ" ဟု ပြောလိုက်သည်။

"ယန်ယန်အတွက်ကတော့ သူက တာအိုဆရာလင်းကို စုံစမ်းဖို့ အလုပ်ရှုပ်နေတာ နေလိမ့်မယ်"

"ဟင်... တာအိုဆရာလင်းက ဘာဖြစ်လို့လဲ" တင်းယန်က အံ့ဩသွားသည်။

မေးရင်းဖြင့် မီးဖိုချောင် တံခါးဝသို့ လျှောက်သွားကာ ခါးစည်းကို ယူ၍ ခါးတွင် စည်းလိုက်သည်။

အချိန်ကြာမြင့်စွာ ခါးမတ်အင်္ကျီ ဝတ်ဆင်ထားတတ်သော သူမက ရုတ်တရက် ခါးစည်း ပြောင်းဝတ်လိုက်သောအခါ မမျှော်လင့်ဘဲ အခြားသော ဆွဲဆောင်မှု တစ်မျိုး ဖြစ်ပေါ်လာခဲ့သည်။

အထူးသဖြင့် သူမ၏ မို့မောက်နေသော ရင်သား၊ သွယ်လျသော ခြေတံရှည်များနှင့် အနောက်တိုင်း အမျိုးသမီးများနှင့် ဆင်တူသော အရိုးအဆစ် ကြီးမားမှုတို့က ရင့်ကျက်သော မိန်းမပျို တစ်ဦး၏ ဆွဲဆောင်မှုမျိုး အပြည့်အဝ ရှိနေသည်။

လင်းယွမ်၏ မျက်လုံးများက အရောင်လက်သွားပြီး တံခါးကို လက်တစ်ကမ်းဖြင့် ပိတ်လိုက်ကာ မီးဖိုချောင်ဘက်သို့ လျှောက်သွားရင်း "တာအိုဆရာလင်းနဲ့ ကျူးလင်လင်ကြားမှာ ပြဿနာနည်းနည်း ဖြစ်ထားတယ်... တုံယန်က တာအိုဆရာလင်းမှာ အိမ်တွင်း အကြမ်းဖက်မှု သံသယ ရှိနေတာကို တွေ့လို့ အဲဒီနေရာကို သီးသန့် သွားပြီး လေ့လာစုံစမ်းနေတာ" ဟု ပြောလိုက်သည်။

"ဟင်"

ဟင်းသီးဟင်းရွက် လှီးရန် ပြင်နေသော တင်းယန်က သူမ၏ ခါးနှင့် ဗိုက် တင်းကျပ်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရပြီးနောက် လင်းယွမ်က အနောက်ဘက်မှ ဖက်ထားလိုက်သည်။

သူမက အနည်းငယ် ကြောင်အမ်းသွားပြီးနောက် ချက်ချင်းပင် ပါးပြင်ထက်တွင် နီမြန်းသော အရောင်အဆင်းများ ပေါ်လာကာ ဆွဲဆောင်မှု အပြည့်ဖြင့် သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ညုတုတု အသံဖြင့် နှာခေါင်းရှုံ့လိုက်သော်လည်း သူ့ကိုတော့ မတားဆီးခဲ့ဘဲ ဟင်းသီးဟင်းရွက်များကို ဆက်လှီးနေရင်း "ကျူးလင်လင်က ဘယ်သူလဲ... တာအိုဆရာလင်းက အိမ်ထောင်ကျသွားပြီလား" ဟု မေးလိုက်သည်။

လင်းယွမ်က ဘောင်းဘီအိတ်ထဲသို့ လက်နှိုက်ကာ ကြယ်သီးကို ဖြုတ်လိုက်ပြီး အောက်ဘက်သို့ ညင်သာစွာ ဆွဲချလိုက်ရင်း "အရင်က အမှတ် (၇၅) တိုက်က လူမိုက် တိန့်ဟူရဲ့ ရည်းစားလေ... နောက်တော့ ဘယ်လိုဖြစ်ပြီး တာအိုဆရာလင်းနဲ့ ငြိစွန်းသွားလဲ မသိဘူး" ဟု ပြောလိုက်သည်။

"သူတို့ နှစ်ယောက်က အဆင်ပြေသလို နေထိုင်ကြတာပဲ... အိမ်ထောင်ကျတယ်လို့တော့ မဆိုသာပါဘူး... တာအိုဆရာလင်းက အခု အခြေအနေ တော်တော် ကောင်းနေတော့ နောက်ထပ် မိန်းမအသစ် ရနေတာ ဖြစ်မယ်... အဲဒါကြောင့် သူတို့ နှစ်ယောက်ကြားမှာ ပဋိပက္ခ ဖြစ်တာပေါ့"

တင်းယန်၏ အသက်ရှူသံက အနည်းငယ် ရပ်တန့်သွားပြီး သူမ တစ်ကိုယ်လုံးလည်း အနောက်ဘက်သို့ ပျော့ခွေကျသွားကာ လင်းယွမ်၏ ကိုယ်ပေါ်သို့ မှီကျသွားသည်။

"အဲဒါက တာအိုဆရာလင်းရဲ့ ပြဿနာချည်းပဲလို့တော့ သေချာပေါက် ပြောလို့မရပါဘူး... တစ်ယောက်က ရိုက်ချင်ပြီး တစ်ယောက်က ခံချင်......"

သူမက ရုတ်တရက် တစ်ကိုယ်လုံး တုန်ယင်သွားပြီး စကားသံလည်း ရပ်တန့်သွားခဲ့သည်။

လင်းယွမ်က သူမ၏ နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်သည် "အဲဒါကြောင့် ယန်ယန်ကို ကိုယ်တိုင် သွားပြီး လေ့လာစုံစမ်းခိုင်းထားတာပေါ့"

"ကျွန်မ... ကျွန်မတို့ အခန်းထဲ သွားရအောင်" တင်းယန်က အသံကို ထိန်းချုပ်ကာ အလောတကြီး ပြောလိုက်သည်။

သို့သော် လင်းယွမ်က သူမကို ဖိထားလိုက်ပြီး ပြုံးကာ "ဒီမှာပဲနေ... နင် ခါးစည်း ဝတ်ထားတာ ငါ မမြင်ဖူးသေးဘူး" ဟု ပြောလိုက်သည်။

တင်းယန်က အံ့ဩသွားပြီး မတတ်သာဘဲ ဒေါသတကြီးဖြင့် သူ့ကို တစ်ချက် စိုက်ကြည့်လိုက်သည်။

သို့သော် လင်းယွမ်က သူမကို ပွေ့ချီလိုက်သောအခါ သူမက ချက်ချင်းပင် ညည်းသံလေး ထွက်သွားပြီး ချွဲနွဲ့နေသော အမူအရာ ပျောက်ကွယ်သွားကာ ရှက်ရွံ့ ဒေါသထွက်မှုအဖြစ် ပြောင်းလဲသွားသည်။

"ယန်ယန်ရဲ့ အသက်က... အသက်က ငယ်သေးတယ်... သူများ... သူများ အသုံးချတာ မခံရစေနဲ့ဦး"

တင်းယန်က ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့မှန်း သိသာနေသော်လည်း အံကြိတ် သည်းခံကာ အရေးကြီးသော ကိစ္စရပ်များကို အလေးအနက်ထား ဆွေးနွေးနေဆဲ ဖြစ်သည်။

ဤကဲ့သို့သော အမူအရာက လင်းယွမ်ကို အမှန်တကယ်ပင် စိတ်လှုပ်ရှားစေသည်။

"သူ့ကို လေ့ကျင့်ခိုင်းလိုက်တာပါ... သူ့ကို ကူညီပေးဖို့ နောက်ထပ် လူတစ်ယောက် ငါ ရှာထားပြီးပြီ"

"ဘယ်သူ... အာ့"

တင်းယန်၏ "အာ့" ဟူသော အသံက မေးခွန်းထုတ်ခြင်း မဟုတ်ဘဲ ခပ်တိုးတိုး အော်ဟစ်လိုက်ခြင်းသာ ဖြစ်သည်။

လင်းယွမ်က ပြုံးကာ "ကျွမ်းရှုယွမ်လေ" ဟု ပြောလိုက်သည်။

တင်းယန်က ထိုစကားကို ကြားသောအခါ ချက်ချင်း ကြောင်အမ်းသွားပြီးနောက် လှည့်ကြည့်ကာ "ရှင်... ရှင် အဲဒီမိန်းမနဲ့... အာ့... အဲဒီမိန်းမနဲ့ ရှုပ်ပွေနေတုန်းပဲလား" ဟု ပြောလိုက်သည်။

