← Chapters

အေးစက်သော မိန်းမလှလေး

Vol. 2 Ch. 12

အေးစက်သော မိန်းမလှလေး

Vol. 2 Ch. 12

အချိန်အကြာကြီး ကုန်ဆုံးပြီးနောက်တွင် လူတန်းကြီး၏ နောက်ဆုံးကနေ အတွင်းခြံဝန်း ရှိရာအထိ ယောင်လဲ့ထျန်း ရောက်ရှိလာခဲ့သည်။

ခြံဝန်း၏ အပေါက်ဝကို ရောက်သည်နှင့် ယောင်လဲ့ထျန်းရှုတ်ထွေးသွားသည်။ အတွင်း၌ ရပ်နေသည့် ကျက်သရေရှိလှသော ပုံရိပ်တစ်ခုကြောင့်ပင်။

ယောင်လဲ့ထျန်း မှတ်မိပါသေး၏။ ဆရာဖြစ်သူ ခေါ်လာပေး၍ အထက်အမတဘုံ ဂိုဏ်းကို ပထမဆုံးရောက်ဖူးစဥ်က သူမကို အဝေးက တစ်ကြိမ်မြင်တွေ့ဖူးသည်။ ထိုအချိန်ကပင် သူ၏ နှလုံးသားက လှုပ်ရှားခဲ့ရ၏။ နောက်မှသာ သူမ၏ နာမည်က လီရို့ရွှယ် ဖြစ်ကြောင်း သိခဲ့ရသည်။

ထိုအချိန်က ယောင်လဲ့ထျန်း စိတ်လှုပ်ရှားခဲ့သော်ငြား အသစ်ရောက်လာသော တပည့်တစ်ယောက် ဖြစ်နေသည့်အပြင် သူမ၏ မြင့်မားသော အဆင့်အတန်းကြောင့် အနားမကပ်ဝံ့ခဲ့ချေ။ သူမက စီမံရေးခန်းမ၏ အကြီးအကဲသုံးယောက်ထဲမှ တစ်ယောက်ဖြစ်သော လီကျောင်းလျန်၏ တစ်ဦးတည်းသော သမီးပင်။

သူမသည် သူနှင့်ရွယ်တူဖြစ်သော်ငြား ချီအသွင်ပြောင်းခြင်းနယ်ပယ် ရောက်နေပြီဖြစ်သည်။ လီရို့ရွယ်က အပြင်ခန်းမတစ်ခုလုံး၏ နတ်ဘုရားမဟု ဆိုလျှင်တောင် မမှားပေ။

သို့သော် ထိုအချိန်က ယောင်လဲ့ထျန်း အများကြီးမတွေးခဲ့​ပေ။ သူမကို ရင်းနီးချင်စိတ်သာ ရှိခဲ့သည်။ သူမကို မြင်သည်နှင့် နာမည်ကြီးတစ်ယောက်ကို တွေ့လိုက်သည့်နှယ် စကားပြောဖို့ ပျော်ရွှင်စွာ ချဥ်းကပ်ခဲ့သေး၏။

သို့သော် ရလဒ်ကတော့ ယောင်လဲ့ထျန်း၏ တက်ကြွမှုအားလုံး ပျက်ဆီးသွားခြင်းသာ…

နာမည်ကြီးတစ်ယောက်ဆိုလျှင်တောင်မှ စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ ပရိတ်သတ်တစ်ယောက်ကို အသိအမှတ် ပြုပေဦးမည်။ ထိုအချိန်က ယောင်လဲ့ထျန်း မိတ်ဆက်နေသည့်တိုင်အောင် လီရို့ရွယ်သည် အကြည့်တစ်ချက်ပင် မပေးခဲ့​ပေ။ သူမ၏ မျက်နှာက အေးစက်နေကာ ဖုံးကွယ်မထားသော အထင်သေး စက်ဆုပ်မှုများ ပြည့်နေခဲ့သည်။

“ တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော့်နာမည်က ယောင်…”

“ ငါစိတ်မဝင်စားဘူး။ အတွင်းစွမ်းအင် စုစည်းခြင်းနယ်ပယ်ကို ရောက်မှ ငါ့ကိုစကား လာပြောချည်”

လီရို့ရွှယ်က တည်ငြိမ်စွာ ပြန်ပြောခဲ့သည်။

လီရို့ရွှယ်၏ တုံ့ပြန်မှုက တောက်လောင်နေသော ယောင်လဲ့ထျန်း၏ နှလုံးသားကို ရေအေးတစ်ပုံး လောင်းချပေးလိုက်သလိုပင်။

ထိုအချိန်မှစပြီး ကျင့်ကြံရေးလောကသည် အရင်ကမ္ဘာနှင့် ခြားနားပြီး ပိုမို ရက်စက်မှန်း ယောင်လဲ့ထျန်း သဘောပေါက်ခဲ့ရ၏။ သန်မာမှုမရှိလျှင် ဘာကောင်မှ ဖြစ်လာမည် မဟုတ်ပေ။