လင်းယွမ်က သူမ၏ မက်မွန်သီးကဲ့သို့ တင်ပါးကို တစ်ချက် ရိုက်လိုက်ပြီး "ဘာတွေ လျှောက်ပြောနေတာလဲ... သူ့ရဲ့ အစွမ်းက စိတ်ဖတ်တဲ့ ပညာရပ်နဲ့ ဆင်တူတယ်... အမှားအမှန် ခွဲခြားနိုင်စွမ်း ရှိတော့ ယန်ယန်ကို ကူညီပေးဖို့ အတော်ပဲလေ" ဟု ဆုံးမလိုက်သည်။

"ဟူး... ရှင်... ရှင် အဲဒီမိန်းမအပေါ် ဘာ... ဘာရည်ရွယ်ချက်မှ မရှိဘူးပေါ့"

"ဟမ်... နင်က စွမ်းရည်တွေ တက်လာပြီပေါ့... အရေးကြီးကိစ္စ ရှိနေတာတောင် စိတ်လွင့်နေနိုင်သေးတယ်ပေါ့လေ" လင်းယွမ်က ဒေါသတကြီးဖြင့် သူမကို ချက်ချင်း ပွေ့ချီလိုက်သည်။

တင်းယန်က လန့်ဖြန့်ကာ အော်ဟစ်လိုက်ပြီး အခြားအရာများကို ဂရုစိုက်ရန် စိတ်ကူး မရှိတော့ပေ။

ဆက်ရန်...

အပိုင်း(၃၀၈) ထိုက်ယန်တောင် အစည်းအဝေး

"အဒေါ်ကြီးလီ... အဒေါ်လည်း ရောက်နေတာလား"

"ခေါင်းဆောင်ကျောက်... မင်းလည်း ရောက်နေတာကိုး"

"ဝူယင်... ဒီဘက်မှာ"

မနက်စောစောအချိန်လေးမှာပင် ဖီးနစ်သင်္ဘောပေါ်၌ ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ ခေါင်းဆောင်ပိုင်း အများစု စုဝေးနေကြပြီ ဖြစ်သည်။

အဒေါ်ကြီးလီ၊ ဆုန့်ဝမ်၊ ရန်မေ၊ တင်းယန်၊ ကျောက်ခိုင်...

လူအားလုံး ရောက်ရှိနေကြပြီ ဖြစ်သည်။

နံနက် ၉ နာရီခန့်တွင် လင်းယွမ်ကလည်း ဖီးနစ်သင်္ဘော၏ အစည်းအဝေးခန်းဆီသို့ ရောက်ရှိလာခဲ့သည်။

အခန်းထဲရှိ လူအုပ်ကြီးကို ကြည့်ကာ သူက ပြုံးလျက် "အားလုံး ရောက်နေကြပြီပဲ" ဟု ပြောလိုက်သည်။

လူအများကလည်း အလျင်စလို မတ်တတ်ရပ်ကာ နှုတ်ဆက်လိုက်ကြသည်။

"ကိုလင်းယွမ်... မင်္ဂလာမနက်ခင်းပါ"

"အစ်ကိုလင်းယွမ်... မင်္ဂလာမနက်ခင်းပါ"

...

လင်းယွမ်က ပြုံးကာ လက်ကာပြရင်း "ထိုင်ကြပါ... အားလုံး ထိုင်ကြပါ... ကိုယ့်လူတွေချည်းပါပဲ" ဟု ပြောလိုက်သည်။

အရှေ့ဆုံးရှိ ထိုင်ခုံနေရာသို့ လျှောက်သွားချိန်တွင် ရန်မေက သူ့အတွက် ထိုင်ခုံ ဆွဲထုတ်ပေးလိုက်သည်။

လင်းယွမ်က သူမကို ပြုံးပြလိုက်ပြီးနောက် လူအများကို ကြည့်ကာ "ဒီတစ်ခေါက် အစည်းအဝေးခေါ်ရတာက အဓိကအနေနဲ့... ကျွန်တော်တို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ အခုအချိန်ထိ... ရရှိထားတဲ့ တည်ဆောက်ရေး ရလဒ်တွေနဲ့... ရှေ့ဆက်ရမယ့် အချိန်တွေအတွက် ထိုက်ယန်တောင်ရဲ့ အဓိက တာဝန်တွေကို... အားလုံးနဲ့အတူတူ အကျဉ်းချုံး သုံးသပ်ဖို့ပါပဲ"

"ဒါဆိုရင် ဘယ်ဘက်ကနေ ညာဘက်ကို တစ်ယောက်ချင်းစီ ဒီကာလအတွင်းက ရလဒ်တွေကို အစီရင်ခံပေးကြပါ"

လင်းယွမ်၏ ဘယ်ဘက်တွင် ရန်မေ ရှိနေသည်။

ရန်မေက ဈေးဝယ်စင်တာနှင့် ပတ်သက်သည့် ကိစ္စရပ်များကို အဓိက တာဝန်ယူထားသူ ဖြစ်သည်။ ပထမဆုံး အစီရင်ခံရမည့်သူ ဖြစ်သော်လည်း သူမက စိုးရိမ်တကြီး ဖြစ်နေပုံ မပေါ်ဘဲ ကြိုတင် ပြင်ဆင်ထားသည့် အစီရင်ခံစာကို ယုံကြည်မှု အပြည့်ဖြင့် ထုတ်ယူလိုက်သည်။

လင်းယွမ်၏ ပထမဆုံး မိန်းမတစ်ယောက်အနေဖြင့် သူမ၏ ရင်တွင်းမှ ခွန်အားနှင့် ကိုယ်ပိုင်ယုံကြည်မှုတို့သည် လင်းယွမ်ထံမှ မြစ်ဖျားခံလာခြင်းပင် ဖြစ်သည်။

ထို့ကြောင့် သူမက ပရိသတ်ကို ကြောက်ရွံ့နေမည် မဟုတ်သလို စိုးရိမ်တကြီးလည်း ဖြစ်နေမည် မဟုတ်ပေ။ ဤနေရာရှိ လူအများစုကိုလည်း သူမက သိကျွမ်းရင်းနှီးပြီးသား ဖြစ်သည်။

ရန်မေက ပြုံးလျက် "အားလုံးပဲ မင်္ဂလာပါ... ကျွန်မက ရန်မေပါ... ဈေးဝယ်စင်တာရဲ့ ကိစ္စရပ်တွေကို အဓိက တာဝန်ယူထားပါတယ်... လက်ရှိမှာ ဈေးဝယ်စင်တာ ဖွင့်လှစ်ထားတာ နှစ်လကျော်ရှိသွားပြီ ဖြစ်လို့ ဒီကာလအတွင်း ဈေးဝယ်စင်တာရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို အကျဉ်းချုံး အစီရင်ခံပါရစေ"

"ပထမဆုံးအနေနဲ့ကတော့ ကုန်ပစ္စည်း စားသုံးမှု ပြဿနာပါပဲ... လက်ရှိ ဈေးဝယ်စင်တာမှာ အဓိက ရောင်းချရဆုံး ပစ္စည်းတွေက ဆန်... ဂျုံ... ဆီ... စားနပ်ရိက္ခာတွေနဲ့ ဟင်းခတ်အမွှေးအကြိုင် အမျိုးမျိုး ဖြစ်ပါတယ်..."

ရန်မေက ဈေးဝယ်စင်တာ၏ ယေဘုယျ အခြေအနေကို အကျဉ်းချုံး ရှင်းပြလိုက်ပြီး ကုန်ပစ္စည်း စားသုံးမှုမှသည် ရရှိလာသော အမှတ်များ အခြေအနေအပြင် ကုန်ပစ္စည်း အမျိုးအစားအလိုက် လိုအပ်ချက်များကိုပါ ဘက်စုံလွှမ်းခြုံနိုင်သော သုံးသပ်ချက်တစ်ခု ပြုလုပ်ပေးခဲ့သည်။

စားသုံးသွားသည့် ကုန်ပစ္စည်း ပမာဏကို ကြားရသောအခါ လူအများ၏ မျက်နှာသွင်ပြင်က အတော်လေး လေးနက်သွားကြသည်။

ဤကုန်ပစ္စည်းများ အားလုံးသည် ကိုလင်းယွမ် စုဆောင်းထားခြင်း ဖြစ်ကြောင်းကို လူတိုင်းက သိထားကြသည်။

ကိုလင်းယွမ်တွင် ကုန်ပစ္စည်းများ သိုလှောင်ထားနိုင်သည့် ဟင်းလင်းပြင် အစွမ်း ရှိသော်လည်း ထိုပစ္စည်းများသည် လေထဲမှ အလိုလို ပေါ်လာခြင်း မဟုတ်ပေ။ အကယ်၍ နောင်တစ်ချိန်တွင် ကုန်ပစ္စည်းများ အားလုံး ကုန်ခမ်းသွားပါက အားလုံး ဘာကို စားကြမည်နည်း။

လင်းယွမ်ကမူ ကုန်ပစ္စည်းများ ကုန်ခမ်းသွားမည်ကို ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် အခြားသူများ တွေးထင်ထားသည်နှင့် မတူဘဲ ဤကုန်ပစ္စည်းများသည် အမှန်တကယ်ပင် လေထဲမှ အလိုလို ပေါ်လာခြင်း ဖြစ်သောကြောင့်တည်း။

အနည်းစုမှာ ကံစမ်းမဲဘီးမှ ရရှိထားခြင်း ဖြစ်ပြီး အများစုမှာ ဟန်လုံစင်တာမှ ကျန်ရစ်နေသော ပစ္စည်းများသာ ဖြစ်သည်။

"ဈေးဝယ်စင်တာရဲ့ အခြေအနေကတော့ ဒီလောက်ပါပဲ... အားလုံးကို ကျေးဇူးတင်ပါတယ်"

ရန်မေက စကားပြောပြီးနောက် ပြန်ထိုင်လိုက်သည်။

ထို့နောက် ဘေးတွင်ရှိသော ဆုန့်ဝမ်နှင့် အဒေါ်ကြီးလီတို့ အလှည့်သို့ ရောက်ရှိလာခဲ့သည်။

ဆုန့်ဝမ်က ဖိအားများကို ခံစားလိုက်ရသည်။ တစ်ချိန်က တိုက်ရိုက်ထုတ်လွှင့်သူ ကောင်မလေးသည် ယခုအခါ ထိုက်ယန်တောင် စိုက်ပျိုးရေးဌာန၏ ဦးဆောင်အစ်မကြီး အဖြစ်သို့ ကြီးပြင်းလာခဲ့ပြီ ဖြစ်သည်။

သူမ၏ လှပသော မျက်နှာလေးပေါ်တွင် လေးနက်သော အမူအရာ ပေါ်လာကာ "အမမေ ပြောသွားတဲ့ ကုန်ပစ္စည်း ပြဿနာက ကျွန်မတို့ စိုက်ပျိုးရေးခြံ အပေါ်မှာ အမြဲတမ်း ဖိစီးနေတဲ့ ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုပါပဲ... အားလုံးပဲ မင်္ဂလာပါ... ကျွန်မက စိုက်ပျိုးရေးခြံရဲ့ အဓိက တာဝန်ခံ ဆုန့်ဝမ်ပါ... ဒီတစ်ခေါက်တော့ ကျွန်မနဲ့ အဒေါ်ကြီးလီက စိုက်ပျိုးရေးခြံရဲ့ တိုးတက်မှု အခြေအနေကို အားလုံးကို အစီရင်ခံပေးသွားမှာပါ" ဟု တည်ငြိမ်စွာ ပြောလိုက်သည်။

"လက်ရှိမှာ စိုက်ပျိုးရေးခြံကနေ ရှာဖွေတွေ့ရှိပြီး အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့တဲ့ သန္ဓေပြောင်း ဟင်းသီးဟင်းရွက် အမျိုးအစားပေါင်း ၇၆ မျိုးအထိ ရှိလာပါပြီ... အဲဒီအထဲမှာ အဓိက စားနပ်ရိက္ခာအဖြစ် အသုံးပြုနိုင်တဲ့ သန္ဓေပြောင်း ပိန်းဥ... သန္ဓေပြောင်း ကန်စွန်းဥ... သန္ဓေပြောင်း ပဲပိစပ် အစရှိတာတွေလည်း ပါဝင်ပါတယ်"

"လက်ရှိမှာတော့ ဒီမျိုးစေ့တွေကို စုဆောင်းပြီး ကျယ်ကျယ်ပြန့်ပြန့် စတင် စိုက်ပျိုးနေပါပြီ... သန္ဓေပြောင်း မျိုးစေ့တွေရဲ့ ကြီးထွားမှု ကာလနဲ့ လိုအပ်တဲ့ အခြေအနေ အရပ်ရပ်ကို ကျွန်မတို့ ဆက်လက် လေ့လာ ရှာဖွေနေဆဲပါ... ဒါက ရေရှည် လုပ်ငန်းစဉ် တစ်ခုဖြစ်ပြီး တစ်ရက်တည်း တစ်မနက်တည်းနဲ့ ပြီးသွားမယ့်ကိစ္စ မဟုတ်ပါဘူး"

"ဒါပေမဲ့ ပထမအသုတ် စိုက်ပျိုးရေး ထွက်ကုန်တွေက လက်ရှိ ကျွန်မတို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ လူဦးရေအတွက် လုံလောက်မှု ရှိလာမယ်လို့ ကျွန်မတို့ ယုံကြည်ချက် အပြည့်ရှိပါတယ်"

ဆုန့်ဝမ်က အဒေါ်ကြီးလီကို ကြည့်လိုက်သောအခါ အဒေါ်ကြီးလီက စကားကို ဆက်ယူကာ "လက်ရှိမှာ ကျွန်မတို့ မြေဧက တစ်ရာ့နှစ်ဆယ့်တစ် ဧကကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့ပါပြီ... အဲဒီအထဲက အများစုက မိန်တောင် တစ်ဝိုက်မှာ ဖြစ်ပါတယ်" ဟု ပြောလိုက်သည်။

"မိန်တောင်နဲ့ ထိုက်ယန်တောင်မှာ အသုံးပြုနိုင်တဲ့ မြေလွတ်တွေ အများကြီး ကျန်ရှိနေပါသေးတယ်... ဒါပေမဲ့ ကျွန်မတို့မှာ လူအင်အား မလုံလောက်လို့ပါ... မဟုတ်ရင် ဒီကိန်းဂဏန်းက အခုထက်ပိုပြီး တိုးလာဦးမှာပါ"

"လက်ရှိမှာတော့ စိုက်ပျိုးရေးခြံကနေ ဒီမြေတွေကို မြေယာ အငှားချထားတဲ့ စနစ်နဲ့ ခွဲဝေပေးပြီး ခိုလှုံရေးစခန်းမှာ စိုက်ပျိုးရေး အတွေ့အကြုံရှိတဲ့ အဖွဲ့တွေကို တာဝန်ယူ စိုက်ပျိုးစေဖို့ တိုင်ပင်နေကြပါတယ်"

"နောက်ပိုင်းကျရင်တော့ အိမ်ထောင်စု အလိုက် မြေယာ ခွဲဝေပေးတဲ့ စနစ်ကို ကျင့်သုံးပြီး အားလုံးရဲ့ စိုက်ပျိုးရေး စိတ်အားထက်သန်မှုကို မြှင့်တင်ပေးသွားဖို့ ရှိပါတယ်"

...

အစည်းအဝေးမှာ စနစ်တကျနှင့် ဆက်လက် ကျင်းပနေသည်။

စိုက်ပျိုးရေးခြံ အစီရင်ခံအပြီးတွင် မွေးမြူရေးခြံက လုပ်ငန်း အစီရင်ခံကာ ထို့နောက်တွင် သားသတ်ရုံ၊ သတ္တုတွင်းနယ်မြေ၊ အခြေခံ အဆောက်အအုံ ဌာန၊ ကင်းလှည့် ဌာနတို့မှ တစ်ဖွဲ့ပြီးတစ်ဖွဲ့ အစီရင်ခံကြသည်။

ဌာနတိုင်းတွင် ကိုယ်ပိုင် တီထွင်ဆန်းသစ်မှုနှင့် တိုးတက်မှုများ အသီးသီး ရှိနေကြသည်။

သားသတ်ရုံကို အသားနီစက်ရုံနှင့် အသားဖြူစက်ရုံဟူ၍ ခွဲခြားထားပြီး အသားစည်သွတ်ဘူး ထုတ်လုပ်ရေး နည်းပညာကိုပါ ကိုယ်တိုင် စတင် သုတေသန ပြုလုပ်နေကြသည်။ သို့သော်လည်း ကုန်ကြမ်းပစ္စည်း လိုအပ်ချက်ကြောင့် လက်ရှိတွင် သံဘူးများအစား မီးဝါးကျည်တောက်များကို အစားထိုး အသုံးပြုရန် စဉ်းစားနေကြသည်။

အလုံပိတ် နည်းပညာအတွက်မူ ငါးကော်နှင့် သန္ဓေပြောင်း ပင်လယ်မျှော့တို့၏ အချွဲရည်ကို အသုံးပြုရန် ရည်ရွယ်ထားသည်။