ယောင်လဲ့ထျန်း ထိုအချိန်က စိတ်တိုစွာ တွေးခဲ့သေး၏။ ကျင့်ကြံရေးမှာ နစ်မြုပ်ပြီးသည်နှင့် သန်မာချောမောသည့် ချမ်းသာသော လူရွယ်တစ်ယောက် ဖြစ်လာအောင် စွမ်းဆောင်မည်.. သူမ အနားပြန်သွားမည်.. ခန့်ညားလာသော သူ့ပုံရိပ်ကို မြင်ပြီး သူမကို နောင်တရအောင် လုပ်မည်ဟူ၍ပင်။

သို့သော် လက်တွေ့က မလွယ်ကူလှပေ။ ဂိုဏ်းကို ဝင်ပြီးသည်နှင့် နိမ့်ကျသော အရည်အချင်းကြောင့် တစ်နှစ်ကြာမှ ခန္ဓာကိုယ်ယဥ်ပါးခြင်းနယ်ပယ်ကို ရောက်နိုင်ခဲ့သည်။ ထိုအချိန်မှစပြီး ရောက်သွားခဲ့ရသော အစေခံဘဝကြောင့် လီရို့ရွှယ်နောက် လိုက်ဖို့မပြောနှင့်၊ သူမကို တွေ့နိုင်ရင်ကို ကံကောင်းလွန်းသည့်နေ့ ဖြစ်ခဲ့ရသည်။

လှပသော်ငြား ရွံရှာမှုများပြည့်နေသော ထိုမျက်နှာလှလှကို မြင်ယောင်မိတိုင်း ယောင်လဲ့ထျန်း၏ နှလုံးသားက ခါးသက်လာသလိုပင်။

အခု သူမကို မြင်တွေ့ရခြင်းက သူ့ကို ရှုတ်ထွေးစေသည်။ တန်းစီနေသော တပည့်တစ်ယောက်ချင်းဆီကို လက်မအရွယ် ကျောက်စိမ်းပြားများ ကမ်းပေးနေသော သူမကို ကြည့်နေရင်း ​မကြာခင် သူ့အလှည့် ရောက်လာတော့မည်မှန်း ယောင်လဲ့ထျန်း သိနေသည်။

လေးနှစ်ကြာပြီးမှ သူမနှင့် ရုတ်တရက် မျက်နှာချင်းဆိုင် တွေ့ရ၍ ယောင်လဲ့ထျန်း ဘာပြောရမည်ကို မသိတော့ပေ။

ယောင်လဲ့ထျန်း မဆုံးဖြတ်နိုင်ခင်မှာပဲ လီရို့ရွှယ် အနားကို ရောက်လာခဲ့သည်။ သူမက ခဏရပ်သွားပြီးမှ အနည်းငယ်အံ့အားသင့်စွာ မော့ကြည့်လာ၏။ အနည်းငယ်လည်း မျက်မှောင်ကြုတ်နေသည်။ သူမ၏ ပုံစံက ချမ်းသာပြီးလှပသော မိန်းမလှ​လေးက လမ်းဘေးက​ကောင်ကို ကြည့်နေသည့်နှယ် အရိုးထဲထိအေးစက်စေသော ရွံရှာမှုများ အပြည့်ပင်။

လီရို့ရွှယ်က စိတ်ကူးထဲကလို စိတ်ထားကောင်းသည့် မိန်းကလေးတစ်ယောက် မဟုတ်မှန်း ယောင်လဲ့ထျန်း နားလည်လိုက်ချေပြီ။ သူမ၏ ဤမျက်နှာထားက အပြင်ဘက်တွင် ပြသထားသော သူ၏ နိမ့်ကျသည့် ကျင့်ကြံမှုကြောင့်သာ ဖြစ်တန်ရာ၏။

“နင် ဒီမှာဘာလုပ်နေတာလဲ”

ယောင်လဲ့ထျန်းက တည်ငြိမ်စွာကြည့်နေရင်းမှ ဖြေပေးလိုက်သည်။

“ကြေညာချက်မှာ အပြင်တပည့်တွေ ပါဝင်နိုင်တယ်လို့ ပြောထားတယ်လေ။ ဘာဖြစ်လို့လဲ။ ကျွန်တော်ပါဝင်လို့ မရလို့လား”

“ဘာဖြစ်တာလဲ။ တစ်ယောက်ယောက် ပြဿနာ ရှာလို့လား”

သန်မာကြံ့ခိုင်သော လူထွားကြီးတစ်ယောက် ချက်ချင်း အနားရောက်လာခဲ့သည်။ ထို့နောက် ယောင်လဲ့ထျန်းကို အခုပဲ ရိုက်နှက်ပြီး ခြံဝင်းအပြင် မောင်းထုတ်တော့မတတ် မျက်လုံးစိမ်းများဖြင့် ဖော်ရွေစွာ ကြည့်လိုက်လေရဲ့။