လေ စုပ်ယူသည့် နည်းပညာနှင့် ပတ်သက်၍မူ ထပ်မံ ဆွေးနွေးရန် လိုအပ်နေသေးသည်။ လက်ရှိတွင် ထိုက်ယန်တောင်၌ ယင်းနှင့် ပတ်သက်သည့် နည်းပညာ မရှိသေးသဖြင့် ၎င်းတို့ကိုယ်တိုင် ဖြေရှင်းကျော်လွှားရန် လိုအပ်နေသည်။

သတ္တုတွင်း နယ်မြေဘက်မှလည်း ဤနှစ်လကျော်အတွင်း သတ္တုတူးဖော်ရေး ရလဒ်များကို အစီရင်ခံခဲ့ပြီး သတ္တုတွင်း နယ်မြေ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း အစီရင်ခံစာကို တင်ပြကာ အခြေခံ အဆောက်အအုံ ဌာနနှင့် ပူးပေါင်း၍ သတ္တုတွင်း အနီးတွင် အသေးစား ခိုလှုံရေးစခန်း တစ်ခု တည်ဆောက်ရန် ပြင်ဆင်နေသည်။

ကင်းလှည့် ဌာန၏ ပြောင်းလဲမှုများမှာလည်း မသေးငယ်လှပေ။ ကျောက်ခိုင်နှင့် တင်းယန်တို့က ကင်းလှည့် ဌာန၏ အဓိက တာဝန်ခံများ အနေဖြင့် နေ့စဉ် ကင်းလှည့်တပ်ဖွဲ့များ ဖွဲ့စည်းခြင်းအပြင် လုံခြုံရေး တပ်ဖွဲ့၊ အထက်တန်းလွှာ အစွမ်းပိုင်ရှင် တိုက်ခိုက်ရေး တပ်ဖွဲ့ အစရှိသည့် စီမံကိန်းများကိုပါ တိုးချဲ့ ဖွဲ့စည်းရန် တင်ပြခဲ့ကြသည်။

လင်းယွမ်သည် လူတိုင်း၏ အစီရင်ခံစာများကို နားထောင်ရင်း ရင်တွင်းမှ လှိုက်လှဲစွာ ဂုဏ်ယူ ဝမ်းမြောက်မိသည်။

ထိုက်ယန်တောင် ခိုလှုံရေးစခန်း တစ်ခုလုံးသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေပြီး အားလုံး၏ ကြိုးပမ်းအားထုတ်မှုအောက်တွင် စနစ်ကျသော လမ်းကြောင်းဆီသို့ အလျင်အမြန် ဦးတည်သွားနေပြီ ဖြစ်သည်။

ဤသည်က သူ့ကို အလွန် အံ့အားသင့် ဝမ်းသာစေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဤအထဲမှ ကိစ္စရပ် အများစုကို သူကိုယ်တိုင် ဝင်ရောက် စွက်ဖက်ခြင်း၊ စီမံခန့်ခွဲခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။

အများစုမှာ ဤအဖွဲ့ဝင်များက ကိုယ်တိုင် ဦးဆောင် ဖွဲ့စည်းကာ တီထွင်ဆန်းသစ်ထားခြင်းသာ ဖြစ်သည်။

ဤသည်က လူတိုင်းသည် ဤခိုလှုံရေးစခန်းကို အမှန်တကယ် ကောင်းမွန်စွာ လည်ပတ်စေချင်ကြောင်းနှင့် ဤနေရာကို မိမိတို့၏ သွေးချွေးများအဖြစ် သတ်မှတ်ကာ သေချာစွာ စီမံခန့်ခွဲနေကြကြောင်း သက်သေပြနေသည်။

လင်းယွမ်က မျက်နှာတွင် အပြုံးများ ပြည့်နှက်လျက် လူတိုင်းကို ကြည့်ကာ ဤအစီရင်ခံစာ တစ်စောင်ချင်းစီကို နားထောင်နေသည်။

သူက ရင်တွင်းမှ လှိုက်လှဲစွာ ဝမ်းသာ ကြည်နူးနေမိသည်။

ဤတစ်ကြိမ်တွင် အမှတ်များ ပိုမို ရရှိတော့မည် ဖြစ်သောကြောင့် ကြည်နူးနေခြင်း မဟုတ်ဘဲ သူကိုယ်တိုင် တည်ထောင်ခဲ့သော ခိုလှုံရေးစခန်း တစ်ခုက အိုးမဲ့အိမ်မဲ့ ဖြစ်နေသူ မြောက်မြားစွာကို ကူညီပေးနိုင်ခဲ့ပြီး လုံခြုံသော နေထိုင်စရာ နေရာတစ်ခု ဖန်တီးပေးနိုင်ခဲ့သောကြောင့် အမှန်တကယ် ဝမ်းသာ ကြည်နူးနေမိခြင်း ဖြစ်သည်။

အခြားသူများ မည်သို့ ခံစားရမည်ကို သူ မသိသော်လည်း လင်းယွမ် အတွက်မူ အခြားသူများကို ကူညီပေးနိုင်ခြင်းက လူတစ်ယောက်ကို အမှန်တကယ် ရင်တွင်းမှ ပျော်ရွှင်လာစေနိုင်သည်။

လူများစွာ၏ ပျော်ရွှင်မှုသည် အခြားသူများ၏ နာကျင်မှု အပေါ်တွင် တည်ဆောက်ထားတတ်ကြသည်။

သို့သော် သင်သည် အားနည်းသူများကို ကူညီပေးသည့် အခါတွင်လည်း ကြည်နူးဖွယ်ရာ ခံစားချက်များ ဖြစ်ပေါ်လာတတ်ပေသည်။

သေချာသည်မှာ ဤသည်က ကိုယ်ကျင့်တရား ရှိသူများ အတွက်သာ ဖြစ်သည်။

ကိုယ်ကျင့်တရား ရှိသူများ အတွက်မူ တစ်ခါတစ်ရံတွင် မကောင်းမှု တစ်ခု ပြုလုပ်မိပါက အချိန်ကြာမြင့်စွာ မိမိကိုယ်ကို အပြစ်တင်နေတတ်ကြသည်။

သို့သော် ကောင်းမှုတစ်ခု ပြုလုပ်ခြင်းကမူ သူတို့၏ ကိုယ်ရောစိတ်ပါ ကြည်နူးချမ်းမြေ့စေသည်။

လင်းယွမ်က သူ့ကိုယ်သူ အတော်အသင့် ကိုယ်ကျင့်တရား ရှိပြီး လောကအမြင်၊ ဘဝအမြင်၊ တန်ဖိုးထားမှုအမြင် မှန်ကန်သည့် လူငယ်တစ်ယောက်ဟု ထင်မြင်မိသည်။

သူသည် ဤအရာများထံမှ အမှန်တကယ် ပျော်ရွှင်မှုကို ရရှိခဲ့သည်။

လူအားလုံး အစီရင်ခံပြီးသွားသောအခါ လင်းယွမ်က ဦးဆောင်ကာ လက်ခုပ်တီးလိုက်သည်။

ဖြောင်း... ဖြောင်း... ဖြောင်း...

လင်းယွမ် လက်ခုပ်တီးလိုက်သည်နှင့် အတူ အခြားသူများကလည်း မျက်နှာပေါ်တွင် အပြုံးများ အပြည့်ဖြင့် စိတ်လှုပ်ရှားစွာ လက်ခုပ်တီးလိုက်ကြသည်။

လူတိုင်း၏ မျက်လုံးများတွင် အရောင်များ တောက်ပနေပြီး အသက်ရှင်သန်ရန် မျှော်လင့်ချက်များကို မြင်တွေ့နေကြရသည်။

ထိုက်ယန်တောင်သည် သူတို့၏ အိမ်၊ သူတို့ တစ်စတစ်စ ကြိုးစားကာ ကိုယ်တိုင် တည်ဆောက်ထားသည့် အိမ်ပင် ဖြစ်သည်။

ဤအခိုက်အတန့်တွင် ဤသင်္ဘောပေါ်၌ အစည်းအဝေး တက်ရောက်နေသူ အားလုံးသည် ထိုက်ယန်တောင် ခိုလှုံရေးစခန်း အပေါ်ထားရှိသော ပိုင်ဆိုင်မှု သံယောဇဉ်များ သံသယကင်းစွာ မြင့်မားလာကြသည်။

ထူလုံပင်လျှင် အစည်းအဝေးခန်းထဲတွင် စိတ်လှုပ်ရှား တက်ကြွမှုများကို ခံစားနေရသည်။

ဤနေရာရှိ မြက်တစ်ပင်၊ သစ်တစ်ပင်၊ အုတ်တစ်ချပ်၊ အုတ်ကြွပ်တစ်ချပ်စီသည် သူတို့ ကိုယ်တိုင် တည်ဆောက်ထားခြင်းပင် ဖြစ်သည်။

လီရှန်ယန်သည် ကျန်းရုံရုံကို ခေါ်ဆောင်ကာ ဤအစည်းအဝေးသို့ တက်ရောက်လာခဲ့သည်။ သူတို့သည် မိန်တောင်ရွာ ရွာသားများ၏ ကိုယ်စားလှယ် အဖြစ် လာရောက် နားထောင်ခြင်း ဖြစ်သည်။

ဤအချိန်တွင် သူတို့နှစ်ဦးလုံး မျက်လုံးများ နီရဲနေပြီး မျက်ရည်များ ရစ်သိုင်းနေကြသည်။

ရက်အနည်းငယ် အရင်ကနှင့် နှိုင်းယှဉ်ပါက သူတို့သည် ဝမ်းဝအောင် မစားရသလို ရွာသူကြီး လီခွေရုံ၏ အနိုင်ကျင့်မှုကြောင့် ကျဲ့ဆစ် စာသင်ကျောင်းထဲမှပင် မထွက်ရဲသည့် အခြေအနေသို့ ရောက်ရှိခဲ့ကြသည်။

ယခုအခါတွင်မူ သူတို့သည် ဝမ်းဝအောင် စားနိုင်ရုံသာမက အဝတ်အစား သစ်များ ဝတ်ဆင်နိုင်ကာ ဈေးဝယ်စင်တာသို့ သွားရောက် ငွေကြေးသုံးစွဲပြီး ဖျော်ဖြေမှုများကိုပင် ခံစားနိုင်နေပြီ ဖြစ်သည်။

ရက်အနည်းငယ် အတွင်းမှာပင် သူတို့၏ ဘဝသည် ကောင်းကင်နှင့် မြေကြီးပမာ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။

ထိုက်ယန်တောင်နှင့် မိန်တောင် တစ်ခုလုံးသည်လည်း ဤရက်အနည်းငယ် အတွင်း အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။

သူတို့၏ မျက်ဝန်းများတွင် မျက်ရည်များ ပြည့်လျှံနေပြီး ထိုက်ယန်တောင် ခိုလှုံရေးစခန်းသို့ ဝင်ရောက်နိုင်ခဲ့သည့် အတွက် ဂုဏ်ယူ ဝမ်းမြောက်မိသော ခံစားချက်များ ထပ်တူ ဖြစ်ပေါ်နေကြသည်။

လူအားလုံး၏ စိတ်ခံစားချက်များ တည်ငြိမ်သွားသောအခါမှသာ လင်းယွမ်က ပြုံးလျက် "ဒီအတောအတွင်း အားလုံး ပင်ပန်းသွားကြပြီ... နှစ်လကျော်ဆိုတဲ့ အချိန်တိုလေး အတွင်းမှာ ကျွန်တော်တို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းက အခုလို ကြီးမား တိုးတက်လာတာ ဒီနေရာမှာ ရှိနေတဲ့ တစ်ယောက်ချင်းစီတိုင်းရဲ့ ကြိုးစား အားထုတ်မှုတွေကြောင့်ပါပဲ" ဟု စတင် ပြောလိုက်သည်။

"သေချာတာပေါ့... ကြိုးစားမှုတိုင်းက အကျိုးအမြတ် ပြန်ရရမှာပေါ့... ခိုလှုံရေးစခန်းရဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ အားလုံး ကြိုးစားနေတာကို ကြည့်ပြီး တစ်ပြားမှ မစွန့်ဘဲ နေလို့မရဘူးလေ"

"အမမေ... ဒီလ ဒီနေရာမှာ ရှိနေတဲ့ သူတွေ အားလုံးရဲ့ အသင်းဝင်ကတ်ထဲကို အမှတ် တစ်ထောင်စီ ထည့်ပေးလိုက်ပါ"

ဤစကားထွက်လာသည်နှင့် အစည်းအဝေးခန်းထဲရှိ လူများက ဝမ်းသာအားရ သြဘာပေးလိုက်ကြသည်။

"ကိုလင်းယွမ် အသက်ရှည်ပါစေ"

"ဟားဟား... ကျေးဇူးတင်ပါတယ် ကိုလင်းယွမ်"

"ကိုလင်းယွမ်ကို ကျေးဇူးတင်ပါတယ်"

...

လူအများ သြဘာပေးနေသည်ကို ကြည့်ကာ လင်းယွမ်ကလည်း လိုက်လံ ပြုံးရယ်နေသည်။

လူတိုင်း၏ စိတ်လှုပ်ရှားမှုများ လျော့ကျသွားသောအခါ လင်းယွမ်က ပြုံးလျက် "ဒီလတွေရဲ့ ရလဒ်တွေကို ပြောပြီးပြီဆိုတော့ ရှေ့ဆက်ပြီး ထိုက်ယန်တောင်ရဲ့ နောက်ထပ် အဆင့် တိုးတက်မှု အကြောင်းကို ဆွေးနွေးကြရအောင်" ဟု ပြောလိုက်သည်။

"လက်ရှိ ကျွန်တော်တို့ ထိုက်ယန်တောင်ရဲ့ အကြီးမားဆုံး ပြဿနာကတော့ လူအင်အား လိုအပ်နေတာပါပဲ"

"အစွမ်းပိုင်ရှင်တွေ လိုအပ်နေတာတင်မဟုတ်ဘူး... အရေးအကြီးဆုံးက လုပ်သားအင်အား လိုအပ်နေတာပဲ"

"စိုက်ပျိုးရေးခြံမှာ မြေလုပ်ဖို့ လူအင်အား အများကြီး လိုအပ်သလို... အခြေခံ အဆောက်အအုံ အဖွဲ့မှာလည်း အိမ်တွေ ဆောက်ဖို့ လူအင်အား အများကြီး လိုအပ်တယ်"

"သတ္တုတွင်းမှာလည်း သတ္တုတူးဖို့ လူတွေမနည်းဘူး လိုအပ်နေတယ်"

"ကျွန်တော်တို့ ခိုလှုံရေးစခန်းက လူအရမ်း နည်းလွန်းနေတယ်"

လူအများက လင်းယွမ်၏ စကားကို နားထောင်ပြီး ခေါင်းညိတ် ထောက်ခံကြသည်။

သူတို့ အသီးသီးက လုပ်ငန်းခွင် တစ်ခုစီကို ဦးဆောင်နေကြသူများ ဖြစ်သဖြင့် လူအင်အား ပြတ်လပ်မှု ပြဿနာကို ရှင်းလင်းစွာ နားလည်ထားကြသည်။

လင်းယွမ်က "ဒီဖီးနစ်သင်္ဘောကို ပြုပြင် မွမ်းမံမှုတွေ အပြီးသတ်သွားပြီ... နောက်တစ်ဆင့် အနေနဲ့ အဆောက်အအုံတွေထဲမှာ ပိတ်မိနေတဲ့ ဒုက္ခသည်တွေကို... အပြင်ထွက်ပြီး ကယ်တင်ဖို့ နည်းလမ်း ရှာရမယ်" ဟု ပြောလိုက်သည်။

အဒေါ်ကြီးလီက ပထမဆုံး လက်ထောင်ကာ "ကျွန်မ ထောက်ခံတယ်... ကျွန်မတို့လည်း အဆောက်အအုံထဲမှာ ပိတ်မိခဲ့ဖူးတော့ အဲဒီနေ့ရက်တွေက ဘယ်လောက်တောင် ခက်ခဲကြမ်းတမ်းတယ် ဆိုတာကို သိတာပေါ့... အခု ကျွန်မတို့မှာ အစွမ်းအစ ရှိနေပြီဆိုတော့ တတ်နိုင်သလောက် လူတွေကို ပိုပြီး ကယ်တင်သင့်တယ်လို့ ထင်ပါတယ်" ဟု ပြောလိုက်သည်။

ကျောက်ခိုင်ကလည်း ဝင်ပါကာ "အဒေါ်ကြီးလီ ပြောတာ မှန်တယ်... ကျွန်တော်တို့က အစကတည်းက လူအင်အား လိုအပ်နေတာဆိုတော့ လူတွေကို ကယ်တင်လာနိုင်ရင် ကျွန်တော်တို့ ခိုလှုံရေးစခန်းကိုလည်း ပိုမို ကြီးမားလာစေမှာပဲ" ဟု ပြောလိုက်သည်။

"လူဦးရေကမှ အခြေခံအုတ်မြစ်ပဲလေ... လူမှ မရှိတော့ရင် ကျွန်တော်တို့ ဘယ်လိုပဲ ဖွံ့ဖြိုးတိုးတက်အောင် လုပ်လုပ် ကြီးမားလာနိုင်မှာ မဟုတ်ဘူး... ကျွန်တော်လည်း ထောက်ခံတယ်"