ယောင်လဲ့ထျန်း ချက်ချင်း မှတ်မိလိုက်သည်။ ထိုသူ၏နာမည်က ဖန်းကျန့်.. အပြင်ခန်းမ၏ အသန်မာဆုံးကျားဆယ်​ကောင် အဖွဲ့၏ ကိုးယောက်မြောက်ပင်။ ကြမ်းတမ်းသည့် စရိုက်ရှိသော ဖန်းကျန့်က ချင်းယာနှင့် တော်တော် အတိုင်အဖောက်ညီကြသည်။ ယောင်လဲ့ထျန်း အတိတ်မှာတုန်းက ထိုနှစ်ယောက်၏ ပူးပေါင်းအနိုင်ကျင့်မှုကို မကြာခဏ လက်ခံရနေကြပင်။

ဖန်းကျန့်က လီရို့ရွှယ်ကို ကြိုက်နေကြောင်း သတင်းတစ်ချို့ ကြားဖူးထားတာ အမှန်ဖြစ်နေဟန်ရှိသည်။ လီရို့ရွှယ်ကို အပီအပြင် ကပ်နေပုံကိုကြည့်ရုံဖြင့် သိသာနေပြီပင်။

“သူလေ၊ အခုမှ ခန္ဓာကိုယ်ယဥ်ပါးခြင်းနယ်ပယ်ပဲ ရှိသေးတာကို အတွင်းတပည့်ရွေးချယ်ရေး အခမ်းအနားမှာ ​ဝင်ပြိုင်မလို့တဲ့။ ဘဝင်လေဟပ်နေပုံများ၊ ကိုယ့်ကိုယ်ကို ဘာထင်နေတယ် မသိဘူး”

လီရို့ရွှယ်က ခံစားချက်မဲ့စွာ ပြောလိုက်သည်။ သူမက စကား​ပြောနေစဥ် တစ်လျှောက်လုံးမှာ ယောင်လဲ့ထျန်းကို တစ်ချက်တောင် မကြည့်ခဲ့ပေ။ ယောင်လဲ့ထျန်းကို ကြည့်လိုက်မိလျှင် သူမ၏ မျက်လုံးများ ကန်းသွားမည့်နှယ် ပြုမူနေလေ၏။

“ဟဟ၊ ဒါတွေအားလုံးက ရို့ရွှယ်လေးက အရမ်းဆွဲဆောင်မှုရှိနေလို့ ဖြစ်ရတာပဲ။ ကြည့်လေ၊ မင်းလေးရဲ့ တုနှိုင်းမမှီတဲ့ အလှတရားကို ကြည့်နိုင်ဖို့အတွက်နဲ့ နောက်ထပ် အမှိုက်တစ်ကောင် လာသေနေပြီပဲမလား”

ထိုအချိန်မှာပဲ လရောင်ဖြူလို ဖြူဖွေးနေသည့် ဝတ်ရုံရှည်ကို ဝတ်ထားပြီး ယပ်တောင်တစ်ချောင်းနှင့် လူရွယ်တစ်ယောက်ကပါ အနားကို ရောက်လာခဲ့သည်။ ထိုသူက အချိန်တစ်ခုကြာတိုင်း ဒေါင်းထီးကြီး အမြှီးဖြန့်ပြသည့်နှယ် ယပ်တောင် တဖြတ်ဖြတ် ခတ်ရင်း ပညာရှိယောင် ဆောင်နေလိမ့်မည်။

ထိုသူက ကျားဆယ်ကောင်အဖွဲ့၏ သုံးယောက်မြောက် အဖွဲ့သား ဖန့်ဟောင် ပင်။ သန့်စင်ပြီး ပညာတတ်သည့် ပုံရိပ်ကောင်းကြောင့် အပြင်တပည့်များကြား နာမည်ကြီးသည်။ သို့သော် ယောင်လဲ့ထျန်းကို ဦးတည်နေသည့် အနှောင့်အသွားမလွတ်သော စကားလုံးများကြောင့် ထိုသူကလည်း လီရို့ရွှယ်၏ နောက်လိုက်တစ်ယောက် ဖြစ်ရပေမည်။

ယောင်လဲ့ထျန်းကို ကြည့်နေရင်း ဖန့်ဟောင်က မျက်နှာကို မဲ့လိုက်သည်။

“ဘယ်နှစ်ယောက်တောင် ရှိနေပြီလဲ။ ကြည့်ရတာ ငါတို့ဂိုဏ်းထဲမှာ ကိုယ့်နေရာကိုယ် မသိတဲ့ ကောင်တွေ တော်တော်များတာပဲ”

All Chapters