လူအများကလည်း ခေါင်းညိတ်ကာ သဘောတူကြောင်း ပြသကြသည်။

လင်းယွမ်က တဟားဟား ရယ်မောလိုက်ပြီး "ခေါင်းဆောင်ရှီ... နောက်ပိုင်း အခြေခံ အဆောက်အအုံ အဖွဲ့က လူပိုများများ နေလို့ရအောင် အိမ်တွေ ပိုဆောက်ဖို့ လိုလာတော့မယ်... ခင်ဗျားတို့ရဲ့ တာဝန်ကတော့ ကြီးသွားပြီနော်" ဟု နောက်ပြောင်လိုက်သည်။

"ကိုလင်းယွမ်... စိတ်ချပါ... ဒီကိစ္စကို ကျွန်တော်တို့ အခြေခံ အဆောက်အအုံ အဖွဲ့ကိုသာ လွှဲထားလိုက်ပါ"

ရှီဟိုင်ကျူးနှင့် အခြားသူများက အိမ်များကို အမြန်ဆုံးနှင့် အများဆုံး တည်ဆောက်ပေးမည်ဟု ရင်ဘတ်ကိုပုတ်ကာ ချက်ချင်း အာမခံလိုက်ကြသည်။

သူသည် ယခုအခါ ကင်းလှည့်တပ်ဖွဲ့၏ ခေါင်းဆောင်သာမက အခြေခံ အဆောက်အအုံ အဖွဲ့၏ ခေါင်းဆောင် တာဝန်ကိုပါ ထမ်းဆောင်နေပြီး လက်အောက်တွင် ယွမ်ရွေ့၊ ကော့လီနှင့် အခြားသူများကပါ ကူညီပေးနေကြသည်။

လင်းယွမ်က ပြုံးလျက် ခေါင်းညိတ်ကာ "ပြီးတော့ အားလုံး အတူတူ ဆွေးနွေးရမယ့် ကိစ္စတစ်ခု ရှိသေးတယ်... ဒီကုန်တင်သင်္ဘောက ကျွန်တော်တို့ ထိုက်ယန်တောင်ရဲ့ ပထမဆုံး သင်္ဘောဖြစ်ပြီး အဓိပ္ပာယ် အရမ်းရှိတယ်... ကျွန်တော်တို့ လက်ရှိ သင်္ဘော အလံကိစ္စကို အမြဲတမ်း ဆွေးနွေးနေခဲ့ကြတယ်" ဟု ဆက်ပြောလိုက်သည်။

"ဒီမှာ ကျွန်တော် နမူနာ တချို့ စုဆောင်းထားတယ်... အားလုံး အတူတူ ရွေးကြည့်လို့ ရပါတယ်"

လင်းယွမ်က ဘေးတွင်ရှိသော ကျူးယွီချွမ်ကို ကြည့်လိုက်သည်။

ကျူးယွီချွမ်က အလျင်အမြန် မတ်တတ်ရပ်ကာ အေဖိုး စက္ကူ ဆယ်ရွက်ကျော်ပါသည့် အထပ်ကို ထုတ်ယူပြီး သစ်သားနံရံတွင် ကပ်လိုက်သည်။

ကျူးယွီချွမ်က စိတ်လှုပ်ရှားစွာဖြင့် "ဒါက ကျွန်တော်တို့ ဒီအတောအတွင်း ဒီဇိုင်းဆွဲထားတဲ့ အလံတွေပဲ... အားလုံးပဲ ကြည့်ကြည့်ပါဦး... အကောင်းဆုံး တစ်ခုကို ရွေးချယ်ပြီး နောက်ပိုင်း ကျွန်တော်တို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းကို ကိုယ်စားပြုမယ့် အလံအဖြစ် သတ်မှတ်မှာပါ" ဟု ပြောလိုက်သည်။

လင်းယွမ်က ပြုံးလျက် "ဒီအလံတွေကို ဒီဇိုင်းဆွဲတဲ့ သူတွေက ခင်ဗျားတို့ အထဲမှာပဲ ရှိနေတာပါ... ဘယ်သူ ဆွဲတာလဲဆိုတာ ကိုယ်တိုင် ထွက်လာပြီး ဒီဇိုင်း သဘောတရားကို ပြောပြပေးပါ"

"ကဲ... ပထမဆုံး တစ်ခုကနေ စလိုက်ရအောင်... ပထမဆုံး တစ်ခုကို ဘယ်သူ ဒီဇိုင်းဆွဲတာလဲ"

ကျူးယွီချွမ်က အလျင်အမြန် စိတ်လှုပ်ရှားစွာဖြင့် "ကိုလင်းယွမ်... ကျွန်တော် ဒီဇိုင်းဆွဲတာပါ" ဟု ပြောလိုက်သည်။

လင်းယွမ်က ပြုံးလျက် "ဒါဆို ခင်ဗျားဆွဲထားတာ ဘာလဲဆိုတာ ပြောပြပါဦး"

ကျူးယွီချွမ်က ချက်ချင်း "ကျွန်တော် ဒီဇိုင်းဆွဲထားတာက အရှေ့ဘက်က နေထွက်လာတဲ့ အလံပါ"

သူက မိမိကိုယ်တိုင် ဒီဇိုင်းဆွဲထားသော အလံကို လက်ညှိုးထိုးပြလိုက်သည်။ ထိုအရာက အရှေ့အရပ်မှ နေထွက်လာသည့် ပုံစံ အလံတစ်ခု ဖြစ်သည်။

ညာဘက် အပေါ်ထောင့်တွင် စက်ဝိုင်းပုံစံ နေမင်းတစ်စင်း ရှိပြီး အောက်ဘက်တွင် အဆုံးမရှိသော ရေကြီးရေလျှံမှုကို ကိုယ်စားပြုသည့် လှိုင်းတွန့် မျဉ်းကြောင်းများ ရှိသည်။

ထိုရေလွှမ်းမိုးမှု အလယ်တွင်မူ ထိုက်ယန်တောင်ကို ကိုယ်စားပြုသည့် တြိဂံပုံ အမှတ်အသား တစ်ခု ရှိနေသည်။

သူက မိမိ၏ ဒီဇိုင်း သဘောတရားကို တစ်ကြိမ် ရှင်းပြလိုက်ပြီးနောက် "ဒီထဲက နေမင်းက အလင်းရောင်ကို ကိုယ်စားပြုသလို ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ အနာဂတ်ကိုလည်း ကိုယ်စားပြုပါတယ်" ဟု စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ကျွန်တော်တို့ အနာဂတ်မှာ ဒီရေလွှမ်းမိုးမှု ဘေးအန္တရာယ်ကို ကျိန်းသေပေါက် အောင်နိုင်ပြီး အသက်ရှင် နေထိုင်သွားနိုင်မှာပါ"

လူအများက ကြားပြီးနောက် ခေါင်းညိတ်ကာ လက်ခုပ်တီးလိုက်ကြသည်။ လူတော်တော်များများက သူ၏ စကားကြောင့် စိတ်လှုပ်ရှား သွားခဲ့ကြသည်။

လင်းယွမ်ကလည်း ပြုံးလျက် "အတွေးအခေါ် ကောင်းတယ်... အားလုံးပဲ စိတ်ထဲမှာ အကဲဖြတ်ထားကြပါ... ကဲ ဒုတိယ တစ်ခုကို ဘယ်သူ ဒီဇိုင်းဆွဲတာလဲ"

ဒုတိယပုံမှာ မက်မွန်ပန်း တစ်ပွင့်ဖြစ်ပြီး အောက်ဘက်တွင် ရေကြီးရေလျှံနေသည့် ပုံဖြစ်သည်ကို တွေ့လိုက်ရသည်။

ဤမက်မွန်ပန်းကို အလွန် လိမ္မာပါးနပ်စွာ ရေးဆွဲထားပြီး မက်မွန်ပန်းနှင့်လည်း တူသလို ကာတွန်းနေမင်းနှင့်လည်း တူနေသည်။

တင်းယန်က မတ်တတ်ရပ်လာသည်ကို တွေ့လိုက်ရပြီး "ဒါက ကျွန်မ ဆွဲထားတာပါ... ကျွန်မက နေမင်းနဲ့ မက်မွန်ပန်းရဲ့ လက္ခဏာတွေကို ပေါင်းစပ်ပြီး ဒီနေမင်းမက်မွန်ပန်း အလံကို ဖန်တီးခဲ့တာပါ... ကျွန်မတို့ ထိုက်ယန်တောင်နဲ့ မိန်တောင်ကို ကိုယ်စားပြုပါတယ်... အောက်က လှိုင်းလုံးကတော့ ရေလွှမ်းမိုးမှုကို ကိုယ်စားပြုပြီး ကျွန်မတို့ ထိုက်ယန်တောင်နဲ့ မိန်တောင်က ဒီရေလွှမ်းမိုးမှုကြီးကို သေချာပေါက် အောင်နိုင်လိမ့်မယ်လို့ ဆိုလိုတာပါ" ဟု ပြုံးလျက် ပြောလိုက်သည်။

လူအများက ကြားပြီးနောက် လက်ခုပ်တီးကာ အားပေးလိုက်ကြသည်။

တင်းယန်၏ ဤပုံသည် ကျူးယွီချွမ်၏ ပုံနှင့် နည်းလမ်းမတူသော်လည်း ရလဒ်တူညီသည့် အံ့ဖွယ် ရှိနေသည်။ သို့သော် ကျူးယွီချွမ်၏ ပုံထက်စာလျှင် မိန်တောင်၏ အမှတ်အသား တစ်ခု ပိုပါနေသည်။

ဤသည်က မိန်တောင်ရွာမှ လူများအတွက် အဓိပ္ပာယ် အလွန်ကြီးမားသည်။ သူတို့သည် မူလကတည်းက မိန်တောင်ရွာမှ ဖြစ်သဖြင့် မိန်တောင်ကို ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ အစိတ်အပိုင်း တစ်ခုအနေဖြင့် အလံပေါ်တွင် ဖော်ပြပေးနိုင်ရန် အလိုအလျောက်ပင် မျှော်လင့်နေကြသည်။

"တတိယပုံ ဆွဲတဲ့သူ ထွက်လာပြီး ပြောပြပေးပါဦး"

လူတိုင်းက တတိယမြောက် အလံ ဒီဇိုင်းပုံကို ကြည့်လိုက်ကြသည်။

ဤအလံ ဒီဇိုင်းပုံပေါ်တွင် မို့မောက်နေသော တောင်ထွတ် သုံးခုကို ရေးဆွဲထားပြီး ဘေးနှစ်ဖက်ရှိ တောင်ထွတ်များက အနည်းငယ် နိမ့်ကာ အလယ်ရှိ တောင်ထွတ်က မြင့်မားနေသည်။ ရုတ်တရက် ကြည့်လိုက်ပါက "တောင်" (山) ဟူသော တရုတ်စာလုံး တစ်လုံးနှင့် တူနေသည်။

တောင်သုံးလုံးမှာ ဆက်စပ်နေခြင်း မဟုတ်ဘဲ အလယ်တွင် တိုတောင်းသော အလျားလိုက် မျဉ်းကြောင်းများ ရှိနေပြီး ထိုမျဉ်းကြောင်းများ အောက်တွင် သေးငယ်သော လှိုင်းတွန့် မျဉ်းကြောင်း တစ်ခု ရှိနေပြန်သည်။

တစ်ခုလုံး၏ ခံစားချက်မှာ အလွန် ရိုးရှင်းပြီး ရှင်းလင်း ထင်ရှားလှသည်။

ဟန်ရှန်းမန်က မတ်တတ်ရပ်လာသည်ကို တွေ့လိုက်ရပြီး "ဒါက ကျွန်မ ဒီဇိုင်းဆွဲထားတဲ့ တောင်စာလုံး အလံပါ" ဟု ပြောလိုက်သည်။

"ပထမဆုံး အနေနဲ့ ဒီတောင်ဆိုတဲ့ စာလုံးအပေါ်က တောင်ထွတ်သုံးခုက ထိုက်ယန်တောင်နဲ့ မိန်တောင်ကိုချည်း ရည်ညွှန်းတာ မဟုတ်ဘဲ ကျွန်မတို့ ပတ်ဝန်းကျင်မှာရှိတဲ့ ဒီတောင်တွေကိုပါ ရည်ညွှန်းပါတယ်"

"ကျွန်မထင်တာတော့ ကျွန်မတို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းက နောင်တစ်ချိန်မှာ ကျိန်းသေပေါက် ပိုပို ကြီးမားဘာပြီး ပိုပို တောက်ပလာမှာပါ... တောင်သုံးလုံးက ကိုယ်စားပြုတာဖြစ်ပြီး ထိုက်ယန်တောင် တစ်ခုတည်း မဟုတ်ပါဘူး"

"ဒုတိယ အနေနဲ့ တောင် သုံးလုံးကြားမှာ ကျွန်မက အလျားလိုက် မျဉ်းကြောင်းတွေနဲ့ ဆက်သွယ်ထားပါတယ်... ဒါက ကျွန်မတို့ရဲ့ ဆိပ်ကမ်း၊ ကျွန်မတို့ရဲ့ ရေပေါ်တံတားကို ကိုယ်စားပြုပါတယ်... အနာဂတ် ရေလွှမ်းမိုးမှု ကမ္ဘာကြီးမှာ သင်္ဘောတွေကသာ ရေလွှမ်းနေတဲ့ မြေပြင်ပေါ်မှာ သွားလာနိုင်တဲ့ တစ်ခုတည်းသော သယ်ယူပို့ဆောင်ရေး ဖြစ်လာလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်"

"သင်္ဘောတွေ နေရာအနှံ့ ပြန့်ကျဲလာတာနဲ့အမျှ ဆိပ်ကမ်းတွေကလည်း အစည်ကားဆုံး နေရာတွေ ဖြစ်လာမှာ သေချာပါတယ်... အဲဒီအချိန်ကျရင် ခိုလှုံရေးစခန်း ဖြစ်နေသရွေ့ ကျိန်းသေပေါက် ဆိပ်ကမ်းတွေ တည်ဆောက်လာကြမှာပါ"

"အောက်က လှိုင်းတွန့် မျဉ်းကြောင်းကတော့ ကျွန်မ ပြောစရာမလိုဘဲ အားလုံး သိကြမှာပါ"

"ကျွန်မရဲ့ ဒီဇိုင်းထဲမှာ ထိုက်ယန်တောင်ရဲ့ 'ယန်' ဆိုတဲ့ စာလုံးကို တိတိကျကျ မဖော်ပြထားဘဲ တောင်နဲ့ ရေ၊ တံတားနဲ့ ဆိပ်ကမ်းတွေကိုပဲ အဓိက ဖော်ပြထားပါတယ်... ကျေးဇူးတင်ပါတယ်"

ဟန်ရှန်းမန် ပြန်ထိုင်လိုက်သည်။ သူမ၏ ဒီဇိုင်းမှာ သံသယဖြစ်ဖွယ် မရှိဘဲ အဓိပ္ပာယ် အသစ်တစ်ခုကို ထပ်မံ ပေါ်လွင်စေခဲ့သည်။

လူတိုင်းက ခေါင်းချင်းရိုက်ကာ မရပ်မနား ဆွေးနွေးနေကြပြီး လူတော်တော်များများက ဤတီထွင်ဖန်တီးမှုမှာလည်း အလွန် ကောင်းမွန်သည်ဟု ထင်မြင်ကြသည်။

ထို့နောက်တွင်လည်း လူများက ဆက်တိုက် မတ်တတ်ရပ်ကာ မိမိတို့၏ အလံဒီဇိုင်းများကို မိတ်ဆက်လာကြသည်။

အချို့က မီးဝါးကို အခြေခံကာ အလံကို ဒီဇိုင်းဆွဲကြပြီး မီးဝါးသည် ခိုလှုံရေးစခန်းတွင် အလွန် အရေးပါကာ အစားထိုး၍ မရသော အဆင့်အတန်း တစ်ခု ရှိသည်ဟု ယူဆကြသည်။

ပန်းကန်လုံးနှင့် တူများ၊ ရေခွက်နှင့် ရေနွေးအိုးများ ပြုလုပ်ရာတွင်ဖြစ်စေ၊ ဝါးအိမ် တည်ဆောက်ခြင်း၊ ဝါးမီးသွေး ပြုလုပ်ခြင်း၊ ဝါးပွေးများ မွေးမြူခြင်းတို့တွင် ဖြစ်စေ မီးဝါး၏ ကျေးဇူးတရားများမှာ အလွန် ကြီးမားလှသဖြင့် အလံပေါ်တွင် မှတ်တမ်းတင်ထားရန် ထိုက်တန်ပေသည်။

အချို့ကလည်း ရွှေနက်မျောက်ဝံကြီးကို စိတ်ကူးဉာဏ်ရယူကာ ရွှေနက်မျောက်ဝံကြီး အလံကို ဒီဇိုင်းဆွဲကြပြီး ထိုက်ယန်တောင် ခိုလှုံရေးစခန်းက ဤအဆင့်ရှိ သန္ဓေပြောင်း သတ္တဝါကို အညံ့ခံအောင် လုပ်နိုင်ခဲ့ခြင်းက ထိုက်ယန်တောင်၏ ပြိုင်ဘက်ကင်းသော အစွမ်းသတ္တိကို ကိုယ်စားပြုကာ ထိုက်ယန်တောင်၏ ဂုဏ်ကျက်သရေကို ပေါ်လွင်စေသည်ဟု ထင်မြင်ကြသည်။

အချုပ်အားဖြင့်ဆိုရလျှင် ဒီဇိုင်းပုံ ဆယ်ပုံကျော်တွင် အမျိုးမျိုးသော အံ့ဖွယ် စိတ်ကူးများနှင့် ဒီဇိုင်း သဘောတရားများ အားလုံး ပါဝင်နေသည်။

လူအားလုံး ပြောပြီးသွားသောအခါ လင်းယွမ်က လူတိုင်းကို မိမိတို့၏ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုစေခဲ့သည်။

ထို့နောက် လူအများက ခေတ္တမျှ ဆွေးနွေးကြပြီး မဲအများဆုံး ရရှိသူမှာ ကျူးယွီချွမ်၊ တင်းယန်နှင့် ဟန်ရှန်းမန်တို့၏ ဒီဇိုင်းပုံကြမ်း သုံးပုံပင် ဖြစ်သည်။

လင်းယွမ်က လူတိုင်း၏ သဘောထားများကို ထပ်မံ စုစည်းလိုက်ပြီး နောက်ဆုံးတွင် ဟန်ရှန်းမန်၏ တောင်(山) စာလုံးအလံကို မူကြမ်းအဖြစ် ထားရှိကာ ထိုတောင်စာလုံး အလံပေါ်တွင် ရေပြင်ပေါ်သို့ ပေါ်ထွက်လာသည့် အရှေ့အရပ်မှ နေထွက်လာသော ပုံကို ထည့်သွင်းရန် ဆုံးဖြတ်လိုက်သည်။

ဤသို့ဖြင့် ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ အလံကို အပြီးသတ် သတ်မှတ်နိုင်ခဲ့သည်။

နောက်တစ်ဆင့်မှာ လူများကို အလံ ချုပ်လုပ်စေရန် ဖြစ်သည်။

ဤအရာများက နောက်မှလုပ်ရမည့် ကိစ္စများသာ ဖြစ်သည်။ ဤအစီအစဉ် ပြီးဆုံးသွားသည်နှင့် အတူ လင်းယွမ်က နောက်ထပ် အစီအစဉ် တစ်ခုကို စတင်လိုက်သည်။

ခရီးထွက်မည့်သူများ စာရင်းနှင့် ပတ်သက်သည့် ကိစ္စပင် ဖြစ်သည်။

လင်းယွမ် ခေါ်ယူလိုက်သည့် လူများထဲတွင် ရေဓာတ် အစွမ်းပိုင်ရှင် နှစ်ဦးဖြစ်သော ဟန်ရှန်းမန်နှင့် ခွန်ဆန်း၊ ဝမ်ရှောင်ယာ တို့ ပါဝင်သည်။

အနီးကပ် တိုက်ခိုက်ရေး ဘုရင်မ တင်းယန်၊ စိတ်စွမ်းအင် ကုသသူ မုန့်ယိုယို၊ အစားအသောက် ကုသသူ ဝမ်အန်း၊ စိတ်ဝိညာဉ် အမှတ်အသားပညာရှင် လီယွဲ့ကျင်း၊ လူငယ် အစွမ်းပိုင်ရှင်အဖွဲ့မှ ချန်ယန်း၊ နိချီနှင့် မာကျီ။

ထို့နောက် ထူလုံ၊ ကော့လီ၊ ရှမင်၊ လော်ဟုန်မြန်၊ လီရှန်ယန်၊ ကျန်းရုံရုံ၊ ကောကျဲ နှင့် အခြားသူများ ဖြစ်ကြသည်။

ဤလူများအပြင် ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင် အများအပြားနှင့် ဖီးနစ်သင်္ဘောပေါ်တွင် လိုက်ပါရန် မိမိဆန္ဒအလျောက် စာရင်းပေးထားသည့် သာမန်လူ အချို့လည်း ပါဝင်သေးသည်။

၎င်းတို့အထဲတွင် မိန်တောင်ရွာမှ အစွမ်းပိုင်ရှင် အများအပြားနှင့် တာဝန်ထမ်းဆောင်ဆဲ ဖြစ်သော ခန်ကျားဥယျာဉ်မှ လူများလည်း ပါဝင်သည်။

လင်းယွမ်က ဤလူများကို ရွေးထုတ်ရသည့် အကြောင်းရင်းမှာ ပထမအချက်အနေဖြင့် ထိုက်ယန်တောင်နှင့် မိန်တောင်၏ လုံခြုံရေး တည်ငြိမ်မှုကို ထိန်းသိမ်းရန် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဤလူများသည် ထိုက်ယန်တောင် ခိုလှုံရေးစခန်းသို့ ယခုမှ ဝင်ရောက်လာသူများ ဖြစ်သဖြင့် သံယောဇဉ် မပြင်းထန်သေးသလို နက်နက်ရှိုင်းရှိုင်း ပူးပေါင်းပါဝင်မှုလည်း မရှိသေးပေ။

ထိုက်ယန်တောင် ခိုလှုံရေးစခန်းတွင် ကျန်ရစ်နေပါက တစ်စုံတစ်ရာ ပြဿနာ ဖြစ်ပွားလာလျှင် ဤလူများက အုပ်စုဖွဲ့ကာ မလိုအပ်သော ပြဿနာများ ဖြစ်ပေါ်လာစေနိုင်သည်။

ဒုတိယ အချက်အနေဖြင့် လင်းယွမ်က ဤလူများကို ခေါ်ဆောင်သွားခြင်းမှာ မိန်တောင်ရွာမှ လူများကို အပြင်ဘက်ရှိ လူများ မည်မျှ သနားစရာ ကောင်းလောက်အောင် နေထိုင်နေရသည်ကို ပြသလို၍ ဖြစ်သည်။

ဤလူများသည် ရေကြီးရေလျှံမှု စတင်ချိန်ကတည်းက မိန်တောင်ပေါ်သို့ ပုန်းရှောင်နေခဲ့ကြသဖြင့် အဆောက်အအုံများထဲတွင် ပိတ်မိနေသော အသက်ရှင်ကျန်ရစ်သူများ၏ သနားစဖွယ် အခြေအနေများကို မကြုံတွေ့ခဲ့ရပေ။

ယခု ဤလူများကို ခေါ်ဆောင်လာကာ မျက်မြင်ကိုယ်တွေ့ မြင်တွေ့စေခြင်းဖြင့် ဤရရှိရန် ခက်ခဲသော ခိုလှုံခွင့်ကို တန်ဖိုးထားတတ်စေရန် ဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း လင်းယွမ်က ဤခရီးစဉ်ကို အခွင့်ကောင်းယူကာ ဤလူများကို သေချာစွာ လေ့ကျင့်ပေးပြီး သူတို့၏ စည်းလုံးညီညွတ်မှုကို ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ထားသည်။

စည်းလုံးညီညွတ်မှုကို ပြုစုပျိုးထောင်ပေးရန် အလွယ်ကူဆုံး နည်းလမ်းမှာ တိုက်ပွဲတစ်ခု ဖန်တီးပေးခြင်းပင် ဖြစ်သည်။

ဤတစ်ကြိမ် ထွက်လာရာတွင် လင်းယွမ်က ကြိုတင် ခန့်မှန်းစရာပင် မလိုဘဲ တိုက်ပွဲ အများအပြား ရှိလာမည်ကို ကျိန်းသေပေါက် သိနေသည်။

ပို၍ အရေးကြီးသည်မှာ ဖီးနစ်သင်္ဘောကို သူကိုယ်တိုင် ကြီးကြပ်နေသဖြင့် ဤလူများ မည်မျှပင် ဖရိုဖရဲ ဖြစ်နေပါစေ အမှားအယွင်း ဖြစ်လာရန် မဖြစ်နိုင်ပေ။

လူစာရင်း အတည်ပြုပြီးနောက် အစည်းအဝေး ပြီးဆုံးသွားခဲ့သည်။

လင်းယွမ်က အမည်စာရင်း ပါဝင်သူများကို ပြန်သွားပါက လက်ရှိ ကိစ္စများကို အမြန်ဆုံး စီစဉ်ပြီး ဘေးရှိလူများအား လွှဲပြောင်းပေးရန်နှင့် နက်ဖြန် မနက်စောစောတွင် ထွက်ခွာရန် ပြင်ဆင်ထားကြရန် မှာကြားလိုက်သည်။

ဆက်ရန်...

All Chapters